အခန်း (၂၆၄၁-၂၆၄၅)
Vol. 135 Ch. 2641-2645
Chapter 2641
မီးနဂါးသုံးကောင် ထွက်ပေါ်လာစဥ်ကပင် လူအများကို လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါအား ပေးစွမ်းနိုင်ခဲ့သည်။
ယခုလက်ရှိချိန်တွင် ဤနေရာ၌ မီးနဂါးဆယ်ကောင်ရှိနေသည်။ထိုမီးနဂါးများထံမှ မီးတောက်များသည် တိမ်တိုက်များအတွင်းသို့ပင် တိုးဝင်နေလေရာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောမြင်ကွင်းပင်။
ကောင်းကင်ယံတခွင်လုံး ကြီးမားသောမီးနဂါးများဖြင့် ပြည့်နှက်သွားလုနီးပါးပင်။ထိုမီးနဂါးများသည် အရွယ်အစားကြီးမားရုံသာမက သူတို့ထံမှထုတ်လွှတ်ထားသော မှော်စွမ်းအားလှိုင်းများသည် ပို၍ပင်တုန်လှုပ်ချောက်ချားဖွယ်ကောင်းလေ၏။သူတို့ထံတွင် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးပစ်နိုင်သောစွမ်းအားမျိုးရှိနေသည်။
ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ကြီးမားသောမီးနဂါးများ၏ရှေ့တွင် လူသားများသည် အလွန်အမင်းသေးငယ်နေပေ၏။အကယ်၍ ထိုလူသားများကိုသာ မီးတောက်များက ဝါးမြိုသွားပါက နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ပြာအဖြစ်ပြောင်းလဲသွားပေမည်။
လုယွီက ကြောက်ရွံမှုတစိုးတစိမျှမရှိသည့်အလား အေးစက်စက်အကြည့်ဖြင့် ထိုမီးနဂါးဆယ်ကောင်ကို စူးစိုက်ကြည့်နေသည်။
"ကောင်းပြီလေ...အစစ်အမှန်မီးတောက်က ဘာလဲဆိုတာ ကျုပ် ခင်ဗျားသိအောင်ပြပေးမယ်"
အကယ်၍ တစ်ဖက်ရန်သူသည် တခြားနည်းစနစ်ကိုအသုံးပြုပါက လုယွီ ကြောက်ရွံကောင်း ကြောက်ရွံနိုင်သည်။
သို့ရာတွင် တစ်ဖက်လူသည် မီးစွမ်းအားကိုအသုံးပြုရန် ရွေးချယ်ခဲ့သဖြင့် လုယွီသည် တူညီသောဒြပ်စင်ချီစွမ်းအင်ကို အသုံးပြု၍ ရန်သူအားဖိနှိပ်ရန် ဝန်လေးနေမည်မဟုတ်ချေ။
လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်အပြင် မီးနတ်ဘုရား၏အကြွင်းအကျန်စိတ်ဝိညာဥ်ကိုလည်း ဝါးမြိုထားသည်။သူ၏မီးစွမ်းအင်ထိန်းချုပ်နိုင်မှုသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ။
ရွှေရောင်မီးတောက်အမျှင်တန်းတစ်ခုက လုယွီ၏လက်ဖဝါးအတွင်း၌ ထွက်ပေါ်လာသည်။
ထိုရွှေရောင်မီးတောက် ထွက်ပေါ်လာသောအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိမီးတောက်များသည် အမတ်ကြီးများမှ ဘုရင်ကိုတွေ့မြင်ရသည့်အလား ပြင်းပြင်းထန်ထန် တုန်ခါသွားလေ၏။
ထို့နောက် သူ၏လက်ချောင်းများကိုလှုပ်ခတ်လိုက်ရာ ရွှေရောင်မီးတောက်သည် ချက်ချင်းဆိုသလိုပင် မီးနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်းသို့ ကျရောက်သွားသည်။ထို့နောက် မီးတောက်သည် တဖြည်းဖြည်း ရွှေရောင်ဓားရှည်တစ်လက်အသွင်သို့ ပြောင်းလဲသွားပေ၏။
မီးနတ်ဘုရားပုံရိပ်ယောင်ကြီးသည် မီးတောက်ဓားရှည်ကို ကိုင်မြှောက်၍ မီးနဂါးဆယ်ကောင်ရှိနေသောနေရာသို့ ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်သည်။
ဘုန်း...
အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်သန်းသွားခြင်းနှင့်အတူ မီးနဂါးဆယ်ကောင်၏ခေါင်းဆယ်လုံး ချက်ချင်းပင် ခုတ်ပိုင်းခံလိုက်ရတော့သည်။
တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များသည်လည်း ထိုရွှေရောင်မီးတောက်ဖြင့် ထိတွေ့မိပြီးနောက် သဘာဝရန်သူကိုတွေ့လိုက်ရသည့်အလား အလျှင်အမြန်ငြိမ်းသေသွားသည်။
ထို့နောက် မီးနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ဓားရှည်ကိုကိုင်မြှောက်၍ မဟာနတ်ဆရာဖန်ဆင်းရှင်ကို ထိုးစိုက်လိုက်၏။
"ဒါက ဘယ်လိုမီးတောက်များလဲ...မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး"
မဟာနတ်ဆရာဖန်ဆင်းရှင်သည် နောက်ဆုံးတွင် ထိတ်လန့်တကြား ဖြစ်သွားတော့သည်။
မီးနဂါးဆယ်ကောင်ကို ဖန်တီးလိုက်စဥ်တွင် သူအသုံးပြုလိုက်သောမှော်မန္တန် မည်မျှထိအစွမ်းထက်သည်ကို သူ ကောင်းစွာသိရှိထားသည်။
ဤစွမ်းအားသည် အကယ်၍ကျင့်ကြံဆင့်နယ်ပယ်တူ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဆိုလျှင်ပင် ထိပ်တိုက်ရင်ဆိုင်ဝံ့မည်မဟုတ်ဘဲ နောက်ဆုတ်သွားပေမည်။
သို့ရာတွင် လုယွီ၏ရှေ့အရောက်တွင် ထိုမီးစွမ်းအားသည် သူ့အား အနည်းငယ်မျှပင် ထိခိုက်နာကျင်မှုမရှိစေရုံသာမက သူ၏လွယ်လင့်တကူဖျက်ဆီးခြင်းကိုပင် ခံလိုက်ရသည်။
ဝှစ်...
သူ့ထံသို့ချဥ်းကပ်လာသော မီးတောက်ဓားရှည်ကိုကြည့်ပြီး မဟာနတ်ဆရာဖန်ဆင်းရှင်သည် ထိတ်လန့်တုန်လှုပ်နေလေ၏။သူက သူ၏အင်္ကျီလက်မောင်းကြားမှ နတ်ဘုရားအဆောင်လက်ဖွဲ့တစ်ခုကို အလျှင်အမြန် ထုတ်ယူလိုက်သည်။
"ကံကြမ္မာစွမ်းအားလောင်ကျွမ်းခြင်း...ကောင်းကင်နဲ့မြေပြင် သီးခြားစီဖြစ်စမ်း"
နတ်ဘုရားအဆောင်လက်ဖွဲ့ မီးလောင်သွားခြင်းနှင့်အတူ ကံကြမ္မာစွမ်းအားများ အလျှင်အမြန် လောင်ကျွမ်းစပြုလာသည်။
ဤသည်က အစိမ်းရောင်ကြာနတ်ဘုရားသည် သူမကိုယုံကြည်သက်ဝင်သူများထံမှ နှစ်ပေါင်းများစွာကြာအောင် စုစည်းထားသော ကံကြမ္မာစွမ်းအားများပင်။
အစိမ်းရောင်ကြာနတ်ဘုရားရှိ သစ္စာရှိလူယုံတစ်ယောက်ဖြစ်သဖြင့် သူ့ထံတွင် ဤကဲ့သို့နတ်ဘုရားအဆောင်လက်ဖွဲ့မျိုးကို အသုံးပြုနိုင်သော အရည်အချင်းမျိုးရှိနေသည်။
မဟာနတ်ဆရာဖန်ဆင်းရှင်၏နံဘေးရှိ လေဟာနယ်အက်ကွဲသွားကာ ထိုအရာ၏နောက်၌ တခြားလေဟာနယ်ကမ္ဘာလောကတစ်ခုက ချက်ချင်းထွက်ပေါ်လာခဲ့သည်။
ဝှစ်...
မီးတောက်ဓားရှည်သည် လေဟာနယ်အက်ကွဲကြောင်းအတွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားလေ၏။
လေဟာနယ်အက်ကွဲကြောင်း၏နောက်ရှိ လေဟာနယ်ကမ္ဘာလောကကို ချက်ချင်းဆိုသလိုပင် အကန့်အသတ်မရှိသောမီးတောက်များက လွှမ်းခြုံသွားသည်။မဟာနတ်ဆရာဖန်ဆင်းရှင်သည် လုယွီ၏ဖိအားပေးမှုကြောင့် နောက်သို့သုံး လေးမိုင်အကွာအဝေးထိ ဆုတ်ခွါလိုက်ရသည်။
ဝုန်း...ဝုန်း...ဝုန်း...
လေဟာနယ်ကမ္ဘာလောကမှနေ၍ တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်နေသည်။ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ဖြင့် ထိတွေ့မိသော လေဟာနယ်လောကသည် ပြိုလဲစပြုလာလေ၏။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် မဟာနတ်ဆရာဖန်ဆင်းရှင်၏မျက်စီသူငယ်အိမ် ကျုံ့ဝင်သွားသည်။
လေဟာနယ်ကမ္ဘာလောကကိုပင် အရည်ပျော်စေနိုင်သည်မှာ မည်ကဲ့သို့သော တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားမျိုးဖြစ်သနည်း။
"ငါက ရွှယ်အင်မော်တယ်နယ်ပယ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်....ဘယ်လိုလုပ်ပြီး ငါက မင်းလို နာမည်မရှိတဲ့ကောင်စုတ်လေးတစ်ယောက်ရဲ့ ဖိနှိပ်ထားတာကို ခံရမှာလဲ...ဒီနေ့ ငါ မင်းကိုသတ်မယ်"
မဟာနတ်ဆရာဖန်ဆင်းရှင်က ရုတ်တရက် မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။သူ၏လက်ဝါးကို အလျားလိုက်တွန်းထုတ်လိုက်ရာ အစွမ်းထက်သောမှော်စွမ်းအားများက သူ၏နံဘေးပတ်လည်တွင် စုဝေးသွားကာ နောက်ဆုံးတွင် သူ့နောက်၌ ကြီးမားသောအလင်းဘီးကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ထိုအလင်းဘီးကြီးအတွင်း၌ အစိမ်းရောင်ကြာနတ်ဘုရား၏အရှိန်အဝါ ရှိနေလေ၏။
Chapter 2642
ဝုန်း....
မဟာနတ်ဆရာဖန်ဆင်းရှင်က သူ၏လက်များကို ရှေ့နောက်လှုပ်ရှားနေသည်။ထိုလှုပ်ရှားမှုတစ်ခုစီ၏အကြားတွင် မဟာတာအိုဥပဒေသတစ်ခု၏အရိပ်အယောင် ပါဝင်နေကာ မိုးခြိမ်းသံတမျှကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။
သူ၏ရှေ့တွင် ကြီးမားသောမိုးကြိုးလုံးကြီးတစ်လုံး ထွက်ပေါ်လာသည်။ထိုလျှပ်စီးမိုးကြိုးလုံးကြီး၏မျက်နှာပြင်ပေါ်တွင် ကောင်းကင်ဘုံမိုးကြိုးအလင်းရောင်များ တဖျတ်ဖျတ်တောက်ပနေပေ၏။
ထိုမိုးကြိုးလုံးကြီးသည် မီးတောက်ဓားရှည်ထံသို့ တန်းတန်းမတ်မတ်တိုးဝင်သွားတော့သည်။အမြဲတစေပြိုင်ဘက်ကင်းတည်ရှိမှုကြီးကဲ့သို့ ဖြစ်ခဲ့သော ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် မိုးကြိုးလှိုင်းများ၏ သက်ရောက်မှုခံရချိန်တွင် လေထု၏အလယ်၌ ရပ်တန့်သွားသည်။
"လုယွီ...အခု မင်းနဲ့ငါကြားက ကွာဟချက်ကို သိပြီမလား...မင်းမှာ သာမာန်ထက်သာလွန်ထူးကဲတဲ့မီးတောက်မျိုးရှိနေပေမယ့်...ဒါက တူညီတဲ့မီးဒြပ်စင်မှော်မန္တန်တွေကိုပဲ တိုက်ခိုက်နိုင်မယ်...အခု မင်း ငါ့ကို ထိခိုက်နာကျင်အောင် ဘယ်လိုနည်းနဲ့မှ လုပ်နိုင်မှာမဟုတ်ဘူး"
မဟာနတ်ဆရာဖန်ဆင်းရှင်သည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်လာသည်။
သူ့အား ဤအခြေအနေမျိုးထိရောက်အောင် လုယွီက ဖိအားပေးနိုင်ခဲ့သည်။
ဤမိုးကြိုးမှော်မန္တန်သည် သူ၏နောက်ဆုံးအသက်ကယ်မှော်မန္တန်ပင်။သူ၏အသက်အန္တရာယ် မထိခိုက်နိုင်သရွေ့ သူ ထိုမှော်မန္တန်ကို အသုံးပြုမည်မဟုတ်ချေ။
မီးတောက်ဓားရှည် သူ့ထံသို့ ကျရောက်လာလုဆဲဆဲတွင် မဟာနတ်ဆရာဖန်ဆင်းရှင်၏ဆံပင်များ ထောင်မတ်သွားကာ သူ၏အသက်သည် သူ့အပိုင်မဟုတ်တော့သကဲ့သို့ ခံစားလိုက်ရ၏။
ဤခံစားချက်သည် သိသိသာသာထင်ရှားနေသဖြင့် သူ မိုးကြိုးမှော်မန္တန်ကို အသုံးပြုလိုက်ရခြင်းဖြစ်သည်။
"မိုးကြိုးနတ်ဘုရားရဲ့မှော်မန္တန်လား"
ထိုမှော်မန္တန်သည် အစိမ်းရောင်ကြာနတ်ဘုရား၏ပိုင်ဆိုင်မှုမဟုတ်ခြင်းကို လုယွီက ခံစားမိသည်။
ဤသည်က မိုးကြိုးနတ်ဘုရား၏အစွမ်းထက်ဆုံး တိုက်ခိုက်မှုတစ်ခုကို မဟာနတ်ဆရာဖန်ဆင်းရှင်၏ခန္ဓာကိုယ်အတွင်း၌ ချိပ်ပိတ်ထားခြင်းပင်။
ဤနည်းလမ်းအတွက် နတ်ဘုရားတစ်ပါးပင် စွမ်းအားအမြောက်အများ ကုန်ဆုံးရပေမည်။မဟာနတ်ဆရာဖန်ဆင်းရှင်သည် အစိမ်းရောင်ကြာနတ်ဘုရား၏ သစ္စာရှိလူယုံဖြစ်သော်လည်း သူမသည် ထိုကဲ့သို့ပြုလုပ်ပေးမည့် နတ်ဘုရားမျိုးမဟုတ်ချေ။
တစ်ခုတည်းသောဖြစ်နိုင်ချေမှာ အစိမ်းရောင်ကြာနတ်ဘုရားသည် မိုးကြိုးနတ်ဘုရားကို သတ်ဖြတ်ပြီးနောက် မှော်မန္တန်တစ်ခုအဖြစ်သန့်စင်ကာ မဟာနတ်ဆရာဖန်ဆင်းရှင်၏အသက်ကယ်မှော်မန္တန်အဖြစ် သူ၏ခန္ဓာကိုယ်အတွင်းတွင် ချိပ်ပိတ်ထားခြင်းဖြစ်ပေမည်။
"ဒီလှုပ်ရှားမှုက ကျုပ်ကိုဟန့်တားနိုင်မယ်လို့ ခင်ဗျားထင်နေတာလား"
လုယွီ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။ရုတ်ချည်းဆိုသလိုပင် သူက ပျံသန်းလိုက်ကာ မဟာနတ်ဆရာဖန်ဆင်းရှင်၏ခေါင်းထက်သို့ ရောက်ရှိသွားသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် လေးညှို့မှလွှတ်လိုက်သော မြှားတစ်စင်းအလား အလွန်လျှင်မြန်လေ၏။ထို့နောက် သူ၏ခြေထောက်တစ်ဖက်ကိုမြှောက်ကာ ဆောင့်နင်းလိုက်သည်။
သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ကြီးကျယ်ခမ်းနားသောမှော်စွမ်းအားများက လှည့်ပတ်နေသည်။ထိုစွမ်းအားသည် နှိုင်းယှဥ်ပြစရာမရှိသည်အထိ ကြီးမားကျယ်ပြန့်ကာ အစစ်အမှန်အင်မော်တယ်တစ်ယောက် မြေပြင်ပေါ်သို့ ဆင်းသက်လာသကဲ့သို့ပင်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ရှေးနတ်ဘုရားများ ကောင်းကင်ပေါ်သို့ တက်လှမ်းခြင်း...
ထိုက်တောင်ကြီးကဲ့သို့ ကြီးမားလေးလံသော ဖိအားအရှိန်အဝါတစ်ရပ် ဆင်းသက်လာသည်။ကောင်းကင်ယံအတွင်း၌ မိုးကြိုးလှိုင်းများနှင့် ပြည့်နှက်နေလေ၏။ထိုမိုးကြိုးလှိုင်းများသည် လုယွီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်မိသော်လည်း သူ့အားအနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။
လုယွီ၏တိုက်ခိုက်မှုမှာ လျှပ်ပြက်သကဲ့သို့ လျှင်မြန်သည်။မဟာနတ်ဆရာဖန်ဆင်းရှင် တုံ့ပြန်မှုမလုပ်နိုင်သေးမီမှာပင် လုယွီက သူ့ရှေ့သို့ ရောက်ရှိလာပေ၏။
ဘန်း...
လုယွီက မဟာနတ်ဆရာဖန်ဆင်းရှင်ကို ကန်ကျောက်လိုက်သည်။
ခပ်အုပ်အုပ်အသံတစ်သံကို အရင်ဆုံးကြားလိုက်ရပြီးနောက် အရိုးများအက်ကွဲသွားသည့်အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
မဟာနတ်ဆရာဖန်ဆင်းရှင်သည် ကြိုးပြတ်သွားသော စွန်တစ်ခုအလား နောက်သို့လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ပြုတ်ကျပြီး နံရံတစ်ခုနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေသည်။ထိုနံရံသည် ချက်ချင်းဆိုသလိုပင် ကြေမွှပျက်စီးသွားလေ၏။တခြားနံရံလေးခုသည်လည်း သက်ရောက်မှုအားလှိုင်းအရှိန်ကြောင့် တဖြည်းဖြည်း ပြိုလဲကျသွားသည်။
"ဒါက မြင့်မြတ်တဲ့နတ်ဘုရား ငါ့ရဲ့ခန္ဓာကိုယ်မှာ ချိပ်ပိတ်ပေးထားတဲ့ အသက်ကယ်မှော်မန္တန်ပဲ...ဘယ်လိုလုပ်ပြီး မင်းက ဒါကို ဖျက်ဆီးနိုင်တာလဲ"
မဟာနတ်ဆရာဖန်ဆင်းရှင်၏မျက်လုံး ပြူးကျယ်နေကာ သူက လုယွီကို မယုံကြည်နိုင်သောအကြည့်ဖြင့် စူးစိုက်၍ကြည့်နေသည်။တစ်ချိန်တည်းမှာပင် သူ၏လက်အတွင်းရှိ မှော်စွမ်းအားများကို ပြင်းပြင်းထန်ထန် လှည့်ပတ်လိုက်၏။
ယခင်ထက်ပို၍ ပြင်းထန်သော မိုးကြိုးများက သူ၏လက်အတွင်း၌ သိပ်သည်းသွားသည်။
ထိုမိုးကြိုးလှိုင်းများသည် အရာရာတိုင်းကို ဖျက်ဆီးတော့မည့်အလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားလေ၏။
ဘန်း...
လုယွီက ခြေလှမ်းရှေ့တိုးကာ မဟာနတ်ဆရာဖန်ဆင်းရှင်၏လက်ကို ဆောင့်နင်းလိုက်သည်။
သူ၏လက် ပြင်းထန်စွာနာကျင်လာမှုကြောင့် မဟာနတ်ဆရာဖန်ဆင်းရှင် ချက်ချင်းနိုးထလာသည်။သို့ရာတွင် သူ အသုံးပြုနေသော မှော်မန္တန်သည် ကြားဖြတ်နှောက်ယှက်ခြင်းခံလိုက်ရသဖြင့် အသုံးမဝင်တော့ချေ။
"ကျုပ် ခင်ဗျားကိုသတ်ပြီးရင်...အစိမ်းရောင်ကြာနတ်ဘုရားရဲ့အလှည့်ပဲ"
လုယွီသည် ခေါင်းဖြတ်ဓားကို ဆင့်ခေါ်လိုက်ကာ သူ၏မျက်လုံးများသည် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် တောက်ပနေလေ၏။
Chapter 2643
ရှုံးနိမ့်ခြင်း...
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းတွင် တိုက်ခိုက်မှု့စွမ်းအားအကောင်းဆုံးဖြစ်သော မဟာနတ်ဆရာဖန်ဆင်းရှင်သည် လုယွီ၏လက်အတွင်း၌ အမှန်တကယ်ကို ရှုံးနိမ့်သွားရလေပြီ။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှ မြင့်မြတ်နတ်ဆရာများ ဓမ္မအစောင့်အရှောက်များနှင့်သာမာန်ဂိုဏ်းသားများအားလုံး သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် မည်သည့်အစွမ်းထက်ကျင့်ကြံသူမျှမရှိဟု မူလက သူတို့အားလုံး တွေးထင်ခဲ့ကြသည်။အစပထမတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ဝင်ရောက်တိုက်ခိုက်သော သူတို့၏အစီအစဥ် အလွန်အဆင်ပြေချောမွေ့နေခဲ့သည်။
သို့ရာတွင် လုယွီကဲ့သို့ အပြောင်းအလဲမျိုး ထွက်ပေါ်လာမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
လုယွီသည် မာန်မာနကြီးမားသောအင်မော်တယ်တစ်ယောက်အလား မဟာနတ်ဆရာဖန်ဆင်းရှင်၏ရှေ့၌ မတ်တတ်ရပ်နေသည်။သူ၏ရှေ့တွင် မဟာနတ်ဆရာဖန်ဆင်းရှင်သည် စုတ်ပြတ်သတ်နေသော အနေအထားမျိုးဖြင့် လဲလျောင်းနေကာ သူ၏ခန္ဓာကိုယ်ရှိဒဏ်ရာများတွင် သွေးများစွန်းထင်းနေလေ၏။
အဟွတ်...အဟွတ်....အဟွတ်...
မဟာနတ်ဆရာဖန်ဆင်းရှင်ထံမှနေ၍ ရုတ်တရက် ပြင်းထန်သော ချောင်းတဟွတ်ဟွတ်ဆိုးသံများ ထွက်ပေါ်လာသည်။သွေးစီးကြောင်းတစ်ကြောင်းက သူ၏မျက်နှာဖုံးအောက်မှ ယိုစီးကျလာပေ၏။
ခရက်...ခရက်...ခရက်...
အက်ကွဲသံတချို့ ထွက်ပေါ်လာခြင်းနှင့်အတူ သူ ဝတ်ဆင်ထားသောမျက်နှာဖုံး ရုတ်တရက်အက်ကွဲသွားကာ အိုမင်းသောမျက်နှာတစ်ခု ထွက်ပေါ်လာသည်။
ဤသည်က ပိန်လှီလှီအဖိုးအိုတစ်ယောက်ပင်။သူ၏မျက်နှာသည် ရှုံတွနေကာ အရေးအကြောင်းများထင်ဟပ်နေပြီး သူ၏အသက်စွမ်းအားများကို အလွန်အကျွံအသုံးပြုထားသဖြင့် သူ၏မျက်လုံးများ မှုံမှိုင်းပြီး အသက်မဲ့နေသည်။
"နင်က မျက်နှာဖုံးကို တစ်ချိန်လုံးတပ်ထားတာ အံ့အားသင့်စရာမရှိတော့ဘူး...နင်က လူလိုလို တစ္ဆေသရဲလိုလိုကောင်မျိုးဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး"
ကျင်းမင်ခုံးက သရော်တော်တော် ပြောဆိုသည်။
မဟာနတ်ဆရာဖန်ဆင်းရှင်သည် မူလက ကြီးကျယ်ခမ်းနားကာ မောက်မာဝံ့ကြွားသော အကျင့်စရိုက်ရှိသော်လည်း ယခုလက်ရှိအချိန်၌ သာမာန်လူအိုကြီးတစ်ယောက်နှင့်သာ တူညီနေသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များသည် မဟာနတ်ဆရာဖန်ဆင်းရှင်၏အစစ်အမှန်မျက်နှာကို မြင်တွေ့လိုက်ချိန်တွင် သူတို့အားလုံး ကူကယ်ရာမဲ့စွာဖြင့် ကြောင်စီစီဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ဤသည်က အစိမ်းရောင်ကြာနတ်ဘုရား၏နောက်သို့လိုက်ပါခဲ့ခြင်းအတွက် အဆုံးသတ်ရလဒ်ပင်။သူမကဲ့သို့ နတ်ဘုရားမျိုး၏နောက်လိုက်ဖြစ်ရသည်မှာ အဓိပ္ပါယ်ကင်းမဲ့သည်။
"ဟား ဟား ဟား...အရူးတွေ...နတ်ဘုရားရဲ့စွမ်းအား ပိုပြီးမြင့်မားလာတာနဲ့ ငါက ပြန်လည်ဝင်စားနိုင်လိမ့်မယ်...နောက်ဘဝမှာ ငါက ထိပ်တန်းပါရမီရှင်တစ်ယောက်အနေနဲ့ ပြန်ဝင်စားနိုင်မှာသေချာတယ်...ငါ့ရဲ့မှတ်ဥာဏ်တွေ အတွေ့အကြုံတွေအားလုံးက မင်းတို့ထက် အားနည်းမနေဘူး"
နားအူလုမတက်ရယ်မောသံကြီးက မဟာနတ်ဆရာဖန်ဆင်းရှင်၏ပါးစပ်မှ ထွက်ပေါ်လာသည်။
သူ၏စိတ်နှလုံးသားအတွင်းတွင် ရူးသွပ်မှုတချို့ရှိနေဆဲပင်။ဤအခြေအနေမျိုးသို့ရောက်သည့်တိုင် သူ ရှုံးနိမ့်ခဲ့ရသည်ကို ဝန်ခံရမည်အား မလိုလားချေ။
"ဒါဆိုလည်း ကျုပ် ခင်ဗျားကိုသတ်ပြီးတာနဲ့...ခင်ဗျားရဲ့နောက်က နတ်ဘုရားကိုပါ သတ်ပစ်မယ်"
လုယွီက သူ၏ဆေဘာဓားကိုမြှောက်ကာ ခုတ်ပိုင်းလိုက်၏။မဟာနတ်ဆရာဖန်ဆင်းရှင်၏ခေါင်း ပြတ်တောက်သွားလေပြီ။
တစ်ချိန်တည်းမှာပင် လုယွီသည် သူ၏လက်ကိုဆန့်တန်း၍ မဟာနတ်ဆရာဖန်ဆင်းရှင်၏စိတ်ဝိညာဥ်ကို ခြေမွှဖျက်ဆီးလိုက်သည်။
စိတ်ဝိညာဥ် ပျက်စီးသွားခြင်းကို လုံးလုံးလျားလျား သေဆုံးသွားခြင်းဟု ယူဆနိုင်ပေ၏။
"အား...မင်း သေချင်နေတာလား"
အဝေးတစ်နေရာမှနေ၍ အစိမ်းရောင်ကြာနတ်ဘုရား၏ ဒေါသတကြီးအော်ဟစ်သံကြီးက ရုတ်တရက် ပဲ့တင်ထပ်လာသည်။
သူမသည် သူမ၏သစ္စာရှိလူယုံ သေဆုံးသွားကာ သူ၏အငွေ့အသက် လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်းကို အာရုံခံမိသည်။
လုယွီနှင့်မဟာနတ်ဆရာဖန်ဆင်းရှင်တို့၏ ရှည်လျားသောတိုက်ပွဲအတွင်း၌ အစိမ်းရောင်ကြာနတ်ဘုရား ထွက်ပေါ်လာခဲ့ခြင်းမရှိချေ။ဤသည်က သူမသည် 'ဖိနှိပ်ခြင်း'စာလုံး၏ ချည်နှောင်ထားခြင်းခံရကာ မလှုပ်ရှားနိုင်သောကြောင့်ပင်။
သူတော်စင်ယီဟန်သည် ထို'ဖိနှိပ်ခြင်း'စာလုံးကို ရေးသားခဲ့သည်မှာ အချိန်အတော်ကြာညောင်းခဲ့ပြီဖြစ်သော်လည်း သာမာန်ထက်သာလွန်ထူးကဲသော စွမ်းအားမျိုးရှိနေဆဲဖြစ်သည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် အစွမ်းထက်သော်လည်း သူမသည် ထိုစာလုံးကိုလှုပ်ခတ်အောင် လုပ်ဆောင်နိုင်ခြင်းမရှိချေ။
"ဒါက စာလုံးလေးတစ်လုံး သက်သက်ပဲ...ဒါနဲ့ ငါကို ပိတ်လှောင်ထားနိုင်မယ်လို့ ထင်နေတာလား"
အစိမ်းရောင်ကြာနတ်ဘုရားက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။ရုတ်ချည်းဆိုသလိုပင် သူမ၏နောက်တွင် လက်ပုံရိပ်ယောင်တစ်ရာကျော် ထွက်ပေါ်လာကာ တပြိုင်နက်တည်း ဆန့်တန်းလိုက်သည်။
ထိုလက်တစ်ဖက်စီသည် လက်ဟန်သင်္ကေတတစ်ခုကို ဖွဲ့စည်းထားသည်။ရာနှင့်ချီသော ကွဲပြားခြားနားသည့် နတ်ဘုရားသင်္ကေတများသည် သူမရှေ့ရှိ 'ဖိနှိပ်ခြင်း'စာလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားလေ၏။
'ဖိနှိပ်ခြင်း'စာလုံး၏မျက်နှာပြင်မှနေ၍ ရုတ်တရက် ရွှေရောင်အလင်းတန်းများ တောက်ပလာသည်။နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန်ရိုက်ခတ်မိချိန်တွင် အက်ကွဲကြောင်းများက 'ဖိနှိပ်ခြင်း'စာလုံး၏ မျက်နှာပြင်ပေါ်၌ ထွက်ပေါ်လာသည်။
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ နောက်ဆုံး၌ 'ဖိနှိပ်ခြင်း'စာလုံး လုံးလုံးလျားလျား ပျက်စီးသွားလေပြီ။အစိမ်းရောင်ကြာနတ်ဘုရားသည် ရှေ့သို့တိုးကာ ကျိုးပဲ့နေသော စာလုံးအစအနများကိုဖြတ်ကျော်၍ နတ်ဘုရားကုန်းမြေထံသို့ သူမ၏လက်ကို ဆန့်တန်းလိုက်၏။
သူမ၏လက်ဝါးပြန့်ကားသွားကာ ယခင်ထက် အဆပေါင်းထောင်သောင်းချီ၍ ကြီးမားကျယ်ပြန့်သွားသည်။ဤသည်က မိုးကောင်းကင်ယံကိုလွှမ်းခြုံရန် ဆန့်တန်းလိုက်သော လူဘီလူးကြီးတစ်ကောင်၏လက်နှင့် တူညီနေသည်။သူမသည် နတ်ဘုရားကုန်းမြေကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားနေခြင်းပင်။
Chapter 2644
သူမ၏လက်ဖဝါးအောက်တွင် နတ်ဘုရားကုန်းမြေသည် အချိန်မရွေးယူဆောင်သွားနိုင်သော အရာတစ်ခုအလား အလွန်အမင်းသေးငယ်နေသည်။
နတ်ဘုရားကုန်းမြေကို အဝေးသို့ယူဆောင်သွားနိုင်ရန်မှာ အစိမ်းရောင်ကြာနတ်ဘုရား၏ ရည်မှန်းချက်ပန်းတိုင်ပင်။
သူမ၏ရှေ့တွင် နတ်ဘုရားကုန်းမြေ၏အကြမ်းဖျင်းပုံသဏ္ဍာန် ထွက်ပေါ်နေလေပြီ။သူမသည် ထိုနယ်မြေပေါ်ရှိ ကုန်းမြေနှင့်ပင်လယ်များကိုပင် တွေ့မြင်နေရသည်။
သို့ရာတွင် ထိုအချိန်မှာပင် အစိမ်းရောင်ကြာနတ်ဘုရား၏ရှေ့မှရှုခင်း ရုတ်တရက် ပြောင်းလဲသွားသည်။
မူလက ကျယ်ပြန့်သောနယ်မြေကြီးကို ရုတ်တရက် အမှောင်ထုကြီးက လွှမ်းခြုံသွားပေ၏။
ကူးပြောင်းရေးဝင်္ကပါဖြင့် ဆက်သွယ်ထားသောလမ်းကြောင်းသည် ဥပဒေသအပိုင်းအစတချို့ကြောင့် ပြတ်တောက်သွားသည်။အစိမ်းရောင်ကြာနတ်ဘုရား၏ရှေ့မှမြင်ကွင်းသည် ရုတ်တရက် ကွဲပြားခြားနားသော ကမ္ဘာလောကတစ်ခုကဲ့သို့ ပြောင်းလဲသွားလေ၏။
"ဘာတွေဖြစ်နေတာလဲ"
အစိမ်းရောင်ကြာနတ်ဘုရားသည် အံ့အားသင့်တုန်လှုပ်ကာ အလွန်ဒေါသထွက်သွားသည်။
အကယ်၍ သူမသာ နောက်ထပ်ခြေတစ်လှမ်းထပ်တိုးနိုင်ပါက နတ်ဘုရားကုန်းမြေကို အဝေးသို့ယူဆောင်သွားနိုင်လေပြီ။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူမ၏မျက်လုံးရှေ့ရှိ နတ်ဘုရားကုန်းမြေ ရုတ်တရက်ကြီး ပျောက်ကွယ်သွားခဲ့သည်။
"ကူးပြောင်းရေးဝင်္ကပါမှာ သူတော်စင်ယီဟန်ရဲ့စာလုံးကနေ ဖိနှိပ်ထားမှု မရှိတော့ဘူး...ဒါကြောင့် မတည်ငြိမ်တော့တာဖြစ်မယ်"
အစိမ်းရောင်ကြာနတ်ဘုရားသည် နတ်ဘုရားကုန်းမြေ၏သဲလွန်စကို ရှာဖွေရန်ရည်ရွယ်၍ မှောင်မည်းနေသော သီးခြားကမ္ဘာလောကအတွင်းသို့ သူမ၏လက်ကို ဆန့်တန်းလိုက်၏။
သို့သော် ထိုအချိန်မှာပင် ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံတစ်သံက သူမရှေ့ရှိ သီးခြားကမ္ဘာလောကမှ ထွက်ပေါ်လာသည်။
ထိုအသံသည် နားအူလုမတက် အလွန်ကျယ်လောင်ကာ မိုးကောင်းကင်ယံကိုဖြတ်သန်း၍ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။
ထိုအသံတွင် ရိုးတွင်းခြင်ဆီထိနက်သော နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေပေ၏။ပြင်းထန်သော နာကျည်းမုန်းတီးမှုသည် ရှေ့ရှိအရာရာတိုင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲချင်နေသကဲ့သို့ပင်။
ထို့နောက်မှနေ၍ သီးခြားကမ္ဘာလောကအတွင်းသို့ ဝင်ရောက်နေသော အစိမ်းရောင်ကြာနတ်ဘုရား၏လက် အပိုင်းပိုင်းအစစပြတ်တောက်သွားကာ သွေးများဖြာကျလာသည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပေ၏။သို့သော် ထိုအချိန်မှာပင် သီးခြားကမ္ဘာလောကရှိ လေဟာနယ်အက်ကွဲကြောင်းမှနေ၍ လက်တစ်ဖက်ထွက်ပေါ်လာကာ သူမအား အတွင်းသို့ ဆွဲခေါ်သွားသည်။
မကြာမီမှာပင် အစိမ်းရောင်ကြာနတ်ဘုရားသည် သူမအား သတ်ဖြတ်လိုသောအကြည့်ဖြင့် စူးစိုက်ကြည့်နေသည့် ထူးဆန်းသောအမျိုးသမီးတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
"နင်က နတ်ဘုရားတစ်ပါးလား..မဟုတ်ဘူး နင့်မှာ ဘာစိတ်ဝိညာဥ်မှ ရှိမနေဘူး...နင်မှာ ရုပ်ခန္ဓာကိုယ်သက်သက်ပဲရှိတာ...ဒါပေမယ့် ဘယ်လိုလုပ်ပြီးတော့ နင့်မှာ ဒီလောက်ထိကြီးမားတဲ့စွမ်းအားမျိုး ရှိနေတာလဲ"
အစိမ်းရောင်ကြာနတ်ဘုရားသည် သူမ၏ရှေ့ရှိ အမျိုးသမီးကိုမြင်တွေ့ချိန်တွင် သူမ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
သူမသည် ထိုအမျိုးသမီးထံမှနေ၍ မကြုံစဖူး အန္တရာယ်အငွေ့အသက်မျိုးကို ခံစားမိသည်။
ဤသည်က ဟောင်တုနတ်ဘုရားမ၏အစစ်အမှန်ရုပ်ခန္ဓာကိုယ်ပင်။
နတ်ဘုရားများကိုဆန့်ကျင်၍ နတ်ဆိုးအသွင်ပြောင်းကာ ပြန်လည်ဝင်စားခြင်း....
ဟောင်တုနတ်ဘုရားမသည် အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်နှင့် ပခုံးချင်းယှဥ်နိုင်ခဲ့သူတစ်ယောက်ပင်။ယခုချိန်တွင် သူမထံ၌ ပြီးပြည့်စုံသောအသိစိတ်ရှိမနေသည့်တိုင် ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။
ယခင်က လုယွီ ဤနေရာသို့ရောက်ရှိလာချိန်တွင် သူ သေလုမျောပါး ခံစားခဲ့ရ၏။
ဟောင်တုနတ်ဘုရားမသည် အစိမ်းရောင်ကြာနတ်ဘုရား ဆင်းသက်လာခြင်းကိုမြင်သည်နှင့် သူမ၏ခန္ဓာကိုယ်ပေါ်ခုန်အုပ်လိုက်သည်။ဟောင်တုနတ်ဘုရားမသည် ပါးစပ်ဟထားကာ အစိမ်းရောင်ကြာနတ်ဘုရား၏အသွေးအသားများကို အစိတ်စိတ်အမွှာမွှာ ကိုက်ဖြတ်လိုပုံရသည်။
အစိမ်းရောင်ကြာနတ်ဘုရား၏ဒဏ်ရာများမှနေ၍ ရွှေရောင်သွေးများ ယိုစီးကျလာသည်။ထိုသွေးများအတွင်းတွင် အစိမ်းရောင်ကြာနတ်ဘုရား၏စွမ်းအားများပါဝင်နေသဖြင့် အလျှင်အမြန် အဝေးသို့စီးဆင်းသွားသည်။
"ခွေးမ...နင် သေချင်နေတာလား"
အစိမ်းရောင်ကြာနတ်ဘုရားသည် အလွန်ဒေါသထွက်သွားကာ ဟောင်တုနတ်ဘုရားမနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့သည်။
ထိုကမ္ဘာလောကအတွင်းရှိ တိုက်ခိုက်နေသံများကိုကြားချိန်တွင် လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေသည်။
သူ နတ်ဘုရားကုန်းမြေအတွင်းမှ ထွက်လာစဥ်ကတည်းက ထိုအကြောင်းကို စဥ်းစားတွေးတောပြီးလေပြီ။
အစိမ်းရောင်ကြာနတ်ဘုရားသည် နတ်ဘုရားကုန်းမြေကို မျက်စေ့ကျနေသဖြင့် သူသည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများကို သေချာပေါက် ပြုလုပ်ထားရပေမည်။ထို့ကြောင့် လုယွီသည် ကူးပြောင်းရေးဝင်္ကပါကို အနည်းငယ်ပြုပြင်မွမ်းမံကာ တခြားကမ္ဘာလောကနှင့် ဆက်သွယ်ထားခဲ့သည်။
အစိမ်းရောင်ကြာနတ်ဘုရား၏အရှိန်အဝါကို အာရုံခံမိသည်နှင့် ထိုကူးပြောင်းရေးဝင်္ကပါသည် တခြားကမ္ဘာလောကနှင့် အလိုအလျောက်ချိတ်ဆက်သွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် အစိမ်းရောင်ကြာနတ်ဘုရားသည် သူမထက် အဆင့်အတန်း အဆများစွာပို၍သာလွန်သော ဟောင်တုနတ်ဘုရားမနှင့် ရင်ဆိုင်ရပေမည်။
"နောက်ထပ်ကတော့...ခင်ဗျားတို့ကို လမ်းကြောင်းမှန်ပေါ် ပို့ပေးရမယ့်အချိန်ပဲ"
လုယွီက ယခုထိတိုင်အသက်ရှင်နေဆဲဖြစ်သော မြင့်မြတ်နတ်ဆရာခုနစ်ယောက်ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။
မြင့်မြတ်နတ်ဆရာခုနစ်ယောက်သည် မဟာနတ်ဆရာဖန်ဆင်းရှင် သေဆုံးသွားစဥ်ကတည်းက သူတို့၏မျက်နှာများ သေလုမတတ် ဖြူရော်နေခဲ့သည်။သူတို့ထံတွင် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများလည်း ရှိမနေတော့ချေ။
အကယ်၍ အစိမ်းရောင်ကြာနတ်ဘုရားသာ ရောက်ရှိမလာပါက သူတို့ ထွက်ပြေးပြီးဖြစ်ပေမည်။
လုယွီသည် သူတို့ကိုအာရုံစူးစိုက်လာသည်အား မြင်တွေ့ချိန်တွင် မြင့်မြတ်နတ်ဆရာခုနစ်ယောက်လုံးသည် နောက်သို့ချာခနဲလှည့်ကာ မည်သည့်တုံ့ဆိုင်းမှုမျိုးမျှမရှိဘဲ ထွက်ပြေးကြတော့သည်။
"ခင်ဗျားတို့က ပြေးချင်သေးတာလား"
လုယွီ၏လက်ချောင်းထိပ်မှနေ၍ ရွှေရောင်မီးတောက်များ ထွက်ပေါ်လာကာ ထိုလူခုနစ်ယောက်ထံသို့ ပျံဝဲသွားလေ၏။
Chapter 2645
ဝှစ်...ဝှစ်...ဝှစ်...
ရွှေရောင်မီးတောက်များက ထိုလူခုနစ်ယောက်ထံသို့ တိကျမှန်ကန်စွာ ကျရောက်သွားသည်။
မြင့်မြတ်နတ်ဆရာခုနစ်ယောက်ထံမှ ချက်ချင်းဆိုသလိုပင် စူးရှနာကျင်စွာအော်ဟစ်လိုက်သော အသံများထွက်ပေါ်လာကာ တဖြည်းဖြည်း မီးတောက်များ၏လွှမ်းခြုံခြင်းကို ခံလိုက်ရတော့သည်။
လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများသည် ဒီရေအလားမြင့်တက်လာပေ၏။သူသည် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကို ယခင်ထက်ပို၍အချိန်ကြာရှည်စွာ ထိန်းချုပ်နိုင်လေပြီ။
တခြားအစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များထံတွင် မည်သည့်တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒမျှ မရှိတော့ချေ။သူတို့သည် ငှက်များ သားရဲများကဲ့သို့ တကွဲတပြားစီ ထွက်ပြေးကြတော့သည်။
"သတ်ကြ...သူတို့အားလုံးကို သတ်ကြစမ်း...တစ်ယောက်မှ အရှင်မထားနဲ့"
လီစစ်နှင့်ချိုင်လုံးရှင်းတို့၏မျက်လုံးများသည် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့် နီမြန်းနေပေ၏။သူတို့၏ခန္ဓာကိုယ်ပေါ်တွင် သွေးများစိုရွှဲနေကာ ငရဲမှတက်လာသောအသူရာများနှင့် တူညီနေသည်။
ကျောင်းတော်တပည့်များ၏မျက်လုံးများသည်လည်း နီမြန်းနေလေ၏။သူတို့နှင့် ကျောင်းတော်တူတပည့်အမြောက်အများ ဤနေရာ၌ မရှုမလှသေဆုံးခဲ့ရကာ အလောင်းများက နေရာအနှံ့အပြား၌ ပြန့်ကျဲနေဆဲပင်။သာမာန်အားဖြင့် အလွန်တည်ငြိမ်အေးချမ်းသော မဟာကွန်ဖြူးရှပ်ပညာရှင်တချို့ပင် သူတို့၏အမူအကျင့်များကိုဘေးဖယ်၍ အကောင်းဆုံးကြိုးစားကာ သတ်ဖြတ်နေကြသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များသည် မည်သို့မျှ တုံ့ပြန်တိုက်ခိုက်နိုင်ခြင်းမရှိတော့ချေ။သူတို့အား ဒေါသထွက်နေသောကျောင်းတော်ဘက်မှလူများက လိုက်လံသတ်ဖြတ်နေလေရာ မြောက်မြားစွာသော အသေအပျောက်များနှင့် ကြုံတွေ့နေရသည်။
ဤတိုက်ပွဲအတွင်းတွင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသည် အလွန်အထိနာခဲ့သဖြင့် ပြန်လည်နာလန်ထူလာရန်မှာ မဖြစ်နိုင်ချေ။
"ကောင်လေး...မင်းက တကယ်တော်တဲ့ကောင်ပဲ...မင်းဆီမှာ အတိတ်တုန်းက ငါနဲ့တူတဲ့ အမူအကျင့်မျိုးတွေရှိနေတယ်...ဟိုလူအိုကြီးကို မင်း သတ်လိုက်တာက တကယ့်ကို အံ့အားသင့်စရာပဲ"
ချိုင်ကူဘိုးဘေးက ပြောဆိုသည်။
ကျင်းမင်ခုံးကလည်း လုယွီကိုကြည့်ကာ စိတ်သက်သာရာရသွားပုံဖြင့် ပြောဆိုသည်။
"နင်က အစိမ်းရောင်ကြာနတ်ဘုရားကို နတ်ဘုရားကုန်းမြေထဲ ဝင်ခွင့်ပေးလိုက်တယ်...နင်က တမင်သက်သက် နတ်ဘုရားကုန်းမြေကိုအသုံးပြုပြီး သူ့ကိုထိန်းချုပ်ဟန့်တားထားတာပဲ...အခု သူ့ရဲ့ညာလက်ရုံးသေသွားပြီ...ဒါက ငါတို့အတွက် အခွင့်ကောင်းပဲ...သူ အပြင်ကိုထွက်လာတာနဲ့ ငါတို့အတူပူးပေါင်းပြီး သူ့ကို မောင်းထုတ်ကြရအောင်"
လုယွီက ခေါင်းခါပြလေသည်။
"အဲ့ဒီနတ်ဘုရားကို အသက်ဆက်ရှင်ခွင့် ပေးလို့မရဘူး...ငါ သူ့ကို သတ်ချင်တယ်"
ထိုစကားကိုကြားချိန်တွင် ကျင်းမင်ခုံးသည် နေရာမှာပင် ကြက်သေသေသွားကာ အချိန်အတော်ကြာသည်အထိ အသိစိတ်ပြန်ဝင်မလာချေ။
ဤသည်က အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော နတ်ဘုရားတစ်ပါးပင်။လုယွီသည် သူမကို သတ်ဖြတ်လိုသည်ဟု အမှန်တကယ်ကိုပင် ပြောဆိုခဲ့လေ၏။
ကျင်းမင်ခုံးပင်လျှင် အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်နိုင်မည်ဟု သေချာပေါက်မပြောနိုင်ချေ။
"မဆင်မခြင်မလုပ်နဲ့...မကြာခင်မှာ တော်ဝင်နန်းတော်ကနေ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို စေလွှက်လိုက်လိမ့်မယ်...ငါတို့က သူ့ကို မောင်းထုတ်လိုက်တာနဲ့...တော်ဝင်နန်းတော်ကလူတွေ နည်းလမ်းရှာပြီး သူ့ကို ရင်ဆိုင်ဖြေရှင်းလိမ့်မယ်"
ကျင်းမင်ခုံးက အကြံပေးလိုက်သည်။
လုယွီ၏ယခင်လုပ်ဆောင်ချက်များသည် သူ့အား ပါရမီရှင်တစ်ယောက်ဟု သက်သေပြရန် လုံလောက်နေလေပြီ။
ဤကဲ့သို့ပါရမီရှင်မျိုးသည် မည်သည့်နေရာတွင်မဆို ဂရုစိုက်ခြင်းကို ခံရပေမည်။မည်သည့်အင်အားစုကြီးထံသို့ သူ ရောက်ရှိသွားသည်ဖြစ်စေ အစွမ်းကုန်ကြိုးစား၍ မြေတောင်မြှောက်ပေးခြင်းကို ခံရပေလိမ့်မည်။
ကျင်းမင်ခုံးက လုယွီသည် အသက်ငယ်ရွယ်သဖြင့် ကမူးရှုးတိုးပြုလုပ်ခြင်းကြောင့် ဤနေရာ၌ သေဆုံးသွားရမည်ကို မလိုလားချေ။
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ကျွန်တော်မှာ အစီအစဥ်ရှိပါတယ်...ပြီးတော့ မကြာခင်မှာ အစိမ်းရောင်ကြာနတ်ဘုရားက ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်....သူ အသက်ရှင်ရက် ပြန်ထွက်လာနိုင်ရင်ပဲ ကံတော်တော်ကောင်းနေပြီ"
"သူက ဘယ်လိုလုပ်ပြီး ဒဏ်ရာအပြင်းအထန် ရနိုင်မှာလဲ"
ကျင်းမင်ခုံးက မေးမြန်းသည်။သူမသည် လုယွီ၏စကားကို ယုံကြည်ခြင်းမရှိချေ။
သူတော်စင်ယီဟန်၏နောက်လိုက်တစ်ယောက်ဖြစ်သဖြင့် သူမသည် နတ်ဘုရားကုန်းမြေအကြောင်းကို အကုန်အစင်သိရှိထားပြီးလေပြီ။
ထိုနတ်ဘုရားကုန်းမြေပေါ်တွင် 'ဖိနှိပ်ခြင်း'ဟူသော စာလုံးကို ရေးသားခဲ့သည်မှလွဲ၍ သူတော်စင်ယီဟန်သည် တခြားမည်သည့်အရာကိုမျှ ပြုလုပ်မထားချေ။
သူတော်စင်ရေးသားခဲ့သောစာလုံးသည် အစိမ်းရောင်ကြာနတ်ဘုရား၏တိုက်ခိုက်မှုကြောင့် အစောပိုင်းကပင် ကြေမွှပျက်စီးသွားခဲ့သည်။ယခုချိန်တွင် အစိမ်းရောင်ကြာနတ်ဘုရားသည် နတ်ဘုရားကုန်းမြေကိုယူဆောင်၍ ထွက်ပြေးသွားမည်ကို ကျင်းမင်ခုံးက စိုးရိမ်ပူပန်နေမိသည်။
"ငါက သူတော်စင်ဆီကို စာတစ်စောင်ပေးပို့ခဲ့တယ်...ဒါပေမယ့် သူ့ဆီက ဘာတုံ့ပြန်မှုမှ ရောက်မလာဘူး...တပည့်တွေအားလုံးနားထောင်ကြ မင်းတို့က အရင်ဆုံး အနောက်ဘက်တောင်ဆီ သွားကြတော့....အဲ့ဒီနေရာမှာ သူတော်စင်ကိုယ်တိုင် ရေးသားထားတဲ့ ကျမ်းစာတွေရှိတယ်...အစိမ်းရောင်ကြာနတ်ဘုရား အဲ့ဒီနေရာကို ချဥ်းကပ်ဝံ့မှာမဟုတ်ဘူး"
ကျင်းမင်ခုံးက ပြောဆိုသည်။
လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရားနှင့် သူသေကိုယ်သေတိုက်ခိုက်မည်ကို သူမက စိုးရိမ်နေမိသည်။
ထိုသို့သာဖြစ်လာပါက လုယွီ ဤနေရာ၌ သေဆုံးသွားနိုင်သည်။
လုယွီက ရုတ်တရက် မျက်ခုံးပင့်ကာ ကူးပြောင်းရေးဝင်္ကပါထံသို့ ကြည့်လိုက်၏။
"သူက အသက်ရှင်ရက် ပြန်ထွက်လာနိုင်သားပဲ...သူ့ရဲ့အရည်အချင်းက မဆိုးဘူး"
ဘာ...
ကျင်းမင်ခုံးက အနည်းငယ် အံ့အားသင့်သွားသည်။
နောက်ထပ်အချိန်အခိုက်အတွင်းမှာပင် ထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုကို သူမ မြင်တွေ့လိုက်ရ၏။
ကူးပြောင်းရေးဝင်္ကပါ၏အထက်တွင် ရုတ်တရက် လေဟာနယ်အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် ထိုအက်ကွဲကြောင်းအတွင်းမှနေ၍ ပျံဝဲထွက်လာကာ သူမ၏ခြေဖဝါးအောက်ရှိ ကြာပန်းသည်လည်း အပြည့်အဝ ညှိုးနွမ်းခြောက်သွေ့နေလေပြီ။သူမသည် ဒယိမ်းဒယိုင်ဖြင့် ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ရုတ်တရက် သူမ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာပေ၏။
Thank For Reading.