← Chapters

အခန်း (၂၆၆၆-၂၆၇၀)

Vol. 137 Ch. 2666-2670

အခန်း (၂၆၆၆-၂၆၇၀)

Vol. 137 Ch. 2666-2670

Chapter 2666

"ငါ့ရဲ့မျက်နှာ...ငါ ဘာကိုမှ ခံစားလို့မရတော့ဘူး"

ဆေးပညာရှင်တစ်ယောက်က အက်ရှရှအသံဖြင့် တုန်ရီစွာပြောဆိုသည်။

သို့ရာတွင် သူ နောက်သို့လှည့်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

ဆရာသခင်ချင်းဟယ်၏နံဘေးပတ်လည်တွင်ရှိနေသော ဆေးပညာရှင်များအနက်မှ တစ်ယောက်ပြီးတစ်ယောက် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲနေလေ၏။

"ဒါက ဆေးစွမ်းအားမဟုတ်ဘူး...ငါ ထွက်သွားချင်တယ်"

"ပြေးကြတော့...ဒါက ဘယ်နည်းနဲ့မှ ဆေးစွမ်းအားမဖြစ်နိုင်ဘူး...တကယ်လို့ ငါတို့ ဒီနေရာမှာဆက်နေရင် ငါတို့အားလုံး သေသွားလိမ့်မယ်"

နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် ဖိအားအရှိန်အဝါကို တောင့်မခံနိုင်တော့သဖြင့် စူးရှကျယ်လောင်စွာအော်ဟစ်၍ ထွက်ခွါရန် ဟန်ပြင်လိုက်တော့သည်။

လူတိုင်း၏စိတ်စွမ်းအား တောင့်ခံနိုင်မှုသည် အကန့်အသတ်အခြေအနေသို့ ရောက်ရှိနေလေပြီ။

ထိုဆေးလုံး၏စွမ်းအား မည်မျှထိပြင်းထန်ပြီး အစွမ်းထက်နေပါစေ လက်ရှိနေရာရှိလူတိုင်းသည် ဖိအားအရှိန်အဝါကို တောင့်ခံနိုင်ခြင်းမရှိတော့ချေ။

ဆရာသခင်ချင်းဟယ်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီနေသော်လည်း သူက ခေါင်းမာမာဖြင့် ဆက်လက်ပြောဆိုနေဆဲပင်။

"မဟုတ်ဘူး...ဒါက ငါတို့သန့်စင်ထားတဲ့ ဆေးလုံးတွေပဲလေ...ဒါက ဆေးလုံးရဲ့စွမ်းအားပဲ...ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးကို ရောက်တဲ့ ဘယ်ဆေးလုံးမဆို ဒီလိုမျိုးပြင်းထန်တဲ့ ဆေးစွမ်းအားရှိတာပဲလေ...တကယ်လို့သာ ငါတို့က ဆေးလုံးရဲ့စွမ်းအားကို တောင့်ခံနိုင်မယ်ဆိုရင် ငါတို့ရဲ့စိတ်ဝိညာဥ်က အဆင့်ချိုးဖျက်နိုင်ပြီးတော့ ပိုပြီးသန့်စင်တဲ့စိတ်စွမ်းအားတွေ ရလိမ့်မယ်"

သူသည် သူ၏အယူအဆအပေါ် ဖက်တွယ်ထားဆဲဖြစ်သည်။

သို့ရာတွင် ပတ်ဝန်းပါကျင်ရှိဆေးပညာရှင်များသည် သူ ပြောဆိုသောစကားများကို ဂရုမစိုက်ကြတော့ချေ။

ကောင်းကင်အဆင့်ဆေးပညာရှင် ဆိုလျှင်ပင် ဘာအရေးစိုက်ရမည်နည်း။ယခုလက်ရှိချိန်တွင် သူတို့၏အသက်ထက် အရေးကြီးသောအရာမရှိချေ။

ထိုအချိန်အခိုက်အတန့်မှာပင် နောက်ဆုံးတွင် ယင်ချီများက ဆရာသခင်ချင်းဟယ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

ဆရာသခင်ချင်းဟယ်က မျက်လုံးစုံမှိတ်လိုက်၏။သူသည် စိတ်လှုပ်ရှားစွာဖြင့် သူ့စိတ်ဝိညာဥ်၏စွမ်းအား တိုးတက်လာစေရန်အတွက် ယင်ချီများ၏တိုက်စားမှုကို ခံယူလိုက်သည်။

သို့ရာတွင် ရုတ်တရက် ပြင်းထန်သောထုံကျင်မှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့စပြုလာသည်။

ဆရာသခင်ချင်းဟယ်က မျက်စိဖွင့်ကာ မယုံကြည်နိုင်မှုဖြင့် သူ၏ခြေထောက်ကို သူ ပြန်ငုံကြည့်လိုက်၏။

သူ၏ခြေထောက်နှစ်ဖက်သည် ထုံကျင်နေကာ မလှုပ်ရှားနိုင်တော့ချေ။ထိုအရာများသည် ပုပ်သွေးဆွေးမြည့်နေသော သစ်သားတုံးများနှင့်တူညီကာ အနည်းငယ်မျှပင် တုံ့ပြန်မှုမရှိတော့ပေ။

"ဘယ်လို....ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဆရာသခင်ချင်းဟယ်က အလွန်အမင်း တုန်လှုပ်ချောက်ချားနေသည်။

သူ၏ထင်မြင်ယူဆချက်အရ ထိုဆေးစွမ်းအားများသည် သူ့စိတ်ဝိညာဥ်၏စွမ်းအားကို ဖြည့်တင်းပေးကာ ပို၍အားကောင်းလာသင့်သည်။

သို့ရာတွင် ထိုဆေးလုံးသည် ဤကဲ့သို့ကူညီထောက်ပံပေးနိုင်သည့်အရာမျိုး မဟုတ်ချေ။

ထိုအရာသည် လူအများ၏အသက်များကို အမြစ်ပြတ်သုတ်သင်နိုင်သော အလွန်အမင်းပြင်းထန်သည့် အဆိပ်နှင့် တူညီနေပေ၏။

ဆရာသခင်ချင်းဟယ်က ချက်ချင်းဆိုသလိုပင် သူ၏အသက်သည် သူ့အပိုင်မဟုတ်တော့သကဲ့သို့ ခံစားလိုက်ရသည်။တစ်ချိန်တည်းမှာပင် သူ၏အသိစိတ်များ ဝေဝါးစပြုလာသည်။

သူသည် နောက်သို့ပြန်လှည့်ပြေးရန် ဟန်ပြင်လိုက်သည်။သို့ရာတွင် သူ၏ခြေထောက်သည် သူ၏အမိန့်ကို မနာခံတော့ချေ။

"ဒါက တကယ့်ကို ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံး မဟုတ်ဘူးပဲ"

နောက်ဆုံးအချိန်အခိုက်အတန့်တွင် ဆရာသခင်ချင်းဟယ်၏မျက်လုံးအတွင်း၌ နောင်တရသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူသည် သူ၏ထင်မြင်ယူဆချက်မမှားနိုင်ဟု ခေါင်းမာမာနှင့် ယုံကြည်နေခဲ့သည်။သူ၏အသက် ဆုံးရှုံးရတော့မည့် နောက်ဆုံးအချိန်အခိုက်အတန့်တွင်မူ သူ နောင်တရရှိသွားလေ၏။သို့ရာတွင် သူ၏နောင်တသည် အလွန်နောက်ကျသွားလေပြီ။

ဆရာသခင်ချင်းဟယ်သေဆုံးသွားသကဲ့သို့ သူ၏နံဘေးပတ်လည်ရှိ ဆေးပညာရှင်တစ်ဝက်ခန့်လည်း သေဆုံးသွားခဲ့သည်။

သို့ရာတွင် လုယွီထံ၌ သူတို့ကိုကယ်တင်ရန် အချိန်မရှိချေ။

လုယွီသည် ယင်ချီများအကြားသို့ ချဥ်းနင်းဝင်ရောက်ကာ ဝေ့ထိုက်ကို ရှာဖွေလိုက်သည်။

ဝေ့ထိုက်သည် ယင်ချီစုပ်ဝဲ၏အလယ်ဗဟိုတွင် ထိုင်နေလေ၏။သူ၏နံဘေးပတ်လည်တွင် ရာနှင့်ချီသည့် အနက်ရောင်နဂါးပုံသဏ္ဍာန်ရှိသော ဆေးလုံးများ လှည့်ပတ်နေသည်။ထိုဆေးလုံးများမှနေ၍ အနက်ရောင်ယင်ချီများကို အဆက်မပြတ်ထုတ်လွှတ်ပေးနေကာ ပတ်ဝန်းကျင်ရှိအပူရှိန်ကို ကျဆင်းစေသည်။

"မင်းက သတ္တိတော့ကောင်းသားပဲ...မင်းရဲ့ဒီအသက်အရွယ်မျိုးနဲ့ ငါ့ကို ဒီအဆင့်ထိရောက်အောင် ဖိအားပေးနိုင်တာ မင်းတစ်ယောက်တည်းပဲရှိတယ်ဆိုတာတော့ ငါ ဝန်ခံတယ်"

ဝေ့ထိုက်၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။သူသည် လုယွီကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ချင်သည့်အလား စူးစူးဝါးဝါး စိုက်ကြည့်နေလေ၏။

လုယွီက လက်နောက်ပစ်၍မတ်တတ်ရပ်ကာ တည်ငြိမ်စွာ ပြောဆိုသည်။

"ဒီလောကကြီးထဲမှာ နတ်ဘုရားကုန်းမြေတွေ အများကြီးရှိတယ်...မင်း ဘာလို့ အဲ့ဒီနေရာကို ရွေးချယ်ခဲ့တာလဲ....ငါ့ကိုပြောစမ်း...မင်း ဒီနေရာကိုရောက်လာတဲ့ ရည်ရွယ်ချက်ကဘာလဲ"

လုယွီသည် နတ်ဘုရားကုန်းမြေအတွင်း၌ နဂါးဘုရင်ကို စိတ်ဝိညာဥ်ရှာဖွေခဲ့ခြင်းမှတဆင့် နဂါးဘုရင်သည် အစိမ်းရောင်ကြာနတ်ဘုရား၏လှည့်ဖျားမှုကို ခံခဲ့ရကြောင်း သိရှိခဲ့ရသည်။

Chapter 2667

နတ်ဘုရားကုန်းမြေသည် အစိမ်းရောင်ကြာနတ်ဘုရားကို အထွတ်အထိပ်အခြေအနေထိ ပြန်လည်ကောင်းမွန်စေနိုင်သည်မှာ အမှန်ဖြစ်သော်လည်း သူမအတွက် ဤနေရာတစ်ခုတည်းရှိသည်ဟု ဆိုလိုခြင်းမဟုတ်ချေ။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်းရှိ နတ်ဘုရားကုန်းမြေသည် သူတော်စင်ယီဟန်၏ပိုင်နက်နယ်မြေပင်။

ယီဟန်သည် ယခုလက်ရှိချိန်၌ တံခါးပိတ်ကျင့်ကြံနေသော်လည်း သူ၏စွမ်းအားသည် လောကကြီးတခွင်လုံးကို တုန်လှုပ်ချောက်ချားစေနိုင်ဆဲဖြစ်သည်။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ လှုပ်ရှားမှုများမှတဆင့် ဤနေရာသည် တော်ဝင်မြို့တော်နှင့် နီးကပ်စွာတည်ရှိသော်လည်း ထိပ်သီးအစွမ်းထက်ကျင့်ကြံသူမရှိသည်ကို တွေ့မြင်နိုင်ပေ၏။ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် သူတော်စင်ယီဟန်ကို ရိုသေလေးစားသဖြင့် ဤနေရာကို အာဏာဖြန့်ကျက်လေ့မရှိချေ။

ဤသည်က အစိမ်းရောင်ကြာနတ်ဘုရားအတွက် အခွင့်အရေးရရှိခဲ့သည်။သို့ရာတွင် အကယ်၍ သူမ ကျရှုံးပါက ဆိုးဆိုးရွားရွား အဆုံးသတ်ရပေမည်။

တခြားအရာများကို မဆိုထားနှင့် တော်ဝင်နန်းတွင်းမှအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာလျှင်ပင် အစိမ်းရောင်ကြာနတ်ဘုရားသည် တော်ဝင်စစ်ခုံရုံး၏ဖမ်းဆီးခြင်းကိုခံရကာ မိုးကောင်းကင်အကျဥ်းထောင်အတွင်း၌ အကျဥ်းချထားခြင်းခံရပေမည်။

ကောလဟာလများအရ မိုးကောင်းကင်အကျဥ်းထောင်အတွင်းတွင် နတ်ဘုရား၁၀၈ပါးကို ထောင်သွင်းအကျဥ်းချထားသည်။ထိုနတ်ဘုရားများအားလုံးသည် နာမည်ဆိုးဖြင့် ကျော်စောသော နတ်ဘုရားများပင်။

အစိမ်းရောင်ကြာနတ်ဘုရားသည် မိုးကောင်းကင်အကျဥ်းထောင်အတွင်း၌သာ ဖမ်းဆီးခံရပါက သူမ ခံယူရမည့်အပြစ်ဒဏ်သည် သေဆုံးရသည်ထက်ပင် ပို၍ဆိုးရွားပေမည်။

စွန့်စားရသည်နှင့်ဆုလာဘ် မညီမျှသောအခြေအနေမျိုးတွင် အစိမ်းရောင်ကြာနတ်ဘုရားသည် အရူးတစ်ယောက်မဟုတ်ချေ။သူမသည် မည်ကဲ့သို့နည်းလမ်းအား ရွေးချယ်ရမည်ကို ကောင်းစွာနားလည်သဘောပေါက်ထားသူဖြစ်သည်။သို့ရာတွင် သူမသည် စွန့်စားရန်အတွက် ရွေးချယ်ခဲ့သည်။ဤသည်က လုယွီ ဇဝေဇဝါဖြစ်နေသောအချက်ပင်။

ဖြစ်နိုင်ချေတစ်ခုမှာ နတ်ဘုရားကုန်းမြေသည် သူမ၏ယောင်ပြနေရာတစ်ခုသာဖြစ်ပြီး သူမ၏အစစ်အမှန်ရည်ရွယ်ချက်ကို သူမ၏သစ္စာရှိနောက်လိုက်များအပြင် တခြားမည်သူကိုမျှ ပြောပြမထားခြင်း ဖြစ်ပေမည်။

"နင် အတွေးလွန်နေပြီ...ငါ ဒီနေရာကို နတ်ဘုရားကုန်းမြေအတွက် လာခဲ့တာပဲ...လူအိုကြီးယီဟန်က တံခါးပိတ်ကျင့်ကြံနေပေမယ့် နင့်လိုနယ်ရုပ်တစ်ရုပ်ကို ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ စီစဥ်ထားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါပေမယ့် ပြဿနာတော့ မရှိပါဘူး...ငါ နင့်ကို သတ်လိုက်တာနဲ့ ငါ အခွင့်အရေးရလာမှာပဲ"

ဝေ့ထိုက်စကားပြောဆိုနေစဥ်တွင် သူ၏အသံသည် မိန်းမဆန်ကာ နတ်ဆိုးဆန်သောအငွေ့အသက်များဖြင့် ပြည့်နှက်နေပေ၏။

လုယွီက ခေါင်းမော့၍ ပြောဆိုသည်။

"တကယ်လို့ မင်းက အထွတ်အထိပ်အခြေအနေမျိုးမှာရှိနေတယ်ဆိုရင် ငါ မင်းကို မရင်ဆိုင်နိုင်လောက်ဘူး...ဒါပေမယ့် အခုချိန် မင်းမှာ ရုပ်ခန္ဓာကိုယ်မရှိတဲ့အပြင် မင်းရဲ့စိတ်ဝိညာဥ်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်...မင်း ဒီနေ့ အသက်ရှင်ရက်ထွက်သွားဖို့ မစဥ်းစားနဲ့"

"ဘယ်လိုဟာသမျိုးလဲ...နင် ငါ့ကို ဘယ်လိုသတ်မလဲဆိုတာ ငါ ကြည့်ချင်မိတယ်...ခုန်ဆွခုန်ဆွပဲလုပ်နိုင်တဲ့ ဓားခုတ်ကောင်တစ်ကောင်ကများ...နင်က နည်းနည်းလေးအောင်မြင်မှုရတာနဲ့ နင့်ကိုယ်နင် အရမ်းအစွမ်းထက်နေပြီလို့ ထင်နေတာလား"

အစိမ်းရောင်ကြာနတ်ဘုရားက ထူးဆန်းသောရယ်သံကြီးဖြင့် ရယ်မောလိုက်၏။ထို့နောက် သူမသည် တစ္ဆေကိုးကောင်ဝါးမြိုခြင်းဆေးလုံးများမှ ထွက်ပေါ်နေသော ယင်ချီများကို လုယွီထံသို့ ပစ်လွှတ်လေသည်။

မြောက်မြားစွာသော ယင်ချီများသည် လေထုအတွင်း၌ အနက်ရောင်နဂါးများအဖြစ်သို့ ပြောင်းလဲသွားကာ အစွယ်များကို ဖြဲဟ၍ လက်သည်းများကိုဝှေ့ယမ်းပြီး လုယွီ၏ရှေ့သို့ ရောက်ရှိလာကြသည်။

ပတ်ဝန်းကျင်ရှိယင်ချီများသည်လည်း လုယွီကို လွှမ်းခြုံသွားကာ နောက်ထပ်အချိန်အခိုက်အတန့်အတွင်းတွင် သူ့အား ဝါးမြိုပစ်တော့မည့်ပုံပင်။

လုယွီသည် ယင်ချီများပြည့်နှက်နေသော ကောင်းကင်ယံအတွင်း၌ ပင်လယ်သမုဒ္ဒရာအတွင်းမှ လှေငယ်လေးတစ်စင်းအလား မတ်တတ်ရပ်နေသည်။လုယွီက လက်နောက်ပစ်၍ မတ်တတ်ရပ်နေကာ ဝေ့ထိုက်ကိုကြည့်၍ တည်ငြိမ်စွာပြောဆိုလိုက်၏။

"မင်းက ငါဖန်တီးထားတဲ့ဆေးလုံးကို သုံးပြီးတော့ ငါ့ကို ဘယ်လိုမျိုး ရင်ဆိုင်မှာလဲ"

နောက်ထပ်အချိန်အခိုက်အတန့်တွင် လုယွီ၏နောက်မှနေ၍ တူညီသော ပြင်းထန်သည့်အနက်ရောင်ယင်ချီစွမ်းအားများ ထွက်ပေါ်လာသည်။ထို့နောက် သူ၏နောက်၌ မြေအောက်လောကနတ်ဘုရား ပုံရိပ်ယောင်ကြီး ထွက်ပေါ်လာလေ၏။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။သူ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားသဖြင့် ကောင်းကင်ယံရှိ အရာရာတိုင်းကို ပိတ်ဖုံးလုမတတ်ပင်။သူ၏နောက်၌ အလင်းဘီးကြီးတစ်ခုက ဖြည်းညှင်းစွာ လည်ပတ်နေသည်။

လုယွီအား ခုန်အုပ်လုဆဲဆဲဖြစ်နေသော ပတ်ဝန်းကျင်ရှိယင်ချီများသည် ရုတ်တရက် သူတို့၏ဘုရင်ကို တွေ့လိုက်ရသည့်အလား ဦးညွှတ်အရိုအသေပြုကာ နောက်ဆုတ်သွားကြ၏။

ပတ်ဝန်းကျင်ကျင်နေရာတစ်ဝိုက်တွင် လုယွီ၏ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကသာ ယင်ချီများအကြား၌ မားမားမတ်မတ်တည်ရှိနေပြီး လင်းလက်တောက်ပနေသည်။

ရွှပ်...

ထိုမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ရုတ်တရက် သူ၏လက်ကိုဆန့်ထုတ်ကာ ဘူးသီးခြောက်တစ်လုံး၏အဝကို ဖွင့်လိုက်သည်။

ထိုဘူးသီးခြောက်အဝကိုဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိယင်ချီများသည် နားခိုရာကိုရှာတွေ့သွားသည့်အလား ဘူးသီးခြောက်အတွင်းသို့ တဟုန်ထိုးတိုးဝင်ကြတော့သည်။

တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံးမှ ယင်ချီများသည် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဝါးမြိုနိုင်သော်လည်း ဤဆေးလုံး၏စရိုက်သဘာဝကို လုယွီထက် နားလည်သဘောပေါက်သူဟူ၍ လောကကြီးအတွင်း၌ ရှိနိုင်မည်မဟုတ်ချေ။

Chapter 2668

အကြောင်းအရင်းမှာ ထိုဆေးလုံးကိုဖန်တီးခဲ့သူမှာ လုယွီ ဖြစ်နေသောကြောင့်ပင်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိယင်ချီများသည် ဝေ့ထိုက်၏အမိန့်ကို လိုက်နာခြင်းမရှိတော့ချေ။ထိုအစား ထိုယင်ချီများသည် လုယွီ၏အမိန့်ကိုသာ နာခံကြတော့၏။

လုယွီသည် ယင်ချီများကိုအမိန့်ပေးနေသော စစ်ဗိုလ်ချုပ်တစ်ယောက်အလား မြောက်မြားစွာသောယင်ချီများ၏ထိပ်တွင် ထိုင်နေသည်။ပတ်ဝန်းကျင်ရှိ အေးစက်စက်ယင်ချီများသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော်လည်း လုယွီကို အနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။

"နင် ဘာပြောလိုက်တာလဲ...ဒါကို နင်ဖန်တီးခဲ့တာ...ဟုတ်လား"

ဝေ့ထိုက်၏မျက်လုံးအတွင်း၌ တုန်လှုပ်ချောက်ချားမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထို့နောက် သူသည် တစ်စုံတစ်ခုကိုသတိပြုမိသွားပုံဖြင့် လုယွီနောက်မှ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို တဖန်ထပ်၍ကြည့်လိုက်၏။သူ၏မျက်လုံးအတွင်းရှိ နတ်ဆိုးဆန်ပြီး ကောက်ကျစ်ယုတ်မာသော အရိပ်အယောင်များ လုံးလုံးလျားလျား လွင့်ပြယ်သွားတော့သည်။

ဝေ့ထိုက်က တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။

"မင်း...မင်းက...မြေအောက်လောက...မြေအောက်လောက တာအိုသခင်လား"

လုယွီ ငြင်းဆန်ခြင်းမပြုသည်ကိုမြင်ဝေ့ချိန်တွင် ဝေ့ထိုက်သည် မူးနောက်နောက်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူမသည် အစကဏဦးကတည်းက နတ်ဆိုးနတ်ဘုရားတစ်ပါးပင်။သူမသည် ကောင်းကင်နှင့်မြေပြင်ကို ကြောက်ရွံခြင်းမရှိသည့်အပြင် ဆိုးရွားသောပြစ်မှုများ ကျူးလွန်သည့်အတွက် ဒဏ်ခတ်ခံရမည်ကိုလည်း စိုးရိမ်ပူပန်ခြင်းမရှိချေ။သို့ရာတွင် နတ်ဆိုးများသည်လည်း သူတို့ထက်အစွမ်းထက်သူများ၏ ညှင်းပန်းနှိပ်စက်မှုကိုခံရသည်။

အတိတ်တွင် မြေအောက်လောကတာအိုသခင်သည် လွန်စွာကြမ်းတမ်းပေ၏။သူသည် မြေအောက်လောကနယ်မြေအတွင်းရှိ နတ်ဆိုးနတ်ဘုရားများနှင့်နတ်ဆိုးများကို အကြီးအကျယ်ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ထို့ကြောင့် နတ်ဆိုးအမြောက်အများသည် သူ၏လက်အတွင်း၌ အညံခံခဲ့ရသည်။သူမထံတွင်လည်း ချွင်းချက်မရှိခဲ့ချေ။

ထိုအချိန်တုန်းက အစိမ်းရောင်ကြာနတ်ဘုရားသည် လုယွီကိုသစ္စာဖောက်၍ မြေအောက်လောကနယ်မြေအတွင်း၌ သူ၏နောက်လိုက်များ တိုးပွါးလာစေရန် စီစဥ်ခဲ့သည်။အဆုံးသတ်တွင် သူမသည် မြေအောက်လောကတာအိုသခင်၏ ရိုက်နှက်ခြင်းကိုခံရကာ မြေပြင်ပေါ်တွင်လူးလှိမ့်၍ငိုကြွေးမြည်တမ်းနေခဲ့ရ၏။သူမ၏စိတ်ဝိညာဥ်ပင်လျှင် လွင့်ထွက်လုမတတ်ပင်။

ယခုလက်ရှိချိန်ထိတိုင် အစိမ်းရောင်ကြာနတ်ဘုရားသည် အပြည့်အဝပြန်လည်ကောင်းမွန်ခြင်း မရှိသေးချေ။

သူမသည် လုယွီကိုထပ်မံ၍ မြင်တွေ့ရချိန်၌ သူမ၏စိတ်နှလုံးသားတစ်ခုလုံး တုန်ရီသွားသည်။သူမ၏ မူလက မောက်မာဝံ့ကြွားနေမှုများအားလုံးလည်း ပျောက်ကွယ်သွားကာ ​ကြွက်တစ်ကောင်က ကြောင်တစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ပင်။

"မြေအောက်လောက...နင်မှန်း ငါ မသိခဲ့ဘူး...ငါ ခုချက်ချင်း တာယွီကနေထွက်သွားမယ်...ဘယ်တော့မှ ပြန်မလာတော့ဘူး"

အစိမ်းရောင်ကြာနတ်ဘုရားသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံနေပေ၏။သူမက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးလေတော့သည်။

မြေအောက်လောကတာအိုသခင်သည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသူပင်။

သူသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ အစွမ်းထက်ဆုံးတာအိုသခင် ဖြစ်ခဲ့ရုံသာမက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နဲ့လည်း လက်ရည်တူတိုက်ခိုက်နိုင်ခဲ့သူဖြစ်သည်။ထိုလူနှစ်ယောက် အတူတူကြေလွင့်သွားပြီဟု ကောလဟာလများ ထွက်ပေါ်ခဲ့လေ၏။သို့ရာတွင် ယခုလက်ရှိချိန်ထိတိုင် သူ အသက်ရှင်နေဆဲပင်။

ဤကဲ့သို့အတိတ်ပုံရိပ်မျိုးရှိသူတစ်ယောက်သည် အကယ်၍ သူမအား သတ်ဖြတ်မည်ဆိုပါက ခက်ခဲမည်မဟုတ်ချေ။

"ငါ ပြောခဲ့သလိုပဲ....ဒီနေ့ မင်းကို ငါ ဘယ်နည်းနဲ့မှ အသက်ရှင်ခွင့်မပေးနိုင်ဘူး"

လုယွီက အေးစက်စက်အသံဖြင့်ပြောဆိုကာ သူက လေးတစ်လက်ကို ဆင့်ခေါ်လိုက်၏။

ထိုလေးပေါ်တွင် ဖီးနစ်အမှတ်အသားကို ရေးထွင်းထားသည်။လေးကြိုးကိုဆွဲလိုက်ချိန်တွင် ဖီးနစ်တစ်ကောင် တောင်ပံဖြန့်ကျက်နေသည်နှင့် တူညီပေ၏။ပတ်ဝန်းကျင်နေရာတစ်ဝိုက်တွင် ရုတ်တရက် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များဖြင့် ပြည့်နှက်သွားသည်။

လုယွီ၏မှော်စွမ်းအားများဖြင့် သိပ်သည်းထားသည့် ထက်ရှသောမြှားတစ်စင်းက လေးကြိုးပေါ်၌ ထွက်ပေါ်လာသည်။ရုတ်ချည်းဆိုသလိုပင် ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

မိုးကောင်းကင်ယံမှနေ၍ တားဆီး၍မရနိုင်သော စွမ်းအားတစ်ရပ် ဆင်းသက်လာကာ အစိမ်းရောင်ကြာနတ်ဘုရားပေါ်သို့ ကျရောက်သွားသည်။

ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးမှ အာရုံစူးစိုက်မှုများအားလုံး အစိမ်းရောင်ကြာနတ်ဘုရားထံသို့ ကျရောက်နေသကဲ့သို့ပင်။သူမ မည်သည့်နေရာသို့ ထွက်ပြေးသည်ဖြစ်စေ ထိုမြှားကိုရှောင်တိမ်းနိုင်စွမ်းမရှိချေ။

"မြေအောက်လောက...တကယ်လို့ နင် ငါ့ကိုသတ်ရဲရင် နင် အသက်ရှင်နေတယ်ဆိုတာ တလောကလုံးသိအောင် ငါ လုပ်မယ်...အဲ့ဒါဆိုရင် နင့်ရဲ့ရန်သူတွေအားလုံး နင့်ကို လာရှာကြမှာပဲ...မြေအောက်လောက...နင် ငါ့ကို သတ်လို့မရဘူး"

အစိမ်းရောင်ကြာနတ်ဘုရားက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။

လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေဆဲပင်။

"ဘယ်သူကမှ ငါ့ကို ခြိမ်းခြောက်လို့မရဘူး"

ထိုစကားဆုံးသည်နှင့် လုယွီက မှော်စွမ်းအင်မြှားကို ပစ်လွှတ်လိုက်တော့သည်။ထိုမြှားသည် အေးစက်စက်အလင်းတန်းတစ်တန်းနှင့် တူညီပေ၏။ရုတ်ချည်းဆိုသလိုပင် ထိုမြှားသည် လေထုကိုဖြတ်သန်း၍ အစိမ်းရောင်ကြာနတ်ဘုရား၏ရှေ့သို့ ရောက်ရှိသွားသည်။

"မလုပ်နဲ့....မလုပ်နဲ့..."

အစိမ်းရောင်ကြာနတ်ဘုရားက ထိတ်လန့်ကြောက်ရွံစွာဖြင့် အလွန်အမင်း စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။နောက်ဆုံးတွင် သူမသည် မကြုံစဖူးတုန်လှုပ်ချောက်ချားမှုမျိုးကို ခံစားရလေ၏။

အတိတ်ဘဝတွင် လုယွီသည် သူမကို သတ်ပစ်လုနီးပါးပင်။

အကယ်၍ ထိုအချိန်တုန်းက လုယွီထံတွင် တခြားပို၍အရေးကြီးသောကိစ္စ ဆောင်ရွက်ရန်ရှိမနေပါက သူမသည် အသက်ရှင်ရန် မည်ကဲ့သို့လမ်းကြောင်းမျိုး ပြင်ဆင်ထားပါစေ သူမ သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။

သေရမည်ကိုကြောက်ရွံသော ခံစားချက်မျိုးက သူမ၏စိတ်နှလုံးသားကို တဖန်ပြန်၍ ရစ်ပတ်လွှမ်းခြုံလာခဲ့သည်။

ဤကဲ့သို့ခံစားချက်မျိုးကို သူမ တစ်ကြိမ်ရရှိခဲ့ဖူးသည်ကပင် လုံလောက်နေလေပြီ။မည်သူကမျှ သေခြင်းတရားနှင့် ရင်ဆိုင်ကြုံတွေ့လိုခြင်းမရှိချေ။

အစိမ်းရောင်ကြာနတ်ဘုရား တုန်လှုပ်ချောက်ချားနေစဥ်တွင် လုယွီ၏မြှားသည် ဝေ့ထိုက်၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားကာ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ပေါက်ကွဲသွားတော့သည်။

Chapter 2669

ဝေ့ထိုက်၏ခန္ဓာကိုယ် ချက်ချင်းပေါက်ကွဲသွားကာ အစိမ်းရောင်ကြာနတ်ဘုရား၏စိတ်ဝိညာဥ် ပြင်ပသို့ထွက်လာသည်။

မိုးကောင်းကင်ဖွင့်လှစ်ခြင်းမြှားသည် သူမ အပိုင်စီးထားသော ရုပ်ခန္ဓာကိုယ်ကိုသာမက သူမ၏စိတ်ဝိညာဥ်ကိုလည်း ထွင်းဖောက်သွားသည်။

မိုးကောင်းကင်တာအိုမျက်လုံးပင် ထိုမြှားချက်ကို တောင့်မခံနိုင်လေရာ သူမဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။

"နင်က ငါ့ကို တကယ်သတ်ချင်နေတာပဲ..."

အစိမ်းရောင်ကြာနတ်ဘုရား၏အသံသည် တုန်ရီနေကာ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

သူမ၏စိတ်ဝိညာဥ် အလျှင်အမြန် ပျက်ပြယ်စပြုနေသည်ကို သူမ ခံစားမိလေ၏။

သူမအား ယုံကြည်ကိုးကွယ်သူ မည်မျှများပြားသည်ဖြစ်စေ ထိုလူများထံမှ ယုံကြည်ကိုးကွယ်မှုစွမ်းအားများကို သူမ ထပ်မံ၍ရရှိနိုင်တော့မည်မဟုတ်ချေ။

"မြေအောက်လောက...ဒီအချိန်က နင် လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ခေတ်ကာလမျိုးမဟုတ်ဘူး...ငါ့ကို နောက်ကွယ်ကနေ ထောက်ပံပေးနေတဲ့သူကို နင် မသိနိုင်ဘူး...ဒီဘဝမှာ နင် အရင်တုန်းကလိုမျိုး ကောင်းကင်ဘုံနယ်မြေကို လွှမ်းမိုးချုပ်ကိုင်နိုင်မှာမဟုတ်ဘူး"

"တကယ်လို့ ငါသေသွားရင်တောင် ငါ့ရဲ့နောက်ကွယ်မှာရှိတဲ့ တည်ရှိမှုကြီးက နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး...နင်က သူတို့ရဲ့ပစ်မှတ်ဖြစ်သွားပြီ...တကယ်လို့ နင်က လုံလုံခြုံခြုံပုန်းအောင်းနေရင်တောင် သူတို့က နင့်ကို အလွယ်တကူရှာဖွေပြီး သတ်နိုင်လိမ့်မယ်"

အစိမ်းရောင်ကြာနတ်ဘုရားသည် သူမ၏စိတ်ဝိညာဥ် ပျောက်ကွယ်ခါနီး နောက်ဆုံးအချိန်အခိုက်အတန့်တွင် ရက်စက်ကြမ်းတမ်းဆုံးကျိန်စာများဖြင့် လုယွီကို ကျိန်စာတိုက်ခဲ့သည်။

"မင်းရဲ့နောက်မှာ တခြားသူတွေရှိနေတယ်ဆိုတာ ငါသိတယ်...ဒါပေမယ့် ငါ ဂရုစိုက်မယ်လို့ မင်း ထင်နေတာလား...သူတို့က ဘယ်သူဘယ်ဝါတွေဖြစ်နေပါစေ ငါ့ဆီလာခဲ့ကြစမ်း"

လုယွီ၏မျက်လုံးအကြည့်သည် အေးစက်တင်းမာနေကာ သူသည် အစိမ်းရောင်ကြာနတ်ဘုရား၏ခြိမ်းခြောက်မှုကို ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။

အတိတ်ဘဝတွင် သူသည် လူအမြောက်အများနှင့် ရန်ငြိုးရန်စများရှိခဲ့သည်။သူ အသက်ကြာကြာရှင်သန်မည်မဟုတ်ဟု တခြားသူများ၏ထင်ကြေးပေးခြင်းကို ခံခဲ့ရလေ၏။

သို့ရာတွင် အဆုံးသတ်၌ သူ အသက်ရှင်သန်နေဆဲပင်။

အတိတ်ဘဝတွင်ဖြစ်စေ လက်ရှိဘဝတွင်ဖြစ်စေ သူ လုယွီသည် မည်သူကိုကြောက်ရွံရမည်နည်း။

"ငါ နင့်ကို မုန်းတယ်...ဘာလို့ ငါက နင့်လက်ထဲမှာ သေရတာလဲ"

အစိမ်းရောင်ကြာနတ်ဘုရား၏စိတ်ဝိညာဥ်သည် လုယွီ၏မြှားချက်အောက်၌ ကြေမွှပျက်စီးသွားတော့သည်။

ဤသည်က လုယွီ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်စဥ်တွင် လေ့လာဆင်ခြင်နိုင်ခဲ့သော ရှေးဟောင်းသိုင်းပညာနည်းစနစ်တစ်ခုပင်။ထိုနည်းစနစ်၏စွမ်းအားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။

ထိုမြှားကို ပစ်လှစ်လိုက်ချိန်တွင် မိုးကောင်းကင်ကို ပွင့်ထွက်စေနိုင်ကာ နတ်ဘုရားများနှင့်ဗုဒ္ဓများပင် ဟန့်တားနိုင်မည်မဟုတ်သဖြင့် နှောင်းပိုင်းမျိုးဆက်မှ နတ်ဘုရားငယ်လေးများဆိုလျှင် ထည့်သွင်းစဥ်းစားရန်ပင်မလိုချေ။

ဘုန်း...

ကျယ်လောင်သောတုန်ခါသံကြီးနှင့်အတူယှဥ်တွဲ၍ အစိမ်းရောင်ကြာနတ်ဘုရား၏စိတ်ဝိညာဥ် မြှားချက်အောက်တွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။

လူအမြောက်အများကို ဘေးကပ်ဆိုးများ ဆိုက်ရောက်စေခဲ့သော အစိမ်းရောင်ကြာနတ်ဘုရား နောက်ဆုံး၌ ကြွေလွင့်သွားလေပြီ။

ရှန်းနွန်တောင်ကြား၏အထက်ကောင်းကင်ယံကို ရုတ်တရက် တိမ်မည်းများက လွှမ်းခြုံသွားကာ မိုးရွာသွန်းစပြုလာသည်။

အေးစက်သောလေများတိုက်ခတ်ရာမှ တဝှီးဝှီးမြည်နေကာ မကျေနပ်ချက်များကို ဆူညံစွာပြောဆိုနေသကဲ့သို့ပင်။ဤသည်က နတ်ဘုရားတစ်ပါးကြွေလွင့်သွားခြင်းကြောင့် ဖြစ်ပေါ်လာသော သဘာဝလွန်ပုံရိပ်ဖြစ်သည်။

အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်ပြီးနောက် လုယွီသည် လက်နောက်ပစ်၍ မတ်တတ်ရပ်နေကာ သူ၏အင်္ကျီလက်များသည် လေနှင့်အတူ ရှေ့နောက်လူးလွန့်နေပေ၏။

ရှန်းနွန်တောင်ကြားတစ်ခုလုံးကို မူလက လွှမ်းခြုံနေသော တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံးများမှ ထွက်ပေါ်လာသော ယင်ချီများ တဖြည်းဖြည်း ပျက်ပြယ်စပြုနေလေပြီ။

မူလက အဝေးသို့ထွက်ပြေးကာ ပုန်းအောင်းနေကြသော ဆေးပညာရှင်များသည် နောက်ဆုံးတွင် သတ္တိမွေး၍ ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို တွေ့မြင်နိုင်ရန် ရောက်ရှိလာကြသည်။

ယခင်က အစိမ်းရောင်ကြာနတ်ဘုရား၏ခန္ဓာကိုယ်အပိုင်စီးထားခြင်းခံရသော ဝေ့ထိုက်၏ခန္ဓာကိုယ် ကြေမွှပျက်စီးကာ လေထုအတွင်း၌ပျောက်ကွယ်သွားခြင်းကို သူတို့အားလုံး မြင်တွေ့လိုက်ရ၏။သူ၏အလောင်းပင် ကျန်ရှိခဲ့ခြင်းမရှိချေ။

လေအေးများတိုက်ခတ်နေသည်မှလွဲ၍ တခြားမည်သည့်ကိစ္စမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။

သို့ရာတွင် အစောပိုင်းက ဖြစ်ပျက်ခဲ့သောမြင်ကွင်းသည် ဆေးပညာရှင်တိုင်း၏စိတ်နှလုံးသားအတွင်း၌ တံဆိပ်ခတ်နှိပ်ထားသကဲ့သို့ စွဲထင်နေလေပြီ။

အထူးသဖြင့် ဆရာသခင်ချင်းဟယ်၏သေဆုံးမှုသည် သူတို့အား လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံစေခဲ့သည်။

ထိုအချိန်တုန်းက ဆေးပညာရှင်တချို့ကို ယင်ချီများကလွှမ်းခြုံသွားကာ အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားစေသည်။

ဤကဲ့သို့နည်းလမ်းမျိုးဖြင့် သေဆုံးရခြင်းကို စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင် လွန်စွာခက်ခဲသည်။

ထို့ပြင် အဆုံးသတ်၌ အစိမ်းရောင်ကြာနတ်ဘုရား၏ ခန္ဓာကိုယ်အပိုင်စီးခြင်းကို ခံထားရသောဝေ့ထိုက်သည် အရေးနိမ့်သောအခြေအနေအတွင်းသို့ ကျရောက်သွားရလေ၏။တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံးများကြောင့် ယင်ချီများကို သူအသုံးပြုရန်အတွက် ထိန်းချုပ်နိုင်သဖြင့် မည်သူကမျှ သူ့ကိုဟန့်တားနိုင်ခဲ့ခြင်းမရှိချေ။

သို့ရာတွင် လုယွီသည် ဝေထိုက်ကို သတ်ဖြတ်ခဲ့သည့်အပြင် သူ၏လှုပ်ရှားမှုများသည် ရေစီးဆင်းသကဲ့သို့ အဆင်ပြေချောမွေ့နေကာ ခွန်အားများစွာစိုက်ထုတ်ခဲ့ပုံမရချေ။

လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်လိုက်သည်အား မည်သူမျှမမြင်တွေ့လိုက်ရပေ။သို့ရာတွင် လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရား၏ ခန္ဓာကိုယ်အပိုင်စီးခြင်းကိုခံထားရသည့် ဝေ့ထိုက်ကို မြှားတစ်စင်းဖြင့် သတ်ဖြတ်လိုက်သည်ကိုမူ သူတို့အားလုံး တွေ့မြင်မိလေ၏။

Chapter 2670

ပတ်ဝန်းကျင်ရှိဆေးပညာရှင်များအားလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ယခင်က သူတို့သည် ဆရာသခင်ချင်းဟယ်နှင့်အတူ လုယွီကို ဒေါသတကြီးဖြင့် စွပ်စွဲပြစ်တင်ခဲ့ကြ၏။

သို့ရာတွင် ယခုကြည့်ရသလောက် လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရားကို အမှန်တကယ်လိုက်လံဖမ်းဆီးနေပုံပင်။

တခြားတစ်ဖက်တွင် သူတို့သည် လုယွီကို အကူအညီမပေးခဲ့ရုံသာမက 'ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံး'ဟုခေါ်ဆိုသောအရာကို မဖော်စပ်ရန်ပြောဆိုခဲ့သော သူ၏အကြံပြုချက်ကို နားမထောင်ဘဲ ရန်သူကို ကူညီပေးခဲ့သည်။

တချို့ဆေးပညာရှင်များသည် စိတ်နှလုံးညှိုးနွမ်းနေသဖြင့် လုယွီကိုပင် စေ့စေ့မကြည့်ဝံ့ချေ။

အချိန်အတော်ကြာပြီးနောက် မြင့်မားစွာရိုသေလေးစားခြင်းခံရသော ဆေးပညာရှင်တစ်ယောက်က ရှေ့သို့လျှောက်လှမ်းလာကာ လုယွီကို တရိုတသေပြောဆိုသည်။

"ဗိုလ်ချုပ်ရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်...အရင်က ငါတို့ မျက်လုံးကန်းပြီး ထိုက်တောင်ကြီးကို မမြင်ခဲ့ဘူး...ကျေးဇူးပြုပြီးတော့ ဗိုလ်ချုပ်က ငါတို့ရဲ့တောင်းပန်မှုကို လက်ခံပေးပါ"

တခြားဆေးပညာရှင်များကလည်း ဦးညွှတ်၍ အရိုအသေပြုလိုက်ကြ၏။

လုယွီ၏အသက်သည် အလွန်ငယ်ရွယ်သေးသည်ကို သူတို့အားလုံး မြင်တွေ့ရသဖြင့် ယခင်က သူ၏စကားများကို အလေးအနက်မထားခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ယခုကဲ့သို့ ငယ်ရွယ်သောအသက်အရွယ်ဖြင့် ဤကဲ့သို့ခွန်အားမျိုး ပိုင်ဆိုင်ထားသူသည် တော်ဝင်နန်းတွင်းတွင် အရေးကြီးသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်မည်ဟု သူတို့အားလုံး တွေးတောမိကြလေ၏။အကယ်၍ သူတို့သည် ယခုလက်ရှိချိန်တွင် ရန်ငြိုးရန်စတစ်ခုဖွဲ့မိပါက နောင်အနာဂတ်တွင် သူတို့၏အဆုံးသတ် ကောင်းမွန်မည်မဟုတ်ချေ။

ဤလူငယ်စစ်ဗိုလ်ချုပ်နှင့် တတ်နိုင်သမျှ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားခြင်းက သူတို့အတွက် ပို၍ကောင်းမွန်ပေမည်။

လုယွီက ပတ်ဝန်းကျင်ကိုစစ်ဆေးကာ ထိုဆေးပညာရှင်များကို ကြည့်လိုက်သည်။

"တကယ်လို့ ဒီနေ့ ငါသာ ဒီနေရာမှာရှိမနေဘူးဆိုရင်....မင်းတို့ သန့်စင်ထားတဲ့ဆေးလုံးတွေက ဆက်ပြီးတော့ ပေါက်ကွဲသွားလိမ့်မယ်...ဖြစ်နိုင်တာတော့ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရဲ့တစ်ဝက်လောက်ကို ယင်ချီတွေက လွှမ်းခြုံသွားနိုင်တယ်...အဲ့ဒီအကြောင်းအရင်းကြောင့် မရေမတွက်နိုင်တဲ့သက်ရှိတွေ သေဆုံးသွားလိမ့်မယ်...တကယ်လို့ အဲ့ဒီကိစ္စတွေသာ တကယ်ဖြစ်လာရင် အကျိုးဆက်တွေကို မင်းတို့ခံယူနိုင်မှာလား"

လုယွီ၏စကားလုံးများသည် ငလျှင်တစ်ခုလှုပ်ခတ်သည့်အလား ဆေးပညာရှင်များအားလုံး၏စိတ်နှလုံးသားကို ရိုက်ခတ်မိသွားသည်။

ဤသည်က အမှန်တရားပင်။

အကယ်၍ ထိုကိစ္စသာအမှန်တကယ်ဖြစ်လာပါက မရေမတွက်နိုင်သောသက်ရှိများ သေဆုံးခြင်းမှတဆင့် ဒေါသများနှင့်နာကျည်းမုန်းတီးမှုများ ထွက်ပေါ်လာကာ မြောက်မြားစွာသောကံကြမ္မာအကျိုးအပြစ်များက သူတို့ထံသို့ သက်ရောက်လာပေမည်။

ထိုသက်ရှိများသေဆုံးခြင်းကြောင့် သူတို့သည် ညစဥ်ညတိုင်း အိမ်မက်ဆိုးများအကြား၌ တဝဲဝဲလည်နေပေလိမ့်မည်။သူတို့သည် သေဆုံးသွားရန်ပင် ဆုတောင်းနေမိမည်ဖြစ်ကာ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်သည်လည်း တစိုးတစိမျှပင် ရှေ့သို့တက်လှမ်းနိုင်မည်မဟုတ်ချေ။

လုယွီ၏ရှေ့တွင် မတ်တတ်ရပ်နေသော ဆေးပညာရှင်များအားလုံး၏ မျက်နှာများပေါ်တွင် ရှက်ရွံသောအရိပ်အယောင်များ ထင်ဟပ်နေကာ သူတို့သည် မည်ကဲ့သို့တုံ့ပြန်ပြောဆိုရမည်ကို မသိတော့ချေ။

လုယွီက သက်ပြင်းတစ်ချက်ရှိုက်ကာ ဆေးပညာရှင်များကို ကြည့်လိုက်၏။

"ဒီတစ်ကြိမ်တော့ မင်းတို့အတွက် သင်ခန်းစာရသွားတယ်လို့ပဲ မှတ်ထားလိုက်ကြတော့...ဒီနေ့ကစပြီး မင်းတို့အားလုံး ဆေးပညာကို ဂရုတစိုက် သင်ယူလေ့လာကြပါ...နောက်ထပ်သုံးနှစ်အတွင်း မင်းတို့ကို လူသူအများရှေ့မှာ ဆေးဖော်စပ်ခွင့်မပြုဘူး"

"ဗိုလ်ချုပ်ရဲ့အမိန့်ကို ငါတို့အားလုံး လေးလေးစားစား လိုက်နာပါ့မယ်"

ဆေးပညာရှင်များအားလုံးက ရိုသေလေးစားစွာ ပြောဆိုလိုက်ကြသည်။

သူတို့ရှေ့ရှိ စစ်ဗိုလ်ချုပ်သည် ငယ်ရွယ်သော်လည်း မည်သူကမျှ သူ့ကို ထပ်မံ၍ အထင်မသေးဝံ့တော့ချေ။

"ဗိုလ်ချုပ်...ငါတို့ ခုချိန်ထိ မင်းရဲ့နာမည်ကို မသိရသေးဘူး"

ဆေးပညာရှင်တစ်ယောက်က ရိုသေလေးစားစွာ ​မေးမြန်းသည်။

လုယွီက တုံ့ပြန်ပြောဆိုသည်။

"ရွှမ်းဝူစစ်ဗိုလ်ချုပ်....လုယွီ"

ဆေးပညာရှင်တချို့သည် ထိုနာမည်ကို တဖွဖွရေရွတ်ကြည့်ပြီးနောက် ရုတ်တရက် အံ့အားတသင့် ပြောဆိုလိုက်၏။

"အရင်တုန်းက တော်ဝင်စစ်တပ်ကို လော့ရွှေကြယ်မြစ်ကနေ တစ်စုံတစ်ယောက်က ကယ်ထုတ်ခဲ့ပြီးတော့ ရှုရာဧကရာဇ်ကို သတ်ဖြတ်ခဲ့တယ်လို့ ကောလဟာလ ထွက်ပေါ်ခဲ့ဖူးတယ်...ပြီးတော့ ရှောင်မိသားစုလက်ထဲကနေ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူခဲ့တယ်...အဲ့ဒီလူက မင်းလား"

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်....အဲ့ဒါက ငါပဲ"

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။သူတို့သည် လုယွီ၏နာမည်ကို ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ တွေးတောနေမိသည်။ထိုအကြောင်းကို တွေးတောရင်းဖြင့် သူတို့သည် ယခင်က တော်ဝင်နန်းတွင်းမှထုတ်ပြန်သော မှတ်တမ်းတွင် ဖတ်ခဲ့ဖူးသောအရာများကို ပြန်လည်အမှတ်ရသွားကြ၏။

လုယွီသည် ကြီးမားသောတိုက်ပွဲအောင်မြင်မှုကို ရရှိခဲ့ရုံသာမက ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ သူသည် ရှောင်မိသားစု၏လက်အတွင်းမှ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကို လုယူနိုင်ခဲ့ခြင်းပင်။

ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတွင် ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာ မည်မျှများများ ရှိနေနိုင်သနည်း။ထိပ်သီးအင်အားစုကြီးတချို့တွင်ပင် ဧကရာဇ်အဆင့်မှော်ရတနာဟူ၍ တစ်ခုတစ်လေမျှ ရှိမနေချေ။

ထိုအချိန်တုန်းက လုယွီသည် မြင့်တက်လာသောမီးတောက်ပမာ နာမည်ကျော်ကြားခဲ့လေ၏။​လူအမြောက်အများသည် လုယွီ၏အကြောင်းကို ပြောဆိုနေကြသော်လည်း သူ၏စွမ်းအားအပေါ် သံသယဝင်နေသူများ ရှိနေဆဲပင်။

နောက်ပိုင်းတွင် တော်ဝင်စစ်ရေးဌာနမှလက်ထောက်အမတ်ကြီးရှဖုန်းသည် လုယွီ၏ဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူသွားခဲ့သည်ဟူသော သတင်းထွက်ပေါ်လာချိန်တွင် သူ၏နာမည်ဂုဏ်သတင်း တစတစ လျော့ပါးသွားခဲ့သည်။

သူသည် တဖြည်းဖြည်း နိမ့်ကျသွားသော ပါရမီရှင်တစ်ယောက်ဟုသာ လူအများက တွေးထင်ထားကြပေ၏။

သို့ရာတွင် လုယွီထံတွင် အမှန်တကယ်ကိုပင် ဤကဲ့သို့အရည်အချင်းမျိုးရှိနေသည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။

လုယွီသည် ယင်ချီများအားလုံးကိုစုပ်ယူကာ ရဲဝံ့စွာဖြင့် အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်ခဲ့သည်။ဤသည်က သာမာန်အစွမ်းထက်ကျင့်ကြံသူတစ်ယောက် လုပ်ဆောင်နိုင်မည့်အရာမျိုးမဟုတ်ပေ။

All Chapters