← Chapters

အခန်း (၁၁၅)

Vol. 11 Ch. 115

အခန်း (၁၁၅)

Vol. 11 Ch. 115

စစ်သည်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူအမျှဆုံး ချိတ်ဆက်ထားပြီး တိုက်စစ်ရော ခံစစ်မှာပါ အပြစ်ပြောစရာ မရှိအောင် စနစ်ကျလှပါတယ်။ သူတို့ရှေ့မှာ ရဲဘော်ရဲဘက်တွေ ဘယ်လောက်ပဲ လဲကျသေဆုံးပါစေ မျက်တောင်တစ်ချက်မခတ်ဘဲ လဲကျသွားတဲ့နေရာကို ချက်ချင်း အစားထိုးဝင်ရောက်ကြပါတယ်။ ဒါဟာ သေမင်းဆီကို တည့်တည့်ကြီး ဦးတည်တိုက်ခိုက်နေတဲ့ ပုံစံမျိုးပါ။

ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ စိတ်ဓာတ်ခိုင်မာမှုမျိုးဟာ အထူးတပ်ဖွဲ့တွေထဲကမှ ထိပ်သီးတပ်ဖွဲ့တွေမှာသာ တွေ့ရတတ်တာမျိုးပါ။ ဒါပေမဲ့ သူတို့ဟာ စွန့်ခွာခဲ့ရတဲ့ ခရိုင်မြို့ငယ်လေးတစ်ခုကနေ ထွက်ပြေးလာတဲ့ စစ်ရှုံးတပ်သားတွေသာ ဖြစ်ပါတယ်။

သူတို့ရဲ့ ကျင့်စဉ်အဆင့်သာ မနိမ့်ပါးဘူးဆိုရင် ဘီလီဂီအနေနဲ့ သူတို့ကို မဟာရှန်မင်းဆက်ရဲ့ နာမည်ကျော် "တပ်စခန်းရှစ်" ကလူတွေလို့တောင် ထင်မိပါလိမ့်မယ်။

လူရိုင်းစစ်သည်တွေရဲ့ စိတ်ဓာတ်ဟာ သိသိသာသာ ယိမ်းယိုင်လာပါတယ်။ ဒီနေရာမှာ သူတို့ကို ဝိုင်းရံဖို့ မဖြစ်နိုင်တာကြောင့် ဒီအတိုင်းသာ ဆက်တိုက်ပြီး နောက်ထပ် ဗိုလ်ချုပ်တစ်ယောက်သာ ထပ်သေရင် သူတို့စစ်တပ် အမှန်တကယ် ပြိုကွဲသွားနိုင်ပါတယ်။

"မြင်းဖြူနဲ့ကောင်ကို အရင်သတ် သူသေတာနဲ့ ဒီလူတွေက အလိုလို ပရမ်းပတာ ဖြစ်သွားလိမ့်မယ်"

လူရိုင်းမျိုးနွယ်စုမှ အတွင်းအားသန့်စင်ခြင်းအဆင့် ဗိုလ်ချုပ်သုံးဦး တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပါတယ်။

ကွေးညွတ်နေတဲ့ ဓားမြောင်၊ ဝံပုလွေစွယ်တုတ် နဲ့ ပုဆိန်ကြီးတစ်လက်။ ကြောက်မက်ဖွယ်ကောင်းတဲ့ လက်နက်သုံးမျိုးဟာ မတူညီတဲ့ ဘက်ပေါင်းစုံကနေ တစ်ပြိုင်တည်း ကျရောက်လာတာပါ။

သူတို့အားလုံးဟာ အတွင်းအားသန့်စင်ခြင်းအဆင့်တွေ ဖြစ်ကြပြီး ကျင့်စဉ်မှာ အသေးစားအောင်မြင်မှု့အဆင့် ရရှိထားကြသူတွေပါ။ အကြီးစားအောင်မြင်မှု့ရဖို့ သိပ်မလိုတော့တဲ့သူတွေ ဖြစ်ပါတယ်။

အတွင်းအားသန့်စင်ခြင်းအဆင့်ကို အခုမှ စတင်ဝင်ရောက်ထားသူ တစ်ဦးက အတွေ့အကြုံရင့် ကျွမ်းကျင်သူ သုံးဦးကို ရင်ဆိုင်နေရတာပါ။

မြင်းဖြူစီးဗိုလ်ချုပ်ရဲ့ လှံသိုင်းက ခန့်မှန်းရခက်ပြီး ကြမ်းတမ်းလှပါတယ်။ တစ်ယောက်ချင်းဆိုရင် သူတို့ မယှဉ်နိုင်သလို၊ သုံးယောက်ပေါင်းပြီး အားကုန်တိုက်စစ်ဆင်တာတောင် ချန်ဆန်းရှီရဲ့ တိုက်ကွက်တွေကို အလွယ်တကူ မတားဆီးနိုင်ကြပါဘူး။

ချန်ဆန်းရှီဟာ ပုဆိန်ကြီးကို သူ၏လှံရှည်နဲ့ ခုခံလိုက်ပြီး ခါးကဓားကို ဆွဲထုတ်ကာ ဝံပုလွေစွယ်တုတ်ကို ကြားဖြတ်တားဆီးလိုက်ပါတယ်။ ထို့နောက် ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားနဲ့ သူ့ဆီ ဦးတည်လာတဲ့ ဓားမြောင်ကို ရှောင်တိမ်းရင်း လေးလံတဲ့ လက်နက်နှစ်မျိုးကို အင်အားသုံးပြီး ပြန်ကန်ထုတ်လိုက်ပါတယ်။ ရရှိလာတဲ့ ဟာကွက်မှာ သူ၏လှံရှည်ဟာ ကောင်းကင်ယံကို ဝါးမြိုမယ့် မြွေဟောက်ကြီးတစ်ကောင်လို ဓားမြောင်ကိုင်ထားတဲ့သူဆီ တည့်တည့်ကြီး ထိုးစိုက်လိုက်ပါတော့တယ်။

'ချလွမ်'

ဘီလီဂီဟာ အသည်းအသန် ခုခံလိုက်ရပါတယ်။ ဒီအတိုင်းသာဆိုရင် နောက်ထပ် သုံးကွက်အတွင်း သူ အသတ်ခံရတော့မယ်ဆိုတာ သူသိပါတယ်။ ဒါပေမဲ့ သူ တစ်ယောက်တည်း မဟုတ်ပါဘူး။ ခဏလွင့်ထွက်သွားတဲ့ အခြားညီအစ်ကို နှစ်ယောက်ဟာ ချက်ချင်း ပြန်ရောက်လာပြီး သူတို့ရဲ့ ပုဆိန်နဲ့ တုတ်ကြီးတွေဟာ ချန်ဆန်းရှီရဲ့ နောက်ကျောဆီကို အရှိန်နဲ့ ကျရောက်လာပါတယ်။ အကယ်၍ ချန်ဆန်းရှီ မရှောင်ရင် သူ သေမှာ သေချာသလို၊ ရှောင်လိုက်ရင်လည်း ရန်သူ့တိုက်စစ်အောက်မှာ အဆုံးမရှိ ပတ်ပြေးနေရတော့မှာပါ။

ရန်သူတွေရဲ့ ရည်ရွယ်ချက်က သူ့ကို အချိန်ဆွဲထားဖို့ပါပဲ။

မြင်းဖြူစီးဗိုလ်ချုပ်ရဲ့ လက်အောက်ငယ်သားတွေဟာ သေရမှာကို မကြောက်ကြပေမဲ့ သူတို့က မသေနိုင်တဲ့သူတွေတော့ မဟုတ်ပါဘူး။ လူတွေ တရစပ် သေဆုံးနေရဆဲပါ။ ခဏအတွင်းမှာတင် လူတစ်ထောင်ကျော်ထဲက ခုနစ်ရာခန့်သာ ကျန်ပါတော့တယ်။ ရန်သူ့စစ်ကူတွေ ရောက်လာရင်တော့ သူတို့အားလုံး အသတ်ခံရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

ရန်သူတွေ တွေးထားတာက "အချိန်ဆွဲမယ်" ဆိုတာပါ။ ဒါပေမဲ့ သူတို့ မမျှော်လင့်ထားတဲ့အရာ တစ်ခု ရှိပါတယ်။

အဲဒါကတော့ ချန်ဆန်းရှီဟာ ရှောင်ဖို့ လုံးဝ ရည်ရွယ်ချက်မရှိတာပါပဲ။ သူဟာ ဝံပုလွေစွယ်တုတ်နဲ့ ပုဆိန်ကြီး သူ့ပေါ် ကျလာတာကို ဒီအတိုင်း ခံလိုက်ပါတယ်။ ခန္ဓာကိုယ်ထဲက အင်္ဂါတွေဟာ ခေါင်းလောင်းတီးလိုက်သလို တုန်ခါသွားပြီး ပြင်းထန်တဲ့ နာကျင်မှုကြောင့် သွေးတစ်လုပ် အန်လိုက်ရပါတယ်။ ဒါပေမဲ့ သူ၏လှံအရှိန်က လျော့မသွားဘဲ တတိယမြောက် အကွက်မှာတင် ဘီလီဂီရဲ့ လည်ပင်းကို ဖောက်ထွက်သွားပါတော့တယ်။

တစ်ချက်တည်းနဲ့ အပြတ်သတ်လိုက်တာပါ

သူ့မှာ အချိန်ဆွဲနေဖို့ အခွင့်အရေး မရှိပါဘူး အမြန်ဆုံး သတ်နိုင်မှသာ အသက်ရှင်ဖို့ လမ်းရှိမှာပါ။

"ဝရဇိန်ခန္ဓာ " ဝူလီဟန် လန့်ဖျန့်သွားပါတယ်။

ဘီလီဂီ သေသွားတာနဲ့ ချန်ဆန်းရှီအတွက် ဖိအားတွေ အများကြီး လျော့ကျသွားပါတယ်။ သူဟာ ညာလက်မှာ လှံ၊ ဘယ်လက်မှာ ဓားကိုကိုင်ပြီး နောက်ကနေ တက်လာတဲ့ ရန်သူစစ်သည် ဒါဇင်ပေါင်းများစွာရဲ့ ဓားတွေ၊ လှံတွေ၊ ပုဆိန်တွေကို ခန္ဓာကိုယ်နဲ့ ခုခံရင်း ကျန်တဲ့ ဗိုလ်ချုပ်နှစ်ယောက်ကို ဆယ်ကွက်အတွင်းမှာတင် ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပါတယ်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်းနီနေပြီး ကောင်းကင်က ဆင်းလာတဲ့ စစ်နတ်ဘုရားတစ်ပါးလို ဖြစ်နေပါတော့တယ်။

ဝေါင်း—

ရန်သူ့ဗိုလ်ချုပ်တွေ ကုန်သွားတဲ့အခါ ချန်ဆန်းရှီဟာ လှောင်အိမ်ထဲက ထွက်လာတဲ့ သားရဲဆိုးကြီးလို ဖြစ်သွားပြီး ဘယ်သူမှ သူ့ကို မတားနိုင်တော့ပါဘူး။ သူဟာ ရန်သူတွေကို ဟင်းသီးဟင်းရွက်တွေလို ပိုင်းဖြတ်ရင်း မြင်းတပ်သား ၂၀၀ ခန့်ကို တရစပ် သတ်ပစ်လိုက်ရာ နောက်ဆုံးမှာတော့ လူရိုင်းတွေဟာ ထိတ်လန့်တုန်လှုပ်ပြီး စစ်မြေပြင်ကနေ ထွက်ပြေးကုန်ကြပါတော့တယ်။

ကျန်ရှိနေတဲ့ မြင်းတပ် ၄၀၀၀ ခန့်ဟာ ဒီရေတက်သလို ဆုတ်ခွာသွားကြပါတယ်။ သူတို့တွေဟာ ပရမ်းပတာ ဖြစ်နေကြပြီး မြင်းချင်းတိုက်မိတာ၊ လူချင်းနင်းမိတာတွေနဲ့ အတုံးအရုံး သေဆုံးကုန်ကြပါတယ်။

ချန်ဆန်းရှီဟာ ကျန်ရှိနေတဲ့ လူ ၆၀၀ ကျော်ကို ကြည့်ပြီး ရှေ့ကနေ လမ်းဖောက်ပေးလိုက်ပါတယ်။ သူ ဖြတ်သွားတဲ့ နေရာတိုင်းမှာ ရန်သူတွေဟာ လမ်းဖယ်ပေးကြရပြီး ဘယ်သူမှ သူ့ကို ပြန်တိုက်ဖို့ မရဲကြတော့ပါဘူး။

"ဖောက်ထွက်ကြ" သူ အသံကုန် ဟစ်အော်လိုက်ပါတယ်။

"အချိန်တွက်ကြည့်ရင်တော့ ရပြီ"

အနည်းဆုံးတော့ အရပ်သား ထက်ဝက်ကျော် မြစ်ကို အောင်မြင်စွာ ကူးသွားနိုင်ပါပြီ။

ရန်သူ့အဝိုင်းထဲ မပိတ်မိခင် ဒီနေရာကနေ ထွက်သွားနိုင်ရင် သူတို့လည်း မြစ်ကူးနိုင်မယ့် အခွင့်အရေး ရှိပါတယ်။ ဒါပေမဲ့... နောက်ကျသွားပုံရပါတယ်။

ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဘေးဘက် တောင်စောင်းတွေနောက်ကနေ ခြေလျင်တပ်သား သောင်းနဲ့ချီဟာ ဖြတ်လမ်းကနေ လိုက်လာနေပြီး ရှေ့က လမ်းဆုံမှာ ပိတ်ဆို့တော့မှာ ဖြစ်လို့ပါပဲ။

ချန်ဆန်းရှီရဲ့ ဒဏ်ရာတွေက ခံနိုင်ရည်ရှိသေးသလို သူ့မှာ ချီစွမ်းအင်တစ်ဝက်လောက် ကျန်ပါသေးတယ်။ သူ့ထက် ကျင့်စဉ်မြင့်တဲ့ ဗိုလ်ချုပ်တွေသာ မပါလာရင် မြင်းဖြူရဲ့ အရှိန်နဲ့ သူတစ်ယောက်တည်း ဖောက်ထွက်ဖို့ မခက်ခဲပေမဲ့၊ သူ့နောက်က လူဘယ်နှစ်ယောက် ကျန်ဦးမလဲဆိုတာ သူ မသိပါဘူး။ ၁၀၀ လား၊ ၁၀ ယောက်လား၊ ဒါမှမဟုတ် သူတစ်ယောက်တည်းလား

သူဟာ လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အသေခံတိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ... ထူးဆန်းစွာနဲ့ ရန်သူတွေရဲ့ ခြေသံတွေဟာ တစ်ပြိုင်တည်း ရပ်တန့်သွားပါတယ်။ ရှေ့မှာ လမ်းမရှိတော့သလို ဒါမှမဟုတ် တစ်ခုခုက သူတို့ကို တားဆီးထားသလိုမျိုးပါ။

ဒါကြောင့်ပဲ ချန်ဆန်းရှီတို့ဟာ ဟုန်ကျီမြစ်ကမ်းကို အေးအေးဆေးဆေး ရောက်သွားပြီး မြစ်စတင်ကူးနိုင်ခဲ့ပါတယ်။

"သူတို့ လိုက်မလာတော့ဘူးလား"

အရာအားလုံးက ရုတ်တရက်ကြီး ရပ်တန့်သွားတာကြောင့် ချန်ဆန်းရှီဟာ အိမ်မက်မက်နေသလိုတောင် ခံစားလိုက်ရပါတယ်။

"ကောင်းတယ် ... တကယ်ကို တော်တဲ့ကောင်လေးပဲ"

"ဆရာ... နည်းနည်းလောက် ဖြည်းဖြည်း သွားပါဦး"

အပြာရောင်ဝတ်စုံနဲ့ ပညာရှိဟာ ဝှီးချဲလက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရပါတယ်။ လေပြင်းတွေကြောင့် သူ၏ မျက်နှာတောင် ပုံပျက်နေပါပြီ "ဖြည်းဖြည်း သွားပါဗျာ"

"မင်း အခုတင် မြင်လိုက်လား"

အဘိုးအိုက ကျေနပ်အားရစွာ ပြောလိုက်ပါတယ် "ဒီကောင်လေးက တကယ့်ကို သတ္တိရှိတာပဲ အတွင်းအားသန့်စင်ခြင်း အဆင့်လေးနဲ့ လူငါးထောင်ကို ပိတ်တိုက်တာတင်မကဘဲ သူတို့ကို အပြတ်အသတ် နိုင်အောင် တိုက်နိုင်ခဲ့တယ်ငါ ငယ်ငယ်တုန်းက ပုံစံအတိုင်းပဲ"

"အဲဒါက အဓိက မဟုတ်ဘူးလေ"

ပညာရှိဟာ ကောင်းကင်ပေါ်ကနေ အကြိမ်ကြိမ် ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရပါတယ် "အဓိကက သူကိုယ်တိုင် လွတ်အောင် ပြေးလို့ရရဲ့သားနဲ့ အရပ်သားတွေ မြစ်ကူးနိုင်ဖို့အတွက် အသေခံ ခုခံပေးခဲ့တာပဲဒီခေတ်မှာ ဒီလိုလူမျိုး ဘယ်မှာ ရှိတော့လို့လဲ"

အဘိုးအိုရဲ့ မျက်လုံးတွေက နက်ရှိုင်းသွားပါတယ် "သူ လွတ်နိုင်ပါ့မလား"

"မျှော်လင့်ချက် ရှိပါတယ်"

"ကောင်းပြီ... မျှော်လင့်ချက် ရှိရင် ရပြီ"

"ဆရာ... ဆရာ ကိုယ်တိုင် ဝင်တိုက်မလို့လား ဆရာ့ရဲ့ သက်တမ်းက..."

"သူတို့ကို ခဏလောက် တားထားပေးရုံပါပဲ၊ ဘာမှ မဖြစ်ပါဘူး"

"တခြားသူတွေ မြစ်ကူးနိုင်အောင် ကူညီပေးတဲ့သူကို ငါတို့ကလည်း တစ်ဖက်ကမ်းရောက်အောင် ကူညီပေးသင့်တာပေါ့။"

ချီတက်လာနေတဲ့လူရိုင်းစစ်သည် တစ်သောင်းကျော်ရဲ့ ရှေ့တည့်တည့်မှာ...

ရုတ်တရက် လူနှစ်ယောက် ပေါ်လာပြီး လမ်းကို ပိတ်ထားလိုက်ပါတယ်။

အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ အဘိုးအိုတစ်ယောက်ရယ်၊ သူတွန်းလာတဲ့ ဝှီးချဲပေါ်က ခြေထောက်မသန်တဲ့ ပညာရှိတစ်ယောက်ရယ်ပါ။

All Chapters