← Chapters

အခန်း (၁၁၆)

Vol. 11 Ch. 116

အခန်း (၁၁၆)

Vol. 11 Ch. 116

"လူရိုင်းတွေငါတို့နောက်လိုက်မလာတော့ဘူးလား"

ချန်ဆန်းရှီသည် သူ၏မျက်စိကိုပင် သူ မယုံကြည်နိုင်ဖြစ်နေသည်။ ခြေလျင်တပ်သား တစ်သောင်းကျော်နှင့် မြင်းတပ် သုံးထောင်ခန့်။ ထိုမျှများပြားသော စစ်သည်အင်အားကြီးက... သူတို့ကို ဒီအတိုင်း မြစ်ကူးခွင့် ပေးလိုက်သည်လား။

ဒုန်း—

ပြင်းထန်သော အသံကြီးတစ်သံ ဟိန်းထွက်လာသည်။ မိုင် ၂၀ ခန့်အကွာတွင် လူတစ်စုမှာ ကောင်းကင်ပေါ်သို့ လွင့်တက်သွားပြီး ပဲစေ့များကဲ့သို့ ပြန်လည်ကျဆင်းလာသည်ကို ချန်ဆန်းရှီ အဝေးမှ မြင်လိုက်ရသည်။

ဝုန်း

"ဘယ်သူက ချန်ဆန်းရှီလဲ"

နောက်ထပ် အသံကျယ်ကြီးတစ်ခု ထပ်ထွက်လာပြန်သည်။ မြေနဂါးတစ်ကောင် လူးလိုက်သကဲ့သို့ မြစ်ကမ်းပါးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ မြေပြင်ပေါ်သို့ ဆင်းသက်လာသူမှာ တောက်ပသော သံချပ်ကာကို ဝတ်ဆင်ထားသည့် ရှန်လူမျိုး ဗိုလ်ချုပ်တစ်ဦးပင်။

"ကျွန်တော်ပါဗျာ"

ချန်ဆန်းရှီသည် မြင်းပေါ်မှဆင်းကာ ဂါရဝပြုလိုက်သည်။ သူ၏ အသက်ရှူသံများမှာ အနည်းငယ် မမှန်သေးပေ။

"မင်း ပြန်ရောက်လာပြီပဲ ညီမလေးဆွန်က အလကား စိတ်ပူနေတာမြန်မြန် မြစ်ကူးတော့" ဟု ထိုသူက ပြောသည်။

လူကျိီသည် ချန်ဆန်းရှီကို အကဲခတ်ကြည့်ပြီးနောက် ဘေးတွင်ရှိသော ဆွန်ပုချီကို မြင်သွားသည် "ညီငယ်... မင်းလည်း ဒီမှာရှိနေတာလားဒဏ်ရာတွေ ဘယ်လိုနေလဲ"

ဆွန်ပုချီ၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး တစ်ကိုယ်လုံး သွေးချင်းချင်း နီနေသည်။ သူသည် လှံရှည်ကို ချိုင်းထောက်သဖွယ် အားပြုကာ ခက်ခဲစွာ ရပ်နေရင်း "ခင်ဗျား ဂရုစိုက်ဖို့ မလိုပါဘူး" ဟု မျက်နှာလွှဲကာ ပြန်ပြောလိုက်သည်။

"အင်း... မင်းတို့ အဆင်ပြေနေရင် ရပါပြီ" ဟု လူကျိီက ထိုအပြုအမူကို ကျင့်သားရနေသကဲ့သို့ ပြောလိုက်သည်။ ထို့နောက် အဝေးမှ ကောင်းကင်ယံကို ကြည့်ကာ မျက်နှာပျက်သွားသည်။

"ဒုက္ခပဲ... ဆရာကြီး"

ဒုန်း—

လူကျိီသည် နောက်ထပ်တစ်ကြိမ် အားကုန်ခုန်လိုက်ရာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ခုန်ချက်တစ်ခုချင်းစီမှာ ပေ ၆၀၀ ခန့်အထိ ရှိပြီး ခဏအတွင်းမှာပင် သူ ပျောက်ကွယ်သွားတော့သည်။

'ညီမလေးဆွန်လား'

အကယ်၍ ဤလူသည် ဆွန်လီ၏ စီနီယာအစ်ကိုကြီးဆိုလျှင် သူပြောသော "ဆရာကြီး" ဆိုသည်မှာ...

'ဘုရင်ခံဆွန်လား'

ချန်ဆန်းရှီသည် ရန်သူတစ်သောင်းကျော် လာနေသော လမ်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများမှာ လေးနက်သွားသည်။ လူတစ်ယောက်တည်းက ရန်သူတစ်သောင်းကျော်ကို တားဆီးနိုင်သည်လားဒါ တကယ်ပဲ လူသားတစ်ယောက်ရဲ့ စွမ်းအားလား

ပြီးတော့ ဆွန်လီ၏ အစ်ကိုကြီး တစ်ချက်ခုန်လျှင် ပေပေါင်း ရာနဲ့ချီ လွင့်ထွက်သွားနိုင်ခြင်းမှာ မည်သည့်ကျင့်စဉ်အဆင့်နည်း။ မဟာသွေးကြောအဆင့်သည်ပင် ဤမျှစွမ်းအားကို မပြနိုင်ပေ။ ထိုသို့ဆိုလျှင် ဒါဟာ ထူးခြားဖြစ်စဉ်အဆင့် သို့မဟုတ် ဒဏ္ဍာရီလာ "စစ်နတ်ဘုရား" အဆင့် ဖြစ်ပေလိမည်။

ပိုယန်ခရိုင်တွင် သူတို့သည် ရေတွင်းထဲက ဖားသူငယ်များကဲ့သို့ ကောင်းကင်ကြီး၏ ထောင့်စွန်းလေးတစ်ခုကိုသာ မြင်ခဲ့ကြရခြင်းပင်။ နောင်တစ်ချိန်တွင် သူတို့ ရင်ဆိုင်ရမည့် ရန်သူများမှာ ဤအဆင့်မျိုးတွေ ဖြစ်နေမည်လား

ချန်ဆန်းရှီသည် မိမိကိုယ်ကို ပြန်ကြည့်မိသည်။ သူသည် အမှန်တကယ်ပင် အားနည်းလွန်းသေးသည်။ သို့သော် အဝေးကြီးကို မျှော်မှန်းနေမည့်အစား လောလောဆယ်တွင် "အတွင်းအားသန့်စင်ခြင်း ပြီးပြည့်စုံမှု"ကို အမြန်ဆုံးရောက်အောင် အားထုတ်ရန် သူ ဆုံးဖြတ်လိုက်သည်။

ဖလပ်—

"အဘိုးကြီးရှုံ အဘိုးကြီးရှုံ"

"ခွေးစုတ်"

"ငတုံးချွန်"

"ဝူဒါ... ဝူဒါ"

နောက်ဆုံးတွင် မြစ်ကမ်းသို့ ရောက်လာကြပြီး အနောက်တွင်လည်း ရန်သူများ မရှိတော့ပေ။ ညီအစ်ကိုများသည် ဟန်မဆောင်နိုင်တော့ဘဲ တစ်ဦးပြီးတစ်ဦး မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။

မူလက လူတစ်ထောင်... အခုတော့...

လေးရာသာ ကျန်တော့သည်။

ကျန်ရှိနေသော လေးရာမှာလည်း အင်အားကုန်ခမ်းကာ သတိလစ်သွားသူများစွာ ပါဝင်သည်။ ကျောက်ကန်မှာလည်း သွေးချင်းချင်း နီလျက် "အရှင်....ညီအစ်ကိုတွေ အကုန်လဲကုန်ပြီ မြစ်ကို ဘယ်လိုကူးကြမလဲ..."

"အရှင်" "အရှင်ချန်"

ဟုန်ကျီမြစ်၏ ရေပြင်ထက်တွင် ရုတ်တရက် လှေငယ်အစင်းပေါင်း ရာနဲ့ချီ ပေါ်လာသည်။ လှေပေါ်တွင် အရပ်သားများစွာ ရပ်ကာ သူတို့ကို လှမ်းခေါ်နေကြသည်။

"မြစ်ကူးကြမယ်" ချန်ဆန်းရှီ သက်ပြင်းချလိုက်သည်။

အရပ်သား ထောင်ပေါင်းများစွာ၏ အကူအညီဖြင့် ကျန်ရှိနေသော စစ်သည်လေးရာမှာ လှေပေါ်တွင် လဲလျောင်းကာ မြစ်ကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။

"အကိုရှီ" ဂူရှင်းလန်နှင့် ဆွန်လီတို့သည် လှေတစ်စင်းဖြင့် အမြန်ရောက်လာကြသည်"ဘာလို့ သွေးတွေ ဒီလောက်ထွက်နေတာလဲ..." ဂူရှင်းလန်သည် သူမ၏ အဝတ်အစားစများကို ဆွဲဖြတ်ကာ အရေးပေါ် ပတ်တီးစည်းပေးရန် ပြင်ဆင်နေသည်။

"ဒဏ်ရာအနည်းငယ်ပါပဲ" ချန်ဆန်းရှီ၏ သံချပ်ကာမှာ စုတ်ပြတ်နေပြီး သူ၏ ရုပ်သွင်မှာ သူတောင်းစားတစ်ဦးထက်ပင် ပိုဆိုးနေသည်။ ရန်သူ့သွေးနှင့် မိမိသွေးမှာလည်း ရောထွေးနေသည်။

"သခင်မ... အရှင်ချန်က တစ်ယောက်တည်းနဲ့ အတွင်းအားသန့်စင်ခြင်းအဆင့် ၅ ယောက်ကို သတ်ခဲ့တာဗျ" ကျောက်ကန်က အားတက်သရော ပြောပြသည် "ဒါကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ မြေနီတောင်ကုန်းမှာတင် အကုန်သေကုန်မှာ"

ဆွန်လီသည်လည်း မျက်နှာပျက်သွားပြီး သူမ၏ ရင်ခွင်ထဲမှ ဆေးဘူးတစ်ဘူးကို ထုတ်ပေးလိုက်သည်။ ၎င်းမှာ ချန်ဆန်းရှီ ကိုယ်တိုင် သူမအတွက် ဖော်စပ်ပေးထားသည့် ဒဏ်ရာပျောက်ဆေး ဖြစ်သည်။

"အမဆွန်... ကျွန်တော်က တကယ် အဆင်ပြေပါတယ်" ချန်ဆန်းရှီ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ အပေါ်ယံမျှသာဖြစ်ပြီး "သံအရိုး ကြေးအရေပြား"ကြောင့်သာ သူအသက်ရှင်နေခြင်းဖြစ်သည်။ အဆိုးဆုံးမှာ ကိုယ်တွင်းအင်္ဂါများ အနည်းငယ် ထိခိုက်သွားခြင်း ဖြစ်သော်လည်း ရက်အနည်းငယ် နားလိုက်လျှင် ပြန်ကောင်းသွားပေလိမည်။

နေပြည်တော်၊ နန်းတော်အတွင်း။

"နှင်းတွေ ကျလာပြီ"

"ဒါဟာ မင်္ဂလာရှိတဲ့ နှင်းတွေပဲ"

"ဧကရာဇ်မင်းမြတ်ရဲ့ ဘုန်းကံကြောင့်ပဲ"

နန်းတော်ဝင်းအတွင်းတွင် နှင်းဖြူများဖြင့် ဖုံးလွှမ်းနေသည်။ မိန်းမစိုး အများအပြားသည် "ဝမ်ရှို့နန်းဆောင်" ရှေ့တွင် ဒူးထောက်နေကြသည်။ ဤနန်းဆောင်မှာ နန်းတော်နှင့်မတူဘဲ တာအိုဘုန်းကြီးကျောင်းနှင့် ပိုတူသော်လည်း အသုံးပြုထားသော ပစ္စည်းတိုင်းမှာ ရွှေထက်ပင် တန်ဖိုးကြီးလှသည်။

နန်းဆောင်အတွင်းတွင် နဂါးပလ္လင် မရှိပေ။ မြင့်မားသော စင်မြင့်ထက်တွင် ကုလားကာများဖြင့် ကာရံထားပြီး အတွင်း၌ တစ်စုံတစ်ဦး တရားထိုင်နေသည့် ပုံရိပ်ကိုသာ တွေ့ရသည်။

"အနောက်မြောက်ဘက်မှာ အောင်ပွဲရပြီ"

"ယွမ်ကျိုးမှာ အောင်ပွဲရပြီ"

အောင်ပွဲသတင်းများ ရောက်လာသောအခါ ဝမ်ရှို့နန်းဆောင်တစ်ခုလုံး နွေဦးကာလကဲ့သို့ နွေးထွေးသွားသည်။ မိန်းမစိုးအိုကြီး ဟွမ် သည် နန်းဆောင်အတွင်းသို့ အမြန်ဝင်လာကာ အစီရင်ခံစာကို ဖတ်ကြားသည်။

"လျန်ကျိုးမှာ ရန်သူ ၃ သောင်းကျော်ကို ခြေမှုန်းနိုင်ခဲ့ပါတယ်။ ပြီးတော့ ယိုကျိုးစစ်တပ်က ယွမ်ကျိုးကို ရောက်ရှိသွားပြီး ခရိုင်တွေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါပြီ"

ကုလားကာနောက်ကွယ်မှ သြဇာညောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ "နောက်ထပ် ဘာရှိသေးလဲ"

"မဟာခန်မင်းကြီး ဆီက စစ်ပြေငြိမ်းဖို့ တောင်းဆိုတဲ့ စာပါ ဘုရား"

ဧကရာဇ် လုံချင်သည် စာကိုဖတ်ပြီးနောက် အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အားရပါးရ ရယ်မောလိုက်သည်။

"ဒီကိစ္စမှာ ယန်လျန်က အဓိက အစွမ်းပြခဲ့တာပဲ။ အားလုံးကို ဆုလာဘ်တွေ ပေးရမယ်"

ဟွမ်က ဆက်ပြောသည် "နောက်ထပ် ကိစ္စသေးသေးလေး တစ်ခု ရှိပါသေးတယ် ယွမ်ကျိုးက ဗိုလ်မှုးချန်ဆန်းရှီ အသက်ရှင်နေပါသေးတယ်။ သူက အရပ်သား ထောင်ပေါင်းများစွာကို ကယ်တင်ခဲ့ရုံတင်မကဘဲ လူတစ်

ထောင်တည်းနဲ့ ရန်သူ့မြင်းတပ် ၅ ထောင်ကို ဟန့်တားခဲ့ပါတယ်။ အဲ့အချိန်မှာပဲ ဘုရင်ခံဆွန်က ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ"

"ဆွန်ဒူရှန်က ကိုယ်တိုင် တိုက်ခိုက်ခဲ့တယ် ဟုတ်လား" နီရဲသော ဝတ်စုံဝတ် အရာရှိငယ်တစ်ဦးက လှောင်ပြောင်လိုက်သည်။ "အဲဒီ ဆွန်ဆိုတဲ့လူက သေခါနီး မီးတောက်လို ဖြစ်နေတာကို သူရဲကောင်း လုပ်ချင်နေတုန်းပဲ"

ဟွမ်က ဧကရာဇ်ကို မေးလိုက်သည် "မူလက ချန်ဆန်းရှီကို နေပြည်တော်ကို ခေါ်ဖို့ အမိန့်တော် ရှိခဲ့ပေမဲ့ အခုတော့ သူက စစ်သေနာပတိချုပ်ရဲ့ နန်းတော်မှာ ရောက်နေပါတယ်။ သူ့ကို ဆုလာဘ်ပေးပြီး နေပြည်တော်ကို ပြန်ခေါ်ရမလား ဘုရား"

"ဆုလာဘ်ပေးဖို့ကတော့ ကျိန်းသေတယ် ဒါပေမဲ့ ပြန်ခေါ်ဖို့ မလိုသေးဘူး" ဧကရာဇ်၏ အသံက တည်ငြိမ်သွားသည် "ငါ ဒီလူငယ်လေးကို သဘောကျတယ် ဘုရင်ခံဆွန်က သူ့ကို ကယ်တယ်ဆိုတာ သူ့ကို သဘောကျလို့ ဖြစ်မယ်။ သူ့ရဲ့ ပညာတွေကို လက်ဆင့်ကမ်းပေးဖို့ ဖြစ်နိုင်တယ် အခု ပြန်ခေါ်လိုက်ရင် သူ့ရဲ့ အခွင့်အရေးကို ဖျက်ဆီးသလို ဖြစ်သွားလိမ့်မယ်"

"သူ့ကို အဲဒီမှာပဲ ထားလိုက် သူ ဘယ်လောက်အထိ ခရီးရောက်မလဲဆိုတာ ကြည့်ရအောင် ပြီးတော့ အရပ်သားတွေကို ကယ်တင်တဲ့ သူ့ရဲ့ လုပ်ရပ်ကို တစ်ပြည်လုံး သိအောင် ကြေညာပါ ငါ့ရဲ့ အမှုထမ်းတွေက ဒီလို ဖြောင့်မတ်သူတွေ ဖြစ်တယ်ဆိုတာ လူတွေ မြင်ပါစေ"

ဧကရာဇ် လုံချင်သည် နန်းဆောင်အပြင်ဘက်သို့ ထွက်လာကာ ကျဆင်းနေသော နှင်းပွင့်များကို ကြည့်ရင်း ပြောလိုက်သည် "ဒီလို မင်္ဂလာရှိတဲ့ နှင်းတွေနဲ့အတူ သတင်းကောင်းတွေ တစ်ခုပြီးတစ်ခု ရောက်လာတယ်စစ်ပွဲလည်း ပြီးပြီဆိုတော့ ငါလည်း အေးအေးဆေးဆေး တရားကျင့်လို့ ရပြီ"

အရာရှိအားလုံး ဒူးထောက်ကာ ဟစ်ကြော်လိုက်ကြသည်။

"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ "

All Chapters