အခန်း (၁၁၇)
Vol. 11 Ch. 117
ဟွမ်းဝမ်ခရိုင်၊ နေအိမ်တစ်လုံးအတွင်း။
ခြံဝင်းအတွင်း၌ အပေါ်ပိုင်းဗလာကျင်းထားသော သန်မာထွားကျိုင်းသည့် လူငယ်တစ်ဦးသည် လှံရှည်တစ်စင်းကို ကျွမ်းကျင်စွာ ကစားနေလေသည်။ လှံသွား၏ လှုပ်ရှားမှုနှင့်အတူ ဆီးနှင်းများမှာ လေပွေသဖွယ် ဝဲကရက်ထနေပြီး ချမ်းအေးလှသော ဆောင်းရာသီ၏ အအေးဓာတ်ကို ပို၍ပင် စိမ့်တက်သွားစေသည်။
သူသည် အဝတ်အစား လုံးဝဝတ်ဆင်ထားခြင်း မရှိသော်လည်း အအေးဒဏ်ကို အနည်းငယ်မျှပင် မခံစားရပေ။ သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်များ ထွက်ပေါ်နေပြီး ဆီးနှင်းများသည် သူ၏ အရေပြားနှင့် မထိတွေ့မီမှာပင် အရည်ပျော်သွားကြသည်။ သူသည် ဆေးဖော်စပ်သည့် မီးဖိုထဲမှ ထွက်လာသည့်အတိုင်း ပြင်းထန်သော အပူရှိန်များကို ဖြာထွက်နေစေသည်။
သူ၏ ရိုးတွင်းခြင်ဆီမှ ထွက်ပေါ်လာသော သွေးပူများသည် ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်စွာ စီးဆင်းနေပြီး အတွင်းကလီစာများကို လှည့်ပတ်ကာ ထုဆစ်ပုံဖော် နေသည်။
လူ့ခန္ဓာကိုယ်သည် တစ်ခုတည်းသော အစိတ်အပိုင်းဖြစ်သည်။
သိုင်းပညာရှင်တစ်ဦးအနေဖြင့် အရကြော၊ အရိုး၊ အရေပြား၊ ရိုးတွင်းခြင်ဆီနှင့် သွေးတို့ကို လေ့ကျင့်ပြီးပါက အတွင်းကလီစာများကို သန့်စင်ထုဆစ်ရမည့် အချိန်သို့ သဘာဝအလျောက် ရောက်ရှိလာခြင်း ဖြစ်သည်။ သို့မဟုတ်ပါက အပြင်ပန်း ခွန်အား မည်မျှပင် တောင့်တင်းနေပါစေ၊ အတွင်းကလီစာများက မခံနိုင်လျှင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
အရင်တစ်ခေါက်ကကဲ့သို့ပင်။
ချန်ဆန်းရှီသည် အတွင်းအားသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်နှစ်ဦး၏ ပြိုင်တူ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သော်လည်း အတွင်းဒဏ်ရာများ ရရှိခဲ့သေးသည်။
'အတွင်းအားသန့်စင်ခြင်း' ဆိုသည်မှာ ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို ပိုမိုမြင့်မားစေရန်အတွက် အဓိက အင်္ဂါကြီး (၄) မျိုးနှင့် အင်္ဂါငယ် (၆) မျိုးကို သန့်စင်ထုဆစ်ခြင်းပင် ဖြစ်သည်။
"ဘုန်း—"
ချန်ဆန်းရှီသည် လှံဖြင့် ထိုးလိုက်ရာ ခြံဝင်းအလယ်ရှိ ရေကန်မှာ တိုက်ရိုက် ကွဲကြေသွားသည်။ အတွင်းရှိ ပေအနည်းငယ်ခန့် ထူသော ရေခဲပြင်ကြီးမှာလည်း ပေါက်ကွဲထွက်သွားပြီး အရပ်မျက်နှာအနှံ့သို့ ရေခဲစူးများအဖြစ် လွင့်စင်သွားတော့သည်။
[ကျင့်ကြံမှု့ - တသားထည်းဖြစ်ခြင်း လှံသိုင်း (ကျွမ်းကျင်အဆင့်)]
[တိုးတက်မှု့ - 0/1000]
[စွမ်းဆောင်ရည် - လျှို့ဝှက်ဆန်းကြယ် ဒြပ်စင်ငါးပါး ခန္ဓာကိုယ်]
[လျှို့ဝှက်ဆန်းကြယ် ဒြပ်စင်ငါးပါး - ကျင့်စဉ် အဆင့်မြင့် အောင်မြင်မှု ရရှိပါက 'လျှို့ဝှက်ဆန်းကြယ် ဒြပ်စင်ငါးပါး ခန္ဓာကိုယ်' အဖြစ် ပြောင်းလဲသွားမည်]
"ကောင်းပြီ၊ နောက်ထပ် အစွမ်းတစ်ခု ထပ်တိုးလာပြန်ပြီ"
"ငါတော့ တကယ်ကို ဘက်စုံတော်တဲ့လူ ဖြစ်နေပြီပဲ"
"အနည်းဆုံးတော့ နောက်ဆုံးမှာ အဆင့်တက်နိုင်ခဲ့ပြီ"
ချန်ဆန်းရှီသည် လှံရှည်ကို သိမ်းလိုက်ပြီး အပူငွေ့များ ပါဝင်သော လေကို တစ်ချက် မှုတ်ထုတ်လိုက်သည်။ မြစ်ကို ဖြတ်ကျော်လာခဲ့သည်မှာ ဆယ်ရက်ခန့် ရှိပြီဖြစ်သည်။ သူ၏ ဒဏ်ရာများမှာ ပျောက်ကင်းသွားခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ကျင့်စဉ်အဆင့်မှာလည်း တစ်ဆင့် မြင့်တက်လာခဲ့သည်။
၎င်းအပြင်၊ ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ရမှုများကြောင့် သူ၏ တခြားသော စွမ်းရည်များသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။
[စွမ်းရည် - ခြေရာခံခြင်းနှင့် ပုန်းကွယ်ခြင်း (အသေးစားအောင်မြင်မှု့)]
[တိုးတက်မှု့ - 888/1000]
…
[စွမ်းရည် - မြင်းစီးအတတ် (ကျွမ်းကျင်အဆင့်)]
[တိုးတက်မှု့ - 309/500]
…
[စွမ်းရည် - စစ်သည်တော်များအား ကွပ်ကဲခြင်း (ကျွမ်းကျင်အဆင့်)]
[တိုးတက်မှု့ - 890/1000]
…
[စွမ်းရည် - လေးပညာ (အကြီးစားအောင်မြင်မှု့)]
[တိုးတက်မှု့ - 550/2000]
…
[စွမ်းရည် - ဆေးပညာ-လူသား (ကျွမ်းကျင်)]
[တိုးတက်မှု့ - 210/1000]
စွမ်းရည်များစွာထဲတွင်မှ အထူးသဖြင့် မြင်းစီးခြင်းနှင့် စစ်သည်ကွပ်ကဲခြင်းတို့မှာ လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် အသုံးပြုနေရသဖြင့် တိုးတက်မှုနှုန်း အလွန်မြန်ဆန်နေပြီး နောက်ထပ် ရက်အနည်းငယ်အတွင်း အဆင့်တက်နိုင်ရန်သာ လိုတော့သည်။
တိုက်ပွဲ၏ နောက်ဆုံးရလဒ်မှာလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က အနောက်မြောက်ပိုင်း ပြည်နယ်သုံးခု၏ တိုက်ပွဲတွင် အနိုင်အရှုံး ပေါ်ခဲ့ပြီး၊ မြက်ခင်းပြင်မှ မျိုးနွယ်စုကြီး လေးခုစလုံး ဆုတ်ခွာသွားခဲ့ကြသည်။
ယွမ်ကျိုး ဘက်တွင်မူ၊ ချောင်ဖန် နှင့် အခြားသူများက စစ်ကူများ ခေါ်ဆောင်လာပြီးနောက် ဝိုင်းရံထားမှုကို အလွယ်တကူ ဖြိုခွင်းနိုင်ခဲ့သည်။ ထို့အပြင် နောက်ပိုင်းတွင် 'တပ်စခန်းရှစ်ခု'၏ ပါဝင်ပတ်သက်မှုကြောင့် နယ်မြေတစ်ခုလုံးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
သို့သော်လည်း အစနှင့် အဆုံးကို ဖယ်ထုတ်လိုက်လျှင်—
ယွမ်ကျိုးအတွင်း လူရိုင်းများ၏ လူသတ်ပွဲကြီးမှာ ဆယ်ရက်တိုင်တိုင် ကြာမြင့်ခဲ့သည်။
ယွမ်ကျိုး၊ ဆယ်ရက်တာ လူဦးရေ တစ်သန်းနီးပါး သေကျေခဲ့ရသည်။
အလောင်းများ နေရာအနှံ့ ပုံနေပြီး တစ္ဆေများ၊ ဝံပုလွေများ ဟောင်သံညံသကဲ့သို့ ငိုကြွေးသံများ ဖုံးလွှမ်းခဲ့သည်။ ၎င်းမှာ အလွန်ဆိုးရွားသော ရှုံးနိမ့်မှုဖြစ်ပြီး လုံးဝဥဿုံ ပျက်စီးသွားသော ကပ်ဘေးတစ်ခုပင် ဖြစ်သည်။ နယ်မြေများ ဆုံးရှုံးခြင်း မရှိသော်လည်း ထိခိုက်မှုမှာ ကြီးမားလွန်းလှသည်။
ပြန်လည် နာလန်ထူရန်အတွက် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ပေလိမ့်မည်။
နန်းတော်မှ ဒုက္ခသည်များနှင့် မြေမဲ့ယာမဲ့ လယ်သမားများကို အခြားပြည်နယ်များမှ ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားသည်ဟု ဆိုသည်။ ထိုဆင်းရဲသားများမှာ နောက်ဆုံးတွင် ကိုယ်ပိုင်မြေ ရနိုင်တော့မည်ဖြစ်ရာ အလွန်ပင် မျက်လှည့်ဆန်လှသည်။
၎င်းအပြင်၊ လူရိုင်းတပ်ဖွဲ့များသည် အရင်ကထက် ပိုမိုအားကောင်းစွာဖြင့် မကြာမီ ပြန်လာကြဦးမည်ဖြစ်သည်။
အကြောင်းရင်းမှာ ရိုးရှင်းပါသည်။
အကယ်၍ ယွမ်ကျိုးတွင် ဆယ်ရက်ကြာ ပြုလုပ်ခဲ့သော ထိုကပ်ဘေးမှ ကြီးမားသော အကျိုးအမြတ်များ မရရှိခဲ့ပါက၊ ဧကရာဇ် စီစဉ်ထားသော ထိုသို့သော အစီအစဉ်ကြီးတွင် သူတို့ အဘယ်ကြောင့် လိုက်ပါ ဆောင်ရွက်ပါမည်နည်း နောက်ဆုံးတွင် သူတို့ကိုယ်တိုင်လည်း စစ်သည် သုံးသောင်းခန့် အနစ်နာခံခဲ့ရသည် မဟုတ်ပါလား။
အကျိုးအမြတ်များ ရရှိပြီး ပိုမိုအစွမ်းထက်လာလျှင် လူရိုင်းများသည် ဘာဆက်လုပ်မည်နည်း
'ဒါပေါ့၊ ဒါက ဒါရှန်ကို တိုက်ခိုက်ဖို့ပဲ
'တစ်နည်းပြောရရင် ဧကရာဇ်က တကယ်ပဲ ဘာတွေ ကြံစည်နေတာလဲ၊ ဒါမှမဟုတ် သွေးယဇ်ပူဇော်ခြင်း က ဘာအတွက်လဲ ဆိုတာထက် ထွက်ပေါ်လာတဲ့ ရလဒ်ကို ကြည့်ရမယ်'
'သူက ရန်သူနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို သစ္စာဖောက်နေတာပဲ'
'ဒါတောင်မှ နတ်ဘုရားရတနာကို ရှာမတွေ့သေးလို့'
'ဒါကိုသာ ရှာတွေ့သွားပြီး လူရိုင်းမျိုးနွယ်စုတွေက နောက်ထပ် ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက် အင်အား စုဆောင်းလိုက်ရင် 'ဟွာကျင်းအဆင့်'
ထက်တောင် ပိုအားကောင်းတဲ့ စစ်တပ်ကြီး ဖြစ်လာလိမ့်မယ်။ အဲဒီကျရင် ငါတို့ ဒီစစ်ပွဲကို ဘယ်လိုတိုက်မလဲလူအင်အား သာတာတစ်ခုတည်းနဲ့ပဲ ဇွတ်တိုး တိုက်နေကြမှာလား'
'အဲဒီအကြောင်း ပြောရရင်—'
'သူတို့ သွေးယဇ်ပူဇော်ဖို့ သုံးနေတဲ့အရာတွေက နတ်ဘုရားရတနာနဲ့ ဆက်စပ်နေနိုင်တယ်'
'ဆေးညွှန်းအပြည့်အစုံ၊ ထူးဆန်းတဲ့ မီးတောက်ရဲ့ အပူချိန်ကို ခံနိုင်ရည်ရှိတဲ့ ဆေးအိုး၊ ပြီးတော့ ဆီမီးဆီ'
'ဒီသုံးခု စုံမှသာ သူတို့ရဲ့ နာမည်နဲ့ လိုက်ဖက်တဲ့ 'နတ်ဘုရား' ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်မှာ ဖြစ်တယ်'
ချန်ဆန်းရှီက လူရိုင်းများသည် ပိုယန်ခရိုင်ကို တိုက်ခိုက်ရခြင်းမှာ နတ်ဘုရားရတနာကို ရှာဖွေရန် ဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။ ယခု ရှာမတွေ့ခဲ့သော်လည်း နောင်တွင်လည်း သူတို့ လက်လျှော့ကြမည် မဟုတ်ပေ။
'အဲဒီလိုသာဆိုရင်—'
'တစ်နေ့မှာ သူက လူရိုင်းမြို့တော်ကို သွားနိုင်ခဲ့ရင် အဲဒီအရာတွေကို အစုံအလင် စုဆောင်းနိုင်မလား'
'တကယ်တော့ မျှော်လင့်ချက် ရှိပါတယ်'
ဆွန်ဒူရှီ ၏ တစ်သက်တာ ဆန္ဒတစ်ခုမှာ မြက်ခင်းပြင်ထဲထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ကာ လူရိုင်းလူသတ်သမားများကို နှိမ်နင်းပြီး၊ မြောက်ပိုင်းရှိ ပြည်သူများအတွက် ငြိမ်းချမ်းမှု ဖော်ဆောင်ပေးရန် ဖြစ်သည်ဟု ကောလာဟလများ ရှိသည်။
'ဒါပေမဲ့ အခုထိ သူ ဘာကြောင့် မလုပ်နိုင်သေးတာလဲ'
တပ်စခန်းရှစ်ခု နှင့် အနောက်မြောက်တပ်မတော်မှ စစ်သည် နှစ်သိန်း ရှိနေသည်မှာ အမှန်ပင်။ စစ်သည် အင်အားမှာ လုံလောက်သည်ထက် ပိုသဖြင့် အကြောင်းရင်းမှာ ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအားမလုံလောက်ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
"စစ်နတ်ဘုရားအဆင့်ထက် မြင့်တဲ့လူတွေ မလုံလောက်တာလား"
ချန်ဆန်းရှီသည် လူရိုင်းမျိုးနွယ်စုကြီး လေးခုဖြစ်သော ယူဝမ် ၊ ထော့ပါး၊ မုယုံနှင့် တွမ် တို့၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားများအကြောင်းကို သေသေချာချာ မသိသေးပေ။ မကြာသေးမီ နှစ်များအတွင်း ယူဝမ်မိသားစုကို 'မိစ္စာဂိုဏ်း'က ထောက်ပံ့ထားသည် ဆိုသည်ကိုသာ သိရှိထားသည်။
ကျန်သော မိသားစု သုံးခုအကြောင်းကိုမူ သူ လုံးဝ မသိသလောက်ပင်။
ရွီဝမ်ချိုင် ပင်လျှင် သူ၏ ရာထူးအဆင့်အတန်းထက် ကျော်လွန်သော အခြေအနေများကို သိနိုင်စွမ်း မရှိပေ။
သို့သော် တပ်စခန်းရှစ်ခုမှ လူများကမူ ရှင်းရှင်းလင်းလင်း သိပေလိမ့်မည်။ ဆွန်လီ နှင့် ဆွန်ပုချီ တို့ပင် သိနိုင်ပါသည်။ သူကသာ တစ်ခါမျှ မမေးမြန်းခဲ့ခြင်း ဖြစ်သည်။
'သူက စိတ်မဝင်စားလို့ မဟုတ်ဘူး၊ အရင်က မလိုအပ်သေးလို့ပဲ'
'အရင်က အရိုးဖွဲ့စည်းခြင်း အဆင့်မှာပဲ ရှိတုန်းက မြက်ခင်းပြင်က အမြင့်ဆုံး စွမ်းအားရှင်တွေအကြောင်း မေးနေရင် ဒါက အပိုအလုပ်တွေ ဖြစ်နေမှာပေါ့'
'ဒါပေမဲ့ အခုတော့ ဒါကို သေသေချာချာ နားလည်ထားဖို့ အချိန်ရောက်ပြီ'
'ဘာဖြစ်လို့လဲဆိုတော့ နတ်ဘုရားရတနာ ကြောင့်ပဲ'
'အရင်က မိစ္စာဂိုဏ်းက နတ်ဘုရားရတနာကို ရှာဖို့ အလယ်ပိုင်းဒေသကို ခိုးဝင်လာခဲ့ကြတာ'
'နောက်ဆိုရင်တော့ အခြေအနေတွေက ပြောင်းပြန် ဖြစ်သွားလိမ့်မယ်'
ဆီမီးဆီကို ထော့ပါးမျိုးနွယ်စုထံမှ ခိုးယူခဲ့ခြင်းဖြစ်ပြီး၊ သွေးယဇ်ပူဇော်
ခြင်းကိုမူ ယူဝမ်မိသားစုကို ကိုယ်စားပြုသော မိစ္စာဂိုဏ်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထော့ပါး၊ ယူဝမ် ထိုမိသားစု နှစ်ခုမှာ တာဝန်ရှိမှုမှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။
ချန်ဆန်းရှီသည် ယခုအခါ စိတ်ကူးထဲတွင် ကြီးမားသော ပန်းတိုင်တစ်ခုကို ချမှတ်လိုက်ပြီ ဖြစ်သည်။
'ဆီမီးဆီ တစ်ခုတည်း ရှိနေတာက တကယ်တော့ နည်းနည်းတော့ သနားစရာ ကောင်းတာပေါ့'
'ဒါက မီးညှိတဲ့ ပစ္စည်းပဲရှိပြီး တခြား ဘာမှမရှိတဲ့ ကိရိယာ အစုံလိုက်ကြီး တစ်ခုလို ဖြစ်နေတာ'
'ဝိညာဉ်စပါးက အခုထိ အကျိုးရှိနေသေးတယ် ဆိုပေမဲ့—'
'အဲဒီအကျိုးရှိမှုကို မြင်လေလေ၊ တကယ်လို့သာ ငါ့မှာ ဆေးအိုးနဲ့ ဆေးညွှန်းသာ ရှိရင် ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဆေးတွေ ဖော်စပ်နိုင်မလဲ ဆိုတာကို ပိုပြီး သိချင်လာမိတယ်'
'နတ်ဘုရား(မသေမျိုး)'
'တကယ်လို့ မသေမျိုးတွေသာ တကယ်ရှိရင် သူတို့ ဘယ်မှာ နေထိုင်ကြမလဲ'
'ပြီးတော့ ဒီအရာတွေက ဘာဖြစ်လို့ 'လူ့လောက' ထဲကို ရောက်လာရတာလဲ'
'တစ်လှမ်းချင်းစီ သွားရမှာပေါ့' ဟု သူကိုယ်သူ ပြန်ပြောလိုက်သည်။
ချန်ဆန်းရှီသည် အလျင်မစလို လုပ်၍ မဖြစ်မှန်း သိသည်။ အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော နှစ်လတာကာလ ပြီးဆုံးသွားပြီးနောက် နောက်ဆုံးတွင် အခြေအနေများ ခေတ္တ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
ပိုယန်ခရိုင်မှ လူများသည်လည်း တစ်ဦးပြီးတစ်ဦး ပြန်လာနေကြပြီ ဖြစ်သည်။ ဟွမ်းဝမ်ခရိုင်တွင်သာ ဆက်နေပါက သူတို့သည် ဒုက္ခသည်များသာ ဖြစ်လာပေလိမ့်မည်။ ဒုက္ခသည်များအတွက် ရလဒ် နှစ်ခုသာ ရှိသည် - ငတ်သေခြင်း သို့မဟုတ် အင်အားကြီး မိသားစုများတွင် ကျွန်အဖြစ် ဝင်ရောက်ကာ လွတ်လပ်မှု ထာဝရ ဆုံးရှုံးသွားခြင်းပင်။
နှိုင်းယှဉ်ကြည့်လျှင် ပိုယန်သို့ ပြန်ခြင်းက ပို၍ ကောင်းမွန်လှသည်။
ချန်ဆန်းရှီကမူ ပြန်တော့မည် မဟုတ်ပေ။ နှစ်ရက်အတွင်း သူသည်
လျန်ကျိုး သို့ သွားရောက်ကာ တပ်စခန်းရှစ်ခု၏ ရွေးချယ်ပွဲသို့ ဝင်ရောက်
မည် ဖြစ်သည်။ သူသည် အမွေဆက်ခံသူ အဖြစ် မရွေးချယ်ခံရလျှင်ပင် အတွင်းစည်းတပည့် အဖြစ် ဝင်ရောက်နိုင်မည်ဟု ယုံကြည်မှု ရှိသည်။ အနာဂတ်တွင် သူသည် လျန်ကျိုးတွင်ပင် နေထိုင်ကာ တပ်စခန်းရှစ်ခုသို့ ဝင်ရောက်ရန် များစွာ အလားအလာ ရှိသည်။
"ဘာလို့ တိတ်တိတ်လေး ထပ်ပြီး လေ့ကျင့်နေပြန်တာလဲ"
ဂူရှင်းလန်သည် လိုအပ်သော ပစ္စည်းများ ဝယ်ယူပြီး ပြန်လာရာ၊ ခင်ပွန်းဖြစ်သူ၏ လက်ထဲတွင် လှံရှည်ကို မြင်သောအခါ စိုးရိမ်တကြီး ပြေးလာလေသည် "အစ်မလီ ပြောတာက ရှင် အတွင်းကလီစာ ဒဏ်ရာရထားလို့ ကောင်းကောင်း အနားယူရမယ်တဲ့လေ"
"ကျွန်တော်တကယ် နေကောင်းပါတယ်ဗျာ"
ချန်ဆန်းရှီက လှံရှည်ကို ချလိုက်ပြီး အမလန်ကို ရုတ်တရက် ပွေ့ချီလိုက်
သည် "မယုံရင် အမကိုယ်တိုင် စမ်းကြည့်လေ"
"မလုပ်ပါနဲ့ ရှင် ကောင်းကောင်း အနားယူဖို့ လိုတယ် ဒါကြောင့်နဲ့ ဒဏ်ရာ မရစေနဲ့"
"ကျွန်တော်က သံမဏိလို တောင့်တင်းတဲ့ လူပါဗျာ"
'ငါက ကြေးနီအရေပြားနဲ့ သံမဏိအရိုး ရှိတဲ့ ဝရစိန်ခန္ဓာကိုယ် ပိုင်ရှင်ပဲ၊ ဒီလောက်လေးနဲ့ ဘယ်ပျက်စီးပါ့မလဲ' ဟု ချန်ဆန်းရှီက စိတ်ထဲက တွေးနေသော်လည်း အပြင်ကို ထုတ်မပြောပေ။ ၎င်းကို လက်တွေ့ ပြသရန်လည်း သူ မဝံ့ရဲသေးပေ။
"ရှင် ကလေးယူမယ်လို့ ကတိပေးထားတယ်လေ၊ အခု စစ်ပွဲလည်း ပြီးပြီဆိုတော့ ကတိဖျက်ဖို့ ကြံနေတာလား"