သုံးရက်အကြာ။
Vol. 11 Ch. 118
ဟွမ်းဝမ်ခရိုင် မြို့ပြင်တွင် စစ်သည်တော်အုပ်စုကြီးတစ်ခု စုဝေးနေကြသည်။ ရထားလုံး သုံးစင်းနှင့်အတူ ရာဂဏန်းရှိသော ခြံရံစောင့်ကြပ်သည့် စစ်သည်များမှာ ခန့်ညားထည်ဝါသော စစ်ကြောင်းကြီးတစ်ခုသဖွယ် ဖြစ်နေသည်။
"ရပ်စမ်း မင်းတို့ ဘာလုပ်နေကြတာလဲ"
"ကျွန်တော်တို့က အရှင်ချန်ရဲ့ လက်အောက်ငယ်သားတွေပါ"
"ငါသိတယ်၊ အဲဒါကို ဘာလို့ ငါတို့နောက် လိုက်နေကြတာလဲ"
"ကျွန်တော်တို့ အတူတူ လိုက်သွားလို့ မရဘူးလားဗျာ"
"မရဘူး"
မြို့တံခါးဝတွင် စစ်သည် ရာပေါင်းများစွာတို့သည် ယာဉ်တန်းကို ကြည့်ကာ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေကြသည်။
ကျောက်ကန်၊ ဝမ်လီ ၊ ကျူထုံ နှင့် အခြားသူများအတွက်မူ သေတွင်းထဲမှ တိုက်ပွဲများစွာကို အတူတူဖြတ်ကျော်လာခဲ့ပြီးနောက် ချန်ဆန်းရှီကို သူတို့၏ အားကိုးရာ တိုင်ပင်ဖော်အဖြစ် သတ်မှတ်ထားကြပြီး ဖြစ်သည်။ တကယ်လို့သာ ချန်ဆန်းရှီကို ထားခဲ့ရမည်ဆိုပါက သူတို့ နေ့စဉ် ဘာလုပ်ရမည်ကိုပင် သိကြတော့မည်မဟုတ်ပေ။
စောင့်ကြပ်ကွပ်ကဲသူ လီချန်ကျုံး ကမူ ချက်ချင်းပင် ငြင်းပယ်လိုက်သည်။ "မရဘူးဆိုရင် မရဘူးပဲ"
"ချန်ကျုံး... မင်း နည်းနည်းလောက် ဖြေလျှော့ပေးလို့ မရဘူးလား"
ချန်ဆန်းရှီ ကိုယ်တိုင် ရှေ့ထွက်ကာ တောင်းဆိုလိုက်သည် "ငါက 'တပ်စခန်းရှစ်ခု' ရဲ့ ရွေးချယ်ပွဲကို သွားမှာလေ။ ရလဒ် သိပ်မကောင်းရင်တောင် အောက်ခြေအဆင့် စစ်ဗိုလ်တစ်ယောက်တော့ ဖြစ်လာမှာပဲ။ အဲဒီကျရင် ငါ့လက်အောက်မှာ လူယုံတွေ လိုအပ်မှာ။ လျန်ကျိုးက စစ်သားတွေကို အသုံးမပြုဘဲ သူတို့ကိုပဲ ဆက်သုံးသွားမှာပါ"
"သခင်လေးချန်..."
လီချန်ကျုံးက သက်ပြင်းချရင်း ပြောသည် "ကျွန်တော်က ဖြေလျှော့မပေးချင်လို့ မဟုတ်ပါဘူး၊ စည်းကမ်းက စည်းကမ်းပဲလေ သူတို့အားလုံးက
အန်းဒင်စီရင်စုရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ စစ်သားတွေ အခု တိုက်ပွဲပြီးပြီဆိုတော့ သူတို့ နေရာကို သူတို့ ပြန်ရမယ်။ ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားလို့ ဘယ်ရပါ့မလဲဒါဆိုရင် စစ်တပ်က ဖရိုဖရဲ ဖြစ်ကုန်မှာပေါ့"
"ချန်ကျုံး... ငါမှတ်မိသလောက်ဆိုရင် လျန်ကျိုး အစောင့်တပ်မှာ နေရာလွတ်တွေ ရှိတယ် မဟုတ်လား"
ဆွန်လီက ထိုစကားကို ကြားပြီး အပြေးအလွှား ရောက်လာသည် "သူတို့ကို လျန်ကျိုး အစောင့်တပ်ဆီ ပြောင်းပေးလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ"
"ကျွန်တော့် သခင်မလေးရယ်..."
လီချန်ကျုံးက ခါးသက်သက် ပြုံးလိုက်သည် "သခင်မလေးပါ ကျွန်တော့်ကို ဖိအားပေးနေတာလားပြောင်းရွှေ့ပေးတယ် ဆိုရင်တောင် လုပ်ထုံးလုပ်နည်းတွေ ရှိသေးတယ်လေ"
ချန်ဆန်းရှီ ခေါင်းကိုက်သွားသည်။ တစ်ဖက်လူက တမင်တကာ ခက်ခဲအောင် လုပ်နေခြင်း မဟုတ်မှန်း သူသိသည်။ ၎င်းမှာ တကယ်ပင် စည်းကမ်းနှင့် မညီခြင်း ဖြစ်သည်။ သို့သော်လည်း ဤလူယုံတစ်သိုက်ကို သူ တကယ် မထားခဲ့ချင်ပေ။
သူတို့သည် သူ ပထမဆုံး ဦးဆောင်ခဲ့သော စစ်သည်များ ဖြစ်သည်။ သူတို့အားလုံးတွင် "ကျဆုံးခြင်း စစ်ဗျူဟာ - သေမင်းအာဏာ" အရှိန်အဝါများ ကိန်းအောင်းနေပြီ ဖြစ်ရာ၊ သူတို့ကို ထားခဲ့ရန် သူ တကယ် စိတ်မချနိုင်ပေ။
"ဒါဆိုရင်လည်း..."
ချန်ဆန်းရှီက အားလုံးကို ကြည့်လိုက်သည် "မင်းတို့ ပိုယန် ကို အရင်ပြန်ပြီး ငါ့ကို စောင့်နေကြမလား ငါ ရွေးချယ်ပွဲမှာ ရလဒ်ကောင်းအောင် ကြိုးစားပြီး မင်းတို့ကို ပြောင်းရွှေ့နိုင်ဖို့ နည်းလမ်းရှာမယ်။ အလွန်ဆုံး ဆယ်လ၊ ငါ ကတိပေးတယ်၊ မင်းတို့ကို ငါ့ဆီရောက်အောင် ခေါ်မယ်"
"..." အားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
"သူတို့ကိုပါ တစ်ခါတည်း ခေါ်သွားလိုက်ပါ"
အားလုံးက ခေတ္တခွဲခွာရန် ပြင်ဆင်နေစဉ်မှာပင်၊ သစ်သားဝှီးချဲတစ်ခုကို တွန်းလာသော အစေခံတစ်ဦး ပေါ်လာသည်။ ဝှီးချဲပေါ်တွင် စိမ်းဖန့်ဖန့် ဝတ်ရုံဝတ်ထားပြီး လက်ထဲတွင် စာအုပ်တစ်အုပ် ကိုင်ထားသော လူလတ်ပိုင်း ပညာရှိတစ်ဦး ထိုင်နေသည်။
"ဗိုလ်ချုပ်ဖန်"
"ဗိုလ်ချုပ်ဖန်ကို ဂါရဝပြုပါတယ်"
ကြည့်ရသည်မှာ မသန်စွမ်းဖြစ်နေသော ပညာရှိတစ်ဦး ဖြစ်သော်လည်း၊ လီချန်ကျုံးနှင့် အခြားသူများမှာ သူ့ကို မြင်သည်နှင့် ရိုရိုသေသေ ဂါရဝပြုကြသည်။
"စတုတ္ထအစ်ကို"
ဆွန်ပုချီ၏ မျက်လုံးများ တောက်ပသွားပြီး အရှေ့သို့ ပြေးထွက်သွားသည်။ "အစ်ကို... အစ်ကိုက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"
ဖန်ချင်းယွမ် က ပြုံးလိုက်သည် "ဒါပေါ့... မင်းနဲ့ သခင်မလေးကို အိမ်
ပြန်ခေါ်ဖို့ လာတာလေ"
"ကျွန်တော့်ဖခင်ရော"
ဆွန်ပုချီက ဟိုဟိုဒီဒီ ကြည့်လိုက်သည် "သူ လိုက်မလာဘူးလား"
"လာတယ်၊ ပြီးတော့ ပြန်သွားပြီ"
ဖန်ချင်းယွမ်က အေးအေးဆေးဆေးပင် ပြောသည် "သူက အရမ်းအလုပ်များတယ် ဒါပေမဲ့ ဒီတစ်ခါတော့ မင်းကို သူ အမြင်သစ်နဲ့ ကြည့်သွားတယ်နော်"
"ဖခင်က ကျွန်တော် ရန်သူတွေကို သတ်တာ မြင်သွားတာလား"
ဆွန်ပုချီက စိတ်လှုပ်ရှားစွာ မေးသည်"အဖေက ကျွန်တော့်အကြောင်း ဘာပြောလဲ"
ဖန်ချင်းယွမ်က ရယ်မောရင်း ပြောသည် "သခင်ကြီးက ပြောတယ်... မင်းက ဘာမှ သိပ်ဖြစ်ဖြစ်မြောက်မြောက် မရှိပေမဲ့ သွေးပူတတ်တဲ့ အကျင့်လေးတော့ ရှိသေးသားပဲတဲ့"
"ဒါပဲလား" ဆွန်ပုချီ စိတ်ပျက်သွားသည်။ ၎င်းမှာ ချီးကျူးစကား မဟုတ်
မှန်း သူသိသည် အဓိပ္ပာယ်မှာ ဘာမှ သိပ်မစွမ်းသေးဘူးဟု ပြောခြင်းပင်။
"ဗိုလ်ချုပ်ဖန်..."
လီချန်ကျုံးက နားမလည်နိုင်သလို မေးသည်"ဗိုလ်ချုပ်က သူတို့ကို ခေါ်သွားမယ်လို့ ပြောတာလား ဒါက စည်းကမ်းနဲ့ မညီဘူး မဟုတ်လား"
"ငါ လွန်ခဲ့တဲ့ ခုနစ်ရက်ကတည်းက တောင်းဆိုလွှာ ရေးထားတာ ဒီနေ့မှ အကြောင်းပြန်စာ ရတာ ချန်ကျုံး... ဒါကို ကြည့်လိုက်ဦး"
ဖန်ချင်းယွမ်က ပြောင်းရွှေ့မိန့် တစ်ခုကို ထုတ်ပြလိုက်သည် "ဒီနေ့ကစပြီး ဒီလူတွေအားလုံးဟာ 'တပ်စခန်းရှစ်ခု' ရဲ့ အဖွဲ့ဝင်တွေ ဖြစ်သွားပြီလောလောဆယ် ငါ့ရဲ့ 'နဂါးပြာစခန်း' အောက်မှာ တာဝန်ထမ်းဆောင်ရမယ်၊ ကျန်တာကိုတော့ နောက်မှ စီစဉ်မယ်"
တပ်စခန်းရှစ်ခု၊ နဂါးပြာစခန်း
ဖန်းယုံ ၊ ကျောက်ကန်နှင့် အခြားသူများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။ သူတို့က ချန်ဆန်းရှီရဲ့ လက်အောက်မှာပဲ ဆက်နေခွင့်ရဖို့ မျှော်လင့်နေတာကို အခုတော့ 'တပ်စခန်းရှစ်ခု' ထဲကို တိုက်ရိုက် ရောက်သွားပြီတဲ့လား။
တပ်စခန်းရှစ်ခုမှာဆိုရင် ဝေယျာဝစ္စ လုပ်တဲ့သူတွေတောင် သာမန် ဆေးဝါးကောင်းတွေကို လုံလောက်အောင် ရနိုင်တယ်လို့ အားလုံး ကြားဖူးကြသည်။ ဒါက သူတို့အတွက် ကံကောင်းခြင်း လက်ဆောင်ကြီးပင် မဟုတ်ပါလား။
"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်"
ချန်ဆန်းရှီက ရိုးရိုးသားသားပင် လက်သီးစုပ်ကာ ဂါရဝပြုလိုက်သည် "ဒီကျေးဇူးကို ကျွန်တော် မှတ်ထားပါ့မယ်"
ဤလူသည် လွန်ခဲ့သော ခုနစ်ရက်ကတည်းက တောင်းဆိုလွှာ ရေးထားသည်ဆိုကတည်းက မြစ်ကို ဖြတ်ကျော်လာသည့် နေ့ကတည်းက သူတို့ကို ကူညီရန် အသင့်ဖြစ်နေခြင်းပင်။
"အားနာမနေပါနဲ့ ညီလေးရာ"
ဖန်ချင်းယွမ်ကလည်း နွေးထွေးစွာ ပြန်လည် ဂါရဝပြုသည် "ငါ့မျိုးရိုးက ဖန်၊ နာမည်က ချင်းယွမ် မင်း အဆင်ပြေရင် ငါ့ကို အစ်ကိုလို့ပဲ ခေါ်ပါ"
ချန်ဆန်းရှီက ချက်ချင်းပင် "ကျေးဇူးတင်ပါတယ် အစ်ကိုဖန်" ဟု ပြောလိုက်သည်။
"ဒါဆို အစ်ကိုက 'ဖီးနစ်'ပေါ့လေ"
အဝေးကနေ ရွီဝမ်ချိုင် က စိတ်လှုပ်ရှားစွာ ပြေးလာပြီး ဦးညွှတ်လိုက်သည်။ "ကျွန်တော့်မျိုးရိုးက ရွီ၊ နာမည်က ဝမ်ချိုင်၊ ဘွဲ့နာမည်က 'ဝူလုံ' ပါ။ အစ်ကို့ရဲ့ နာမည်ကျော်ကြားမှုကို ကြားဖူးတာ ကြာပါပြီ"
"?"
အားလုံးရဲ့ ခေါင်းပေါ်မှာ မေးခွန်းသင်္ကေတတွေ ပေါ်လာသည်။
"ဒီလူကတော့ တကယ်ကို မျက်နှာပြောင်တာပဲ" ရွီဘင် က မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။
"ကိုယ့်ဘာသာကိုယ် ပေးထားတဲ့ ဘွဲ့နာမည်က တခြားသူတွေက လေးစားလို့ ခေါ်တဲ့ နာမည်နဲ့ တူနိုင်ပါ့မလား"
လျူချင်ကွေ့က အတင်းအော်ပြောသည် "အဘိုးကြီး... ပြန်လာခဲ့စမ်း၊ ငါတို့ မျက်နှာပျက်အောင် မလုပ်နဲ့"
သူတို့ လျန်ကျိုးကို အတူတူ သွားခွင့်ရတာ အနိုင်နိုင်မို့၊ ဒီပညာတတ်အဘိုးကြီးက ဗိုလ်ချုပ်ဖန်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိမှာကို သူတို့ ကြောက်နေကြသည်။
"အို"
ဖန်ချင်းယွမ်က သူ့ထက် ဆယ်နှစ်ခန့် ကြီးသော အဘိုးကြီးကို ကြည့်ကာ စိတ်မဆိုးသည့်အပြင် စိတ်ဝင်တစားပင် ဖြစ်သွားသည် "မင်းက 'ဝူလုံ'၊ ငါက 'ဖီးနစ်' ဆိုတော့ ငါတို့ ဒီမှာ ဆုံတာက တကယ့် ကံကြမ္မာပဲပေါ့"
"သခင်ကြီးဖန်" ရွီဝမ်ချိုင်က ရှားရှားပါးပါး တည်တည်တံ့တံ့ ပြောသည်။ "အမှန်အတိုင်း ပြောရရင် ကျွန်တော်က 'ဝူလုံ' လို့ အမည်ခံထားပေမဲ့ ကျွန်တော့်ရဲ့ အရည်အချင်းက နည်းပါးပါသေးတယ် အစ်ကိုဖန်ဆီကနေ သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်"
"ကောင်းပြီလေ"
ဖန်ချင်းယွမ်က သဘောကျစွာ ပြောသည် "ခရီးထွက်တဲ့အခါ ငါ့ရထားလုံးပေါ်မှာ အတူတူ လိုက်ခဲ့ပါ ငါကတောင် မင်းဆီက အကြံဉာဏ်တွေ ပြန်
တောင်းရဦးမှာလား မသိဘူး ချန်... အားလုံး စုံပြီလား"
"တစ်ယောက် လိုသေးတယ်ဗျ" ချန်ဆန်းရှီက လူအုပ်အဆုံးကို လှမ်းကြည့်လိုက်သည်။
"ခြောက်လေး... ခြောက်လေး... ပုန်းမနေနဲ့တော့" ဖန်ချင်းယွမ်က ခေါင်းယမ်းလိုက်သည် "ထွက်လာခဲ့တော့"
ဝမ်ကျိီသည် ဒဏ်ရာက သိပ်မသက်သာသေးသော်လည်း ခေါင်းငိုက်စိုက်
ဖြင့် ထွက်လာသည် "ကျွန်တော်... ကျွန်တော်ရော လိုက်လို့ ရလား"
"ဘာလို့ မရရမှာလဲ"
ဖန်ချင်းယွမ်က ပြန်မေးသည် "ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေကြားက မင်း ဘာလို့ အသက်ရှင်နေတယ်လို့ ထင်လဲ"
"ဆရာ့ကြောင့်လား"
ဝမ်ကျိီ ခန္ဓာကိုယ် တုန်ရီသွားပြီး ဒူးထောက်မတတ် ဖြစ်သွားသည်"ဆရာက ကျွန်တော့်ကို စိတ်မဆိုးတော့ဘူးလား"
"စိတ်ဆိုးတာကတော့ ဆိုးနေတုန်းပဲ 'သစ္စာတရား' တစ်ခုတည်းအတွက်နဲ့ လိပ်နက်စခန်းတစ်ခုလုံးကို မြို့သိမ်းတိုက်ပွဲမှာ အသုံးချခဲ့ပြီး မလိုအပ်ဘဲ အသေအပျောက် များအောင် လုပ်ခဲ့တာကိုး" ဖန်ချင်းယွမ် သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ မင်းကို အဆက်အသွယ် ဖြတ်လိုက်မယ်လို့တော့ မဆိုလိုပါဘူးလောလောဆယ် ညီလေး ဆန်းရှီနောက်ကို လိုက်သွားပါဆရာကြီး စိတ်
ကြည်တဲ့အချိန်ကျရင် ငါ မင်းအတွက် တောင်းပန်ပေးပါ့မယ်"
"စတုတ္ထအစ်ကို... အစ်ကို့ခြေထောက်က..." ဝမ်ကျိီက ပညာရှိဝတ်စုံနှင့် လူ၏ ခြေထောက်ကို ကြည့်ကာ စိတ်မကောင်းဖြစ်နေသည်။
"လုံချင်၅၇ ခုနှစ်တုန်းက အစ်ကို ဘယ်ရောက်နေတာလဲ တစ်နှစ်လုံး အစ်ကို့ကို မတွေ့ရဘူး အားလုံးက အစ်ကို 'စစ်နတ်ဘုရား' အဆင့်ကို တက်တော့မယ်လို့ ပြောနေကြတာ အခု ဘာလို့ ဒီလို ဖြစ်သွားရတာလဲ"
"အတိတ်က အကြောင်းတွေကို မပြောပါနဲ့တော့" ဖန်ချင်းယွမ်၏ အပြုံးတွင် ခါးသီးမှု အနည်းငယ် ပါဝင်နေသည်။
"အားလုံး စုံပြီဆိုရင် စတင်လိုက်ကြရအောင်"
"ထွက်ခွာမယ်—" လီချန်ကျုံးက လက်ဝေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
လူတစ်ထောင်နီးပါး ပါဝင်သော စစ်ကြောင်းကြီးမှာ ခန့်ညားစွာ ထွက်ခွာလာခဲ့သည်။ လီချန်ကျုံးတို့က 'တပ်စခန်းရှစ်ခု' မှ ဖြစ်ပြီး တပ်စခန်းရှစ်ခုရဲ့ အလံကို လွှင့်ထူထားသဖြင့် အနောက်မြောက် ပြည်နယ်သုံးခုအတွင်း မည်သူမျှ မနှောင့်ယှက်ဝံ့ဘဲ ခရီးမှာ ချောမွေ့နေသည်။
ချန်ဆန်းရှီက ရထားလုံးပေါ် မစီးပေ။ ရွီဘင်ရဲ့ ဇနီးက မွေးဖွားပြီးခါစ ဖြစ်သဖြင့် အားနည်းနေသေးသောကြောင့် အမလန်နှင့်အတူ ရထားလုံးပေါ်တွင် ထားလိုက်သည်။
ရွီဘင်ရဲ့ သမီးလေးက တကယ့်ကို ချစ်စရာလေးရွီဝမ်ချိုင် ပေးထားတဲ့ နာမည်က "ရွီယွီဟွမ်" တဲ့... နာမည်က တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲ...
ထို့အပြင် ကျေးဇူးတင်သောအားဖြင့် ရွီဘင်က ချန်ဆန်းရှီကို သူ၏သမီးလေးအတွက် 'ခေါင်းကိုင်ဖခင်' အဖြစ် သတ်မှတ်ပေးရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။
"ရွီဘင်... မင်းကတော့ ဝမ်ဝတုတ်ထက်တောင် မျက်နှာပြောင်သေးတယ်" ကျောက်ကန်က ဆဲဆိုလိုက်သည် "ဒါက ကျေးဇူးတင်တာ မဟုတ်ဘူး၊ အခွင့်အရေး ယူတာပဲ အရှင်ချန်က နောင်ကျရင် ဗိုလ်ချုပ်ကြီး ဖြစ်လာမှာ၊ အဲဒီကျရင် မင်းသမီးလေးက ဘယ်လောက် အခွင့်အရေး သာသွားမလဲ တွေးကြည့်စမ်း"
"ဒါပေါ့" ပတ်တီးတွေ ပတ်ထားရတဲ့ ရှုံ့ချူအန်းကလည်း ဝင်ပြောသည်။ "တကယ် မျက်နှာပြောင်တာပဲ၊ ဝမ်ကျိီရဲ့ တပည့်ပီသပါပေတယ်"
ဝမ်ကျိီက ဒေါသတကြီး ပြန်ပြောသည် "တောက်... ငါ့ကို ဘာလို့ ဆွဲထည့်နေတာလဲ"
ရွီဘင်ကတော့ ရှက်လွန်းလို့ မျက်နှာကြီး နီမြန်းနေသည်။
"ရပါတယ် အစ်ကိုဘင်ရာ" ချန်ဆန်းရှီက လွယ်လွယ်ကူကူပင် သဘောတူလိုက်သည် "ယွီဟွမ်လေးအတွက် ကျွန်တော် ဦးလေးတစ်ယောက်အဖြစ် နေပေးပါ့မယ်"
"ဒါက..." ရွီဘင်က အားနာသွားပြီး "အရှင်... ထားလိုက်ပါတော့" ဟု ဆိုသည်။
"ငါက သဘောတူပြီးမှ မင်းက ထားလိုက်ပါတော့ ဆိုတော့... ငါ့ကို နောက်နေတာလား" ချန်ဆန်းရှီက ဟာသလုပ်လိုက်သည်။
"ဒါဆိုရင်တော့ ဆုံးဖြတ်ပြီးပြီပေါ့ အခု ငါ့မှာ သမီးတစ်ယောက် ရပြီ"
"ကောင်းပြီ... ကောင်းပြီ" ရွီဘင်က ပြုံးဖြဲဖြဲဖြင့် "ယွီဟွမ်လေး စကားစပြောတတ်ရင် ငါ့ကို အရင်မခေါ်ခိုင်းဘဲ 'ဘိုးဘိုးချန်' လို့ အရင်ခေါ်ခိုင်းမယ် ဦးလေးချန်သာ မရှိရင် သူနဲ့ သူ့အမေက လူအုပ်ကြားမှာ သေနေတာ ကြာပြီ"
ဒီလိုနဲ့ ချန်ဆန်းရှီမှာ တူမ (သမီး) တစ်ယောက် ရသွားတော့သည်။ ကျန်တဲ့လူတွေကတော့ မနာလိုဖြစ်နေကြသည် ဖန်းယုံက အော်ပြောသည်။
"အရှင်ချန်... ကျွန်တော့်မှာလည်း သမီးရှိတယ်ဗျ"
"သွားစမ်းပါ ဖန်းယုံရာ... မင်းသမီးက အသက်ကြီးနေပြီ၊ အရှင်ချန်ရဲ့ မယားငယ် လုပ်ဖို့ပဲ တန်တယ်"
"သွားစမ်း... ဟားဟားဟား—"
အားလုံး ပျော်ပျော်ပါးပါး နောက်ပြောင်ရင်း ခရီးဆက်ခဲ့ကြသည်။ ထိုရက်များအတွင်း ရွီဝမ်ချိုင်သည် နေ့တိုင်း ဖန်ချင်းယွမ်၏ ရထားလုံးဆီသို့ သွားကာ ပညာရပ်များ ဆွေးနွေးလေ့ရှိသည်။
၎င်းမှာ ကောင်းသော လက္ခဏာပင်။ ရွီဝမ်ချိုင်က အရည်အချင်းရှိသော်လည်း နောက်ခံမရှိသဖြင့် ဗဟုသုတ နည်းနေသေးသည်။ အခုလို 'တပ်စခန်းရှစ်ခု' ရဲ့ ဗိုလ်ချုပ်တစ်ဦးဆီက သင်ယူခွင့်ရတာက သူ့အတွက် အများကြီး တိုးတက်စေမှာ ဖြစ်သည်။
အစ်ကိုဖန်က တကယ်ကို မောက်မာမှု မရှိသူပင်။ ဆွန်လီနဲ့ ဆွန်ပုချီတို့လိုပဲ ဘုရင်ခံဆွန် သင်ကြားပေးထားတဲ့သူတွေက တော်တော်လေး စိတ်ထားကောင်းကြသည်။
"ဝမ်ကျိီ..." ချန်ဆန်းရှီက အနားကပ်မေးလိုက်သည်။
"ခင်ဗျား ခုနက ပြောတော့ အစ်ကိုဖန်က အရင်က 'စစ်နတ်ဘုရား' အဆင့်ကို တက်တော့မယ့်သူ ဟုတ်လား"
"ဟုတ်တယ်" ဝမ်ကျိ ခေါင်းညိတ်သည်။
"သူက ငါတို့ ညီအစ်ကိုတွေထဲမှာ စစ်နတ်ဘုရားအဆင့်ကို အရင်ဆုံး ထိတွေ့နိုင်ခဲ့တဲ့သူပဲ။ ဒါပေမဲ့ လုံချင် ၅၇ ခုနှစ်မှာ နန်ရွှီနိုင်ငံကို ကျူးကျော်တုန်းက သူ ပျောက်သွားခဲ့တယ် သူ ပြန်လာတော့ ဒီလို ဖြစ်နေပြီတကယ် နှမြောဖို့ ကောင်းပါတယ်"
"အခု တပ်စခန်းရှစ်ခုမှာ အစ်ကိုကြီး တစ်ယောက်ပဲ စစ်နတ်ဘုရားဖြစ်
သေးတာလား"
ချန်ဆန်းရှီက မေးသည် "ဒီလောကမှာ စစ်နတ်ဘုရားဘယ်နှစ်ယောက်
လောက် ရှိလဲ"
"လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းကတော့ သိပ်မရှိဘူး၊ ၃ ယောက်ကနေ ၅ ယောက်လောက်ပဲ ရှိတာ" ဝမ်ကျိီက သေသေချာချာ ရေတွက်ရင်း ဖြေသည်။
"ဒါပေမဲ့ ငါ တပ်စခန်းရှစ်ခုက ထွက်လာပြီးနောက်မှာတော့
စစ်နတ်ဘုးအဆင့်တွေ အများကြီး ပေါ်လာတယ်လို့ ကြားတယ်အခုဆိုရင် နန်းတော်တင်မကဘဲ ဂိုဏ်းကြီးတွေမှာပါဆိုရင် စစ်နတ်ဘုရားအဆင့်တွေဒါဇင်ချီ ရှိနေပြီ"
"ဒါပေမဲ့ စစ်နတ်ဘုရားအဆင့်ထက် မြင့်တဲ့သူတွေကတော့ အနည်းစုပဲ ရှိပါသေးတယ် ငါ့ဆရာကတော့ အစွမ်းထက်ဆုံး ဆိုတာ သေချာတယ်"
"အဲဒီလောက်တောင် များသွားတာလား"
ချန်ဆန်းရှီအနေနဲ့ ထိုအဆင့်ကို မမှီသေးသော်လည်း တစ်ခုခုတော့ ထူးခြားနေပြီဆိုတာ သူ သိလိုက်သည်။
လုံချင် ၅၇ ခုနှစ်။
ဖန်ချင်းယွမ် ဒဏ်ရာရခဲ့သည်။ ထိုနှစ်မှာပင် ဘုရင်ခံဆွန်က စစ်နတ်ဘုရားအဆင့်ကို ကျော်လွန်သွားခဲ့သည်။ တစ်လောကလုံးမှာလည်း စစ်နတ်ဘုရားအဆင့်တွေ ပေါများလာခဲ့သည်။
ထိုနှစ်တွင် လိပ်နက်စခန်းပျက်စီးသွားတာတင်မကဘဲ အခြား ကြီးမားတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပေလိမ့်မည်။