← Chapters

လျန်ကျိုး ကို ရောက်တော့မယ်ဟေ့"

Vol. 11 Ch. 119

လျန်ကျိုး ကို ရောက်တော့မယ်ဟေ့"

Vol. 11 Ch. 119

မြင်းစီးလာသော လီချန်ကျုံး က သတင်းစကားပါးလိုက်သည်။

"နောက်ဆုံးတစ်ဖြတ်ပဲ ကျန်တော့တယ်၊ အားလုံး နားလို့ရတော့မယ်"

"နောက်ဆုံးတော့ ရောက်တော့မှာပဲ"

ချန်ဆန်းရှီသည် မြင်းလည်ဆံမွေးပေါ် မှီအိပ်ရင်း ပျင်းရိစွာဖြင့် စာအုပ်တစ်အုပ်ကို လှန်လှောဖတ်ရှုနေသည်။ သူကိုယ်တိုင်ကတော့ မပင်ပန်းသော်လည်း ပြဿနာမှာ ခရီးဆက်နေရသဖြင့် ကျင့်စဉ်လေ့ကျင့်ရန် အချိန်မရခြင်းပင် ၎င်းက သူ့ကို စိတ်မရှည်ဖြစ်စေသည်။

[ကျင့်ကြံမှု့ - တသားထည်းဖြစ်ခြင်း လှံသိုင်း (ကျွမ်းကျင်အဆင့်)]

[တိုးတက်မှု့ - 168/1000]

အချိန်အတော်ကြာခဲ့သော်လည်း 'ဗိုင်ဟူမြင်း' ၏ မြန်နှုန်းကို အသုံးချကာ ရှေ့နောက်ကင်းလှည့်ရင်း လေ့ကျင့်ခဲ့သည့်တိုင် တိုးတက်မှုက အနည်းငယ်သာ ရှိသေးသည်။ ဝိညာဉ်အစေ့သာ မရှိပါက ပို၍ပင် နှေးကွေးနေပေလိမ့်မည်။

ချန်ဆန်းရှီ ဖတ်နေသော စာအုပ်မှာ ဖန်ချင်းယွမ်ထံမှ ရရှိထားသည့် "လောကအောက်ရှိ ဂိုဏ်းကြီးများမှတ်တမ်း" ဖြစ်သည်။ ၎င်းမှာ လူထုကြားတွင် ပိတ်ပင်ထားသော စာအုပ်တစ်အုပ်ဖြစ်ပြီး နယ်မြေအသီးသီးရှိ အင်အားကြီး ဂိုဏ်းဂဏများအကြောင်း ပါရှိသည်။

ပိုယန်ခရိုင်လေးတစ်ခုမှာပင် သိုင်းပညာခန်းမလေးကျောင်းရှိလျှင် ပိုမိုကျယ်ပြန့်သော နယ်မြေများတွင်မူ ထို့ထက်ကြီးမားသော အဖွဲ့အစည်းများ ရှိနေသည်မှာ ဓမ္မတာပင်။ ၎င်းတို့ကို 'သိုင်းပညာခန်းမ' ဟု မခေါ်ဘဲ 'ဂိုဏ်း' ဟု ခေါ်ဝေါ်ကြသည်။

ချန်ဆန်းရှီမြင်တွေ့ရသလောက်၊ ဤကမ္ဘာတွင် ဂိုဏ်းများသည် ကျင့်စဉ်မရှိသော ကမ္ဘာမှ ဩဇာကြီးမျိုးနွယ်စုကြီးများ၏ နေရာတွင် အစားထိုးဝင်ရောက်နေသည့် အင်အားစုကြီးများ ဖြစ်နေကြသည်။ ထို့အပြင် ဤမှတ်တမ်းပါ သမိုင်းကြောင်းမှာ 'ဒါရှန်သမိုင်း' ထဲကနှင့် အတော်လေး ကွဲပြားနေသည်။

သမိုင်းတွင် ဧကရာဇ်ကြီး 'ချောင်ရှဲ့'သည် အလွန်အစွမ်းထက်ပြီး သူတစ်ယောက်တည်းဖြင့် တိုင်းပြည်တည်ထောင်ခဲ့သည့်နှယ် ဖော်ပြထားသော်လည်း၊ ဤမှတ်တမ်းတွင်မူ ဂိုဏ်းကြီး ၃၆ ဂိုဏ်း၏ အထောက်အပံ့ဖြင့်သာ နယ်မြေများကို စုစည်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ခန့်က အချို့ဂိုဏ်းများသည် နယ်စားများကဲ့သို့ ကိုယ်ပိုင်နယ်မြေများကိုပင် ပိုင်ဆိုင်ခဲ့ကြသည်။

သို့သော် ဧကရာဇ် 'ချောင်ရှဲ့' က ရက်စက်ပြီး ကျေးဇူးကန်းခဲ့သည်။ နန်းတက်ပြီး ငါးနှစ်မပြည့်မီမှာပင် 'ကျန်းဟု' လောကကို နှိမ်နင်းခဲ့ပြီး ဂိုဏ်းကြီးများကို အင်အားချည့်နဲ့စေကာ တပည့်အရေအတွက်နှင့် ကျင့်စဉ်

အဆင့်များကို ကန့်သတ်ပစ်ခဲ့သည်။ 'ယွမ်အန်း' ခေတ်ရောက်မှသာ အခြေအနေမှာ ပြန်လည်သက်သာလာပြီး စစ်ပွဲများတွင် ဂိုဏ်းသားများကို အသုံးပြုလာရသဖြင့် ဂိုဏ်းများသည် အဆင့်အတန်းတစ်ခုကို ပြန်လည်ရရှိလာခဲ့ခြင်း ဖြစ်သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ လျန်ကျိုးတွင် 'စစ်နတ်ဘုရား'ပိုင်ဆိုင်ထားသော ဂိုဏ်းကြီး နှစ်ဂိုဏ်းရှိသည်။ ၎င်းတို့မှာ ထျန်းထုံဓားဂိုဏ်း နှင့် လကွဲတောင်ကုန်းအိမ်တော် တို့ ဖြစ်ကြသည်။

ထိုဂိုဏ်းများအပြင် ချန်ဆန်းရှီကို စိတ်ဝင်စားစေသော လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းတစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ 'မသေမျိုးရှာဖွေရေးမျှော်စင်' ဖြစ်သည်။ ဤအဖွဲ့အစည်းမှာ ထောင်စုနှစ်ချီ သက်တမ်းရှိသော်လည်း လောကီရေးရာများတွင် လုံးဝပါဝင်ပတ်သက်ခြင်း မရှိဘဲ 'မသေမျိုးဖြစ်ရန်' လမ်းစကိုသာ တစ်စိုက်မတ်မတ် ရှာဖွေနေကြသူများ ဖြစ်သည်။

နောက်တစ်ခုမှာ 'မိစ္စာဂိုဏ်း' ဖြစ်သည်။ သူတို့၏ မိစ္စာဘုရားမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက မသေမျိုးအဆင့်သို့ တက်လှမ်းသွားပြီဟု ယုံကြည်ကြပြီး၊ သူတို့၏ ရည်မှန်းချက်မှာလည်း မသေမျိုးလောကသို့ သွားရာလမ်းကို ရှာဖွေရန် ဖြစ်သည်။ သူတို့က ယူဝမ်မိသားစုကို ထောက်ပံ့နေခြင်းမှာလည်း အလယ်ပိုင်းဒေသရှိ မြေကောင်းရေကောင်းများနှင့် ပါရမီရှင်များကို အသုံးချကာ မသေမျိုးလမ်းစကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်ရန်အတွက်သာ ဖြစ်သည်။

ကြည့်ရသည်မှာ အထက်တန်းလွှာများအားလုံးက 'မသေမျိုးကျင့်စဉ်' ကို လေ့ကျင့်နေကြပြီး၊ ချန်ဆန်းရှီကမူ 'သိုင်းပညာ' ကိုသာ လေ့ကျင့်နေရသေးသည် သူတို့ကြားက ကွာဟချက်မှာ 'မိုးနဲ့မြေ' လိုပင်။

ဘုရင်ခံအိမ်တော်သို့ လာခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ပင်။ ယခုခေတ်တွင် စစ်နတ်ဘုရားအဆင့်တွေ ပေါများလာသော်လည်း စစ်နတ်ဘုရားအထက် အဆင့်မှာမူ 'နဂါးမျက်တောင်' လိုပင် ရှားပါးလှသည်။ ဘုရင်ခံအိမ်တော်သို့ ဝင်ခြင်းဖြင့် ထိုအဆင့်ကို တက်လှမ်းနိုင်ရန် လမ်းစရနိုင်ပေလိမ့်မည်။

ဧကရာဇ်၏ လက်အောက်တွင်မူ မျှော်လင့်ချက်မရှိပေ။ မျိုးရိုးနာမည်က 'ချောင်' မဟုတ်သရွေ့ အစွမ်းကုန် တိုးတက်ခွင့် ရမည်မဟုတ်။ ဆွန်ရှန်ကျုံး ကိုပင် သံသယဝင်နေသော ဧကရာဇ်က နောက်ထပ် 'ချန်ဆန်းရှီ' တစ်ယောက်ကို မွေးထုတ်ပေးမည် မဟုတ်သည်မှာ သေချာသည်။

ထို့အပြင် ဂိုဏ်းမှတ်တမ်းထဲတွင် ထူးခြားသော သိုင်းခန္ဓာကိုယ်တစ်ခုအကြောင်း ဖော်ပြထားသည်။ ၎င်းမှာ 'ပြောင်းလဲခြင်း လျှို့ဝှက်ခန္ဓာ'

ဖြစ်သည်။ ထိုခန္ဓာကိုယ်ပိုင်ရှင်များသည် ကျင့်စဉ်မလေ့ကျင့်မီတွင် သာမန်လူနှင့် မခြားနားသော်လည်း၊ ကျင့်စဉ်တစ်ခုကို စတင်လေ့ကျင့်သည်နှင့် ထိုကျင့်စဉ်နှင့် အကိုက်ညီဆုံးဖြစ်အောင် ခန္ဓာကိုယ်က အလိုအလျောက် ပြောင်းလဲသွားတတ်သည်။ အရင်းအမြစ်သာ လုံလောက်လျှင် ထိုသူတို့မှာ သေချာပေါက် 'စစ်နတ်ဘုရား' ဖြစ်လာကြမည်ဖြစ်သည်။ ထိုခန္ဓာကိုယ်မျိုးကို 'ပင်ကိုဗီဇ သိုင်းသူတော်စင်ခန္ဓာ' ဟုလည်း ခေါ်ကြသည်။

"ငါက အဲဒီခန္ဓာကိုယ်ပိုင်ရှင်များလား"

ချန်ဆန်းရှီဒါကိုဖတ်ပြီး စိတ်လှုပ်ရှားသွားသည်။ သူ စစ်နတ်ဘုရားဖြစ်လာမည်ကို သူကိုယ်တိုင်လည်း မသံသယရှိပေ၊ စနစ်မျက်မှာပြင်နှင့် ဝိညဥ်စပါးရှိနေသရွေ့ အချိန်တစ်ခုသာ လိုအပ်သည်။ သို့သော် သူ၏ စနစ်ကပေးသော ပြောင်းလဲမှုများသည် အကြောင်းမဲ့မဟုတ်ဘဲ ဤကဲ့သို့သော ခန္ဓာကိုယ်အမျိုးအစားကြောင့် ဖြစ်နိုင်သည်ဟု သူ တွေးမိသွားသည်။

[စွမ်းရည် - စာဖတ်ခြင်း (အသေးစားအောင်မြင်မှု)]

[တိုးတက်မှု့ - 496/800]

သူ စာအုပ်ကို ပိတ်လိုက်ပြီး ရှေ့သို့ ကြည့်လိုက်သည်။ မိုးကုတ်စက်ဝိုင်းတွင် မြို့တစ်မြို့ ပေါ်လာသည် ထိုမြို့မှာ ပိုယန်ခရိုင်ထက်ပင် သေးငယ်ပြီး မြို့တံခါးဝတွင် "တုံယိမြို့" ဟု ရေးထိုးထားသည်။ ထိုနေရာမှာ လျန်ကျိုးမြို့နှင့် ၁၀ မိုင်ခန့်သာ ဝေးသော်လည်း စစ်တပ်များဖြင့် ဝိုင်းရံထားခြင်း ခံနေရသည်။ စစ်အလံပေါ်တွင် 'လိပ်နက်စခန်း' ၏ အမှတ်အသားကို မြင်နေရသည်။

ဝမ်ကျိီမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။

ချန်ဆန်းရှီက မေးသည် "သူတို့က ဘာလို့ ဒီနေရာကို ဝိုင်းထားတာလဲ"

"သခင်လေးချန် မသိသေးတာလား" လီချန်ကျုံးက အေးအေးဆေးဆေးပင် ပြောပြသည်။

"လူရိူင်းတွေနဲ့ တိုက်ပွဲတုန်းက လူအင်အား လိုအပ်လို့ ဂိုဏ်းတွေက တပည့်တွေကို မြို့ကာကွယ်ဖို့ အကူအညီတောင်းခဲ့တယ်။ ဒါပေမဲ့ ဒီက 'ကျိစူးဂိုဏ်း'က လူရိုင်းတွေနဲ့ တိတ်တိတ်လေး ပူးပေါင်းပြီး လျန်ကျိုးကို သစ္စာဖောက်ဖို့ ကြံစည်ခဲ့တယ်။

ဒါပေမဲ့ သူတို့ ကြံစည်မှုက မအောင်မြင်ခဲ့ဘူး။ ဗိုလ်ချုပ်လုက သူတို့ကို နှိမ်နင်းလိုက်တော့ သူတို့ တပည့် ၁,၅၀၀ လောက်နဲ့ ဒီ 'တုံယိမြို့' ထဲမှာ ပုန်းနေကြတာ။ ဒီမြို့က စစ်သည်တွေ နားခိုတဲ့နေရာဆိုတော့ သာမန်အရပ်သား မရှိဘူး။ စားနပ်ရိက္ခာလည်း အများကြီး မရှိဘူး။ အခု တိုက်ပွဲပြီးပြီဆိုတော့ ငါတို့က သူတို့ကို အလောတကြီး မတိုက်တော့ဘဲ ဝိုင်းရံထားလိုက်တာ။ ငါတို့ ဘုရင်ခံက အကျအဆုံး နည်းနိုင်သမျှ နည်းအောင် အမြဲ စီစဉ်လေ့ရှိတယ်"

ချန်ဆန်းရှီခေါင်းညိတ်လိုက်သည်။ လူတစ်ထောင်ကျော် ပုန်းနေသော မြို့ကို အတင်းဝင်တိုက်လျှင် အကျအဆုံး များပေလိမ့်မည်။ စားနပ်ရိက္ခာ ပြတ်သွားလျှင်တော့ သူတို့မှာ လက်နက်ချခြင်း သို့မဟုတ် ငတ်သေခြင်း နှစ်လမ်းသာ ရှိတော့သည်။

"ညီလေးကို ငါ ကြိုပြီး အရိပ်အမြွက် ပေးထားမယ်"

ဖန်ချင်းယွမ်သည် ဆွန်လီ၏ တွန်းပို့မှုဖြင့် ချန်ဆန်းရှီအနားသို့ ရောက်လာသည် "'ကျိစူးဂိုဏ်း' က လျန်ကျိုးမှာ ဒုတိယတန်းစား ဂိုဏ်းတစ်ခုပဲ ဘုရင်ခံက သူတို့ကို အခုထိ မနှိမ်နင်းသေးတာက 'ရွေးချယ်ပွဲ' မှာ မင်းတို့ကို စမ်းသပ်ဖို့အတွက် အသုံးချဖို့ ဖြစ်နိုင်တယ် ဘယ်လို စမ်းသပ်မလဲဆိုတာတော့ အချိန်ကျရင် သိရမှာပေါ့"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

"ဒါက မေးခွန်းပေါက်ကြားတာ မဟုတ်ပါဘူး၊ လူတော်တော်များများလည်း သိပြီးသားပါ မင်းကို ပြောပြတာက အားလုံးနဲ့ တန်းတူ ဖြစ်သွားအောင်လို့ပါ" ဖန်ချင်းယွမ်က ဖိတ်ခေါ်ဟန်ပြုသည် "ညီလေး... ငါနဲ့ ခဏလောက် သီးသန့် စကားပြောရအောင်လား"

ချန်ဆန်းရှီမြင်းပေါ်က ဆင်းလိုက်ပြီး ဆွန်လီထံမှ ဝှီးချဲကို လွှဲယူကာ လမ်းဘေး တောအုပ်လေးဆီသို့ တွန်းသွားလိုက်သည်။ "အစ်ကိုကြီး ဘာများ လမ်းညွှန်ချင်လို့လဲ"

"ရော့... ဒါကို သိမ်းထားပါ" ဖန်ချင်းယွမ်က အင်္ကျီလက်ထဲမှ ကြွေပုလင်းလေး တစ်လုံးကို ထုတ်ပေးသည်။

"နောက် နှစ်လအတွင်းမှာ မင်း နေလို့မကောင်းဘူးလို့ ခံစားရရင် ဒါကို ရေနဲ့ဖျော်သောက်လိုက်ပါ ဘာမှမဖြစ်ရင်တော့ ဒါကို ဒီအတိုင်းပဲ လွှင့်ပစ်

လိုက်တော့ ဘာမှ မဖြစ်ခဲ့သလိုပဲ နေလိုက်ပါ"

ချန်ဆန်းရှီ ပုလင်းကို ဖွင့်ကြည့်လိုက်ရာ အနက်ရောင် ဆေးမှုန့်များကို တွေ့ရသည်။

[မြစိမ်းသွေး အဆိပ်ဖြေဆေး]

'ဖြေဆေးပဲ'

ဘုရင်ခံဆွန်က ဧကရာဇ်က သူ့ကို အဆိပ်ခတ်ထားမှန်း သိနေပုံရသည်။ သူ့ကို ပုံမှန်အတိုင်း နေထိုင်ခိုင်းခဲ့ခြင်းမှာ ဤဖြေဆေးကို ကြိုတင် ပြင်ဆင်ထားသောကြောင့်ပင်။ သို့သော် ၎င်းကို တိုက်ရိုက်မပြောဘဲ နှစ်လကြာမှ သောက်ရန် ပြောခြင်းမှာ ဧကရာဇ်က သူ့ဘာသာသူ ဖြေဆေးပေးမပေးကို စောင့်ကြည့်ခိုင်းခြင်း ဖြစ်သည်။ ၎င်းမှာ ဧကရာဇ်နှင့် တိုက်ရိုက် ထိပ်တိုက်မတွေ့ချင်သောကြောင့် ဖြစ်နိုင်ပေသည်။

"ကျွန်တော် နားလည်ပါပြီ" ချန်ဆန်းရှီက ဆိုသည်။ သူ ထပ်မမေးတော့ပေ။

"ကောင်းပြီ၊ ဒါဆိုရင် ပြန်သွားကြရအောင်။ လျန်ကျိုးကို ရောက်တော့မယ်" ဖန်ချင်းယွမ်က ညင်သာစွာ ပြောသည်။

၁၀ မိုင်ခန့် ခရီးဆက်ပြီးနောက်...

ဧရာမ မြို့ကြီးတစ်မြို့ကို မြင်တွေ့လိုက်ရသည်။ မြို့ရိုးမှာ ၃၆ ပေခန့် မြင့်ပြီး အလွန်ထူထပ်လှသည်။ မြင်ရုံနှင့်ပင် တောကန္တာရထဲတွင် ဝပ်စင်းနေသော ကျောက်သား သားရဲကြီးတစ်ကောင်နှင့် တူလှသည်။ ၎င်းမှာ မြောက်ပိုင်းဒေသ၏ အခိုင်မာဆုံး ခံတပ်ကြီး ဖြစ်သော လျန်ကျိုးမြို့ ပင် ဖြစ်သည်။

"မြို့တံခါး ဖွင့်စေ—"

စိစစ်ပြီးနောက် လူတစ်ထောင်ကျော်ရှိသော စစ်ကြောင်းမှာ မြို့ထဲသို့ ချောမွေ့စွာ ဝင်ရောက်ခဲ့သည်။ လူရိုင်းမျိုးနွယ်စုများနှင့် နီးကပ်ပြီး စစ်မီးမပြတ်သော ဒေသဖြစ်သော်လည်း မြို့တွင်းရှိ စည်ကားမှုမှာ အားလုံးကို အံ့အားသင့်စေသည်။ ဆိုင်ခန်းများ၊ လမ်းဘေးဈေးသည်များ၊ လူအုပ်ကြီးနှင့် ဆူညံသံများမှာ အသက်ဝင်လှပြီး လူများမှာ အေးချမ်းစွာ နေထိုင်နေကြသည်။

"သခင်လေးချန်... ကျွန်တော့်နောက် လိုက်ခဲ့ပါ" လီချန်ကျုံးက ပြောသည်။ "သခင်လေးနဲ့ ဇနီးသည်အတွက် တည်းခိုဖို့နေရာကို ဗိုလ်ချုပ်ဖန်က စီစဉ်ပေးထားပါတယ်။ နောက်လိုက်တွေကိုလည်း စစ်သည်တွေ နားခိုတဲ့နေရာမှာ သေသေချာချာ စီစဉ်ပေးထားလို့ စိတ်ချပါဗျ"

"ကျေးဇူးတင်ပါတယ်ဗျာ" ချန်ဆန်းရှီတို့ လူစုခွဲလိုက်ကြသည်။

"အား... ခရီးက တကယ်ပဲ ပင်ပန်းဖို့ ကောင်းတယ်၊ နောက်ဆုံးတော့ အိမ်

ပြန်ရောက်ပြီ" ဖန်ချင်းယွမ်က ချောင်းနှစ်ချက် ဆိုးလိုက်သည်။

"ညီမလေး ဆွန်လီ... အစ်ကို့ကို အိမ်အရောက် လိုက်ပို့ပေးပါဦး"

"စတုတ္ထအစ်ကို..."

ဆွန်လီက စိုးရိမ်တကြီး မေးသည် "စောစောက ကျွန်မ ချောင်ဖန် နဲ့ ယင်

ဟန်ဝမ် တို့ကို တွေ့ခဲ့တယ်။ သူတို့တွေက ဘာလို့ မြို့တော်ကနေ လျန်ကျိုးအထိ လာပြီး ရွေးချယ်ပွဲ ဝင်ကြတာလဲအဲဒီလောက်တောင် လိုအပ်လို့လား"

"ဆရာကြီးရဲ့ လက်ထဲမှာရှိတဲ့ ထူးခြားတဲ့ ပညာရပ်တွေကို လိုချင်ကြလို့ပေါ့" ဖန်ချင်းယွမ်က လမ်းဘေးက ဆီးသီးယိုချောင်းလေးတွေ ဝယ်ပြီး ဆွန်မောင်နှမကို တစ်ယောက်တစ်ချောင်း ပေးလိုက်သည်။

"သူတို့တင် မဟုတ်ဘူး၊ အိမ်ရှေ့မင်းသားရဲ့ လူတွေရော၊ ဧကရာဇ် လွှတ်လိုက်တဲ့ လူတွေရော ဒီရွေးချယ်ပွဲမှာ ပါဝင်ကြလိမ့်မယ်။ သူတို့မှာ အရင်းအမြစ်ကောင်းတွေ ရှိသလို၊ အချို့ဆိုရင် 'ဟွာကျင်း'အဆင့်ကိုတောင် ရောက်ခါနီးနေပြီ ဒီနှစ် ရွေးချယ်ပွဲကတော့ အတောက်ပဆုံး ဖြစ်လိမ့်မယ်"

"ဟွာကျင်းအဆင့်ကို ရောက်ခါနီးပြီ ဟုတ်လား" ဆွန်လီ ဆီးသီးယို စားနေရင်း ရပ်သွားသည်။

"မောင်လေး ဆန်းရှီက အခုမှ အတွင်းအားသန့်စင်တဲ့အဆင့်ပဲ ရှိသေးတာလေ၊ သူက သူတို့ကို ယှဉ်နိုင်ပါ့မလား"

"ခဏ ရပ်ပါဦး"

"ဟင်" ဝှီးချဲ ရပ်သွားသောအခါ ဖန်ချင်းယွမ်က လှည့်ကြည့်ပြီး သူ့ညီမကို ဘာမှမပြောဘဲ စိုက်ကြည့်နေသည်။

"စတုတ္ထအစ်ကို... ဘာလို့ ကျွန်မကို အဲဒီလို ကြည့်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး" ဖန်ချင်းယွမ်က ထူးဆန်းသော အပြုံးဖြင့် ပြောသည်။ "မင်းက ညီလေး ချန်ဆန်းရှီနဲ့ တော်တော်လေး ရင်းနှီးနေသလိုပဲ၊ သူ့အတွက် အခုကတည်းက စိုးရိမ်ပေးနေတယ်ဆိုတော့..."

"အစ်ကိုကြီး..." မြို့ထဲရောက်တာနဲ့ အရုပ်တွေ မုန့်တွေ အပြေးအလွှား ဝယ်လာတဲ့ ဆွန်ပုချီက အမှီလိုက်လာရင်း ပြောသည်။ "ချောင်ဖန်တို့က တော်တော် စွမ်းပုံရတယ် အစ်ကိုကြီး ဆန်းရှီကို နည်းနည်းလောက် ကူညီပေးပါဦးလားသူ့အရည်အချင်းက တခြားနှစ်တွေမှာဆိုရင် ပထမတန်းစား တပည့် ဖြစ်မှာ သေချာပေမဲ့ ဒီနှစ်မှာ မပါသွားရင် နှမြောစရာကြီး"

"ဘာလဲ... ငါ့ကို ဘက်လိုက်ခိုင်းတာလား" ဖန်ချင်းယွမ်က ဆွန်ပုချီရဲ့ ခေါင်းကို စာအုပ်ဖြင့် ခေါက်လိုက်သည်။

"ငါ ကူညီချင်ရင်တောင် ဒါက သူ့ကို ကူညီရာမရောက်ဘဲ ဒုက္ခပေးရာ ရောက်လိမ့်မယ် မင်းကိုယ်မင်း ကြည့်ဦး မင်းရဲ့ ဗီဇက သာမန်ပဲဆိုပေမဲ့ ဉာဏ်ရည်က အလွန်ကောင်းတယ် ကြိုးစားရင် ချောင်ဖန်တို့ကို ယှဉ်နိုင်

တယ်ဒါပေမဲ့ မင်း ဘာလို့ အရိုးဖွဲ့စည်းခြင်း အဆင့်မှာပဲ တစ်နေတာလဲဆရာကြီးကိုပဲ အားကိုးနေလို့ မဟုတ်လား

မင်း ငယ်ငယ်က ကျောင်းမှာ ရန်ဖြစ်ရင် 'ငါ့အဖေက စစ်နတ်ဘုရား၊ ငါ့အစ်ကိုကြီးက ဘယ်သူ' ဆိုပြီး လိုက်ခြိမ်းခြောက်တာ ငါ မှတ်မိသေးတယ်။ အထူးသဖြင့် ထန်ရိုရှန် ပဲ၊ သူက မင်းကို အလိုလိုက်ပြီး တခြားသူတွေကို လိုက်ခြိမ်းခြောက်ပေးလွန်းလို့ မင်း ကျင့်စဉ်ကို မကြိုးစားတော့တာ"

"ပျင်းဖို့ကောင်းလိုက်တာ၊ ဘာပြောပြော ကျွန်တော့်အကြောင်းပဲ ဆွဲထည့်နေတော့တာပဲ" ဆွန်ပုချီက ရှောင်ထွက်သွားသည်။

"ဟေ့~" ဖန်ချင်းယွမ် တစ်ခုခုကို သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်

သည်။ "ညီမလေး... ငါ မမှားဘူးဆိုရင် ညီလေး ဆန်းရှီမှာ အိမ်ထောင်ရှိတယ် မဟုတ်လား"

"ဟုတ်တယ်လေ" ဆွန်လီက ဘာမှ မရိပ်မိဘဲ ဖြေသည်။

"လန်လေးက လက်မှုပညာ အရမ်းတော်တာ၊ စိတ်ထားလည်း သိပ်ကောင်းတာပဲ"

"ဒါတော့ ခက်ပြီ... ခက်ပြီ" ဖန်ချင်းယွမ်က သက်ပြင်းချလိုက်သည်။

"ဒါကိုသာ ဆရာကြီး သိသွားရင်တော့ တော်တော်လေး စိတ်တိုဦးမှာပဲ~"

"အစ်ကိုကြီး... စကားကို အဆုံးထိမပြောဘဲ ဘာတွေ ပြောနေတာလဲ"

ဆွန်လီက သူမကိုယ်သူမ ဉာဏ်ကောင်းသည်ဟု ထင်ထားသော်လည်း ယနေ့ သူမအစ်ကို ပြောသော စကားများကိုတော့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။

All Chapters