← Chapters

အခန်း (၁၂၀)

Vol. 11 Ch. 120

အခန်း (၁၂၀)

Vol. 11 Ch. 120

"သခင်လေးချန်... ဒီနေရာပါပဲ" လီချန်ကျုံးက ခန့်ညားထည်ဝါသော အိမ်တော်ကြီးတစ်ခုရှေ့တွင် ရပ်လိုက်ရင်း ပြောသည် "ဗိုလ်ချုပ်ဖန်က ဒီအိမ်ကို ကြိုတင်ပြင်ဆင်ပေးထားသလို အစေခံမိန်းကလေး နှစ်ယောက်လည်း စီစဉ်ပေးထားပါတယ်။ တကယ်လို့ မလုံလောက်ဘူးဆိုရင်တော့ ကိုယ့်ဘာသာကိုယ် ထပ်ဝယ်လို့ရပါတယ်။"

"မိသားစု ဆင်းရဲတဲ့ကလေးတွေကို ပွဲစားကတစ်ဆင့် ဝယ်ယူတာက သူတို့ကို ပြည့်တန်ဆာအိမ်တွေဆီ ရောက်မသွားအောင် ကယ်တင်ရာလည်း ရောက်တာပေါ့၊ ဟုတ်တယ်မလား"

"နောက်တစ်ခု ကြိုပြောထားချင်တာက... ဘုရင်ခံအိမ်တော်ကလူတွေဟာ ကိုယ့်ရဲ့ အစေခံတွေကို အပျော်သဘောနဲ့ သတ်ဖြတ်တာ၊ နှိပ်စက်တာမျိုး လုံးဝ မလုပ်ရဘူး အမှားမလုပ်သရွေ့ပေါ့လေ၊ အမှားလုပ်ရင်တော့ အပြစ်ပေးလို့ ရပါတယ်"

"ကောင်းပါပြီ"

"ကျွန်တော် ပြောစရာရှိတာ အကုန်ပြောပြီးပြီ အခုတော့ သခင်လေးချန် ဒီမှာ အခြေချပြီး ရွေးချယ်ပွဲက အကြောင်းကြားစာကို စောင့်နေလိုက်ပါတော့အင်း... ဧည့်သည်တွေလည်း လာနိုင်တယ်နော်၊ ဘာလို့ဆို ရွေးချယ်ပွဲကို လာကြတဲ့သူတွေက နေရာအသီးသီးက ပါရမီရှင်တွေဆိုတော့ နောင်တစ်ချိန်မှာ ဘုရင်ခံရဲ့ စစ်ဗိုလ်ချုပ်တွေ ဖြစ်လာကြမှာလေ သခင်လေးချန်ပဲ အခြေအနေကြည့်ပြီး ဧည့်ခံလိုက်ပါဦး"

"ကျေးဇူးတင်ပါတယ် နောက်ရက်ကျရင် သောက်ကြတာပေါ့" ချန်ဆန်းရှီက လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။

လီချန်ကျုံးသည် ခက်ခဲသော တာဝန်တစ်ခုကို ထမ်းဆောင်နေရသော်လည်း သူ၏ ရှင်းပြချက်များမှာ အတော်လေး ပြည့်စုံလှသည်။

"အိမ်သစ်ကို ရောက်ပြီပေါ့" ချန်ဆန်းရှီသည် ယခုမှ အိမ်တော်ကြီးကို သေချာကြည့်ခွင့်ရတော့သည်။ ခြံဝင်း သုံးဆင့်၊ အဝင်တံခါး သုံးဆင့်ရှိသော အိမ်တော်ကြီးမှာ အလွန်ခန့်ညားလှသည်။ ပိုယန်ခရိုင်မှာဆိုလျှင် ခရိုင်ဝန်နှင့် သူဌေးကြီးအချို့သာ ဤကဲ့သို့ အိမ်မျိုးကို ပိုင်ဆိုင်နိုင်သည်။

အမှန်အတိုင်းပြောရလျှင် သူက ဤမျှ အိမ်ကြီးကြီးမားမား မလိုပေ။ ကံကောင်းထောက်မစွာ အစေခံနှစ်ယောက် ပါလာ၍သာ၊ မဟုတ်လျှင် အမလန်တစ်ယောက် အိမ်သန့်ရှင်းရေးလုပ်ရင်းနှင့်ပင် အမောဆို့နေပေလိမ့်မည်။

"သခင်လေးနဲ့ သခင်မလေးကို ဂါရဝပြုပါတယ်ရှင်" အပျိုဖော်ဝင်စ မိန်းကလေးနှစ်ဦးက ရှေ့ထွက်ကာ အရိုအသေပေး ကြိုဆိုကြသည်။

ချန်ဆန်းရှီက လက်ကာပြလိုက်ပြီး "အေးအေး... မင်းတို့ သွားနားလို့ရပြီ၊ လိုအပ်ရင် ခေါ်လိုက်မယ်"

"သခင်လေး..." မိန်းကလေးနှစ်ယောက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ကြောက်ကြောက်လန့်လန့်နှင့် ပြောသည်။ "သခင်လေးက ကျွန်မတို့ကို နာမည် မပေးရသေးဘူးလေ"

"နာမည်လား"

ချန်ဆန်းရှီသည် ထိုအခါမှ သတိရသည်။ ကျွန်အဖြစ် ရောင်းစားခံရပြီးနောက် သူတို့တွင် ကိုယ်ပိုင်နာမည် မရှိတော့ပေ။ သူက နာမည်ပေးရာတွင် မတော်သဖြင့် "အမလန်... ပဲ ပေးလိုက်ပါတော့" ဟု လွှဲပေးလိုက်သည်။

"ကောင်းပါပြီ၊ ကျွန်မပဲ ပေးလိုက်မယ်" ဂူရှင်းလန်သည် မိန်းကလေးနှစ်ဦး၏ လက်ကိုဆွဲကာ သူတို့၏ နောက်ခံ၊ အသက်နှင့် ဝါသနာများကို ညင်သာစွာ မေးမြန်းပြီးနောက် တစ်ယောက်ကို "စီချင်" ၊ နောက်တစ်ယောက်ကို "မိုဟွာ" ဟု အမည်ပေးလိုက်သည်။

မိန်းကလေးနှစ်ဦးစလုံးမှာ ငယ်စဉ်ကတည်းက မိဘများက ရောင်းစားခဲ့ကြသူများဖြစ်ပြီး သူဌေးအိမ်များတွင် အစေခံရန် သေသေချာချာ လေ့ကျင့်ပေးခြင်း ခံထားရသူများ ဖြစ်သဖြင့် ဈေးနှုန်းလည်း မြင့်မားကြသည်။

"ငါ့မှာ အိမ်သုံးစရိတ်အတွက် ငွေတစ်ပြားမှ မရှိသေးတာပဲ" ချန်ဆန်းရှီရုတ်တရက် သတိရသွားသည်။ သူ တိုက်ပွဲဝင်ခဲ့သည့် နှစ်လအတွင်း သူ့လက်ထဲတွင် ငွေတစ်ပြားမှ မကျန်တော့ပေ။ ကံကောင်းသည်မှာ သူက ဆဋ္ဌမအဆင့် စစ်ဗိုလ် ရာထူးနှင့် ပဉ္စမအဆင့် မြင်းတပ်မှူး ဘွဲ့တံဆိပ် ရှိနေသဖြင့် လစာ ရဦးမည်ဖြစ်သည်။ ဘယ်မှာ သွားထုတ်ရမလဲဆိုသည်ကိုတော့ နောက်မှ စုံစမ်းရပေလိမ့်မည်။

"သခင်လေး" မိုဟွာသည် ပျာပျာသလဲ ပြေးလာသည်။

"အပြင်မှာ မိန်းမစိုးတစ်ယောက် ရောက်နေတယ်၊ ဧကရာဇ်ရဲ့ အမိန့်တော်ကို နာခံဖို့တဲ့ရှင်၊ လူတွေလည်း အများကြီးပဲ"

"အမိန့်တော်" ချန်ဆန်းရှီ၏ စိတ်ထဲတွင် မကောင်းသော အတိတ်များ ဖျတ်ခနဲ ပေါ်လာသည်။ သို့သော် သူက ဧကရာဇ်နှင့် ရန်ငြိုးမရှိသဖြင့် ကြောက်စရာမလိုဘဲ ဆုလာဘ်တစ်ခုခုသာ ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။ အခြေအနေ မကောင်းလျှင်တောင် သူက အင်အားနည်းနေသေးသဖြင့် အမိန့်တော်ကို နာခံရန်မှတစ်ပါး အခြားမရှိပေ။

"သွားကြစို့" ချန်ဆန်းရှီအိမ်ရှေ့သို့ ထွက်လာခဲ့သည်။

အိမ်ရှေ့တွင် ရထားလုံး ၁၀ စင်းထက်မနည်း တန်းစီနေပြီး ကြည့်ရှုသူ ရာပေါင်းများစွာ ရှိနေသည်။ အရှေ့ဆုံးတွင် မြွေနဂါးဝတ်ရုံ ဝတ်ထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ် ပတ်ထားသော မိန်းမစိုးတစ်ဦး ရှိနေသည်။ သူ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖတ်နေသော်လည်း အသက်ရှူသံမှာ တည်ငြိမ်ပြီး အရှိန်အဟုန် ရှိလှသည်။ ကြည့်ရသည်မှာ သူသည်လည်း သိုင်းကျင့်စဉ် လေ့ကျင့်ထားသူ ဖြစ်ပုံရသည်။

စူးရှသော အသံဖြင့် မိန်းမစိုးက ကြေညာလိုက်သည်။ "ဧကရာဇ်၏ အမိန့်တော် ရောက်ရှိလာပြီ၊ စစ်ဗိုလ် ချန်ဆန်းရှီအမိန့်တော်ကို နာခံစေ"

"ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်" ချန်ဆန်းရှီနှင့် မိသားစုဝင်များ ဒူးထောက်လိုက်ကြသည်။

"ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်က မိန့်ကြားသည်... စစ်ဗိုလ် ချန်ဆန်းရှီသည် ဟုန်ကျီမြစ်ကမ်းတွင် ပြည်သူများကို ဦးဆောင်ကာ မြစ်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်းမှာ ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခတ်စေခဲ့သည်။ ငါကိုယ်တော်သည် ထိုအကြောင်းကို ကြားသိရသောအခါ မျက်ရည်ပင် ကျမိသည်။ ဤကဲ့သို့ သတ္တိရှိပြီး မေတ္တာတရားကြီးမားသော စစ်ဗိုလ်ချုပ်ကို ရရှိခြင်းမှာ ငါကိုယ်တော်အတွက်ရော၊ ဒါရှန်အင်ပါယာအတွက်ပါ ကံကောင်းခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သင့်အား ပဉ္စမအဆင့် 'သူရသတ္တိပြည့်စုံတဲ့ဗိုလ်ချုပ်'အဖြစ် ရာထူးတိုးမြှင့်ပြီး၊ တတိယအဆင့် 'မြင်းတပ်ဗိုလ်မှူးကြီး' ဘွဲ့ကိုပါ ဂုဏ်ထူးဆောင်အဖြစ် အပ်နှင်းသည်။ ထို့အပြင် ရွှေစင် တစ်ထောင်၊ ငွေစင် ငါးသောင်း၊ ပိုးထည် တစ်ထောင်၊

အတွင်းအားသန့်စင်ဆေး ၃၀ နှင့် နန်းတွင်းအရက် တစ်အိုးကို ဆုချီးမြှင့်သည်။ အမိန့်တော်ကို နာခံစေ"

"ကျွန်တော်မျိုး အမိန့်တော်ကို ရိုသေစွာ လက်ခံပြီး ဧကရာဇ်၏ ကျေးဇူးတော်ကို အထူးတင်ရှိပါသည်၊ ဧကရာဇ်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

ချန်ဆန်းရှီသည် စည်းကမ်းတကျပင် ဂါရဝပြုရင်း ကျေးဇူးတင်စကား ပြောလိုက်ရသည်။

"ဒီလူက ဘယ်သူလဲ"

"အိမ်နီးချင်းအသစ်လေ"

"ပြည်သူတွေကို ဦးဆောင်ပြီး မြစ်ကို ဖြတ်ကျော်ခဲ့တဲ့သူလား"

"အဲဒီအကြောင်း ငါကြားဖူးတယ်၊ ယွမ်ကျိုး အကျပ်အတည်းတုန်းက ခရိုင်ငယ်လေးက စစ်ဗိုလ်တစ်ယောက်က လူသောင်းချီကို ကယ်ခဲ့တာတဲ့။ မြစ်ကို ဖြတ်ဖို့အတွက် သူနဲ့ သူ့လူတွေ အသက်တောင် အသေခံခဲ့ကြတာ"

"ပြည်သူတွေအတွက် ဒီလောက်ထိ လုပ်ပေးတဲ့ အရာရှိ ရှိသေးတာပဲလား"

"ဧကရာဇ်မင်းကြီးက တကယ်ကို အမြော်အမြင်ရှိတဲ့ မင်းကောင်းမင်းမြတ်ပဲ"

"ဒါပေါ့... မဟုတ်ရင် ဒီလောက် ဆုတွေ အများကြီး ပေးပါ့မလား။ ရွှေတွေ၊ ငွေတွေ၊ ပိုးထည်တွေဆိုတာ လူအများကြီး တစ်သက်လုံး စားမကုန်ဘူး"

"အသက်ငယ်ငယ်လေးနဲ့ တတိယအဆင့် ဘွဲ့ရတာဆိုတော့ နန်းတွင်းထဲ ဝင်ပြီး ဧကရာဇ်ကိုတောင် ဖူးမြော်လို့ ရနေပြီ"

"ဒီလူကတော့ နောင်ကျရင် ခေါင်းဆောင်ကြီး ဖြစ်မှာ သေချာတယ်"

ဘေးက လူတွေက တီးတိုး ပြောဆိုနေကြသည်။

'တောက်... အဲဒီ ဧကရာဇ်အိုကြီးကတော့ ငါ့ကို အသုံးချသွားပြန်ပြီ'

ချန်ဆန်းရှီ စိတ်ထဲက ကြိတ်မကျိန်ဘဲ မနေနိုင်ပေ။ ဧကရာဇ်ကိုယ်တိုင် ရန်သူနှင့် ပူးပေါင်းပြီး ယွမ်ကျိုးက ပြည်သူတွေကို အစုလိုက်အပြုံလိုက် အသတ်ခံရအောင် လုပ်ခဲ့ပြီးမှ၊ အခုတော့ သူ့ကို ဆုပေးပြီး နာမည်ကောင်း ယူနေခြင်းမှာ အတော်လေး မျက်နှာပြောင်လှသည်။

'ဆုတွေက နည်းတောင် နည်းသေးတယ် ထပ်ပေးစမ်းပါဦးမဟုတ်ရင် ငါ ဒူးထောက်ရတာနဲ့ မတန်ဘူး' ဟု သူ တွေးနေမိသည်။

"သခင်လေးချန်... ကျွန်တော့်ကို အထဲကို ဖိတ်ပြီး မထိုင်ခိုင်းတော့ဘူးလား" မိန်းမစိုးကြီးက မေးလိုက်သည်။

ချန်ဆန်းရှီမတ်တပ်ရပ်လိုက်ပြီး "ကြွပါ မိုဟွာ... လက်ဖက်ရည် သွားဖျော်

လိုက်"

"သခင်လေး... ကျွန်မတို့ဆီမှာ လက်ဖက်ရည် မရှိသေးဘူး..." မိုဟွာမှာ ဧကရာဇ်ရဲ့ အမိန့်တော်တွေ၊ ရွှေတွေ၊ ငွေတွေကြားမှာ ကြောက်လန့်တုန်ရီနေသည်။

"ဦးကြီး... ကျွန်တော် အခုမှ အိမ်ပြောင်းလာတာဆိုတော့ အိမ်က တကယ်ကို အလွတ်ကြီးပါပဲရေကျက်အေးနဲ့ပဲ ဧည့်ခံရမှာ အားနာလို့ပါ" ဟု ချန်ဆန်းရှီရှင်းပြလိုက်သည်။

"သခင်လေး... ရေကျက်အေးလည်း မရှိသေးဘူးရှင့်..." စီချင်းက တိုးတက်စွာ ဝင်ပြောသည်။ "အိမ်အတွက် ထင်းရော၊ လက်ဖက်ရည်အိုးရော ဘာမှ မဝယ်ရသေးလို့ပါ..."

"ထားလိုက်ပါတော့၊ ငါ အထဲမဝင်တော့ဘူး ဒီမှာပဲ ပြောရအောင်" မိန်းမစိုးကြီးက သက်ပြင်းချရင်း ပြောသည်"ငါ့မျိုးရိုးက ဟို့ အနောက်မြောက် ပြည်နယ်သုံးခုရဲ့ စစ်ဘက်ဆိုင်ရာ ကြီးကြပ်ရေးမှူးပါ။ ငါ့ကို အဘိုးဟို့လို့ပဲ ခေါ်နိုင်ပါတယ်"

ချန်ဆန်းရှီက မေးလိုက်သည်"အဘိုးဟို့ ဘာများ မိန့်ကြားချင်လို့လဲ"

ကြီးကြပ်ရေးမှူးဆိုသည်မှာ ဆွန်ဒူရှန်ကို စောင့်ကြည့်ရသူ ဖြစ်သဖြင့် ဤလူမှာ နန်းတွင်းတွင် ရာထူးကြီးသူ ဖြစ်ရမည်။

"မင်းက အခုမှ အတွင်းအား သန့်စင်တဲ့ အဆင့်ပဲ ရှိသေးတာကို ဧကရာဇ်က တတိယအဆင့် ဘွဲ့အထိ တိုက်ရိုက်ပေးလိုက်တယ်ဆိုတာ မင်းရဲ့ ကျင့်စဉ်အဆင့်ထက် အများကြီး သာလွန်နေတာ။ သခင်လေးချန်... ဒီအဓိပ္ပာယ်ကို မင်း နားလည်ရဲ့လား"

"ဧကရာဇ်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျွန်တော်မျိုး နှလုံးသားထဲမှာ အမြဲ မှတ်ကျောက်တင်ထားပါ့မယ်၊ တစ်ခဏလေးတောင် မမေ့ပါဘူး" ချန်ဆန်းရှီက အလေးအနက် ပြောလိုက်သည်။

"ကောင်းပြီ... မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ" အဘိုးဟို့က လက်ဝှေ့ယမ်းလိုက်ရာ အစေခံများက နန်းတွင်းအရက်ကို ယူလာပေးသည်။ "သခင်လေးချန်... ဧကရာဇ်ရဲ့ စေတနာကို အလဟဿ မဖြစ်စေနဲ့ဦး"

[မြစိမ်းသွေး အဆိပ်ဖြေဆေး]

ချန်ဆန်းရှီသည် အရက်ကို တစ်ငုံတည်းဖြင့် ကုန်အောင် သောက်လိုက်သည်။ ခဏခဏ အဆိပ်ခတ်ခံနေရတာက အဖြေမဟုတ်ပေ။ အချိန်တန်လျှင် အဆိပ်က ကြွလာမည်ဖြစ်ရာ ဧကရာဇ်က သူ့ကို ဖြေဆေးပေးပြီး စည်းရုံးရန် ကြိုးစားခြင်း ဖြစ်သည်။

အကယ်၍ ချန်ဆန်းရှီတွင် [ဆေးဝါးခွဲခြားခြင်း] စွမ်းရည်သာ မရှိပါက၊ ဧကရာဇ်ကို တကယ်ပင် မေတ္တာကရုဏာကြီးမားသော မင်းကြီးဟု ထင်မှတ်ကာ ကျေးဇူးတင်နေမိပေလိမ့်မည်။ ဒါက ဧကရာဇ်တွေရဲ့ လူကို အုပ်ချုပ်တဲ့ နည်းပရိယာယ်ပင်။

"ကောင်းပြီ" အဘိုးဟို့က သူ အရက်သောက်တာကို ကြည့်ပြီပြုံးလိုက်

သည်။ "သခင်လေးချန်... မင်း နောက်ဆိုရင် ဘုရင်ခံအိမ်တော်မှာ နေရတော့မှာဆိုတော့..."

"စိတ်ချပါ အဘိုးဟို့" ချန်ဆန်းရှီက ချက်ချင်း တုံ့ပြန်သည်။ "ကျွန်တော် ဘယ်နေရာမှာပဲ ရှိရှိ၊ ဒါရှန်အင်ပါယာရဲ့ ကျွန်တော်မျိုး၊ ဧကရာဇ်ရဲ့ သစ္စာရှိတဲ့ လက်အောက်ငယ်သား ဖြစ်တယ်ဆိုတာကို အမြဲ သတိရနေပါ့မယ်"

"မင်းကို ငါသဘောကျသွားပြီ ကဲ... လက်ဖက်ရည်လည်း မရှိဘူးဆိုတော့ ငါ ပြန်တော့မယ်" အဘိုးဟို့ စိတ်ကျေနပ်စွာ ထွက်ခွာသွားသည်။

အိမ်တံခါးကို ပိတ်လိုက်သည်နှင့် ချန်ဆန်းရှီသည် ဆုရလာသော ဆေးဝါးများကို ထုတ်ယူကာ ချက်ချင်း ကျင့်စဉ် လေ့ကျင့်တော့သည်။ ငွေတွေ ပိုးထည်တွေက အသုံးဝင်သော်လည်း တကယ် တန်ဖိုးရှိသည်မှာ ဤဆေးဝါးများ ဖြစ်သည်။ အတွင်းအားသန့်စင်ခြင်းအဆင့်ကို ကျော်လွန်သွားလျှင် ဆေးဝါးများကို ငွေနှင့် ဝယ်၍ပင် မရနိုင်တော့ပေ။

"ကံကောင်းတာက လောလောဆယ် ဆေးမပြတ်တော့ဘူးပေါ့" ချန်ဆန်းရှီက ဆေးကို မျိုချကာ လှံသိုင်းကို လေ့ကျင့်သည်။

[ကျင့်ကြံမှု့ - တသားထည်းဖြစ်ခြင်းလှံသိုင်း (ကျွမ်းကျင်အဆင့်)]

[တိုးတက်မှု့ - 288/1000]

ဝိညာဉ်အစေ့နှင့် ဆေးဝါးများကြောင့် တိုးတက်မှုက သိသိသာသာ မြန်ဆန်လာသည်။ တစ်လအတွင်း 'အတွင်းအားသန့်စင်ခြင်း' အဆင့်ငယ်ကို ရောက်မည်ဟု သူ ယုံကြည်ချက် ရှိသည်။

နောက်ရက်များတွင် ချန်ဆန်းရှီ၏ အိမ်ရှေ့မှာ အလွန် စည်ကားလာသည်။ ပညာရှိများ၊ သူဌေးကြီးများ၊ ဂိုဏ်းပေါင်းစုံနှင့် အရာရှိကြီးများက သူ့ကို ဖိတ်စာများ အပြိုင်အဆိုင် ပေးပို့ကြသည်။ ဧကရာဇ်၏ ဆုလာဘ်ကို ရထားသောကြောင့် သူ့အနာဂတ်မှာ အလွန်တောက်ပနေသည်ဟု အားလုံးက ယူဆထားကြသည်။ ချန်ဆန်းရှီကလည်း သူတို့ကို မငြင်းပယ်ပေ။ နောင်ကျရင် သူတို့ဆီက အရင်းအမြစ်တွေ လိုအပ်နိုင်သောကြောင့် ဖြစ်သည်။

ထိုနေ့ ညနေခင်းတွင် ဆွန်ပုချီ ရောက်လာသည်။

"ဆန်းရှီလာ... မင်းကို ရွေးချယ်ပွဲရဲ့ ညစာစားပွဲ ကို ခေါ်သွားဖို့ ငါလာတာမင်း သေချာပေါက် လိုက်ခဲ့ရမယ်"

ချန်ဆန်းရှီက အခွင့်ကောင်းယူကာ မေးလိုက်သည် "ဒါနဲ့... ရွေးချယ်ပွဲရဲ့ အဆင့်ဆင့်ကို ငါ့ကို ရှင်းပြပေးပါဦး"

ဆွန်ပုချီ၏ ရှင်းပြချက်အရ ရွေးချယ်ပွဲကို နှစ်မျိုးခွဲထားသည် 'အရန်အရာရှိ' နှင့် 'အရန်ဗိုလ်ချုပ်' ဟူ၍ ဖြစ်သည်။ အသက်ကန့်သတ်ချက် ရှိပြီး အတွင်းအားသန့်စင်ခြင်းအဆင့်ရှိသူတိုင်း အရန်ဗိုလ်ချုပ် ရွေးချယ်ပွဲတွင် ပါဝင်နိုင်သည်။ သို့သော် 'တပည့်အရင်း' ကမူ တစ်ဦးတည်းသာ ရှိလိမ့်မည်။

စမ်းသပ်မှု ငါးဆင့်ရှိသည်-

၁။ ဗျူဟာခင်းကျင်းခြင်း

၂။ ဗျူဟာကို ဖျက်ဆီးခြင်း

၃။ စစ်မြေပြင် တိုက်ခိုက်ခြင်း

၄။ သိုင်းပညာ ပြိုင်ဆိုင်ခြင်း

၅။ အရိုး စစ်ဆေးခြင်း

အောင်မြင်သွားသူများသည် တပ်စခန်းရှစ်ခုတွင် နေထိုင်ခွင့်ရမည်ဖြစ်ပြီး ဆွန်ဒူရှန်ထံမှ တိုက်ရိုက် သိုင်းပညာ သင်ယူခွင့် ရမည်ဖြစ်သည်။

"ဆန်းရှီ... ဒီနှစ်ကတော့ အခက်ဆုံးပဲ" ဆွန်ပုချီက သက်ပြင်းချသည်။ "ယင်ဟန်ဝမ်၊ ချောင်ဖန်တို့တင်မကဘူး၊ လျန်ကျိုးက ဂိုဏ်းကြီးတွေက ပါရမီရှင်တွေလည်း ပါမယ် သူတို့အများစုက 'အတွင်းအားသန့်စင်ခြင်း အထွတ်အထိပ်' ကို ရောက်နေကြပြီ။

ရွေးချယ်ပွဲက နောက် ၁၀ ရက်နေရင် စတော့မှာ မင်းက အခုမှ အဲဒီအဆင့်ကို စတက်တာဆိုတော့ သူတို့နဲ့ ယှဉ်ဖို့ မလွယ်ဘူး သူတို့အားလုံးက ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေချည်းပဲ"

ချန်ဆန်းရှီအတွက်တော့ ထိုအချက်များက အရေးမကြီးပေ။ သူ စိတ်ဝင်စားသည်မှာ 'တပည့်အရင်း' တစ်ယောက်တည်းသာ ရှိမည်ဆိုသည့်

အချက်ပင်။ ထိုနေရာကို ရမှသာ မသေမျိုးကျင့်စဉ် နှင့် စစ်နတ်ဘုရားအထက် အဆင့်ကို တက်လှမ်းနိုင်မည့် လမ်းစကို ရရှိနိုင်မည် ဖြစ်သည်။

All Chapters