အခန်း (၁၂၁)
Vol. 11 Ch. 121
"အခြေအနေက ဒီလိုဆိုမှတော့..."
"ငါ ပထမနေရာကို သေချာပေါက် ရအောင်ယူရမယ်"
ချန်ဆန်းရှီသည် တစ်ကမ္ဘာလုံးက နာမည်ကြီးမျိုးနွယ်စုဝင်များသည် ပိုယန်ခရိုင်ကဲ့သို့ ဝေးလံခေါင်ဖျားသော အရပ်ကလူများနှင့် မတူနိုင်မှန်း ကောင်းကောင်းသိသည်။ ဥပမာ - သွေးသန့်စင်ခြင်းအဆင့် တွင်ပင် ပိုယန်ခရိုင်ကလူများက 'အဆင့်ကြီး' တစ်ခုအထိသာ ရောက်သော်လည်း၊ မျိုးနွယ်စုကြီးကလူများမှာမူ ခန္ဓာကိုယ်အနှံ့ စွမ်းအားများ စီးဆင်းနေကြသူများ ဖြစ်သည်။
တော်ဝင်မိသားစုဖြစ်စေ၊ မှူးမတ်မျိုးနွယ်ဖြစ်စေ သူတို့တွင် ကျင့်စဉ်အရင်းအမြစ် အပြည့်အဝရှိပြီး ပါရမီလည်း မညံ့ကြပေ။ သူတို့၏ မိဘများမှာလည်း အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်ကြသဖြင့် မျိုးဆက်တိုင်းတွင် ပါရမီရှင် သို့မဟုတ် နဂါးတစ်ကောင်ကဲ့သို့ ထူးချွန်သူများ ထွက်ပေါ်လေ့ရှိသည်။
ကျင့်စဉ်အဆင့် ကျော်လွန်တိုက်ခိုက်ရန်မှာ အလွန်ခက်ခဲလှသည်။ အထူးသဖြင့် 'အတွင်းအားသန့်စင်ခြင်း' အဆင့်တွင် သိုင်းသမားများသည် "သွေးဆူပွက်ခြင်း" ဟုခေါ်သော အထူးအခြေအနေကို အသုံးချကာ စွမ်းအားကို အဆမတန် မြှင့်တင်နိုင်ကြသည်။ ချန်ဆန်းရှီမှာမူ သူ၏ကျင့်စဉ်တွင် 'ကျွမ်းကြင်' အဆင့်သာ ရှိသေးသည်။
အချိန်က အလွန်ကျပ်တည်းလှသည်။ စစ်ပွဲဖြစ်တော့မည်ဖြစ်သဖြင့် ရွေးချယ်ပွဲကို ရက်အစောကြီး ရွှေ့ထားခြင်းဖြစ်သည်။ သူသည် 'အတွင်းအားသန့်စင်ခြင်း' အဆင့်သေးစားအောင်မြင်မှု့ကို ရောက်ရန် အမြန်ဆုံး ရက် ၂၀ ခန့် ကြိုးစားရပေဦးမည်။ သားရဲသား များများစားပြီး နေ့ရောညပါ လေ့ကျင့်ပေးမည့်သူ ရှိမှသာ ခရီးတွင်ပေလိမ့်မည်။
"ထားလိုက်ပါတော့... သွားပြီးတော့ပဲ အခြေအနေကြည့်ရအောင်"
ချန်ဆန်းရှီကဆွန်ပုချီနှင့်အတူ မြင်းရထားဖြင့် ထွက်လာခဲ့သည်။ သူသည် မြို့တော်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်သဖြင့် လမ်းဘေးမြင်ကွင်းများကို စိတ်ဝင်တစား ကြည့်နေမိသည်။ ဈေးတန်းကို ဖြတ်သန်းစဉ် ကြေညာစာအချို့ကို သူ သတိပြုမိလိုက်သည်။
၎င်းတို့ထဲတွင် 'မိစ္စာဂိုဏ်း'ကို ဖမ်းဆီးရန် ဝရမ်းစာနှင့် သူ၏ သူရဲကောင်းဆန်သော လုပ်ရပ်ကို ချီးကျူးထားသော စာတို့ ပါဝင်သည်။
ချန်ဆန်းရှီက"မိစ္စာဂိုဏ်းက လျန်ကျိုးမြို့ထဲမှာလည်း ရှိနေတာလား"
"ရှိတာပေါ့" ဆွန်ပုချီက ထိုင်ခုံမှာ မှီထိုင်ရင်း အသီးတစ်လုံးကို ဝါးစားကာ ဖြေသည် "မိစ္စာဂိုဏ်းက မွှေနေတာ တစ်ရက်နှစ်ရက် မဟုတ်တော့ဘူးသူတို့က တစ်ကမ္ဘာလုံးမှာ ရှိနေတာ လူရိုင်းတွေတင် မဟုတ်ဘူး၊ အလယ်ပိုင်းဒေသက လူတွေထဲမှာလည်း သူတို့နောက်လိုက်တွေ အများကြီးပဲ၊ ကြည့်ရုံနဲ့ ခွဲလို့မရဘူး သူတို့က အမှောင်ထဲမှာ ပုန်းအောင်းပြီး နေရာတိုင်းမှာ ပြဿနာရှာနေကြတာ တုံယိမြို့က 'ကျိစူးဂိုဏ်း' သစ္စာဖောက်တာလည်း သူတို့လက်ချက်ပဲ ဖြစ်မှာ။"
ချန်ဆန်းရှီခေါင်းညိတ်လိုက်သည်။ သူသည် မိစ္စာဂိုဏ်း၏ အဖျက်လုပ်ငန်းများအကြောင်း ကြားဖူးသည်မှာ ကြာပြီဖြစ်သည်။ အရင်က ပိုယန်ခရိုင်က သေးငယ်လွန်းပြီး မဟာဗျူဟာအရ အရေးမပါသဖြင့် သူတို့ လာမရှုပ်ခဲ့ကြခြင်းသာ ဖြစ်သည်။
"နောက်ပြီးတော့လေ..." ဆွန်ပုချီက လေသံကို ပြောင်းကာ အလေးအနက် ပြောသည်။ "လျန်ကျိုးမြို့ထဲက သူတို့နောက်လိုက်တွေက သိုင်းပညာရှင်တွေကိုပဲ ရွေးသတ်နေကြတာ။ အရင်က အဆင့်နိမ့်တဲ့သူတွေကို သတ်ပေမဲ့ နောက်ပိုင်း အဆင့်မြင့်တဲ့သူတွေကိုပါ သတ်လာကြပြီ။ ရှေ့တန်းမှာ စစ်ဖြစ်နေတုန်းက 'လကွဲတောင်ကုန်းအိမ်တော်' ရဲ့ ထိပ်တန်းတပည့်တောင် အသတ်ခံလိုက်ရတယ်လို့ ပြောကြတယ်။"
"သိုင်းသမားတွေကို သတ်နေတာလား" ချန်ဆန်းရှီ တွေးတောနေမိသည်။ ဤဂိုဏ်းသည် လူသန်းပေါင်းများစွာကို သွေးဖြင့် ယဇ်ပူဇော်ရုံတင်မကဘဲ သိုင်းသမားများကိုပါ သတ်နေခြင်းမှာ သူတို့လက်ထဲရှိ အရာမှာ 'မသေမျိုးရတနာ' ထက် 'မိစ္ဆာရတနာ' နှင့် ပိုတူနေသည်။ လူအသက်များကို လောင်စာအဖြစ် သုံးနေပုံရသည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့" ဆွန်ပုချီက ထပ်ပြောသည်။ "အသတ်ခံရတဲ့သူ အများစုက ဂိုဏ်းတွေနဲ့ ကျန်းဟု(လေလွင့်ကျင့်ကြံသူ)လောကက လူတွေပါ။ တပ်စခန်းရှစ်ခုကလူတွေကိုတော့ သူတို့ သိပ်မထိရဲကြဘူး။ စစ်ပွဲပြီးရင် ငါ့အဖေက ဒါကို အသေသေချာချာ စုံစမ်းဖို့ စီစဉ်ထားတယ်"
ပိုယန်ခရိုင်မှာတုန်းက သိုင်းပညာခန်းမတွေက သာမန်လူတွေကို ဆေးစမ်းဖို့ ဖမ်းဆီးခဲ့ကြသလို၊ အခု လျန်ကျိုးမှာတော့ ဂိုဏ်းတွေကမိစ္စာဂိုဏ်းရဲ့ ပစ်မှတ် ဖြစ်နေကြပြန်သည်။
ချန်ဆန်းရှီသည် 'အာမူကူ'ပျောက်ဆုံးသွားသည့် ကိစ္စကို တွေးမိကာ စိုးရိမ်သွားသည်။ သူသည် အာမူကူကို ဆွန်ဒူရှန်က သတ်လိုက်သည်ဟု လိမ်ညာခဲ့သော်လည်း၊ အကယ်၍ ဆွန်ဒူရှန်ကသာ စောစောရောက်လာခဲ့လျှင် သူတို့ဘက်က အကျအဆုံး များမည်မဟုတ်ပေ။ ဤအချက်မှာ ဟာကွက်
တစ်ခု ဖြစ်နေသည်။ သို့သော်လည်း မိစ္စာဂိုဏ်းက သူ့ကို သံသယရှိလျှင်ပင် ဒါရှန်အင်ပါယာကို သတင်းပေးလိမ့်မည်မဟုတ်သဖြင့် သူက ပို၍ သတိထားနေရန်သာ လိုအပ်သည်။
"ဆန်းရှီ" ဆွန်ပုချီက သူ့အတွေးကို ဖြတ်လိုက်သည်။
"ဧကရာဇ်က မင်းရဲ့ဂုဏ်သတင်းကို တစ်ပြည်လုံးသိအောင် ကြေညာထားတော့ ဒီနေ့ မင်းနဲ့ ရင်းနှီးချင်တဲ့သူတွေ အများကြီး လာကြလိမ့်မယ်"
သူတို့ ရောက်ရှိလာသော နေရာမှာ "တိမ်တောင်ကြိုးကြာမျှော်စင်"ဖြစ်သည်။ ၎င်းမှာ လျန်ကျိုးမြို့၏ အဆင့်မြင့်ဆုံး စားသောက်ဆိုင်ကြီး ဖြစ်သည်။ ယနေ့တွင် ထိုနေရာတစ်ခုလုံးကို ဘွတ်ကင်လုပ်ထားပြီး လမ်းတစ်လျှောက်တွင်လည်း တန်ဖိုးကြီး မြင်းရထားများဖြင့် ပြည့်နှက်နေသည်။
"ဟမ်း" ဆွန်ပုချီက ချောင်းဟန့်လိုက်ရင်း "ဆန်းရှီ... ငါ ရှင်းပြမယ်ဒီနေ့လာတဲ့သူတွေက အုပ်စု သုံးစု ကွဲနေတယ် ပထမအုပ်စုက ဧကရာဇ်ရဲ့လူတွေ၊ ဒုတိယအုပ်စုက အိမ်ရှေ့မင်းသားရဲ့လူတွေ၊ တတိယအုပ်စုကတော့ မျိုးနွယ်စုကြီးတွေက လူတွေပဲ။ မျိုးနွယ်စုတွေကတော့ ဘယ်ဘက်ကို ကပ်မလဲဆိုတာ ကွဲပြားကြတာပေါ့"
ဒါက သာမန်စားပွဲ မဟုတ်ဘဲ နိုင်ငံရေး အဆက်အသွယ်ရှာတဲ့ ပွဲတစ်ခု ဖြစ်နေသည်။
"မင်းက ဒါတွေကိုတောင် ခွဲခြားနိုင်တာပဲ" ချန်ဆန်းရှီက ချီးကျူးလိုက်သည်။ ဆွန်ပုချီကဲ့သို့ လူမျိုး ဘေးမှာရှိနေ၍သာ တော်တော့သည်။ မဟုတ်လျှင် သူသည် ဘယ်သူ့ကို ဘယ်လိုဆက်ဆံရမှန်း သိမည်မဟုတ်ပေ။
"ဂိုဏ်းတွေကလူတွေလည်း ရွေးချယ်ပွဲ ဝင်လို့ရတာလား" ချန်ဆန်းရှီက မေးသည်။
"ရတာပေါ့" ဆွန်ပုချီက ပြန်ဖြေသည်။
"မြေတွေ၊ ဆေးဥယျာဉ်တွေ၊ တောင်တွေကို ဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေကပဲ ပိုင်ထားတာဆိုတော့ စစ်တပ်အတွက် သူတို့ဆီက အထောက်အပံ့ ယူရတယ်။ ဒါကြောင့် သူတို့ကိုလည်း အခွင့်အရေး ပြန်ပေးရတာပေါ့"
ဒါရှန်အင်ပါယာတစ်ခုလုံးတွင် ဂိုဏ်းများသည် ဒေသန္တရ ဧကရာဇ်ငယ်များကဲ့သို့ ဩဇာကြီးမားနေကြသည်။
သူတို့မျှော်စင်ထဲ ဝင်လိုက်သောအခါ ဆူညံသံများမရှိဘဲ တည်ငြိမ်သော တေးဂီတသံနှင့် လူကြီးလူကောင်းများ၏ စကားသံများကိုသာ ကြားရသည်။ ရွေးချယ်ခံရမည့်သူများထဲမှ 'အတွင်းအားသန့်စင်ခြင်း' အဆင့်ရှိသူ အနည်းငယ်သာ ပါဝင်ခွင့်ရသည်။
အသိဟောင်းတွေကို သူ တွေ့လိုက်ရသည်။ ချောင်ဖန် နှင့် ယင်ဟန်ဝမ်။
လူများစွာသည် ဆွန်ပုချီထံသို့ လာရောက်နှုတ်ဆက်ကြပြီး ချန်ဆန်းရှီကိုလည်း "ပြည်သူတွေကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းကြီး" ဟု မြှောက်ပင့် ပြောဆိုကြသည်။ ချန်ဆန်းရှီမှာ လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
ဆွန်ပုချီက မိတ်ဆက်ပေးသည်။ "ဒါက 'ထျန်းထုံဓားဂိုဏ်း' က ဂိုဏ်းသားငယ် လုရှူးဟွာ ၊ ဒါက 'လင်ရွှီဂိုဏ်း' က ချူးထျန်ရှူပဲ။ ဒီမျှော်စင်က ညီအစ်ကိုချူး ပိုင်တာလေ"
ချန်ဆန်းရှီကလည်း ရိုရိုသေသေပင် ပြန်လည်နှုတ်ဆက်သည်။ ဆွန်ပုချီက တိုးတိုးလေး ကပ်ပြောသည်မှာ "လုရှူးဟွာက မင်းရဲ့ အပြင်းထန်ဆုံး ပြိုင်ဘက်ပဲ၊ သူက 'ဓားနှလုံးသားခန္ဓာ' နဲ့ မွေးဖွားလာသူဖြစ်ပြီး အခု အဆင့် အထွတ်အထိပ်ကို ရောက်နေပြီ။ ဟိုဘက်မှာ ချောင်ဖန်အနား ကပ်နေတဲ့သူကတော့ 'လကွဲတောင်ကုန်းအိမ်တော်' က ဝမ်ချိုးရှီ ပဲ"
တကယ်တော့ မျှော်စင်တစ်ခုလုံးမှာ ချောင်ဖန် အနားတွင် လူအများဆုံး ဝိုင်းနေကြခြင်းဖြစ်သည်။ အားလုံးက သူ့ကို အရင်ဆုံး လာရောက် ဂါရဝပြုကြသည်။
ဆွန်ပုချီက သက်ပြင်းချရင်း "ကြည့်စမ်း... မိန်းမစိုးတွေက စစ်ရေးကို ကြီးကြပ်လာတော့ အိမ်ရှေ့မင်းသားရဲ့လူတွေက ငါ့အဖေ အနားယူတော့မယ်ဆိုတာကို သိပြီး အခုကတည်းက ငါတို့ကို အေးစက်စက် ဆက်ဆံနေကြပြီ" ဟု ဆိုသည်။
ချန်ဆန်းရှီတွေးမိသည်မှာ 'ဆွန်ဒူရှန်က တကယ်ပဲ အနားယူတော့မှာလားဒါမှမဟုတ် သူ သိပ်မကြာခင် သေတော့မှာမို့ သူ့သားသမီးတွေအတွက် လမ်းစ ရှာပေးနေတာလား'
ယင်ဟန်ဝမ်က ဒေါသတကြီး ပြောနေသည်မှာ "မင်းသားလေး... ဟိုလူ (ချန်ဆန်းရှီ) က တကယ်ကို ကောက်ကျစ်တာပဲ သူက နာမည်ကြီးချင်လို့ ပြည်သူတွေကို ကယ်ချင်ယောင်ဆောင်တာ ကျွန်တော်တို့ ဧကရာဇ်ကတော့ သဘောကောင်းလွန်းလို့ သူ့အလှည့်စား ခံလိုက်ရတာ"
ဝမ်ချိုးရှီကလည်း ထောက်ခံသည်မှာ "ဟုတ်ပါတယ် မင်းသားလေး သူက မင်းသားလေးကိုတောင် လာပြီး ဂါရဝမပြုဘူး တတိယအဆင့် ဘွဲ့ရထားရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ဘာမှတ်နေလဲ မသိဘူး"
ချောင်ဖန်က အရက်ခွက်ကို ကိုင်ရင်း အေးအေးဆေးဆေး ပြောသည်"ငါ့အဖေကတောင် သူ့ကို အထင်ကြီးနေပြီး ငါ့ကို သူနဲ့ မိတ်ဖွဲ့ခိုင်းနေတယ် ဒီလို တောသားတစ်ယောက်မှာ 'နဂါးကိုးကောင်ခန္ဓာ' ရှိနေတာကလွဲရင် ဘာလုပ်
နိုင်မှာမို့လို့လဲ"
"မင်းသားလေးမှာ 'နဂါးနှလုံးသား ကျားအရိုး' ဆိုတဲ့ ပင်ကိုဗီဇ သိုင်းသူတော်စင်ခန္ဓာ ရှိနေတာပဲ၊ ဘယ်သူကမှ မင်းသားလေးကို မယှဉ်နိုင်ပါဘူး" ယင်ဟန်ဝမ်က မြှောက်ပင့်လိုက်သည်။
ထိုစဉ် ချန်ဆန်းရှီသည် သူတို့ရှိရာသို့ ကိုယ်တိုင် လျှောက်လာခဲ့သည်။ သူက အရင်ဆုံး ဦးညွှတ်ဂါရဝပြုပြီး အရက်ခွက်ကို မြှောက်လိုက်သည်။ အရင်က ဟုန်ကျီမြစ်ကမ်းမှာ ချောင်ဖန်ရဲ့ မောက်မာမှုတွေကို သူ မမေ့သေးသော်လည်း၊ ဒီလိုပွဲမျိုးမှာတော့ ရန်သူကို မိတ်ဆွေသဖွယ် ဆက်ဆံခြင်းက ပို၍ ဘေးကင်းသည်ဟု သူ ယူဆသည်။
ချောင်ဖန်က လှောင်ပြုံးဖြင့် "ညီအစ်ကိုချန်... ဒီအရက်ခွက်က နည်းနည်း နောက်ကျမနေဘူးလား"
"မင်းသားလေး... ခွင့်လွှတ်ပါ ကျွန်တော်က ဒီလိုပွဲမျိုး ပထမဆုံး လာဖူးတာဆိုတော့ စည်းကမ်းမတတ်တာ ပါသွားရင် အပြစ်မယူပါနဲ့ အပြစ်ပေးတဲ့အနေနဲ့ ကျွန်တော် သုံးခွက် သောက်ပါ့မယ်" ပြောပြောဆိုဆိုနှင့် ချန်ဆန်းရှီက အရက် သုံးခွက်ကို ဆက်တိုက် သောက်လိုက်သည်။
"တော်တော်လေး သောက်နိုင်တာပဲ" ထိုအခါမှ ချောင်ဖန်က ကျေနပ်သွားပုံရသည်။
ဒီပွဲမှာ အုပ်စုသုံးစု ကွဲနေသည်။ ဘုရင်ခံအုပ်စု၊ အိမ်ရှေ့မင်းသား အုပ်စု နှင့် ယန်ပါတီတို့ ဖြစ်သည်။ ဆွန်ဒူရှန်၏ ဂုဏ်သတင်းကြောင့် တစ်ဝက်ခန့်က ဘုရင်ခံအိမ်တော်ဘက်မှာ ရှိနေသော်လည်း၊ ကျန်သူများကတော့ အိမ်ရှေ့မင်းသား သို့မဟုတ် အမတ်ကြီးယန် ရဲ့ မြေးဘက်ကို ကပ်နေကြသည်။
ချန်ဆန်းရှီကတော့ မည်သည့်အုပ်စုဘက်မှ ဝင်ရန် စိတ်မကူးပေ။ သူသည် ပထမနေရာကိုသာ ရအောင်ယူမည်ဟု ဆုံးဖြတ်ထားသည်။ သူ ပြန်ရန် ပြင်လိုက်စဉ်မှာပင် လူတစ်ယောက်က အရက်ခွက်ကို ကိုင်ကာ အသံကျယ်ကြီးဖြင့် သူ့အနား ရောက်လာသည်။
"ငါက ကွမ်လင်ခရိုင်က ပိုင်ထင်းကျိီပါ ဗိုလ်ချုပ်ချန်ရဲ့ ဂုဏ်သတင်းကို ကြားရတာ ကြာပါပြီ ဗိုလ်ချုပ်ချန်က ပြည်သူတွေကို ဦးဆောင်ပြီး မြစ်ကို ဖြတ်ခဲ့တာက ကောင်းကင်နဲ့ မြေကြီးကိုတောင် လှုပ်ခတ်စေခဲ့တယ်။ ဒါက ငါတို့ သိုင်းသမားတွေနဲ့ စစ်သားတွေအတွက် တကယ့် စံနမူနာပဲဗိုလ်ချုပ်ချန်
အတွက် တစ်ခွက်သောက်မယ်"