အခန်း (၂၆၉၆-၂၇၀၀)
Vol. 138 Ch. 2696-2700
Chapter 2696
"မင်းက ငါ့ရဲ့အဆင့်အတန်းကို ရုတ်သိမ်းလိုက်တာလား...ဒါက သေမျိုးတစ်ယောက်လုပ်နိုင်တဲ့ နည်းစနစ်မျိုးမဟုတ်ဘူး...မင်းက ဘယ်သူလဲ"
ငရဲနယ်မြေအရှင်သခင်၏မျက်လုံးများ ပြူးကျယ်နေကာ သူက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လုယွီက ငရဲနယ်မြေအရှင်သခင်၏ရှေ့သို့ လျှောက်လှမ်းသွားကာ တည်ငြိမ်စွာပြောဆိုသည်။
"မင်းက ငါ့ရဲ့အမွှေးနံသာစွမ်းအားတွေကို ခိုးယူထားတယ်...ဒါတောင်မှ ငါ ဘယ်သူလဲဆိုတာ မင်း မသိသေးဘူးလား"
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ယင်ချီနဂါးကြီးကို ခြေမွှဖျက်ဆီးပြီးနောက် လုယွီ၏နောက်သို့ ဖြည်းညှင်းစွာ ရောက်ရှိလာလေ၏။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးမှ ထုတ်လွှတ်ထားသော စွမ်းအားအရှိန်အဝါသည် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ အရှိန်အဝါများနှင့် ပေါင်းစပ်၍လှည့်ပတ်နေကာ သူတို့သည် တစ်ယောက်တည်း ဖြစ်နေသကဲ့သို့ပင်။
ရုတ်ချည်းဆိုသလိုပင် ငရဲနယ်မြေအရှင်သခင်သည် လုယွီ၏နောက်ကျော၌ အပြာရောင်အလင်းဘီးတစ်ဘီး ရှိနေခြင်းကို မြင်တွေ့လိုက်သည်။ထိုအပြာရောင်အလင်းဘီးသည် မြင့်မြတ်ပြီး တည်ကြည်လေးနက်သောအရှိန်အဝါဖြင့် ဖြည်းညှင်းစွာ လှည့်ပတ်နေသည်။
အလင်းဘီးကြီးမှဖြာထွက်နေသော အလင်းတန်းများအကြားတွင် လုယွီ၏အရပ်သည် အလွန်အမင်းမြင့်မားနေပုံရသည်။
ထိုအလင်းဘီးကြီးမှ ထွက်ပေါ်နေသည့် မြင့်မြတ်သောအရှိန်အဝါသည် ငရဲနယ်မြေရှိ သရဲတစ္ဆေများအားလုံးကို ဖိနှိပ်ထားနိုင်စွမ်းရှိသည်။
ဟူး....
ငရဲနယ်မြေအရှင်သခင်က လေအေးတစ်ချက် ရှိုက်သွင်းလိုက်၏။သူ တစ်ကြိမ်တစ်ခါမျှ မတွေးတောခဲ့ဖူးသော အတွေးတစ်ခုက သူ၏စိတ်အတွင်း၌ ထင်ဟပ်လာသည်။
"မင်းက မြေအောက်လောကနတ်ဘုရားလား"
ငရဲနယ်မြေအရှင်သခင်၏အသံက တုန်ရီနေသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"အခု မင်း သေသွားပြီဆိုမှတော့ မင်း သေလို့ရပြီ"
ထိုသို့ပြောဆိုပြီးသည်နှင့် လုယွီ၏နောက်ရှိ မြေအောက်လောကပုံရိပ်ယောင်ကြီးက သူ၏လက်ကိုဆန့်တန်း၍ ငရဲနယ်မြေအရှင်သခင်ထံဦးတည်၍ ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်၏။
ငရဲနယ်မြေအရှင်သခင်၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် ပြိုလဲစပြုလာသည်။သူက လက်မခံနိုင်ပုံဖြင့် အော်ဟစ်ကြုံးဝါးလိုက်သည်။
"မင်း ပျောက်ကွယ်သွားတာ အချိန်အတော်ကြာနေပြီလေ...ဘာလို့ အခုမှ ဒီနေရာမှာ ထွက်ပေါ်လာတာလဲ....လက်မခံနိုင်ဘူး....ငါ ဒါကို လက်မခံနိုင်ဘူး"
ငရဲနယ်မြေအရှင်သခင်၏အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားကာ သရဲတစ္ဆေများအားလုံး သူ၏အသံကို ကြားလိုက်ရ၏။
ရုတ်ချည်းဆိုသလိုပင် ငရဲနယ်မြေအရှင်သခင်ရှိနေသော လေဟာနယ် ပြိုလဲပျက်စီးကာ ပျက်ပြယ်သွားတော့သည်။
သူ့အား ငရဲနယ်မြေ၏ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဟု ယူဆနိုင်သည်။အကယ်၍ သူသည် သေလမ်းမရှာဘဲ လုယွီကိုသာရင်ဆိုင်ခြင်းမပြုပါက ငရဲနယ်မြေအတွင်းတွင် သူ ဆန္ဒရှိသည့် အရာရာတိုင်းကို အချိန်အလွန်ကြာမြင့်စွာ လုပ်ဆောင်နိုင်ပေမည်။
ငရဲနယ်မြေသခင် သေဆုံးသွားပြီးနောက် သူ၏ခန္ဓာကိုယ်မှ အမွှေးနံသာစွမ်းအားများအားလုံး မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးထံ စီးဝင်သွားသည်။
နောက်ထပ်အမွှေးနံသာစွမ်းအားလှိုင်းက လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ထွက်ပေါ်လာသည်။ထို့နောက် သူက ထိုစွမ်းအားများကိုသန့်စင်ကာ သူ၏ကိုယ်ပိုင်မှော်စွမ်းအားအဖြစ် ပြောင်းလဲလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် နတ်ဘုရားအလင်းတန်းများ တောက်ပနေကာ သူသည် သေမျိုးကမ္ဘာလောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ပတ်ဝန်းကျင်ရှိ တစ္ဆေစစ်ဗိုလ်ချုပ်များအားလုံး ကြက်သေသေနေသည်။
ယန်ကမ္ဘာလောကမှ ရုတ်တရက်ရောက်ရှိလာသော အင်မော်တယ်သည် အမှန်တကယ်ကိုပင် မြေအောက်လောကနတ်ဘုရားဖြစ်နေသလော...
ထိုတစ္ဆေစစ်ဗိုလ်ချုပ်များ တုန်လှုပ်ချောက်ချားနေရာမှ အသိပြန်မဝင်သေးမီမှာပင် ယခင်က လုယွီနှင့်ရင်ဆိုင်ခဲ့သော တရားသူကြီးစွေ့သည် နောက်သို့ချာခနဲလှည့်ထွက်ကာ ထွက်ပြေးလေ၏။
သူ၏အရှိန်နှုန်းသည် အလွန်အမင်း လျှင်မြန်သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် အလင်းတန်းတစ်တန်းအလား မိုင်တစ်ရာကျော်ကွာဝေးသောနေရာသို့ ရောက်ရှိသွားသည်။
"မင်း ဘယ်နေရာကိုပဲ ပြေးပြေး....အသုံးဝင်မှာမဟုတ်ဘူး"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ တရားသူကြီးစွေ့ထွက်ပြေးသွားသောနေရာသို့ ဦးတည်၍ လက်ညှိုးတစ်ချက်ညွှန်လိုက်၏။
သူ၏လက်ချောင်းထိပ်မှနေ၍ အနက်ရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ တရားသူကြီးစွေ့နောက်သို့ လိုက်လံဖမ်းဆီးတော့သည်။
"သောက်ချေးပဲ...သူက တကယ့်ကို မြေအောက်လောကနတ်ဘုရားလား...ကောလဟာလတွေအရတော့ မြေအောက်လောကနတ်ဘုရားက သေပြီဆို...သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲ...ဒါက ဖြစ်နိုင်တယ်....မြေအောက်လောကနတ်ဘုရားလို အဆင့်မြင့်နတ်ဘုရားတစ်ပါးက ဘယ်လိုလုပ်ပြီး အလွယ်တကူ သေဆုံးနိုင်မှာလဲ...ဒီတစ်ကြိမ် သူ ပြန်လာတဲ့အကြောင်းအရင်းက လက်စားချေဖို့ပဲဖြစ်မယ်...ငါ သူ့ကို ရန်စစော်ကားခဲ့မိတယ်...ငါ အသက်ရှင်သန်နိုင်ဖို့ နည်းလမ်းမရှိတော့ဘူး"
တရားသူကြီးစွေ့သည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံနေသဖြင့် လွတ်မြောက်နိုင်ရန်အတွက် သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားလုံးကို အသုံးပြု၍ ထွက်ပြေးနေသည်။
တစ်ချိန်တည်းမှာပင် ဤအခြေအနေမှ မည်ကဲ့သို့ရုန်းထွက်ရမည့်ကို တွေးတောရင်း မြောက်မြားစွာသောအတွေးများက သူ၏စိတ်နှလုံးသားအတွင်း၌ ထင်ဟပ်နေလေ၏။
"ငါက ခုချက်ချင်း တာယွီအင်ပါယာရဲ့ တော်ဝင်မြို့တော်ကို သွားရမယ်...ဒါက ယန်ကမ္ဘာလောကပဲဖြစ်ဖြစ် ယင်မြေအောက်လောကပဲဖြစ်ဖြစ် ငါက တာယွီရဲ့နယ်မြေစည်းကို ဖြတ်ကျော်သွားဖို့လိုအပ်တယ်....တော်ဝင်မြို့တော်က မြေအောက်လောကနတ်ဘုရားရဲ့ ထိန်းချုပ်နိုင်မှုအောက်မှာမရှိဘူး...တော်ဝင်မြို့တော်မှာ မြေအောက်လောက ငရဲနယ်မြေနဲ့ပိုင်းခြားထားတဲ့ တားမြစ်ကန့်သတ်စည်းတွေရှိတယ်...ငါ တော်ဝင်မြို့တော်ကိုရောက်သွားရင် မြေအောက်လောကနတ်ဘုရားက ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး"
တရားသူကြီးစွေ့သည် စိတ်ပိုင်းဖြတ်ပြီးနောက် ချက်ချင်းဆိုသလိုပင် ငရဲနယ်မြေဂိတ်တံခါးထံသို့ဦးတည်၍ ပျံသန်းလိုက်သည်။
သူ၏မျက်လုံးရှေ့တွင် ငရဲနယ်မြေဂိတ်တံခါး၏ပုံစံကို မြင်နေရလေပြီ။
"တံခါးဖွင့်စမ်း..."
တရားသူကြီးစွေ့က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ငရဲနယ်မြေဂိတ်တံခါး၏နံဘေးတွင် တစ္ဆေစစ်ဗိုလ်ချုပ် အမြောက်အများရှိနေသည်။သူတို့သည် တရားသူကြီးစွေ့ကို မြင်တွေ့ချိန်တွင် မဟန့်တားဝံ့ကြသဖြင့် အလျှင်အမြန်တံခါးဖွင့်ပေးလိုက်သည်။
Chapter 2697
ဝုန်း....
ငရဲနယ်မြေ၏ဂိတ်တံခါး ဖြည်းညှင်းစွာပွင့်သွားကာ မှိန်ဖျော့ဖျော့အလင်းတန်းများ ဖြာထွက်လာသည်။
ဤသည်က ယင်ယန်ကမ္ဘာလောကနှစ်ခု၏ဆုံမှတ်ပင်။သာမာန်အခြေအနေမျိုးတွင် အလွန်အမင်းအရေးကြီးသော ကိစ္စမျိုးမဟုတ်သရွေ့ လူနည်းစုကသာ ဤဂိတ်တံခါးကို ဖွင့်ဝံ့သည်။
သို့ရာတွင် ငရဲနယ်မြေအတွင်း၌ တရားသူကြီးစွေ့၏ရာထူးအဆင့်အတန်းသည် အလွန်အရေးပါပေ၏။ထို့ကြောင့် တစ္ဆေစစ်ဗိုလ်ချုပ်များသည် သူ့အား အပြစ်ပြုဝံ့ခြင်းမရှိသဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ အလျှင်အမြန် တံခါးဖွင့်ပေးလိုက်ကြသည်။
"ငါ တော်ဝင်မြို့တော်ကိုရောက်တာနဲ့ မြေအောက်လောကနတ်ဘုရား ထွက်ပေါ်လာတာကို ချက်ချင်းသတင်းပို့ရမယ်...အခုချိန်မှာ တော်ဝင်နန်းတွင်းက နတ်ဆိုးနတ်ဘုရားတွေ ထွက်ပေါ်လာမှုကို တားမြစ်ကန့်သတ်ထားတယ်...နတ်ဘုရားစာရင်းဝင်တဲ့ နတ်ဘုရားတွေကလွဲလို့ တခြားနတ်ဘုရားတွေကို တော်ဝင်နန်းတွင်းက ပစ်မှတ်ထားပြီး ဖိနှိပ်နေတယ်...မြေအောက်လောကနတ်ဘုရားက အရင်တုန်းကလိုမျိုး ငရဲနယ်မြေတွေကို အပြည့်အဝထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး"
ရူးသွပ်မှုအရိပ်အယောင်များက တရားသူကြီးစွေ့၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
"တရားသူကြီးစွေ့...ဘယ်ကိုသွားမလို့လဲ"
တံခါးအနီးတွင်ရှိနေသော တစ္ဆေစစ်ဗိုလ်ချုပ်တချို့က မေးမြန်းသည်။
ဤအချိန်အခိုက်အတန့်တွင် တရားသူကြီးစွေ့၏စိတ်နှလုံးသားအတွင်း၌ သူ၏အနာဂတ်အစီအစဥ်များဖြင့်သာ ပြည့်နှက်နေသည်။သူသည် ထိုတစ္ဆေစစ်ဗိုလ်ချုပ်များ၏အမေးကို လျစ်လျှူရှုကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"မင်းတို့ ဘာလို့ဒီလောက်ထိ စပ်စုနေရတာလဲ...ထွက်သွားကြစမ်း"
တစ္ဆေစစ်ဗိုလ်ချုပ်များသည် စိတ်ကသိကအောက်ဖြင့်ရယ်မောကာ နံဘေးသို့ အလျှင်အမြန်ဖယ်ပေးလိုက်ကြသည်။
တရားသူကြီးစွေ့သည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ ငရဲနယ်မြေဂိတ်တံခါးမှထွက်သွားရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် သူ ခြေတစ်လှမ်းရှေ့တိုးလိုက်စဥ်မှာပင် အနက်ရောင်ဓားချီတစ်လှိုင်းက သူ၏နောက်မှတိုးဝင်လာကာ သူ၏နှလုံးသားကိုထွင်းဖောက်သွားတော့သည်။
ဘုန်း....
ထိုဓားချီအလင်းတန်းသည် တရားသူကြီးစွေ့၏နှလုံးသားနေရာတွင် ပေါက်ကွဲသွားပေ၏။ထိုပေါက်ကွဲမှုသည် သူ၏ခန္ဓာကိုယ်သာမက စိတ်ဝိညာဥ်ကိုပါ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားစေသည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."
တရားသူကြီးစွေ့၏အသိစိတ်အာရုံ အလျှင်အမြန်ပျက်ပြယ်စပြုလာသည်။
သူ မသေဆုံးမီအချိန်တွင် ကြီးမားသောနောင်တတရားက သူ၏စိတ်နှလုံးသားအတွင်း၌ မြင့်တက်လာပေ၏။
အကယ်၍ သူသည် လုယွီကို ရန်စစော်ကားရန် ထွက်ပေါ်မလာခဲ့မိပါက ဤကဲ့သို့ဖြစ်ရပ်မျိုးနှင့် အဆုံးသတ်ရမည်မဟုတ်ချေ။
"ငါ အစောကြီးကတည်းက သိသင့်တယ်...ဘယ်လိုလုပ်ပြီး သာမာန်လူတစ်ယောက်က မြေအောက်လောကနတ်ဘုရားရဲ့အမွှေးနံသာစွမ်းအားကို လက်ခံနိုင်မှာလဲ...ငါတို့တောင်မှ မြေအောက်လောကနတ်ဘုရားကို ကိုးကွယ်ယုံကြည်သူတွေ ပူဇော်ပသတဲ့ အမွှေးနံသာစွမ်းအားကိုခိုးယူနိုင်ဖို့ အချိန်အတော်ကြာရှာဖွေပြီးမှ နည်းစနစ်တစ်ခုကိုတွေ့ခဲ့ရတာ...."
ဤသည်က နောက်ဆုံးအချိန်အခိုက်အတန့်တွင် တရားသူကြီးစွေ့ သိနားလည်သွားသောအရာပင်။
အမှန်အားဖြင့် သူသည် လုယွီနှင့်ပတ်သတ်၍ တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိရှိထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သို့ရာတွင် တရားသူကြီးစွေ့သည် ငရဲနယ်မြေတွင် အခွင့်အာဏာကြီးသူတစ်ယောက်ဖြစ်ရာ သာမာန်အားဖြင့် မည်သူကမျှ သူ့ကို ရန်စစော်ကားခြင်းမပြုဝံ့ချေ။အချိန်များကုန်လွန်လာသည်နှင့်အမျှ သူသည် မည်သည့်အရာကိုမျှ ဆက်လက်တွေးတောနိုင်ခြင်းမရှိတော့ဘဲ မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
တရားသူကြီးစွေ့၏ရုတ်တရက်သေဆုံးသွားမှုကြောင့် ငရဲနယ်မြေဂိတ်တံခါးကို စောင့်ကြပ်နေသော တစ္ဆေစစ်ဗိုလ်ချုပ်များ အံ့အားသင့်တုန်လှုပ်သွားသည်။
သူတို့က တရားသူကြီးစွေ့ထံအပြေးသွားကာ စစ်ဆေးလိုက်ကြ၏။တရားသူကြီးစွေ့ သေဆုံးသွားခြင်းကို အတည်ပြုပြီးနောက် သူတို့က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်ကြသည်။
"သူ သေသွားတာကောင်းတယ်....ဒီလိုကပ်ဆိုးပေးတဲ့ကောင်မျိုးက စောစောသေသွားလေလေ စောစောငြိမ်းချမ်းသွားလေလေပဲ"
"ဒါက အမှန်ပဲ...ဒီခွေးအိုကြီးက ငါတို့ကို အမြဲတမ်း သူ့ရဲ့ကျွန်တွေလိုဆက်ဆံနေတာ...အခု သူ သေသွားပြီ...ဒါက သူနဲ့ထိုက်တန်တဲ့အရာပဲ"
တစ္ဆေစစ်ဗိုလ်ချုပ်များသည် သေဆုံးနေသောတရားသူကြီးစွေ့၏ခန္ဓာကိုယ်ပေါ်သို့ တံထွေးများထွေး၍ မကျေနပ်ချက်များကို ပြောဆိုနေသည်။
တစ္ဆေစစ်ဗိုလ်ချုပ် တစ်ယောက်တစ်လေမျှ တရားသူကြီးစွေ့အတွက် လက်စားချေလိုကြောင်း မပြောဆိုကြချေ။ဤသည်က ငရဲနယ်မြေအတွင်းတွင် တရားသူကြီးစွေ့၏ပေါင်းသင်းဆက်ဆံရေး မည်မျှထိဆိုးရွားသည်ကို ပြသနေခြင်းပင်။
တစ္ဆေစစ်ဗိုလ်ချုပ်များ အံ့အားတသင့်ပြောဆိုနေစဥ်တွင် ရုတ်တရက် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသောအသံတစ်သံက ကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့လာသည်။
"တစ္ဆေစစ်ဗိုလ်ချုပ်နဲ့ အထက်အဆင့်တွေအားလုံး မြေအောက်လောကနတ်ဘုရားကျောင်း ပင်မခန်းမကို လာခဲ့ကြစမ်း"
ထိုအသံသည် လေထုအတွင်း၌ ပျံ့နှံ့နေကာ အလွန်ကြီးမားသော ဖိအားအရှိန်အဝါမျိုးနှင့် ပြည့်နှက်နေသည်။
"ဒါက ဘယ်သူလဲ...အရှိန်အဝါ ကြီးမားလိုက်တာ"
"ဖြစ်နိုင်တာတော့ တရားသူကြီးစွေ့ကို အဲ့ဒီပုဂ္ဂိုလ်က သတ်လိုက်တာများလား...ငါက ဒီအသံကနေ အရမ်းနက်နဲသိမ်မွေ့တဲ့ ပြိုင်ဘက်ကင်းအရှိန်အဝါမျိုးကို ခံစားမိတယ်"
တစ္ဆေစစ်ဗိုလ်ချုပ်များက မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြ၏။
ဤသည်က လုယွီ၏အသံပင်။
သူသည် နတ်ဘုရားနဂါးဟိန်းသံကို အသုံးပြုလိုက်သဖြင့် သူ၏အသံသည် ငရဲနယ်မြေတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
လုယွီ၏အသံကိုကြားပြီးနောက် သရဲတစ္ဆေများအားလုံးသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပင်မခန်းမဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
ငရဲနယ်မြေ၏နက်ရှိုင်းသောနေရာ၌ ပုန်းအောင်းနေသော သရဲတစ္ဆေများပင်လျှင် လုယွီ၏အသံကို အာရုံခံမိချိန်တွင် သူတို့ပုန်းအောင်းနေသောနေရာများမှ အလျှင်အမြန်ထွက်လာကြ၏။
Chapter 2698
ငရဲနယ်မြေ...မြေအောက်လောကနတ်ဘုရားကျောင်း...
ဤနေရာသည် မြေအောက်လောကနတ်ဘုရားကို ဝတ်ပြုကိုးကွယ်သောနေရာပင်။ထို့ကြောင့် မြေအောက်လောကနတ်ဘုရားကို ပူဇော်ပသလိုသော သရဲတစ္ဆေများသည် ဤနေရာသို့ လာရောက်ကြရ၏။
ကျယ်ဝန်းသောခန်းမကြီး၏အလယ်ဗဟို၌ မြင့်မားသော မြေအောက်လောကနတ်ဘုရားရုပ်ထုကြီးတည်ရှိသည်။ထိုနေရာသို့ သက်ရှိများဝင်ရောက်သွားသည်နှင့် လူသားဖြစ်စေ သရဲတစ္ဆေနှင့်နတ်ဆိုးမှော်သားရဲများဖြစ်စေ သူတို့၏ခေါင်းထက်သို့ ဆင်းသက်လာသော ဖိအားအရှိန်အဝါကို ခံစားရပေမည်။
လုယွီ၏အသံကိုကြားသော တစ္ဆေစစ်ဗိုလ်ချုပ်များအားလုံးသည် သူတို့ရှိနေသောနေရာမှနေ၍ ဘုရားကျောင်းထံသို့ အလျှင်အမြန်ပြေးလာကြသည်။
သူတို့သည် ပင်မခန်းမအတွင်းသို့ ရောက်ရှိသည်နှင့် လက်တင်ကုလားထိုင်ပေါ်တွင်ထိုင်နေသော လုယွီကို မြင်တွေ့မိကြ၏။
ပိုင်မင်ဟန်သည် လုယွီ၏နံဘေးရှိ ထိုင်ခုံပေါ်တွင်ထိုင်နေကာ တခြားတစ္ဆေစစ်ဗိုလ်ချုပ်များက အစေခံများအလား လုယွီ၏နောက်၌ မတ်တတ်ရပ်နေသည်။
"ယန်ကမ္ဘာလောကက အင်မော်တယ်ပါလား...သူက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"
"မြင်းမျက်နှာ...မင်းဘာလုပ်နေတာလဲ...ငါတို့ကို ဆင့်ခေါ်လိုက်တာက ဘယ်သူလဲ"
တစ္ဆေစစ်ဗိုလ်ချုပ်များသည် လုယွီ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော ယန်ချီအရှိန်အဝါများကို အာရုံခံမိချိန်တွင် သူတို့အားလုံး ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်ချောက်ချားသွားသည်။
သိုင်းပညာသူတော်စင်များ၏ သွေးချီများသည် တလိမ့်လိမ့်ဆူပွက်နေပေ၏။သူ၏ခန္ဓာကိုယ်မှ သွေးစက်တစ်စက်စီသည် ဂျင်တစ်ထောင်ခန့်လေးလံသည်။ဤသည်က သရဲတစ္ဆေများနှင့် အလွန်အမင်းကွဲပြားခြားနားသောအချက်ပင်။ထို့ကြောင့် သူတို့သည် ဂရုတစိုက်စူးစမ်းလေ့လာရန် မလိုအပ်ဘဲ အကြည့်တစ်ချက်ဖြင့်ပင် သူတို့နှင့်လုယွီကြားရှိ ကွဲပြားခြားနားချက်ကို တွေ့မြင်နိုင်သည်။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"စီရင်စုသခင်က သေသွားပြီ...ငါတို့က အခုချိန်မှာ အရှင်လုအတွက် တာဝန်ထမ်းဆောင်နေတာ...အခုချိန်ကနေစပြီး ငရဲနယ်မြေမှာရှိတဲ့ အရာအားလုံး အရှင်လုရဲ့အမိန့်အတိုင်း ဆောင်ရွက်ရမယ်...တကယ်လို့ ဒီအမိန့်ကိုငြင်းဆန်ဝံ့တဲ့သူရှိရင် ငါတို့က အဲ့ဒီသူကို အမေးအမြန်းမရှိ ကွပ်မျက်မယ်"
ဘာ...
"အတင့်ရဲလိုက်တာ...မင်းက ဝက်ဝံအသည်းနဲ့ကျားသစ်အူကို စားထားတာများလား...စီရင်စုသခင် ဘယ်မှာလဲ...ငါ စီရင်စုသခင်ကို တွေ့ချင်တယ်"
ဤကဲ့သို့ လက်ခံနိုင်ဖွယ်မရှိသော စကားများကိုကြားချိန်တွင် တစ္ဆေစစ်ဗိုလ်ချုပ်များက တစ်ယောက်ပြီးတစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"စီရင်စုသခင်ကို အရှင်လုက သတ်လိုက်ပြီ....မင်းတို့ ဒီနေရာမှာဆက်နေပြီး စည်းမျဥ်းတွေကိုစောင့်ထိန်းနေလည်း အသုံးမဝင်တော့ဘူး...ဘာလို့ မင်းတို့ရဲ့အနာဂတ်ကို သေသွားတဲ့စီရင်စုသခင်တစ်ယောက်အတွက် စတေးမှာလဲ"
တစ္ဆေစစ်ဗိုလ်ချုပ်များအားလုံး ကြက်သေသေသွားသည်။သူတို့က လုယွီကို ယခင်နှင့်မတူသော မျက်လုံးအကြည့်မျိုးဖြင့် ကြည့်လိုက်ကြ၏။
ဤအရှင်လုဆိုသူသည် စီရင်စုသခင်ကို အမှန်တကယ် သတ်ဖြတ်လိုက်သလော...
စီရင်စုသခင်သည် ငရဲနယ်မြေ၏အစစ်အမှန်အရှင်သခင်ဖြစ်ပြီး အစွမ်းထက်ဆုံးတည်ရှိမှုကြီးဖြစ်သည်။မည်သည်ကြောင့် သူသည် ယန်ကမ္ဘာလောကမှ အင်မော်တယ်တစ်ယောက်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသနည်း။
"ဟီး ဟီး...ငါက စီရင်စုသခင်ရဲ့တည်ရှိမှုကို အာရုံခံလို့မရတော့တာ အံ့အားသင့်စရာမရှိတော့ဘူး....ဒါဆိုရင် သူ့ကို သတ်လိုက်တာ မင်းပေါ့...ဒါပေမယ့် ဒါလည်းကောင်းပါတယ်...ငါကိုယ်တိုင် လုပ်စရာမလိုတော့ဘူး"
ရုတ်တရက် လူအိုကြီးတစ်ယောက်၏အသံက တစ္ဆေစစ်ဗိုလ်ချုပ်များ၏နောက်မှ ထွက်ပေါ်လာသည်။
ထိုအသံသည် ရှေးဟောင်းခေတ်ကာလမှဆင်းသက်လာပုံရကာ အလွန်အမင်းရှေးကျသောအရှိန်အဝါများနှင့် ပြည့်နှက်နေသည်။ထိုအသံပိုင်ရှင်သည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မွန်းစတားအိုကြီးတစ်ကောင်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။
တစ္ဆေစစ်ဗိုလ်ချူပ်များ၏နောက်မှနေ၍ အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော ဆံဖြူသရဲတစ္ဆေတစ်ကောင် လျှောက်လှမ်းထွက်လာသည်။သူသည် ပိန်ပါးကာ သူ၏အရိုးအဆစ်များသည် လူသားများထက် များစွာပို၍ပြန့်ကားပေ၏။သူ၏မျက်လုံးသည် မင်ကဲ့သို့မည်းနက်နေကာ မည်သည့်အဖြူရောင်တစွန်းတစိမျှရှိမနေချေ။
ထိုဆံဖြူသရဲတစ္ဆေအိုကြီး၏နံဘေးပတ်လည်တွင် တည်ကြည်လေးနက်သော ယင်ချီစွမ်းအင်များ ဝိုင်းရံနေသည်။ထိုယင်ချီစွမ်းအင်များသည် တစ်ခါတစ်ရံ ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်အဖြစ်ပြောင်းလဲ၍ တစ်ခါတစ်ရံ ရှုရာအဖြစ်သို့ ပြောင်းလဲကာ ကျယ်လောင်စွာ ဟိန်းဟောက်နေကြ၏။
"ဒါက တစ္ဆေဘုရင်ရွှယ်စုံပဲ"
"သူက အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့တဲ့ တစ္ဆေဘုရင်ပဲ....ငရဲနယ်မြေရဲ့နက်ရှိုင်းတဲ့နေရာမှာ သူ ပုန်းအောင်းပြီးကျင့်ကြံနေတာ အချိန်အတော်ကြာနေပြီ...အခုချိန်ကျမှ သူ ထွက်လာမယ်လို့ ငါ ထင်မထားမိဘူး"
"ပြန်တွေးကြည့်ရင် ဒီတစ္ဆေဘုရင်က တော်တော်ကြောက်ဖို့ကောင်းတယ်...သူက စီရင်စုသခင်ကိုဖြုတ်ချဖို့တောင် စီစဥ်ခဲ့တာ...နောက်ပိုင်းမှာ စီရင်စုသခင်က မြေအောက်လောကနတ်ဘုရားရဲ့စွမ်းအားနဲ့ သူ့ကို နှိမ်နင်းခဲ့ရတယ်...သူက ဒီနေရာမှာ ထပ်ပြီးပေါ်လာလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ...သူ့ရဲ့ခွန်အားက အရင်ကထက်တောင်ပိုပြီး တုန်လှုပ်ချောက်ချားဖို့ကောင်းလာတယ်"
ပင်မခန်းမအတွင်း၌ မတ်တတ်ရပ်နေသော တစ္ဆေစစ်ဗိုလ်ချုပ်များသည် သူ့အား မဟန့်တားဝံ့ကြချေ။သူတို့သည် တစ္ဆေဘုရင်ရွှယ်စုံအတွက် အလျှင်အမြန် လမ်းဖွင့်ပေးလိုက်ကြ၏။
တစ္ဆေဘုရင်ရွှယ်စုံ ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ခန်းမအတွင်း၌ သတ်ဖြတ်လိုခြင်းအရှိန်အဝါများနှင့် ပြည့်နှက်သွားသည်။
"မင်းက စီရင်စုသခင်ကိုသတ်ခဲ့တယ်...ဒါက ကြီးမားတဲ့အောင်မြင်မှုကြီးပဲ...ဒါပေမယ့် မင်းက အခုချိန်မှာ အကန့်အသတ်အခြေအနေကို ရောက်နေလောက်ပြီ...အခုချက်ချင်း မင်း ငါ့ရှေ့မှာ ဒူးထောက်အညံခံစမ်း...ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
Chapter 2699
တစ္ဆေဘုရင်ရွှယ်စုံ သူ၏ပါးစပ်ကိုဖွင့်ဟ၍ စကားပြောဆိုလိုက်စဥ်တွင် သူ၏မျက်နှာပေါ်၌ အရေးအကြောင်းများ ထင်ဟပ်နေသည်။သူ့ကိုကြည့်ရသည်မှာ လူကောင်းတစ်ယောက်နှင့် မတူညီချေ။
မူလက စကားပြောဆိုရန် ကြံရွယ်နေသော မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်သည် တစ္ဆေဘုရင်ရွှယ်စုံ၏အရှိန်အဝါကို မြင်တွေ့ချိန်တွင် နာခံရို့ကျိုးစွာဖြင့် သူ၏ပါးစပ်ကိုပိတ်လိုက်၏။
ဤသည်က ငရဲနယ်မြေတွင် သတ်ဖြတ်ခြင်းနတ်ဘုရားအဖြစ် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သူပင်။မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်သည် လုယွီထံတွင် သစ္စာခံထားသော်လည်း သူသည် တစ္ဆေဘုရင်ရွှယ်စုံကို မပြစ်မှားဝံ့ချေ။
လုယွီသည် တစ္ဆေဘုရင်ရွှယ်စုံကို တုံ့ပြန်ပြောဆိုခြင်းမပြုပေ။
သူက ပတ်ဝန်းကျင်ရှိလေဟာနယ်ကို ဝေ့ဝိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"မင်းတို့အားလုံး ရောက်နေမှတော့...ထွက်လာခဲ့ကြတော့"
လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ လှိုင်းဂယက်များ ပျံ့နှံ့သွားသည်။
လေဟာနယ် ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားမှုနှင့်အတူ တုန်လှုပ်ချောက်ချားဖွယ်ပုံရိပ်ကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
"တစ္ဆေဘုရင် ကျိုးယောင်...ဟန်မြစ်တစ္ဆေဘုရင်..."
ထိုပုံရိပ်များအားလုံးသည် ငရဲနယ်မြေ၏တစ္ဆေဘုရင်များပင်။
သူတို့သည် ငရဲနယ်မြေအတွင်း၌ အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော တည်ရှိမှုကြီးများဖြစ်သည်။စီရင်စုသခင်တည်ရှိနေမှုကြောင့် သူတို့သည် တိတ်တဆိတ်ပုန်းအောင်းနေရန် ဆုံးဖြတ်ခဲ့ကြ၏။
"ဂျီး ဂျီး ဂျီး...ငါက စီရင်စုသခင်ရဲ့တည်ရှိမှုကို အာရုံခံလို့မရတော့ဘူး...ကြည့်ရတာတော့ တစ်ယောက်ယောက်က သူ့ကိုသတ်လိုက်ပုံပဲ"
"သူက မြေအောက်လောကနတ်ဘုရားရဲ့စွမ်းအားကို ထိန်းချုပ်ပြီး အသုံးပြုနေတဲ့ အမှိုက်ကောင်ပဲ...သူက တခြားသူ သတ်တာတောင် ခံလိုက်ရသေးတယ်....သူက မိုးကောင်းကင်ရဲ့လက်ဆောင်ကို ဖြုန်းတီးနေတာပဲ...ဒီလိုအမှိုက်ကောင်မျိုးသေသွားတာ ဘာမှသနားစရာမရှိဘူး"
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကောင်းကင်ယံအတွင်း၌ တစ္ဆေဘုရင်ရှစ်ကောင် ထွက်ပေါ်လာသည်။
သူတို့သည် အမှောင်ထုအတွင်း၌ပုန်းအောင်း၍ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။
လုယွီနှင့်ငရဲနယ်မြေအရှင်သခင်တို့ တိုက်ခိုက်ပြီးနောက် နှစ်ယောက်လုံး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသွားချိန်မှသာ သူတို့က အကျိုးအမြတ်ဝင်ယူရန် တွေးတောထားခြင်းဖြစ်သည်။
လုယွီက ထိုင်ခုံပေါ်၌တည်ငြိမ်စွာ ထိုင်နေရင်းမှ သူ့ရှေ့ရှိ တစ္ဆေဘုရင်တစ်စုကို ကြည့်လိုက်၏။
"ငါ ငရဲနယ်မြေကိုဝင်လာတဲ့အချိန်တုန်းက လက်ခံနိုင်လောက်တဲ့ အစွမ်းထက်ကျင့်ကြံသူမရှိတာ အံ့အားသင့်စရာ မလိုတော့ဘူး....အခုကြည့်ကြည့်တော့မှ မင်းတို့က ပုန်းအောင်းနေကြတာပဲ...မင်းတို့ပုန်းအောင်းနေတာကို ငါ မရှာနိုင်ဘူးလို့ မင်းတို့က တကယ်ကြီးထင်နေကြတာလား"
"ဟား ဟား ဟား...ကောင်လေး...မင်းမှာ အရည်အချင်းတချို့ရှိတာကိုတော့ ငါတို့ဝန်ခံတယ်...မင်းက စီရင်စုသခင်ကိုတောင် သတ်နိုင်တယ်...ကြည့်ရတာတော့ မင်းက ယန်ကမ္ဘာလောကမှာလည်း အဆင့်အတန်းမြင့်တဲ့သူတစ်ယောက် ဖြစ်မယ်...ဒါပေမယ့် စီရင်စုသခင်ကို ငရဲနယ်မြေကနေ အရမ်းကြီးမားတဲ့ ယင်ချီစွမ်းအားတွေ ထောက်ပံပေးထားတယ်...ဒါကြောင့် မင်း သူ့ကို အလွယ်တကူ သတ်လို့ရမှာမဟုတ်ဘူး...အခုချိန်မှာ မင်းက မီးစာကုန်ဆီခမ်းနေပြီးတော့ အကန့်အသတ်အခြေအနေကို ရောက်နေလောက်ပြီ"
တစ္ဆေဘုရင်ရွှယ်စုံက ကောက်ကျစ်ယုတ်မာသော ရယ်သံမျိုးဖြင့် ရယ်မောလိုက်၏။
"ငါက မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို သဘောကျတယ်...မင်းရဲ့စိတ်ဝိညာဥ်ကို ငါ ဖျက်ဆီးပြီးတာနဲ့ မင်းရဲ့ရုပ်ခန္ဓာကိုယ်က ငါ့အပိုင်ပဲ"
"ငါက သူ့ဆီမှာရှိတဲ့ မှော်ရတနာကို လိုချင်တယ်"
"သူ ခုဏက အသုံးပြုသွားတဲ့ နဂါးနက်လက်သည်းက ပြီးပြည့်စုံတဲ့ကျင့်ကြံနည်းစနစ် ဖြစ်ပုံရတယ်...ငါ အဲ့ဒီကျင့်ကြံနည်းစနစ်ကို လိုချင်တယ်"
"ဟီး ဟီး...ငါ့အထင်တော့ သူ့ရဲ့ဘေးမှာရှိတဲ့ မိန်းကလေးက မဆိုးဘူး...ငါ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မယ်"
တစ္ဆေဘုရင်များသည် အထိန်းအကွပ်မဲ့စွာဖြင့် ပြောဆိုနေကြကာ မကြာမီမှာပင် သူတို့၏ခွဲတမ်းချမှု အဆုံးသတ်သွားခဲ့သည်။
လုယွီက ထိုတစ္ဆေဘုရင်များကို ကြည့်လိုက်၏။
"ဒါဆိုရင် မင်းတို့က ငါ့ကိုသတ်နိုင်မယ်လို့ ယုံကြည်မှုရှိနေကြတာလား...မင်းတို့မွန်းစတားအိုကြီးတွေက ဘဝသက်တမ်းရဲ့အဆုံးသတ်အချိန်ကို ရောက်နေမှာကို ငါ စိုးရိမ်မိတယ်....အမှန်ဆိုရင် မင်းတို့က ပုန်းအောင်းနေပြီးတော့ မင်းတို့ရဲ့သက်တမ်းကို မြှင့်တင်နိုင်မယ့်နည်းလမ်းကို ရှာသင့်တာ...ဘာလဲ...မင်းတို့က ရုတ်တရက်ကြီးထွက်လာပြီးတော့ မြန်မြန်သေချင်နေကြတာလား"
ယင်ကမ္ဘာလောကတွင်လည်း သက်တမ်းအကန့်အသတ်ရှိသည်။
ယင်သက်တမ်းကုန်ဆုံးသွားချိန်တွင် သူတို့၏စိတ်ဝိညာဥ်သည် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းအတွင်းသို့ဝင်ရောက်ကာ နောက်ထပ်ဘဝသစ်တစ်ခုကို စတင်ရပေမည်။
အကယ်၍ တစ်စုံတစ်ယောက်သည် သူ့ကိုယ်သူဖိအားပေး၍ ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းအတွင်းသို့ မဝင်ရောက်ပါက သူ၏စိတ်ဝိညာဥ် ပျက်စီးသွားပေလိမ့်မည်။
လုယွီသည် မူလက ထိုမွန်းစတားအိုကြီးများကို တို့ထိရန် အစီအစဥ်မရှိသော်လည်း သူတို့က ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်လာကြ၏။
"ယန်ကမ္ဘာက အင်မော်တယ်...မင်း ငါတို့ကို ခြောက်လှန့်နေစရာမလိုဘူး...အခုချိန်မှာ မင်းက အရမ်းအားနည်းနေလောက်ပြီ...အခု မင်းမှာ မတ်တတ်ထရပ်ဖို့တောင် အင်အားမရှိတော့ဘူးမလား...ငါက မင်းကို ငါတို့ငရဲနယ်မြေရဲ့အင်အားကိုသိအောင် ပြပေးမယ်"
တစ္ဆေဘုရင်ရွှယ်စုံက အရင်ဆုံးတိုက်ခိုက်လိုက်၏။သူ၏လက်တွင် တလိမ့်လိမ့်ထနေသောယင်ချီများ တွယ်ကပ်နေကာ သူက လုယွီထံဦးတည်၍ ဖမ်းဆုပ်လိုက်သည်။
သူ၏တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော စွမ်းအားအရှိန်ကြောင့် ငရဲနယ်မြေတစ်ခုလုံးပင် တုန်ခါသွားသည်။
သူ၏ခွန်အားသည် စီရင်စုသခင်ထက် အဆများစွာ ပို၍သန်မာအားကောင်းပေ၏။
Chapter 2700
"မကောင်းတော့ဘူး...ဒီမွန်းစတားအိုကြီးက အရမ်းအစွမ်းထက်တယ်...သူက ဒီနှစ်တွေအတွင်းမှာ ငြိမ်သက်နေခဲ့တာ...သူ ဒီအဆင့်ထိ ကျင့်ကြံထားနိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
လုယွီထံတွင် သစ္စာခံထားသော တစ္ဆေစစ်ဗိုလ်ချုပ်များသည် သူတို့ရှေ့ရှိ ဧရာမအနက်ရောင်လက်ကြီးကို မြင်လိုက်သောအချိန်အခိုက်အတန့်တွင် ထိတ်လန့်ကြောက်ရွံသွားကြ၏။
တစ္ဆေဘုရင်ရွှယ်စုံ၏လက်သည် လုယွီကို ဖမ်းဆုပ်မိလုဆဲဆဲ အခြေအနေမျိုးသို့ ရောက်ရှိနေခြင်းကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
ဘုန်း...
ရုတ်တရက် တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းတစ်ခုက လူတိုင်း၏ရှေ့၌ ထွက်ပေါ်လာသည်။
ဧရာမအနက်ရောင်လက်ကြီးသည် လုယွီ၏ရှေ့ မီတာအနည်းငယ်ခန့်အကွာတွင် မရွေ့လျားနိုင်တော့ချေ။
လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် မမြင်နိုင်သော လေလှိုင်းတစ်ရပ် လှည့်ပတ်နေကာ ထိုဧရာမအနက်ရောင်လက်ကြီးကို အပြည့်အဝပိတ်ဆို့ဟန့်တားထားသည်။ထို့ကြောင့် လုယွီထံသို့ မည်သည့်စွမ်းအားမျှ ကျရောက်လာခြင်းမရှိပေ။
"ဒါဆို မင်းမှာ စွမ်းအားတချို့ ကျန်နေသေးတယ်ပေါ့...အားလုံးပဲ ဘာမှထိန်ချန်မထားကြနဲ့...ငါတို့အားလုံး အတူပူးပေါင်းပြီး သူ့ကိုသတ်ကြရအောင်"
သူတို့သည် အချိန်အတော်ကြာသည်အထိ နာမည်တစ်လုံးထင်ကျန်ရစ်သော မွန်းစတားအိုကြီးများပင်။သူတို့သည် မောက်မာဝံ့ကြွားသူများဖြစ်သည့်တိုင် လူငယ်များကဲ့သို့မဟုတ်ဘဲ အကန့်အသတ်ရှိသည်။
လုယွီသည် သူ၏တိုက်ခိုက်မှုကို လွယ်လင့်တကူ ပိတ်ဆို့ဟန့်တားနိုင်ခဲ့လေ၏။ဤသည်က လုယွီထံတွင် ခွန်အားများကျန်ရှိနေသေးသည်ဟု ဆိုလိုခြင်းဖြစ်သည်။
စီရင်စုသခင်ကိုပင် သတ်နိုင်ခဲ့သော လူတစ်ယောက်ကို ရင်ဆိုင်ရန်အတွက် သူတို့အားလုံး ခွန်အားကုန်သုံးရန်လိုအပ်သည်။
"ကောင်းပြီလေ...ငါတို့အတူပူးပေါင်းပြီး တိုက်ကြတာပေါ့...ကောင်လေး..ငါတို့အားလုံးရဲ့လက်ထဲမှာ သေရတဲ့အတွက် မင်း ဂုဏ်ယူသင့်တယ်"
တခြားတစ္ဆေဘုရင်ရှစ်ကောင်ကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကြရာ သူတို့၏အသံသည် မိုးခြိမ်းသံကဲ့သို့ တုန်ခါနေပေ၏။
တစ္ဆေဘုရင်တစ်ယောက်စီသည် အလွန်အမင်း အစွမ်းထက်သည်။သူတို့၏မှော်စွမ်းအားများကို တစ်ချိန်တည်း လှည့်ပတ်လိုက်သည့်အချိန်တွင် ငရဲနယ်မြေအထက်ရှိကောင်းကင်ယံ သိသိသာသာ အရောင်ပြောင်းလဲသွားသည်။
"ဒါလည်း ကောင်းတာပဲ...ငါ မင်းတို့အားလုံးကို တစ်ခါတည်း အမြစ်ဖြတ်နိုင်တာပေါ့...နောင်တစ်ချိန်မှာ မင်းတို့ ထပ်ပြီးပြဿနာရှာမှာကို ငါ စိုးရိမ်နေစရာမလိုတော့ဘူး"
အေးစက်စက်အလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။သူ၏လက်ကိုဆန့်ထုတ်လိုက်ရာ ရွှေရောင်အလင်းတန်းများက သူ၏လက်ဝါးကို လွှမ်းခြုံသွားလေ၏။
ထိုလက်ဝါးသည် ရွှေဖြင့်သွန်းလုပ်ထားသည့်အလား ရွှေရောင်အလင်းတန်းများဖြင့် တဖျတ်ဖျတ်တောက်ပနေသည်။
လုယွီ၏လက်ဝါးအတွင်း၌ မှော်စွမ်းအားများ စုစည်းသွားခြင်းနှင့်အတူ ကောင်းကင်ယံအတွင်း၌ ရှေးဟောင်းခေတ်မှဆင်းသက်လာပုံရသော နတ်ဘုရားများနှင့်အင်မော်တယ်များ၏ ရှေးကျသောမှော်မန္တန်ရွတ်ဆိုသံသဲ့သဲ့ ထွက်ပေါ်နေလေ၏။
ဤလက်ဝါးတွင် ရှေးဟောင်းကောင်းကင်ဘုံနန်းတော်မှစွမ်းအားများ ပါဝင်နေသည်။
ထို့နောက် လုယွီက လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး....
ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး ပျံသန်းလာကာ လေထုအတွင်း၌ အဆထောင်သောင်းချီ၍ ပြန့်ကားသွားပြီးနောက် တစ္ဆေဘုရင်ကိုးယောက်၏မှော်မန္တန်များအားလုံးကို ဖျက်ဆီးလိုက်၏။
"ဘာလဲ...သူ့မှာ ဒီလိုစွမ်းအားမျိုး ကျန်သေးတာလား"
တစ္ဆေဘုရင်ရွှယ်စုံနှင့်တခြားတစ္ဆေဘုရင်များအားလုံး ထိတ်လန့်ကြောက်ရွံသွားသဖြင့် သူတို့၏မျက်နှာများ ဖြူရော်သွားသည်။
ယခုလက်ရှိချိန်တွင် လုယွီ အလွန်အမင်းအားနည်းနေမည်ဟု သူတို့အားလုံးတွေးထင်ထားကြသည်။လုယွီသည် ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားမျိုးကို ထုတ်ဖော်အသုံးပြုန်ုင်မည်ဟု သူတို့အားလုံး အနည်းငယ်မျှပင် မျှော်လင့်ထားမိခြင်းမရှိချေ။
ထိုက်ယွမ်လက်ဝါး၏အောက်တွင် တစ္ဆေဘုရင်များသည် သူတို့ကိုယ်သူတို့ အလွန်အမင်းသေးငယ်နေသကဲ့သို့ ခံစားနေရ၏။သူတို့သည် ကောင်းကင်ယံအတွင်း၌ ဖုန်မှုန့်အစက်အပျောက်လေးများနှင့် တူညီနေကာ ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။
"အင်မော်တယ်...ကျွန်တော်က အရှင်ဆီမှာ အညံခံပြီး အရှင့်ရဲ့ကျွန်လုပ်ဖို့ ဆန္ဒရှိပါတယ်...ကျွန်တော်ကို မသတ်ပါနဲ့"
သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် တစ္ဆေဘုရင်ရွှယ်စုံက အသနားခံတောင်းပန်လေသည်။
တခြားတစ္ဆေဘုရင်များကလည်း တွေဝေတုံဆိုင်းခြင်းမရှိဘဲ သူတို့က ရို့ကျိုးနှိမ့်ချမှုအရှိဆုံးလေသံကို အသုံးပြု၍ လုယွီကို အသနားခံတောင်းပန်ကြသည်။
ဤမွန်းစတားအိုကြီးများအတွက် အရှက်ရမှုသည် အရေးမကြီးချေ။သူတို့ ဤအဆင့်ထိရောက်အောင် ကျင့်ကြံခဲ့ရသည်မှာ မလွယ်ကူသဖြင့် သူတို့သည် သေဆုံးသွားရန် ဆန္ဒမရှိပေ။
အကယ်၍ သူတို့သည် လုယွီ၏ကျွန်အဖြစ်နှင့် နေရမည်ဆိုလျှင်ပင် သူတို့ လက်ခံနိုင်သည်။
"မင်းတို့ရည်မှန်းချက်ကြီးတဲ့ကောင်တစ်သိုက်က ငါ့ရဲ့ကျွန်ဖြစ်ဖို့ မထိုက်တန်ဘူး...မင်းတို့က သေဖို့ ဒီနေရာကို ထွက်လာမှတော့ ငါ့ကိုအပြစ်မတင်နဲ့"
လုယွီ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။ဤတစ်ကြိမ်တွင် သူသည် အနည်းငယ်မျှပင် လက်တွန့်ခြင်းမရှိဘဲ ထိုက်ယွမ်လက်ဝါးကို အောက်သို့ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။
အစွမ်းထက်သောမှော်စွမ်းအားလက်ဝါးပုံရိပ်ယောင်ကြီးက တစ္ဆေဘုရင်များပေါ်သို့ ကျရောက်သွားသည်။
တုန်လှုပ်ချောက်ချားနေသော တစ္ဆေဘုရင်များသည် ထိုလက်ဝါးစွမ်းအားဖြင့် ရိုက်နှက်ခံရပြီးနောက် ချက်ချင်းဆိုသလိုပင် သွေးမြူများအဖြစ်ပြောင်းလဲကာ လေထုအတွင်း၌ လွင့်ပြယ်သွားတော့သည်။