အခန်း (၂၇၀၁-၂၇၀၅)
Vol. 138 Ch. 2701-2705
Chapter 2701
တစ္ဆေဘုရင်ရွှယ်စုံအပါအဝင် တစ္ဆေဘုရင်ကိုးယောက် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့လေ၏။
ဤသည်က လုံးလုံးလျားလျား သေဆုံးသွားခြင်းဖြစ်ပြီး သူတို့၏စိတ်ဝိညာဥ်များသည် ကမ္ဘာလောကအတွင်းမှ အပြီးတိုင်ပျောက်ကွယ်သွားကာ သူတို့သည် ထပ်မံ၍တည်ရှိနိုင်တော့မည်မဟုတ်ချေ။
တစ္ဆေဘုရင်အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်သူများသည် သရဲတစ္ဆေများကြားတွင် ထိပ်သီးကျင့်ကြံသူများဖြစ်ပြီး အကောင်တစ်သန်းတွင် တစ်ကောင်သာရှိသည်။
သူတို့ ဤအဆင့်ထိရောက်အောင် ကျင့်ကြံလာခဲ့ရသည်မှာ မလွယ်ကူချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့အားလုံး ရုတ်တရက်ဆန်စွာ သေဆုံးသွားသဖြင့် ကြွင်းကျန်သောသရဲတစ္ဆေများအားလုံး အလွန်အမင်း တုန်လှုပ်ချောက်ချားနေကြ၏။
မူလက လုယွီသည် စီရင်စုသခင်ကို ကံကောင်း၍သာ သတ်နိုင်ခဲ့သည်ဟု သူတို့အားလုံး တွေးထင်ခဲ့ကြသည်။ယခုလက်ရှိချိန်၌ ထိုကဲ့သို့အတွေးမျိုး မည်သည့်သရဲတစ္ဆေထံတွင်မျှ မရှိတော့ချေ။
လုယွီသည် သူ၏ကိုယ်ပိုင်ခွန်အားကိုမှီခို၍ စီရင်စုသခင်ကို လွယ်လင့်တကူ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
"ယန်ကမ္ဘာလောကက အင်မော်တယ်က အရမ်းအစွမ်းထက်တာပဲ"
"အဲ့ဒီရူးသွပ်နေတဲ့ မွန်းစတားအိုကြီးတွေက နောက်ကွယ်ကနေ ဘယ်လိုလှည့်စားရမယ်ဆိုတာကိုပဲသိတာ...ဒါပေမယ့် မြင့်မြတ်တဲ့အင်မော်တယ်ရဲ့ရှေ့မှာ အဲ့ဒီမွန်းစတားအိုကြီးတွေရဲ့လှည့်ကွက်တွေက အသုံးမဝင်ခဲ့ဘူး"
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်တို့အုပ်စုသည် အလွန်ရို့ကျိုးနှိမ့်ချသော အမူအယာများဖြင့် လုယွီကို ပျာပျာသလဲ လာရောက်နှုတ်ဆက်ကြ၏။
ခန်းမအတွင်း၌ရှိနေသော တစ္ဆေစစ်ဗိုလ်ချုပ်များလည်း ကြက်သေသေသွားသည်။
သူတို့သည် ယန်ကမ္ဘာလောကမှအင်မော်တယ် မည်မျှထိအစွမ်းထက်သည်ကို သိရှိလိုသဖြင့် နံဘေးဘက်မှစောင့်ကြည့်နေကြခြင်းဖြစ်သည်။
သို့ရာတွင် တစ္ဆေဘုရင်ကိုးကောင်သည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာပင် တောင့်မခံနိုင်ဘဲ အလျှင်အမြန် သေဆုံးသွားမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
ဤကဲ့သို့ကွာဟချက်ကြောင့် တစ္ဆေစစ်ဗိုလ်ချုပ်များသည် နေရာမှာပင် ကြက်သေသေနေကာ မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိကြတော့ပေ။
"အဲ့ဒီတစ္ဆေဘုရင်တွေရဲ့စွမ်းအားက ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်မှာရှိတယ်...ဒါပေမယ့် သူတို့က ရွှယ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်ကို မရောက်သေးဘူး"
လုယွီသည် တစ္ဆေဘုရင်များ၏စွမ်းအားအဆင့်ကို ထွင်းဖောက်မြင်ပြီးနောက် အနည်းငယ်မျှပင် အလေးအနက်ထားခဲ့ခြင်းမရှိချေ။
တစ္ဆေဘုရင်ကိုးကောင်ကို သတ်ဖြတ်ချိန်တွင် သူသည် ထိုင်ခုံပေါ်တွင်သာထိုင်နေပြီး မတ်တတ်ထရပ်ခြင်းပင်မပြုပေ။
ယခုလက်ရှိနေရာတွင်ရှိနေသော တစ္ဆေစစ်ဗိုလ်ချုပ်များ အားလုံးကိုကြည့်ပြီး လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ငါ ဒီနေရာကိုလာတာ သေဆုံးချိန်မတန်သေးတဲ့ စိတ်ဝိညာဥ်တစ်ခုကို ခေါ်ထုတ်ဖို့ပဲ...ငါ သတ်ဖြတ်မှုတွေအများကြီး မလုပ်ချင်ဘူး...ဒီနေ့ကနေစပြီး မင်းတို့အားလုံး မြင်းမျက်နှာရဲ့အမိန့်ကို နားထောင်ရမယ်...သူက ငရဲနယ်မြေရဲ့အရှင်သခင်အသစ်ပဲ"
မြင်းမျက်နှာ၏ခန္ဓာကိုယ်တုန်ရီသွားကာ သူက ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။
"မြင့်မြတ်တဲ့အင်မော်တယ်...ကျွန်တော်ရဲ့ကျင့်ကြံဆင့်က အရမ်းနိမ့်တယ်...ဒီလိုအရေးကြီးတဲ့ရာထူးနေရာမျိုးကို ကျွန်တော် တာဝန်ယူနိုင်မှာမဟုတ်ဘူး"
သူသည် သူ၏အကန့်အသတ်ကို ကောင်းစွာသိရှိထားသည်။စီရင်စုသခင်နေရာကိုရရှိရန်အတွက် အစွမ်းထက်သော တစ္ဆေဘုရင် မည်မျှထိများများ ချောင်းမြောင်းနေမည်ကို သူ မသိရှိချေ။
တစ္ဆေဘုရင်ကိုးကောင် ထွက်ပေါ်လာခဲ့သည်မှာ သေးငယ်သောကိစ္စတစ်ခုသာဖြစ်သည်။ငရဲနယ်မြေ၏နက်ရှိုင်းသောနေရာ၌ အစွမ်းထက်သောတစ္ဆေဘုရင် အမြောက်အများ ပုန်းအောင်းနေကြ၏။
သူသည် လုယွီ၏နောက်သို့ ပထမဆုံးလိုက်ခဲ့သော တစ္ဆေစစ်ဗိုလ်ချုပ်ပင်။သို့ရာတွင် လုယွီ ထွက်သွားသည်နှင့် သူ၏ကောင်းမွန်သောနေ့ရက်များ အဆုံးသတ်သွားပေမည်။
အကယ်၍ တစ္ဆေဘုရင်များသည် သူ၏နေရာကို ရယူလိုပါက အနည်းငယ်မျှပင် တွန့်ဆုတ်နေမည်မဟုတ်ချေ။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။
"ဘာမှစိတ်ပူမနေနဲ့...ဒါက ကိစ္စငယ်လေးတစ်ခုပဲ"
သူက ရုတ်တရက် သူ၏လက်ကိုဆန့်ထုတ်ကာ မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ် မတ်တတ်ရပ်နေသောနေရာ၏နောက်ရှိ လေဟာနယ်ကို ဖိနှိပ်လိုက်သည်။
ထိုလေဟာနယ် ရုတ်တရက်ချိုင့်ဝင်သွားကာ ကြီးမားသောလေဟာနယ်ဆုတ်ဖြဲမှုကြီး ဖြစ်ပေါ်လာသည်။
တစ္ဆေဘုရင်ကိုးကောင်၏ကြွင်းကျန်နေသော မှော်စွမ်းအားများသည် အပြည့်အဝပျက်ပြယ်သွားခြင်း မရှိသေးဘဲ လေထုအတွင်း၌ မျောလွင့်နေဆဲပင်။
လုယွီက ထိုစွမ်းအားများကိုဖမ်းဆုပ်ကာ မြင်းမျက်နှာစစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်ပေါ်သို့ ပစ်လွှတ်လိုက်သည်။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ် တုန်ရီသွားသည်။ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ယင်ချီစွမ်းအားများ တလိမ့်လိမ့်ထလာကာ သူ၏အရှိန်အဝါ တည်ငြိမ်စွာ မြင့်တက်လာသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားလေ၏။
ဝုန်း...
ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်၏ ခန္ဓာကိုယ်အတွင်းရှိ ယင်ချီများသည် ပို၍အစွမ်းထက်သောယင်ချီစွမ်းအားများအဖြစ် ပြောင်းလဲစပြုလာသည်။
ဤအသွင်ပြောင်းခြင်းသည် မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်ကို အသစ်တဖန် ပြန်လည်မွေးဖွားပေးလိုက်သကဲ့သို့ပင်။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်သည် တစ္ဆေဘုရင်ကိုးကောင် ကြွင်းကျန်ခဲ့သော ယင်ချီစွမ်းအားများကို အမှီသဟဲပြု၍ တစ္ဆေဘုရင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေပြီ။
တခြားတစ္ဆေစစ်ဗိုလ်ချုပ်များသည် တုန်လှုပ်ချောက်ချားစွာဖြင့် ဤမြင်ကွင်းကိုကြည့်ကာ ကြက်သေသေနေကြ၏။ဤသည်က ရှေးဟောင်းမှတ်တမ်းများအတွင်း၌ မှတ်တမ်းတင်ထားသော မြေအောက်လောကနတ်ဘုရား၏နည်းစနစ်ပင်။
Chapter 2702
သရဲတစ္ဆေတစ်ကောင်အတွက် တစ္ဆေဘုရင်ဖြစ်ရန် မဆိုထားနှင့် တစ္ဆေစစ်ဗိုလ်ချုပ်ဖြစ်ရန်ပင် မလွယ်ကူချေ။
သန်းနှင့်ချီသောသရဲတစ္ဆေများအကြားမှနေ၍ တစ္ဆေဘုရင်တစ်ကောင် မွေးဖွားလာစေရန် အနည်းဆုံး နှစ်ထောင်နှင့်ချီ၍ ကျင့်ကြံရသည်။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်သည် ငရဲနယ်မြေအတွင်းရှိ တစ္ဆေစစ်ဗိုလ်ချုပ်များအကြား၌ ထူးချွန်သူတစ်ယောက်မဟုတ်ချေ။သူသည် ဘဝသက်တမ်းအကန့်အသတ်အချိန်သို့ ရောက်လျှင်ပင် တစ္ဆေဘုရင်ဖြစ်မည်မဟုတ်ဟု ဆိုနိုင်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တစ္ဆေဘုရင်အဆင့်သို့ ရောက်ရှိသွားလေပြီ။
တခြားတစ္ဆေစစ်ဗိုလ်ချုပ်များအားလုံး မနာလိုအားကျသောအကြည့်မျိုးဖြင့် သူ့ကို စူးစိုက်ကြည့်နေကြ၏။
နောက်ပိုင်းမှရောက်လာသော တစ္ဆေစစ်ဗိုလ်ချုပ်များသည် လုယွီ၏နောက်ခံအဆင့်အတန်းကို မသိရှိချေ။သို့ရာတွင် လုယွီ ထုတ်ဖော်ပြသခဲ့သောစွမ်းအားသည် သူတို့ အညံခံစေရန် လုံလောက်သည်။
"ငါ့ရဲ့ခွန်အားတွေ အဆများစွာတိုးတက်လာပြီးတော့ ငါ အခု ဘာမဆိုလုပ်နိုင်တော့မယ်လို့ ခံစားမိတယ်"
မြင်းမျက်နှာစစ်ဗိုလ်ချုပ်က အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
သူသည် လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကာ လေဟာနယ်အတွင်းသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
တလိမ့်လိမ့်ထနေသော ယင်ချီစွမ်းအားများက အစွမ်းထက်သော အားလှိုင်းတစ်ရပ်အဖြစ် ပြောင်းလဲသွားကာ ကျယ်လောင်သောတုန်ခါသံကြီးနှင့်အတူ လေဟာနယ်အတွင်း၌ ကြီးမားသောချိုင့်ကြီးတစ်ခု ထွက်ပေါ်လာလေ၏။
ဝုန်း....
ဘုရားကျောင်း၏နောက်ရှိ မြေကွက်လပ်ပေါ်တွင် ကြီးမားသော အနက်ရောင်လက်ဝါးရာကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ထိုလက်ဝါးရာကြီးမှနေ၍ အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်နေကာ မြေပြင်တစ်ခုလုံး လုံးလုံးလျားလျား မည်းနက်သွားတော့သည်။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်၏စိတ်နှလုံးသားတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ဤသည်က သူ ယခင်က တစ်ကြိမ်တစ်ခါမျှ အိမ်မက်ပင်မမက်ဖူးခဲ့သော စွမ်းအားမျိုးပင်။
သူသည် လုယွီရှေ့၌ အလျှင်အမြန်ဒူးထောက်ကာ ပျာပျာသလဲ ပြောဆိုလိုက်၏။
"မြင့်မြတ်တဲ့အင်မော်တယ်ကို ကျေးဇူးတင်ပါတယ်...နောင်အနာဂတ်မှာ ကျွန်တော်က ငရဲနယ်မြေကို တင်းတင်းကြပ်ကြပ် အုပ်ချုပ်ပါ့မယ်"
သို့ရာတွင် လုယွီက စိတ်ကျေနပ်မှုမရှိသေးချေ။သူက မြင်းမျက်နှာကိုကြည့်၍ တည်ငြိမ်စွာပြောဆိုသည်။
"ဒါနဲ့ မလုံလောက်သေးဘူး...ဒီလောက်နဲ့က မင်း စီရင်စုသခင်အဖြစ်အုပ်ချုပ်ဖို့ မသင့်တော်သေးဘူး"
တခြားတစ္ဆေစစ်ဗိုလ်ချုပ်များကလည်း ခေါင်းညိတ်လိုက်ကြ၏။
ယေဘုယျကျကျပြောဆိုရလျှင် စီရင်စုသခင်အဖြစ်မွေးထုတ်ရန် ငရဲနယ်မြေအတွင်း၌အစွမ်းထက်ဆုံးတစ်ယောက်ကို ရွေးချယ်ရပေမည်။ထို့နောက်မှသာ ထိုသူသည် မြေအောက်လောကနတ်ဘုရားကို အရိုအသေပြု၍ နတ်ဘုရားထံမှအသိအမှတ်ပြုမှုကို ခံယူရပေလိမ့်မည်။ထိုအချိန်ကျမှသာလျှင် ထိုသူသည် ငရဲနယ်မြေ၏အစစ်အမှန်အရှင်သခင်အဖြစ်သို့ ရောက်ရှိနိုင်သည်။
ယခုလက်ရှိချိန်တွင် မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်တွင် ခွန်အားသာရှိပြီး သင့်တင့်လျောက်ပတ်သော ရာထူးအဆင့်အတန်း ကင်းမဲ့နေသည်။
ဤသည်က သူခိုးတစ်ယောက် ဧကရာဇ်၏ပလ္လင်ပေါ်တွင် ရုတ်တရက် ထိုင်လိုက်ရသကဲ့သို့ပင်။သို့ရာတွင် သူသည် ကောင်းကင်ဘုံ၏ကောင်းချီးပေးမှုကို မခံယူရပါက အဆုံးသတ်တွင် နာမည်ခံဧကရာဇ်သက်သက် ဖြစ်သွားပေမည်။
"အမှန်ပဲ...ကျွန်တော်တို့က စီရင်စုသခင်တင်မြှောက်တဲ့ အခမ်းအနားလုပ်ဆောင်ဖို့ ခုချက်ချင်း ပြင်ဆင်လိုက်မယ်"
တခြားတစ္ဆေစစ်ဗိုလ်ချုပ်များက အလျှင်အမြန် ပြောဆိုသည်။
စီရင်စုသခင်တစ်ယောက် တင်မြှောက်သည့် အခမ်းအနားသည် အလွန်အမင်း ရှုပ်ထွေးပေ၏။
ပထမဆုံးအနေဖြင့် သူတို့အားလုံးသည် မြေအောက်လောကနတ်ဘုရားကို ဝတ်ပြုရန်လိုအပ်သည်။ထို့နောက် သူတို့သည် ပူဇော်ပသသည့်ပစ္စည်းများဖြင့် နေ့စဥ်နေ့တိုင်း မြေအောက်လောကနတ်ဘုရားကို ယဇ်ပူဇော်ရပေမည်။
ယဇ်ပူဇော်ခြင်းအခမ်းအနားသည် ၄၉ရက်တိတိ ကြာမြင့်သည်။ဤအချိန်အတောအတွင်းတွင် မည်သည့်အစွမ်းထက်ကျင့်ကြံသူမဆို အသစ်တင်မြှောက်ခံရသည့် စီရင်စုသခင်နေရာ ဆက်ခံသူကို စိန်ခေါ်နိုင်လေ၏။
စိန်ခေါ်ပွဲအတွင်း၌ ဆက်ခံသူသေဆုံးသွားပါက စီရင်စုသခင်အဖြစ်တင်မြှောက်သည့် အခမ်းအနား ကျရှုံးသည်ဟု သတ်မှတ်သည်။
ထို့ကြောင့် အခမ်းအနားအတွင်းတွင် မရေမတွက်နိုင်သော အစွမ်းထက်မွန်းစတားအိုကြီးများ ထွက်လာ၍ စိန်ခေါ်မည်မှာ သိသာထင်ရှားသည်။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်က ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"မြင့်မြတ်တဲ့အင်မော်တယ်...ဒီနေရာမှာ ရက်နည်းနည်းလောက် ထပ်နေပါအုံး...ကျွန်တော်က အင်မော်တယ်ကြီးကို အကောင်းဆုံးပြုစုဧည့်ခံပါ့မယ်"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက အရမ်းကြာလွန်းတယ်"
သူ၏အချိန်သည် အလွန်အဖိုးတန်ရှားပါးသဖြင့် သူ ဤနေရာ၌ အချိန်မဖြုန်းနိုင်ချေ။
၄၉ရက်မဆိုထားနှင့် တစ်ရက်ဆိုလျှင်ပင် လုယွီ ဤနေရာ၌ မနေနိုင်ချေ။
လုယွီက ရုတ်တရက် မြေအောက်လောကနတ်ဘုရားရုပ်ထုကြီးကို လက်ညှိုးညွှန်၍ ပြောဆိုသည်။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း"
ဝုန်း...ဝုန်း...ဝုန်း...
လုယွီ၏အသံ ပျက်ပြယ်သွားချိန်တွင် အလွန်ကြီးမားသော မြေအောက်လောကနတ်ဘုရားရုပ်ထုကြီး ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
"ဘာတွေဖြစ်နေတာလဲ...နတ်ဘုရားရုပ်ထုကြီးက ရုတ်တရက်ကြီး ဘာလို့တုန်ခါလာတာလဲ"
တစ္ဆေစစ်ဗိုလ်ချုပ်များ၏မျက်နှာများ ဖြူရော်သွားကာ သူတို့က တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်လိုက်ကြ၏။
တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် မြေအောက်လောကနတ်ဘုရားရုပ်ထုကြီးသည် ရုတ်တရက် မျက်လုံးစုံဖွင့်ကာ သူ၏ပါးစပ်မှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
ရွှေရောင်အမိန့်စာလွှာတစ်ခုက မြေအောက်လောကနတ်ဘုရားရုပ်ထုကြီး၏ပါးစပ်မှ ပျံဝဲလာကာ လုယွီ၏ရှေ့သို့ ဆင်းသက်လာလေ၏။
Chapter 2703
ထိုအမိန့်တော်မှနေ၍ နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသဖြင့် သာမာန်သရဲတစ္ဆေများသည် ထိုအရာကို တစ်ချက်စိုက်ကြည့်မိရုံဖြင့် သူတို့၏မျက်လုံးများ စူးရှနာကျင်လာခြင်းကို ခံစားလိုက်ရသည်။
ဤအမိန့်တော်အတွင်း၌ မြေအောက်လောကနတ်ဘုရား၏ နတ်ဘုရားစွမ်းအားများကို သိပ်သည်းထားသည်။
လုယွီက သူ၏လက်ချောင်းများကို လေထုအတွင်း၌ လှုပ်ခတ်လိုက်ရာ ရွှေရောင်စာလုံးများက ထိုအမိန့်စာလွှာပေါ်သို့ ကျရောက်သွားသည်။ထိုအမိန့်စာလွှာမှနေ၍ ပို၍တောက်ပသောအလင်းတန်းများ ဖြာထွက်လာလေ၏။
ဝီ....ဝီ...
လေထုအတွင်း၌ တုန်ခါသံများကလည်း ဆက်တိုက်ထွက်ပေါ်နေသည်။
ပတ်ဝန်းကျင်ရှိလေဟာနယ်သည် ထိုဖိအားအရှိန်အဝါကို တောင့်မခံနိုင်တော့သဖြင့် ပြင်းပြင်းထန်ထန် တုန်ခါနေသည်။
"ဒါ...ဒါက အစစ်အမှန် မြေအောက်လောကနတ်ဘုရားအမိန့်တော်ပဲ"
"အံ့သြဖို့ကောင်းလိုက်တာ...သူက မြေအောက်လောကနတ်ဘုရားရဲ့အမိန့်တော်ကိုတောင် ဆင့်ခေါ်နိုင်တယ်...ဖြစ်နိုင်တာတော့ သူက မြေအောက်လောကနတ်ဘုရားလား"
ထိုအချိန်တုန်းက စီရင်စုသခင်မသေဆုံးမီ လုယွီကို မြေအောက်လောကနတ်ဘုရားဟု အော်ဟစ်ပြောဆိုခဲ့သည်။သို့ရာတွင် တစ္ဆေစစ်ဗိုလ်ချုပ်အများစုသည် ယုံကြည်ခဲ့ခြင်းမရှိချေ။
မြေအောက်လောကနတ်ဘုရားသည် ကောင်းကင်ဘုံနယ်မြေ၌ ထိပ်သီးနတ်ဘုရားတစ်ပါးဖြစ်ကာ မရေမတွက်နိုင်သောငရဲနယ်မြေများ၏ အုပ်ချုပ်သူအရှင်သခင်ပင်။
လုယွီသည် အစွမ်းထက်သည်မှာ အမှန်ဖြစ်သော်လည်း သူတို့ရှေ့ရှိအင်မော်တယ်သည် မြေအောက်လောကနတ်ဘုရားဟု သူတို့ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ တစ္ဆေစစ်ဗိုလ်ချုပ်များအားလုံး ကြက်သေသေနေကြ၏။
လုယွီသည် မြေအောက်လောကနတ်ဘုရား၏အမိန့်တော်ကို ဆင့်ခေါ်နိုင်ကာ သူ၏အဆင့်အတန်းဖြင့် အမိန့်ထုတ်ပြန်နိုင်စွမ်းရှိသည်။
လုယွီသည် မြေအောက်လောကနတ်ဘုရား ဖြစ်နေသလော....
ဟူး...
သူတို့သည် လုယွီ မည်သူမည်ဝါမှန်း အတပ်မသိသေးသော်လည်း လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြ၏။
အကယ်၍ လုယွီသာ မြေအောက်လောကနတ်ဘုရား အမှန်တကယ်ဖြစ်နေပါက အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
"အင်မော်တယ်ကြီးက...မြေအောက်လောကနတ်ဘုရားလား"
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်သည် အလွန်အမင်းနှိမ့်ချသောအမူအယာဖြင့် သိချင်စိတ်ပြင်းပြစွာ မေးမြန်းလေ၏။
ယခုလက်ရှိချိန်တွင် လုယွီ မြေအောက်လောကနတ်ဘုရား ဟုတ် မဟုတ်သည် အရေးမပါချေ။အရေးကြီးသည့်အချက်မှာ လုယွီသည် သူ ရန်စစော်ကား၍မရသော ပုဂ္ဂိုလ်မဟုတ်ပေ။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ငါ မြေအောက်လောကနတ်ဘုရား ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးဘူး...အနာဂတ်မှာ မင်းက ငရဲနယ်မြေကို အုပ်ချုပ်ရမှာ...မင်းရဲ့တာဝန်ကို ကျေပွန်အောင်လုပ်တာ ပိုကောင်းလိမ့်မယ်...အရင်လူတွေလို ဆိုးသွမ်းတဲ့အလုပ်တွေမလုပ်နဲ့"
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်က အလျှင်အမြန်ခေါင်းငုံကာ ပြောဆိုလေ၏။
"ကျွန်တော် မလုပ်ဝံ့ပါဘူး"
အမိန့်စာလွှာသည် မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ရုတ်ချည်းဆိုသလိုပင် သူနှင့်ငရဲနယ်မြေအကြား၌ ခွဲခြား၍မရသော ဆက်သွယ်မှုမျိုးရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
အတွေးတစ်ချက်ဖြင့်ပင် သူသည် ငရဲနယ်မြေအတွင်းရှိ မြေအနေအထားကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်သွားနိုင်ခဲ့သည်။
အမှန်အားဖြင့် ထို့ထက်ပို၍အရေးကြီးသောအချက်မှာ သူသည် ပြန်လည်ဝင်စားခြင်းဥပဒေသ၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်သွားနိုင်ခြင်းပင်။
မူလက အလွန်မြင့်မြတ်သော သေခြင်းရှင်ခြင်းစာအုပ်ကို ထိန်းချုပ်နိုင်သောစွမ်းအားမျိုးလည်း သူ့ထံ၌ ရှိနေပုံရသည်။
ဤကဲ့သို့အခြေအနေမျိုးကို ယခင်က သူ တစ်ကြိမ်တစ်ခါမျှ အိမ်မက်ပင်မမက်ဖူးခဲ့ချေ။
လုယွီသည် မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်၏အမေးကို တုံ့ပြန်ဖြေဆိုခဲ့ခြင်းမရှိပေ။
သို့ရာတွင် တစ္ဆေစစ်ဗိုလ်ချုပ်အများစု၏စိတ်နှလုံးသားအတွင်းတွင်မူ အဖြေရှိနှင့်နေလေပြီ။
မြေအောက်လောကနတ်ဘုရားမှလွဲ၍ မည်သူကမျှ အမိန့်တော်ထုတ်ပြန်ပြီး ငရဲနယ်မြေအရှင်သခင်အသစ်ကို ခန့်အပ်နိုင်မည်မဟုတ်ချေ။
"ကျေးဇူးတင်ပါတယ် နတ်ဘုရား....ကျွန်တော်က နတ်ဘုရားပေးတဲ့တာဝန်ကို သစ္စာရှိရှိနဲ့ ကျေပွန်အောင်ထမ်းဆောင်ပါ့မယ်"
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်နှင့် တခြားတစ္ဆေစစ်ဗိုလ်ချုပ်များသည် လုယွီ၏ရှေ့၌ ဒူးထောက်လိုက်ကြ၏။
"မတ်တတ်ထရပ်ပြီး မင်းတို့လုပ်စရာရှိတာ သွားလုပ်ကြတော့"
လုယွီက အမူအယာကင်းမဲ့သောမျက်နှာဖြင့် ပြောဆိုသည်။
ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ ကိစ္စများအားလုံးကို လုယွီက ပေါ့ပေါ့ပါးပါးသာလုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်သည်။
ဤကမ္ဘာလောကအတွင်း၌ မရေမတွက်နိုင်သောကမ္ဘာငယ်များ ကြယ်နယ်မြေများ ကြယ်မြစ်များ စီရင်စုများနှင့်ကုန်းမြေများရှိပြီး နေရာတိုင်းတွင် အမျိုးမျိုးသောအရွယ်အစားရှိသည့် ငရဲနယ်မြေရှိသည်။
ဤသည်က ဧကရာဇ်တစ်ပါး သူ၏ပိုင်နက်နယ်မြေအတွင်းသို့ လျှို့ဝှက်၍ တိုင်းခမ်းလှည့်လည်သကဲ့သို့ပင်။ထိုနယ်မြေအတွင်းမှ အကျင့်ပျက်အရာရှိများကို ထိုဧကရာဇ်မှနေ၍ ပြတ်ပြတ်သားသား အမြစ်ပြတ်သုတ်သင်ရပေမည်။
လုယွီက မိုးကုတ်စက်ဝိုင်း၏တစ်နေရာကိုကြည့်ကာ ပြောဆိုလိုက်သည်။
"အစကနေအဆုံးထိ...မင်းတို့ကောင်တွေက ခုထိထွက်လာဖို့ အစီအစဥ်မရှိသေးဘူးလား"
ငရဲနယ်မြေ၏ကောင်းကင်ယံသည် အစဥ်အမြဲ မှောင်မည်းနေပေ၏။
သို့ရာတွင် ထိုအမှောင်ထုအကြားမှနေ၍ ရုတ်တရက် တလိမ့်လိမ့်ထနေသော ယင်ချီလှိုင်းလုံးကြီးထွက်ပေါ်လာကာ ထူထပ်သိပ်သည်းသောမြူခိုးထုကြီးအလား လေထုအတွင်း၌ မျောလွင့်နေသည်။
"တစ္ဆေဘုရင်ဟယ်ယင်က မြင့်မြတ်တဲ့နတ်ဘုရားကို အရိုအသေပြုပါတယ်"
"တစ္ဆေဘုရင်ကျန်းက မြင့်မြတ်တဲ့နတ်ဘုရားကို အရိုအသေပြုပါတယ်"
တစ္ဆေဘုရင်များတစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကာ လုယွီကို အရိုအသေပြုလိုက်ကြ၏။
သူတို့သည် ယခင်က ထွက်ပေါ်လာခဲ့ခြင်း မရှိသော်လည်း ဤနေရာရှိ အခြေအနေကို တိတ်တဆိတ် စုံစမ်းထောက်လှမ်းပြီးလေပြီ။
Chapter 2704
လုယွီသည် မြေအောက်လောကနတ်ဘုရားဖြစ်နေသည်ကို သိရှိသွားပြီးနောက် ထိုမွန်းစတားအိုကြီးများသည် ဆက်လက်၍ထိုင်ကြည့်နေနိုင်ခြင်းမရှိတော့ချေ။
ငရဲနယ်မြေအတွင်း၌ အသက်ရှင်နေထိုင်သော သရဲတစ္ဆေဖြစ်နေသရွေ့ မည်သူမျှ မြေအောက်လောကနတ်ဘုရားရှေ့တွင် တည်ငြိမ်အေးဆေးစွာ နေနိုင်မည်မဟုတ်ချေ။
လုယွီက သူ၏နံဘေးပတ်လည်ရှိ တစ္ဆေဘုရင်များကိုတစ်ချက်ကြည့်ကာ ရုတ်တရက် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။
"အား...."
ထိုယင်ချီများအကြားတွင်ရှိသော တစ္ဆေဘုရင်တချို့ပေါ်သို့ ရွှေရောင်မီးတောက်များ ကျရောက်သွားကာ ချက်ချင်းဆိုသလိုပင် ပြာကျသည်အထိ လောင်ကျွမ်းသွားပေ၏။
လုယွီ၏လှုပ်ရှားမှုသည် တစ္ဆေဘုရင်များအားလုံးကို ထိတ်လန့်ကြောက်ရွံသွားစေသည်။
"စည်းမျဥ်းကိုချိုးဖျက်တဲ့ ဘယ်သူမဆို တန်ကြေးပြန်ပေးဆပ်ရမယ်...ငါ့ရဲ့အမွှေးနံသာစွမ်းအားကို အလွယ်တကူရနိုင်မယ်လို့ မင်းတို့က တကယ်ကြီးထင်နေကြတာလား"
လုယွီ၏အေးစက်စက်အသံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
အစောပိုင်းက မီးတောက်များကြောင့် ပြာကျသွားသည့် တစ္ဆေဘုရင်များသည် မြေအောက်လောကနတ်ဘုရား၏အမွှေးနံသာစွမ်းအားကို တစ်နည်းနည်းဖြင့် ခိုးယူထားကြသူများဖြစ်သည်။
အကယ်၍ ယခင်ကဆိုပါက မြေအောက်လောကနတ်ဘုရားသည် ငရဲနယ်မြေအတွင်း၌ အကြွင်းမဲ့အာဏာရှိသူပင်။မည်သူမဆို မြေအောက်လောကနတ်ဘုရားကို မေးခွန်းမထုတ်ဝံ့ချေ။
သို့ရာတွင် မြေအောက်လောကနတ်ဘုရားသည် အရိပ်အယောင် မပြသခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့ကြောင့် တစ္ဆေဘုရင်များသည် တဖြည်းဖြည်း ထိတ်လန့်ကြောက်ရွံမှု လျော့နည်းလာကြ၏။
သူတို့သည် မြေအောက်လောကနတ်ဘုရား၏ အမွှေးနံသာစွမ်းအားများကို စတင်၍ ခိုးယူခဲ့ကြတော့သည်။နောက်ပိုင်းတွင် တစ္ဆေဘုရင်များသည် ထိုအမွှေးနံသာစွမ်းအားများကို သူတို့၏ကိုယ်ပိုင်ကဲ့သို့ အသုံးပြုခဲ့ကြသည်။
တစ္ဆေဘုရင်တချို့သည် ထိုကိစ္စကို စွန့်စား၍လုပ်ဆောင်ခဲ့သော်လည်း တစ္ဆေဘုရင်အများစုကမူ စောင့်ကြည့်ရန်ကို ရွေးချယ်ခဲ့သည်။
အမှန်အားဖြင့် ယခုလက်ရှိအချိန်သည် တန်ကြေးပြန်ပေးဆပ်ရသည့်အချိန်ပင်။
အသက်ရှင်ကျန်ရစ်နေသော တစ္ဆေဘုရင်များသည် တိတ်တဆိတ် ပျော်ရွှင်ဝမ်းမြောက်နေကြ၏။အကယ်၍ သူတို့သည် မြေအောက်လောကနတ်ဘုရား၏ အမွှေးနံသာစွမ်းအားများကို ခိုးယူရန်ရွေးချယ်ခဲ့ပါက သူတို့၏ကံကြမ္မာသည် အဆုံးသတ်ကောင်းမွန်မည်မဟုတ်ချေ။
"မင်းတို့အားလုံး အမိန့်ကိုနာခံပြီး စည်းမျဥ်းအတိုင်းနေကြ...အသုံးမဝင်တဲ့အရာတွေကို မလုပ်ကြနဲ့...တကယ်လို့ မင်းတို့ အသက်ဆက်မရှင်ချင်တော့ဘူးဆိုရင် တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းထဲကို ဝင်သင့်တယ်"
လုယွီသည် တစ္ဆေဘုရင်များအားလုံးကို သူ၏ဂျူနီယာများအား လမ်းညွှန်မှုပေးနေသည့်အလား သွန်သင်ဆုံးမနေလေ၏။
ထိုတစ္ဆေဘုရင်အများစုသည် အသက်ထောင်ကျော်ရှိပြီး တချို့ဆိုလျှင် အသက်သောင်းကျော်ရှိနေသည့်တိုင် သူတို့အားလုံးက နာခံရို့ကျိုးစွာဖြင့် လုယွီ၏စကားကို နားထောင်နေကြသည်။
သူတို့၏ရှေ့ရှိ လုယွီသည် မြေအောက်လောကနတ်ဘုရားဖြစ်ကြောင်း သူတို့ အတည်ပြုပြီးလေပြီ။
"ကျွန်တော်တို့က မြင့်မြတ်တဲ့နတ်ဘုရားရဲ့အမိန့်တော်ကို လိုက်နာပါ့မယ်"
တစ္ဆေဘုရင်များက ဦးညွှတ်အရိုအသေပြု၍ ပြောဆိုလိုက်ကြ၏။
ငရဲနယ်မြေအတွင်းရှိကိစ္စရပ်များကို ဖြေရှင်းပြီးသည်နှင့် လုယွီက ပိုင်မင်ဟန်ကိုခေါ်ဆောင်ကာ ထွက်ခွာခဲ့တော့သည်။
"ကောင်ငယ်လေး...အရင်တုန်းက ငါ နင့်ကို မှားယွင်းပြီး အကဲခတ်ခဲ့မိတယ်...နင်က ဒီလောက်ထိစွမ်းဆောင်နိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဖြစ်နိုင်တာတော့ နင်က မြေအောက်လောကနတ်ဘုရား တကယ်ကြီး ပြန်ဝင်စားလာတာများလား"
ပိုင်မင်ဟန်က အပြုံးနှင့် ပြောဆိုသည်။
သူမသည် ယခုလက်ရှိချိန်တွင် စိတ်ဝိညာဥ်ခန္ဓာကိုယ်အဖြစ်နှင့် ရှိနေသော်လည်း သူမ၏ညှို့ငင်နိုင်စွမ်းသည် စိတ်ဝိညာဥ်နှင့်အတူတွယ်ကပ်၍ ရှိနေဆဲပင်။
လုယွီက လေသံပြတ်ပြတ်ဖြင့် ပြောဆိုလေ၏။
"အခု ဘာကိစ္စမှ ထပ်မရှိတော့ဘူး...မင်းကို ကယ်တင်ပြီးတဲ့အတွက် ငါ့ရဲ့တာဝန် ပြီးဆုံးသွားပြီ"
ပိုင်မင်ဟန်က အနည်းငယ် အံ့အားသင့်သွားသည်။
"ဒါဆိုရင် နင် ငါ့ကိုလာရှာတာ တစ်ယောက်ယောက်က လွှတ်လိုက်လို့ပေါ့...ဘယ်သူလဲ...ဖြစ်နိုင်တာတော့ ထန်အာလား"
"ဒီနေရာကနေ အပြင်ကိုရောက်ရင် မင်း သိရလိမ့်မယ်...ဒါပေမယ့် မင်းက ဘာလို့ ဒီလိုမျိုးတွေ ဖြစ်ခဲ့ရတာလဲ"
လုယွီက မေးမြန်းသည်။
ပိုင်မင်ဟန်က သူမဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို လုယွီအား ပြောပြလေ၏။
သူမ၏မိသားစုအတွက် လက်စားချေနိုင်ရန်အလို့ငှာ သူမသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ခိုအောင်းရာနေရာသို့ခိုးဝင်၍ မြင့်မြတ်နတ်ဆရာတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။
ထိုအချိန်တုန်းက အရာအားလုံးသည် အဆင်ပြေချောမွေ့စွာ ဆက်လက်သွားနေခဲ့သည်။သူမသည် အစိမ်းရောင်ကြာနတ်ဘုရား မပြင်ဆင်ရသေးသည့်အချိန်ကို အခွင့်ကောင်းယူ၍ တိုက်ခိုက်ရန်အတွက် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏နက်ရှိုင်းသောနေရာသို့ ခိုးဝင်ခဲ့လေ၏။
သို့ရာတွင် မမျှော်လင့်ဘဲ အစိမ်းရောင်ကြာနတ်ဘုရားသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ပိုင်မင်ဟန်ရောက်ရှိလာမည်ကိုပင် သူမက ကြိုတင်တွက်ချက်ထားပြီးလေပြီ။ယခင်က အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ဟာကွက်နေရာသည် ပိုင်မင်ဟန်မြင်တွေ့စေရန် တမင်လှစ်ဟထားခြင်းဖြစ်ပေ၏။
မြင့်မြတ်နတ်ဆရာခုနစ်ယောက် အတူပူးပေါင်း၍ ပိုင်မင်ဟန်ကို တိုက်ခိုက်ခဲ့သည်။သူမ သေဆုံးခါနီးအချိန်တွင် မမျှော်လင့်ဘဲ အစိမ်းရောင်ကြာနတ်ဘုရားသည် သူမ၏ရုပ်ခန္ဓာကိုယ်ကို သဘောကျနှစ်ခြိုက်သွားကာ သူမ၏စိတ်ဝိညာဥ်ကိုဖျက်ဆီးရန်ရည်ရွယ်၍ ဆွဲထုတ်ခဲ့လေ၏။
သို့ရာတွင် မမျှော်လင့်ဘဲ ပိုင်မင်ဟန်၏စိတ်ဝိညာဥ် ပြင်ပသို့ရောက်ရှိလာသည်နှင့် ငရဲနယ်မြေမှ စုပ်ယူသွားခဲ့သည်။အစိမ်းရောင်ကြာနတ်ဘုရားပင်လျှင် ထိုကိစ္စကို ဟန့်တားနိုင်ခဲ့ခြင်းမရှိချေ။
ထိုကိစ္စပြီးသည့်နောက် မည်သည့်အရာများ ဆက်ဖြစ်သည်ကို ပိုင်မင်ဟန် မမှတ်မိတော့ပေ။
ဖြစ်နိုင်သည်မှာ သူမ၏မှတ်ဥာဏ်များကို ငရဲနယ်မြေအရှင်သခင်မှ ချိပ်ပိတ်လိုက်ခြင်းပင်။ထိုအချိန်တုန်းက သူမထံတွင် မည်သည့်အသိစိတ်မျှ ရှိမနေသဖြင့် သူမ မည်သည့်ကိစ္စရပ်များ ပြုလုပ်ခဲ့မိသည်ကို မသိတော့ချေ။
Chapter 2705
လုယွီသည် ငရဲနယ်မြေအက်ကွဲကြောင်းအတွင်းမှ ထွက်လာပြီးနောက် ယန်ကမ္ဘာလောကသို့ တဖန်ပြန်၍ ရောက်ရှိခဲ့သည်။
ယေဘူယျကျကျပြောဆိုရလျှင် ယန်ကမ္ဘာလောကမှအင်မော်တယ်များ ငရဲနယ်မြေအတွင်းသို့ ဝင်ရောက်ချိန်တွင် ယင်ချီစွမ်းအားများ၏တိုက်စားခြင်းခံရသဖြင့် သူတို့၏မှော်စွမ်းအားများ အလွန်လျှင်မြန်စွာ လျော့ကျသွားပေမည်။ထို့ကြောင့် ယန်ကမ္ဘာလောကမှ အင်မော်တယ်တချို့သာ ငရဲနယ်မြေအတွင်းသို့ ဝင်ရောက်ကြသည်။
သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားပေ၏။
သူသည် ရှေးဟောင်းအင်မော်တယ်လမ်းကြောင်းကို လျှောက်လှမ်းနေသည့် သန့်စင်သော အစစ်အမှန်ယန်အင်မော်တယ်တစ်ယောက်ပင်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ မှော်စွမ်းအားများသည် ပြင်ပကမ္ဘာလောက၏လွှမ်းမိုးမှုကြောင့် အနည်းငယ်မျှပင် အားနည်းသွားမည်မဟုတ်ချေ။
ငရဲနယ်မြေကို ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ ပြန်ထွက်သည့်အချိန်ထိ သူ့ထံတွင် မည်သည့်ထိခိုက်နာကျင်မှုမျှမရှိချေ။
"စိတ်ဝိညာဥ်ပြန်လာ...စိတ်ဝိညာဥ်ပြန်လာစမ်း"
လုယွီက မှော်မန္တန်တစ်ပုဒ်ကို တီးတိုးရေရွတ်လိုက်၏။
ပိုင်မင်ဟန်၏ခန္ဓာကိုယ် ရုတ်တရက်တုန်ရီသွားကာ သူမ၏မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏စွမ်းအားကြောင့် ပိုင်မင်ဟန်၏ခန္ဓာကိုယ်ပေါ်တွင် အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယခင်အတိုင်း အကောင်းပကတိပင်။သူမ၏မူလစိတ်ဝိညာဥ်ကို ခန္ဓာကိုယ်နှင့်ပြန်လည်ပေါင်းစပ်ပြီးသည်နှင့် သူမ၏စိတ်ဝိညာဥ်နှင့်ခန္ဓာကိုယ် သဟဇာတဖြစ်သွားလေ၏။
ဟူး...
ပိုင်မင်ဟန်က မျက်လုံးဖွင့်ကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူမ၏အသက် ပြန်ရှင်သန်လာရခြင်းသည် သေသွားရသည်ထက် ပို၍ကောင်းမွန်သည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"မင်းရဲ့စိတ်ဝိညာဥ်က အခုမှ မင်းရဲ့ခန္ဓာကိုယ်ထဲကို ပြန်ရောက်တာ...ခဏလောက်တော့ မင်း အားနည်းနေအုံးမယ်...မှော်စွမ်းအားတွေကို အသုံးမပြုဘဲနဲ့ အချိန်ခဏလောက်အနားယူလိုက်အုံး"
ထိုသို့ပြောဆိုပြီးသည်နှင့် သူသည် အဆောင်သင်္ကေတတစ်ခုကို ရေးဆွဲကာ ပိုင်မင်ဟန်၏ခန္ဓာကိုယ်အနီးသို့ ရိုက်ထုတ်လိုက်သည်။
ထိုအဆောင်သင်္ကေတသည် သူမ၏စိတ်ဝိညာဥ်ကို ပို၍ကျစ်လစ်သိပ်သည်းစေကာ သူမ၏စိတ်ဝိညာဥ်နှင့်ရုပ်ခန္ဓာကိုယ်ကို ပို၍လျှင်မြန်စွာ သဟဇာတဖြစ်စေလိမ့်မည်။
"ကောင်ငယ်လေး...ငါ မင်းကို ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာတောင် မသိတော့ဘူး"
ရုတ်တရက် ပိုင်မင်ဟန်က လုယွီ၏ခါးကို ဖက်လိုက်၏။
ပိုင်မင်ဟန်က ခြေဖျားကြွကာ သူမ၏နူးညံသောခန္ဓာကိုယ်လေးဖြင့် လုယွီ၏ရင်ခွင်အတွင်းသို့ဝင်၍ ရင်ဘတ်ချင်းအပ်လိုက်သည်။ထို့နောက် သူမက လုယွီ၏နဖူးကို နူးညံညင်သာစွာ နမ်းလေသည်။
မွှေးပျံ့သောရနံ့က လေထုအတွင်း၌ ရစ်ဝဲနေကာ လူတစ်ယောက်၏စိတ်နှလုံးသားကို မူးယစ်ရီဝေနိုင်စေသည်။
"အိုက်ယား...မကြည့်နဲ့"
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ဝံပုလွေပေါက်လေး၏မျက်လုံးကိုဖုံးအုပ်၍ ပွေ့ဖက်ထားသော်လည်း သူ၏မျက်လုံးဝိုင်းကြီးများကမူ ပြူးကျယ်နေသည်။
လုယွီက ချောင်းတစ်ချက်ဟန့်လိုက်၏။
"ဒါက ငါ လုပ်သင့်တဲ့ ကိစ္စပါ...မင်း စောစောအနားယူတော့"
ထိုသို့ပြောဆိုပြီးသည်နှင့် သူက ပိုင်မင်ဟန်ကို ကမ္ဘာငယ်လေးအတွင်းမှ ထုတ်ပေးလိုက်တော့သည်။
ဟန်မြစ်အဆောင်...
ထန်အာသည် စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေဆဲပင်။
"ကောင်မလေး...နင် ဘယ်သူ့ကို စောင့်နေတာလဲ"
ပိုင်မင်ဟန်၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
ထန်အာ၏ခန္ဓာကိုယ် တုန်ရီသွားလေ၏။သူမက ပတ်ဝန်းကျင်ကို အလျှင်အမြန် ဝေ့ဝိုက်ကြည့်ကာ ပိုင်မင်ဟန်ကို မြင်တွေ့သည်နှင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
"ဆရာသခင်..."
"ဟူး...အချိန်ခဏလေးခွဲရတာတောင် မင်းက ဒီပုံစံဖြစ်နေပြီလား...ဒါက မင်း အပြင်ကိုသွားပြီးလေ့ကျင့်ရင် ငါ စိတ်ပူနေရတဲ့အချက်ပဲ"
ပိုင်မင်ဟန်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
သူမ၏တပည့်သည် အရည်အချင်းမဆိုးလှသော်လည်း သံယောစဥ်ကို အလွန်အမင်းတန်ဖိုးထားသည်။အရာအားလုံးကို သူမ၏အမိန့်အတိုင်းသာ လုပ်ဆောင်လေ၏။
ရလဒ်အနေဖြင့် ထန်အာသည် ကောင်းကင်ဘုံနယ်မြေအတွင်းသို့ တစ်ကြိမ်သွားသည်နှင့် ပြဿနာများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ထိုကိစ္စများကို သူမတစ်ယောက်တည်းဖြင့် မဖြေရှင်းနိုင်ချေ။
"ကျွန်မက ဆရာသခင်အနားကနေ ထွက်မသွားချင်ဘူး"
ထျန်အာသည် ပိုင်မင်ဟန်ကိုမြင်တွေ့ချိန်တွင် အလွန်စိတ်လှုပ်ရှားနေသည်။
ပိုင်မင်ဟန်က သက်ပြင်းတစ်ချက်ရှိုက်ကာ ထန်အာ၏ခေါင်းကို ပုတ်လိုက်၏။
"ထားလိုက်တော့...သာမာန်ဘဝနဲ့ အသက်ရှင်နေထိုင်ရတာလည်း မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး"
ဆရာသခင်နှင့်တပည့်ဖြစ်သူ ပြန်ဆုံတွေ့သည့်အချိန်တွင် ပြောစရာစကားအမြောက်အများရှိနေသည်မှာ သဘာဝပင်။
တခြားတစ်ဖက်တွင် လုယွီသည် သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်း၌ ပိုင်မင်ဘိုးဘေး၏သင်ကြားပေးမှုကို ခံယူနေသည်။
လုယွီသည် ထိုကျမ်းစာနှစ်ခုမှနေ၍ မြောက်မြားစွာသော အသိပညာဗဟုသုတများကို ရရှိလိုက်သည်။ဤအချိန်အခိုက်အတန့်တွင် သူ ဥာဏ်အလင်းပွင့်သွားသည့်အလား ခံစားနေရလေ၏။သူ့၏ အသိပညာဗဟုသုတ ပို၍ကြီးမားကျယ်ပြန့်လာကာ ယခင်က သူ မသိရှိခဲ့သော အကြောင်းအရာများကိုလည်း သင်ယူနိုင်ခဲ့သည်။
ဤကဲ့သို့ တိုးတက်မှုမျိုးသည် သူ၏မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုကို အလွန်အမင်း ကူညီထောက်ပံပေးနိုင်သည်။
ပိုင်မင်ဘိုးဘေးသည် ထိုကျမ်းစာကိုရွတ်ဆိုနေချိန်တွင် သူ၏အသံသည် သာမာန်မဟုတ်တော့ဘဲ အလွန်အမင်းရှေးကျသောအသံမျိုး ဖြစ်သွားသည်။
ထိုကျမ်းစာမှ စာလုံးတစ်လုံးတစ်ပါဒတိုင်းသည် လက်ရှိကောင်းကင်ဘုံနယ်မြေတွင် အသုံးပြုနေသော ဘာသာစကားနှင့် အသံထွက်ခြင်း လွန်စွာကွဲပြားခြားနားသည်။ဤသည်က ရှေးဟောင်းဘာသာစကားဖြစ်ပြီး ကျင့်ကြံသူအနည်းစုကသာ နားလည်နိုင်ပေမည်။
Thank For Reading.