← Chapters

အခန်း (၂၇၂၁-၂၇၂၅)

Vol. 139 Ch. 2721-2725

အခန်း (၂၇၂၁-၂၇၂၅)

Vol. 139 Ch. 2721-2725

Chapter 2721

ထျန်းပိုယန်၏မျက်လုံးအကြည့်က ရုတ်တရက် လုယွီထံသို့ ကျရောက်သွားကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။

"ဒါတွေအားလုံးက မင်းကြောင့်ပဲ...တကယ်လို့ မင်းကြောင့်သာမဟုတ်ရင်...ငါ ဒီလိုမျိုးအဆုံးသတ်ရမှာမဟုတ်ဘူး"

အကယ်၍ လုယွီကိုသာ ကျောင်းတော်မှ အောင်မြင်စွာထုတ်ပယ်နိုင်ခဲ့ပါက ယခုလက်ရှိချိန်တွင် သူသည် နဂါးအစောင့်တပ်အတွင်းသို့ ရောက်ရှိနေလောက်လေပြီ။

အကယ်၍ ယန်ကျွင်းသည် သူ့အားဖမ်းဆီးလိုသည့်တိုင် လွယ်ကူတော့မည်မဟုတ်ချေ။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"အရာအားလုံးက ခင်ဗျားကျူးလွန်ခဲ့တဲ့အပြစ်တွေပဲ...ကျုပ်နဲ့ ဘာမှမဆိုင်ဘူး"

ထျန်းပိုယန်၏စိတ်နှလုံးသားတစ်ခုလုံး ဒေါသများကြောင့် လောင်ကျွမ်းနေသည်။သူက ယန်ကျွင်းကိုပင် အော်ဟစ်ဆဲဆိုနေလေ၏။

ယန်ကျွင်းက ရုတ်တရက် ပြောဆိုသည်။

"ထျန်းပိုယန်....မင်းက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကြီးကို ကျူးလွန်ခဲ့တယ်...ပြီးတော့ မင်းက တော်ဝင်နန်းတွင်းအတွက် ထိခိုက်နစ်နာမှုတွေအများကြီး ဖြစ်စေခဲ့တယ်...ဒီနေ့ မင်း သေရမယ်"

ထျန်းပိုယန်၏စိတ်နှလုံးသား တုန်ခါသွားသည်။သူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများသည် အကန့်အသတ်မရှိသော ထိတ်လန့်ကြောက်ရွံမှုများအဖြစ်သို့ ပြောင်းလဲသွားလေ၏။

ဤတစ်ကြိမ်တွင် သူသည် ကြီးမားသောဘေးဒုက္ခကြီးကို ဖန်တီးခဲ့မိသည်။အကယ်၍ ယန်ကျွင်းသည် သူ့အားသတ်ဖြတ်လိုပါက စစ်ရေးဌာနသုံးခု၏ပူးပေါင်းစစ်ဆေးမှုပင် လိုအပ်မည်မဟုတ်ချေ။

အကယ်၍ သူ သေဆုံးသွားပါက သူထံတွင်ရှိသော ချမ်းသာကြွယ်ဝမှုများအားလုံးကိုလည်း လက်လွှတ်လိုက်ရပေမည်။

"အရှင်ယန်...ငါက ရှေ့တန်းမှာ အသေခံစစ်သားအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်...ငါက ရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်တဲ့အတွက် ရှေ့တန်းမှာ ကြီးမားတဲ့တိုက်ခိုက်မှုစွမ်းအားကို ငါ ပြသနိုင်မှာပါ...အရှင်ယန် ကျေးဇူးပြုပြီးတော့ ကျွန်တော်ရဲ့အသက်ကို ချမ်းသာပေးပါ"

ထျန်းပိုယန်သည် မြေပြင်ပေါ်၌ဒူးထောက်၍ ဦးညွှတ်အရိုအသေပြုကာ အဆတ်မပြတ် အသနားခံတောင်းပန်နေတော့သည်။

ဤအချိန်အခိုက်အတန့်တွင် ဂုဏ်သိက္ခာနှင့်နာမည်ဂုဏ်သတင်းတို့သည် သူ၏အသက်ထက်ပို၍ အရေးမပါတော့ချေ။

သို့ရာတွင် ယန်ကျွင်း၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိပေ။

"မင်းက ရွံရှာစက်ဆုပ်ဖို့ကောင်းတဲ့သူတစ်ယောက်....တကယ်လို့ ငါက မင်းကို ရှေ့တန်စစ်မျက်နှာစာ လွှက်လိုက်မယ်ဆိုရင် ခေါင်းဆောင်ဗိုလ်ချုပ်ကို ဒုက္ခပေးရာကျလိမ့်မယ်...မင်း သေသွားတာက ပိုကောင်းတယ်"

ယန်ကျွင်း၏နောက်မှနေ၍ ထက်ရှသောဓားချီတစ်လှိုင်း ထွက်ပေါ်လာကာ ထျန်းပိုယန်ကို သတ်ဖြတ်လိုက်တော့သည်။

ထိုဓားချီဖြတ်သန်းလာမှု၏အောက်တွင် ထျန်းပိုယန်သည် နောက်ဆုံးစကားတစ်လုံးကိုပင် မပြောဆိုနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"အရှင်ယန်...တကယ်လို့ အရှင့်မှာ ပြောစရာကျန်သေးရင် ပွင့်ပွင့်လင်းလင်းပြောပါ"

လုယွီက ပြောဆိုလေ၏။

ယန်ကျွင်းသည် ထိုလူသုံးယောက်ကို အချိန်မရွေး သတ်ဖြတ်နိုင်သည်။သူတို့ကို သူ့ထံသို့ ခေါ်ဆောင်လာရန် မလိုအပ်ချေ။

ဤသည်က သူ မြင်တွေ့နိုင်ရန်အတွက်ပင်။

ယန်ကျွင်း၏လုပ်ရပ်များနောက်တွင် အကြောင်းတရားတချို့ ရှိနေနိုင်သည်။တော်ဝင်နန်းတွင်း၏ အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သော ယန်ကျွင်းထံတွင် နေ့ရက်တိုင်း၌ လုပ်ဆောင်ရန်ကိစ္စအမြောက်အများ ရှိနေလေရာ သူ့ထံသို့ အကြောင်းပြချက်မရှိဘဲ လာရောက်၍ အချိန်ဖြုန်းနေမည်မဟုတ်ချေ။

ယန်ကျွင်းက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်၍ပြောဆိုသည်။

"ငါက မင်းကို ထျန်းပိုယန်ရဲ့ရာထူးဖြစ်တဲ့ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးမှူးနေရာကို လွှဲပြောင်းယူစေချင်တယ်"

ဤစကားသည် တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

ပြင်ပ၌မတ်တတ်ရပ်နေကြသည့် တော်ဝင်စစ်ခုံရုံးမှအရာရှိများပင်လျှင် ကြက်သေသေသွားသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"အရှင်ယန်...ဖြစ်နိုင်တာတော့ အရှင်က ရယ်စရာပြောနေတာများလား"

တာယွီ၏ပိုင်နက်နယ်မြေကို နယ်မြေဒေသများ၏အဆင့်အရ အဆင့်လေးဆင့်ခွဲခြားထားသည်။ထိုအဆင့်လေးဆင့်မှာ ပြည်နယ် ကုန်းမြေ ကြယ်နယ်မြေနှင့်ကြယ်မြစ်တို့ ဖြစ်သည်။

ယေဘုယျကျကျပြောဆိုရလျှင် နယ်မြေခံရုံးတော်မှအရာရှိအများစုသည် စတုတ္ထအဆင့်အရာရှိများဖြစ်ပေ၏။

တော်ဝင်မြို့တော်နှင့်ထိစပ်နေသော ကုန်းမြေရှစ်ခုနှင့်တော်ဝင်အစိုးရအဖွဲ့မှအရာရှိများသည် တတိယအဆင့်အရာရှိများပင်။

သူတို့၏အရာရှိအဆင့်ကွာဟမှုနှင့်အတူ တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားကို ရရှိမှုမှာလည်း အလွန်ကွဲပြားခြားနားသည်။

အကယ်၍ လုယွီသည် ယခုချိန်တွင် စတုတ္ထအဆင့်အရာရှိဖြစ်နေပါက သူ၏ကျင့်ကြံမှုအရှိန်နှုန်းသည် ယခင်ထက်ဆယ်ဆ မြင့်တက်သွားပေမည်။သို့ရာတွင် သူသည် တတိယအဆင့်အရာရှိဖြစ်နေလျှင် သူ၏ကျင့်ကြံမှုအရှိန်နှုန်းသည် အဆ၂၀ သို့မဟုတ် အဆ၅၀ထိပင် မြင့်တက်သွားနိုင်သည်။

ထိုအချိန်ကျပါက သူ တစ်ရက်ခန့်ကျင့်ကြံခြင်းသည် ရက်ပေါင်း၂၀ခန့် ပြင်းပြင်းထန်ထန် ကျင့်ကြံသည်နှင့် တူညီပေမည်။

ဤသည်ကြောင့် ကျင့်ကြံသူအမြောက်အများသည် သူတို့၏မာန်မာနများကိုချိုးနှိမ်၍ တော်ဝင်နန်းတွင်း၌ ဝင်ရောက်၍အမှုထမ်းဆောင်ကြခြင်းဖြစ်သည်။

မြင့်မြတ်နယ်မြေမှဂိုဏ်းတစ်ဂိုဏ်းဆိုလျှင်ပင် ဤကဲ့သို့ ကံကြမ္မာစွမ်းအားမျိုးရရှိနိုင်ရန် မလွယ်ကူချေ။

ဤကဲ့သို့ ကုန်းမြေတစ်ခု၏အုပ်ချုပ်ရေးမှူးနေရာကို တာဝန်ယူရမည့်သူသည် အနည်းဆုံးအနေဖြင့် တတိယအဆင့်အရာရှိရာထူးရှိနေရန်လိုအပ်ကာ အတိုင်းအတာတစ်ခုထိ နာမည်ဂုဏ်သတင်းရှိရပေမည်။

လုယွီ၏အသက်သည် ငယ်ရွယ်သေးလေ၏။အကယ်၍ ထိုရာထူးနေရာကို သူလက်ခံလိုက်ပါက တခြားသူများ၏မလိုလားခြင်းကို ခံယူရနိုင်သည်။

ယန်ကျွင်းက ပြောဆိုသည်။

"ရှေ့တန်းရဲ့အခြေအနေက အရမ်းတင်းမာနေတယ်...တော်ဝင်မြို့တော်က အစွမ်းထက်ကျင့်ကြံသူတွေကိုတောင် ရှေ့တန်းကိုစေလွှတ်နေရတယ်...မဟုတ်ရင် အစိမ်းရောင်ကြာနတ်ဘုရားလို နိမ့်ကျတဲ့နတ်ဘုရားမျိုးက အခုချိန်ထိ မောက်မာရိုင်းစိုင်းနေနိုင်မှာလဲ...အခုချိန်မှာ ငါတို့က စီနီယာကျမှုထက် အရည်အချင်းအကြောင်းကိုပဲ ပြောတော့မယ်...မင်းက အစိမ်းရောင်ကြာနတ်ဘုရားကိုတောင် သတ်နိုင်မှတော့ မင်းမှာအရည်အချင်းရှိတယ်ဆိုတာ ပြသပြီးသားပဲ...ငါက တော်ဝင်နန်းတွင်းမှာ မင်းအတွက် တိုက်ရိုက်ထောက်ခံပေးမယ်...ငါ့ရဲ့အာမခံမှုနဲ့ဆိုရင် ဘယ်သူမှ စောဒကတက်ရဲမှာမဟုတ်ဘူး"

Chapter 2722

ယန်ကျွင်းသည် ကတိတည်သူဖြစ်သည်။

သူသည် ယခင်ဧကရာဇ်ဟောင်း၏သစ္စာရှိလူယုံဖြစ်ရုံသာမက ရှန်လင်းလုံ လက်ထက်တွင်လည်း သူ့အပေါ် ယုံကြည်မှုမှာ အနည်းငယ်မျှပင် လျော့ပါးမသွားချေ။

ဤသည်က ယန်ကျွင်း၏လိမ္မာပါးနပ်မှုကြောင့်ပင်။သူ၏ပါရမီအရည်အချင်းသည် မြင့်မားခြင်းမရှိသော်လည်း တာယွီအင်ပါယာအတွင်းရှိ မည်သူကမျှ သူ့၏စကားကို မပယ်ရှားဝံ့ချေ။

ဤအချိန်အခိုက်အတန့်တွင် တံခါးပြင်ပ၌ မတ်တတ်ရပ်နေသော တော်ဝင်စစ်ခုံရုံးမှအရာရှိများသည် အမှန်တကယ် ထိတ်လန့်တုန်လှုပ်နေကြလေပြီ။

အကယ်၍ လုယွီသာ ထိုရာထူးကို အမှန်တကယ်လက်ခံလိုက်ပါက တော်ဝင်နန်းတွင်း၏တတိယအဆင့်အရာရှိ ဖြစ်သွားပေမည်။

ဤသည်က အစစ်အမှန်အရာရှိရာထူးနေရာပင်။သူသည် တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားကို ရရှိနိုင်ကာ အရာရှိရာထူးမရှိသော ဗိုလ်ချုပ်တစ်ယောက်ဖြစ်တော့မည်မဟုတ်ချေ။

လီချိန်သည် ပို၍ပင် စိတ်မွန်းကြပ်နေလေ၏။သူသည် သတ္တမအဆင့်သာရှိသော အရာရှိငယ်တစ်ယောက်ပင်။

အကယ်၍ သူတို့သည် တတိယအဆင့်အရာရှိတစ်ယောက်အပေါ် အမှန်တကယ်စုံစမ်းမေးမြန်းလိုပါက တော်ဝင်စစ်ခုံရုံးသည် အနိမ့်ဆုံးဒုတိယအဆင့်အရာရှိကို စေလွှတ်ရန်လိုအပ်သည်။

"တောင်းပန်ပါတယ်...ကျွန်တော်က မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရဲ့ အုပ်ချုပ်ရေးမှူးနေရာကို စိတ်မဝင်စားဘူး...အရှင်ယန်က တခြားတစ်ယောက်ကိုရွေးချယ်တာ ပိုကောင်းလိမ့်မယ်"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် လူတိုင်း ကြက်သေသေသွားသည်။

မူလက စိုးရိမ်ပူပန်နေသော တော်ဝင်စစ်ခုံရုံးမှ အရာရှိများအားလုံး ပို၍ပင်အံ့အားသင့်တုန်လှုပ်သွားလေ၏။

ဤကောင်စုတ်လေးသည် ဦးနှောက်များ ပျက်နေသလော...

မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးမှူးနေရာကို မျက်စေ့ကျနေသူ မည်မျှထိများများရှိနေသည်ကို မည်သူမျှမသိနိုင်ချေ။

အမှန်အားဖြင့် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေသည် စိတ်ဝိညာဥ်စွမ်းအားကျဲပါးပြီး ဆင်းရဲသောနယ်မြေဖြစ်သော်လည်း တော်ဝင်မြို့တော်၏အနီးတွင် တည်ရှိသည်။

ထို့ကြောင့် တော်ဝင်မြို့တော်နှင့်နီးကပ်သောနေရာတွင်ရှိနေသော မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေတွင် ကျင့်ကြံခြင်းအရင်းအမြစ် မရှားပါးချေ။ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ ထန်အင်ပါယာ၏တိုက်ခိုက်မှုမှာ ယခုလက်ရှိချိန်၌ ပို၍ပြင်းထန်လာသည်။တော်ဝင်မြို့တော်နှင့်နီးကပ်သောနေရာတွင်ရှိလေလေ ပို၍ဘေးကင်းလုံခြုံလေလေပင်။

ဤရာထူးနေရာကို ကာကွယ်ထိန်းသိမ်းရန်အလို့ငှာ ထျန်းပိုယန်သည် ပြဿနာဖြစ်နိုင်ချေရှိသည့်အရာများအားလုံးကို အထက်သို့မရောက်စေရန် အတက်နိုင်ဆုံး ပိတ်ဆို့ဟန့်တားခဲ့သည်။ထိုကိစ္စမှတဆင့် သူ့အတွက် ဤရာထူးနေရာသည် အလွန်အရေးကြီး၍သာ ဖက်တွယ်ထားခြင်းဖြစ်သည်ကို ပြသနေပေ၏။

လုယွီကမူ အမှန်တကယ်ကိုပင် ငြင်းဆန်ခဲ့သည်။

ယန်ကျွင်းက မျက်မှောင်ကြုတ်ကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"မင်းက တော်ဝင်စာမေးပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့်ပုံပဲ...တကယ်လို့ မင်းက တော်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ရင်တောင် အနည်းဆုံးဆယ်စုနှစ်တစ်ခုစာလောက် ခက်ခက်ခဲခဲကြိုးစားပြီးမှ တတိယအဆင့်အရာရှိရာထူးကို ရမယ်ဆိုတာ မင်း သိသင့်တယ်"

"တကယ်လို့ ခုချိန် မင်းဆီမှာ တတိယအဆင့်ရာထူးရှိနေရင် တာယွီရဲ့ကံကြမ္မာစွမ်းအား ကောင်းချီးပေးမှုနဲ့ မင်းရဲ့ကျင့်ကြံမှု အကြီးအကျယ် တိုးတက်လာလိမ့်မယ်...မင်းရဲ့ပါရမီအရည်အချင်းနဲ့ဆိုရင် မကြာခင်မှာပဲ မင်းရဲ့နယ်မြေက ကောင်းကင်ဘုံနယ်မြေတခွင်လုံးအနှံ့ ကျော်ကြားသွားလိမ့်မယ်...ဘာလို့ မင်းက လက်မခံချင်တာလဲ"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"တကယ်လို့ ကျွန်တော် ခန့်မှန်းတာမမှားဘူးဆိုရင်...ဒီရာထူးကို ကျွန်တော်လက်ခံလိုက်တာနဲ့...မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးမှူးရာထူးမှာပဲ တသက်လုံးနေရလိမ့်မယ်"

အရာရှိများအတွက် ယခုကဲ့သို့အရေးပေါ်ရာထူးတိုးခြင်းများမှာ အထူးသီးသန့်ခန့်အပ်ခြင်းခံရမှုမျိုးဖြစ်သည်။သူတို့အတွက် ထပ်မံ၍ ရာထူးမြင့်တက်နိုင်ရန်မှာ မလွယ်ကူတော့ချေ။

တတိယအဆင့်အရာရှိရာထူးနေရာတွင် ရရှိသောကံကြမ္မာစွမ်းအား အထောက်အပံမှာ မြင့်မားပေ၏။

သို့ရာတွင် ဤကဲ့သို့ကံကြမ္မာစွမ်းအားမျှဖြင့် လုယွီသည် ရှန်လင်းလုံကိုလက်စားချေရန် မဆိုထားနှင့် သူ၏ရန်သူများ ရှာမတွေ့စေရန် ပုန်းအောင်းနေရပေမည်။

သူ သေဆုံးပြီးနောက် ရှန်လင်းလုံသည် တာယွီအင်ပါယာ၏ဧကရီဖြစ်လာခဲ့သည်။သူမထံတွင် မရေမတွက်နိုင်သော ကျင့်ကြံမှုအရင်းအမြစ်များကို ရှိနေပေမည်။အကယ်၍ လုယွီသည် သူမကို အမှီလိုက်လိုပါက သူ့အတွက် တတိယအဆင့်အရာရှိနေရာမှ ကံကြမ္မာစွမ်းအားသည် မလုံလောက်ချေ။

ယန်ကျွင်း၏လက်ချောင်းများ အနည်းငယ်တုန်ရီသွားကာ သူက ပြောဆိုသည်။

"မင်းက ရည်မှန်းချက်ကြီးမားတဲ့သူပဲ...ဒါပေမယ့် ကံဆိုးချင်တော့ အရင်ကလည်း တာယွီအင်ပါယာမှာ ပါရမီရှင်တွေအများကြီးရှိခဲ့တယ်...သူတို့က ငယ်ရွယ်စဥ်မှာ မောက်မာဝံ့ကြွားကြပေမယ့် အချိန်တွေကုန်လွန်လာတာနဲ့အမျှ သူတို့က သူတို့ကိုယ်သူတို့ သာမာန်ပဲဆိုတာ သိသွားကြတယ်"

ယန်ကျွင်း၏မျက်နှာတွင် စိတ်ပျက်သွားသောအရိပ်အယောင်တချို့ရှိနေလေ၏။

သူ၏စဥ်းစားထားမှုအရ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးမှူးရာထူးအတွက် လုယွီထက် သင့်တော်သောသူမရှိချေ။

လုယွီသည် ရှင်းလင်းသောနောက်ခံဇစ်မြစ်ရှိကာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ အလွန်မြင့်မားသော နာမည်ဂုဏ်သတင်းရှိသူပင်။ထို့ထက်ပို၍အရေးကြီးသောအချက်မှာ လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်ခဲ့သူဖြစ်ပေ၏။

ထိုအချက်များကြောင့် လုယွီသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏အုပ်ချုပ်ရေးမှူးဖြစ်နေသရွေ့ မည်သူကမျှ မကောင်းသောအတွေးမျိုး ကြံစည်ဝံ့မည်မဟုတ်ချေ။

"ထားလိုက်တော့...လူတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင်ရည်မှန်းချက်ရှိတယ်...မင်းက ငါ့ကိုကူညီပြီး အစိမ်းရောင်ကြာနတ်ဘုရားကို ရင်ဆိုင်ပေးခဲ့တဲ့အတွက် ငါကလည်း မင်းကို တစ်ခုပြန်လုပ်ပေးမယ်"

ရက်စက်ကြမ်းကြုတ်သောအကြည့်တစ်ချက်က တော်ဝင်စစ်ခုံရုံးမှအရာရှိများထံသို့ ကျရောက်သွားသည်။

ယန်ကျွင်း၏စူးစိုက်ကြည့်ခြင်းကို ခံရချိန်တွင် ထိုအရာရှိများ၏မျက်နှာများပေါ်၌ ယခင်ကဲ့သို့ မောက်မာဝံ့ကြွားမှုမျိုး မရှိတော့ချေ။သူတို့သည် ကြောင်တစ်ကောင်ကိုမြင်လိုက်ရသည့် ကြွက်များအလား ယန်ကျွင်း၏အကြည့်ကို အကောင်းဆုံးကြိုးစား၍ ရှောင်တိမ်းလိုက်ကြ၏။

Chapter 2723

"မင်း...ဒီနေရာကိုလာခဲ့စမ်း"

ယန်ကျွင်းက လီချိန်ကို လက်ညှိုးညွှန်လိုက်သည်။

လီချိန်၏မျက်နှာ ရုတ်တရက် ဖြူရော်သွားသည်။

"အရှင်ယန်က ဒီကိစ္စထဲမှာ ပါဝင်ပတ်သတ်မလို့လား"

​ဘုန်း ..

ယန်ကျွင်းက သူ့ဘေးရှိစားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်၏။

ထိုကျယ်လောင်သောအသံသည် ရုတ်တရက်မိုးကြိုးပစ်ချလိုက်သကဲ့သို့ လီချိန်ကို ထိတ်လန့်ကြောက်ရွံသွားစေကာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားလုနီးပါးပင်။

"အဓိပ္ပါယ်မရှိတာတွေ...တော်ဝင်စစ်တပ်ရဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ကို မင်းတို့က ဒီနည်းလမ်းနဲ့ ဆက်ဆံတာလား...စတုတ္ထဆင့်အရာရှိတစ်ယောက်ရဲ့အမိန့်စာလွှာ မပါဘဲနဲ့တောင် မင်းတို့ တော်ဝင်စစ်ခုံရုံးကကောင်တွေက တခြားသူကို ဖမ်းဆီးဝံ့တယ်ပေါ့လေ..ဒီလိုသတ္တိမျိုး မင်းကို ဘယ်သူကပေးလိုက်တာလဲ"

ယန်ကျွင်းက ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလေသည်။

သူသည် အဆင့်မြင့်အရာရှိရာထူးတွင် အချိန်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သဖြင့် သူ စကားပြောဆိုလိုက်သည်နှင့် အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်က သူ့ထံမှ ထွက်ပေါ်နေသည်။

လီချိန်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးများအားလုံး စီးဆင်းမှုရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရ၏။ဤအချိန်အခိုက်အတန့်တွင် သူ မည်သို့ပြောဆိုရမည်ကို မသိတော့ချေ။နောက်ဆုံးတွင် သူက တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။

"ကျွန်တော်....ကျွန်တော်က လုယွီ ထန်အင်ပါယာနဲ့ပူးပေါင်းနေတယ်လို့ ကြားခဲ့တာပါ...အခြေအနေက အရေးပေါ်ဖြစ်နေတယ်...ဒါကြောင့် သူ ထွက်ပြေးသွားမှာကိုစိုးရိမ်လို့ ကျွန်တော်က ဒီနေရာကိုလာပြီး သူ့ကို အရင်ဆုံးဖမ်းဆီးထိန်းသိမ်းမလို့ပါ"

"ဒါဆို မင်းက အကြားသက်သက်နဲ့ အမိန့်စာလွှာမပါဘဲ လူလာဖမ်းရဲတာလား"

ယန်ကျွင်း၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားကာ လီချိန်ကို လက်ညှိုးညွှန်၍ ပြောဆိုသည်။

"မင်းကို တော်ဝင်စစ်ခုံရုံးရဲ့အရာရှိရာထူးကနေ ထုတ်ပယ်လိုက်ပြီ...ဒီနေရာကနေ ထွက်သွားစမ်း"

ယန်ကျွင်း၏လက်ချောင်းပေါ်တွင် တောက်ပသောရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုရွှေရောင်အလင်းတန်းများတွင် ဧကရာဇ်၏အခွင့်အာဏာစွမ်းအားများဖြင့် ပြည့်နှက်နေပေ၏။

ဤသည်က ရှန့်ဖန်းဓားမှနေ၍ ယန်ကျွင်းကို ချီးမြှင့်ထားသော စွမ်းအားပင်။ရှန့်ဖန်းဓား တည်ရှိနေမှုကြောင့် ယန်ကျွင်းသည် ဧကရာဇ်၏ကိုယ်စား တရားစီရင်ပိုင်ခွင့်ရှိကာ သူ့ထံတွင် ဧကရာဇ်၏အခွင့်အာဏာ တစ်စိတ်တစ်ဒေသလည်းရှိနေသည်။

လီချိန်ကဲ့သို့အရာရှိငယ်လေးများကို ရာထူးမှထုတ်ပယ်ရန်မှာ ယန်ကျွင်း၏စကားတစ်ခွန်းသာ လိုအပ်ပြီး သူ ဆန္ဒရှိသကဲ့သို့ လုပ်ဆောင်နိုင်သည်။

ခရက်..ခရက်...ခရက်..

လီချိန်၏ခန္ဓာကိုယ်ပေါ်မှနေ၍ အက်ကွဲသံများ ထွက်ပေါ်လာသည်။သူ အစောပိုင်းက ထုတ်ဖော်ပြသခဲ့သော တော်ဝင်စစ်ခုံရုံး၏အရာရှိတံဆိပ်ပြားသည် ချက်ချင်းဆိုသလိုပင် ကြေမွှပျက်စီးသွားလေ၏။

စကားတစ်ခွန်းသည် သူ့အား ရာထူးမှထုတ်ပယ်ရန် လုံလောက်သည်။

"အရှင်ယန်...ကျွန်တော်ရဲ့အမှားကိုသိပါပြီ...ကျေးဇူးပြုပြီး ရပ်တန့်ပေးပါ...ကျွန်တော် မှားသွားပါတယ်"

လီချိန်က စတင်၍ အသနားခံတောင်းပန်နေသည်။

တော်ဝင်မြို့တော်၌ သူ့ကဲ့သို့ ကျင့်ကြံသူအမြောက်အများရှိသည်။

တော်ဝင်စစ်ခုံရုံး၏သတ္တမအဆင့်အရာရှိရာထူးကို ရရှိပြီးနောက်မှသာ သူသည် ကံကြမ္မာစွမ်းအား၏ကောင်းချီးပေးခြင်းကိုခံရပြီး သူ၏ကျင့်ကြံမှုအရှိန်နှုန်းသည် သာမာန်ကျင့်ကြံသူများထက် အဆများစွာ ပို၍လျှင်မြန်လာခဲ့သည်။

သူသည် မည်သည့်နည်းဖြင့် ဤကဲ့သို့အကျိုးကျေးဇူးမျိုးကို လက်လွတ်ဆုံးရှုံးခံနိုင်မည်နည်း။

"ငါက ဘာကိစ္စကိုပဲလုပ်လုပ် ဘယ်တော့မှ မရပ်တန့်ဘူး...ငါ မင်းရဲ့အသက်ကို ချမ်းသာပေးပြီးပြီ...ဆူဆူညံညံ ထပ်မလုပ်စမ်းနဲ့...ထွက်သွားစမ်း"

ယန်ကျွင်းက ဒေါသတကြီးအော်ဟစ်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ပြင်းထန်သော လေလှိုင်းတစ်ရပ် ထွက်ပေါ်လာခြင်းနှင့်အတူ လီချိန်တို့တစ်စုလုံး ခြံဝန်းပြင်ပသို့ လွင့်ထွက်သွားတော့သည်။

တော်ဝင်စစ်ခုံရုံမှတခြားအရာရှိများသည် ထိတ်လန့်ကြောက်ရွံနေကြ၏။ယန်ကျွင်း၏မြှားဦး သူတို့ဘက်သို့လှည့်လာမည်ကို စိုးရိမ်နေကြသည်။ထို့ကြောင့် သူတို့သည် လီချိန်ကိုပင် ဂရုမစိုက်တော့ဘဲ နောက်ကြောင်းပြန်လှည့်ကာ ချက်ချင်းထွက်ခွာသွားတော့သည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ခြံဝန်းအတွင်း၌ မည်သူမျှမကျန်ရှိတော့ချေ။

"ဗိုလ်ချုပ်လု...တကယ်လို့ နောင်တစ်ချိန်မှာ မင်းရဲ့ဆုံးဖြတ်ချက်ကို နောင်တရမယ်ဆိုရင် ငါ့ကို အချိန်မရွေး လာရှာနိုင်တယ်...ငါက ဒီရာထူးနေရာမှာ တခြားတစ်ယောက်ကို ခန့်အပ်လိုက်မယ်...ဒါပေမယ့် သူက အကောင်းဆုံးရွေးချယ်မှုတော့ မဟုတ်ဘူး"

ယန်ကျွင်းသည် လက်လျှော့လိုပုံမရပေ။

သို့ရာတွင် လုယွီ၏ဆုံးဖြတ်ချက်ပြတ်သားမှုကိုကြည့်ပြီး သူက ထပ်မံ၍တိုက်တွန်းခြင်းမပြုတော့ဘဲ သက်ပြင်းတစ်ချက်ရှိုက်ကာ ထွက်ခွာသွားတော့သည်။

အိမ်အတွင်းသာ လုယွီတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

"မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေလို နေရာငယ်လေးက ငါ့ကိုလှောင်ပိတ်ထားနိုင်မှာလား"

လုယွီက မျက်လုံးစုံမှိတ်လိုက်၏။ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒက ရုတ်တရက် သူ၏ခန္ဓာကိုယ်မှထွက်ပေါ်လာကာ အချိန်တခဏအကြာတွင် ပြန်လည်ပျောက်ကွယ်သွားသည်။

……

ဤအချိန်အခိုက်အတန့်တွင် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေပေါ်ရှိ အိမ်တော်ခြံဝန်းတစ်ခုအတွင်း၌....

လီချိန်သည် ဒယိမ်းဒယိုင်နှင့် ခြံဝန်းအတွင်းသို့ ဝင်လာပြီးနောက် ရပ်တန့်လိုက်သည်။

"ခွေးမသား...ခွေးမသားလေး...ဘာလို့ အဲ့ဒီကောင်လေးကြောင့်နဲ့ ငါကို ယန်ကျွင်းက ပစ်မှတ်ထားရတာလဲ...သူက အဲ့ကောင်လေးကို မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရဲ့အုပ်ချုပ်ရေးမှူးရာထူးနေရာကိုတောင် ပေးနေတယ်...အဲ့ဒီကောင်လေးရဲ့ နောက်ခံဇစ်မြစ်က ဘာလဲ"

ယန်ကျွင်းက အဆက်မပြတ် အော်ဟစ်ဆဲဆိုကာ သူ၏စိတ်နှလုံးသားအတွင်းမှ မကျေနပ်ချက်များကို ဖွင့်ထုတ်နေသည်။

"အပြင်မှာ ဘာတွေဖြစ်နေတာလဲ"

အိမ်အတွင်းမှနေ၍ အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

ထိုအသံကိုကြားချိန်တွင် လီချိန်သည် အလွန်ထိတ်လန့်ကြောက်ရွံသွားကာ မူလက သူ၏ဒေါသတကြီး အော်ဟစ်ကြုံးဝါးနေမှုကို ရပ်တန့်လိုက်၏။

သူက အိမ်တံခါးရှေ့သို့ အလျှင်အမြန်သွားကာ ရိုသေလေးစားသောအသံဖြင့် ပြောဆိုသည်။

"အိမ်တော်ထိန်း...ဒီငယ်သားက ပြဿနာရှာခဲ့မိတယ်"

Chapter 2724

အိမ်တံခါးပွင့်သွားချိန်တွင် နောက်မှီထိုင်ခုံပေါ်၌ လှပချောမောသော အမျိုးသမီးတစ်ယောက်လဲလျောင်းနေကာ သူမက အေးအေးလူလူအမူအယာဖြင့် လဖက်ရည်သောက်သုံးနေသည်။

သူမက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"သူက ဖမ်းဆီးမှုကို ခုခံနေလို့လား...ဒါက ပြဿနာမရှိပါဘူး...တကယ်လို့ သူ ခုခံနေတယ်ဆိုရင်...ငါတို့က သူ့ကိုဖမ်းဆီးဖို့ အကြောင်းပြချက် ပိုရသွားပြီ...ဘယ်လိုပဲဖြစ်ဖြစ် သူက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့စီနီယာတပည့်တစ်ယောက်လေ...တကယ်လို့ သူက နင် ဖမ်းဆီးတာကို အသာတကြည်လက်ခံရင်သာ ထူးဆန်းနေမှာ"

"မဟုတ်ဘူး...ဒါက သူ ဖမ်းဆီးမှုကို ခုခံနေတာကြောင့်မဟုတ်ဘူး...အရှင်ယန်ကျွင်းက သူ့ကို ကူညီပေးနေတယ်"

လီချိန်က တုန်ရီနေသောလေသံဖြင့် ပြောဆိုလေ၏။

"အရှင်ယန်လား...ဘာတွေဖြစ်ခဲ့တာလဲ"

အမျိုးသမီးအိမ်တော်ထိန်း၏မျက်ခုံး မြင့်တက်သွားသည်။

လီချိန်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး သူမကို ပြန်ပြောပြလိုက်သည်။

"အရူး...ယန်ကျွင်းဆိုတာ ဘယ်သူမလို့လဲ...သူက စည်းကမ်းတင်းကြပ်တဲ့ စာအုပ်ကြီးသမားတစ်ယောက်...သူ့ရှေ့မှာ ဘယ်သူကမှ လှည့်စားမှုတွေ မလုပ်ရဲဘူး...နင်က သူ့ကိုတွေ့တာနဲ့ ချက်ချင်းပြန်လှည့်ထွက်ခဲ့ရမှာ...အဲ့ဒီနေရာမှာ ဆက်ပြီးမနေခဲ့သင့်ဘူး"

အမျိုးသမီးအိမ်တော်ထိန်းက ဒေါသတကြီး အော်ငေါက်လိုက်၏။

လီချိန်က ပျာပျာသလဲ တောင်းပန်လေသည်။

"ဒီငယ်သားက အမှားကိုသိပါပြီ...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို တော်ဝင်နန်းတွင်းဆီ ပြန်သွားခွင့်ရအောင် ကူညီပေးပါ"

"အရင်ကတည်းက ငါ နင့်ကို သေချာလုပ်ဖို့ မပြောခဲ့ဘူးလား...နင်က တော်ဝင်စစ်ခုံရုံးရဲ့အရာရှိနေရာကနေ ထုတ်ပယ်ခံလိုက်ရပြီ...ဒါကြောင့် ဝေးလံခေါင်သီတဲ့ ကြယ်နယ်မြေပေါ်ကိုသာ ထွက်သွားတော့"

အမျိုးသမီးအိမ်တော်ထိန်း၏မျက်နှာပေါ်တွင် အထင်အမြင်သေးသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

လီချိန်၏မျက်နှာတပြင်လုံး ဖြူရော်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

အကယ်၍ သူသည် ဝေးလံခေါင်သီသော ကြယ်နယ်မြေပေါ်သို့သာ မောင်းထုတ်ခံရပါက သူ၏စွမ်းအားများအားလုံး ဆုံးရှုံးသွားကာ နောက်ဆုံး၌ အထီးကျန်စွာ သေဆုံးရပေလိမ့်မည်။

သို့ရာတွင် သူ့ထံတွင် တော်ဝင်စစ်ခုံရုံး၏အရာရှိရာထူးမရှိတော့ချေ။သူသည် မသန်မစွမ်းသာသာအဆင့်သာရှိတော့သဖြင့် အမိန့်ကိုလိုက်နာရုံသာ ရှိတော့သည်။

"ဟီး ဟီး...လီချိန်...မင်းကိုကြည့်ရတာ တာဝန်ကို အောင်မြင်ခဲ့ပုံမရဘူး"

ထိုအချိန်မှာပင် အေးစက်စက်ရယ်သံတစ်သံက လီချိန်၏နောက်မှ ထွက်ပေါ်လာသည်။

မုတ်ဆိတ်မွှေးဗရပျစ်နှင့် လူထွားကြီးတစ်ယောက်သည် အောင်နိုင်သူအပြုံးဖြင့် အိတ်တစ်အိတ်ကိုသယ်ဆောင်ကာ ခြံဝန်းအတွင်းသို့ ဝင်လာသည်။

ထိုလူထွားကြီးသယ်ဆောင်လာသော ဂုံနီအိတ်အတွင်း၌ အဆက်မပြတ်ရုန်းကန်နေသောလူများ ပါဝင်ပုံရသည်။သို့ရာတွင် ထိုဂုံနီအိတ်ပေါ်တွင် အဆောင်လက်ဖွဲ့များကို ကပ်ထားသဖြင့် အလွန်အမင်းခိုင်ခံသည်။ထို့ကြောင့် အတွင်းရှိလူများသည် ဂုံနီအိတ်ကိုဆုတ်ဖြဲ၍ ပြင်ပသို့မထွက်နိုင်ကြချေ။

"ဟူဟန်...မင်း တကယ်ကြီး အဲ့ဒီလူတွေကို ဖမ်းဆီးနိုင်ခဲ့တာလား"

လီချိန်က တုန်လှုပ်ချောက်ချားနေသောအသံဖြင့် ပြောဆိုသည်။

တာဝန်များခွဲဝေစဥ်၌ လီချိန်၏တာဝန်သည် အရိုးရှင်းဆုံးဖြစ်ကာ သူ၏ရာထူးကိုအသုံးချ၍ လုယွီကို ဖမ်းဆီးရန်ပင်။

ဟူဟန်ကမူ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ခိုးဝင်ကာ လုယွီနှင့်အနီးစပ်ဆုံးဖြစ်သော ကျောင်းတော်တပည့်များကို ဖမ်းဆီးရပေမည်။

တစ်ယောက်သည် အရာရှိရာထူးကိုအသုံးချ၍ ပြောင်ပြောင်တင်းတင်း လူတစ်ယောက်ကို ဖမ်းဆီးရမည်ဖြစ်ကာ တခြားတစ်ယောက်ကမူ ခိုးကြောင်ခိုးဝှက်ဝင်ရောက်၍ လူများကို ဖမ်းဆီးရသည်။ထိုတာဝန်နှစ်ခု၏ခက်ခဲမှုအဆင့်သည် ညီမျှသည်ဟုပင် မဆိုနိုင်ချေ။

တာဝန်ကိုပြီးမြောက်အောင်မြင်အောင် ပြုလုပ်နိုင်သူသည် ဟူဟန်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိပေ။

ဟူဟန်က သရော်တော်တော် ပြောဆိုသည်။

"လူတိုင်းကို မင်းလိုမျိုး အသုံးမကျတဲ့သူလို့ ထင်နေတာလား"

ထိုစကားဆုံးသည်နှင့် ဟူဟန်က သူ၏လက်အတွင်းမှ ဂုံနီအိတ်ကိုဖွင့်၍ မြေပြင်ပေါ်သို့ သွန်ချလိုက်၏။အိတ်အတွင်းမှနေ၍ ငယ်ရွယ်သောအမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက် ထွက်ကျလာသည်။

သူတို့၏ခန္ဓာကိုယ်ပေါ်တွင် အဆောင်လက်ဖွဲ့များကပ်ထားကာ သူတို့၏မှော်စွမ်းအားများ အသုံးပြု၍မရစေရန် အပြည့်အဝချိပ်ပိတ်ထားသည်။သူတို့နှစ်ယောက် မည်မျှပင်ရုန်းကန်နေပါစေ အချည်းနှီးပင်။

သူတို့နှစ်ယောက်သည် မူမောင်နှမဖြစ်သော မူချင်းရှန်နှင့်မူလင်းတို့ဖြစ်ပေ၏။

အမျိုးသမီးအိမ်တော်ထိန်းက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ကာ စိတ်ကျေနပ်မှုရသွားပုံဖြင့် ပြောဆိုသည်။

"ကောင်းတယ်...လုမိသားစုရဲ့နောက်တစ်သုတ် အပြင်စည်းတပည့်ရွေးချယ်ပွဲကျရင် ဟူဟန်...နင့်ရဲ့နာမည်ကို ငါ သေချာထည့်ပေးမယ်"

"အိမ်တော်ထိန်းကို ကျေးဇူးတင်ပါတယ်"

ဟူဟန်က အလွန်ပျော်ရွှင်သွားသည်။

လီချိန်နှင့်ဟူဟန်နှစ်ယောက်လုံးသည် လုမိသားစုအတွက် အလုပ်လုပ်ကိုင်ပေးနေသူများပင်။

တော်ဝင်မြို့တော်၏ထိပ်သီးမိသားစုကြီးရှစ်စုအနက်မှတစ်စု အထူးသဖြင့် မဟာထိပ်တန်းမိသားစုကြီးလေးစုအနက်မှတစ်စုဖြစ်သော လုမိသားစုအတွင်းသို့ ဝင်ရောက်နိုင်သည့်နည်းလမ်းကို စဥ်းစားတွေးတောနေသော လူအမြောက်အများရှိသည်။

တချို့လူများသည် လုမိသားစုထံမှ ပေါများသောကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိလိုသဖြင့် လက်ထပ်ခြင်းဖြင့်ဝင်ရောက်ရန်ပင် ဝန်မလေးကြချေ။

လုမိသားစုအတွင်း၌ အပြင်စည်းတပည့်များကို အစေခံများဟုသာ ယူဆနိုင်သည်။သူတို့သည် လုမိသားစုမှလူများ၏ ညွှန်ကြားချက်များကိုသာ လုပ်ဆောင်ရကာ လုအိမ်တော်အတွင်းသို့ ဝင်ရောက်ခွင့်မရှိချေ။

သို့ရာတွင် လုမိသားစု၏အပြင်စည်းတပည့်များ ရရှိသော ကျင့်ကြံမှုအရင်းအမြစ်သည် တခြားအင်အားစုများထက် များစွာပို၍သာလွန်လေ၏။ဤသည်က လူအမြောက်အများ လုမိသားစုအတွင်းသို့ ဝင်ရောက်လိုသော အကြောင်းအရင်းလည်းဖြစ်သည်။

ထို့ပြင် အကယ်၍ အပြင်စည်းတပည့်တစ်ယောက်သည် ပေးအပ်သောတာဝန်ကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ပါက လုမိသားစု၏တရားဝင်တပည့်တစ်ယောက် ဖြစ်လာနိုင်သည်။ထို့ကြောင့် နှစ်စဥ်နှစ်တိုင်း လုမိသားစု၏အပြင်စည်းတပည့်နေရာကို ရယူလိုသော လူအမြောက်အများရှိသည်။

Chapter 2725

ဟူဟန်က အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

"အိမ်တော်ထိန်းကို ကျေးဇူးတင်ပါတယ်"

လီချိန်၏မျက်လုံးအတွင်း၌ မနာလိုအားကျသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။သို့ရာတွင် သူသည် တာဝန်ကိုကျရှုံးခဲ့သဖြင့် နံဘေးဘက်တွင်ရပ်၍ စောင့်ကြည့်နေရုံသာ တက်နိုင်တော့သည်။

ဟူဟန်က မူချင်းရှန်၏ချိပ်စည်းတံဆိပ်ကို ဖွင့်လိုက်၏။ရုတ်ချည်းဆိုသလိုပင် မူချင်းရှန်က ဒေါသတကြီး အော်ဟစ်လေသည်။

"မင်းတို့က ဒီနေရာမှာ လှုပ်ရှားဝံ့တာလား ..ကျောင်းတော်ကနေ မင်းတို့ကို ရှာတွေ့သွားမှာ မင်းတို့ မကြောက်ကြဘူးလား"

အမျိုးသမီးအိမ်တော်ထိန်းက အေးစက်စက်ရယ်မောကာ ပြောဆိုသည်။

"နင်တို့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တခြားလူတွေရဲ့ကျူးကျော်တိုက်ခိုက်တာကို ခံရပြီးတဲ့နောက်မှာ အင်အားအကြီးအကျယ်လျော့နည်းနေပြီ...အခုချိန်မှာ သူတို့ကိုယ်သူတို့တောင် ဂရုမစိုက်နိုင်ကြတာ နင်တို့ကို ဘယ်သူက လာကယ်မှာလဲ...တကယ်လို့ နင်တို့က ငါမေးတာကို လိမ်လိမ်မာမာနဲ့ အ​ဖြေပေးမယ်ဆိုရင် နင်တို့ ခံစားရတာ သက်သာလိမ့်မယ်"

မူချင်းရှန်က သူ၏စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။

"မင်းက ဘာသိချင်တာလဲ"

"နင် လုယွီကိုသိမှာပါ...ဟုတ်တယ်မလား...နင် သူ့ရဲ့နောက်ခံဇစ်မြစ်ကို သိလား...အဲ့ဒီလူမှာ တခြားဆွေမျိုးတွေရှိနေသေးလား"

အမျိုးသမီးအိမ်တော်ထိန်းက မေးမြန်းသည်။

ထိုစကားကိုကြားချိန်တွင် မူချင်းရှန်၏မျက်လုံးများပြူးကျယ်သွားကာ သူက အမျိုးသမီးအိမ်တော်ထိန်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။

"ဒါဆိုရင် ငါတို့ကို ဒီနေရာထိဖမ်းခေါ်လာတာ လုရှီကြောင့်ပေါ့"

"လုရှီ...ရယ်စရာကောင်းလိုက်တာ...သူက ကောင်လေးတစ်ယောက်လေ...သူ့ရဲ့ငယ်ရွယ်တဲ့အသက်နဲ့ 'လုရှီ'လို့အခေါ်ခံဖို့ ထိုက်တန်လို့လား...သူက တကယ့်ကို ကောင်းကင်နဲ့မြေပြင်ရဲ့ အတိမ်အနက်ကို မသိတာပဲ"

အမျိုးသမီးအိမ်တော်ထိန်းက အထင်အမြင်သေးသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။

"ငါ ဒီနေရာကိုလာတဲ့ လမ်းတလျှောက်လုံးမှာ စုံစမ်းမေးမြန်းပြီးပြီ ..နင်တို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့တပည့်အများစုက သူ့ကို လုရှီလို့ ခေါ်နေကြတယ်...ကြည့်ရတာတော့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တော်တော်လေး နိမ့်ကျသွားပုံပဲ...တော်ဝင်စာမေးပွဲမှာ အမြဲတမ်း အောက်ဆုံးနေရာမှာပဲရှိနေတာ အံ့အားသင့်စရာမရှိတော့ဘူး"

သူမသည် ထိုကိစ္စကို လက်ခံယုံကြည်နိုင်ခြင်းမရှိချေ။မည်သည်ကြောင့် လုယွီကဲ့သို့လူငယ်တစ်ယောက်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ အလွန်မြင့်မားသော နာမည်ဂုဏ်သတင်းရှိနေရသနည်း။

လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရားနှင့် ရွှယ်အင်မော်တယ်နယ်ပယ်မြင့်မြတ်နတ်ဆရာခုနစ်ယောက်ကို သတ်ခဲ့သည်ဟူသော သတင်းမှာ ပို၍ပင်ရယ်ရွှင်ဖွယ်ကောင်းသည်။

ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် လွယ်လင့်တကူနင်းချေရုံဖြင့် သေဆုံးသွားနိုင်သော မြေပြင်ပေါ်မှ ပုရွက်ဆိတ်များမဟုတ်ချေ။

တစ်စုံတစ်ယောက်သည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်သည်နှင့် မည်သည့်နေရာမျိုးသို့ ရောက်ရှိနေပါစေ ကြီးမားသောတိုက်ခိုက်စွမ်းအားရှိသူဟု သတ်မှတ်နိုင်သည်။သူတို့သည် လွယ်လင့်တကူ သေဆုံးနိုင်ခြင်းမရှိလေရာ လုယွီမှနေ၍ ရွှယ်အင်မော်တယ်ခုနစ်ယောက်ကို သတ်ဖြတ်ခဲ့သည်ဟူသောကိစ္စမှာ မည်သည့်နည်းနှင့်မျှမဖြစ်နိုင်ချေ။

ဤသည်က ဟာသပြက်လုံးတစ်ခုပင်။

"ဟား ဟား ဟား...ရေတွင်းထဲက ဖားသူငယ်တစ်ကောင်ပဲ...လုရှီ ဘယ်လောက်ထိစွမ်းဆောင်နိုင်တယ်ဆိုတာ မင်း မသိသေးဘူး...ငါ မင်းကို ဒီနေရာကနေ မြန်မြန်ထွက်သွားဖို့ အကြံပေးချင်တယ်...တကယ်လို့ မင်းက လုရှီကိုဆန့်ကျင်ဖို့ ကြံစည်နေတယ်ဆိုရင်တော့ မင်း မရှုမလှသေဆုံးရလိမ့်မယ်"

မူချင်းရှန်က သရော်တော်တော်ပြောဆိုသည်။

"နင်က ပြန်ပြောရဲသေးတာလား...နင် သေချင်နေတာလား"

အမျိုးသမီးအိမ်တော်ထိန်းသည် အလွန်ဒေါသထွက်သွားကာ သူမ၏လက်ဖြင့် မူချင်းရှန်၏ပခုံးကို ဖိနှိပ်လိုက်၏။

ခရက်...ခရက် ..

မူချင်းရှန်၏လက်မှနေ၍ ရုတ်တရက် အက်ကွဲသံများ ထွက်ပေါ်လာကာ သူ၏အရေပြားအောက်မှအရိုးများ ရွေ့လျားသွားပုံရသည်။

သူ၏နဖူးပြင်ပေါ်၌ ချွေးစေးများစိုရွှဲနေကာ သူ၏သွားများ တဆတ်ဆတ်တုန်ရီနေသဖြင့် နာကျင်မှုအဆင့် အလွန်မြင့်မားသည်ကို ညွှန်ပြနေပေ၏။

"အရိုးကိုချိုးပြီး မရီးဒါန်းများကိုရွှေ့ပြောင်းခြင်း...ဒါက တောက်ပနေမင်းကျောင်းတော်ရဲ့နည်းစနစ်မဟုတ်လား"

မူချင်းရှန်က အံ့တင်းတင်းကြိတ်ကာ အမျိုးသမီးအိမ်တော်ထိန်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

သူ၏လက်သည် ပျော့ခွေ၍ နံဘေးဘက်သို့ တွဲလောင်းကျနေသည်။သူ၏လက်အတွင်းရှိ အရိုးနှင့်မရီးဒါန်းများအားလုံး ပျက်စီးသွားကာ သူ၏လက်တည်ရှိမှုကိုပင် သူ အာရုံခံ၍မရတော့ချေ။

အမျိုးသမီးအိမ်တော်ထိန်းက ပြောဆိုသည်။

"အနည်းဆုံးတော့ နင့်မှာ ဗဟုသုတနည်းနည်းတော့ ရှိသားပဲ...နင် လိမ်လိမ်မာမာနဲ့ လုယွီနဲ့ပတ်သတ်တဲ့သတင်းတွေ ငါတို့ကိုပြောပြစမ်း...မဟုတ်လို့ကတော့ နင့်ရဲ့နောက်လက်တစ်ဖက်လည်း ဒီလိုပဲဖြစ်သွားမယ်ဆိုတာကို မမေ့နဲ့"

မူချင်းရှန်က သရော်တော်တော် ပြောဆိုသည်။

"တကယ်လို့ မင်း ငါ့ကို မသန်မစွမ်းဖြစ်အောင် လုပ်ရင်တောင်...ငါက လုရှီနဲ့ပတ်သတ်တဲ့ ဘာသတင်းကိုမှ မင်းတို့ကို ပြောမှာမဟုတ်ဘူး"

သူ၏နံဘေး၌မတ်တတ်ရပ်နေသော ဟူဟန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

"အိမ်တော်ထိန်း...ဒီကောင်က အရိုးမာနေတုန်းပဲ...ကျွန်တော် သူ့ကိုကိုင်တွယ်လိုက်တာ ပိုကောင်းလိမ့်မယ်...ကျွန်တော်က အရိုးမာတဲ့ကောင်တွေကို ရိုက်ချိုးတဲ့နေရာမှာ အထူးချွန်ဆုံးပဲ"

"နင် ငါ့အစားလုပ်ပေးစရာမလိုဘူး...ဒါက အချိန်ဖြုန်းတာပဲ...ဒီနေရာမှာ တခြားမိန်းကလေးတစ်ယောက်ကျန်နေသေးတယ်...သူ့ကို နင့်လက်ထဲအပ်လိုက်မယ်"

အိမ်တော်ထိန်းအမျိုးသမီးက မူလင်းကိုဆွဲမကာ ဟူဟန်ထံ ပစ်ပေးလိုက်သည်။

ဟူဟန်က အပျော်လွန်သွားကာ ဆိုးညစ်သောအပြုံးနှင့် ပြောဆိုသည်။

"အိမ်တော်ထိန်းက အရမ်းကြင်နာတက်တာပဲ...ဒီလိုဆိုတော့လည်း ကျွန်တော်ရဲ့ညီအကိုတွေက မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေလို ပျင်းဖို့ကောင်းတဲ့နေရာမျိုးမှာနေနေရတာ အချိန်အတော်ကြာနေပြီ...သူတို့က အကြောအခြင်တွေတောင့်တင်းနေတာ အချိန်အတော်ကြာနေတော့ ဒီလိုမိန်းမလှလေးကိုတွေ့ရင် ဘာဖြစ်မလဲဆိုတာ မသိနိုင်ဘူး...သူ အသက်ရှင်နိုင်မယ်လို့တောင် မထင်ဘူး"

ဝူး...ဝူး...

မူလင်းသည် အားကုန်ရုန်းကန်နေသော်လည်း သူမ၏ခန္ဓာကိုယ်ပေါ်၌ကပ်ထားသော အဆောင်လက်ဖွဲ့သည် တဖျတ်ဖျတ်တောက်ပနေကာ သူမ ရုန်းကန်နေသော ခွန်အားများအားလုံးကို ပျက်ပြယ်သွားစေသည်။

Thank For Reading.

All Chapters