← Chapters

အခန်း (၂၇၂၆-၂၇၃၀)

Vol. 140 Ch. 2726-2730

အခန်း (၂၇၂၆-၂၇၃၀)

Vol. 140 Ch. 2726-2730

Chapter 2726

မူလင်းသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် သူမ၏ခွန်အားသည် အလွန်သန်မာအားကောင်းလှ၏။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူမ အင်အားကုန် အသုံးပြုသည့်တိုင် သူမ၏ခန္ဓာကိုယ်ပေါ်မှ ချိပ်စည်းကို ချိုးဖျက်နိုင်ခြင်းမရှိချေ။

ထိုအဆောင်လက်ဖွဲ့များသည် သူမ၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် တုပ်နှောင်ထားကာ သူမအား လှုပ်ရှား၍မရစေရန် ကာကွယ်ဟန့်တားထားသည်။

"ရုန်းမနေစမ်းနဲ့...ဒီအဆောင်လက်ဖွဲ့က မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကိုတောင် ချိပ်ပိတ်ထားနိုင်တယ်...မင်းရဲ့အသိစိတ်က ရှိနေသေးပေမယ့် မင်း နည်းနည်းလေးတောင် လှုပ်ရှားလို့ရမှာမဟုတ်ဘူး...ဒီလိုခံစားချက်မျိုးက သေချင်ပေမယ့် အသက်ရှင်နေရတာမျိုးနဲ့ အတူတူပဲ"

ဟူဟန်က သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်၍ပြောဆိုကာ သူ၏မျက်နှာပေါ်၌ ဆိုးညစ်သောအပြုံးမျိုး ထင်ဟပ်နေသည်။

သူသည် မူလက တောပုန်းဓားပြတစ်ယောက်ဖြစ်ကာ သူ၏လက်အတွင်း၌ သေဆုံးခဲ့ရသော အမျိုးသမီးကျင့်ကြံသူများမှာ ရေတွက်ကြည့်၍မရနိုင်အောင် အလွန်များပြားသည်။ထိုအမျိုးသမီးကျင့်ကြံသူတစ်ယောက်ချင်းစီသည် အလွန်အမင်းဆိုးရွားသော အဆုံးသတ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

"ငါက မင်းလိုမျိုး အသားအရေနူးညံပြီးတော့ ခန္ဓာကိုယ်အချိုးအစားလှတဲ့ မိန်းကလေးမျိုးကို ရှာနေတာ အချိန်အတော်ကြာနေပြီ...ကြည့်ရတာတော့ မင်းက ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပုံပဲ...ဒါဆိုရင် မင်း လွယ်လွယ်နဲ့တော့ သေမှာမဟုတ်ဘူး"

ဟူဟန်က သူ၏လက်ကိုဆန့်တန်းကာ မူလင်း၏ဆံပင်ကိုဆွဲဆုပ်၍ သူမကို အပေါ်သို့မြှောက်လိုက်၏။

မူလင်း၏မျက်နှာပေါ်၌ နာကျင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"သူ့ကို လွှတ်လိုက်...မင်းတို့ကောင်တွေ ငါ့ညီမကို လွှတ်ပေးကြစမ်း...မင်းတို့ တစ်ခုခုလုပ်ချင်ရင် ငါ့ကိုလာလုပ်ကြစမ်း"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် မူချင်းရှန်၏မျက်လုံးများ ကွဲထွက်လုမတတ်ပြူးကျယ်နေကာ သူက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဆောင်လက်ဖွဲ့များအားလုံး တဖျတ်ဖျတ်တောက်ပနေသည်။ထိုအဆောင်လက်ဖွဲ့များသည် မူချင်းရှန်၏ဒေါသမှထွက်ပေါ်လာသော စွမ်းအားများကို ဖိနှိပ်ရန်အတွက် အစွမ်းကုန်ကြိုးစားနေကြပုံပင်။

အမျိုးသမီးအိမ်တော်ထိန်းက ရုတ်တရက် ပြောဆိုသည်။

"အခုချက်ချင်း ရပ်လိုက်စမ်း"

ဟူဟန်သည် တုံ့ဆိုင်းမနေဝံ့သဖြင့် ချက်ချင်းရပ်တန့်လိုက်၏။မူလင်းသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

အမျိုးသမီးအိမ်တော်ထိန်းက မူချင်းရှန်၏ရှေ့၌ ဆောင့်ကြောင့်ထိုင်လိုက်သည်။ထို့နောက် သူမ၏လက်ဖြင့် မူချင်းရှန်၏မျက်နှာကို နူးညံညင်သာစွာပုတ်၍ ပြောဆိုသည်။

"နင်လည်း ဒါကို မြင်တာပဲ...တတယ်လို့ နင်က ငါ့ရဲ့စကားကို မလိုက်နာဘူးဆိုရင်...နင်ရဲ့ညီမ ဘာဖြစ်သွားမယ်ဆိုတာ မသိနိုင်ဘူး...နင် သိထားသမျှအရာအားလုံး ငါ့ကို ပြောပြတာ ပိုကောင်းလိမ့်မယ်...တကယ်လို့ ငါ နည်းနည်းသနားကြင်နာစိတ်ဝင်မိရင် နင်တို့ကို လွှတ်ပေးကောင်းလွှက်ပေးမိနိုင်တယ်"

"ခွေးမ...ငါ မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"

မူချင်းရှန်သည် ရူးသွပ်သွားလုနီးပါးပင်။

သူ့အတွက် ညီမဖြစ်သူမူလင်းသည် သူ၏တစ်ဦးတည်းသောမိသားစုဝင်ပင်။

ဤသည်က မည်သူမျှထိတွေ့၍မရသော သူ၏ပြောင်းပြန်အကြေးခွံဖြစ်သည်။

အိမ်တော်ထိန်းအမျိုးသမီးက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

"ဟွန့်...ကြည့်ရတာတော့ မင်းက ငါ့ရဲ့သနားကြင်နာမှုကို ငြင်းပယ်ပြီး နှိပ်စက်ညှင်းပန်းခံချင်တဲ့ပုံပဲ...ဘာအနာဂတ်မှာမရှိတဲ့ကောင်စုတ်လေးတစ်ကောင်ကို နင် ဘာလို့ကာကွယ်ပေးနေလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်ဘူး...ပြန်တွေးကြည့်ရင် သူက အောက်ဘုံကနေ တက်လှမ်းလာတာ...ကောင်းကင်ဘုံနယ်မြေမှာ သူ့ရဲ့ကျောထောက်နောက်ခံဆိုလို့ ဘာမှမရှိဘူး...တကယ်လို့ နင် သူ့နောက်ကိုလိုက်မယ်ဆိုရင် နင့်မှာရော အနာဂတ်ရှိနိုင်ပါ့မလား"

"ထွီ...မြင့်မြတ်ပြီး သဘောထားကြီးချင်ယောင် ဆောင်မနေစမ်းနဲ့...လုရှီရဲ့အရည်အချင်းတွေကို မင်းတို့လိုလူတွေ ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ...မင်း ငါ့ကို လိမ်နေစရာမလို့ဘူး...ငါ့ကို ကောင်းကင်ဘုံနယ်မြေထဲ ခုမှရောက်လာတဲ့ သူငယ်နှပ်စားလေးလို့ မင်း ထင်နေတာလား...မင်းတို့ရဲ့ခိုးကြောင်ခိုးဝှက်လှုပ်ရှားမှုတွေကိုကြည့်ရင် အနှေးနဲ့အမြန် မင်း ငါတို့ကို သတ်ပစ်မှာပဲ...တကယ်လို့ မင်းတို့ ငါကိုသတ်မယ်ဆိုရင်လည်း မြန်မြန်လုပ်စမ်း...ငါ မျက်တောင်တစ်ချက်ခတ်မှာမဟုတ်ဘူး"

မူချင်းရှန်က ကျယ်လောင်စွာအော်ဟစ်၍ ဆဲရေးတိုင်းထွာသည်။

မူချင်းရှန်၏စကားများကိုကြားချိန်တွင် အမျိုးသမီးအိမ်တော်ထိန်း၏မျက်နှာအမူအယာ အေးစက်တင်းမာသွားသည်။

"မျက်နှာသာပေးတာကို မယူတက်ဘူး...ကြည့်ရတာတော့ နင်က အသက်ရှင်နေရတာ သေရတာထက် ပိုပြီးဆိုးရွားတယ်ဆိုတာကို တကယ်မသိတဲ့ပုံပဲ"

သူမက ဟူဟန်ဘက်သို့လှည့်ကြည့်ကာ အမိန့်ပေးလိုက်၏။

"နင်...သူ့ရဲ့ညီမကို အခုချက်ချင်း သတ်လိုက်စမ်း...သူ့ရဲ့ရှေ့မှာ သူ့ညီမသေသွားရင် ဘယ်လိုခံစားရမလဲဆိုတာသိရအောင် သူကို ကြည့်ခိုင်းလိုက်စမ်း"

ဟူဟန်သည် အချိန်တခဏကြာ ကြက်သေသေသွားပြီးမှ ပျာပျာသလဲ ပြောဆိုသည်။

"အိမ်တော်ထိန်း..ကျွန်တော်တို့ညီအကိုတွေက ဒီမိန်းကလေးနဲ့ မပျော်ပါးရသေးဘူးလေ...သူ့ကို ချက်ချင်း သတ်လိုက်ရတော့မှာလား"

"သူတို့က အရိုးမာတဲ့သူတွေ...ဒီလူတွေအပေါ်မှာ အချိန်ဖြုန်းမနေနဲ့တော့...ပြီးတာနဲ့ နင် တခြားကျောင်းတော်တပည့်တွေကို ထပ်ပြီးဖမ်းခေါ်လာခဲ့စမ်း...ငါတို့ရဲ့တာဝန်က အရမ်းအရေးကြီးတယ်...နင် အပြင်စည်းတပည့်နေရာကို မရချင်တော့တာလား"

အိမ်တော်ထိန်းအမျိုးသမီးက အော်ငေါက်လေသည်။

လုမိသားစုအပြင်စည်းတပည့်ဟူသော စကားကိုကြားချိန်တွင် ဟူဟန်က တိတ်ဆိတ်ငြိမ်သက်သွားသည်။

"အိမ်တော်ထိန်းရဲ့အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်"

ဟူဟန်က သူ၏ဓားကိုဆွဲထုတ်၍ မူလင်းကို ချိန်ရွယ်လိုက်၏။

"ရပ်လိုက်စမ်း...မင်းတို့ ငါ့ညီမကိုထိဝံ့ရင် ငါ မင်းတို့အားလုံးကို သတ်မယ်"

မူရှင်းရှန်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

သို့ရာတွင် သူ မည်မျှပင် ရုန်းကန်နေပါစေ သူ၏ခန္ဓာကိုယ်ပေါ်မှအဆောင်လက်ဖွဲ့များသည် သူ့အား လှုပ်ရှား၍မရစေရန် တားဆီးဟန့်တားထားသည်။

မူချင်းချန်၏မျက်လုံးများသည် သွေးများယိုစီးကျနေသည့်အလား နီမြန်းနေကာ ဟူဟန်ကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။

Chapter 2727

"ဟီး ဟီး...ငါက ဒီလို သေရေးရှင်ရေးမြင်ကွင်းမျိုးကိုကြည့်ရတာ အကြိုက်ဆုံးပဲ"

ဟူဟန်က သူ၏နှုတ်ခမ်းကိုလျှာဖြင့်သပ်ကာ သူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်နေသည်။

သူ၏လက်အတွင်းရှိဓားကိုမြှောက်ကာ မူလင်း၏လည်ပင်းပေါ်သို့ တင်လိုက်၏။သို့ရာတွင် သူ၏လှုပ်ရှားမှုကို ချက်ချင်းမလုပ်ဆောင်သေးချေ။ဆန့်ကျင်ဘက်အနေဖြင့် သူက မူချင်းရှန်၏ဒေါသထွက်နေသောမျက်နှာအမူအယာကို အရသာခံ၍ကြည့်နေသည်။

"အခုချိန်ထိတောင် နင် ငါ့ကို ထုတ်ပြောဖို့ အစီအစဥ်မရှိဘူးလား...လုယွီမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုးတွေရှိနေလို့ နင်က သူ့ကို ဒီလောက်ထိကာကွယ်ဖို့ လိုအပ်နေတာလဲ"

အမျိုးသမီးအိမ်တော်ထိန်းက နံဘေးဘက်မှနေ၍ သရော်တော်တော် ပြောဆိုသည်။

ဟူး...

ထိုအချိန်မှာပင် လေစိမ်းတစ်ချက်က ခြံဝန်းအတွင်း၌ ဖြတ်သန်းတိုက်ခတ်လာသည်။

သစ်ရွက်များ နေရာအနှံ့ ပျံ့လွင့်သွားခြင်းနှင့်အတူ အေးစက်စက်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို သယ်ဆောင်လာသော လေလှိုင်းတစ်ရပ်သည် ယခုလက်ရှိနေရာတွင်ရှိသော လူနည်းစုထံသို့ တိုးဝင်လာပေ၏။

"မကောင်းတော့ဘူး..."

အမျိုးသမီးအိမ်တော်ထိန်းသည် ရုတ်တရက် တစ်စုံတစ်ခုမှားယွင်းနေသည်ကို အာရုံခံမိသဖြင့် နံဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ခြံဝန်းအတွင်း၌ရှိနေသူအားလုံး နေရာမှာပင် အမြှစ်တွယ်နေသကဲ့သို့ မလှုပ်ရှားနိုင်တော့ချေ။

ဟူဟန် တွေဝေမိန်းမောနေသည်ကို မြင်တွေ့ချိန်တွင် အမျိုးသမီးအိမ်တော်ထိန်းက အေးစက်စက်လေသံဖြင့် အော်ငေါက်လေသည်။

"အရူး...တစ်ယောက်ယောက်လာနေတယ်...နင် မြန်မြန် နောက်မဆုတ်သေးဘူးလား"

သူမသည် အဆင့်အတန်းမြင့်မားသူဖြစ်သဖြင့် လီချိန်နှင့်ဟူဟန်တို့ကဲ့သို့လူများကို ဆက်ဆံရာတွင် သူမက ကျွန်များကဲ့သို့သာ အမိန့်ပေးခိုင်းစေလေ့ရှိသည်။

သို့ရာတွင် ဟူဟန်၏လှုပ်ရှားမှုများသည် ကြမ်းတမ်းရိုင်းစိုင်းသော်လည်း အသုံးဝင်မှုတချို့ရှိနေသည်။ထို့ကြောင့် သူမသည် ဟူဟန်ကို ဤနေရာ၌ သေဆုံးသွားစေလိုခြင်းမရှိချေ။

သို့ရာတွင် သူမ မည်မျှပင်အော်ဟစ်ပြောဆိုနေပါစေ ဟူဟန်သည် နေရာမှာပင်မတ်တတ်ရပ်နေပြီး အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိပေ။

"နင် ငါပြောတာကိုမကြားဘူးလား"

အမျိုးသမီးအိမ်တော်ထိန်းက အသံမြှင့်၍ အော်ဟစ်လိုက်၏။

သူမသည် အပြင်စည်းတပည့်ရွေးချယ်ခံများအပေါ်၌ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိသည်။မည်သူကမျှ သူမ၏စကားကို မလိုက်နာဘဲ မနေဝံ့ချေ။

"မင်းပြောနေတာကို သူ ကြားနိုင်မယ်လို့ ငါ မထင်ဘူး"

အေးစက်စက်အသံတစ်သံက တံခါး၏ပြင်ပမှ ထွက်ပေါ်လာသည်။

အစွမ်းထက်သောအားလှိုင်းတစ်ရပ် တိုးဝင်လာခြင်းနှင့်အတူ အိမ်တံခါးကြေမွှပျက်စီးသွားရုံသာမက နံဘေးရှိနံရံများလည်း ပြိုလဲသွားသည်။

မြောက်များစွာသောနံရံများ ပြိုလဲပျက်စီးသွားခြင်းနှင့်အတူ ဖုန်မှုန့်နှင့်အခိုးအငွေ့များက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားလေ၏။အိမ်တစ်အိမ်လုံး ဖုန်မှုန့်များ အခိုးအငွေ့များနှင့် ပြည့်နှက်သွားတော့သည်။

ထိုအခိုးအငွေ့များကြားမှနေ၍ လူရိပ်တစ်ရိပ်က ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်ရောက်လာသည်။

"နင် ဘယ်သူလဲ"

အမျိုးသမီးအိမ်တော်ထိန်းက လုယွီကိုမြင်တွေ့ချိန်တွင် မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သည်။

လုယွီ၏ထွက်ပေါ်လာမှုသည် သူမမျှော်လင့်ထားသည်ထက် များစွာပို၍ ကျော်လွန်နေသည်။လုယွီ ဤနေရာအနီးသို့ချဥ်းကပ်လာမှုကို သူမ အနည်းငယ်မျှပင် သတိမပြုမိချေ။

ဤသည်က လုယွီသည် မည်သည့်သတိပေးမှုမျိုးမျှမရှိဘဲ ဤနေရာ၌ ရုတ်တရက် ထွက်ပေါ်လာခြင်းပင်။

"မင်းပဲ ငါ့ကို လိုက်ရှာနေတာ မဟုတ်ဘူးလား...ဒါတောင်မှ မင်းက ငါ ဘယ်သူလဲလို့ မေးနေသေးတယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

အမျိုးသမီးအိမ်တော်ထိန်းက ထိတ်လန့်တုန်လှုပ်သွားသည်။သူမက အလျှင်အမြန် အော်ဟစ်လိုက်၏။

"နင်က လုယွီ...တစ်ယောက်ယောက်...သူ့ကို ဖမ်းဆီးလိုက်စမ်း"

သို့ရာတွင် ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်အသံဗလံမျှမကြားရချေ။

အေးစက်စက်လေပြင်းများက သစ်ရွက်များကို ဖြတ်သန်းတိုက်ခတ်နေသောအသံတစ်သံကိုသာ ကြားနေရသည်။

ဝှစ်...ဝှစ်...

ခပ်အုပ်အုပ်အသံနှစ်သံ ထွက်ပေါ်လာသည်။နေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်သော ဟူဟန်နှင့်လီချိန်တို့၏လည်ပင်းပေါ်၌ ထင်ရှားသောဒဏ်ရာတစ်ခု ထွက်ပေါ်လာသည်။

သူတို့၏ခေါင်းများသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ပြတ်တောက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အိမ်တော်ထိန်းအမျိုးသမီးက သရော်တော်တော် ပြောဆိုသည်။

"ဒီလိုအမှိုက်ကောင်နှစ်ကောင်ကို သတ်နိုင်တာနဲ့ပဲ နင့်ကိုယ်နင် အရမ်းတော်နေပြီလို့ ထင်နေတာလား...သူတို့က ခွေးနှစ်ကောင်သာသာပဲရှိတာ...တကယ်လို့ နင် သူတို့ကိုသတ်လိုက်ရင်တောင် ဘာမှဖြစ်လာမှာမဟုတ်ဘူး"

လုယွီက သူ၏လက်ကို သာမာန်ကာလျှံကာ ဝှေ့ယမ်း၍ မူချင်းရှန်နှင့်မူလင်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အဆောင်လက်ဖွဲ့များကို ဖယ်ရှားပေးလိုက်သည်။

မူချင်းရှန်က မူလင်းကို အလျင်စလိုတွဲထူကာ ပြောဆိုလိုက်၏။

"လုရှီ...ငါတို့မောင်နှမကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ငါတို့က ညီအကိုတွေပဲ...မင်းတို့က ငါ့ကြောင့် ဒုက္ခတွေခံစားခဲ့ရတယ်...တကယ်လို့ မင်းတို့ကို ငါ လာမကယ်ဘူးဆိုရင် ငါက အင်မော်တယ်တစ်ယောက်မဟုတ်တော့ဘူး"

လုယွီက ပြောဆိုသည်။

မူချင်းရှန်၏စိတ်နှလုံးသားတစ်ခုလုံး နွေးထွေးသွားသည်။လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ အလွန်မြင့်မားသောအဆင့်အတန်းရှိသော်လည်း သူ့ထံတွင် မာန်မာနဝံ့ကြွားပြီး လျစ်လျှူရှုတက်သော စိတ်နေသဘောထားမျိုး ရှိမနေချေ။

"ခစ် ခစ်...ဘာညီအကိုသံယောစဥ်လဲ...ကြည့်ရတာတော့ ဒီလူတစ်စုကိုဖမ်းဆီးပြီး နင့်ကိုမျှားခေါ်ခဲ့တာ အသုံးဝင်သွားပုံပဲ...နင်က တကယ့်ကိုတုံးအတဲ့ကောင်ပဲ...နင်က ငါ့အိမ်တံခါးရှေ့ကို နင့်ခြေထောက်နဲ့နင် အလွယ်တကူရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

အမျိုးသမီးအိမ်တော်ထိန်းက လှောင်ပြောင်သရော်လိုက်၏။

Chapter 2728

လုယွီက အိမ်တော်ထိန်းအမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။

"ဒီလိုဆိုမှတော့ မင်းရဲ့နောက်မှာ တစ်ယောက်ယောက်ရှိနေပုံပဲ...မင်းရဲ့နောက်ခံက ဘယ်သူလဲဆိုတာ ငါ့ကိုပြောစမ်း...ငါ မင်းကို မြန်မြန်သေခွင့်ပြုမယ်"

မူချင်းရှန်က အလျှင်အမြန် သတိပေးလေသည်။

"ဂရုစိုက်...ဒီအမျိုးသမီးက တောက်ပနေမင်းကျောင်းတော်ရဲ့နည်းစနစ်ကို ထုတ်ဖော်အသုံးပြုခဲ့တယ်...သူက လုမိသားစုဝင် ဖြစ်နိုင်တယ်"

လုမိသားစု....

လုယွီသည် ထိုမိသားစုအကြောင်းကို ပြန်လည်တွေးတောလိုက်၏။

လုမိသားစုသည် တော်ဝင်မြို့တော်ရှိ ထိပ်တန်းမိသားစုကြီးရှစ်စုအနက်မှတစ်စုဖြစ်ကာ စစ်သူတော်စင်၏မိသားစုလည်းဖြစ်သည်။

လုမိသားစု၏စစ်သူတော်စင်သည် တစ်ချိန်က တောက်ပနေမင်းကျောင်းတော်ကို တည်ထောင်ခဲ့သူပင်။ထိုကျောင်းတော်သည် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများအတွက် မြင့်မြတ်နယ်မြေတစ်ခုလည်းဖြစ်ပေ၏။

မူချင်းရှန်သည် မူလက တောက်ပနေမင်းကျောင်းတော်သို့ ဝင်ရောက်လိုခဲ့သည်။သို့ရာတွင် တောက်ပနေမင်းကျောင်းတော်၏ ပညာသင်စရိတ်သည် အလွန်အမင်းများပြားသဖြင့် သူ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကိုသာ ရွေးချယ်ခဲ့ရသည်။

အမျိုးသမီးအိမ်တော်ထိန်းက အထင်အမြင်သေးသောအကြည့်ဖြင့် လုယွီကို ကြည့်နေလေ၏။

"နင်လိုကောင်မျိုးက တကယ်လို့သေသွားရင်တောင် နားဝေတိမ်တောင်ဖြစ်နေတဲ့ သရဲတစ္ဆေပဲဖြစ်မှာ...အားလုံးပဲ...ထွက်လာပြီး သူ့ကို တိုက်ခိုက်ကြစမ်း"

အမျိုးသမီးအိမ်တော်ထိန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဂရုစိုက်..."

မူချင်းရှန်နှင့်မူလင်းတို့က သတိကြီးစွာထား၍ စောင့်ကြည့်လိုက်ကြသည်။

သူတို့ရှေ့ရှိ အမျိုးသမီးသည် လုယွီကို ပစ်မှတ်ထားနေခြင်းမှာ သိသာထင်ရှားလှ၏။သူမသည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပေမည်။

ယခုချိန်၌ လုယွီသည် ဤနေရာသို့ ရောက်ရှိလာသဖြင့် သူမ၏ထောင်ချောက်အတွင်းသို့ ကျရောက်သွားလေပြီ။

အမျိုးသမီးအိမ်တော်ထိန်း၏စကား အဆုံးသတ်သွားသော်လည်း ခြံဝန်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

အေးစက်စက်လေပြင်းများကသာ ခြံဝန်းအတွင်း၌ ဖြတ်သန်းတိုက်ခတ်နေသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...အပြင်ကလူတွေ ဘယ်ရောက်သွားတာလဲ"

အမျိုးသမီးအိမ်တော်ထိန်း၏ မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။သူမသည် တံဆိပ်ပြားတစ်ခုကိုထုတ်ယူကာ အသံကုန်ဟစ်၍ အော်ဟစ်လိုက်၏။

သို့ရာတွင် သူမ မည်သည့်မှော်မန္တန်ကို အသုံးပြုနေပါစေ တံဆိပ်ပြားသည် တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ပြီး မည်သူကမျှ သူမကို တုံ့ပြန်ပြောဆိုခြင်းမရှိချေ။

"မင်းက ဒီလူတွေကို ခေါ်နေတာလား"

လုယွီက သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ ပြင်းထန်သောလေပြင်းတစ်ချက် တိုက်ခတ်လာခြင်းနှင့်အတူ သွေးသံတရဲရဲနှင့်ခေါင်းပြတ်တချို့ ပျံလွင့်လာကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ထိုခေါင်းပြတ်များ၏မျက်နှာများပေါ်တွင် သူတို့မသေဆုံးမီအချိန်၌ ရှိခဲ့သော မျက်နှာအမူအယာများ ရှိနေဆဲပင်။သူတို့အနက်မှအများစုသည် စကားစမြည်ပြောဆိုကာ ရယ်မောနေကြ၏။သူတို့သည် သေဆုံးသွားခဲ့သည့်တိုင် မည်ကဲ့သို့ သူတို့သေဆုံးခဲ့ရသည်ကို သိရှိသွားပုံမရချေ။

အိမ်တော်ထိန်းအမျိုးသမီးသည် ထိုခေါင်းပြတ်များကိုမြင်တွေ့ချိန်တွင် သူမ၏မျက်နှာပေါ်၌ မယုံကြည်နိုင်မှုနှင့်ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ရောယှက်၍ ဖြတ်ပြေးသွားသည်။

ထိုလူများအားလုံးသည် သူမ ပတ်ဝန်းကျင်၌ ကင်းပုန်းချထားသော လုပ်ကြံသတ်ဖြတ်သူများပင်။

လုယွီထွက်ပေါ်လာသည်နှင့် ထိုလူများအားလုံး ပုန်းအောင်းနေရာမှထွက်လာကာ သူ့ကိုဝိုင်းရံတိုက်ခိုက်၍ သတ်ဖြတ်ပစ်ပေမည်။

သို့ရာတွင် ယခုလက်ရှိအခြေအနေသည် သူမ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။

လုယွီသည် မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိရုံသာမက သူမ နေရာချထားသော လုပ်ကြံသတ်ဖြတ်သူများအားလုံးလည်း သေဆုံးသွားလေပြီ။

"ငါကိုသတ်ဖို့အတွက်နဲ့ မင်းတို့လုမိသားစုက ရွှယ်အင်မော်တယ်တစ်ယောက်နဲ့မြေကမ္ဘာအင်မော်တယ်တွေကိုတောင် စေလွှတ်လိုက်တယ်...မင်းတို့ လုမိသားစုက တကယ့်ကို ကြီးမားတဲ့တန်ကြေး ပြန်ပေးဆပ်ရတာပဲ"

လုယွီက ဗြောင်ကျကျ ပြောဆိုလိုက်၏။

ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သည်အထိ မြေတောင်မြှောက်ပေးရန် မြောက်မြားစွာသော ကျင့်ကြံမှုအရင်းအမြစ်များ လိုအပ်သည်။

ရွှယ်အင်မော်တယ်တစ်ယောက်ကို အသေခံလုပ်ကြံသတ်ဖြတ်သူအဖြစ် စေလွှတ်ခြင်းမှာ ထိပ်တန်းမိသားစုကြီးများသာ လုပ်ဆောင်နိုင်သောအရာပင်။အင်အားစုတချို့အတွက် ရွှယ်အင်မော်တယ်များသည် မိသားစုခေါင်းဆောင်နှင့်တူညီသောအဆင့်ရှိသည့် အကြီးအကဲများဖြစ်သည်။ထို့ကြောင့် မည်သည့်မိသားစုကမျှ ရွှယ်အင်မော်တယ်များကို အသေခံလုပ်ကြံသတ်ဖြတ်သူအဖြစ် အသုံးပြုလေ့မရှိချေ။

အိမ်တော်ထိန်းအမျိုးသမီးက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီးနောက် ပြောဆိုသည်။

"နင်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့အကြီးအကဲတွေကို ခေါ်လာတာလား"

သူမ၏အမြင်အရ ထိုလူများအားလုံးကိုသတ်ဖြတ်သူမှာ လုယွီ မဖြစ်နိုင်ချေ။

"မင်းတို့က မင်းတို့ကိုယ်မင်းတို့ အရမ်းအထင်ကြီးနေတာပါလား"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ရုတ်တရက် အနက်ရောင်လေစီးကြောင်းတစ်ရပ်က သူ၏အင်္ကျီလက်အတွင်းမှ တိုးထွက်လာပေ၏။

ထိုလေစီးကြောင်းသည် သူ၏ခေါင်းထက်၌စုဝေးသွားကာ နောက်ဆုံးတွင် အနက်ရောင်လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ်ဖွဲ့စည်းသွားပြီး အမျိုးသမီးအိမ်တော်ထိန်းကိုဦးတည်၍ ဖမ်းဆုပ်လိုက်သည်။

ထိုအနက်ရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် အိမ်တော်ထိန်းအမျိုးသမီးထံသို့ ရောက်ရှိလုဆဲဆဲအချိန်တွင် ရုတ်တရက် သူမက အေးစက်စက် ရယ်မောကာ သူမ၏လက်အတွင်း၌ ရွှေရောင်အဆောင်လက်ဖွဲ့တစ်ခု ထွက်ပေါ်လာသည်။

"ငါ့မှာ သခင်လေးကိုယ်တိုင် ငါကိုပေးထားတဲ့ ရွှေရောင်အဆောင်လက်ဖွဲ့ရှိတယ်...နင်က ဘာကိုသုံးပြီးတော့ ငါ့ကိုတိုက်ခိုက်မှာလဲ"

အမျိုးသမီးအိမ်တော်ထိန်းက အဆောင်လက်ဖွဲ့ကို ဆင့်ခေါ်လိုက်၏။

Chapter 2729

ဘုန်း...

ပြင်းထန်သောစွမ်းအားလှိုင်းများက ရုတ်တရက် ထိုအဆောင်လက်ဖွဲ့မှ တဖျတ်ဖျတ်တောက်ပလာသည်။

ထို့နောက် အဆောင်လက်ဖွဲ့မှနေ၍ တောင့်တင်းသန်မာသောလူငယ်တစ်ယောက် ထွက်ပေါ်လာလေ၏။သူ၏မျက်လုံးအကြည့်တွင် လောကကြီးတခွင်လုံးကို အထင်အမြင်သေးသည့်အရိပ်အယောင်မျိုးဖြင့် ပြည့်နှက်နေသည်။သို့ရာတွင် အချိန်တခဏအတွင်းမှာပင် ထိုပုံရိပ်ယောင် ပျောက်ကွယ်သွားလေ၏။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏လက်ဝါးပုံရိပ်ယောင်ကြီးသည် ထိုအဆောင်လက်ဖွဲ့၏စွမ်းအားဖြင့် ဖီလာဆန့်ကျင် ရိုက်ခတ်မိတော့သည်။ကြီးကျယ်ခမ်းနားသောစွမ်းအားလှိုင်းများက ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံးအနှံ့ တလိမ့်လိမ့်ထသွားတော့သည်။

ဘုန်း...

ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးလာခြင်းနှင့်အတူ အိမ်တော်ခြံဝန်း၏နံရံများအားလုံး ချက်ချင်းဆိုသလိုပင် ကြေမွှပျက်စီးသွားလေ၏။

လုယွီ၏ရှေ့ရှိလေဟာနယ်နှင့်အမျိုးသမီးအိမ်တော်ထိန်းသည် ထိုရိုက်ခတ်မှုအားလှိုင်း၏သက်ရောက်မှုကို ခံလိုက်ရသည်။ပြင်းထန်သော လေဟာနယ်လှုပ်ခတ်မှုလှိုင်းများ စတင်၍ပျံ့နှံ့နေကာ လေဟာနယ်အက်ကွဲကြောင်းများပင် ထွက်ပေါ်စပြုလာသည်။

"နယ်မြေသခင်အဆင့် အဆောင်လက်ဖွဲ့.."

အေးစက်စက်အလင်းတန်းများက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

သူ၏လက်ဝါးရိုက်ချက်တွင် စွမ်းအားကုန်အသုံးပြုထားခြင်း မဟုတ်သော်လည်း သာမာန်အင်မော်တယ်တစ်ယောက်၏ခုခံမှုကို လွယ်လင့်တကူဖျက်ဆီးနိုင်ရန် လုံလောက်သည်ထက်ပိုသည်။

သို့ရာတွင် သူ့ရှေ့ရှိအဆောင်လက်ဖွဲ့သည် သူ၏လက်ဝါးမှစွမ်းအားများအားလုံးကို လုံးလုံးလျားလျား ပျက်ပြယ်သွားစေသည်။ထို့ပြင် အဆောင်လက်ဖွဲ့ထံတွင် စွမ်းအားတချို့ကျန်ရှိနေဆဲဖြစ်ကာ လုယွီကို သတ်ဖြတ်လိုပုံရသည်။

နယ်မြေသခင်အဆင့်အဆောင်လက်ဖွဲ့မျိုးထံမှသာ ဤကဲ့သို့တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားမျိုး ထွက်ပေါ်စေနိုင်သည်။

"အသုံးမဝင်တဲ့ရုန်းကန်မှုပဲ..ငါတို့လုမိသားစုလက်ထဲကနေ လွတ်အောင်ရုန်းထွက်နိုင်တဲ့အစွမ်းအစမျိုး နင့်မှာမရှိနိုင်ဘူး...လိမ်လိမ်မာမာနဲ့ နင့်ရဲ့သေခြင်းတရားကို လက်ခံလိုက်စမ်း"

အမျိုးသမီးအိမ်တော်ထိန်းက ထပ်ခါတလဲလဲ လှောင်ပြောင်သရော်နေသည်။

"နယ်မြေသခင်အဆင့် အဆောင်လက်ဖွဲ့လား...ငါ တော်တော်လေး စိတ်ဝင်စားသွားပြီ"

လုယွီက အေးစက်စက်နှာမှုတ်လိုက်ကာ တစ်ချိန်တည်းမှာပင် သူ၏လက်ဝါးအတွင်းမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် မှော်စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။

သူ၏လက်ဝဲဘက်လက်အတွင်းမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီးနောက် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် သိပ်သည်းသွားသည်။

သူ၏လက်ယာဘက်လက်တွင်မူ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သူက လက်သီးနည်းစနစ်တစ်ခုကို ဖွဲ့စည်းလိုက်၏။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး...

ရှေးဟောင်းသိုင်းပညာနည်းစနစ်...ကျစ်ဝေမဟာဆုတ်ဖြဲခြင်းလက်သီး....

လုယွီ အသုံးပြုလိုက်သော နည်းစနစ်အသစ်မှာ ထိုက်ဟွာကျမ်းစာနှင့် တိုက်ပွဲအတွင်း၌ သူ နားလည်သဘောပေါက်ခဲ့သော လက်သီးနည်းစနစ်ပင်။

ရုတ်ချည်းဆိုသလိုပင် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် အဆောင်လက်ဖွဲ့ကို ရိုက်ခတ်မိသွားသည်။

အဆောင်လက်ဖွဲ့သည် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး၏တိုက်ခိုက်မှုကြောင့် သက်ရောက်မှုရှိသွားပုံရသည်။ထိုအရာမှနေ၍ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ ထိုက်ယွမ်လက်ဝါး၏စွမ်းအားကို ချေဖျက်နိုင်ရန် ကြိုးပမ်းနေလေ၏။

အလွန်ပြင်းထန်းသော မှော်မန္တန်နှစ်ခု လေထုအတွင်း၌ ရိုက်ခတ်နေသဖြင့် ထိုအရာအား ကြည့်မိသော မည်သူမဆို မူးဝေဝေဖြစ်မှုကို ခံစားရပေမည်။

"ဒီလုယွီက တကယ့်ကို သန်မာအားကောင်းတာပဲ..အရင်က ငါတို့ရထားတဲ့ သတင်းအချက်အလက်တွေအားလုံးက မှန်နေတယ်...ဖြစ်နိုင်တာတော့ ရွှယ်အင်မော်တယ်နယ်ပယ် အသေခံကျင့်ကြံသူကို သတ်ဖြတ်လိုက်တာ သူပဲဖြစ်နေမလား"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အမျိုးသမီးအိမ်တော်ထိန်းက သတိကြီးစွာထားလိုက်၏။

အိမ်တော်သခင်လေး သူမကို ပေးထားသည့် အဆောင်လက်ဖွဲ့အတွင်းတွင် မည်ကဲ့သို့စွမ်းအားမျိုးပါဝင်သည်ကို သူမ ကောင်းစွာသိရှိထားသည်။

ဤအဆောင်လက်ဖွဲ့ကို မိသားစုအတွင်းမှ ထိပ်သီးအကြီးအကဲတစ်ယောက် သန့်စင်ထားကာ အိမ်တော်သခင်လေးမှနေ၍ သူမကို ချီးမြှင့်ထားခြင်းဖြစ်သည်။ဤသည်က အလွန်အစွမ်းထက်သော်လည်း အဆောင်လက်ဖွဲ့ကို တစ်ကြိမ်သာအသုံးပြုနိုင်သည်။

ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူများပင်လျှင် ဤအဆောင်လက်ဖွဲ့၏အောက်၌ အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။

လုယွီသည် အသက်ဆက်လက်ရှင်သန်နေကာ အဆောင်လက်ဖွဲ့ကိုပင် တန်ပြန်တိုက်ခိုက်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။

သို့ရာတွင် မကြာမီမှာပင် သူမ၏စိတ် ပြန်လည်တည်ငြိမ်သွားလေ၏။

"ငါ့လက်ထဲမှာ ဒီအဆောင်လက်ဖွဲ့ရှိနေသရွေ့ နင် သေရမှာပဲ...နင် ဘယ်လောက်အစွမ်းထက်နေပါစေ ဒီအဆောင်လက်ဖွဲ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

အမျိုးသမီးအိမ်တော်ထိန်းသည် ယုံကြည်ချက်များဖြင့် ပြည့်နှက်နေလေ၏။သူမသည် လုယွီကို အသေသတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အားအကောင်းဆုံးတိုက်ခိုက်မှုကို ထုတ်ဖော်အသုံးပြုလိုက်သည်။

"သေစမ်း..."

အမျိုးသမီးအိမ်တော်ထိန်း၏အော်ဟစ်သံနှင့်အတူ ရွှေရောင်အဆောင်လက်ဖွဲ့သည် အလင်းတန်းတစ်တန်းအဖြစ်သို့ ပြောင်းလဲသွားကာ လုယွီထံ တိုးဝင်သွားသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီကလည်း လှုပ်ရှားလိုက်လေ၏။

ခရမ်းရောင်လေစီးကြောင်းတစ်ရပ်က သူ၏လက်ဝါးအတွင်းမှ ထွက်ပေါ်လာသည်။သူက မြေစိုင်ခဲကြီးတစ်ခဲပေါ်သို့ ခြေဖြင့်ဆောင့်နင်းလိုက်ပြီးနောက် သူ၏လက်ဝါးအတွင်းမှနေ၍ အစွမ်းထက်သောလက်သီးအားလှိုင်းတစ်ရပ် ပွင့်အံထွက်လာပေ၏။

ကောင်းကင်ယံအတွင်းရှိကြယ်များနှင့် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရှိ လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားပုံရသည်။ပတ်ဝန်းကျင်ရှိ စွမ်းအားများအားလုံးသည် ထိုလက်သီးချက်၏အမိန့်ကို နာခံကာ ထိုအရာများကိုအသုံးပြုနိုင်ပုံရလေ၏။

Chapter 2730

ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လက်သီးချက်က ကျရောက်လာသည်။

အမျိုးသမီးအိမ်တော်ထိန်းသည် သူမနှင့်နီးကပ်လာသော လက်သီးပုံရိပ်ယောင်ကြီးကိုမြင်တွေ့ချိန်တွင် သူမ၏မျက်နှာတပြင်လုံး ဖြူရော်သွားကာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ငါ့ကို အခုချက်ချင်း ကာကွယ်ပေးစမ်း"

အဆောင်လက်ဖွဲ့ထံမှနေ၍ တုန်ခါသံများထွက်ပေါ်လာကာ အမျိုးသမီးအိမ်တော်ထိန်းရှိနေသောနေရာသို့ ရွေ့လျားသွားသည်။

"အရပ်ရှစ်မျက်နှာ ချိပ်ပိတ်ခြင်း..."

လုယွီက သူ၏လက်ချောင်းများကိုလှုပ်ခတ်ကာ အဆောင်လက်ဖွဲ့၏နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ်ကို ရုတ်တရက်အေးခဲသွားစေသည်။

အဆောင်လက်ဖွဲ့သည် အမျိုးသမီးအိမ်တော်ထိန်းနှင့် အလွန်နီးကပ်သောနေရာတွင် ရောက်ရှိနေသော်လည်း လေဟာနယ်ပြောင်းလဲမှု ဖြစ်ပေါ်သွားပြီးနောက် သူမနှင့်အဆောင်လက်ဖွဲ့ကြားတွင် မိုးကုတ်စက်ဝိုင်းကြီးတမျှ ဝေးကွာသွားပုံရသည်။

ဤကဲ့သို့ကွာဝေးနေမှုကြောင့် အဆောင်လက်ဖွဲ့သည် အမျိုးသမီးအိမ်တော်ထိန်းကို ကာကွယ်ပေးနိုင်ခြင်းမရှိတော့ချေ။

ဘုန်း...

လုယွီ၏လက်သီးချက်သည် အမျိုးသမီးအိမ်တော်ထိန်းပေါ်သို့ ကျရောက်သွားလေ၏။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လက်သီးချက်ကြောင့် သူမ၏ခန္ဓာကိုယ်မှ ခုခံကာကွယ်မှုများအားလုံး ပျက်စီးသွားလေပြီ။

ထို့နောက် သူမ၏ခန္ဓာကိုယ်သည်လည်း သွေးမြူများအဖြစ် ပေါက်ကွဲသွားတော့သည်။ပြင်းထန်သောပေါက်ကွဲမှုကြောင့် သူမ၏စိတ်ဝိညာဥ်သည် ခန္ဓာကိုယ်မှနေ၍ လွင့်ထွက်သွားသော်လည်း အကောင်းပကတိရှိနေဆဲပင်။

သို့ရာတွင် လုယွီသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ခြေတစ်လှမ်းရှေ့တက်ကာ အမျိုးသမီးအိမ်တော်ထိန်း၏စိတ်ဝိညာဥ်ကို ဖမ်းဆုပ်လိုက်သည်။

"သခင်လေးက နင့်ကို ဘယ်နည်းနဲ့မှအလွတ်ပေးမှာ မဟုတ်ဘူး...အား..."

အမျိုးသမီးအိမ်တော်ထိန်းက စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။လျှို့ဝှက်ဆန်းကြယ်သော တားမြစ်မန္တန်တစ်ခုက ရုတ်တရက် သူမ၏နဖူးပြင်ပေါ်၌ ထွက်ပေါ်လာသည်။

ဤှတားမြစ်မန္တန်၏အကြောင်းကို လုယွီက ကောင်းစွာသိရှိထားသည်။

ဤသည်က အင်အားစုများသည် သူတို့၏အသေခံကျင့်ကြံသူများထံမှ လျှို့ဝှက်ချက်များ ထုတ်ဖော်၍မရစေရန်ရည်ရွယ်၍ အထူးသီးသန့်ပေးအပ်ထားသော တားမြစ်မန္တန်ဖြစ်သည်။

ထိုတားမြစ်မန္တန်ကို အသက်သွင်းလိုက်သည်နှင့် စိတ်ဝိညာဥ် ပေါက်ကွဲသွားကာ မည်သည့်သဲလွန်စမျိုးမျှ ကျန်ရှိခဲ့မည်မဟုတ်ချေ။

လုယွီသည် ထိုအခြေအနေကိုမြင်တွေ့သည်နှင့် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းနေခြင်း မရှိပေ။သူသည် စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို ချက်ချင်းအသုံးပြုလိုက်၏။

အမျိုးသမီးအိမ်တော်ထိန်း၏စိတ်ဝိညာဥ်သည် ကြေမွှပျက်စီးသွားလုနီးပါး ဖြစ်နေသော်လည်း လုယွီသည် သူမထံမှနေ၍ မှတ်ဥာဏ်အမြောက်အများကို ရရှိခဲ့သည်။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် တားမြစ်မန္တန်ကြောင့် အမျိုးသမီးအိမ်တော်ထိန်း၏စိတ်ဝိညာဥ် ပြိုကွဲသွားကာ လုံးလုံးလျားလျား ကြေမွှပျက်စီးသွားတော့သည်။

သို့ရာတွင် သူမ၏စိတ်ဝိညာဥ် ပျောက်ကွယ်သွားသော်လည်း လုယွီသည် သူ သိရှိလိုသောအကြောင်းအရာကို သိရှိလိုက်ရလေပြီ။

"လုမိသားစု...လုကျိုးရှောင်..."

လုယွီက ထိုနာမည်ကိုရေရွတ်ကာ မျက်မှောင်ကြုတ်လိုက်၏။

သူသည် လုကျိုးရှောင်နှင့်တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသည့်အပြင် လုမိသားစုနှင့်လည်း မည်သည့်ပြဿနာကြီးကြီးမားမားမျှမရှိချေ။

ယခင်က စားသောက်ဆိုင်အတွင်း၌ ဖူကျစ်ရွှယ်သည် သူ့အတွက်ဖြင့် လုမိသားဝင်တစ်ယောက်ကို သင်ခန်းစာပေးခဲ့ခြင်းသာ ရှိခဲ့ဖူးသည်။

သို့ရာတွင် ဤသည်က အသေးအမွှားကိစ္စငယ်လေးတစ်ခုပင်။ထိုကိစ္စအတွက်ဖြင့် လုမိသားစုသည် အင်အားများစွာစိုက်ထုတ်၍ လူအမြောက်အများအသုံးပြုကာ သူ့ကို လာရောက်ရင်ဆိုင်မည်မဟုတ်ချေ။

လုယွီသည် သူ၏စိတ်အတွင်း၌ ထိုနာမည်ကို မှတ်သားထားလိုက်၏။ထို့နောက် သူက လေထုအတွင်းရှိ အဆောင်လက်ဖွဲ့ကို ကြည့်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ထိုအဆောင်လက်ဖွဲ့မှနေ၍ ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေဆဲပင်။ထိုအဆောင်လက်ဖွဲ့သည် လုယွီ၏အရပ်ရှစ်မျက်နှာချိပ်ပိတ်ခြင်းနည်းစနစ်ကို အမှန်တကယ်ကိုပင် ချိုးဖျက်နိုင်ခဲ့ကာ သူ့ထံသို့ တဟုန်ထိုးတိုးဝင်လာသည်။

"အခုကြည့်ကြည့်တော့မှ ဒီအဆောင်လက်ဖွဲ့ပေါ်မှာ တခြားသူတစ်ယောက်ရဲ့အမှတ်အသားရှိနေတာပဲ...ဒါက ကောင်းတဲ့ကိစ္စပဲ...ဒီအဆောင်လက်ဖွဲ့ကို ငါ့ကိုပေးလိုက်တာ ပိုမကောင်းဘူးလား"

လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားများ ချက်ချင်းလိုသလို ပွင့်အံထွက်လာကာ အဆောင်လက်ဖွဲ့အတွင်းသို့ စိမ့်ဝင်သွားသည်။

လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားများ အဆောင်လက်ဖွဲ့အတွင်းသို့ ဝင်ရောက်သွားချိန်တွင် အတွင်းမှနေ၍ မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော အော်ဟစ်ကြုံးဝါးသံကြီး ထွက်ပေါ်လာပေ၏။

"မင်း လုပ်ရဲလား...မင်းက ဘယ်နေရာက ရောက်လာတာလဲ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရဲ့ပစ္စည်းကို လိုချင်တပ်မက်နေတာလဲ...ထွက်သွား...ထွက်သွားစမ်း..."

အော်ဟစ်ကြုံးဝါးနေသော အသံတစ်သံတိုင်းတွင် ကောင်းကင်ယံကိုပင် ကြေမွှပျက်စီးသွားစေနိုင်ပုံရသော ကြီးကျယ်ခမ်းနားသည့်အရှိန်အဝါများ ပါဝင်နေသည်။

ဤနေရာသို့ဝင်ရောက်သူသည် အကယ်၍ သာမာန်စိတ်ဝိညာဥ်တစ်ခုဖြစ်နေပါက ထိုအော်ဟစ်ကြုံးဝါးသံဖြင့်ပင် သေဆုံးသွားပေလိမ့်မည်။

သို့ရာတွင် လုယွီ၏စိတ်ဝိညာဥ်သည် မည်သည်ကြောင့် အားနည်းနေမည်နည်း။

"ခင်ဗျားတို့က လူလွှတ်ပြီး ကျုပ်ကိုသတ်ခိုင်းတယ်...ကျုပ်က လက်ဗလာနဲ့တော့ အချိန်ကုန်မခံနိုင်ဘူး...ဒါကြောင့် ခင်ဗျားရဲ့အဆောင်လက်ဖွဲ့ကို ကျုပ်က ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မယ်"

လုယွီ၏စိတ်ဝိညာဥ်အတွင်းရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက အက်ရှရှအသံဖြင့် ရယ်မောလိုက်၏။ထို့နောက် သူ၏လက်အတွင်းရှိတံစဥ်ကိုမြှောက်ကာ အဆောင်လက်ဖွဲ့အတွင်း၌ ရှိနေသော စိတ်ဝိညာဥ်ကို သတ်ဖြတ်လိုက်တော့သည်။

အဆောင်လက်ဖွဲ့၏လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားသည်။ထိုအရာသည် လုယွီ၏ရှေ့တစ်မီတာခန့်အကွာရှိ လေထုအတွင်းတွင် မလှုပ်မယှက် ရပ်တန့်နေလေ၏။

ဤသည်က အဆောင်လက်ဖွဲ့အတွင်းရှိ အကန့်အသတ်မရှိသော စွမ်းအားများကို ထိန်းချုပ်မည့်သူ မရှိတော့သကဲ့သို့ပင်။ထိုအဆောင်လက်ဖွဲ့ထံမှနေ၍ အကန့်အသတ်မရှိသောစွမ်းအားလှိုင်းများ ဆက်လက်၍ဖြာထွက်နေခြင်းသာ ကျန်ရှိတော့သည်။

All Chapters