← Chapters

အခန်း (၂၇၃၁-၂၇၃၅)

Vol. 140 Ch. 2731-2735

အခန်း (၂၇၃၁-၂၇၃၅)

Vol. 140 Ch. 2731-2735

Chapter 2731

တစ်ချိန်တည်းမှာပင် လုအိမ်တော်ခြံဝန်း၏နက်ရှိုင်းသောနေရာမှနေ၍ ဒေါသတကြီး အော်ဟစ်ကြုံးဝါးသံကြီး ထွက်ပေါ်လာသည်။

လူရိုင်းအထီးကျန်ကမ္ဘာအတွင်းရှိ တောင်တစ်လုံး ချက်ချင်းဆိုသလိုပင် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုတောင်မှနေ၍ လူငယ်တစ်ယောက် ပျံသန်းထွက်လာကာ လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။

ထိုလူငယ်ဝတ်ဆင်ထားသော အဖြူရောင်ဝတ်စုံသည် လေထုအတွင်း၌ လူးလွန့်နေကာ သူ၏တောင့်တင်းသန်မာသော ကြွက်သားများ ထွက်ပေါ်နေပေ၏။သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကာ သူက လောကကြီး၏တစ်နေရာကို အာရုံခံ၍ကြည့်နေသည်။

"တစ်ယောက်ယောက်က ငါ့ရဲ့နတ်ဘုရားအဆောင်လက်ဖွဲ့ကို ထိတွေ့ပြီးတော့ ငါ့ရဲ့အမှတ်အသားကို ဖျက်သွားတယ်"

လုကျိုးရှောင်က အလွန်အမင်း အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

ရုတ်ချည်းဆိုသလိုပင် သူ၏သစ္စာရှိလူယုံဆယ်ယောက်ကျော်ခန့် သူ၏ရှေ့သို့ ရောက်ရှိလာပေ၏။

"သခင်လေး...လုယွီအကြောင်းကိုစုံစမ်းဖို့လွှတ်လိုက်တဲ့ အိမ်တော်ထိန်းရဲ့ အသက်ကျောက်ပြားလည်း ကြေမွှပျက်စီးသွားတယ်...အိမ်တော်ထိန်းနဲ့အတူပါသွားတဲ့ အသေခံကျင့်ကြံသူတွေအားလုံးလည်း သေသွားပြီ"

သစ္စာရှိလူယုံများအနက်မှတစ်ယောက်က ပြောဆိုသည်။

ဘုန်း...

လုကျိုးရှောင်က သူ၏လက်ကိုမြှောက်ကာ တောင်တစ်လုံးပေါ်ရှိ ခန်းမဆောင်တစ်ခုကို ခြေမွှဖျက်ဆီးလိုက်သည်။

"ဒါက အဲ့ဒီလုယွီဆိုတဲ့ကောင်က ငါ့ရဲ့လူတွေကို ထိဝံ့တယ်လို့ ဆိုလိုတာပဲ"

လုကျိုးရှောင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအယာမျိုးထင်ဟပ်နေကာ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ပို၍ပြင်းထန်လာသည်။

သူ ဒေါသထွက်နေစဥ်တွင် မိုးကောင်းကင်ယံပင် အရောင်ပြောင်းလဲသွားပုံရသည်။သူ၏သစ္စာရှိလူယုံများအားလုံး မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြာကာ သူတို့က ခေါင်းမော့၍မကြည့်ဝံ့ကြတော့ချေ။

သူတို့ရှေ့ရှိ သခင်လေးသည် စိတ်ဆိုးဒေါသထွက်လွယ်သူဖြစ်သည်။အကယ်၍ သူ့အား တစ်စုံတစ်ယောက်မှ ရန်စစော်ကားမိပါက ထိုလူ့အတွက် သေစေနိုင်သော ဘေးအန္တရာယ်ကြီး ဆိုက်ရောက်လာပေမည်။အကျိုးဆက်အနေဖြင့် သူ၏အနီးစပ်ဆုံး သစ္စာရှိလူယုံများပင်လျှင် အလွန်အမင်းသတိထား၍ နေနေရလေ၏။

"ငါ အရင်ကတည်းက မင်းကို မသေချာဘဲမလုပ်ဖို့ ပြောခဲ့တယ်...အဲ့ဒီကောင်က အမှိုက်ကောင်တစ်ကောင်ဆိုပေမယ့် သူ့ဆီမှာ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ ကူညီထောက်ပံမှုရှိနေတယ်...ဒါက သစ်တုံးဆွေးတစ်ခုကိုတောင် ပါရမီရှင်တစ်ယောက်ဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ အရာမျိုးပဲ...မင်းက လက်အောက်ငယ်သားတွေကိုပဲ လွှတ်နေရင်တော့ သူတို့အားလုံး အချည်းနှီး သေသွားရမှာပဲ"

ထိုက်ဟွာကျမ်းစာ၏အသံက လုကျိုးရှောင်၏နားအတွင်း၌ ထွက်ပေါ်လာသည်။

လုကျိုးရှောင်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။သူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအယာမျိုး ထင်ဟပ်နေသည်။

"ဟမ့်...ငါက ဒီကိစ္စကို ဒီလိုမျိုးအဆုံးသတ်ဖို့ ခွင့်မပြုနိုင်ဘူး...အခုချက်ချင်း သွားပြီးစုံစမ်းကြစမ်း...သူ့ရဲ့မိသားစုနဲ့သူ့ရဲ့မိတ်ဆွေတွေ အကြောင်းကို စုံစမ်းလာခဲ့...ငါက အရင်ဆုံး သူ့ကို မထိဘူး...သူ့ရဲ့နံဘေးပတ်ဝန်းကျင်ကလူတွေနဲ့ စမယ်...အဲ့ဒီလူတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်မယ်...တစ်ယောက်မှချန်မထားနဲ့"

"အမိန့်အတိုင်းပါ သခင်လေး"

သစ္စာရှိလူယုံများအားလုံးက တညီတညွတ်တည်း ပြောဆိုလေသည်။

ထိုက်ဟွာကျမ်းစာက တဖန်ထပ်၍ သတိပေးသည်။

"ငါ မင်းကို လက်ဆင့်ကမ်းပေးထားတဲ့ ကျင့်ကြံနည်းစနစ်ကို မြန်မြန်ကျင့်ကြံတော့...ဒါက ကျင့်ကြံဆင့်ကိုမြင့်တက်စေတဲ့ အမြန်ဆုံးကျင့်ကြံနည်းစနစ်ပဲ...တကယ်လို့ မင်း အဲ့ဒါကို အသေးစားအောင်မြင်မှုအဆင့်ထိ ကျင့်ကြံနိုင်ရင် မင်းက ရှေးဟောင်းရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်လာလိမ့်မယ်...ဒါက မင်းတို့ နှောင်းပိုင်းမျိုးဆက်က နယ်မြေသခင်တွေတောင် ယှဥ်ပြိုင်နိုင်မယ့်အဆင့်မျိုးမဟုတ်ဘူး"

"ရှေးဟောင်းတာအိုအင်မော်တယ်လား..."

လုကျိုးရှောင်၏မျက်လုံး စူးရှစွာတောက်ပသွားသည်။

"ငါ အလိုရှိတဲ့သူကို ရပြီလား"

ရုတ်ချည်းဆိုသလိုပင် သူ၏သစ္စာရှိလူယုံတစ်ယောက်က တုံ့ပြန်ပြောဆိုလေ၏။

"သခင်လေး...ဂိုဏ်းအသီးသီးနဲ့မြင့်မြတ်နယ်မြေတွေဆီကို အကြောင်းကြားပြီးပါပြီ...သူတို့က အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတဲ့ သူတို့ရဲ့ဂိုဏ်းဝင်မိန်းကလေးတွေကို ဆက်သဖို့ ဆန္ဒရှိပါတယ်...မကြာခင်ကပဲ သူတို့တွေ အိမ်တော်ကို ရောက်နေကြပြီ"

"သူတို့ကို ခေါ်လာခဲ့စမ်း"

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မပြည့်မီမှာပင် သစ္စာရှိလူယုံတစ်ယောက်မှနေ၍ မိန်းကလေးတစ်စုကို ခေါ်ဆောင်လာသည်။

ထိုမိန်းကလေးများအားလုံးသည် လှပချောမောကာ သူမတို့၏မျက်နှာပေါ်၌ မာန်မာနဝံ့ကြွားသောအမူအယာမျိုး ရှိနေသည်။သူမတို့၏လှုပ်ရှားမှုတစ်ခုစီတိုင်းတွင် ချမ်းသာကြွယ်ဝသောမိသားစုကြီးများမှ သခင်မလေးများ၏အရှိန်အဝါမျိုး ရှိနေလေ၏။

သူမတို့သည် အမျိုးမျိုးသောအင်အားစုများမှ မြင့်မြတ်သောသခင်မလေးများပင်။ထို့ပြင် သူမတို့အနက်မှအများစု၌ အထူးခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိသည်။သူမတို့သည် သာမာန်အားဖြင့် အဆင့်အတန်းမြင့်မားသူများဖြစ်သော်လည်း ယခုလက်ရှိချိန်၌ ဤနေရာသို့ခေါ်ဆောင်လာခြင်းကို ခံနေရသည်။

ဤနေရာသို့ရောက်ရှိလာသော မိန်းကလေးများသည် ထိတ်လန့်ကြောက်ရွံနေကြ၏။သို့ရာတွင် သူမတို့သည် အဆင့်အတန်းမြင့်မားသော သခင်မလေးများဖြစ်သဖြင့် သူမတို့၏မျက်နှာများပေါ်၌ မောက်မာဝံ့ကြွားသော အမူအယာမျိုးရှိနေဆဲပင်။

"လုကျိုးရှောင်...ဒါက ဘာသဘောလဲ...နင်က ငါ့ ရဲ့အဖေဆီမှာ ငါ့ကိုလက်ထပ်ချင်တယ်လို့ နားပူနားဆာလုပ်ခဲ့တယ်...နင် လုကျိုးရှောင်က ပါရမီရှင်တစ်ယောက်ဆိုပေမယ့် ငါ့ရဲ့ခင်ပွန်းဖြစ်ဖို့ အဆင့်မမီသေးဘူး...နင့်ရဲ့အစေခံတွေက ငါကို လှောင်ပိတ်ပြီး ဖမ်းခေါ်လာဝံ့တယ်...နင်က သေချင်နေတာလား"

ထိပ်ဆုံးမှဦးဆောင်လာသော အပြာရောင်ဝတ်စုံဝတ်မိန်းကလေးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

သူမသည် မြင့်မြတ်နယ်မြေတစ်ခုမှ သူတော်စင်မိန်းမပျိုဖြစ်သည့်အပြင် မြင့်မြတ်နယ်မြေအရှင်သခင်၏သမီးလည်းဖြစ်သည်။

သူမသည် ထိုမြင့်မြတ်နယ်မြေအတွင်း၌ မင်းသမီးလေးတစ်ပါးကဲ့သို့ နေထိုင်ရကာ ငယ်ရွယ်စဥ်ကတည်းက ဘဝကိုသက်တောင့်သက်သာ ဖြတ်သန်းခဲ့ရသည်။ထို့ကြောင့် သူမသည် လုအိမ်တော်သို့ ရောက်ရှိလာသည့်တိုင် အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။

Chapter 2732

ဟူး....

လေစိမ်းတစ်ချက်က ထိုမိန်းကလေးများရှေ့၌ ဖြတ်သန်းတိုက်ခတ်သွားသည်။

လုကျိုးရှောင်သည် လေထုအတွင်းမှနေ၍ ဆင်းသက်လာကာ အပြာရောင်ဝတ်စုံဝတ်မိန်းကလေး၏ရှေ့၌ ထွက်ပေါ်လာသည်။

"မင်း ငါ့ကို ပြောနေတာလား"

လုကျိုးရှောင်၏မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ သူ၏မျက်လုံးအတွင်းမှနေ၍ အန္တရာယ်အငွေ့အသက်များ ဖြာထွက်နေသည်။

သူ၏ခန့်ညားထည်ဝါသော အရှိန်အဝါကိုမြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်ရှိ မိန်းကလေးများသည် ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ဆုတ်သွားကာ သူ့အား စေ့စေ့မကြည့်ဝံ့တော့ချေ။

သို့ရာတွင် အပြာရောင်ဝတ်စုံဝတ်မိန်းကလေးကမူ အနည်းငယ်မျှပင် နောက်တွန့်သွားခြင်းမရှိပေ။သူမက ခေါင်းမော့၍ ပြောဆိုလိုက်၏။

"အမှန်ပဲ...ငါ နင်ကို ပြောနေတာ...နင် ငါ့ကို မြန်မြန်ပြန်လွှတ်ပေးစမ်း...နင်က လုမိသားစုရဲ့သခင်လေးဖြစ်နေတာနဲ့ပဲ နင်လုပ်ချင်တာမှန်သမျှကို လုပ်လို့ရမယ်လို့ ထင်နေတာလား..."

သူမသည် အနည်းငယ်မျှပင် လိမ္မာယဥ်ကျေးခြင်းမရှိသည့်အပြင် လုကျိုးရှောင်ကိုလည်း အနည်းငယ်မျှပင် မျက်နှာသာမပေးချေ။

ထိုသို့ပြောဆိုပြီးသည်နှင့် အပြာရောင်ဝတ်စုံဝတ်မိန်းကလေးက လုကျိုးရှောင်၏သစ္စာရှိလူယုံများကို စူးစိုက်ကြည့်ကာ ပြောဆိုသည်။

"နင်တို့ ကျွန်ကောင်တွေ...ငါ ဘယ်သူလဲဆိုတာ နင်တို့ မသိဘူးလား...မြန်မြန် ငါ့ကိုလမ်းဖယ်ပေးကြစမ်း...ငါ ပြန်သွားတော့မယ်"

ကောက်ကျစ်ယုတ်မာသောအပြုံးတစ်ခုက လုကျိုးရှောင်၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည်။

"မင်း ပြန်သွားလို့မရဘူး"

လုကျိုးရှောင်က သူ၏နောက်ရှိ လူယုံတစ်ယောက်ကိုကြည့်ကာ မေးမြန်းလိုက်၏။

"သူက ပင်လယ်ယပ်တောင်မြင့်မြတ်နယ်မြေကမလား...တစ်ယောက်ယောက်...အခုချက်ချင်း လူတွေစေလွှတ်ပြီး အဲ့ဒီမြင့်မြတ်နယ်မြေကို ဖျက်ဆီးလိုက်စမ်း"

"ဟုတ်ကဲ့ပါ သခင်လေး"

ထိုလူယုံက ချက်ချင်းဆိုသလိုပင် သတင်းစကားတစ်ခုကို ပေးပို့လိုက်သည်။

မကြာမီမှာပင် လူရိုင်းအထီးကျန်ကမ္ဘာအတွင်းမှနေ၍ အစွမ်းထက်ကျင့်ကြံသူတစ်စုထွက်လာကာ ပင်လယ်ယပ်တောင်မြင့်မြတ်နယ်မြေထံသို့ဦးတည်၍ ထွက်ခွာသွားတော့သည်။

အပြာရောင်ဝတ်စုံဝတ်မိန်းကလေး၏မျက်နှာသည် ထိတ်လန့်ကြောက်ရွံမှုကြောင့်ဖြူရော်သွားကာ သူမက တုန်ရီနေသောလေသံဖြင့် မေးမြန်းလိုက်၏။

"လုကျိုးရှောင်...နင် ဘာလုပ်နေတာလဲ"

"ငါ ဘာလုပ်နေတာလဲ...ဟုတ်လား...မင်းသိထားရမှာက မင်းရဲ့မြင့်မြတ်နယ်မြေပျက်စီးတာ မင်းကြောင့်ပဲ...ဒီနေရာမှာ မင်းတို့ရဲ့အဆင့်အတန်းတွေ အသုံးမဝင်ဘူး...မင်းတို့အားလုံး အတူတူပဲ"

လုကျိုးရှောင်၏မျက်လုံးအတွင်း၌ ဆိုးညစ်သောအလင်းရောင်များ တောက်ပနေသည်။သူက အပြာရောင်ဝတ်စုံဝတ်မိန်းကလေးကို သူ၏လက်တစ်ဖက်ဖြင့်ဖမ်းဆုပ်ကာ လေထုအတွင်းသို့ပျံသန်း၍ လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားတော့သည်။

မကြာမီ လှိုဏ်ဂူအတွင်းမှနေ၍ မိန်းကလေးတစ်ယောက်၏စူးရှနာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

တခြားမိန်းကလေးများ၏မျက်နှာများ ဖြူရော်သွားသည်။သို့ရာတွင် သူမတို့၏နောက်ခံအင်အားသည် ပင်လယ်ယပ်တောင်မြင့်မြတ်နယ်မြေကိုပင် ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။

လုကျိုးရှောင်သည် ပင်လယ်ယပ်တောင်မြင့်မြတ်နယ်မြေကိုပင် လွယ်လင့်တကူဖျက်ဆီးနိုင်ပေရာ သူမတို့၏အင်အားစုများဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။

"မင်းတို့အားလုံး အပြင်မှာ လိမ်လိမ်မာမာ စောင့်နေကြစမ်း...သခင်လေးက မင်းတို့ကိုခေါ်ပြီး ပျော်ပါးတဲ့အချိန်ထိ မင်းတို့ စောင့်နေရမယ်"

လူယုံများသည် ဤကိစ္စများကို ကျင့်သားရပြီးဖြစ်ပုံရကာ ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုသည်။

....

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌...

လုယွီသည် နယ်မြေသခင်အဆောင်လက်ဖွဲ့ကို အလျှင်အမြန်သန့်စင်ကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝါးမြိုလိုက်သည်။

ယခုလက်ရှိချိန်တွင် သူ့ထံ၌ ကင်းမဲ့နေသည်မှာ သူ၏အသက်ကိုကယ်တင်ပေးနိုင်သော အရာမျိုးမဟုတ်ဘဲ သူ၏ကျင့်ကြံဆင့်နယ်ပယ်နှင့်ခွန်အားကို မြှင့်တင်ပေးနိုင်သော တစ်စုံတစ်ခုပင်။

ထိုနယ်မြေသခင်အဆောင်လက်ဖွဲ့အတွင်း၌ ပါဝင်သော အကန့်အသတ်မရှိသည့် စွမ်းအားများကို သူ အသုံးပြုနိုင်သည်။

လုယွီသည် ထိုမှော်စွမ်းအားများကို သူ၏ကိုယ်ပိုင်ဖြစ်အောင် သန့်စင်ပြီးနောက် အစစ်အမှန်နဂါးသုံးဆယ့်နှစ်ကောင်၏ခွန်အားမျိုးကို ပိုင်ဆိုင်သွားလေ၏။

လုယွီ၏လက်ရှိ ရုပ်ပိုင်းဆိုင်ရာခွန်အားဖြင့်ဆိုပါက အကယ်၍ သူ ရှဖုန်းနှင့် ထပ်မံ၍တိုက်ခိုက်ရလျှင်ပင် သူ့အား ထိခိုက်နာကျင်မှုတစ်စုံတစ်ရာ ဖြစ်စေတော့မည်မဟုတ်ချေ။

သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်တစ်ယောက်၏ခွန်အားသည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်လုနီးပါးပင်။လုယွီသည် ညင်သာစွာအသက်ရှုရှိုက်ရုံဖြင့် သတ္ထုနှင့်ကျောက်တုံးများကို ခြေမွှဖျက်ဆီးနိုင်သည်။ဤသည်က လူသားခန္ဓာကိုယ်၏အကန့်အသတ်ခွန်အားပင်။

"လုယွီ...ငါက မင်းသိချင်တဲ့ကိစ္စကို စုံစမ်းပြီးပြီ"

မူချင်းရှန်က လုယွီထံသို့ရောက်ရှိလာကာ သူ အလိုရှိနေသော သတင်းအချက်အလက်များကို လာရောက်ပေးပို့လေ၏။

ဤသည်က လုကျိုးရှောင်နှင့်ပတ်သတ်သော လျှို့ဝှက်ချက်များပင်။

လုကျိုးရှောင်သည် မဟာထိပ်တန်းမိသားစုကြီးတစ်စုဖြစ်သော လုမိသားစု၏သခင်လေးပင်။သူသည် သူ၏ပုံရိပ်ကို အစဥ်အမြဲထိန်းသိမ်းထားသည်။သို့ရာတွင် မူချင်းရှန်သည် ကောလဟာလစကားတချို့မှတဆင့် မူရင်းဇစ်မြစ်ကို ရှာဖွေနိုင်ခဲ့သည်။လုယွီ၏ အင်မော်တယ်ကျောက်တုံးများအကူအညီဖြင့် မူချင်းရှန်သည် ထိုသတင်းအချက်အလက်များကို လွယ်ကူစွာရရှိခဲ့လေ၏။

လုယွီသည် လုကျိုးရှောင်၏သတင်းအချက်အလက်များကို တစ်ချက်ကြည့်ပြီးနောက် သူက အနည်းငယ်အံ့အားသင့်တုန်လှုပ်သွားသည်။

လုကျိုးရှောင်၏ကျင့်ကြံမှုအရှိန်နှုန်းသည် အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ရာပင်။

ကောလဟာလများအရ သူ မွေးဖွားစဥ်တွင် ကောင်းကင်ယံအတွင်း၌ ရောင်စုံတိမ်တိုက်များ မျောလွင့်နေသည်။ထိုအချိန်တုန်းက သာမာန်ထက် သာလွန်ထူးကဲပြီး ထူးဆန်းသောအလင်းတန်းများကလည်း ကောင်းကင်ယံတွင် ဖြာထွက်နေခဲ့သည်။

သူ စတင်ကျင့်ကြံချိန်မှစ၍ မိသားစု၏ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့လေ၏။သူ၏ကျင့်ကြံမှုအရှိန်နှုန်းသည် ကြောက်ခမမ်းလိလိမြန်ဆန်ကာ လုမိသားစုမှနေ၍ သူ့အား ပါရမီအကောင်းဆုံးလူငယ်တစ်ယောက်အဖြစ် သတ်မှတ်ထားသည်။

Chapter 2733

လုကျိုးရှောင်အရွယ်မရောက်မီမှာပင် မိသားစုမှနေ၍ သူ့အား စစ်တပ်ကိုဦးဆောင်စေကာ ပုန်ကန်သူများကိုနှိမ်နင်းရန် အမိန့်ပေးခဲ့သည်။

စစ်သူတော်စင်မိသားစုတစ်စုဖြစ်သဖြင့် လုမိသားစုအတွင်းရှိ လူငယ်တိုင်းသည် စစ်တပ်အတွင်းသို့ဝင်ရောက်ကာ စစ်ရေးအောင်မြင်မှုများကို စုဆောင်းရသည်။

ထိုအချိန်တုန်းက လုကျိုးရှောင်သည် ဝေးလံခေါင်သီသောကုန်းမြေတစ်ခုမှ ပုန်ကန်မှုကိုနှိမ်နင်းရန်အတွက် သွားခဲ့သည်။အကြောင်းအရင်းမှာ ထိုကုန်းမြေ၏နယ်မြေခံအုပ်ချုပ်ရေးမှူး အသတ်ခံလိုက်ရသောကြောင့်ပင်။ထို့ကြောင့် ကုန်းမြေတစ်ခုလုံး အစိတ်စိတ်အမွှာမွှာပြိုကွဲကာ ဖရိုဖရဲဖြစ်နေခဲ့လေ၏။ထိုအချိန်တုန်းက ပတ်ဝန်းကျင်ရှိစစ်တပ်များသည် ထိုပုန်ကန်မှုကို နှိမ်နင်းကြသော်လည်း ရလဒ်မှာ ကောင်းမွန်ခြင်းမရှိချေ။

အဆုံးသတ်၌ ထိုကုန်းမြေပေါ်သို့ လုကျိုးရှောင် ရောက်ရှိသွားခဲ့သည်။

သူသည် အစိတ်စိတ်အမွှာမွှာ ကွဲပြားနေသော ပုန်ကန်သူခေါင်းဆောင်များကို စကားပြောဆို၍ အချိန်ဖြုန်းခြင်းမရှိချေ။ထိုအစား သူက အခွင့်အရေးတစ်ခုရှာဖွေ၍ ထိုလူများအားလုံးကို အတူတကွစုဝေးစေသည်။ထို့နောက် သူသည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ထိုပုန်ကန်သူခေါင်းဆောင်များအားလုံးကို သတ်ဖြတ်လိုက်၏။

အဆုံးသတ်၌ လုကျိုးရှောင်သည် ကုန်းမြေတစ်ခုလုံးမှ ကျင့်ကြံသူများဖြစ်စေ သေမျိုးများဖြစ်စေ လူအားလုံးကို သတ်ဖြတ်ရန် အမိန့်ထုတ်ပြန်လိုက်သည်။ထိုကုန်းမြေပေါ်၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသက်ရှင်ရက် ချန်ထားစေခြင်းမရှိချေ။

အဆုံးသတ်၌ နယ်မြေခံစစ်ဆေးရေးမှူးသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသဖြင့် ထိုကိစ္စကို အလျှင်အမြန်ရပ်တန့်ခိုင်းခဲ့သည်။သို့ရာတွင် လုကျိုးရှောင်၏စစ်တပ်သည် ငါးရက်တိုင်တိုင် သတ်ဖြတ်မှုပြုလုပ်ပြီးလေပြီ။

ထိုအချိန်တုန်းက ထိုကုန်းမြေတစ်ခုလုံးပေါ်၌ အလောင်းများ သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။လုကျိုးရှောင်၏စစ်ရေးအောင်မြင်မှုရမှတ် တစ်ဝက်ခန့်ဖြတ်တောက်ခံရသော်လည်း သူ၏နာမည်ဂုဏ်သတင်း မြင့်တက်လာခဲ့ပေ၏။

နောက်ပိုင်းတွင် လုကျိုးရှောင်သည် နာမည်ကျော်ကြားလာကာ တိုက်ပွဲအကျိုးဆောင်ရမှတ်များကို တဖြည်းဖြည်း စုဆောင်းနိုင်ခဲ့သည်။နောက်တစ်နှစ်တွင် သူ့အား 'ရွှယ်ရှာအမတ်ကြီး'ဟူသောဘွဲ့ထူး ချီးမြှင့်ခံရကာ မြင့်မြတ်သူများစာရင်းသို့ ဝင်ရောက်လာသည်။

သူသည် ထိုဘွဲ့ထူးရရှိစဥ်၌ အသက်အလွန်ကြီးခြင်းမရှိသေးချေ။ရှားဟိုလီပင်လျှင် အမတ်ကြီးဘွဲ့ထူးကိုရရှိရန် သူ၏ဘဝသက်တမ်းတစ်ဝက်ခန့် ကုန်ဆုံးခဲ့သည်မှာ သိရှိထားရမည့်အချက်ပင်။

လုယွီသည် လုကျိုးရှောင်နှင့်ပတ်သတ်သည့် အချက်အလက်များကို ပို၍ဖတ်ရှုမိလေလေ သူ၏မျက်မှောင်ကြုတ်ထားမှု ပို၍တင်းကြပ်လာလေလေပင်။သူသည် လုမိသားစု၏ပါရမီရှင်ဆိုသူကို တစ်ကြိမ်တစ်ခါမျှမမြင်တွေ့ဖူးသည့်အတွက် သူနှင့်လုကျိုးရှောင်အကြားတွင် မည်သည့်ရန်ငြိုးရန်စမျှရှိမနေနိုင်ချေ။သို့ရာတွင် တစ်ဖက်လူသည် သူ့အား ပစ်မှတ်ထားနေသည်မှာ သိသာထင်ရှားလှ၏။

"ဖြစ်နိုင်တာတော့ ထိုက်ဟွာကျမ်းစာရဲ့ရွေးချယ်ခံက သူများ ဖြစ်နေမလား"

လုယွီက သတင်းအချက်အလက်များကို စေ့စေ့စပ်စပ်ဖတ်ရှုပြီးနောက် မကြာမီမှာပင် သူ၏စိတ်အတွင်း၌ အတွေးတစ်ခု ထွက်ပေါ်လာသည်။

သူသည် ထိုသတင်းအချက်အလက်များကို ဖတ်ပြီးနောက် လုကျိုးရှောင်သည် မည်ကဲ့သို့လူစားမျိုးဖြစ်သည်ကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့လေ၏။

လုကျိုးရှောင်သည် မွေးဖွားလာစဥ်အချိန်မှစတင်၍ သူ၏ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။သူသည် အမြဲတိုင်း ထင်ရာစိုင်းတတ်ကာ အဆင်အခြင်ကင်းမဲ့သူပင်။

သို့ရာတွင် မည်သည့်အခက်အခဲကမျှ သူ့ကိုလှောင်ပိတ်ထားနိုင်ခြင်းမရှိချေ။သူ၏ကျင့်ကြံခြင်းလမ်းကြောင်းတလျှောက် လွယ်ကူစွာဖြင့် အဆင်ပြေချောမွေ့နေခဲ့သည်။

သူ့ထံတွင် မိုးကောင်းကင်၏ကံကြမ္မာသားတော် ဖြစ်နိုင်သည့်အချက်များဖြင့် ပြည့်စုံနေလေ၏။

"မင်းက မိုးကောင်းကင်ရဲ့ကံကြမ္မာသားတော် ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ့ကို ရန်မစသင့်ဘူး"

လုယွီက လုကျိုးရှောင်၏နာမည်ကို တိတ်တဆိတ်မှတ်သားထားလိုက်သည်။

"ချင်းရှန်...မင်းရဲ့လက် ဘယ်လိုနေသေးလဲ"

လုယွီက မူချင်းရှန်၏လက်ကိုကြည့်၍ မေးမြန်းသည်။ထိုနေ့တုန်းက အမျိုးသမီးအိမ်တော်ထိန်းသည် မူချင်းရှန်၏လက်ကို ချိုးခဲ့သဖြင့် လုယွီ ပြန်ဆက်ပေးထားခြင်းဖြစ်သည်။

"ဘာမှမစိုးရိမ်ပါနဲ့...ငါက ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ပါ...ငါအတွက်တော့ ဒဏ်ရာအနာတရဆိုတာ ဖြစ်နေကျပါပဲ...မင်းရဲ့ဆေးက မဆိုးဘူး...ငါ အဲ့ဒါကိုသောက်ပြီးတာနဲ့ ငါ့ရဲ့ကျိုးသွားတဲ့အရိုးတွေ မြန်မြန်ကြီးထွားလာတယ်"

လီချင်းရှန်က သူအဆင်ပြေသည်ကို ညွှန်ပြသည့်အနေဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"ဒါက အဆင်ပြေတယ်...ဒီနေရာကို ခဏလာခဲ့အုံး...ငါ့ဆီမှာ မင်းနဲ့သင့်တော်တဲ့ ကျင့်ကြံနည်းစနစ်တစ်ခုရှိတယ်...အခု အဲ့ဒီနည်းစနစ် ငါ မင်းကို သင်ပေးမယ်...မင်း ပြန်သွားပြီးတာနဲ့ သေချာကျင့်ကြံတော့...ဒါက မင်းရဲ့ခွန်အားကို အကြီးအကျယ်တိုးတက်စေလိမ့်မယ်"

လုယွီက သူ၏လက်ကိုမြှောက်ကာ အလင်းတန်းတစ်တန်းကို မူချင်းရှန်၏မျက်ခုံးနှစ်ခုကြားသို့ ပစ်လွှတ်လိုက်သည်။

မူချင်းရှန်က ငြင်းဆန်ခြင်းမပြုချေ။သူက ထိုနည်းစနစ်ကို ဂရုတစိုက် လေ့လာဆင်ခြင်လိုက်၏။ရုတ်တရက် သူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြတ်ပြေးသွားသည်။

"ဘယ်လိုတောင် နက်နဲသိမ်မွေ့တဲ့ ကျင့်ကြံနည်းစနစ်ပါလိမ့် ..ဒါက မိုးကောင်းကင်ကျမ်းစာဆောင်ထဲမှာရှိတဲ့ ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်တွေထက်တောင် ပိုပြီးနက်နဲသိမ်မွေ့နေတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ"

ယခုလက်ရှိချိန်တွင် မိုးကောင်းကင်ကျမ်းစာဆောင်၏ပထမထပ်နှင့်ဒုတိယထပ်ကို အပြည့်အဝဖွင့်ပေးထားသဖြင့် ကျောင်းတော်တပည့်များ သွားချည်ပြန်ချည် လုပ်နေကြသည်။နေ့စဥ်နေ့တိုင်း မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ ကျောင်းတော်တပည့်အမြောက်အများ ရှိနေသည်။

ဤအချိန်အတောအတွင်းတွင် မူချင်းရှန်သည်လည်း ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်တချို့ကို ဖတ်ရှုခဲ့လေ၏။

သို့ရာတွင် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းရှိ ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များကို လုယွီ သူ့အားသင်ကြားပေးသောအရာနှင့် မည်သို့မျှ နှိုင်းယှဥ်၍မရချေ။

ထိုနည်းစနစ်ကို အချိန်တခဏကြာ လေ့လာဆင်ခြင်ပြီးနောက် မူချင်းရှန်သည် အကျိုးကျေးဇူးများစွာ ရရှိသကဲ့သို့ ခံစားလိုက်ရသည်။

Chapter 2734

"မင်း ပြန်သွားပြီး ကောင်းကောင်းကျင့်ကြံတော့...မင်းဟာမင်း တစ်ယောက်တည်းကျင့်ကြံတာ ပိုကောင်းတယ်...ငါက မူလင်းကို တခြားကျင့်ကြံနည်းစနစ်တစ်ခု သင်ပေးလိုက်မယ်"

လုယွီက ပြောဆိုသည်။

ဤသည်က မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်အရ သူ ပြင်ဆင်မွမ်းမံထားသော ကျင့်ကြံနည်းစနစ်တစ်ခုပင်။

ထိုကျင့်ကြံနည်းစနစ်၏စွမ်းအားသည် အစစ်အမှန်မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်ကဲ့သို့ ကောင်းမွန်ခြင်းမရှိသော်လည်း ယခုလက်ရှိခေတ်ကာလရှိ အင်မော်တယ်များအတွက် ပို၍သင့်တော်သည်။အထူးသဖြင့် မူချင်းရှန်ကဲ့သို့ ရုပ်ခန္ဓာကိုယ်သီးသန့်ကျင့်ကြံသူများအတွက် ထိုနည်းစနစ်ကို ကျင့်ကြံပါက ရေအတွင်းသို့လွှတ်ပေးလိုက်သော ငါးတစ်ကောင်နှင့် တူညီနေပေမည်။

မူချင်းရှန်သည် လုယွီကို အလွန်အမင်း ကျေးဇူးတင်နေလေ၏။

"လုယွီ...ငါက မင်းရဲ့ကျင့်ကြံနည်းစနစ်ကို တိမ်ကောအောင် မလုပ်ဘူး"

မူချင်းရှန်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

လုယွီ၏လက်ရှိအဆင့်အတန်းနှင့်ခွန်အားအရ သူကိုလျစ်လျှူရှုထား၍ရကြောင်း မူချင်းရှန်က ကောင်းစွာသိရှိထားသည်။

ထို့ပြင် လုယွီ သူ့အား သင်ကြားပေးသော ကျင့်ကြံနည်းစနစ်သည် အလွန်အမင်း သိမ်မွေ့နက်နဲလှ၏။အကြည့်တစ်ချက်ဖြင့်ပင် ဤအရာသည် သူနှင့်အနီးစပ်ဆုံး ကျင့်ကြံနည်းစနစ်ဖြစ်ကြောင်း သိရှိနိုင်သည်။

မူချင်းရှန်သည် လုယွီက သူ့အား ယုံကြည်စွာဖြင့် ဤကျင့်ကြံနည်းစနစ်ကို လက်ဆင့်ကမ်းသင်ကြားပေးသဖြင့် အလွန်ကျေးဇူးတင်နေမိသည်။

လုယွီက သတိပေးလိုက်၏။

"မင်းက မကြာခင်မှာ အလယ်အလတ်တပည့်အဆင့်ကို အဆင့်တက်တော့မယ်လို့ ငါ ကြားထားတယ်...ဒါပေမယ့် မင်း မောက်မာဝံ့ကြွားပြီး မဆင်မခြင်မလုပ်မိဖို့ကိုတော့ မင်း သတိထားရမယ်...ကျောင်းတော်အကျိုးဆောင်ရမှတ်တွေ ရယူဖို့ကိုလည်း အရမ်းလောဘမကြီးနဲ့...အရင်ကတည်းက မင်းရဲ့ကျင့်ကြံမှုလမ်းကြောင်းက အရမ်းအဆင်ပြေချောမွေ့နေတယ်...အခုချိန်မှာ ငါ စိုးရိမ်ပူပန်နေတာတစ်ခုက...ငါရဲ့ကျင့်ကြံနည်းစနစ်နဲ့ဆိုရင် မင်းရဲ့ကျင့်ကြံမှုအရှိန်နှုန်းက အရမ်းလျှင်မြန်လိမ့်မယ်...ဒါက မင်းရဲ့စိတ်တည်ငြိမ်မှုကို ဖျက်ဆီးသလိုဖြစ်သွားမှာကိုပဲ"

မူချင်းရှန်သည် ထိတ်လန့်တုန်လှုပ်သွားကာ အသိတရားရသွားသကဲ့သို့ ခံစားလိုက်ရသည်။သူက ပျာပျာသလဲ ပြောဆိုလိုက်၏။

"မင်းရဲ့လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

လုယွီသည် ယခင်ကတည်းက လူမည်မျှများများကို လမ်းညွှန်ပေးခဲ့သည်မှန်း သူ မသိရှိသော်လည်း သူ့ကိုလမ်းညွှန်မှုပေးသော အချက်များမှာမူ တိကျမှန်ကန်နေသည်။

မူချင်းရှန်သည် ယခုထိ ထိုကျင့်ကြံနည်းစနစ်ကို ကျင့်ကြံခြင်း မပြုရသေးချေ။သို့ရာတွင် လုယွီသည် လူတစ်ယောက်၏အကျင့်စရိုက်နှင့် နောင်တစ်ချိန်တွင် ထိုလူသည် မည်ကဲ့သို့အတားအဆီးများနှင့် ကြုံတွေ့ရမည်ကို ကြိုတင်၍ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိသည်။

ဤသည်က ဆရာတစ်ယောက်မှ တပည့်တစ်ယောက်ကို သင်ကြားပေးခြင်းနှင့် တစ်စုံတစ်ယောက်မှ ကိုယ်တိုင်လေ့လာသင်ယူခြင်း၏ ကွဲပြားခြားနားသောအချက်ပင်။

လေလွင့်ကျင့်ကြံသူအများစုသည် ဂိုဏ်းကြီးများအတွင်းသို့ ဝင်ရောက်လိုကြခြင်းမှာ သူတို့အား လမ်းညွှန်မှုပေးမည့်ဆရာကိုရှာဖွေ၍ ကျင့်ကြံမှုလမ်းကြောင်းသွေဖည်သွားခြင်းမှ ရှောင်ရှားနိုင်ရန်ဖြစ်သည်။

လုယွီသည် ကျောင်းတော်၌နေထိုင်စဥ်တစ်လအတွင်း၌ နေ့တိုင်းနီးပါး ဟောပြောမှုပြုလုပ်ခဲ့သည်။

လုယွီ ဟောပြောပွဲကျင်းပသည့်အချိန်တိုင်း ကျောင်းတော်မှလူအားလုံးနီးပါး လာရောက်၍ နားထောင်ကြလေ၏။မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် သူတို့၏နာမည်ဂုဏ်သတင်းကို ဂရုမစိုက်တော့ဘဲ လုယွီ၏ဟောပြောမှုကိုနားထောင်ရန် ရောက်ရှိလာကြသည်။

ဤသည်က အဖိုးတန်ရှားပါးသော အသိပညာဗဟုသုတများပင်။ထိုအရာ၏ရှေ့၌ အဆင့်အတန်းဟူသည်မှာ အဆင်တန်ဆာသက်သက်ဖြစ်သည်။

တစ်လအချိန်အတွင်းတွင် လုယွီသည် သူ၏ကျင့်ကြံဆင့်ကို မြေကမ္ဘာအင်မော်တယ်နယ်ပယ်အစောပိုင်းအဆင့်၌ တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့လေ၏။

သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။

သို့ရာတွင် လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်လိုက်ပါက သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ စုစည်းထားသောမှော်စွမ်းအားများအားလုံး ကုန်ဆုံးသွားပေမည်။

လုယွီ၏ကျင့်ကြံမှုလမ်းကြောင်းသည် တခြားသူများနှင့် များစွာကွဲပြားခြားနားလှ၏။သူ နောက်ထပ်နယ်ပယ်တစ်ဆင့်တက်နိုင်ရန် ကြုံတွေ့ရမည့် အခက်အခဲများသည် တခြားသူများထက် အဆများစွာပို၍ကြီးမားသည်။

"ငါက တော်ဝင်စာမေးပွဲကို အမြန်ဆုံးအောင်မြင်အောင်လုပ်ပြီးတော့ တရားဝင်အရာရှိရာထူးကို ရအောင်လုပ်ရမယ်...ကံကြမ္မာစွမ်းအားရဲ့ကောင်းချီးပေးမှုနဲ့ဆိုရင် ငါ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်းက အလျှင်အမြန်တိုးတက်သွားနိုင်တယ်"

လုယွီသည် သူ၏ကျင့်ကြံဆင့်နယ်ပယ် မလုံလောက်သေးခြင်း၏ အကျိုးဆက်များကို ကောင်းစွာသိရှိထားလေ၏။

အကယ်၍ သူသည် အစစ်အမှန်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက သူ့ထံတွင် မည်မျှထိနက်နဲသိမ်မွေ့ပြီး အစွမ်းထက်သော မှော်မန္တန်များရှိနေပါစေ ထိုအရာများကို ထုတ်ဖော်အသုံးပြုလိုက်သည့်အချိန်တွင် သူ၏အကန့်အသတ်အခြေအနေသို့ ရောက်ရှိသွားပေမည်။

ထိုအချိန်မျိုးသို့ ရောက်ရှိသွားပါက သူ အန္တရာယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။

လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ကျင့်ကြံနေစဥ်အတောအတွင်း၌ တော်ဝင်မြို့တော်မှနေ၍ စာသုံးစောင်ကို လက်ခံရရှိခဲ့သည်။

ပထမဆုံးစာသည် သူ့ထံသို့ ဖူကျစ်ရွှယ်မှ ပေးပို့လိုက်ခြင်းပင်။ဖူကျစ်ရွှယ်သည် ကျောင်းတော်၌ဖြစ်ပျက်ခဲ့သော ကိစ္စများအားလုံးကို သိရှိသွားပြီးနောက် လုယွီအား ကျေးဇူးတင်ကြောင်းပြောဆိုခြင်းမရှိချေ။ထိုအစား သူသည် လုယွီအား အခွင့်အရေးရှိပါက တောက်ပနေမင်းကြယ်မြစ်သို့လာရောက်ကာ သူနှင့်အတူသောက်ရန်ဖိတ်ခေါ်ခဲ့သည်။

ဖူကျစ်ရွှယ်သည် အတွင်းဝန်ရုံးမှနေ၍ တောက်ပနေမင်းကြယ်မြစ်၏အုပ်ချုပ်ရေးမှူးရာထူးသို့ ပြောင်းရွှေ့ခဲ့ရသည်။ဤသည်က အပေါ်ယံတွင် သာမာန်အပြောင်းအရွှေ့တစ်ခုဖြစ်သော်လည်း အမှန်အားဖြင့် ဖူကျစ်ရွှယ်ကို တော်ဝင်မြို့တော်နှင့်ဝေးရာသို့ စေလွှတ်လိုက်ခြင်းပင်။

ထို့ပြင် သူလက်ရှိပိုင်ဆိုင်ထားသော မဟာအတွင်းဝန်ရာထူးကို ရာထူးနေရာလွတ်ဖြစ်သည်အထိ လျှော့ချခြင်းခံလိုက်ရ၏။ယခုလက်ရှိချိန်တွင် တော်ဝင်နန်းတွင်း၏ကိစ္စအဝဝကို တော်ဝင်အကြံပေးအဖွဲ့ကသာ ကိုင်တွယ်ဖြေရှင်းနေသည်။ယခင်က အစဥ်အမြဲ အလုပ်ရှုပ်နေခဲ့သော အတွင်းဝန်ရုံးသည် ယခုလက်ရှိချိန်၌ အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။

Chapter 2735

ကျောင်းတော်အတွင်း၌ သူ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် စီနီယာအကိုဖူသိရှိပြီးသော ကိစ္စများဖြစ်မည်ဟု လုယွီက တွေးတောမိသည်။

သို့ရာတွင် ဤကိစ္စနှင့်ပတ်သတ်၍ မှားယွင်းနေသည်ဟု လုယွီက မခံစားရချေ။ဖူကျစ်ရွှယ်သည် သူ့အား ထိခိုက်နစ်နာစေလိုခြင်းမရှိပေ။သူ့အား ပေးအပ်ခဲ့သော တာဝန်များသည် အလွန်အမင်းအန္တရာယ်များသည်ဟု ထင်ရသော်လည်း အမှန်အားဖြင့် တာဝန်တစ်ခုစီတွင် သူ့အတွက် ကြီးမားသောအတွေ့အကြုံများ ရရှိစေသည်။

ဤကဲ့သို့အတွေ့အကြုံမျိုးသည် လုယွီအတွက် များစွာအရေးမကြီးလှချေ။သို့ရာတွင် ဖူကျစ်ရွှယ်သည် သူ၏သရုပ်မှန်ကို မသိရှိပေ။အပေါ်ယံတွင် သူသည် အောက်ဘုံမှတက်လှမ်းလာသော လူငယ်တစ်ယောက်ပင်။ဤကဲ့သို့လေ့ကျင့်ပေးမှုမျိုးသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ လူငယ်ကျင့်ကြံသူတစ်ယောက် အသက်ရှင်သန်နိုင်ရန်အတွက် အလွန်အရေးပါသည်။

ဒုတိယစာသည် ရှားဟိုလီထံမှပင်။

ရှားဟိုလီသည် ယခုလက်ရှိချိန်၌ အမတ်ကြီးတစ်ယောက် ဖြစ်နေလေပြီ။သူသည် နောက်နှစ်အတွင်း၌ ရှေ့တန်းသို့သွားရောက်ရမည်ဖြစ်ကြောင်း အသိပေးခြင်းဖြင့် စာကို အစပြုထားလေ၏။သူသည် နှစ်သစ်တွင် လုယွီကို အိမ်တော်သို့လာရောက်ရန် ဖိတ်ခေါ်ထားသည်။

တတိယစာသည် ဖေးထျန်ကွမ်းမှ သူ့ထံသို့ ပေးပို့လိုက်ခြင်းဖြစ်သည်။

ဗာမီလီယန်စစ်စခန်း၌ ပုန်းကွယ်နဂါးတပ်ခွဲသည် စခန်းချနေသော်လည်း ဖွဲ့စည်းပုံပျက်စီးသွားခြင်းမရှိချေ။ထိုတပ်ခွဲမှစစ်သားများသည် နေ့စဥ်နေ့တိုင်း သေရေးရှင်ရေးတိုက်ပွဲများကို တိုက်ခိုက်၍ သူတို့၏ကျင့်ကြံမှုအရှိန်နှုန်းမှာလည်း အလွန်လျှင်မြန်သည်။

လုကျင်းရှန့်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကာ သိုက်ဖုန်းသည် လောကီအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။

အထူးသဖြင့် လုယွီ၏ဆေးလုံးများ အကူအညီဖြင့် ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများအားလုံးသည် အလွန်ထူးချွန်သော ကျင့်ကြံမှုပါရမီကို ထုတ်ဖော်ပြသနိုင်ကြသည်။သူတို့အနက်မှတချို့ဆိုလျှင် ပါရမီရှင်များဟု သတ်မှတ်ခံရသည်အထိ တိုးတက်လာပေ၏။

ဤကဲ့သို့စွမ်းဆောင်ရည်များကြောင့် ပုန်းကွယ်နဂါးတပ်ခွဲသည် ဗာမီလီယန်စစ်စခန်းအတွင်း၌ အာရုံစိုက်စရာတစ်ခုဖြစ်လာသည်။တခြားတပ်ခွဲများ၏တပ်မှူးများသည် ပုန်းကွယ်နဂါးတပ်ခွဲကို သိမ်းသွင်းရန် ကြိုးပမ်းကြတော့သည်။

သို့ရာတွင် သူတို့သည် ပြောင်ပြောင်တင်းတင်း မချဥ်းကပ်ဝံ့ချေ။မည်သို့ပင်ဆိုစေကာမူ ပုန်းကွယ်နဂါးတပ်ခွဲ၏ ယခုလက်ရှိ ယာယီတပ်မှူးသည် ဖေးထျန်ကွမ်းပင်။

ဖေးထျန်ကွမ်းသည် တော်ဝင်စစ်ခုံရုံး၌ အမတ်ကြီးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ယခုလက်ရှိချိန်မှသာ သူသည် စစ်တပ်သို့ တဖန်ပြန်၍ ဝင်ရောက်ခဲ့ခြင်းဖြစ်ပေ၏။သူ့ထံတွင် ယခင်ရာထူးအဆင့်အတန်းမရှိတော့သော်လည်း သူသည် နာမည်ဂုဏ်သတင်းကျော်ကြားသော ရွှယ်အင်မော်တယ်တစ်ယောက်အဖြစ်ရှိနေဆဲပင်။

ထို့ကြောင့် တခြားတပ်မှူးများသည် လှုပ်ရှားမှုပြုလုပ်ရန် ထိတ်လန့်ကြောက်ရွံကြသည်။သူတို့သည် ပုန်းကွယ်နဂါးတပ်ခွဲတွင် ပါရမီရှင်များပေါများသည်ကို မနာလိုအားကျဖြစ်နေသော်လည်း အလွန်အကျွံမလုပ်ဝံ့ချေ။

လုယွီသည် ထိုစာကိုဆက်လက်၍ဖတ်လိုက်ရာ သူ၏စိတ်အာရုံကို ဖမ်းစားနိုင်သော သတင်းအစအနတစ်ခုကို မြင်တွေ့မိသည်။

ရှဖုန်းသည် အင်္သချေပြောင်းလဲခြင်းကြယ်မြစ်ပေါ်ရှိ ရှမိသားစု၏ငွေတိုက်သို့ သီးသန့်သွားရောက်ကာ သုံးရက်အကြာတွင် တိတ်တဆိတ် ပြန်လည်ရောက်ရှိလာခဲ့သည်။

ဤသည်က အလွန်အမင်း လျှို့ဝှက်ထားသော သတင်းတစ်ခုပင်။

တော်ဝင်စစ်ရေးဌာန၏လက်ထောက်ကြီးဖြစ်သော ရှဖုန်း၏လှုပ်ရှားမှုတိုင်းသည် မြောက်မြားစွာသောစုံစမ်းစစ်ဆေးမှူးများ၏မျက်စေ့အောက်တွင်ရှိသည်။သူ မည်သည့်အရာကို လုပ်ဆောင်လိုသည်ဖြစ်စေ အလွန်အမင်း သတိထားရသည်။

သူသည် ထိုနေရာသို့ လျှို့ဝှက်၍သွားခဲ့သဖြင့် တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးများ မသိစေလိုသော ကိစ္စတစ်ခုရှိနေရပေမည်။

ဤသတင်းအစအနသည် ရှဖုန်း၏နံဘေးသို့ သူ စေလွှတ်ထားသော သူလျှိုများထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖေးထျန်ကွမ်းက ရေးသားထားလေ၏။

လုယွီသည် ပုန်းကွယ်နဂါးတပ်ခွဲကို ချန်ထားခဲ့စဥ်တွင် သူ၏ကိုယ်ပိုင်အင်အားစုကို လျှို့ဝှက်၍ ပျိုးထောင်ထားရန် ဖေးထျန်ကွမ်းကို မှာကြားခဲ့သည်။ထိုလူများအား မိသားစုကြီးရှစ်စုအတွင်းသို့ သူလျှိုများအဖြစ်ဝင်ရောက်စေခဲ့သည်။သူ အဓိကအာရုံစူးစိုက်ထားသည်မှာ ရှမိသားစုပင်။

နေ့စဥ်နေ့တိုင်း ဖေးထျန်ကွမ်းသည် သတင်းအမြောက်အများကို စုဆောင်းမိလေ၏။မည်သို့ပင်ဆိုစေကာမူ ဖေးထျန်ကွမ်းသည် တော်ဝင်စစ်ခုံရုံးမှအမတ်ကြီးတစ်ယောက်ဖြစ်ခဲ့သဖြင့် တိတ်တဆိတ် သတင်းစုဆောင်းသည်မှာ သူ ကျွမ်းကျင်သောကိစ္စဖြစ်သည်။

ဤတစ်ကြိမ်တွင် ဖေးထျန်ကွမ်းသည် အရေးကြီးဆုံးသတင်းတစ်ခုကို လုယွီထံသို့ ပေးပို့နိုင်ခဲ့သည်။

"ရှဖုန်း...ဒီတစ်ကြိမ်က မင်း သေရမယ့်အချိန်ပဲ"

အေးစက်စက်အလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

ရှဖုန်းသည် သူ့ထံမှ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကို လုယူနိုင်ရန် လမ်းတလျှောက်လုံး သူ့အားလိုက်လံဖမ်းဆီးခဲ့သည့်မြင်ကွင်းမှာ သူ၏မျက်လုံးအတွင်း၌ လတ်လတ်ဆတ်ဆတ်ရှိနေဆဲပင်။

ထိုအချိန်တုန်းက လုယွီသည် လောကီအင်မော်တယ်နယ်ပယ်တွင်သာ ရှိနေခဲ့လေ၏။ရှဖုန်းကဲ့သို့ ရွှယ်အင်မော်တယ်နယ်ပယ်အလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်ရန် သူ့အတွက် ခက်ခဲနေခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကာ သူ၏ခွန်အားသည်လည်း ယခင်ထက် အဆများစွာ မြင့်တက်နေလေပြီ။

ဤတစ်ကြိမ်သည် ရှဖုန်း အဆုံးသတ်ရမည့်အချိန်ပင်။

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်...သူလျှိုတွေအားလုံး ရှဖုန်းရဲ့လှုပ်ရှားမှုတိုင်းကို အနီးကပ်စောင့်ကြည့်ရမယ်....တကယ်လို့ မသင်္ကာဖွယ်ရာလှုပ်ရှားမှုတစ်ခုတွေ့တာနဲ့ ငါ့ဆီကို ချက်ချင်း သတင်းပို့ကြစမ်း"

"ပြီးတော့ ပုန်းကွယ်နဂါးတပ်ခွဲရဲ့လေ့ကျင့်မှုကို တိုးမြှင့်ရမယ်...နောက်ကျရင် ငါက တစ်ယောက်ယောက်ကိုလွှတ်ပြီး မင်းတို့ဆီကို ဆေးလုံးတွေ ပို့ခိုင်းလိုက်မယ်...တကယ်လို့ ပုန်းကွယ်နဂါးတပ်ခွဲမှာ ဆက်ပြီးမနေချင်တဲ့သူရှိနေရင် အမြန်ဆုံးထွက်သွားခိုင်းလိုက်...တကယ်လို့ တစ်ယောက်ယောက်က ငါရဲ့ဆေးလုံးတွေနဲ့ကျင့်ကြံနည်းစနစ်တွေကိုယူပြီးမှ ထွက်သွားရင်...သနားညှာတာနေစရာမလိုဘူး ချက်ချင်းသတ်ပစ်လိုက်"

လုယွီသည် သူ၏လက်အောက်ငယ်သားများအပေါ်၌ အစဥ်အမြဲ သဘောထားကြီး၍ ညှာတာတတ်သူဖြစ်သည်။သို့ရာတွင် သူ့အပေါ်တွင် သစ္စာဖောက်သူများကိုမူ သူ သနားညှာတာနေမည်မဟုတ်ချေ။

All Chapters