← Chapters

အခန်း (၂၇၆၆-၂၇၇၀)

Vol. 142 Ch. 2766-2770

အခန်း (၂၇၆၆-၂၇၇၀)

Vol. 142 Ch. 2766-2770

Chapter 2766

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ရည်ရွယ်ချက်ကောင်းအားလုံးသည် ယခုလက်ရှိချိန်တွင် အမှိုက်တစ်စဖြစ်သွားပြီဟု ဆိုနိုင်ပေ၏။

ဘုန်းတော်ကြီးသည် ထိုအမိန့်တော်ကိုမြင်တွေ့ချိန်တွင် ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။သူက မြေပြင်ပေါ်၌ဒူးထောက်ကာ ပြောဆိုသည်။

"ဧကရီအရှင်မကြီး သက်တော်ရာကျော်ရှည်ပါစေ...ကျွန်တော်က တော်ဝင်နန်းတွင်းရဲ့အမိန့်တော်ကို လိုက်နာဖို့ ဆန္ဒရှိပါတယ်"

တခြားဘုန်းတော်ကြီးများသည်လည်း မြေပြင်ပေါ်၌ဒူးထောက်ကာ ကောင်းကင်ယံအတွင်း၌ မျောလွင့်နေသော တော်ဝင်အမိန့်တော်ကို လိုက်နာမည်ဖြစ်ကြောင်း ပြောဆိုလိုက်ကြ၏။

ဘုန်းတော်ကြီးတချို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။သူတို့၏မျက်လုံးများအတွင်းမှ အလွန်အမင်းပျော်ရွှင်နေမှုများကို စကားလုံးများဖြင့် ဖော်ပြရန်ပင်မလိုအပ်ချေ။

သူတို့သည် ဤဗုဒ္ဓနယ်မြေအတွင်း၌ လှောင်ပိတ်မိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုချိန်တွင် သူတို့ ဤနယ်မြေအတွင်းမှ ထွက်ခွာသွားနိုင်မည့် အခွင့်အရေးမျိုး ဆိုက်ရောက်လာခဲ့သည်။

သူတို့အတွက် ရောင်နီထွန်းသောနေ့သစ်များ ရောက်ရှိလာပေတော့မည်။

ရှကွေ့ကျုံးက သူ့ရှေ့ရှိ ဘုန်းတော်ကြီးများကို ကြည့်နေလေ၏။သူ၏မျက်လုံးအတွင်း၌ ရှာဖွေတွေ့ရှိရန်ခက်ခဲသော သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်နေသည်။

သို့ရာတွင် ထိုအရိပ်အယောင်သည် သူ၏မျက်လုံးအတွင်းမှ အလျှင်အမြန်ပျောက်ကွယ်သွားကာ နတ်ဘုရားမြင့်မြတ်အမတ်ကြီးတစ်ယောက်၏ မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသော အရှိန်အဝါမျိုး ပြန်လည်ထွက်ပေါ်လာသည်။

"ငါ မင်းတို့ကို ကတိပေးထားတဲ့ကိစ္စ ငါ လုပ်ပြီးပြီ....အချိန်ကျလာရင် မင်းတို့ဗုဒ္ဓကျင့်ကြံသူတွေ ကတိတည်ဖို့ ငါ မျှော်လင့်တယ်"

ရှကွေ့ကျုံးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ဘုန်းတော်ကြီးက အပြုံးနှင့် တုံ့ပြန်ပြောဆိုလေ၏။

"ဒါက ငါတို့လုပ်သင့်တာပဲလေ...နတ်ဘုရားမြင့်မြတ်အမတ်ကြီးက စိတ်အေးအေးထားပါ"

ရှကွေ့ကျုံးက ခေါင်းညိတ်ပြပြီးနောက် သူသည် ဤနေရာ၌ဆက်၍နေရန် ရည်ရွယ်ချက်မရှိတော့ချေ။သူက ခြေတစ်လှမ်းရှေ့တက်၍ ဗုဒ္ဓနယ်မြေအတွင်းမှ ထွက်ခွာခဲ့တော့သည်။

ဗုဒ္ဓနယ်မြေ၏အစွန်အဖျားရှိ လေထုအတွင်း၌ ကြီးမားသောရထားလုံးတစ်စီးကို တည်ငြိမ်စွာ ရပ်တန့်ထားသည်။

ထိုရထားလုံးကိုဆွဲသောမြင်းများသည် ငါးမီတာကျော်မြင့်မားကာ ကြီးမားသောခန္ဓာကိုယ်ရှိသည်။ထိုမြင်းများ၏အရေပြားမျက်နှာပြင်ပေါ်တွင် နဂါးကြေးခွံများ လွှမ်းခြုံထားကာ ထိုအရာများ၏ခေါင်းတွင် ဦးချိုနှစ်ခုပါရှိလေ၏။ထိုမြင်းများ၏အသက်ရှုရှိုက်ချိန်တိုင်း နှာခေါင်းပေါက်မှနေ၍ လေစီးကြောင်းတစ်ရပ် မျောလွင့်သွားသည်။

ဤကဲ့သို့အသက်ရှုရှိုက်မှုမျိုးသည် မြောက်မြားစွာသောကျင့်ကြံသူတို့ထက်ပင် ပို၍အစွမ်းထက်နေသည်။ထိုမြင်းများ၏အသက်တစ်ချက်ရှုရှိုက်ရုံဖြင့်ပင် မိုင်တစ်ထောင်ဝေးကွာသောနေရာမှ တစ်စုံတစ်ယောက်ကို ထိခိုက်ဒဏ်ရာရရှိစေနိုင်စွမ်းရှိသည်။

ဤသည်က နဂါးမြင်းပင်။ထိုအရာသည် နဂါးမျိုးနွယ်၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကာ မြင့်မြတ်သူများသာ ပိုင်ဆိုင်ရန် ထိုက်တန်သည့် အဆင့်မြင့်အိမ်မွေးသားရဲဖြစ်ပေ၏။

ထို့ပြင် ထိုနဂါးမြင်းများ၏ပုံပန်းသွင်ပြင်အရကြည့်ပါက အလွန်အမင်းသိပ်သည်းသော နဂါးသွေးမျိုးဆက် ရှိနေခြင်းမှာ သိသာထင်ရှားသည်။ဤသည်က သမာရိုးကျ နဂါးမျိုးနွယ်ဟုပင် ယူဆနိုင်သည်။

ဤှကဲ့သို့နတ်ဆိုးသားရဲတစ်ကောင်သည် နတ်ဆိုးသားရဲများကြားတွင် ဧကရာဇ်ဖြစ်နိုင်သော တည်ရှိမှုကြီးများပင်။သို့ရာတွင် ရှကွေ့ကျုံး၏ရှေ့တွင် ထိုနဂါးမြင်းများသည် လှည်းဆွဲရန်အတွက်ကိုသာ အသုံးပြုခြင်းခံထားရလေ၏။

ထိုနဂါးမြင်းများ၏နောက်တွင် အလွန်အမင်းကြီးကျယ်ခမ်းနားသော ရထားအိမ်ရှိနေသည်။ရထားလုံး၏ကိုယ်ထည်ကို အဖိုးတန်ရှားပါးသော အနက်ရောင်ကြယ်ပျံသံမဏိဖြင့် ပြုလုပ်ထားကာ အစွန်းဘက်များ၌ ရွှေဖြင့်အနားကွပ်ထားသည်။ရထားလုံး၏နောက်ဘက်တွင် ပိုင်ရှင်၏မြင့်မြတ်သောအဆင့်အတန်းကို ညွှန်ပြသည့် ငွေရောင်နဂါးအမှတ်အသားပါသော အလံနှစ်ခုကို လွှင့်ထူထားလေ၏။

ထိုရထားလုံး၏ ရှေ့နောက်ဝဲယာတွင် ထောင်နှင့်ချီသောအစောင့်များ ရှိနေသည်။သူတို့အားလုံးသည် အစွမ်းထက်သောကျင့်ကြံသူများပင်။ရထားလုံးကိုမောင်းနှင်သူ၏ ကျင့်ကြံဆင့်နယ်ပယ်သည် ရွှယ်အင်မော်တယ်နယ်ပယ်၌ရှိနေသည်။

အစောင့်များအကြားမှ လူငါးဆယ်တစ်စုစီတွင် 'တာယွီအင်ပါယာ၏နတ်ဘုရားမြင့်မြတ်အမတ်ကြီး' 'စစ်ရေးမဟာအကြံပေးအဖွဲ့'ဟု ရေးသားထားသော အလံနှစ်ခုကို ကိုင်ဆောင်ထားသည်။ဤကဲ့သို့ကိန်းခမ်းကြီးမှုကို တော်ဝင်မြင့်မြတ်သူများအကြားတွင်ပင် အလွန်အမင်းကြီးကျယ်ခမ်းနားသည်ဟု ဆိုနိုင်ပေ၏။

"အမတ်ကြီးကို ကြိုဆိုပါတယ်"

ရှကွေ့ကျုံး ရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် အစောင့်များအားလုံး တပြိုင်နက်တည်းအော်ဟစ်လိုက်ကြရာ သူတို့၏အသံများသည် တိမ်တိုက်များကိုဖြတ်သန်း၍ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ရုတ်ချည်းဆိုသလိုပင် အစောင့်တစ်ယောက်သည် မြေပြင်ပေါ်၌ ဒူးထောက်ကာ ရှကွေ့ကျုံး ရထားလုံးပေါ်သို့တက်ရန် ခြေနင်းခုံအဖြစ် ပြုမူလိုက်သည်။

ရှကွေ့ကျုံးသည် ရထားလုံးအတွင်းသို့ ဝင်ရောက်ခါနီးအချိန်တွင် သူက ရုတ်တရက် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ ပြောဆိုသည်။

"ဆရာသခင်...ဗုဒ္ဒနယ်မြေက ခုတလော ပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရတယ်လို့ ငါ ကြားထားတယ်...မျောက်တစ်ကောင်က မင်းတို့ရဲ့ဘုရားကျောင်းဆယ်လုံးကျော်ကို ဖျက်ဆီးသွားခဲ့တယ်...ငါ မင်းကို ကူညီပြီးတော့ အဲ့ဒီကိစ္စကို ဖြေရှင်းပေးရမလား"

ရှကွေ့ကျုံး၏စကားကိုကြားချိန်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော အဆင့်မြင့်ဘုန်းတော်ကြီးတချို့၏မျက်ခုံးများ အနည်းငယ်တုန်ရီသွားသည်။

ရှကွေ့ကျုံး၏ဆရာသခင်ဖြစ်သော ဘုန်းတော်ကြီးတစ်ပါးတည်းတွင်သာ တည်ငြိမ်သောမျက်နှာအမူအယာရှိနေဆဲဖြစ်ပြီး သူက ပြောဆိုသည်။

"ဒါက မှော်သားရဲလေးတစ်ကောင်ပါပဲ....ငါတို့ဗုဒ္ဓဂိုဏ်းက ဒါကို နှိမ်နင်းနိုင်ပါတယ်...ဒီလိုကိစ္စငယ်လေးအတွက်နဲ့ အရှင်အမတ်ကြီး စိုးရိမ်ပူပန်ရအောင် ငါက ဒုက္ခမပေးတော့ပါဘူး"

"ကောင်းပြီလေ...အဲ့ဒီကိစ္စကို မြန်မြန်တည်ငြိမ်သွားအောင် မင်းတို့ ဖြေရှင်းသင့်တယ်...နောက်ခုနစ်ရက်ကြာရင်ကျင်းပမယ့် အဆုံးအဖြတ်တိုက်ပွဲကို နှောင့်နှေးကြန့်ကြာမှုမရှိစေနဲ့"

ရှကွေ့ကျုံးက ရထားလုံးအတွင်းသို့ ခြေချလိုက်ရာ လှပချောမောသောအစေခံမလေးနှစ်ယောက်က သူ့အား ဆီးကြိုလေ၏။

အစေခံမလေးနှစ်ယောက်အနက်မှတစ်ယောက်က ရထားလုံးလိုက်ကာကို ဆွဲပိတ်လိုက်သည်။ထို့နောက် ကြီးကျယ်ခမ်းနားသော စစ်တပ်ကြီးသည် ဗုဒ္ဓနယ်မြေအတွင်းမှ ထွက်ခွာသွားတော့သည်။

Chapter 2767

တော်ဝင်မြို့တော်...ရှားဟိုအိမ်တော်...

ထိပ်တန်းအဆင့်ဧည့်ဆောင်အတွင်းတွင် လုယွီက သူ၏အခန်းအတွင်းသို့ ပြန်လည်ရောက်ရှိသည်နှင့် သူ၏မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်၏။

"ကံကောင်းထောက်မပြီးတော့ ငါ စောစောထွက်လာခဲ့လို့သာပဲ...မဟုတ်ရင် ငါ ထပ်ပြီးတိုက်ခိုက်ရလိမ့်မယ်...ရှမိသားစုက အရမ်းသတိကြီးပြီးတော့ ရှဖုန်းရဲ့နောက်ကိုလိုက်ဖို့ လူတွေစေလွှတ်ထားတယ်....တကယ်လို့ ငါ နည်းနည်းသာနောက်ကျသွားရင် ရှမိသားစုကလူတွေ ငါ့ကိုရှာတွေ့သွားမှာပဲ"

လုယွီက သူ အနည်းငယ်ကံကောင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် နဂါးနက်သွေးမျက်ရည်ဆေးလုံးကို အသုံးပြုပြီးနောက် မကြုံစဖူးအားနည်းသောအခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့သည်။

ထို့ပြင် သူ့ထံ၌ အတွင်းဒဏ်ရာများ ရှိနေဆဲပင်။အကယ်၍ ယခုလက်ရှိချိန်တွင်သာ သူ ထပ်မံ၍တိုက်ခိုက်ရပါက သူ လွတ်မြောက်နိုင်ရန်မှာ အလွန်အမင်း ခက်ခဲပေလိမ့်မည်။

"ငါ့ရဲ့ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံးပြန်ရအောင် လုပ်ရမယ်...ဒါပေမယ့် အခုချိန်မှာ ငါက တားမြစ်ဆေးလုံးကို ဝါးမြိုခဲ့တာကြောင့် အရမ်းအားနည်းနေတယ်...အခုလက်ရှိအချိန်မှာ ငါက ဆေးလုံးတွေကို ထပ်ပြီးအသုံးပြုလို့မရသေးဘူး...တကယ်လို့ စိတ်ဝိညာဥ်စွမ်းအားတွေပြည့်နေတဲ့ ရတနာမြေလိုနေရာတစ်ခု ငါ တွေ့ရရင်တော့ အရမ်းကောင်းမှာပဲ"

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

တော်ဝင်မြို့တော်အတွင်း၌ မြေတစ်လက်မတိုင်းတွင် ပိုင်ဆိုင်သူရှိသည်။အကယ်၍ စိတ်ဝိညာဥ်စွမ်းအားများ ပေါကြွယ်ဝသော ရတနာမြေဖြစ်နေလျှင်ပင် အင်အားစုကြီးတချို့၏သိမ်းပိုက်ခြင်းကို ခံထားရသည်။

ယခုလက်ရှိချိန်၌ လုယွီနေထိုင်သော ဧည့်ဆောင်သည် ရှားဟိုလီ၏အိမ်တော်၌ အကောင်းဆုံးဟု ယူဆနိုင်သည်။သို့ရာတွင် ဤနေရာရှိ စိတ်ဝိညာဥ်စွမ်းအင်ပေါများမှုသည် အဆင့်နိမ့်ကျင့်ကြံသူများအတွက်သာ အသုံးဝင်ပေ၏။လုယွီ၏ လက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် ထိုစိတ်ဝိညာဥ်စွမ်းအားများသည် များစွာအသုံးဝင်ခြင်းမရှိချေ။

"ဒီသားရဲဝိညာဥ်တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ငါ ကြည့်ကြည့်အုံးမယ်"

လုယွီ၏နတ်ဘုရားစိတ်အာရုံသည် သူ အစောပိုင်းကရရှိထားသော ဓားရှည်အတွင်းသို့ ကျရောက်သွားသည်။

ဓားရှည်၏လေဟာနယ်နယ်မြေအတွင်းရှိ ချောင်ကျသောနေရာ၌ ထောင်သောင်းချီသောနတ်ဆိုးသားရဲဝိညာဥ်များအကြားတွင် ခရမ်းလျှပ်စီးဝံပုလွေတချို့၏စိတ်ဝိညာဥ်များရှိနေသည်။

လုယွီက ငယ်ရွယ်သောခရမ်းလျှပ်စီးဝံပုလွေတစ်ကောင်၏စိတ်ဝိညာဥ်ကို လေထုအတွင်းမှ ဆွဲထုတ်လိုက်၏။

"မင်းရဲ့အသက်အရွယ် အတိုင်းအတာတစ်ခုထိရောက်လာရင် ငါ မင်းကိုလေ့ကျင့်ပေးမယ်...မင်း တစ်ချိန်လုံး သိုလှောင်အိတ်ထဲမှာပဲ နေနေတာ မကောင်းဘူး"

လုယွီက ဝံပုလွေပေါက်လေးကို သူ၏သိုလှောင်အိတ်အတွင်းမှ ထုတ်လိုက်သည်။

ဝံပုလွေပေါက်လေးအတွက် ပြင်ပသို့ထွက်လာရသည်မှာ အလွန်ရှားပါးသောအခွင့်အရေးပင်။ထို့ကြောင့် သူသည် ပတ်ဝန်းကျင်၌ လှည့်ပတ်ပြေးလွှားနေလေ၏။ဝံပုလွေပေါက်လေး၏ကြီးထွားနှုန်းသည် အလွန်လျှင်မြန်ကာ တောင့်တင်းသန်မာသောခရမ်းလျှပ်စီးဝံပုလွေတစ်ကောင်အဖြစ်သို့ ရောက်ရှိနေလေပြီ။

ဝံပုလွေပေါက်လေး၏မျက်ခုံးနှစ်ခုကြားတွင် အလင်းရောင်များတဖျတ်ဖျတ်တောက်ပနေသော ခရမ်းသလင်းကျောက်တစ်လုံးရှိနေသည်။ဤသည်က ခရမ်းလျှပ်စီးဝံပုလွေတစ်ကောင်၏ အမှတ်သင်္ကေတပင်။ခရမ်းဝံပုလွေတစ်ကောင် ပို၍သန်မာအားကောင်းလေလေ သူ၏မျက်ခုံးနှစ်ခုကြားမှ ခရမ်းသလင်းကျောက် ပို၍တောက်ပလေလေဖြစ်သည်။

ဝံပုလွေပေါက်လေးသည် လုယွီ၏လက်အတွင်းရှိသားရဲဝိညာဥ်ကို အနံ့ခံလိုက်၏။ထို့နောက် သူသည် များစွာစဥ်းစားတွေးတောခြင်းမပြုဘဲ ထိုသားရဲဝိညာဥ်ကို ဝါးမြိုလိုက်တော့သည်။

မမျှော်လင့်ဘဲ ထိုသားရဲဝိညာဥ်အတွင်းတွင်ပါဝင်သော ပြင်းထန်သည့်စွမ်းအားများက ဝံပုလွေပေါက်လေး၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထသွားသည်။

ဝံပုလွေပေါက်လေးသည် မြေပြင်ပေါ်သို့လဲကျသွားကာ သူ၏အစာအိမ်သည် ဖောင်းကားနေပြီး အဆက်မပြတ် ညည်းတွားနေလေ၏။

"ဒီနာကျင်မှုကို တောင့်ခံထား...ဒီသားရဲဝိညာဥ်ရဲ့အကူအညီနဲ့ဆိုရင် မင်းက ခရမ်းလျှပ်စီးဝံပုလွေတွေရဲ့အမွေအနှစ်ကို နိုးထစေနိုင်လိမ့်မယ်"

လုယွီက ပြောဆိုသည်။

တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများက ဝံပုလွေပေါက်လေး၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။

ပြင်းထန်သောအားလှိုင်းတစ်ရပ်က ဝံပုလွေပေါက်လေး၏ခန္ဓာကိုယ်အနှံ့ တဖြည်းဖြည်းပျံ့နှံ့သွားကာ နောက်ဆုံး၌ သူ၏ခြေလက်လေးဖက်တွင် စုဝေးသွားသည်။

ရုတ်ချည်းဆိုသလိုပင် ဝံပုလွေပေါက်၏ခန္ဓာကိုယ်သည် နှစ်ပေါင်းများစွာ အသက်ကြီးလာသကဲ့သို့ ကြီးထွားသွားလေ၏။

ဝေါင်း...

ဝံပုလွေပေါက်လေးသည် ရုတ်တရက် မြေပြင်ပေါ်၌လဲလျောင်းပြီး သူ၏မျက်လုံးကိုစုံမှိတ်ကာ နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။

ဤကဲ့သို့ပြင်းထန်သောစွမ်းအားများသည် ယခုလက်ရှိဝံပုလွေပေါက်လေးအတွက် အလွန်များပြားနေလေရာ သူ ထိုအရာများကို အချိန်တိုအတွင်း၌ အပြည့်အဝချေဖျက်နိုင်မည်မဟုတ်ချေ။သူသည် အိပ်မောကျနေသောအခြေအနေ၌ ထိုစွမ်းအားများကို ဖြည်းညှင်းစွာချေဖျက်ရမည်သာ ဖြစ်ပေ၏။

"အရှင်သခင်...အရှင်မှာ ကျိုးပဲ့နေတဲ့အင်မော်တယ်မှော်လက်နက် အပိုင်းအစတွေရှိတယ်မလား...ကျွန်တော်ကို ပေးပါလား"

ထိုအချိန်မှာပင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်က ရုတ်တရက် ပြေးထွက်လာသည်။သူသည် အင်မော်တယ်မှော်လက်နက်အပိုင်းအစများကို ဝါးမြိုလိုသဖြင့် အရည်လဲ့နေသော မျက်လုံးတစ်စုံဖြင့် လုယွီကိုစူးစိုက်၍ကြည့်လိုက်သည်။

"မင်းရဲ့ခွန်အားကို ရိုးရိုးသားသားမြှင့်တင်တာ မင်းအတွက် ပိုကောင်းလိမ့်မယ်...မင်းကိုယ်မင်း အခက်တွေ့အောင်မလုပ်စမ်းနဲ့"

လုယွီက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ဦးခေါင်းငယ်လေးကိုကိုင်ကာ သိုလှောင်အိတ်အတွင်းသို့ ပြန်ပစ်သွင်းလိုက်၏။

အချိန်များကုန်လွန်လာသည်နှင့်အမျှ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကဲ့သို့ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်မျိုးသည် အလိုအလျောက် ပြန်လည်ပြုပြင်နိုင်စွမ်းရှိသည်။ထိုအင်မော်တယ်မှော်လက်နက်များသည် ကျိုးပဲ့နေသည့်တိုင် အမှိုက်များမဟုတ်သဖြင့် အမြောက်အများဝါးမြို၍မရချေ။

Chapter 2768

လုယွီသည် ထွက်ခွာသွားရန် အဆင်သင့်မဖြစ်သေးသဖြင့် ရှားဟိုအိမ်တော်၌ ဆက်၍နေရန် ရွေးချယ်ခဲ့သည်။

သူ ဒဏ်ရာရရှိထားခြင်းကိုလည်း တမင်သက်သက်ဖုံးကွယ်ထားခြင်းမရှိချေ။တစ်ခါတစ်ရံ လုယွီ ဆေးဖော်စပ်ချိန်တွင် ဆေးရနံ့များက သူ၏ခြံဝန်းအတွင်းမှ တိုးထွက်လာသည်။ပြင်ပ၌စောင့်ကြပ်နေသော အစောင့်များပင်လျှင် ထိုဆေးရနံ့ကို ရှုရှိုက်မိလေ၏။

"ကြည့်ရတာတော့ မြင့်မြတ်တဲ့ဧည့်သည်တော်က ဆေးပညာရှင်တစ်ယောက်ဖြစ်ပုံပဲ"

"ဖြစ်နိုင်တာတော့ သူ ဒဏ်ရာများရထားတာများလား...ဒါကြောင့် သူက ဒဏ်ရာကုသဖို့ ဒီနေရာကိုရွေးချယ်လိုက်တာဖြစ်မယ်"

"ထားလိုက်တော့..ငါတို့က ကိုယ်လုပ်ရမယ့်ကိစ္စကိုပဲ ကျေပွန်အောင်လုပ်ရမယ်...ထိပ်တန်းအဆင့်ဧည့်ဆောင်မှာနေတဲ့ မြင့်မြတ်တဲ့ဧည့်သည်တော်က အရှင်အမတ်ကြီးနဲ့ သာမာန်မဟုတ်တဲ့ဆက်ဆံရေးရှိသူပဲ....တကယ်လို့ ငါတို့က မဆင်မခြင်ခန့်မှန်းမိရင် တခြားသူတွေကြားတာနဲ့ ကြီးကြပ်ရေးမှူးရဲ့အပြစ်ပေးတာကို ခံရလိမ့်မယ်"

ထိုအစောင့်များသည် သူတို့အချင်းချင်းသာ တီးတိုးပြောဆိုဝံ့သော်လည်း ကျယ်ကျယ်လောင်လောင် ထုတ်ဖော်မပြောဝံ့ချေ။

ရက်အနည်းငယ်ကြာပြီးနောက် ရှဖုန်းသေဆုံးသွားသည့်အကြောင်းကို တော်ဝင်နန်းတွင်းမှနေ၍ တရားဝင်ထုတ်ပြန်ကြေငြာခဲ့သည်။သူ၏ရာထူးနေရာဖြစ်သော တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးရာထူးကို တပ်မှူးတစ်ယောက်မှ လွှဲပြောင်းယူခဲ့လေ၏။

ထိုတရားဝင်ထုတ်ပြန်ကြေငြာချက်အတွင်း၌ ရှဖုန်းသည် အရေးကိစ္စတချို့ကိုဖြေရှင်းရန်အတွက် တစ်နေရာရာသို့သွားခဲ့ကြောင်းပါရှိသည်။မမျှော်လင့်ဘဲ သူသည် လမ်းခုလတ်၌ ထန်အင်ပါယာ၏ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံရကာ သူ၏အလောင်းကိုပင် ရှာမတွေ့ခဲ့ချေ။

ရှမိသားစုကို နှစ်သိမ့်သည့်အနေဖြင့် တော်ဝင်နန်းတွင်းမှနေ၍ ရှဖုန်းကို 'စီအမတ်ကြီး'ဟူသော ဘွဲ့ထူးကိုချီးမြှင့်ကာ သူ၏သားဖြစ်သူကို တော်ဝင်နန်းတွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။

ဤကိစ္စကို ထုတ်ပြန်ကြေငြာလိုက်သော အချိန်အခိုက်အတန့်တွင် တော်ဝင်မြို့တော်အတွင်း၌ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးဖြစ်ကာ အရေးပါသောနေရာကိုကိုင်တွယ်ထားသည့် အရာရှိတစ်ယောက်သည် တော်ဝင်မြို့တော်၏ပိုင်နက်နယ်မြေအတွင်း၌ သတ်ဖြတ်ခံခဲ့ရ၏။ဤသည်က မည်သူမျှ ယခင်ကမကြားဖူးသောကိစ္စပင်။

တော်ဝင်မြို့တော်သည် တာယွီအင်ပါယာ၏ဗဟိုချက်နေရာဖြစ်ပြီး အဓိကအချက်အချာကျသော နေရာတစ်ခုလည်းဖြစ်သည်။ဤအချိန်အခိုက်အတန့်တွင် ဧကရာဇ်သည် တော်ဝင်မြို့တော်၌ မရှိသော်လည်း တာယွီအင်ပါယာ၏အချက်အချာအကျဆုံးနေရာဖြစ်သဖြင့် အစောင့်အကြပ်များ အလွန်တင်းကြပ်သည်။

တော်ဝင်မြို့တော်၏ပြင်ပ၌ ရှဖုန်း သေဆုံးသွားခြင်းသည် တာယွီတော်ဝင်နန်းတွင်းကို အကြီးအကျယ်စော်ကားလိုက်ခြင်းသာဖြစ်ပေ၏။

ဤအကြောင်းအရင်းကြောင့် တရားစီရင်ရေးဌာနသုံးခုမှ ထိပ်သီးပညာရှင်များနှင့် နဂါးအစောင့်များသည် ရှဖုန်း သေဆုံးသွားခဲ့သည့်နေရာသို့သွားရောက်၍ စုံစမ်းစစ်ဆေးကြသည်။

သို့ရာတွင် ကံဆိုးစွာဖြင့် ထိုကိစ္စကို ရှမိသားစုမှလျှို့ဝှက်ထားလေရာ အဆုံးသတ်တွင် မည်သူမျှ သဲလွန်စရှာမတွေ့ခဲ့ချေ။

"ရှမိသားစုက သူတို့အမှားလုပ်ထားတာကို ကောင်းကောင်းကြီးသိတယ်...သူတို့က ဘယ်လိုနည်းနဲ့ တခြားသူတွေကို စုံစမ်းစစ်ဆေးခွင့်ပြုမှာလဲ"

လုယွီက တရားဝင်ထုတ်ပြန်ကြေငြာချက်ကို အောက်သို့ချကာ သရော်တော်တော် ရေရွတ်လိုက်၏။

လုယွီထံတွင်ရှိနေသော သတင်းအချက်အလက်များကို အခြေခံ၍ ရှဖုန်းနှင့်ထန်အင်ပါယာကြားတွင် အားကောင်းသောဆက်ဆံရေးမျိုးရှိနေခြင်းမှာ တိကျသေချာသည်။ရှမိသားစု မည်သို့ပင်ငြင်းဆန်သည်ဖြစ်စေ ထိုကိစ္စကို ရှင်းပြနိုင်မည်မဟုတ်ချေ။

ထို့ပြင် ရှမိသားစု၏ယခုလက်ရှိလှုပ်ရှားမှုများအရ သူတို့သည် ရှဖုန်း ပြုလုပ်ခဲ့သောကိစ္စများကို သိရှိပြီးဖြစ်ပေမည်။ဤသည်ကြောင့် သူတို့သည် ထိုကိစ္စကိုဖိနှိပ်ထားပြီး ဆက်လက်၍စုံစမ်းခွင့်မပြုခြင်းဖြစ်သည်။

သို့ရာတွင် ဤသည်က လုယွီအလိုရှိသောအရာ အတိအကျပင်။

တရားစီရင်ရေးဌာနသုံးခုမှ အရာရှိများ ရှားဟိုအိမ်တော်သို့ ရောက်ရှိလာချိန်တွင် မည်သူကမျှ လုယွီကို သံသယမဝင်ကြချေ။လုယွီ၏ခြံဝန်းအတွင်းမှနေ၍ ဆေးရနံ့များက အဆက်မပြတ် ပျံ့လွင့်နေသည်။သူသည် တစ်ချိန်လုံး ဆေးဖော်စပ်နေခြင်းမှာ သိသာထင်ရှားလှ၏။

ထို့ပြင် လုယွီသည် ဒဏ်ရာရရှိထားသည်မှာလည်း သိသာထင်ရှားသည်။မည်သည့်နည်းဖြင့် ဤကဲ့သို့လူစားမျိုးသည် တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးဖြစ်ကာ ရွှယ်အင်မော်တယ်တစ်ယောက်လည်းဖြစ်သော ရှဖုန်းကို သတ်ဖြတ်နိုင်မည်နည်း။

အချိန်များကုန်ဆုံးသည်မှာ အလွန်လျှင်မြန်သဖြင့် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နှစ်သစ်သို့ရောက်ရှိလာလေပြီ။

အတိတ်တွင် အလယ်ခေတ်အတွင်းရှိ ကျင့်ကြံသူများသည် သာမာန်ထက်သာလွန်ထူးကဲပေ၏။သေမျိုးလောကမှ ထွက်ခွာခဲ့ပြီးနောက် သူတို့ထံတွင် သာမာန်အတွေးအခေါ်မျိုးမရှိတော့ဘဲ မလိုအပ်ဘဲ စကားပြောဆိုခြင်း ငြင်းခုံခြင်းမျိုးကို မပြုကြတော့ချေ။

အဆုံးသတ်၌ တာယွီအင်ပါယာကို တည်ထောင်ခဲ့ကာ ကြီးမားသောတိုင်းပြည်တစ်ပြည်အဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း သင့်တင့်လျောက်ပတ်သောပွဲလမ်းသဘင်ဟူ၍မရှိပေ။

အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် ထာဝရအသက်ကိုအလိုရှိပါက တစ်ချိန်လုံး ကျင့်ကြံနေရပေမည်။အစွမ်းထက်သောကျင့်ကြံသူများသည် မဆုတ်မနစ်ကြိုးပမ်းမှသာ အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်သဖြင့် လူနည်းစုထံတွင်သာ ပွဲလမ်းသဘင်ဆင်နွှဲရန် အချိန်ရရှိသည်။

သို့ရာတွင် နောက်ပိုင်း၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် နှစ်တစ်နှစ်စီတိုင်း၏ပထမလ ပထမရက်တွင် နွေဦးပွဲတော် ကျင်းပရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ဤသည်က သာမာန်သေမျိုးလောကနှင့်တူညီကာ လူတိုင်းပါဝင်ဆင်နွှဲနိုင်ကြသည်။

သူ၏အမြင်အရ ကောင်းကင်ဘုံနယ်မြေရှိ အစစ်အမှန်ကျင့်ကြံခြင်းလမ်းကြောင်းသည် ပြတ်တောက်နေလေပြီ။ဤနယ်မြေအတွင်းရှိ ကျင့်ကြံသူများကို 'အင်မော်တယ်များ'ဟု ခေါ်ဆိုနေကြသော်လည်း အမှန်အားဖြင့် သူတို့သည် အနည်းငယ်ပို၍အစွမ်းထက်သော ကျင့်ကြံသူများသာ ဖြစ်ပေ၏။

Chapter 2769

သူတို့သည် လူသားများဖြစ်သဖြင့် အင်မော်တယ်ဟုခေါ်ဆိုခြင်းမှာ ကျိုးကြောင်းဆီလျော်ခြင်းမရှိချေ။သူတို့ကို သာမာန်ထက်သာလွန်သော ကျင့်ကြံသူများဟုသာ ယူဆနိုင်သည်။

ထို့ကြောင့် တာယွီအင်ပါယာအတွင်းတွင် ပွဲတော်တစ်ခုတည်းသာရှိသည်။

ယနေ့တွင် လုယွီ အခန်းပြင်ပသို့ထွက်လိုက်သည်နှင့် မီးရှုးမီးပန်း ပစ်ဖောက်နေသံများကို ကြားလိုက်ရ၏။

ရှားဟိုအိမ်တော်၏အစေခံများအားလုံး မီးအိမ်များပြုလုပ်ခြင်းနှင့်အခမ်းအနားပြင်ဆင်ခြင်းတို့တွင် အလုပ်များနေကြသည်။အိမ်တော်ထိန်းများ၏မျက်နှာများပေါ်တွင် အပြုံးများဝေဆာနေကာ အစေခံများကို မုန့်ဖိုးများ ပေးကမ်းစွန့်ကြဲနေသည်။

ဤနေ့တွင် တော်ဝင်မြို့တော်အတွင်းရှိ တိုက်ခိုက်ရေးကွင်းပြင်များနှင့် လေ့ကျင့်ရေးမျှော်စင်များ၏လုပ်ဆောင်ချက်များကို ရပ်နားထားသည်။

ယနေ့တွင် တိုက်ခိုက်မှုများအားလုံးကိုလည်း ရပ်တန့်ထားရလေ၏။မည်မျှကြီးမားသောအမုန်းတရားရန်ငြိုးများရှိနေပါစေ ဤနေ့တွင် သူတို့၏လက်နက်များကိုချထားကာ နှစ်ကူးပွဲတော်ကို ပျော်ရွှင်ငြိမ်းချမ်းစွာ ဆင်နွှဲကြရသည်။

"ဒါကမှ တကယ်အသက်ဝင်တဲ့ လောကကြီးပဲ"

လုယွီက နံဘေးပတ်ဝန်းကျင်ရှိ နှစ်ကူးပွဲတော်အငွေ့အသက်များကို ခံစားမိချိန်တွင် စိတ်အေးချမ်းသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

အကြောင်းတိုက်ဆိုင်လာသဖြင့် သူ အောက်ဘုံ၌နေခဲ့ရသောအချိန်များကို ပြန်လည်အမှတ်ရသွားလေ၏။

နှစ်သစ်ရောက်တိုင်း အမဖြစ်သူသည် သူ့အားခေါ်ဆောင်၍ မြို့စွန်မြို့ဖျားသို့ အမဲလိုက်သွားကာ ငါးများကိုလည်းဖမ်းခဲ့သည်။

ထိုအချိန်တုန်းက သူ၏ဥာဏ်ရည်သည် ဖွံဖြိုးခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဥ်အချင်းချင်း တိုက်ခိုက်နေဆဲဖြစ်သည်။သူသည် ဥာဏ်ရည်ဥာဏ်သွေးကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိခဲ့သဖြင့် အပြင်လူစိမ်းများ၏အမြင်တွင် သူသည် ရူးသွပ်နေသောကလေးတစ်ယောက်ပင်။

သူ၏မိသားစုသည် သူ့အား လုံလောက်သောနွေးထွေးမှုပေးခဲ့သဖြင့် ဤဘဝတွင် သူသည် အတိတ်ဘဝကဲ့သို့ အိမ်ခြေရာမဲ့လူတစ်ယောက် မဟုတ်တော့ချေ။

"အဖေ အမေ အမနဲ့တခြားသူတွေ ဘာလုပ်နေလဲဆိုတာ ငါ သိချင်မိတယ်"

လုယွီက သူ၏စိတ်ခံစားချက်များကို တဖြည်းဖြည်း ဖယ်ထုတ်လိုက်သည်။

ရုတ်တရက် လုယွီသည် သူ့ရှေ့၌ ရွှေရောင်အလင်းတန်းတစ်တန်း ဖျတ်ခနဲလက်သွားသည်ကိုခံစားမိကာ သူ့ရှေ့ရှိ လေထုအတွင်း၌ တော်ဝင်အမိန့်တော်တစ်ခု မျောလွင့်နေခြင်းကို မြင်တွေ့လိုက်ရ၏။

လုယွီ၏ ယခုလက်ရှိနတ်ဘုရားစိတ်အာရုံအရ သူ၏အနားသို့ မည်သည့်အရာချဥ်းကပ်လာသည်ဖြစ်စေ သူ ချက်ချင်းစုံစမ်းထောက်လှမ်းနိုင်သည်။

သို့ရာတွင် ဤအမိန့်တော်သည် မည်သည့်အရိပ်အယောင်မျှမပြဘဲ သူ့ရှေ့၌ ရုတ်တရက်ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် လုယွီ၏စိတ် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားသည်။ဤတော်ဝင်အမိန့်တော်တွင် မည်သည့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျှ ရှိမနေချေ။

"ဒါက တော်ဝင်အမိန့်တော်ပဲ....ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရေးသားခဲ့တဲ့ တော်ဝင်အမိန့်တော်....ဘယ်လိုဖြစ်ပြီး ဒါက ဒီနေရာကို ပျံသန်းလာတာလဲ"

တော်ဝင်အမိန့်တော်ပေါ်ရှိ စည်းတံဆိပ်ကိုမြင်တွေ့ချိန်တွင် လုယွီသည် အမိန့်တော်၏မူရင်းဇစ်မြစ်ကို ချက်ချင်းပင်သိရှိသွားလေ၏။

သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမြိုထားခဲ့သည်။ထို့ကြောင့် သူနှင့်ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အငွေ့အသက်များသည် မင်နှင့်စုတ်တံကဲ့သို့ ခွဲခြား၍မရချေ။

ထိုတော်ဝင်အမိန့်တော်ပေါ်ရှိ စည်းတံဆိပ်သည် အတုအယောင်ဖြစ်နိုင်သော်လည်း လက်ရေးလက်သားသည်မူ အမှားအယွင်းမဖြစ်နိုင်ချေ။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် စာရေးသားရာတွင် လက်ဝဲမှလက်ယာသို့ရေးသားသော တစ်မူထူးခြားသည့်အလေ့အကျင့်ရှိကာ သူ၏စာရေးသားခြင်းသည် သာမာန်စုတ်တံဖြင့်ရေးသားခြင်းမဟုတ်ချေ။ထိုအစား သူသည် အထူးသတ္ထုတစ်မျိုးဖြင့် ပြုလုပ်ထားသော စုတ်တံကိုသာ အသုံးပြုလေ၏။သူ၏လက်ရေးလက်သားသည် သေးသွယ်သော်လည်း အားကောင်းကာ ခက်ခဲသောစာလုံးများကို ကျွမ်းကျင်လိမ္မာသောနည်းလမ်းဖြင့် ရိုးရှင်းစွာရေးသားထားသည်။ထို့ကြောင့် သာမာန်လူတစ်ယောက်မှနေ၍ သူ၏လက်ရေးကိုတုပရန်မှာ လွန်စွာခက်ခဲသည်။

"ဧကရာဇ်၏ဂုဏ်ကျက်သရေတော်အရ....တော်ဝင်အမိန့်တော်ကို ထုတ်ပြန်လိုက်တယ်...ဗုဒ္ဓကျင့်ကြံသူတွေမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတာကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီးတော့ သူတို့က ခွင့်မလွှက်နိုင်တဲ့ရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့တယ်...တရားစီရင်ရေးဌာနသုံးခုက ဒီရာဇဝတ်မှုကျူးလွန်ခဲ့တာ မှန်ကန်ကြောင်းကို အတည်ပြုပြီးတော့ ငါက ဗုဒ္ဓကျင့်ကြံသူတွေကို သေတဲ့အထိ သီးခြားထားဖို့ ဆုံးဖြတ်ခဲ့တယ်...ဆယ်ရက်အတွင်းမှာ မင်းတို့အပေါ်ချမှတ်တဲ့ အမိန့်ကို ငြင်းဆန်ခွင့်ရှိတယ်...ဒီအမိန့်တော်ကိုလက်ခံပြီးတာနဲ့ မင်းတို့အားလုံး ဗုဒ္ဓနယ်မြေထဲမှာပဲ ချိပ်ပိတ်ခံရမယ်...ခွင့်ပြုချက်မရှိဘဲ ပြင်ပကိုထွက်ခွင့်မရှိဘူး"

လုယွီသည် အမိန့်တော်ကို အဆုံးထိဖတ်ရှုပြီးနော် ဗုဒ္ဓနယ်မြေကို ချိပ်ပိတ်ရန်အတွက် ထုတ်ပြန်ထားသော တားမြစ်အမိန့်တော်ဖြစ်ကြောင်း သိရှိသွားသည်။

သို့ရာတွင် ထိုတော်ဝင်အမိန့်တော်သည် ဗုဒ္ဓနယ်မြေ၌သာ ရှိသင့်ပေ၏။မည်သည်ကြောင့် ဤနေရာသို့ ရုတ်တရက်ကြီး ပျံသန်းလာသနည်း။

မျက်တောင်တစ်ခတ်စာအတွင်းမှာပင် လုယွီသည် ဖြစ်နိုင်ချေရှိသော အကျိုးအကြောင်းတစ်ရပ်ကို စပ်ဆက်၍တွေးတောနိုင်ခဲ့သည်။

ကြည့်ရသည်မှာ ဗုဒ္ဓနယ်မြေကို ချိပ်ပိတ်ထားမှု ချိုးဖျက်ခံလိုက်ရပုံပင်။တော်ဝင်အမိန့်တော်သည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အငွေ့အသက်ကို အာရုံခံမိသဖြင့် သူ့အား ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ဟု ယူဆလိုက်ပုံရသည်။ထို့ကြောင့် တော်ဝင်အမိန့်တော်သည် ဤနေရာသို့ပျံသန်းလာခြင်းဖြစ်ပေမည်။

ဤကဲ့သို့ တော်ဝင်အမိန့်တော်မျိုးကို တွေ့ရသည်မှာ လွန်စွာရှားပါးသည်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ထိုအမိန့်တော်တွင် သူ၏အထွတ်အထိပ်အချိန်ကာလမှ တိုက်ခိုက်မှုများအားလုံးကို သိပ်သည်းထားခဲ့သည်။ထိုအမိန့်တော်တစ်ခုတည်းသက်သက်ဖြင့် ဗုဒ္ဓနယ်မြေမှ ဗုဒ္ဓကျင့်ကြံသူများအားလုံး ခေါင်းမဖော်ဝံ့အောင် ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ထားနိုင်ခဲ့သည်။ဤသည်မှတဆင့် ထိုတော်ဝင်အမိန့်တော် မည်မျှထိအစွမ်းထက်သည်ကို တွေ့မြင်နိုင်ပေ၏။

"ဒီအမိန့်တော် ငါ့ဆီရှိနေတာကို တခြားသူတွေ သိလို့မဖြစ်ဘူး...မဟုတ်ရင် အခုလက်ရှိ ငါ့ရဲ့အခြေအနေနဲ့ သေသင့်တဲ့ရာဇဝတ်မှုကြီး ဖြစ်သွားလိမ့်မယ်...ဒါပေမယ့် ဒီဟာကို ငါက သေရေးရှင်ရေးအခြေအနေမျိုးမှာ အသက်ကယ်မှော်ရတနာအနေနဲ့ အသုံးပြုလို့ရတယ်...တကယ်လို့ ငါက နောင်အနာဂတ်မှာ ရှောင်မိသားစုဘိုးဘေးလို ခြေလှမ်းတစ်ဝက်တာအိုသခင်မျိုး...ဒါမှမဟုတ် သူ့ထက်သန်မာအားကောင်းတဲ့ ရန်သူမျိုးနဲ့ ရင်ဆိုင်ရရင်တောင်...ငါ ထိတ်ထိတ်ပျာပျာဖြစ်ရတော့မှာ မဟုတ်ဘူး"

Chapter 2770

လုယွီက မည်သူမျှသတိမထားမိခင် ထိုအမိန့်တော်ကို သိမ်းဆည်းလိုက်၏။

ဤကဲ့သို့အရာမျိုးကို သူ၏ဝှက်ဖဲအဖြစ် အသုံးပြုနိုင်သည်။ဤသည်က မမျှော်လင့်ဘဲ သူ့အတွက် မတော်တဆအကျိုးအမြတ် ရရှိသွားသည်ဟု ယူဆနိုင်သည်။

"ဒီလိုဆိုမှတော့ ဗုဒ္ဓနယ်မြေက ပြန်ပွင့်သွားတဲ့ပုံပဲ...အခုချိန်မှာ ဟိုမျောက် ဘာတွေလုပ်နေလဲဆိုတာ ငါ သိချင်မိတယ်"

လုယွီက ထိုသေသင့်သောမျောက်စုတ်အကြောင်းကို တွေးတောလိုက်မိသည်။အချိန်တခဏကြာပြီးနောက် သူ၏အတွေးစများကို ဖြတ်တောက်လိုက်၏။

ထိုမျောက်သည် ရှေးဟောင်းခေတ်ကာလအတွင်းမှနေ၍ ယခုချိန်ထိတိုင် အသက်ရှင်သန်လာသူဖြစ်သည်။ဤသည်က အလွန်အမင်းအတွေ့အကြုံရင့်ကျက်သော မွန်းစတားအိုကြီးတစ်ကောင်ပင်။

မျောက်သည် လုယွီ၏နံဘေး၌ရှိနေစဥ် သူ့ကိုဆန့်ကျင်ရန် မရေမတွက်နိုင်သော လှည့်စားမှုများကို ပြုလုပ်ခဲ့သည်။ဤသည်က အလွန်အမင်း ရွံရှာမုန်းတီးဖွယ်ရာပင်။

သို့ရာတွင် ထိုမျောက်သည် မှီခိုအားထား၍မရသော်လည်း လုယွီကို အကူအညီအမြောက်အများပေးခဲ့သည်။သူတို့နှစ်ယောက်ကို မိတ်ဆွေများဟု သတ်မှတ်၍မရသော်လည်း တစ်လှေတည်းစီးနေသူများဟု ယူဆနိုင်သည်။

"မြင့်မြတ်တဲ့ဧည့်သည်တော်...အရှင်သခင်က ဧည့်သည်တော်ကို ဖိတ်ကြားခိုင်းလိုက်ပါတယ်"

ပြင်ပ၌ရှိနေသော အစောင့်တစ်ယောက်က ရိုသေလေးစားစွာ ပြောဆိုသည်။

ယနေ့သည် နှစ်သစ်၏နှစ်ကူးပွဲတော်ရက်ဖြစ်သဖြင့် မိသားစုဝင်များအားလုံး ပြန်လည်ဆုံစည်းနေကြ၏။

ရှားဟိုမိသားစုဝင်များအားလုံးသည် တော်ဝင်မြို့တော်၌ရှိမနေဘဲ ရှားဟိုလီ၏ကိုယ်ပိုင်အိမ်တော်တစ်ခုတည်းသာ တည်ရှိသည်။နှစ်သစ်၏နှစ်ကူးပွဲတော်ကျင်းပသည့်ရက်တိုင်း ရှားဟိုမိသားစုဝင်များသည် ဤအိမ်တော်သို့လာရောက်ကာ ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲလေ့ရှိသည်။

တော်ဝင်စာမေးပွဲကို သုံးနှစ်လျှင်တစ်ကြိမ်ကျင်းပလေ့ရှိပြီး ဤနှစ်အတွင်းတွင် ကျရောက်နေလေ၏။ရှားဟိုအိမ်တော်တွင် တော်ဝင်မြို့တော်သို့ အပြေးလာကြမည့် အဆင့်မြင့်ကျောင်းတော်သားများ တည်းခိုနိုင်ရန် ရာနှင့်ချီသောဧည့်ဆောင်များကို ပြင်ဆင်ထားခဲ့သည်။

ယနေ့တွင် ရှားဟိုအိမ်တော်၌ မိသားစုဝင်များစုဝေးနေကာ လုယွီက ပင်မခန်းမအတွင်းသို့ ရောက်ရှိသွားခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ပင်မခန်းမအတွင်း၌ ဝါစဥ်ကြီးငယ်အလိုက် ရှားဟိုမိသားစုဝင်များ ထိုင်နေကြ၏။

ယေဘုယျကျကျပြောဆိုရလျှင် အသက်ပိုကြီးသူသည် ရှေ့ဆုံး၌ထိုင်ရသော်လည်း ကျင့်ကြံခြင်းမိသားစုများတွင်မူ ထိုထုံးတမ်းစဥ်လာကို လိုက်နာခြင်းမရှိတော့ချေ။ထို့ကြောင့် အစွမ်းထက်သော လူငယ်ကျင့်ကြံသူတချို့သည် ရှေ့၌ထိုင်နေကြ၏။

လုယွီက ထိုလူစုအကြား၌ လုံယွင်ရှန်းကို တွေ့မြင်မိသည်။

သူမသည် ရှားဟိုအိမ်တော်မှတခြားလူငယ်တစ်ယောက်နှင့် စကားစမြည်ပြောဆိုနေသည်။သူတို့နှစ်ယောက်ကို ဝိုင်ခွက်များကိုကိုင်မြှောက်ကာ ပျော်ရွှင်စွာ စကားပြောဆိုနေကြ၏။

ဤအချိန်တွင် လူအမြောက်အများ စုဝေးနေသဖြင့် လုယွီ ရောက်ရှိလာမှုကို တခြားသူများက သတိပြုမိခြင်းမရှိချေ။

"ငါက ငါ့ဟာငါ နေရာတစ်နေရာရှာပြီးနေရမယ်"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်က ရှားဟိုအိမ်တော်၏နှစ်ကူးပွဲတော်ပင်။သူသည် အပြင်လူစိမ်းတစ်ယောက်ဖြစ်သဖြင့် နံဘေးမှစောင့်ကြည့်နေခြင်းကသာ ပို၍သင့်တော်ပေမည်။

အစေခံက အပြုံးနှင့်ပြောဆိုသည်။

"အရှင်သခင်က မြင့်မြတ်တဲ့ဧည့်သည်တော်အတွက် နေရာစီစဥ်ပေးထားပါတယ်...ဘာလို့ ဧည့်သည်တော်က အရှင်သခင် စီစဥ်ပေးထားတဲ့နေရာမှာ မနေတာလဲ...တကယ်လို့ အိမ်တော်ထိန်းသိသွားရင် ကျွန်တော် အဆူခံရလိမ့်မယ်"

လုယွီက မေးမြန်းသည်။

"သခင်ကြီးရှားဟိုက ဘယ်မှာလဲ"

"အရှင်သခင်က လုပ်ဆောင်စရာကိစ္စတချို့ရှိနေတာမလို့ တောင်ဝင်စစ်ရေးဌာနကို ဒီမနက်မှာပဲ ထွက်သွားတယ်...သူက ခဏလောက်ကြာရင် ပြန်လာပါလိမ့်မယ်"

အစေခံက ရိုသေလေးစားစွာ ပြောဆိုလေ၏။

ရှားဟိုလီသည် အမတ်ကြီးဘွဲ့ အပ်နှင်းခံရပြီးနောက် သူ့ထံ၌ အခွင့်အာဏာ ပိုမိုရရှိလာသည်။သူသည် နေ့စဥ်နေ့တိုင်း အရေးကိစ္စများစွာကို ​ဖြေရှင်းနေရသဖြင့် နှစ်ကူးပွဲတော်ကျင်းပနေချိန်၌ပင် အလုပ်ကိစ္စတချို့ ဆောင်ရွက်နေရသည်။

လုယွီက သူ နားလည်ကြောင်းပြသသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သူသည် ဤအစေခံကို အခက်တွေ့အောင် လုပ်ဆောင်လိုခြင်းမရှိချေ။သူသည် ရှားဟိုအိမ်တော်သို့ ရောက်ရှိနေသဖြင့် အမတ်ကြီးရှားဟို၏အစီအစဥ်ကို လိုက်နာရပေမည်။

"မြင့်မြတ်တဲ့ဧည့်သည်တော်...ကျေးဇူးပြု၍..."

အစေခံက လုယွီကို လမ်းပြလိုက်၏။

သူသည် လုယွီကိုလမ်းပြခေါ်ဆောင်ခဲ့သော်လည်း ထိုင်ခုံနေရာသည် အဓိကထိုင်ခုံနှင့်တစ်တန်းတည်း ဘေးကပ်ရပ်တွင်ရှိနေမည်ဟု မျှော်လင့်မထားမိချေ။

ဤသည်က ခန်းမ၏အလယ်ဗဟိုနေရာဖြစ်သဖြင့် အတိတ်တွင် ရှားဟိုလီတစ်ယောက်တည်းကသာ ထိုနေရာ၌ ထိုင်လေ့ရှိသည်။

ယခုချိန်၌ ထိုနေရာတွင် ထိုင်ခုံတစ်လုံး အပိုရှိနေသဖြင့် လူများအားလုံး ဇဝေဇဝါဖြစ်နေခဲ့ကြသည်။

ရှားဟိုမိသားစုဝင်များသည် ထိုနေရာသို့ မည်သူရောက်ရှိလာမည်ကို သိချင်နေကြ၏။

တချို့လူများသည် စစ်တပ်အတွင်းမှ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်မည်ဟု ယူဆနေကြကာ တချို့ကမူ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဟု ယူဆထားသည်။

သို့ရာတွင် ထိုနေရာသို့လျှောက်လှမ်းသွားသူသည် လုယွီကဲ့သို့ လူငယ်တစ်ယောက်ဖြစ်နေမည်ဟု မည်သူမျှမျှော်လင့်မထားမိချေ။

ရုတ်ချည်းဆိုသလိုပင် မူလက ဆူညံနေသော ပင်မခန်းမတစ်ခုလုံး ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။

မြောက်များစွာသော မျက်လုံးအကြည့်များက လုယွီထံသို့ စူးစိုက်၍ကျရောက်လာပေ၏။

"အစေခံ...မင်း ဘာလုပ်တာလဲ...ဘာလို့ မင်းက လူမှားပြီး ခေါ်ဆောင်လာတာလဲ...မင်းက ငါတို့ရှားဟိုအိမ်တော်ကို အရှက်ရအောင် လုပ်နေတာလား"

တစ်စုံတစ်ယောက်က အော်ငေါက်လိုက်သည်။

All Chapters