← Chapters

အခန်း (၂၇၇၁-၂၇၇၅)

Vol. 142 Ch. 2771-2775

အခန်း (၂၇၇၁-၂၇၇၅)

Vol. 142 Ch. 2771-2775

Chapter 2771

ရှားဟိုမိသားစုဝင်တချို့သည် လုယွီ၏အဆင့်အတန်းကို မသိရှိကြချေ။ထို့ကြောင့် သူတို့သည် လုယွီသည်လည်း ရှားဟိုမိသားစုဝင်လူငယ်တစ်ယောက်ဖြစ်မည်ဟု တွေးတောထားကြ၏။

အကယ်၍ အစေခံ၏အမှားအယွင်းကြောင့် သူသည် မှားယွင်းသောနေရာ၌ထိုင်မိပါက သင့်တော်မည်မဟုတ်ချေ။

"ဘယ်လိုလုပ်ပြီး သူ ဖြစ်နေတာလဲ"

လုယွီကိုမြင်တွေ့ချိန်တွင် လုံယွင်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။

သူမ၏နံဘေးရှိ လူငယ်က သူမကို မေးမြန်းလေ၏။

"ရှန်းအာ...မင်း သူ့ကို သိလို့လား"

လုံယွင်ရှန်းက ခေါင်းခါပြလေသည်။

"သူက သူ့ရဲ့မိသားစုနောက်ခံကိုမှီခိုပြီးတော့ တော်ဝင်မြို့တော်ထဲမှာ လိမ်လည်လှည့်စားနေတဲ့ လူရမ်းကားတစ်ယောက်ပဲ..ငါ သူ့ကို အရင်က တစ်ကြိမ်တွေ့ဖူးတယ်"

"သခင်လေး...ကျွန်တော်က အမှားလုပ်တာမဟုတ်ဘူး...အရှင်သခင်ကိုယ်တိုင် ဒီလိုလုပ်ဖို့ ကျွန်တော်ကို ညွှန်ကြားထားခဲ့တယ်"

အစေခံက မကျေမနပ်လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"မင်းက ငါ့ကို ပြန်ပြောရဲတာလား"

အစောပိုင်းက စကားပြောဆိုခဲ့သော ရှားဟိုမိသားစုဝင်လူငယ်သည် ဒေါသထွက်သွားလေ၏။

ရှားဟိုလီ အမတ်ကြီးရာထူး ခန့်အပ်ခြင်းခံမှုနှင့်အတူ ရှားဟိုမိသားစုသည်လည်း မြင့်တက်လာကာ မိသားစုကြီးတစ်စုဖြစ်လာသည်။

သာမာန်အချိန်များတွင် ရှားဟိုမိသားစုဝင်လူငယ်များသည် ရှားဟိုလီ၏ကံကြမ္မာကောင်းကိုမှီခို၍ မိသားစုကြီးတစ်စု၏လူငယ်ကျင့်ကြံသူများအဖြစ် ရပ်တည်နိုင်ခဲ့ကြသည်။သူတို့၏အပြုအမူများသည် အလွန်အမင်း မောက်မာရိုင်းစိုင်းလာပေ၏။

သူတို့သည် မျိုးဆက်တူတခြားလူငယ်များ၏ ခွန်းတုံ့ပြန်မှုကိုပင် သည်းမခံနိုင်ကြရာ အစေခံတစ်ယောက်ဆိုပါက ဆိုဖွယ်ရာပင်မရှိချေ။

"မင်းက မင်းရဲ့အဆင့်အတန်းကို မေ့နေပြီလို့ ငါထင်တယ်...ဒီနေ့ မင်းကို ဘယ်လိုနှိမ့်ချနေပြီး လေးလေးစားစားဆက်ဆံရမယ်ဆိုတာသိအောင် ငါ ပြပေးမယ်"

ထိုရှားဟိုမိသားစုဝင်လူငယ်သည် အလွန်ဒေါသထွက်နေသဖြင့် အစေခံ၏ရှေ့သို့ ပျံသန်းသွားကာ ပါးဖြတ်ရိုက်ရန်အတွက် သူ၏လက်ကို မြှောက်လိုက်သည်။

ထိုအချိန်မှာပင် အိမ်တော်ထိန်း၏ကျယ်လောင်သောအသံက ခန်းမ၏ပြင်ပမှ ထွက်ပေါ်လာသည်။

"အရှင်သခင် ပြန်လာပြီ"

ဝုန်း...

ဤအချိန်အခိုက်အတန့်တွင် ရှားဟိုမိသားစုဝင်များအားလုံး ရှားဟိုလီကို ကြိုဆိုနှုတ်ဆက်ရန်အတွက် သူတို့၏ထိုင်ခုံများမှ ထလိုက်ကြ၏။

အစောပိုင်းက လှုပ်ရှားရန်ကြံရွယ်နေသော ရှားဟိုမိသားစုဝင်လူငယ်သည် ချက်ချင်းရပ်တန့်ကာ အစေခံကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

"မင်း ဒီနေ့ ကံကောင်းသွားတယ်"

ထိုသို့ပြောဆိုပြီးသည်နှင့် သူက လုယွီဘက်သို့လှည့်ကာ ပြောဆိုလေသည်။

"ငါ မင်းကို မသိပေမယ့်...မင်း ဒီအိမ်တော်ရဲ့ စည်းမျဥ်းတွေကို သိသင့်တယ်လို့ ငါ ထင်တယ်...မင်း ဒီနေရာမှာ ထိုင်လို့မရဘူး...တခြားနေရာကို မြန်မြန်ရွေးချယ်သင့်တယ်...စားသောက်ပွဲက မကြာခင်မှာ စတင်တော့မယ်...မင်းကြောင့် စားသောက်ပွဲရဲ့အစီအစဥ်ကို အရှုပ်အထွေးမဖြစ်စေနဲ့"

လုယွီက တည်ငြိမ်စွာ တုံ့ပြန်သည်။

"ဒီကိစ္စကို ငါ့ဟာငါ ကိုင်တွယ်ဖြေရှင်းနိုင်တယ်...မင်းကိုယ်မင်းသာ ဂရုစိုက်ဖို့ လိုလိမ့်မယ်"

လုယွီ၏ မတုန်မလှုပ်တုံ့ပြန်ပြောဆိုမှုကိုကြည့်ပြီး ရှားဟိုမိသားစုဝင်တချို့၏မျက်နှာများပေါ်၌ ဒေါသထွက်မှုနှင့်စိတ်မကျေမနပ်ဖြစ်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဟမ့်...ငါ မင်းကို ပင်မမိသားစုမှာ တစ်ခါမှ မမြင်ဖူးဘူး...မင်းက မိသားစုခွဲတစ်ခုကနေ လာတဲ့ကောင်မဟုတ်လား"

ရှားဟိုမိသားစုဝင်လူငယ်က အေးစက်စက်လေသံဖြင့် မေးမြန်းသည်။

လုယွီက ခေါင်းခါပြလေ၏။

"ငါက ရှားဟိုမိသားစုဝင်မဟုတ်ဘူး"

ထိုအချိန်မှာပင် နှုတ်ခွန်းဆက်သနေသော အသံများက တံခါး၏ပြင်ပမှ ထွက်ပေါ်လာသည်။

"မိသားစုခေါင်းဆောင်ကို ကြိုဆိုပါတယ်"

"မိသားစုခေါင်းဆောင်ကို ဂါရဝပြုပါတယ်"

ပိုးထည်ဝတ်စုံကိုဝတ်ထားသော ရှားဟိုလီက ခန်းမအတွင်းသို့ ဝင်ရောက်လာလေ၏။သူ၏ခန္ဓာကိုယ်ပေါ်တွင် သတ်ဖြတ်လိုခြင်းအရှိန်အဝါ ခပ်ဖျော့ဖျော့ရှိနေသည်။

သူ၏နောက်တွင် သခင်မကြီးရှားဟိုက ရယ်ပြုံး၍ လျှောက်လှမ်းလာသည်။

ရှားဟိုအိမ်တော်ရှိ အသက်အရွယ်အမျိုးမျိုးရှိသော ရှားဟိုမိသားစုဝင်များအားလုံး ရှားဟိုလီကို ဦးညွှတ်၍ အရိုအသေပြုလိုက်ကြ၏။

ဤသည်က စွမ်းအား၏အမှတ်သင်္ကေတပင်။မည်သည့်မိသားစုတွင် ဖြစ်နေကာမူ အင်အားအကောင်းဆုံးသူသည် ရိုသေလေးစားခြင်းခံရသည်။

ရှားဟိုလီက အဖိုးအိုတစ်ယောက်မှနေ၍ လူငယ်များကို အသိအမှတ်ပြုသည့်အလား ခေါင်းတစ်ချက်ညိတ်ပြလိုက်၏။

"ဦးလေး...."

လုံယွင်ရှန်းကလည်း မတ်တတ်ထရပ်၍ ရှားဟိုလီကို အရိုအသေပြုလေသည်။

ယနေ့တွင် သူမသည် အလွန်လှပသောဝတ်စုံကို ဝတ်ဆင်ထားသည်။သူမ၏မျက်နှာပေါ်၌ မျက်နှာချေတချို့ကိုပင် လိမ်းခြယ်ကာ ပြင်ဆင်ထားလေ၏။သူမသည် အပြာဖျော့ရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမကိုကြည့်ရသည်မှာ နူးညံသိမ်မွေ့ပြီး ကျက်သရေရှိနေသည်။

ရှားဟိုလီ၏မျက်လုံး တောက်ပသွားသည်။

"ရှန်းအာ...မင်းက လောကီအင်မော်တယ်နှောင်းပိုင်းအဆင့်ကို ရောက်သွားပြီလား...မင်းက တော်ဝင်ကျောင်းတော်ကို ဝင်ရောက်ပြီးတဲ့အချိန်ကျရင် အောင်မြင်မှုကြီးကြီးမားမားရမှာ သေချာတယ်...ဒီလိုဆိုရင် မင်းရဲ့အဒေါ်လည်း စိတ်သက်သာရာရသွားလိမ့်မယ်"

ရှားဟိုလီကဲ့သို့ သန့်စင်သောစစ်သည်တော်တစ်ယောက်သည် အကြည့်တစ်ချက်ဖြင့်ပင် တခြားသူ၏ကျင့်ကြံဆင့်နယ်ပယ်ကို တွေ့မြင်နိုင်သည်။

သူတို့နှစ်ယောက် နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ မကြာသေးသော်လည်း လုံယွင်ရှန်းသည် အမှန်တကယ်ကိုပင် လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။

သူမ၏အသက်အရွယ်ဖြင့် ဤကဲ့သို့ကျင့်ကြံဆင့်နယ်ပယ်မျိုးသို့ ရောက်ရှိနေသည်မှာ အတော်အသင့်ထူးချွန်သူဟု ယူဆနိုင်ပေ၏။

လုံယွင်ရှန်းက ရယ်ပြုံး၍ သူမ၏ခေါင်းကိုမော့ကာ ပြောဆိုသည်။

"ဦးလေး...ကျွန်မက ဦးလေးရဲ့လမ်းညွှန်ပေးမှုကို လိုအပ်နေတုန်းပါပဲ...ဒီတစ်ကြိမ်မှာ ကျွန်မက တော်ဝင်ကြီးကြပ်ရေးမှူးဆီက တော်ဝင်စာမေးပွဲဖြေဆိုခွင့်ကိုရခဲ့တယ်...ကျွန်မက တော်ဝင်စာမေးပွဲကို ဖြတ်ကျော်ပြီးတော့ အဆင့်မြင့်တဲ့ကျောင်းတော်တွေမှာ တက်ရောက်နိုင်ဖို့အတွက် ဦးလေးကိုပဲ မှီခိုရလိမ့်မယ်"

ယခုလက်ရှိနေရာတွင်ရှိနေသော ရှားဟိုမိသားစုဝင်များအားလုံး ကြက်သေသေသွားသည်။

လုံယွင်ရှန်းသည် အမှန်တကယ်ကိုပင် တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် နေရာတစ်နေရာကို ရရှိထားလေ၏။

Chapter 2772

တာယွီအင်ပါယာ၏လည်ပတ်ပုံစနစ်အရ တော်ဝင်ကျောင်းတော်နှင့် ကျောင်းတော်ငါးကျောင်းမှ ရွေးချယ်ခံများ သည် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်​ဖြေဆိုခွင့်ရလေ၏။

သာမာန်ကြယ်မြစ်ရွေးချယ်မှုများနှင့် နှိုင်းယှဥ်ပါက ဤကဲ့သို့နည်းလမ်းဖြင့် ရွေးချယ်မှုမှာ ပို၍ပြင်းထန်သည်။

အကြောင်းအရင်းမှာ တော်ဝင်ကျောင်းတော်နှင့် ကျောင်းတော်ငါးကျောင်းမှ လူငယ်ပါရမီရှင်များအားလုံး တော်ဝင်စာမေးပွဲအတွင်း၌ ဝင်ရောက်ဖြေဆိုနိုင်သော နေရာတစ်နေရာကိုအလိုရှိကြသောကြောင့်ပင်။

ထို့ကြောင့် ကျောင်းတော်များကို ဝင်ရောက်သည်မှာ မကြာသေးသော ဂျူနီယာတပည့်များအတွက် တော်ဝင်စာမေးပွဲ၌ဝင်ရောက်ဖြေဆိုနိုင်မည့် နေရာတစ်နေရာကို ရရှိနိုင်ရန်မှာ မလွယ်ကူချေ။

သို့ရာတွင် လုံယွင်ရှန်းသည် ဂျူနီယာတပည့်အဆင့်ဖြင့် နေရာတစ်နေစာကို အရယူနိုင်ခဲ့သည်။

"ကောင်းတယ်...ရှန်းအာ...မင်း ကောင်းကောင်းလုပ်နိုင်ခဲ့သားပဲ...စိတ်ကြီးဝင်မောက်မာနေတဲ့ကောင်စုတ်လေးတွေ နားထောင်ကြစမ်း....ရှန်းအာက တော်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုခွင့်ရသွားပြီ...မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်ကြစမ်း...မင်းတို့ကို ပြင်းပြင်းထန်ထန် ကြိုးစားကျင့်ကြံဖို့ ငါ အမြဲတမ်းသတိပေးတယ်...ဘယ်သူကမှ နားမထောင်ကြဘူး...အခုချိန်ကျမှာ သူများကို မနာလိုအားကျနေရင်လည်း အသုံးမဝင်တော့ဘူး"

ရှားဟိုလီက သူ၏မိသားစုဝင်လူငယ်များကို မျက်နှာသာမပေးဘဲ ဆူပူကြိမ်းမောင်းလိုက်၏။

တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုခွင့်မရရှိဘဲ ယခုထိတိုင် အဆင့်မြင့်ကျောင်းတော်သားမဖြစ်သေးသော ရှားဟိုမိသားစုဝင်လူငယ်များသည် ရှက်ရွံမှုကြောင့် သူတို့၏ခေါင်းများကို ငုံထားကြသည်။

လုံယွင်ရှန်းက တခစ်ခစ်ရယ်မောကာ ပြောဆိုသည်။

"ဒါတွေအားလုံးက အကိုကြီးကျွင်းကို ကျေးဇူးတင်ရမယ်...သူ့ကြောင့်သာ ကျွန်မ အခုလိုအောင်မြင်မှုမျိုး ရခဲ့တာပါ"

သူမ၏နံဘေးတွင်ရှိသော လူငယ်က ခေါင်းခါယမ်းကာ ရယ်ပြုံးလိုက်၏။

"ကောင်မလေး...ငါ့ကို မဖော်ထုတ်ဖို့ ငါ မင်းကို ပြောမထားဘူးလား"

"ဘာလို့ ကျွန်မက မဖော်ထုတ်ဘဲနေရမှာလဲ...ဝမ်းကွဲအကိုက အရမ်းထူးချွန်တဲ့သူတစ်ယောက်လေ...ဝမ်းကွဲအကိုက တော်ဝင်စာမေးပွဲအတွက် ဝင်ခွင့်နေရာတစ်နေရာကို ရခဲ့ရုံတင်မကဘူး...အလယ်အလတ်ဆင့်တပည့်တစ်ယောက်လည်း ဖြစ်လာခဲ့တယ်...ဒါက ကောင်းတဲ့ကိစ္စပဲ...ဒီကိစ္စကို ထုတ်ဖော်ပြောရင်တောင် ဝမ်းကွဲအကိုအတွက် ဘာမှပြဿနာမရှိနိုင်ဘူးလေ"

လုံယွင်ရှန်းက အော်ဟစ်ပြောဆိုသည်။

ဘာ...

ပတ်ဝန်းကျင်ရှိလူများအားလုံး ဇဝေဇဝါဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

လုံယွင်ရှန်း၏နံဘေး၌ရှိနေသူသည် ရှားဟိုမိသားစု၏တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်သော ရှားဟိုကျွင်းပင်။

လုံယွင်ရှန်းကဲ့သို့ပင် သူသည်လည်း တော်ဝင်ကျောင်းတော်၌ကျင့်ကြံရန် ထောက်ခံချက်ရရှိခဲ့သည်။

တော်ဝင်စာမေးပွဲ၏သမိုင်းစဥ်တလျှောက်တွင် တော်ဝင်ကျောင်းတော်သည် အစဥ်အမြဲ ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပေ၏။အကြောင်းအရင်းမှာ တော်ဝင်ကျောင်းတော်၌ ရာထူးမှအနားယူသွားသော မြင့်မြတ်သူများနှင့်စစ်ဗိုလ်ချုပ်များ သင်ကြားပို့ချပေးနေသောကြောင့်ပင်။ဟောပြောသူများ၏အင်အားအရကြည့်ပါက တော်ဝင်ကျောင်းတော်သည် တခြားကျောင်းတော်ငါးခုထက် သာလွန်သည်။

ထို့ပြင် တော်ဝင်ကျောင်းတော်သို့ဝင်ခွင့်သည် လွန်စွာတင်းကြပ်ပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် တော်ဝင်ကျောင်းတော်သို့ ဝင်ခွင့်ရရှိလိုပါက ထောက်ခံချက်စာလွှာတစ်ခုတည်းဖြင့် မလုံလောက်ချေ။ထိုလူသည် ဝင်ခွင့်စာမေးပွဲကို ဖြတ်ကျော်ပြီးမှသာ တော်ဝင်ကျောင်းတော်သို့ ဝင်ရောက်နိုင်ပေမည်။

တော်ဝင်ကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲသည် အလွန်အမင်း ပြင်းထန်ပေ၏။

တပည့်သစ်အမြောက်အများသည် ဂျူနီယာတပည့်အဆင့်သို့ရောက်သည့်တိုင် ထုတ်ပယ်ခြင်းခံရသည်။ဤသည်က သူတို့သည် ထူးချွန်ခြင်းမရှိသောကြောင့်မဟုတ်ဘဲ တော်ဝင်ကျောင်းတော်၌ကျန်ခဲ့သော သူတို့နှင့်သက်တူရွယ်တူတပည့်များသည် သူတို့ထက် ပို၍ထူးချွန်နေသောကြောင့်ပင်။

ဤကဲ့သို့ပတ်ဝန်းကျင်မျိုး၌ တပည့်များအားလုံးသည် အကောင်းဆုံးဖြစ်နေရန် ပြင်းပြင်းထန်ထန် ကြိုးစားနေကြရ၏။အကယ်၍ သူတို့သည် အောင်မြင်မှုကို အလိုရှိပါက လုံလောက်သောခွန်အားရှိရန် လိုအပ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် တော်ဝင်ကျောင်းတော်၌ အလယ်အလတ်အဆင့်တပည့်ဖြစ်လာပါက ပြင်ပရှိကျင့်ကြံခြင်းဂိုဏ်းများတွင် အကြီးအကဲတစ်ယောက်အဖြစ်ရပ်တည်ရန် လုံလောက်သည်။

"ဒါကအမှန်ပဲလား...ငါ့ရဲ့ရှားဟိုမိသားစုကနေ ပါရမီရှင်လူငယ်တစ်ယောက် ထွက်ပေါ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ရှားဟိုလီ၏မျက်လုံးအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ရှားဟိုကျွင်းက ယဥ်ကျေးသိမ်မွေ့သောအပြုံးနှင့် ပြောဆိုသည်။

"ကျွန်တော်ရဲ့အဆင့်က အလယ်အလတ်အဆင့် တပည့်တွေကြားမှာ သိပ်ပြီးမမြင့်ပါဘူး...မိသားစုခေါင်းဆောင်က ကျွန်တော်ကို ချီးကျူးလွန်းနေပြီ"

ရှားဟိုကျွင်းသည် ထိုသို့ပြောဆိုနေသော်လည်း သူ၏မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသောအပြုံးမျိုးရှိနေသည်။

ယခုချိန်၌ သူသည် ရှားဟိုမိသားစုဝင်လူငယ်များအကြား၌ အားအကောင်းဆုံးလူဖြစ်သည်ဟူသောအချက်ကို ထုတ်ဖော်ပြောဆိုရန်ပင် မလိုအပ်တော့ချေ။

ပတ်ဝန်းကျင်ရှိ လူငယ်များ၏မနာလိုအားကျနေသော အကြည့်များကိုမြင်တွေ့ချိန်၌ ရှားဟိုကျွင်းသည် ထိပ်ဆုံး၌တစ်ကိုယ်တည်း ရပ်တည်နေရသကဲ့သို့ ခံစားလိုက်ရ၏။

"အရမ်းကောင်းတယ်...ငါ တော်ဝင်မြို့တော်မှာရှိနေမယ့်ရက်တွေအတွင်းမှာ ငါ မင်းကို အကောင်းဆုံးလမ်းညွှန်မှုပေးပြီးတော့ မင်းရဲ့ခွန်အား မြင့်တက်လာအောင် ကူညီပေးမယ်...တကယ်လို့ ငါတို့ရှားဟိုမိသားစုကသာ နောက်ထပ်ကျောင်းတော်သားပညာရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ရင် နောင်အနာဂတ်အတွက် မျှော်လင့်ချက်ရှိသွားပြီ"

ရှားဟိုလီက ရှားဟိုကျွင်း၏ပခုံးကိုပုတ်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

Chapter 2773

"မိသားစုခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်"

ရှားဟိုကျွင်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ကျေးဇူးတင်ကြောင်းပြောဆိုကာ သူ၏မျက်နှာပေါ်၌ ယဥ်ကျေးသိမ်မွေ့ပြီး သိချင်စိတ်ပြင်းပြသောအပြုံးမျိုးရှိနေသည်။

သူ၏အပြုအမူကြောင့် ရှားဟိုမိသားစုအတွင်းမှ အကြီးအကဲများ စိတ်ကျေနပ်မှုရရှိသွားပုံရသည်။ရှားဟိုလီပင်လျှင် သဘောကျနှစ်ခြိုက်စွာဖြင့် ခေါင်းတဆတ်ဆတ်ညိတ်နေလေ၏။

ယဥ်ကျေးသိမ်မွေ့ပြီး မောက်မာဝံ့ကြွားမှုမရှိဘဲ သင်ယူလိုစိတ်ရှိခြင်းမှာ ကောင်းမွန်သောအပြုအမူတစ်ခုပင်။မည်သူမည်ဝါဖြစ်နေပါစေ ထိုကဲ့သို့အပြုအမူမျိုးကို လူတိုင်း သဘောကျနှစ်ခြိုက်သည်။

"ကောင်းပြီလေ...မင်းနဲ့ရှန်းအာက ငါ့ရဲ့ဘေးမှာလာထိုင်...ဒီနေ့ ငါ မင်းတို့ကို အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်နဲ့မိတ်ဆက်ပေးမယ်"

ရှားဟိုလီက တည်ငြိမ်စွာ ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် ရှားဟိုကျွင်းနှင့်လုံယွင်ရှန်းတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားသွားသည်။

တာယွီအင်ပါယာ၏အမတ်ကြီးတစ်ယောက်ဖြစ်သော ရှားဟိုလီသည် တော်ဝင်နန်းတွင်း၌ မြင့်မားသောအဆင့်အတန်းရှိကာ သူ၏သိုင်းပညာစွမ်းရည်သည် သာမာန်ထက်သာလွန်ထူးကဲပေ၏။

ရှားဟိုလီ ကိုယ်တိုင်ကိုယ်ကျ သူတို့အားမိတ်ဆက်ပေးသည်မှာ မည်ကဲ့သို့အစွမ်းထက်ပုဂ္ဂိုလ်မျိုးဖြစ်သနည်း။

'ဖြစ်နိုင်တာတော့ မိသားစုခေါင်းဆောင်က အဲ့ဒီအစွမ်းထက်ပုဂ္ဂိုလ်အတွက် အထူးသီးသန့် နေရာခင်းကျင်းထားတာများလား'

ယခုလက်ရှိနေရာတွင်ရှိနေသော လူအမြောက်အများက ထိုကဲ့သို့ တွေးတောနေကြသည်။

ထိုကိစ္စသာ အမှန်တကယ်ဖြစ်ပါက ကျိုးကြောင်းဆီလျော်သည်။

ရှားဟိုလီကိုယ်တိုင် အစွမ်းထက်ပုဂ္ဂိုလ်ဟု မိတ်ဆက်ပေးသူသည် အနည်းဆုံးအနေဖြင့် သူနှင့်ခြေရာချင်းတိုင်းနိုင်သူတစ်ယောက်ဖြစ်ပေမည်။

ဤကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သည် သူတို့ရှားဟိုအိမ်တော်၏စားသောက်ပွဲသို့ တက်ရောက်လာသည်ကို ကြားသိရသဖြင့် လူတိုင်း စိတ်လှုပ်ရှားနေကြ၏။အကယ်၍ ထိုအခြေအနေကိုအခွင့်ကောင်းယူကာ သူတို့သည် ထိုအစွမ်းထက်ပုဂ္ဂိုလ်နှင့် မိတ်ဆွေဖွဲ့နိုင်ပါက ကောင်းမွန်သောကိစ္စတစ်ရပ်ဖြစ်ပေမည်။

"အဲ့ဒီအစွမ်းထက်ပုဂ္ဂိုလ်က ဘယ်မှာလဲ"

လုံယွင်ရှန်းက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။

သူမသည် ပင်မခန်းမတစ်ခုလုံးကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ ရှားဟိုလီ၏ထိုင်ခုံနှင့် တစ်တန်းတည်းဖြစ်သော ထိုင်ခုံနေရာ၌ အမှန်တကယ်ကိုပင် တစ်စုံတစ်ယောက်ထိုင်နေခြင်းကို သတိပြုမိသည်။

ထို့ပြင် ထိုထိုင်ခုံနေရာ၌ထိုင်နေသူမှာ လုယွီ ဖြစ်နေပေ၏။

မည်သည်ကြောင့် သူ ဖြစ်နေရသနည်း...

"ဒီနေရာမှာ နင့်ကို ဘယ်သူက ထိုင်ခိုင်းလို့လဲ...အခုချက်ချင်း ဆင်းလာခဲ့စမ်း"

လုံယွင်ရှန်းက အသံနက်ကြီးဖြင့် အော်ငေါက်လိုက်သည်။

လုယွီက အမူအယာကင်းမဲ့စွာဖြင့် သူမကို တစ်ချက်ကြည့်ကာ မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုချေ။

ရှားဟိုလီက ပြောဆိုသည်။

"ရှန်းအာ....ဒါက ငါ မင်းကိုမိတ်ဆက်ပေးမယ့် အစွမ်းထက်ပုဂ္ဂိုလ်ပဲ"

လုံယွင်ရှန်းသာမက ယခုလက်ရှိနေရာတွင်ရှိနေသူများအားလုံး ကြက်သေသေသွားသည်။

သူတို့၏အမြင်အရ ရှားဟိုလီနှင့်တစ်တန်းတည်း ထိုင်နေသူသည် အနည်းဆုံးအနေဖြင့် သူ့ကဲ့သို့စွမ်းအားရှိသူတစ်ယောက် ဖြစ်ရပေမည်။

သို့ရာတွင် လုယွီ၏ယခုလက်ရှိ ပုံပန်းသွင်ပြင်အရ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏အရှိန်အဝါမျိုး တစ်စိုးတစိမျှပင် ရှိမနေချေ။

သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်မှော်စွမ်းအင်လှုပ်ခတ်မှုမျိုးမျှ ရှိမနေသည့်အပြင် သူ၏အသက်အရွယ်သည် အလွန်ငယ်ရွယ်သေးပုံရပေ၏။သူ၏အသွင်အပြင်အရ ယခုမှ ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်ထိတွေ့သည့် လူငယ်တစ်ယောက်နှင့် အနည်းငယ်မျှပင် ကွဲပြားခြားနားခြင်းမရှိချေ။

ဤကဲ့သို့လူမျိုးကို အစွမ်းထက်ပုဂ္ဂိုလ်ဟု ပြောဆိုရန်မှာ မည်သည့်နည်းဖြင့် ဖြစ်နိုင်မည်နည်း။

လုံယွင်ရှန်းက မယုံကြည်နိုင်သောလေသံဖြင့် မေးမြန်းလေသည်။

"ဦးလေး...အမှားတစ်ခုခုများ ရှိနေတာလား....သူက ဘယ်လိုလုပ်ပြီးတော့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နိုင်မှာလဲ...."

တခြားရှားဟိုမိသားစုဝင်များသည်လည်း ဤကိစ္စကို ယုံကြည်နိုင်ခြင်းမရှိချေ။

အစောပိုင်းက လုယွီကို ဆူပူကြိမ်းမောင်းခဲ့သော ရှားဟိုမိသားစုဝင်လူငယ်သည် နေရာမှာပင် အမြစ်တွယ်နေသကဲ့သို့ ကြက်သေသေနေလေ၏။

ဤကဲ့သို့နေရာမျိုး၌ထိုင်ရန် လုယွီထံတွင် အမှန်တကယ်အရည်အချင်းရှိနေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

ဟူး...

ရှားဟိုလီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါ အရင်က လုယွီကို အိမ်တော်မှာနေဖို့ ဖိတ်ကြားခဲ့တယ်....နောက်ပိုင်းကျတော့ ငါ အလုပ်များနေတာနဲ့ အိမ်တော်မှာ ရှိမနေနိုင်ခဲ့ဘူး....မင်းက တကယ်ကြီး သူ့ကို မောင်းထုတ်ခဲ့တယ်....မင်းရဲ့မျက်လုံးထဲမှာ ငါက မင်းရဲ့ဦးလေးဆိုတာ ရှိနေသေးရဲ့လား"

ဘုန်း....

ရှားဟိုလီက ထိုစကားကိုပြောဆိုလိုက်ချိန်တွင် အားကောင်းသော ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။

အစောပိုင်းက ရယ်ရယ်မောမော စကားပြောဆိုနေကြသော လုံယွင်ရှန်းနှင့်တခြားသူများ၏ မျက်နှာအမူအယာများ ချက်ချင်းဆိုသလိုပင် ပျက်ယွင်းသွားပေ၏။သူတို့၏ပတ်ဝန်းကျင်ရှိအရှိန်အဝါ ပြောင်းလဲသွားသည်ကို သူတို့အားလုံး ခံစားမိသည်။

"ဦးလေး....ဒါက နားလည်မှုလွဲတာပါ"

လုံယွင်ရှန်းက တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။

သူမသည် ရှားဟိုလီ၏အရှိန်အဝါကို ရင်မဆိုင်ဝံ့ချေ။

ဤသည်က သေရေးရှင်ရေးတိုက်ပွဲအမြောက်အများကို ဖြတ်ကျော်ပြီးမှ ဖြစ်တည်လာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒပင်။

သူတို့သည် လူငယ်ပါရမီရှင်များဖြစ်သော်လည်း သေရေးရှင်ရေးတိုက်ပွဲမျိုးကို တစ်ကြိမ်တစ်ခါမျှ ရင်ဆိုင်ဖူးခြင်းမရှိချေ။သူတို့သည် ရှားဟိုလီကဲ့သို့ အစစ်အမှန်စစ်သည်တော်တစ်ယောက်၏အရှိန်အဝါကို ရင်ဆိုင်နိုင်ရန်မှာ မဖြစ်နိုင်ချေ။

အဓိကကျသောအချက်မှာ ရှားဟိုလီသည် လုယွီအတွက်ဖြင့် သူမကိုဆူပူကြိမ်းမောင်းမည်ဟု သူမ မျှော်လင့်မထားမိခြင်းပင်။

Chapter 2774

"ဒါကြောင့် ဒီနေ့ ငါက အခွင့်ကောင်းရှာပြီးတော့ မင်းနဲ့လုယွီကြားမှာ အတိတ်တုန်းကဖြစ်ခဲ့တဲ့ မသင့်မြတ်မှုတွေအားလုံးကို ရှင်းလင်းပေးမယ်...မင်းက ဒီအခွင့်အရေးကို ဆုပ်ကိုင်သင့်တယ်...တကယ်လို့ နောင်အနာဂတ်မှာ မင်းက လုယွီရဲ့လမ်းညွှန်မှုကို ရမယ်ဆိုရင်...မင်းရဲ့အောင်မြင်မှုကို ခန့်မှန်းလို့တောင်ရမှာမဟုတ်ဘူး"

ရှားဟိုလီက ​ထိုစကားကိုပြောပြီးနောက် "သွား...မင်း ဝိုင်တစ်ခွက်သောက်ပြီး လုယွီကို တောင်းပန်လိုက်စမ်း"

ဘာ...

လုံယွင်ရှန်းက သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားသဖြင့် သူမ၏လက်ချောင်းများပင်လျှင် သွေးဆုတ်ဖြူရော်နေသည်။

သူမ၏စိတ်နှလုံးသားအတွင်း၌ လုယွီသည် နောက်ခံအားကိုးဖြင့် တခြားသူများကို လိမ်လည်လှည့်ဖျားတက်သော လူရမ်းကားတစ်ယောက်သက်သက်ပင်။

ရှားဟိုလီသည် မည်သည်ကြောင့် လုယွီကို အရေးကြီးသောပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ ဆက်ဆံနေရသနည်း။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုံယွင်ရှန်းက ဖြစ်နိုင်ချေအမြောက်အများကို တွေးတောလိုက်၏။လုယွီကို ကြည့်နေသော သူမ၏မျက်နှာပေါ်တွင် အထင်အမြင်သေးမှု ဒေါသထွက်မှု အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။

"လုယွီ...အရင်တုန်းက နင့်ကိုမှားယွင်းစွပ်စွဲခဲ့မိတာ ငါ့ရဲ့အပြစ်ပါ...ငါက ဒီဝိုင်တစ်ခွက်နဲ့ တောင်းပန်ပါရစေ...ကျေးဇူးပြုပြီးတော့ ငါ့ကိုခွင့်လွှတ်ပေးပါ"

လုံယွင်ရှန်းက အလွန်အမင်း ဒေါသထွက်နေသည်။ထို့ကြောင့် သူမက အတင်းအကြပ် ဟန်လုပ်ယူ၍ ပြုံးလိုက်၏။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ဒါက ပြဿနာမရှိပါဘူး...အရာအားလုံးက အတိတ်မှာကျန်ခဲ့ပြီ"

လုယွီ၏အမြင်အရ လုံယွင်ရှန်းသည် ဒေါသထွက်လွယ်သော မိန်းကလေးငယ်တစ်ယောက်ပင်။ထို့ကြောင့် သူမ၏စကားများကို သူ အနည်းငယ်မျှပင် စိတ်ထဲမထားချေ။

"လုယွီ...ငါလည်း နင့်ကို ဝိုင်တစ်ခွက်နဲ့တောင်းပန်ပါရစေ...အဲ့ဒီအချိန်တုန်းက ငါ အခြေအနေကို ရှင်းရှင်းလင်းလင်းသိအောင် မလုပ်ခဲ့မိဘူး...နင့်ကို ကြေးစားအလုပ်သင်တွေထဲကတစ်ယောက်လို့ ထင်ခဲ့မိတယ်...ဒါက ငါ့ရဲ့အမှားပဲ...ကျေးဇူးပြုပြီးတော့ နင်ကပဲ သဘောထားကြီးစွာနဲ့ နားလည်ခွင့်လွှက်ပေးပါ"

သခင်မကြီးရှားဟိုက ရုတ်တရက် ပြောဆိုသည်။

လုံယွင်ရှန်းနှင့်မတူညီဘဲ သူမ၏တောင်းပန်မှုသည် သူမ၏စိတ်နှလုံးသားအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်ကာ ရိုးသားဖြူစင်သည်။

ရှားဟိုလီသည် လုယွီနှင့်ပတ်သတ်သည့် အကြောင်းအရာများကို သူ၏ဇနီးဖြစ်သူနှင့် သီးသန့်ပြောဆိုပြီး ဖြစ်ပေမည်။

ရှားဟိုလီ သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်ခဲ့သောအချိန်တွင် အကယ်၍ လုယွီကသာ နတ်ဆိုးသားရဲများကိုဦးဆောင်ပြီး လာရောက်ကယ်တင်ခြင်းမပြုပါက သူနှင့်သူ၏စစ်တပ်တစ်ခုလုံး ရှုရာများ၏အမြစ်ပြတ်သုတ်သင်ခြင်းကို ခံရနိုင်သည်။

ဤှသည်က အသက်ကိုကယ်တင်ခဲ့သော ကျေးဇူးကြွေးပင်။

လုယွီသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ရှုရာဧကရာဇ်ကို သတ်ဖြတ်ခဲ့သည်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။သူ၏အနာဂတ်အောင်မြင်မှုမှာ အကန့်အသတ်ရှိမည်မဟုတ်ပေ။

သူမသည် အနာဂတ်တွင် အစွမ်းထက်တည်ရှိမှုကြီးဖြစ်လာမည့်သူတစ်ယောက်ကို အပြစ်ပြုမိခဲ့သည်အား တွေးတောမိချိန်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်သွားခဲ့သည်။

ယနေ့တွင် အခွင့်ကောင်းရရှိသဖြင့် သခင်မကြီးရှားဟိုသည် ကိုယ်တိုင်ကိုယ်ကျ လုယွီကိုတောင်းပန်လိုက်ခြင်းဖြစ်သည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုလေ၏။

"ဒါက နားလည်မှုလွဲမှားတာပါ...သခင်မကြီးရှားဟိုက ဘာမှစိုးရိမ်ပူပန်နေစရာမလိုပါဘူး...ကျွန်တော်က စိတ်ထဲမထားပါဘူး"

ရှားဟိုလီက ပြောဆိုသည်။

"ညီလေးလုက တကယ့်ကို သဘောထားကြီးတာပဲ...အရင်က နားလည်မှုလွဲခဲ့တာတွေက ငါ့ရဲ့မိသားစုအပေါ် ငါ သွန်သင်ဆုံးမမှု ညံဖျင်းခဲ့လို့ပါ...ငါ့ကိုယ်ငါ အပြစ်ပေးတဲ့အနေနဲ့ ငါက ဒီဝိုင်တစ်ခွက်သောက်ရလိမ့်မယ်"

ထိုသို့ပြောဆိုပြီးသည်နှင့် ရှားဟိုလီက ဝိုင်တစ်ခွက်ငှဲ့ကာ တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်သည်။

ပတ်ဝန်းကျင်ရှိ ရှားဟိုမိသားစုဝင်များအားလုံး အံ့အားသင့်တုန်လှုပ်နေကြသည်။

ရှားဟိုလီသည် အမတ်ကြီးတစ်ယောက်ဖြစ်သော်လည်း လုယွီ၏ရှေ့တွင် သူ၏မိသားစုကို တောင်းပန်ခိုင်းရုံသာမက သူကိုယ်တိုင်ပင် ဝိုင်တစ်ခွက်သောက်၍ အပြစ်ခံယူခဲ့သည်။

လုယွီသည် မည်သူဖြစ်ဝါ ဖြစ်သနည်း။

"ရှားဟိုကျွင်း...မင်းက ရှားဟိုမိသားစုရဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီးတော့ မင်းနဲ့လုယွီက အသက်တူတူလောက်ပဲ...တိုက်တိုက်ဆိုင်ဆိုင်နဲ့ လုယွီကလည်း ဒီတစ်ကြိမ် တော်ဝင်စာမေးပွဲမှာ ပါဝင်ယှဥ်ပြိုင်လိမ့်မယ်...သူက မင်းကို လမ်းညွှန်မှုပေးနိုင်တဲ့သူတစ်ယောက်ပဲ...တော်ဝင်စာမေးပွဲမတိုင်ခင် မင်းရဲ့ခွန်အားတွေ မြင့်တက်လာမှာ သေချာတယ်"

ရှားဟိုလီက ရှားဟိုကျွင်းကိုကြည့်၍ ပြောဆိုလိုက်၏။

ရှားဟိုကျွင်း၏မျက်နှာပေါ်တွင် လုံယွင်ရှန်းကဲ့သို့ စိတ်မရှည်သောအမူအယာမျိုး ရှိမနေချေ။သူက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"မိသားစုခေါင်းဆောင်ရဲ့ လေးစားမှုကို ရထားမှတော့...ညီအကိုလုက နက်နဲသိမ်မွေ့တဲ့အစွမ်းထက်ပညာရှင်တစ်ယောက်ဖြစ်မှာ သေချာတယ်...ဒါပေမယ့် ဒီတစ်ကြိမ် တော်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုမယ့် နာမည်ကျော်ကြားတဲ့ လူတွေအကြားမှာ ညီအကိုလုရဲ့နာမည်ကို မကြားဖူးဘူး...ညီအကိုလုက ဘယ်နေရာရဲ့အဆင့်မြင့်ကျောင်းတော်သားဆိုတာ ကျွန်တော် သိခွင့်ရှိမလား"

ရှားဟိုကျွင်းက ခေါင်းစဥ်ကိုပြောင်းလဲကာ လုယွီသည် နာမည်ကျော်ကြားသူတစ်ယောက်မဟုတ်ကြောင်း ပြောဆိုလိုက်၏။

လုယွီက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုသည်။

"ငါက အဆင့်မြင့်ကျောင်းတော်သားတစ်ယောက်မဟုတ်ဘူး...ဒါပေမယ့် ငါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကိုကိုယ်စားပြုပြီးတော့ တော်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခွင့် နေရာတစ်နေရာကို ရထားတယ်"

"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကလား..."

အထင်အမြင်သေးသောအရိပ်အယောင်တချို့က ရှားဟိုကျွင်း၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

တော်ဝင်ကျောင်းတော်၏အဆင့်သည် တခြားကျောင်းတော်ငါးခု၏အထက်တွင် အစဥ်အမြဲ ရှိနေခဲ့သည်။ထို့ကြောင့် တော်ဝင်ကျောင်းတော်မှ တပည့်များသည် တခြားကျောင်းတော်မှတပည့်များကို အထင်အမြင်သေးကြလေ၏။

ထို့ပြင် လုယွီသည် အားအနည်းဆုံးဖြစ်သော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှလာခြင်းဖြစ်သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏စွမ်းအားမှာ လွန်စွာအားနည်းသည်။နှစ်စဥ်နှစ်တိုင်း တော်ဝင်စာမေးပွဲအတွင်း၌ လာရောက်ဖြေဆိုသော လူဦးရေသည် အောက်ဆုံးအဆင့်တွင်သာရှိသည်။

ထို့ပြင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ ကျောင်းတော်သားအင်အား တိုးတက်လာစေရန်အလို့ငှာ ဝင်ခွင့်စမ်းသပ်ပွဲ၏ခက်ခဲမှုကို လျှော့ချထားခဲ့သည်။ထို့ကြောင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များ၏အရည်အချင်း နိမ့်ပါးလာသဖြင့် တခြားကျောင်းတော်များမှ ပို၍အထင်အမြင်သေးလာကြလေ၏။

Chapter 2775

"ဒီလိုဆိုမှတော့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ ညီအကိုလုရဲ့အဆင့်အတန်းက နိမ့်ကျမှာမဟုတ်ဘူး...ဟုတ်တယ်မလား...ကျောင်းတော်ရဲ့ အလယ်အလတ်အဆင့်တပည့်နဲ့အထက်အဆင့်တွေကပဲ တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိတယ်လို့ ငါ ကြားထားတယ်...ညီအကိုလုက ကျောင်းတော်ရဲ့ အလယ်အလတ်အဆင့်တပည့်လား ဒါမှမဟုတ် စီနီယာတပည့်လားဆိုတာ ငါ သိချင်မိတယ်"

ရှားဟိုကျွင်းက ဆက်လက်၍မေးမြန်းသည်။

လုယွီက ပြောဆိုသည်။

"ငါက တပည့်အဆင့်တွေစမ်းသပ်မှုကို ဝင်ပြီးမယှဥ်ပြိုင်ဖူးဘူး...ဒါ​ပေမယ့် ငါ့ကို စီနီယာတပည့်တစ်ယောက်လို့တော့ ယူဆလို့ရတယ်"

လုယွီသည် နတ်ဘုရားကုန်းမြေမှ ထွက်လာပြီးနောက် စမ်းသပ်ကွင်းပြင်များ၌ ပိုင်မင်ဟန် တင်ထားခဲ့သော စံချိန်မှတ်တမ်းများကို ချိုးဖျက်ခဲ့သည်။

တပည့်အဆင့်သတ်မှတ်ချက် စမ်းသပ်ပွဲကိုမူ သူသည် နတ်ဘုရားကုန်းမြေမှ ထွက်လာခဲ့စဥ်ကတည်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ သေရေးရှင်ရေးတိုက်ပွဲများအကြားတွင် သူ့ကိုယ်သူ သက်သေပြပြီးဖြစ်သည်။သူ၏ခွန်အားကို တပည့်အဆင့်စာမေးပွဲကို ဖြေဆို၍ပြသရန် မလိုအပ်တော့ချေ။

"ဒါဆိုရင် အဲ့ဒီလိုလား...ညီအကိုလုက ဝမ်ကျီးမင်ကို သိလားမသိဘူး...သူက ငါ့ရဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ပဲ...သူက လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကိုဝင်ခဲ့တာ...သူကလည်း အဆင့်မြင့်တပည့်တစ်ယောက်ဖြစ်နေပြီ"

ရှားဟိုကျွင်းက မေးမြန်းသည်။

လုယွီက ခေါင်းခါပြလေ၏။

"ငါ သူ့ကို မသိဘူး"

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ လုယွီသည် နေ့စဥ်နေ့တိုင်းကျင့်ကြံခြင်းအပြင် တခြားတပည့်များကို လမ်းညွှန်ပေးမှုများ ပြုလုပ်ခဲ့သည်။

သို့ရာတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ တပည့်အမြောက်အများ ရှိနေသည်။စီနီယာတပည့်အရေအတွက်ပင်လျှင် အလွန်များပြားပေ၏။လုယွီသည် ထိုတပည့်များ၏အမည်ကိုမှတ်ထားရန်အတွက် မည်သည့်နည်းဖြင့် သူ၏စွမ်းအားကို ဖြုန်းတီးနိုင်မည်နည်း။

"ဟား ဟား ဟား...ကြည့်ရတာတော့ ညီအကိုလုက ကျင့်ကြံခြင်းမှာပဲ နစ်မြုပ်နေပြီးတော့ တခြားကိစ္စတွေကို စိတ်မဝင်စားပုံပဲ...ငါနဲ့ တစ်ပွဲလောက် လက်ရည်စမ်းကြည့်ရအောင်"

ရှားဟိုကျွင်းသည် လှောင်ပြောင်သရော်စရာတစ်ခုကို တွေ့သွားသည့်အလား သူ၏မျက်လုံးများက တဖျတ်ဖျတ်တောက်ပနေသည်။

"ဒီနေ့ ငါက ဘာလှုပ်ရှားမှုကိုမှ မလုပ်ချင်ဘူး"

လုယွီက သူ၏ဝိုင်အရက်ကို တိတ်တဆိတ်သောက်သုံးကာ ရှားဟိုကျွင်းကို ထပ်မံ၍မကြည့်တော့ချေ။

ယနေ့သည် နှစ်ကူးပွဲတော်ဖြစ်ကာ ရှားဟိုမိသားစုအတွင်း၌ လုယွီကို အပြင်လူတစ်ယောက်ဟု ယူဆနိုင်သည်။သူသည် ရှားဟိုကျွင်းကို ဆန့်ကျင်၍ ပြောဆိုလိုက်ပါက ကိစ္စကောင်းတစ်ရပ်ဖြစ်မည်မဟုတ်ချေ။

ထို့ပြင် ရှားဟိုကျွင်းသည် ရှားဟိုမိသားစု၏လူငယ်ပါရမီရှင်တစ်ယောက်ပင်။အကယ်၍ လုယွီသည် တိုက်ကွက်အနည်းငယ်ဖြင့် ရှားဟိုကျွင်းကို အနိုင်ယူလိုက်ပါက ရှားဟိုမိသားစုအတွက် အရှက်ရစရာဖြစ်ပေမည်။

"ကောင်းပြီလေ...မင်း အခု ထွက်သွားလို့ရပြီ...ဒီနေ့က နှစ်ကူးပွဲတော်နေ့...မင်းလိုဂျူနီယာတစ်ယောက်က ပြဿနာရှာရမယ့် အချိန်မျိုးမဟုတ်ဘူး...ဒီနေ့ ဘယ်သူကိုမှ တိုက်ခိုက်ခွင့်မပြုဘူး...လာကြစမ်း...သီချင်းဆိုပြီးအကနဲ့ ဖျော်ဖြေကြတော့"

ရှားဟိုလီက ဗြောင်ကျကျ ပြောဆိုသည်။

မိသားစုခေါင်းဆောင်၏စကားကိုကြားသဖြင့် ရှားဟိုကျွင်းနှင့်လုံယွင်ရှန်းတို့နှစ်ယောက်လုံး နောက်ပြန်ဆုတ်ကာ သူတို့၏ထိုင်ခုံများသို့ ပြန်သွားလိုက်ကြသည်။

သို့ရာတွင် ရှားဟိုကျွင်း၏မျက်နှာပေါ်ရှိ အထင်အမြင်သေးသော အရိပ်အယောင်များမှာ ပို၍ပို၍အားကောင်းလာပေ၏။

ကချေသည်များ တစ်ယောက်ပြီးတစ်ယောက် ကပြဖျော်ဖြေနေကြကာ ပင်မခန်းမတွင်း၌ ရယ်မောသံများဖြင့် ပြည့်နှက်သွားတော့သည်။သို့ရာတွင် လူတိုင်း၏မျက်လုံးအကြည့်များက လုယွီပေါ်သို့ မသိမသာ ကျရောက်နေသည်။

ယခုချိန်တွင် လုယွီသည် အဓိကထိုင်ခုံ၏နံဘေး၌ ထိုင်ကာ ရှားဟိုလီနှင့်အတူ သောက်စားနေလေ၏။

ဤသည်က မည်ကဲ့သို့ ဂုဏ်ကျက်သရေမျိုးဖြစ်သနည်း။ရှားဟိုမိသားစုမှ အကြီးအကဲများပင်လျှင် ဤကဲ့သို့ဆက်ဆံမှုမျိုး မခံရချေ။

သီဆိုကခုန်မှုများအကြားတွင် ရှားဟိုလီ၏တည်ငြိမ်နေသော အမူအယာ ပျက်ပြားစပြုလာသည်။

"ငါ မနက်ဖြန်ကျရင် တော်ဝင်မြို့တော်ကနေ ထွက်သွားရတော့မယ်...ဒီတစ်ကြိမ် စစ်ချီတက်တာကနေ ငါ အသက်ရှင်ရက် ပြန်လာနိုင်ပါ့မလားဆိုတာ မသေချာဘူး"

ရှားဟိုလီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"မကြာခင်ကပဲ တခြားစစ်တပ်တွေကို လွှတ်ထားတာမဟုတ်ဘူးလား...ဘာလို့ နှစ်ကုန်ထိအောင် နေလို့မရတာလဲ"

ရှားဟိုလီက ခေါင်းခါပြလေသည်။

"တိုက်ပွဲအရှိန်က စစ်ပွဲမှာ အရေးအကြီးဆုံးပဲ...ထန်အင်ပါယာက သူတို့ရဲ့တိုက်ပွဲအရှိန်ကို မြှင့်တင်ထားတယ်....လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက မြင့်မြတ်သူတွေကိုတောင် စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံထားရတယ်...ရာထူးကနေအနားယူထားတဲ့ မြင့်မြတ်သူတချို့ကိုတောင် ပြန်အမှုထမ်းစေပြီးတော့ ရှေ့တန်းမှာ ရှေ့ပြေးတပ်မှူးတွေအနေနဲ့ ဝင်ပြီးတိုက်ခိုက်နေရတယ်"

"ထန်အင်ပါယာရဲ့ကျင့်ကြံသူတွေက အရမ်းသန်မာအားကောင်းတယ်...သူတို့ဆီမှာ အလယ်ခေတ်တုန်းက ကျင့်ကြံနည်းစနစ်တွေရှိနေပြီးတော့ ယေဘုယျကျကျပြောမယ်ဆိုရင် ငါတို့ထက် ပိုပြီးအစွမ်းထက်တယ်...တကယ်လို့ ငါတို့ကသာ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် ငါတို့တပ်က ချက်ချင်းအရေးနိမ့်တဲ့အနေအထားမျိုးကို ရောက်သွားလိမ့်မယ်...ငါတို့က အခွင့်ကောင်းရှာပြီး ချောင်းမြောင်းတိုက်ခိုက်လို့ပဲရတယ်"

အလယ်ခေတ်အတွင်း၌ မရေမတွက်နိုင်သော အစွမ်းထက်မှော်မန္တန်များနှင့် အဖိုးတန်ရှားပါးသော ကျင့်ကြံနည်းစနစ်များ ပျောက်ဆုံးခဲ့သည်။

ယခုလက်ရှိ ကျင့်ကြံနည်းစနစ်များသည် ယနေ့ခေတ်ကာလအတွင်းရှိလူများ နားလည်သဘောပေါက်စေရန် လက်ဆင့်ကမ်းဆင်းသက်လာမှုများဖြစ်သည်။

အလယ်ခေတ်ကာလအတွင်းမှ ကျင့်ကြံနည်းစနစ်များ၏အစွမ်းထက်မှုနှင့် နှိုင်းယှဥ်ပါက ယနေ့ခေတ်ကာကအတွင်းရှိ ကျင့်ကြံနည်းစနစ်များသည် အလွန်အားနည်းကာ ပြောပလောက်ဖွယ်ပင်မရှိချေ။

"ဒီတစ်ကြိမ်ခရီးကနေ အသက်ရှင်ရက် ပြန်လာနိုင်ပါ့မလားဆိုတာ ငါ မသိဘူး...တကယ်လို့ ငါ တစ်ခုခုဖြစ်သွားခဲ့ရင်...ညီလေးလု....ကျေးဇူးပြုပြီးတော့ ငါ့ရဲ့ဂျူနီယာမျိုးဆက်ကို လမ်းညွှန်ပေးပါ"

All Chapters