အခန်း (၂၇၇၆-၂၇၈၀)
Vol. 142 Ch. 2776-2780
Chapter 2776
လုယွီက ပြောဆိုသည်။
"အမတ်ကြီးရှားဟို...ဘာမှမစိုးရိမ်ပါနဲ့...မင်းဆီမှာ ရှေးဟောင်းမိုးကြိုးဝေလသားရဲရဲ့ စိတ်ဝိညာဥ်ရှိနေပြီးတော့ မင်းရဲ့ကျင့်ကြံမှုက အရမ်းအစွမ်းထက်တယ်...ထန်အင်ပါယာမှာ အစွမ်းထက်ကျင့်ကြံသူတွေ ဘယ်လောက်များနေပါစေ မင်းကိုသတ်ဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ်"
"ရှေ့တန်းက ကိစ္စတွေကို မင်း မသိသေးဘူး...ဒါပေမယ့် ငါ သိတယ်...နေ့တိုင်း ငါ တော်ဝင်နန်းတွင်းမှာ တိုက်ပွဲအစီရင်ခံစာတွေကိုဖတ်ပြီးတော့...ငါ အသက်ရှုမွန်းကြပ်လာသလို ခံစားရတယ်...ငါ အဲ့ဒါတွေကို ဆက်ပြီးမဖတ်နိုင်တော့ဘူး...တချို့မြင့်မြတ်သူတွေဆိုရင် ရှေ့တန်းကိုရောက်ပြီး မကြာခင်မှာပဲ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရတယ်...သူတို့ရဲ့အလောင်းတွေတောင် မကျန်ခဲ့ဘူး"
ရှားဟိုလီက သက်ပြင်းတစ်ချက်ရှိုက်၍ ဆက်လက်ပြောဆိုသည်။
"အဲ့ဒီမြင့်မြတ်သူတွေရဲ့အင်အားက ငါတို့ရှားဟိုအိမ်တော်နဲ့ တန်းတူရှိတယ်ဆိုတာ ငါသိတယ်...ငါက အမတ်ကြီးဘွဲ့ထူးကို ခန့်အပ်ခံရပေမယ့်...အဲ့ဒီလူတွေက ငါ့အပေါ်ကို မောက်မောက်မာမာ ဆက်ဆံခဲ့ကြတယ်...သူတို့က မာန်မာနဝင့်ကြွားခဲ့တယ်...တချို့လူတွေက အစပိုင်းမှာ နှိမ့်ချပြီး ရို့ရို့ကျိုးကျိုးနေကြပေမယ့် သူတို့မိသားစုဝင်တွေရဲ့ လွှမ်းမိုးမှုတွေအောက်မှာ သူတို့ရဲ့စိတ်နေသဘောထားကလည်း တဖြည်းဖြည်း မောက်မာရိုင်းစိုင်းလာတယ်...ဒါက သူတို့ရဲ့မိသားစုတွေ အမြစ်ပြတ်ပျက်သုဥ်းမယ့်ဘေးကို သူတို့ကိုယ်တိုင် ရှာနေတာပဲ"
"ငါ့ရဲ့ရှားဟိုမိသားစုမှာ ဘာအစွမ်းထက်ပညာရှင်မှမရှိဘူး...ငါတစ်ယောက်တည်းကပဲ မိသားစုကိုထိန်းသိမ်းဖို့ ရုန်းကန်နေရတယ်...တကယ်လို့ ငါသာ သေသွားရင်...မကြာခင်မှာပဲ ငါ့ရဲ့မိသားစုတစ်စုလုံး ပြိုလဲသွားလိမ့်မယ်...မင်း ရှားဟိုမိသားစုတစ်စုလုံးကို စောင့်ရှောက်ပေးဖို့ ငါ မတောင်းဆိုပါဘူး...ဒါပေမယ့် သေရေးရှင်ရေးအခြေအနေမျိုးမှာ...မင်း နည်းနည်းလောက် ကူညီပေးမယ်ဆိုရင် ငါ ဘာစိုးရိမ်ပူပန်စရာမှမရှိတော့ဘဲ သေလို့ရပြီ"
သူတို့နှစ်ယောက်အကြားမှ စကားပြောဆိုမှုကို တခြားသူများကြားရခြင်းမရှိချေ။
ပင်မခန်းမအတွင်း၌ ရှားဟိုမိသားစုဝင်များသည် နှစ်ကူးပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေကြ၏။ရယ်မောသံများက နေရာအနှံ့အပြားမှ ထွက်ပေါ်နေကာ သူတို့၏မိသားစု ပျက်စီးပြိုလဲရမည့်ဘေးကပ်ဆိုးသည် သူတို့နှင့်လွန်စွာအလှမ်းကွာဟနေသကဲ့သို့ပင်။
"ကောင်းပြီလေ...ငါ မင်းကို ကတိပေးတယ်"
လုယွီက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုလေသည်။
လုယွီ၏တုံ့ပြန်စကားကိုကြားပြီးနောက် ရှားဟိုလီ၏မျက်နှာပေါ်၌ စိတ်သက်သာရာရသွားသော အရိပ်အယောင်မျိုး ထင်ဟပ်လာသည်။
"ဒါက ရှေးဟောင်းမိုးကြိုးဝေလသားရဲရဲ့ အစစ်အမှန်သွေးတစ်စက်ပဲ...ငါ ဒါကို ထိန်းသိမ်းထားတာ အချိန်အတော်ကြာနေပြီ...ငါ့ရဲ့မိသားစုထဲမှာရှိတဲ့ လူငယ်မျိုးဆက်သစ်တွေက မိုးကြိုးဝေလသားရဲရဲ့အစစ်အမှန်သွေးစက်မှာပါတဲ့ အမွေအနှစ်ကို ဆက်ခံနိုင်မှာမဟုတ်ဘူး...ငါ့ဆီမှာ ဒါကို အလဟဿဖြစ်ခံမယ့်အစား..မင်းကိုပေးတာ ပိုကောင်းလိမ့်မယ်"
ရှားဟိုလီက ရုတ်တရက် သူ၏ရင်ဘတ်ကြားမှနေ၍ လက်ရာမြောက်သောသေတ္တာငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုသေတ္တာပေါ်တွင် အဆောင်သင်္ကေတများရေးဆွဲထားသော အဝါရောင်စာရွက်တစ်ရွက်ကိုကပ်ထားကာ သေတ္တာအတွင်း၌ရှိနေသော တည်ရှိမှုကြီးကို ဖိနှိပ်ထားသကဲ့သို့ပင်။
ထိုသေတ္တာအတွင်း၌ မိုးကြိုးဝေလသားရဲ၏အစစ်အမှန်သွေးစက်ရှိနေသည်။
ရှေးဟောင်းခေတ်ကာလအတွင်း၌ ကောင်းကင်နှင့်မြေပြင်အကြားတွင် ရက်စက်ကြမ်းကြုတ်သောမှော်သားရဲအမြောက်အများ ရှိခဲ့လေ၏။ထိုသားရဲများအနက်မှ တချို့ထံတွင် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားမျိုးပိုင်ဆိုင်ထားကာ အင်မော်တယ်များသည်ပင်လျှင် သူတို့၏မျက်လုံးအတွင်း၌ အရေးမပါချေ။
မိုးကြိုးဝေလသားရဲသည် ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခတ်နိုင်စွမ်းရှိသည့် ရက်စက်ကြမ်းကြုတ်သော မှော်သားရဲများအနက်မှတစ်ကောင်ပင်။ထိုသားရဲသည် များသောအားဖြင့် ပင်လယ်ရေအနက်ပိုင်း၌ အမှီအခိုကင်းမဲ့စွာ နေထိုင်လေ့ရှိသည်။ထိုသားရဲများသည် အုပ်စုဖွဲ့၍နေထိုင်လေ့မရှိချေ။
မိုးကြိုးဝေလသားရဲတိုင်းသည် အကန့်အသတ်မဲ့ကာ အစွမ်းထက်သော မိုးကြိုးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ထိုမိုးကြိုးစွမ်းအားများကို ထုတ်လွှတ်လိုက်ချိန်တွင် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးပစ်နိုင်လုနီးပါး ပြင်းထန်ပေ၏။
ယခင်က ရှားဟိုလီသည် သာမာန်စစ်ဗိုလ်ချုပ်တစ်ယောက်ပင်။နောက်ပိုင်းတွင် သူသည် မိုးကြိုးဝေလသားရဲ၏အမွေအနှစ်ကိုရရှိပြီးနောက် သူ၏ခန္ဓာကိုယ်နှင့်ဖိအားပေးပေါင်းစပ်ခဲ့ကာ သူ၏ခွန်အားများ အဆမတန်မြင့်တက်လာပြီး တာယွီတော်ဝင်စစ်တပ်၏အရေးပါသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။
ဤသည်က ရှေးဟောင်းမိုးကြိုးဝေလသားရဲ၏ နောက်ဆုံးကျန်ရှိသော အစစ်အမှန်သွေးစက်ပင်။
ထိုအစစ်အမှန်သွေးစက်ဖြင့်ဆိုပါက ရှားဟိုလီသည် ရှားဟိုမိသားစုအတွင်းမှနေ၍ အစွမ်းထက်စစ်သည်တော်တစ်ယောက်ကို မွေးထုတ်ပေးနိုင်သည်။သို့ရာတွင် ရှားဟိုလီသည် ထိုအရာကို လုယွီကဲ့သို့ အပြင်လူတစ်ယောက်အား ပေးနေသည်ကို ကြည့်ခြင်းဖြင့် သူ အနည်းငယ်မျှပင် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။သူသည် အမွေအနှစ်ကိုဆက်ခံရန် ရှားဟိုမိသားစုကို ပေးအပ်ရမည့်အစား လုယွီကို ရွေးချယ်ခဲ့သည်။
လုယွီက တည်ကြည်လေးနက်သောအမူအယာဖြင့် ထိုအစစ်အမှန်သွေးစက်ကိုလက်ခံကာ ပြောဆိုသည််။
"အရှင်အမတ်ကြီး...စိတ်အေးအေးထားပါ...ငါက အကောင်းဆုံးကြိုးစားပြီးတော့ မင်းရဲ့ရှားဟိုမိသားစုကို ကူညီပေးမယ်"
ရှားဟိုလီသည် သူ၏စိတ်နှလုံးသားအတွင်းမှ စိုးရိမ်သောကများ အနည်းငယ်လွင့်ပြယ်သွားပုံရကာ သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဒီနေ့ စိတ်မချမ်းမြေ့စရာအကြောင်းတွေ ထပ်ပြီးမပြောတော့ဘူး...သောက်ကြစို့"
ရှားဟိုလီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
ညအချိန်ထိတိုင် အိမ်ရှင်နှင့်ဧည့်သည်များအားလုံး နှစ်ကူးပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေကြသည်။
ညသန်းခေါင်အရောက်တွင် ရှားဟိုလီကို တော်ဝင်စစ်ရေးဌာနမှ အရေးပေါ်ဆင့်ခေါ်သဖြင့် ရှားဟိုအိမ်တော်မှ ထွက်ခွာသွားတော့သည်။
ရှားဟိုမိသားစုဝင်များအားလုံး ရှားဟိုလီ ထွက်ခွာသွားခြင်းကို ပို့ဆောင်နှုတ်ဆက်ကြသည်။သို့ရာတွင် သူတို့၏မျက်နှာများပေါ်၌ စိုးရိမ်ပူပန်မှုအရိပ်အယောင် အနည်းငယ်မျှပင် ရှိမနေချေ။ထိုအစား သူတို့၏မျက်နှာများပေါ်၌ ဂုဏ်ယူဝင့်ကြွားသောအပြုံးများရှိနေသည်။
စစ်ဘက်ဆိုင်ရာ မိသားစုများအတွက် သူတို့၏အင်အားကို စစ်ရေးအောင်မြင်မှုများနှင့် ပြသရသည်။သူတို့ထံတွင် စစ်ရေးအောင်မြင်မှု ပို၍ရရှိလေလေ သူတို့မိသားစု၏အင်အား ပို၍မြင့်တက်လာလေလေပင်။
Chapter 2777
သူတို့၏အမြင်အရ ရှားဟိုလီသည် ယခင်အကြိမ်များကဲ့သို့ တိုက်ပွဲအောင်မြင်မှုများနှင့် ပြန်လာမည်မှာ သေချာပေါက်ပင်။
ထိုအချိန်ကျပါက သူတို့ရှားဟိုမိသားစုဝင်များ၏အဆင့်အတန်း ထပ်မံ၍ မြင့်တက်သွားပေမည်။
ရှားဟိုမိသားစုဝင်များသည် ရှားဟိုလီ ယခင်အကြိမ်များကဲ့သို့ စစ်ရေးအောင်မြင်မှုများနှင့် ပြန်လာမည်ကိုသာ မျှော်လင့်နေကြသည်။သို့ရာတွင် မည်သူကမျှ ရှားဟိုလီ၏ ဤတစ်ကြိမ်ခရီးသည် အလွန်အန္တရာယ်များသည်ကို မသိကြချေ။
လုယွီသည် ရှားဟိုလီထွက်ခွာသွားမှုကို ကြည့်ပြီးနောက် သူ၏အခန်းသို့ပြန်ကာ ပြန်လည်၍ကျင့်ကြံနေတော့သည်။
ထိပ်တန်းအဆင့်ဧည့်ဆောင်များ၏နောက်၌ ရေအိုင်တစ်အိုင်ရှိသည်။
ထိုရေအိုင်၏အထက်တွင် တစ်နှစ်ပတ်လုံး မြူခိုးများဝေနေသည်။ထိုရေအိုင်သည် စိတ်ဝိညာဥ်စွမ်းအင်းများ သိပ်သည်းပြီး အရည်အဖြစ်ဖွဲ့စည်းသွားရာမှ ဖြစ်တည်လာခြင်းပင်။
ဤနေရာ၌ကျင့်ကြံခြင်းသည် ပြင်ပလောကတွင်ကျင့်ကြံသည်ထက် အဆများစွာ ပို၍ကောင်းမွန်ပေ၏။
လုယွီက ရေအိုင်နံဘေး၌ ပလ္လင်ခွေထိုင်ကာ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် အဖြူရောင်အလင်းတန်းတစ်တန်းက ရေအိုင်၏ထိပ်မှပျံသန်းလာကာ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။
လုယွီ၏နံဘေးပတ်လည်တွင် အဖြူရောင်အခိုးအငွေ့လုံးများက ရှေ့နောက်လူးလွန့်နေကာ အဋ္ဌဂံပုံစံရှစ်ခုအဖြစ် ဖွဲ့စည်းသွားလေ၏။ထိုအရာများသည် လုယွီ၏ဘေးပတ်လည်၌ အဆက်မပြတ်လှည့်ပတ်နေကာ သူ၏အတွင်းဒဏ်များကို ကုသပေးနေသည်။
တစ်ညလုံးအဆက်မပြတ်ရှုရှိုက်ပြီးနောက် နံနက်ခင်းနေရောင်ခြည်က ခြံဝန်းအတွင်းသို့ ဖြာကျလာချိန်တွင် လုယွီက သူ၏မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
"ဒီနေရာက စိတ်ဝိညာဥ်စွမ်းအင်တွေက ပြင်ပလောကထက် ပိုပြီးပေါကြွယ်ဝပေမယ့် ငါ့ရဲ့ဒဏ်ရာတွေကိုကုသဖို့ မလုံလောက်သေးဘူး...အခုလက်ရှိချိန်မှာ ငါ့ခွန်အားရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုပဲ ငါ ထုတ်ဖော်အသုံးပြုနိုင်မယ်"
လုယွီက နတ်ဘုရားစိတ်အာရုံဖြင့် သူ၏ဒဏ်ရာအခြေအနေကို အကဲခတ်ကြည့်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ဤတစ်ကြိမ် သူ ရရှိခဲ့သည့် အတွင်းဒဏ်ရာမျိုးကို ယခင်က မကြုံတွေ့ဖူးချေ။ထိုအတွင်းဒဏ်ရာများ အပြည့်အဝပြန်လည်ကောင်းမွန်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။
"တော်ဝင်စာမေးပွဲမတိုင်ခင် ငါ့ရဲ့အတွင်းဒဏ်တွေပျောက်အောင် အမြန်ဆုံးလုပ်မှရမယ်...မဟုတ်ရင် ငါ ဒီအခြေအနေနဲ့ တော်ဝင်စာမေးပွဲကို ဝင်ပြီးယှဥ်ပြိုင်ရမှာကို ငါ စိုးရိမ်မိတယ်"
လုယွီက ညည်းတွားလိုက်သည်။
ထို့နောက် လုယွီက သစ်သားသေတ္တာငယ်ကို ထုတ်ယူလိုက်၏။
သူက သေတ္တာပေါ်မှအဝါရောင်စာရွက်ကို ခွာလိုက်သည်နှင့် အတွင်းမှနေ၍ ဒေါသတကြီးဟိန်းဟောက်သံတစ်သံ မြည်ဟီးလာသည်။
ရုတ်ချည်းဆိုသလိုပင် တောက်ပသော မိုးကြိုးလျှပ်စီးလှိုင်းတစ်လှိုင်းက ရေအိုင်၏အထက်၌ ထွက်ပေါ်လာပေ၏။
ထိုမိုးကြိုးလျှပ်စီးလှိုင်းသည် အဘက်ဘက်သို့ စတင်၍ ပျံ့နှံ့သွားသည်။နောက်ဆုံးတွင် မျက်စိတစ်ဆုံးအကွာအဝေးပတ်လည်အတွင်း၌ မိုးကြိုးလျှပ်စီးလှိုင်းများဖြင့် ပြည့်နှက်သွားတော့သည်။
ပတ်ဝန်းကျင်ရှိသစ်ပင်များမှနေ၍ သစ်ရွက်များကြွေကျလာသော်လည်း ထိုအရာများအားလုံး မိုးကြိုးလျှပ်စီးလှိုင်းများကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။
"ဒါက တကယ့်ကို ရှေးဟောင်းမိုးကြိုးဝေလသားရဲရဲ့အစစ်အမှန်သွေးစက်ပဲ...ပြီးတော့ ဒီမိုးကြိုးဝေလသားရဲရဲ့ခွန်အားက အရမ်းအားကောင်းတယ်...ဒါက ရှေးဟောင်းမှတ်တမ်းတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ မိုးကြိုးဝေလသားရဲဘုရင်ရဲ့ခွန်အားအဆင့်ကို ရောက်လုနီးပါးပဲ"
လုယွီက အလွန်ဝမ်းသာသွားကာ မိုးကြိုးဝေလသားရဲ၏အစစ်အမှန်သွေးစက်ကို ဝါးမြိုလိုက်သည်။
သူ၏ခန္ဓာကိုယ်အတွင်းသို့ မိုးကြိုးဝေလသားရဲ၏အစစ်အမှန်သွေးစက် ဝင်ရောက်သွားသည်နှင့် ကျယ်လောင်သောပေါက်ကွဲသံတစ်သံက ချက်ချင်းမြည်ဟီးလာသည်။
အကယ်၍ ရှားဟိုလီသာ ဤမြင်ကွင်းကိုမြင်တွေ့ပါက သူ၏အောက်မေးရိုး ပြုတ်ကျသွားမည်မှာ သေချာပေါက်ပင်။
ရှေးဟောင်းသားရဲတစ်ကောင်၏အစစ်အမှန်သွေးစက်တွင် ထိုရှေးဟောင်းသားရဲ၏စိတ်ဆန္ဒနှင့်စွမ်းအား ပါဝင်နေသဖြင့် အလွန်အစွမ်းထက်သည်။
ဤသည်က ဖြည်းညှင်းစွာသောက်သုံးရမည့် ပြင်းထန်သောအားဆေးတစ်ခွက်နှင့် တူညီသည်။အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်သည် ထိုအရာကို မဆင်မခြင်ဝါးမြိုမိပါက သူ၏ခန္ဓာကိုယ်ပေါက်ကွဲကာ သေဆုံးသွားပေမည်။
ရှေးဟောင်းမိုးကြိုးဝေလသားရဲ၏အစစ်အမှန်သွေးစက်ကို ဝါးမြိုနိုင်ရန်အလို့ငှာ ရှားဟိုလီသည် ထိုအစစ်အမှန်သွေးစက်ကို ရေအတွင်းသို့ ရက်အနည်းငယ်ခန့်စိမ်ထားပြီးမှ တဖြည်းဖြည်းစုပ်ယူခဲ့ရသည်။ထိုအချိန်ကျမှသာ သူသည် မိုးကြိုးဝေလသားရဲ၏စွမ်းအားကို ပိုင်ဆိုင်နိုင်ခဲ့လေ၏။
လုယွီအတွက်မူ ဤသည်က စွန့်စားမှုတစ်ခုပင်။သို့ရာတွင် သူ့ထံ၌ ရှေးဟောင်းသိုင်းပညာသူတော်စင်အဆင့် ရုပ်ခန္ဓာကိုယ်ရှိနေသဖြင့် သူ အနည်းငယ်မျှပင် တွန့်ဆုတ်နေမည်မဟုတ်ချေ။
ရှေးဟောင်းခေတ်ကာလအတွင်း၌ သိုင်းပညာသူတော်စင်များသည် အဆိပ်ဆေးပင်မျိုးစုံကို မြည်းစမ်းခဲ့ကြသော်လည်း သေဆုံးသွားခြင်းမရှိပေ။အကြောင်းအရင်းမှာ သိုင်းပညာသူတော်စင်ရုပ်ခန္ဓာကိုယ်၏ မာကျောကြမ်းတမ်းမှုကြောင့်ပင်။
ဤကဲ့သို့ သန်မာအားကောင်းသောရုပ်ခန္ဓာကိုယ် ရှိနေသဖြင့် အကယ်၍ လုယွီသည် အဆိပ်ကိုဝါးမြိုမိသည့်တိုင် သူ သေဆုံးသွားမည်မဟုတ်ချေ။ရက်စက်ကြမ်းကြုတ်သော မိုးကြိုးဝေလသားရဲ၏အစစ်အမှန်သွေးစက်အတွင်းမှ စွမ်းအားများသည် ပြင်းထန်သော်လည်း လုယွီ တောင့်ခံနိုင်သည့်ပမာဏအတွင်း၌ရှိသည်။
ဝေါင်း...ဝေါင်း...ဝေါင်း...
အစစ်အမှန်သွေးစက်သည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် မိုးကြိုးဝေလသားရဲ၏ဟိန်းဟောက်သံက သူ၏နားအတွင်း၌ မြည်ဟီးလာသည်။ဤသည်က သူ၏နားစည် ကွဲထွက်သွားလုမတက် ကျယ်လောင်လှ၏။
Chapter 2778
ဟိန်းဟောက်သံတိုင်းသည် ကောင်းကင်ယံအတွင်းမှ မိုးခြိမ်းသံနှင့် တူညီနေသည်။
"သေပြီးတာ အချိန်အတော်ကြာနေတဲ့ မှော်သားရဲတစ်ကောင်ကများ...ငါ့ရဲ့စိတ်ဆန္ဒကို လွှမ်းမိုးချင်သေးတာလား...ဟမ့်..."
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။သူ၏စိတ်အတွင်း၌ မြေအောက်လောကနတ်ဘုရား၏ပုံရိပ်ယောင်ကြီး ထင်ဟပ်လာကာ ရှေးဟောင်းမိုးကြိုးဝေလသားရဲ၏စိတ်ဆန္ဒကို ဖယ်ထုတ်လိုက်သည်။
ကောင်းကင်ယံတခွင်လုံးကို တုန်ခါစေသော ဟိန်းဟောက်သံကြီး တဖြည်းဖြည်းအားနည်းလာကာ အစွမ်းထက်သောအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ဖြတ်သန်းသွားသည်။
လုယွီသည် ယခင်က တားမြစ်ဆေးလုံးကို သောက်သုံးခဲ့သဖြင့် အချိန်အတိုင်းအတာတစ်ခုထိ ဆေးလုံးများ ဆက်လက်၍ဝါးမြို၍မရတော့ချေ။
သို့ရာတွင် ဤအစစ်အမှန်သွေးစက်ကမူ ကွဲပြားခြားနားပေ၏။လုယွီသည် ထိုသွေးစက်နှင့်ပေါင်းစပ်၍ သူ၏ကျင့်ကြံဆင့်ကိုမြှင့်တင်ရန် ရည်ရွယ်မထားချေ။ထိုအစား သူ၏ခန္ဓာကိုယ်ကို ထိန်းညှိရန်အတွက် အသုံးပြုလိုခဲ့သည်။
အစစ်အမှန်နဂါးသုံးဆယ့်သုံးကောင်၏ခွန်အားအတွင်းသို့ သူသည် ရှေးဟောင်းမိုးကြိုးဝေလသားရဲ၏အစစ်အမှန်စွမ်းအားကို ပေါင်းစပ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်မှကြွက်သားများအားလုံး ပြင်းပြင်းထန်ထန်ဖောင်းကြွစပြုလာသည်။
ပြင်းထန်သောအားလှိုင်းသည် သူ၏ခြေလက်လေးဖက်ရှိ မရီးဒါန်းများအတွင်း၌ ပြည့်နှက်သွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားလုမတက်ပင်။
လုယွီသည် သူ၏ခန္ဓာကိုယ်အနှံ့အပြားမှ ပြင်းပြင်းထန်ထန် နာကျင်နေမှုကို ခံစားမိလေ၏။
ဤသည်က နှလုံးကိုထွင်းဖောက်ခံရသော နာကျင်မှုမျိုးပင်။
လုယွီက ထိုနာကျင်မှုကိုတောင့်ခံ၍ ရေအိုင်အတွင်းသို့ ခုန်ချလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ရေအိုင်အတွင်းမှရေများ ပွက်ပွက်ဆူသွားသည့်အလား ပူနွေးသောရေငွေ့များက ရေမျက်နှာပြင်မှ မြင့်တက်လာသည်။
ဝုန်း...
ရေအိုင်အတွင်းရှိ နက်ရှိုင်းသောနေရာတွင် မိုးခြိမ်းသံများကလည်း အဆက်မပြတ်မြည်ဟီးနေသည်။
မိုးကြိုးဝေလသားရဲ၏အစစ်အမှန်သွေးစက်တွင် အမှန်တကယ်ကိုပင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏စွမ်းအား တစွန်းတစပါဝင်နေပေ၏။
ထိုစွမ်းအားတွင် သန့်စင်သောယန်စွမ်းအင်ဖြင့် ပြည့်နှက်နေကာ လူသားခန္ဓာကိုယ်၏ကြွက်သားနှင့် အရိုးအဆစ်များကို ထိန်းညှိပေးနိုင်ပြီး မသန့်စင်မှုများကို ဖယ်ရှားပေးသည်။
လုယွီသည် ထိုစွမ်းအားကိုအသုံးပြု၍ သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ်ထိန်းညှိကာ ရေအိုင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသည်။
သုံးရက်တင်းတင်းပြည့်သွားသော်လည်း လုယွီသည် အနောက်ဘက်ခြံဝန်းမှ ထွက်ခွာလာခြင်းမရှိသေးချေ။သူသည် မိုးကြိုးဝေလသားရဲ၏အစစ်အမှန်သွေးစက်မှ သိပ်သည်းသောစွမ်းအားများကိုအသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို ထိန်းညှိနေခဲ့သည်။
ဝေါင်း...
ကောင်းကင်ယံကြီးတုန်ခါလုမတက် ကျယ်လောင်သော နဂါးဟိန်းသံကြီးက ရေအိုင်၏အောက်ခြေမှ ရုတ်တရက် ထွက်ပေါ်လာသည်။
နဂါးတစ်ကောင်၏ဝိုးတဝါးပုံရိပ်က ရေအိုင်အတွင်းမှ ပျံသန်းထွက်လာကာ ကောင်းကင်ယံအတွင်း၌ ရှေ့နောက်လူးလွန့်နေသည်။
ရေအိုင်တစ်ခုလုံး ချက်ချင်းဆိုသလို ပေါက်ကွဲသွားကာ ရေများဖြာကျသွားလေ၏။လုယွီ၏ပုံရိပ်သည် ရေများအကြားမှခုန်ထွက်ကာ ရေမျက်နှာပြင်အထက်၌ မတ်တတ်ရပ်လိုက်သည်။
သူ၏ခြေဖဝါးသည် ရေမျက်နှာပြက်အထက်၌ ရပ်တန့်နေသည်။ရေမျက်နှာပြင်သည် ချောမွေ့နေသော ကြမ်းပြင်အလား လုယွီ၏ခန္ဓာကိုယ်ကို ထောက်ပံပေးထားသည်။
လုယွီ၏လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် သူ၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။
သူ၏ခန္ဓာကိုယ်မှနေ၍ မည်သည့်မှော်စွမ်းအင်လှုပ်ခတ်မှုမျိုးမျှ ထွက်ပေါ်နေခြင်းမရှိချေ။တခြားသူများမှကြည့်ပါက သူသည် သာမာန်ကျောင်းတော်သားတစ်ယောက်နှင့် ကွဲပြားခြားနားခြင်းရှိမည်မဟုတ်ပေ။
သို့ရာတွင် သူ၏ရုပ်ခန္ဓာကိုယ်မှ အစစ်အမှန်ခွန်အားအရကြည့်လျှင် အစွမ်းထက်သော မှော်သားရဲများပင် သူ့အားအမှီလိုက်နိုင်မည်မဟုတ်ချေ။
လုယွီက သူ၏ခြေလက်များကို ညင်သာစွာ ဆန့်တန်းလိုက်၏။ရုတ်ချည်းဆိုသလိုပင် ခပ်ဖျော့ဖျော့နဂါးဟိန်းသံတစ်သံနှင့် အတူယှဥ်တွဲ၍ တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာသည်။
လုယွီ၏ခွန်အားသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင်ပင် အစစ်အမှန်နဂါးလေးဆယ့်ခုနစ်ကောင်၏ခွန်အားမျိုးသို့ ရောက်ရှိသွားလေပြီ။
သူသည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလုနီးပါးပင်။
ရှေးဟောင်းမှတ်တမ်းများအရ အထွတ်အထိပ်အဆင့် သိုင်းပညာသူတော်စင်တစ်ယောက်သည် အစစ်အမှန်နဂါးလေးဆယ့်ကိုးကောင်၏ခွန်အားကို ပိုင်ဆိုင်ထားသည်။
ထိုအချိန်တုန်းက သိုင်းပညာသူတော်စင်နယ်ပယ်သည် လူသားများ ရောက်ရှိနိုင်သော အကန့်အသတ်ဖြစ်ပြီး မြှားတစ်ချောင်းဖြင့် အင်မော်တယ်များကို သတ်ဖြတ်နိုင်သည်။
ယခုလက်ရှိချိန်တွင် လုယွီသည် သိုင်းပညာသူတော်စင်နယ်ပယ်ကို ချိုးဖျက်၍ သိုင်းပညာအင်မော်တယ်ဖြစ်လာရန် ခြေတစ်လှမ်းစာသာ လိုအပ်တော့သည်။
ယခုချိန်၌ အကယ်၍ လုယွီသည် သူ၏မှော်စွမ်းအားကို အသုံးမပြုလျှင်ပင် သာမာန်အစောပိုင်းအဆင့် ရွှယ်အင်မော်တယ်တစ်ယောက်သည် သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
"ငါ့ရဲ့ခန္ဓာကိုယ်က ဒဏ်ရာတွေအားလုံး မိုးကြိုးဝေလသားရဲရဲ့အစစ်အမှန်သွေးစက်ကြောင့် ကုသပြီးသားဖြစ်သွားပြီ...ဒါပေမယ့် ငါ့ရဲ့မိုးကောင်းကင်လှိုဏ်ဂူက အခုထိ အပြည့်အဝပြန်မကောင်းသေးဘူး...ငါက အချိန်အတိုင်းအတာတစ်ခုထိ မှော်စွမ်းအားကို ထုတ်ဖော်အသုံးပြုလို့ မဖြစ်ဘူး"
လုယွီသည် သူ၏ခန္ဓာကိုယ်မှဒဏ်ရာများကို တိကျမှန်ကန်စွာ ဆင်ခြင်သုံးသပ်လိုက်၏။
သို့ရာတွင် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့်ပင် လုံလောက်နေလေပြီ။
"ငါ အရင်ဆုံး ဖေးထျန်ကွမ်းကို မေးရမယ်...ငါ့ရဲ့မိုးကောင်းကင်လှိုဏ်ဂူကို ပြုပြင်ရအောင်...တော်ဝင်မြို့တော်အတွင်းမှာ စိတ်ဝိညာဥ်စွမ်းအင်တွေ ပေါကြွယ်ဝတဲ့နေရာရှိလားဆိုတာ သူ့ကို စုံစမ်းခိုင်းရမယ်"
လုယွီက သူ၏စိတ်အတွင်းမှနေ၍ စဥ်းစားတွေးတောလိုက်သည်။
Chapter 2779
မနက်စောစောအချိန်တွင် ရှားဟိုအိမ်တော်၌ တိုက်ပွဲမာန်တင်းသံများနှင့် လေ့ကျင့်နေသံများက လေထုကိုဖြတ်သန်း၍ ထွက်ပေါ်လာသည်။
ရှားဟိုအိမ်တော်၏လေ့ကျင့်ရေးကွင်ပြင်များအတွင်း၌ မိသားစုဝင်လူငယ်များသည် မနက်ခင်းလေ့ကျင့်ရန်အတွက် ရောက်ရှိနေကြသည်။
ထိုကျင့်ကြံသူများသည် သူတို့၏မှော်စွမ်းအား သို့မဟုတ် ကျင့်ကြံနည်းစနစ်များကို လေ့ကျင့်နေကြ၏။သူတို့ တစ်ယောက်ချင်းစီမှ ကျင့်ကြံနေသော ကျင့်ကြံနည်းစနစ်များသည် သာမာန်မဟုတ်ချေ။
သူတို့သည် မိသားစု၏ကူညီထောက်ပံမှုကိုရရှိသဖြင့် သူတို့၏ကျင့်ကြံမှုအရှိန်နှုန်းသည် လေ့လွင့်ကျင့်ကြံသူများထက် များစွာပို၍လျှင်မြန်သည်။မိသားစုကြီးတစ်စု၏ အခြေခံအုတ်မြစ်သည် တစ်ဦးတစ်ယောက်တည်းမှ ပြင်းပြင်းထန်ထန်ကြိုးစားရုံဖြင့် တောင့်တင်းနိုင်သည့်အရာမျိုးမဟုတ်ချေ။
လေ့ကျင့်ရေးကွင်းပြင်များ၏နံဘေး၌ တိုက်ခိုက်ရေးကွင်းပြင်များရှိသည်။
နေ့စဥ်နေ့တိုင်း မိသားစုဝင်လူငယ်များသည် ထိုတိုက်ခိုက်ရေးကွင်းပြင်များအတွင်း၌ လက်ရည်စမ်းယှဥ်ပြိုင်လေ့ရှိသည်။
မိသားစုကြီးများမှ လူငယ်များသည် များသောအားဖြင့် သူတို့ ကျင့်ကြံရန်အတွက် စိတ်ဝိညာဥ်ကျောက်တုံးများနှင့်ဆေးဝါးများကို အထောက်အပံအဖြစ် ရရှိကြသည်။ထို့ပြင် မိသားစုအတွင်းရှိ အကြီးအကဲများ၏လမ်းညွှန်ပေးမှုကိုရရှိသဖြင့် သူတို့၏ ကျင့်ကြံမှုအရှိန်နှုန်းမှာ ပို၍မြန်ဆန်နေခဲ့သည်။
လုယွီက ထိုလူငယ်များကိုတစ်ချက်ကြည့်ပြီးနောက် ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
သူ့အတွက် ထိုလူငယ်များလေ့ကျင့်နေခြင်းကို ကြည့်ရသည်မှာ ဂျူနီယာမျိုးဆက်သစ်များနှင့် တူညီနေသည်။သူ၏စိတ်နှလုံးသားအတွင်း၌ ထိုလူငယ်များကို အနိုင်တိုက်ခိုက်ရန်မဆိုထားနှင့် အနည်းငယ်မျှပင် စိတ်လှုပ်ရှားမှုမရှိချေ။
ဘုန်း....
ထိုအချိန်မှာပင် လုယွီ၏နောက်ရှိ တိုက်ပွဲစင်မြင့် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ရှားဟိုမိသားစုဝင်လူငယ်သုံးယောက်သည် တိုက်ပွဲစင်မြင့်မှ လွင့်စင်လာကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပေ၏။
တိုက်ပွဲစင်မြင့်ပေါ်၌ ရှားဟိုကျွင်းသည် ကိုယ်ကျပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားကာ သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။သူသည် မတ်တတ်ရပ်နေပြီး သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ကြီးကျယ်ခမ်းနားသော အရှိန်အဝါများ ထုတ်လွှတ်ထားသည်။
အစောပိုင်းက ရှားဟိုမိသားစုဝင်လူငယ်သုံးယောက် လွင့်ထွက်သွားသည်မှာ သူ၏လက်ချက်ပင်။
ယခုချိန်၌ ရှားဟိုကျွင်းကိုကြည့်ရသည်မှာ သာမာန်ကာလျှံကာ တိုက်ခိုက်ခဲ့ခြင်းမျိုး ဖြစ်ပုံရပြီး အနည်းငယ်မျှပင် အင်အားစိုက်ထုတ်ခဲ့ပုံမရချေ။
"သခင်လေးကျွင်းရဲ့ခွန်အားက တကယ့်ကို သာမာန်ထက်သာလွန်တာပဲ...ငါတို့က ဘယ်လိုနည်းနဲ့မှ သူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
"ဒါက အမှန်ပဲ...ငါတို့ အတူပူးပေါင်းပြီးတိုက်ခိုက်တာတောင် သခင်လေးကျွမ်းရဲ့ဟာကွက်ကို ရှာမတွေ့ခဲ့ဘူး"
"သခင်လေးကျွင်းက အလယ်အလတ်အဆင့်တပည့်တစ်ယောက်ဖြစ်လာတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒီလိုခွန်အားမျိုးရှိနေမှတော့ ငါတို့က သူ့ကို ဘယ်လိုနည်းနဲ့မှ အမှီလိုက်နိုင်မှာမဟုတ်ဘူး"
ရှားဟိုမိသားစုဝင်လူငယ်များသည် မနာလိုအားကျသောအကြည့်များဖြင့် ရှားဟိုကျွင်းကို စူးစိုက်၍ကြည့်နေကြ၏။
တော်ဝင်ကျောင်းတော်သည် လူငယ်ကျင့်ကြံသူတိုင်း ဝင်ရောက်လိုသောနေရာတစ်ခုပင်။
သို့ရာတွင် တော်ဝင်ကျောင်းတော်သို့ ဝင်ရောက်နိုင်ရန် အကယ်၍ တစ်စုံတစ်ယောက်တွင် ကြီးကျယ်ခမ်းနားသော နောက်ခံအင်အားရှိသည့်တိုင် လုံလောက်သောခွန်အားနှင့် ပါရမီအရည်အချင်းရှိရန် လိုအပ်သည်။ထိုသို့မဟုတ်ပါက အကယ်၍ သူတို့သည် ထောက်ခံချက်ရရှိလျှင်ပင် ဝင်ခွင့်စာမေးပွဲကို ဖြတ်ကျော်နိုင်မည်မဟုတ်သဖြင့် အဖိုးတန်သော ကျောင်းတော်ဝင်ခွင့် ထောက်ခံချက်နေရာများကို ဖြုန်းတီးရာရောက်ပေမည်။
ထို့ပြင် အကယ်၍ တစ်စုံတစ်ယောက်သည် ကျောင်းတော်သို့ဝင်ခွင့်ရရှိလျှင်ပင် စမ်းသပ်မှုပေါင်းများစွာကို ရင်ဆိုင်ရန်လိုအပ်နေဆဲပင်။အကယ်၍ ထိုလူသည် စမ်းသပ်မှုအတွင်း၌ ရှုံးနိမ့်ပါက ကျောင်းတော်မှထုတ်ပယ်ခြင်း ခံရပေမည်။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ တော်ဝင်ကျောင်းတော်ကို စွန့်ခွာခဲ့သော တပည့်အမြောက်အများရှိသည်။အမှန်အားဖြင့် သူတို့သည် သူတို့ကိုယ်သူတို့ ယုံကြည်ချက်မရှိတော့သဖြင့် တော်ဝင်ကျောင်းတော်၌ ဆက်၍မနေကြခြင်းဖြစ်သည်။အကြောင်းအရင်းမှာ သူတို့ထံတွင် ခွန်အားအလုံအလောက်မရှိသဖြင့် စမ်းသပ်မှုများတွင် ရှုံးနိမ့်ပါက ကျောင်းတော်မှ အတင်းအကြပ်မောင်းထုတ်ခံရမည် ဖြစ်သောကြောင့်ပင်။
ပတ်ဝန်းကျင်ရှိ မနာလိုအားကျနေသော အကြည့်များကို အာရုံခံမိချိန်တွင် ရှားဟိုကျွင်း၏မျက်နှာပေါ်၌ စိတ်ကျေနပ်သွားသောအပြုံးမျိုး ထွက်ပေါ်လာသည်။
သူသည် တခြားသူများမှ သူ့အားရိုသေလေးစားသည့်ခံစားချက်မျိုးကို သဘောကျနှစ်ခြိုက်လေ၏။
"မင်းတို့ကောင်တွေ ဆက်ပြီးလေ့ကျင့်နေကြတော့...တကယ်လို့ ငါ့မှာအချိန်ရှိရင် မင်းတို့ကို ထပ်ပြီးလမ်းညွှန်မှုပေးမယ်"
သူ၏အကြည့်က လူတိုင်းကိုဖြတ်ကျော်ကာ ရုတ်တရက် လုယွီထံသို့ ကျရောက်သွားသည်။
လုယွီသည် ဤတိုက်ပွဲကို နံဘေးမှကြည့်နေရုံသက်သက်ပင်။သူက ခေါင်းကိုမသိမသာခါယမ်း၍ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
လုယွီ ခေါင်းခါယမ်းလိုက်ခြင်းကို မြင်တွေ့ချိန်တွင် ရှားဟိုကျွင်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။သူက လေသံမြှင့်၍ ပြောဆိုလေသည်။
"အစွမ်းထက်ပုဂ္ဂိုလ်ကြီးလု...ဒီရက်တွေအတွင်းမှာ မင်း ဘာလို့ အပြင်ကို ထွက်မလာတာလဲ...ဘာလို့ မင်းက ငါ့ကိုမြင်မှ ချက်ချင်းထွက်သွားရတာလဲ"
ပတ်ဝန်းကျင်ရှိလူများ၏မျက်လုံးအကြည့်များက ချက်ချင်းဆိုသလိုပင် လုယွီထံသို့ စူးစိုက်၍ကျရောက်လာသည်။
နှစ်ကူးပွဲတော်၏မိသားစုစားသောက်ပွဲတွင် ရှားဟိုလီသည် လုယွီကို သူနှင့်တန်းတူလူတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သဖြင့် ရှားဟိုမိသားစုဝင်များအားလုံး သူ့ကို မှတ်မိနေကြ၏။
လူတိုင်းက လုယွီ၏အဆင့်အတန်းကို ခန့်မှန်းနေကြသည်။
ကံအကြောင်းမလှစွာဖြင့် နှစ်ကူးပွဲတော် ပြီးဆုံးသွားစဥ်ကတည်းက လုယွီသည် တံခါးပိတ်ကျင့်ကြံနေကာ ဧည့်ဆောင်အတွင်းမှနေ၍ ပြင်ပသို့ထွက်မလာချေ။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ဒီမှာ ဘာမှကြည့်စရာမရှိဘူးလေ...ဒါကြောင့် ငါထွက်သွားတာ ပုံမှန်ပဲမဟုတ်လား"
သူ့အတွက် ဤကဲ့သို့တိုက်ပွဲအဆင့်မျိုးသည် ကလေးများဆော့ကစားနေခြင်းနှင့် ကွဲပြားခြားနားမှုမရှိချေ။ထို့ကြောင့် သူ ကြည့်စရာမရှိဟု ပြောဆိုခြင်းမှာ အမှန်အတိုင်းပြောခြင်းဖြစ်သည်။
Chapter 2780
"သေချာတာတော့...အစွမ်းထက်ကျင့်ကြံသူတွေရဲ့အမြင်က တခြားသူနဲ့မတူဘူးလေ...ဆရာသခင်လုက ငါနဲ့ တိုက်ပွဲစင်မြင့်ပေါ်မှာ ယှဥ်ပြိုင်ဖို့ စိတ်ဝင်စားမလားဆိုတာ ငါမသိဘူး...မိသားစုခေါင်းဆောင်က မင်း ငါ့ကို လမ်းညွှန်ပေးနိုင်မယ်လို့ အရင်က ပြောထားခဲ့တယ်"
ရှားဟိုကျွင်းက ရန်စလိုသောလေသံဖြင့် ပြောဆိုသည်။သူ၏မျက်လုံးအတွင်း၌ ပြက်ရယ်ပြုလှောင်ပြောင်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ရှားဟိုကျွင်း၏စိတ်နှလုံးသားအတွင်း၌ လုယွီသည် အလဟဿနာမည်ကျော်ကြားမှုလိုချင်နေသူတစ်ယောက်ဟု ယူဆထားသည်။
သူသည် လုယွီနှင့်ပတ်သတ်၍ လုံယွင်ရှန်းကို မေးမြန်းထားပြီးလေပြီ။ယခင်က လုယွီသည် ရှားဟိုအိမ်တော်၌ လာရောက်လှည့်ဖျားနေသော ကြေးစားအလုပ်သင်တစ်ယောက်သာဖြစ်သည်။မနှစ်ကမှ လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပေ၏။
သူ၏အမြင်အရ လုယွီသည် လှည့်ကွက်တချို့ကိုအသုံးပြု၍ ရှားဟိုလီကို လှည့်စားထားခြင်းဖြစ်ပေမည်။
မိသားစုခေါင်းဆောင်ရှားဟိုလီသည် စစ်သည်တော်တစ်ယောက် သက်သက်ပင်။သူ့ထံတွင် မြင့်မားသောဥာဏ်ရည်ဥာဏ်သွေးမရှိသဖြင့် တခြားသူများ၏လှည့်စားခြင်းကို လွယ်လင့်တကူခံရနိုင်သည်။
လုယွီက ခေါင်းခါယမ်းကာ ပြောဆိုသည်။
"မေ့လိုက်တော့...တကယ်လို့ ငါ တိုက်ခိုက်မယ်ဆိုရင် မင်း ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်...မင်း သင်ယူထားတဲ့ လှုပ်ရှားမှုနည်းစနစ်က မဆိုးဘူး...ဒါပေမယ့် မင်းမှာလုံလောက်တဲ့အခြေခံမရှိဘူး...မင်းက ငါ့ရဲ့တိုက်ခိုက်မှုတစ်ခုကိုတောင် ခံယူနိုင်မှာမဟုတ်ဘူး"
အကယ်၍ သာမာန်အချိန်မျိုးဆိုပါက လုယွီသည် လမ်းညွှန်မှုတချို့ကို ပြုလုပ်ပေးမိပေမည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ၏ခန္ဓာကိုယ်မှခွန်အားများ အစောပိုင်းကမှ ပို၍အားကောင်းလာခဲ့သည်။အချိန်တိုအတွင်း၌ သူ၏ခွန်အားကို ထိန်းချုပ်နိုင်ရန်မှာ အနည်းငယ်ခက်ခဲပေမည်။
အကယ်၍ သူ ရှားဟိုကျွင်းကို မတော်တဆသတ်ဖြတ်မိပါက ထိုကိစ္စသည် အမှန်တကယ်ကိုပင် မသင့်လျော်ချေ။
ရှားဟိုကျွင်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မော၍ ပြောဆိုသည်။
"အစွမ်းထက်ပညာရှင်ကြီးလု...တကယ်လို့ မင်း ကြောက်နေတယ်ဆိုရင်လည်း တခြားဆင်ခြေမျိုးကို ရှာသင့်တယ်...ငါ အရမ်းကြောက်နေမိပြီ...ငါက မင်းရဲ့တိုက်ခိုက်မှုတစ်ခုကိုတောင်ခံယူနိုင်မှာမဟုတ်ဘူး...ဟုတ်လား....ဟား ဟား ဟား...ဒါက အရမ်းရယ်ဖို့ကောင်းတာပဲ"
သူသည် အလွန်အမင်း မောက်မာရိုင်းစိုင်းနေပေ၏။
ယခုချိန်တွင် ရှားဟိုကျွင်းသည် လုယွီထံ၌ မည်သည့်အရည်အချင်းမျှမရှိဟု တထစ်ချယူဆသွားခဲ့သည်။လုယွီသည် ကြွားဝါပြောဆိုရန်သာသိသော လူတစ်ယောက်နှင့် တူညီနေသည်။
ထိုသို့မဟုတ်ပါက လုယွီသည် မည်သည်ကြောင့် တိုက်ပွဲစင်မြင့်ပေါ်၌ မတိုက်ခိုက်ဝံ့သနည်း။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"မင်း ငါ့ကို တိုက်ပွဲစင်မြင့်ပေါ်လာစေချင်တာ သေချာလား...ရက်အနည်းငယ်ကြာပြီးရင် တော်ဝင်စာမေးပွဲ ရောက်တော့မယ်...တကယ်လို့ မင်း ဒဏ်ရာရသွားရင်...တော်ဝင်စာမေးပွဲအတွက် ဆိုးကျိုးတွေသက်ရောက်သွားမှာကို ငါ စိုးရိမ်မိတယ်"
ရှားဟိုကျွင်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"တော်ဝင်စာမေးပွဲရောက်တော့မှာကြောင့် ငါက ဆရာသခင်လုရဲ့လမ်းညွှန်မှုကို လိုချင်တာပါ...မင်း ဘာမှမစိုးရိမ်ပါနဲ့...တကယ်လို့ မင်း ဒဏ်ရာရသွားရင်တောင် ငါတို့ရှားဟိုမိသားစုမှာ မင်းကိုကုသပေးနိုင်တဲ့ သမားတော်တွေ အများကြီးပဲ"
ကြည့်ရသည့်မှာ လုယွီသည် ယနေ့တွင် စိန်ခေါ်ခံရခြင်းကို ရှောင်လွှဲ၍မရပုံပင်။
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလေ၏။
"မင်းက စိတ်ပိုင်းဖြတ်ထားပြီးပြီဆိုမှတော့...တိုက်ခိုက်ကြတာပေါ့"
သူသည် ဤနေရာ၌ စကားပြောဆို၍ အချိန်ဖြုန်းလိုခြင်းမရှိချေ။ရှားဟိုကျွင်းသည် သင်ခန်းစာပေးခံလိုသဖြင့် သူ ကောင်းကောင်းသင်ကြားပေးရပေမည်။
"ဘာမှမစိုးရိမ်နဲ့...ငါ မင်းကို သေသွားအောင် မရိုက်ဘူး"
လုယွီက စင်မြင့်ပေါ်သို့ တက်ရောက်လာတော့မည်ကိုကြည့်ပြီး ရှားဟိုကျွင်း၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ထင်ဟပ်လာသည်။
"ခဏနေဦး..."
ထိုအချိန်မှာပင် အလျင်စလိုပြေးလာသော ခြေလှမ်းသံများက ရုတ်တရက် နီးကပ်လာပေ၏။
လူအများက လှည့်ကြည့်လိုက်ရာ လုံယွင်ရှန်းက တိုက်ပွဲစင်မြင့်အနီးသို့ အလျင်စလို ပြေးလာခြင်းကို မြင်တွေ့လိုက်ရသည်။
"ရှန်းအာ...အစွမ်းထက်ပညာရှင်လုက ငါ့ကိုလမ်းညွှန်ပေးဖို့အတွက် ဒီနေရာကိုရောက်နေတယ်...ဒါက ငါ့အတွက် တသက်မှာတစ်ခါပဲရမယ့် အခွင့်ကောင်းကြီးပဲ...မင်း ဒါကို မတားဆီးသင့်ဘူး"
ရှားဟိုကျွင်းက အပြုံးနှင့် ပြောဆိုသည်။
လုံယွင်ရှန်းက မျက်မှောင်ကြုတ်ကာ တုံ့ပြန်ပြောဆိုလေ၏။
"အကိုကျွင်း...ရှင်က အရမ်းသန်မာအားကောင်းတဲ့သူဆိုတာ ကျွန်မသိတယ်...ဒါပေမယ့် ဒီကိစ္စမှာ...ကျွန်မရဲ့အမြင်အရ...ဒါကို မေ့လိုက်တာ ပိုကောင်းလိမ့်မယ်"
ရှားဟိုကျွင်းက သူ၏မျက်ခုံးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် စုကျုံလိုက်သည်။သူက လုံယွင်ရှန်းကို စူးစိုက်ကြည့်ကာ လုယွီကို တဖန်ထပ်၍ကြည့်လေသည်။သူက အေးစက်စက်နှာတစ်ချက်မှုတ်ကာပြောဆိုလိုက်၏။
"ကောင်းပြီလေ...ဒီနေ့ ရှန်းအာရဲ့မျက်နှာနဲ့ ငါ သူ့ကို အလွတ်ပေးလိုက်မယ်"
ရှားဟိုကျွင်းနှင့်လုံယွင်ရှန်းတို့သည် တာအိုလက်တွဲဖော်များဖြစ်ကြောင်း ပတ်ဝန်းကျင်ရှိ ရှားဟိုမိသားစုဝင်များအားလုံး သိရှိထားကြသည်။
လုံယွင်ရှန်းသည် တော်ဝင်ကျောင်းတော်အတွင်း၌ ရှားဟိုကျွင်းကြောင့် အဆင့်မြင့်တက်လာခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ရှားဟိုကျွင်း၏လေသံအရ လုယွီကို အနည်းငယ်မျှပင် အရေးမစိုက်သည်မှာ သိသာထင်ရှားလှ၏။
"ဖြစ်နိုင်တာတော့ ဒီလုယွီဆိုတဲ့ကောင်က အပြင်ပန်းမှာပဲသန်မာအားကောင်းပုံရပြီးတော့ အတွင်းမှာ အားနည်းနေတာများလား...သူမှာ တကယ့်ကိုပဲ အရည်အချင်းအစစ်အမှန် မရှိတာများလား"
ပတ်ဝန်းကျင်ရှိ ရှားဟိုမိသားစုဝင်လူငယ်များက စတင်၍ ခန့်မှန်းနေကြသည်။