← Chapters

အခန်း (၂၇၉၁-၂၇၉၅)

Vol. 143 Ch. 2791-2795

အခန်း (၂၇၉၁-၂၇၉၅)

Vol. 143 Ch. 2791-2795

Chapter 2791

လုယွီက ပြောဆိုသည်။

"ငါက ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေအိုင်တစ်အိုင်ကိုအသုံးပြုခွင့်...နှစ်တစ်သောင်းသက်တမ်းရှိတဲ့ဆေးပင်တွေနဲ့ မင်းရဲ့နတ်ဘုရားသွေးစက်တစ်စက် လိုအပ်တယ်"

ထိုစကားလုံးများ ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဤသည်က မတန်တဆတောင်းဆိုသော အဖိုးအခပင်။

တော်ဝင်နန်းတွင်း၌ ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေအိုင်များရှိသည်။သို့ရာတွင် မီဖေးသည် ထိုအရာများကို အသုံးပြုလိုပါက အကြိမ်ရေအကန့်အသတ်ရှိပေ၏။

နှစ်တစ်သောင်းသက်တမ်းရှိသည့် ဆေးပင်များဟူသည်မှာ အနည်းဆုံး အလယ်ခေတ်အတွင်းမှ စတင်ရှင်သန်ကြီးထွားလာသော ဆေးပင်များ ဖြစ်ရပေမည်။ထိုဆေးပင်များသည် သက်တမ်းရင့်ရုံသာမက အလွန်အမင်းအဖိုးတန်ရှားပါးသည်။

ထို့ပြင် နှစ်တစ်သောင်းသက်တမ်းရှိသော ဆေးပင်တစ်ပင် ထွက်ပေါ်လာချိန်တိုင်း လေလံပွဲများတွင် နောက်ဆုံးရတနာအဖြစ် လေလံတင်လေ့ရှိသည်။မြင့်မြတ်သော ဆေးနယ်မြေများထံတွင်ပင် ထိုဆေးပင်မျိုး ရှိနိုင်မည်မဟုတ်ချေ။တော်ဝင်နန်းတော်ကဲ့သို့ နေရာမျိုးတွင်သာ ထိုဆေးပင်များရှိသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုအရာများသည် အလွန်အမင်း အဖိုးတန်ရှားပါးသောအရာပင်။

နောက်ဆုံးတောင်းဆိုချက်မှာ တစ်စုံတစ်ယောက်၏နယ်နမိတ်ကို ဖြတ်ကျော်နင်းခြင်းနှင့် တူညီပေ၏။ဤသည်က အလွန်တရားလွန်သော တောင်းဆိုချက်ပင်။

နတ်ဘုရားများအတွက် နတ်ဘုရားသွေးစက်ဟူသည်မှာ ကျင့်ကြံသူများ၏အစစ်အမှန်သွေးစက်ကဲ့သို့ အဖိုးတန်ရှားပါးသောအရာဖြစ်ပြီး သွေးစက်တစ်စက်စီတိုင်းတွင် အလွန်ပြင်းထန်သောစွမ်းအားများကို သိပ်သည်းထားသည်။

နတ်ဘုရားတစ်ပါး၏ အယုံကြည်ရဆုံးနှင့် အားအထားရဆုံး ယုံကြည်ကိုးကွယ်သူများသာ နတ်ဘုရားသွေးစက်ကိုရရန် ထိုက်တန်သည်။

အပြင်လူများအနေဖြင့် နတ်ဘုရားသွေးစက်ကိုရရှိရန်မှာ မဖြစ်နိုင်ချေ။

ထို့ပြင် မီဖေးသည် သာမာန်နတ်ဘုရားတစ်ပါးမဟုတ်ချေ။

လော့ရှန်းမျိုးနွယ်အတွင်းရှိ သူမ၏နတ်ဘုရားအဆင့်အတန်းသည် ရှေးဟောင်းခေတ်ကာလအတွင်းရှိ နတ်ဘုရားတစ်ပါးထံမှ အမွေအနှစ်ဆက်ခံထားခြင်းဖြစ်သည်။ဤသည်က ရှေးကျကာ အခြေခံအုတ်မြစ်နက်ရှိုင်းသော နတ်ဘုရားတစ်ပါးပင်။

မီဖေးကိုယ်တိုင်သည်လည်း ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်ဖြစ်သည်။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် ကြွေလွင့်သွားသည့်တိုင် သူ၏ကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော တော်ဝင်အရှိန်အဝါသည် သာမာန်လူများ လွယ်လင့်တကူ ရန်စစော်ကားနိုင်မည့်အရာမျိုးမဟုတ်ချေ။

"ကောင်လေး...မင်းသေရမှာ သေချာတယ်...မင်းက ဘယ်လိုအတွေးမျိုးနဲ့ မီဖေးရဲ့ရှေ့မှာ အဆင်အခြင်မဲ့ပြီး မောက်မာရိုင်းစိုင်းဝံ့တာလဲ....တကယ်လို့ မင်း ဒီပုံစံအတိုင်းသာ ဆက်ပြီးစကားပြောဝံ့တယ်ဆိုရင် မင်း သေရမှာသေချာတယ်"

ဆရာသခင်ဝူက နာကျည်းမုန်းတီးသောအကြည့်မျိုးဖြင့် လုယွီကို စူးစိုက်ကြည့်ကာ ပြောဆိုသည်။

မူလက သူသည် နန်းတော်တစ်ခုလုံး၏ အဓိကအာရုံစိုက်စရာဖြစ်သော်လည်း မီဖေး နိုးထလာပြီးနောက် လုယွီကို သူမအားကုသပေးရန် ပြောဆိုခဲ့သည်။ထိုအချိန်မှစ၍ သူသည် အပိုလူတစ်ယောက်ကဲ့သို့ ဖြစ်သွားလေ၏။

ဒေါသထွက်မှု...မနာလိုမှု...မုန်းတီးမှု...

စိတ်ခံစားချက်မျိုးစုံသည် ဆရာသခင်ဝူ၏စိတ်နှလုံးသားအတွင်း၌ စုဝေးနေပြီး ထိုခံစားချက်များကို သူ ဖုံးဖိထား၍ မရနိုင်တော့ချေ။

သူသည် မီဖေးအပေါ်သို့ စိတ်မကျေမနပ်မဖြစ်ဝံ့သဖြင့် သူ၏စိတ်နှလုံးသားအတွင်းရှိ နာကျည်းမုန်းတီးမှုများအားလုံးကို လုယွီ၏ခေါင်းပေါ်တင်လိုက်သည်။

ယခုချိန်၌ လုယွီသည် မတန်တဆအဖိုးအခကို တောင်းဆိုဝံ့သည်အား မြင်တွေ့ချိန်တွင် သူ အလွန်ပျော်ရွှင်သွားခဲ့သည်။လုယွီသည် ချက်ချင်းကံဆိုးမိုးမှောင်ကျတော့မည်ဟု သူ တွေးထင်လိုက်၏။

ဟမ့်...

တိကျသေချာစွာပင် မီဖေးက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်ရာ နန်းတော်အတွင်းရှိလေထုတစ်ရပ်လုံး ချက်ချင်းဆိုသလိုပင် အေးစက်မှုသို့ ပြောင်းလဲသွားသည်။

ကျန်းယုချင်က ပျာပျာသလဲ ပြောဆိုသည်။

"အရှင်မ...ဒေါသမထွက်ပါနဲ့...ဒါက တောင်းဆိုမှုအဆင့်ပဲရှိသေးတာကြောင့် ကျွန်မတို့ ညှိနှိုင်းလို့ရတယ်လေ"

ထိုသို့ပြောဆိုပြီးနောက် ကျန်းယုချင်က သူမ၏မျက်လုံးဖြင့် လုယွီကို အချက်ပြကာ အလွန်အကျွံမလုပ်ရန် သတိပေးလိုက်၏။

လုယွီက ခေါင်းခါပြလေသည်။

"ဒီတောင်းဆိုချက်တွေထဲက ဘယ်အရာကိုမှ ငါ လျှော့မပေးနိုင်ဘူး...တော်ဝင်နန်းတွင်းမှာ အစွမ်းထက်ပညာရှင်တွေ အများကြီးရှိတယ်...အဲ့ဒီအစွမ်းထက်ပညာရှင်တွေက ဒီကျိန်စာကို ဖယ်ရှားပေးနိုင်မလားဆိုတာ မီဖေးက ကြိုးစားကြည့်နိုင်တယ်"

ဆရာသခင်ဝူက မအောင့်အည်းနိုင်တော့ဘဲ သရော်တော်တော် ဝင်ရောက်ပြောဆိုသည်။

"မင်းက တကယ့်ကို လေလုံးထွားတဲ့ကောင်ပဲ...တော်ဝင်နန်းတွင်းရဲ့အစွမ်းထက်ပညာရှင်တွေတောင် မတတ်နိုင်တဲ့ကိစ္စဆိုရင်...မင်းလိုကောင်မျိုးကရော စွမ်းဆောင်နိုင်မှာလား"

"ငါ လုပ်နိုင်တယ်"

လုယွီက တည်ငြိမ်စွာ ဆက်လက်ပြောဆိုလေ၏။

"ကောင်းကင်ဘုံနယ်မြေက ကြီးမားကျယ်ပြန်ပေမယ့် ငါ တစ်ယောက်တည်းကပဲ ဒီကျိန်စာကို ဖယ်ရှားပေးနိုင်တယ်"

မီဖေး၏မျက်လုံးများ တောက်ပသွားသည်။

"ဒီကျိန်စာကို ဖယ်ရှားဖို့ ငါ့ကိုကူညီပေးနိုင်မယ်ဆိုရင်...မင်း တောင်းဆိုသမျှအရာအားလုံး ငါ ပေးမယ်"

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိလူများအားလုံး ချက်ချင်းဆိုသလိုပင် အခြေအနေကို နားလည်သဘောပေါက်သွားသည်။

မီဖေးခံစားနေရသော ရောဂါဝေဒနာသည် ယင်အဆိပ်မဟုတ်ဘဲ ကျိန်စာပင်။

အစကတည်းကစတင်၍ သူတို့၏ကုသမှုဦးတည်ချက်သည် လွဲချော်နေလေ၏။

"ဒီငယ်သားတွေက နားဝေတိမ်တောင်ဖြစ်နေပြီးတော့ အရှင်မအတွက် ကုသမှုကို နှောင့်နှေးကြန့်ကြာစေခဲ့မိတယ်"

တော်ဝင်သမားတော်များအားလုံး အလျှင်အမြန်ဒူးထောက်ကာ တောင်းပန်လိုက်ကြသည်။

ဆေးပညာရှင်များ၏မျက်နှာအမူအယာများသည်လည်း တောင့်တင်းကာ ပြာနှမ်းသွားသည်။

ယခင်က သူတို့သည် ဆရာသခင်ဝူ၏အယူအဆကို ထောက်ခံအားပေးခဲ့ကာ မီဖေး၏ရောဂါသည် ယင်အဆိပ်ကြောင့်ဖြစ်သည်ဟု အစဥ်အမြဲတွေးတောခဲ့ကြ၏။

မီဖေးက သူမ၏ဝေဒနာသည် ကျိန်စာကြောင့်ဟု ဝန်ခံလိုက်မည်ကို မည်သူက မျှော်လင့်ထားမိမည်နည်း။

သူတို့သည် အချိန်အတော်ကြာ အပြင်းအထန်ကြိုးစား၍ ဧကရာဇ်အဆင့်ဆေးလုံးကို သန့်စင်ခဲ့သည်။အဆုံးသတ်၌ ထိုအရာများအားလုံးအလဟဿ ဖြစ်သွားလေပြီ။

Chapter 2792

ဆရာသခင်ဝူ၏မျက်နှာ သုန်မှုန်နေပေ၏။သူသည် နံဘေးတစ်ဖက်၌ မတ်တတ်ရပ်ကာ မည်သည့်စကားမျှ ထပ်မဆိုတော့ချေ။

အစောပိုင်းက လုယွီကို သူ လှောင်ပြောင်သရော်ခဲ့သော စကားများသည် ဤအချိန်အခိုက်အတန့်တွင် သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

လုယွီက မီဖေးကို ကြည့်လိုက်၏။

"မင်း ထပ်ပြီးတောင့်ခံနေစရာမလိုတော့ဘူး...ငါ့ရဲ့တောင်းဆိုချက်တွေကို မင်း သဘောတူပြီးပြီဆိုမှတော့ ငါ မင်းကို ကုသပေးမယ်"

မီဖေးသည် လုယွီကို မှတ်သားထားလိုသည့်အလား သူမ၏လှပသောမျက်လုံးတစ်စုံဖြင့် လုယွီကို စိုက်ကြည့်နေသည်။

"ဒါဆိုလည်း မင်း ဘာလုပ်မယ်ဆိုတာကိုပဲ ကြည့်ရတော့မယ်"

မီဖေးသည် အချိန်အတော်ကြာ တောင့်ခံနေပြီးနောက် သူမ၏အကန့်အသတ်အခြေအနေသို့ ရောက်ရှိသွားပုံရသည်။

သူမ၏ခန္ဓာကိုယ် အနည်းငယ်ခါယမ်းသွားပြီးနောက် သူမက ညင်သာစွာ လဲကျသွားကာ သတိလစ်မေ့မျောသွားတော့သည်။

"အား...အရှင်မ...."

ကျန်းယုချင်က ထိတ်လန့်တကြားအော်ဟစ်ကာ မီဖေးကို ပွေ့ထူလိုက်၏။

"မင်း ဘာမှစိုးရိမ်နေစရာမလိုဘူး...သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ကျိန်စာက ခုထိလုံးလုံးလျားလျား ပျက်ပြယ်မသွားသေးဘူး...သူ ခုဏက နိုးထလာတာက ယာယီပဲ"

လုယွီက ရှေ့သို့လျှောက်လှမ်းသွားကာ မီဖေး၏နဖူးကို စစ်ဆေးလိုက်သည်။သူ၏စိတ်နှလုံးသားအတွင်း၌ ကောက်ချက်ချပြီးသား ဖြစ်သည်။

ကျန်းယုချင်က လုယွီ၏အင်္ကျီကို ဆုပ်ကိုင်ကာ တောင်းပန်စကားပြောလေသည်။

"လုယွီ နင်က အရှင်မရဲ့ခန္ဓာကိုယ်ပေါ်က ကျိန်စာကို ထွင်းဖောက်မြင်နိုင်မှတော့ နင်မှာ ဖယ်ရှားနိုင်တဲ့နည်းလမ်းရှိမှာပါ...ဟုတ်တယ်မလား...ဒီတစ်ကြိမ်တော့ ငါ နင့်ကိုပဲ မှီခိုအားထားရတော့မယ်"

နံဘေးဘက်တွင် မတ်တတ်ရပ်နေသော တော်ဝင်သမားတော်များကလည်း လုယွီကို ဦးညွှတ်အရိုအသေပြုကာ ပြောဆိုသည်။

"အရင်က ငါတို့အားလုံး မျက်လုံးကန်းပြီးတော့ ထိုက်တောင်ကြီးကို မမြင်ခဲ့မိဘူး...ကျေးဇူးပြုပြီးတော့ အရှင်မကို ကယ်တင်ပေးပါ"

လုယွီက မျက်လုံးစုံမှိတ်ကာ အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။

"ငါ ဆေးဖော်စပ်ဖို့အတွက် ဆေးပင်တချို့လိုအပ်တယ်...ငါ့ကို စာရွက်နဲ့စုတ်တံပေးစမ်း"

ရုတ်ချည်းဆိုသလိုပင် နန်းတွင်းအစေခံများက လုယွီ၏ရှေ့၌ စာရွက်တစ်ရွက်ကို ဖြန့်ပေးလိုက်သည်။

လုယွီသည် ဆေးညွှန်းကို ယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီးလေပြီ။သူ ရေးချလိုက်သည်နှင့် မကြာမီမှာပင် ဆေးဖက်ဝင်ပစ္စည်းအမျိုးအစားတစ်ရာကျော်၏အမည်များက စာရွက်ပေါ်၌ ထွက်ပေါ်လာသည်။

"များလှချည်လား..."

တော်ဝင်သမားတော်များနှင့် ဆေးပညာရှင်များသာမက ဆေးပညာကိုနားမလည်သော နန်းတွင်းအစေခံများနှင့်မိန်းမစိုးများပင်လျှင် ထိတ်လန့်တုန်လှုပ်သွားသည်။

ယေဘုယျကျကျပြောဆိုရလျှင် ဆေးပညာရှင်တစ်ယောက် ဆေးသန့်စင်ချိန်တွင် ဆေးပင်ဆယ်ပင်ကျော်ခန့်သာ လိုအပ်သည်။အများဆုံးအနေဖြင့် သူတို့ ဆေးသန့်စင်ရာတွင် ဆေးပင်သုံးဆယ်ထက် မပိုချေ။

ဤသည်က ဆေးပင်အမြောက်အများ အသုံးပြုခြင်းသည် မကောင်း၍ဟူ အဓိပ္ပါယ်ရခြင်းမဟုတ်ချေ။အကြောင်းအရင်းမှာ ဆေးပညာရှင်တိုင်းသည် မီးတောက်ကိုထိန်းချုပ်ရာ၌ အသုံးပြုရသော စွမ်းအားနှင့်အရည်အချင်းသည် အကန့်အသတ်ရှိသောကြောင့်ပင်။

အကယ်၍ တစ်စုံတစ်ယောက်သည် အလွန်များပြားသောဆေးပင်များကို တစ်ကြိမ်တည်းနှင့်သန့်စင်ပါက ထိုဆေးပင်များ၏ဂုဏ်သတ္တိများအချင်းချင်း ပဋိပက္ခဖြစ်သွားနိုင်သည်။အကယ်၍ ထိုသူသည် ပဋိပက္ခဖြစ်မှုကို ကောင်းမွန်စွာထိန်းချုပ်နိုင်ခြင်းမရှိပါက ဆေးလုံးအဖြစ်ဖွဲ့စည်းနိုင်သည့်တိုင် အသုံးမဝင်သောအရာ ဖြစ်သွားပေမည်။

ထို့ကြောင့် ဆေးသန့်စင်မှုအောင်မြင်နိုင်စေရန်အလို့ငှာ ဆေးညွှန်းအများစုသည် အကောင်းဆုံးကြိုးစား၍ ဆေးပင်အရေအတွက်ကို ကန့်သတ်ထိန်းချုပ်ကြသည်။

လုယွီကဲ့သို့ ဆေးပင်တစ်ရာကျော်ကို တစ်ကြိမ်တည်း ရေးသားလိုက်ခြင်းမှာ မကြုံစဖူးကိစ္စရပ်မျိုးပင်။

တော်ဝင်သမားတော်တစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"မင်းက ဒါတွေကို အသုံးပြုပြီးတော့ ဆေးလုံးဘယ်လောက်များများကို သန့်စင်ချင်တာလဲ"

လုယွီက ခေါင်းမော့ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"ဆေးလုံးတစ်လုံးတည်းနဲ့ ကျိန်စာကိုဖယ်ရှားဖို့လုံလောက်တယ်"

မီဖေး ခံစားနေရသော ကျိန်စာသည် သူကုသရန်အတွက် အနည်းငယ် ခေါင်းခဲစေသည်။အကယ်၍ သူ ထိုကျိန်စာကို အပြည့်အဝဖယ်ရှားလိုပါက ကွဲပြားခြားနားသောဆေးလုံးအမြောက်အများလိုအပ်သည်။

သို့ရာတွင် လုယွီ၏အချိန်သည် အလွန်အမင်း တန်ဖိုးရှိပေ၏။မည်သည့်နည်းဖြင့် ထိုကိစ္စပေါ်တွင် သူ၏အချိန်ကို ဖြုန်းတီးနိုင်မည်နည်း။

လုယွီသည် ထိုဆေးလုံးများအားလုံးကိုပေါင်းစပ်၍ ဆေးလုံးတစ်လုံးတည်းအဖြစ် အသုံးပြုလိုသည်။

ဤနည်းလမ်းသည် ဆေးပညာရပ်၏စည်းမျဥ်းကို ဆန့်ကျင်နေသည်။မဟာသခင်အဆင့် ဆေးပညာရှင်တချို့ပင်လျှင် ဤနည်းလမ်းကို မဆင်မခြင် ကြိုးစားကြည့်ဝံ့မည်မဟုတ်ချေ။

သို့ရာတွင် လုယွီသည် ဆေးနတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့သူဖြစ်သည်။အတိတ်ဘဝတွင် သူသည် မရေမတွက်နိုင်သော သေရေးရှင်ရေးအတွေ့အကြုံများကြားမှနေ၍ ဤနည်းလမ်းကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ထို့ကြောင့် ဤကိစ္စအပေါ်တွင် သူ အခိုင်အမာယုံကြည်ချက်ရှိသည်။

လုယွီသည် ဆေးလုံးတစ်လုံးသာသန့်စင်ရန် လိုအပ်ကြောင်း ပြောဆိုသည်ကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိ တော်ဝင်သမားတော်များနှင့်ဆေးပညာရှင်များအားလုံး သက်ပြင်းရှိုက်လိုက်ကြ၏။

ဤသည်က ဆေးပင်အမျိုးအစား တစ်ရာကျော်ပင်။

ထို့ပြင် ဆေးပင်အများစုသည် အလွန်အမင်းအဖိုးတန်ပြီးရှားပါးသော မျိုးစိတ်များဖြစ်သည်။

တော်ဝင်နန်းတွင်း၏ဘဏ္ဌာတိုက်ဖြစ်သဖြင့် ထိုဆေးညွှန်းပေါ်ရှိ ဆေးပင်များအားလုံး အတွင်း၌ရှိနေသည်။သို့ရာတွင် ထိုဆေးပင်များကိုအသုံးပြု၍ အောင်မြင်စွာ ဆေးသန့်စင်နိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။

နံဘေးဘက်မှတစ်ချိန်လုံးစောင့်ကြည့်နေသော ဆရာသခင်ဝူက အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။

"တကယ်လို့ မင်း ဆေးပညာအကြောင်းကို နားမလည်ဘူးဆိုရင်လည်း...အရည်အချင်းရှိချင်ယောင်ဆောင်မနေနဲ့....မင်းက အရှင်မမီရဲ့ဝေဒနာကို ဘယ်လိုမျိုးထွင်းဖောက်မြင်နိုင်လဲဆိုတာ ငါ မသိပေမယ့်...မင်းက ဒီဆေးပင်တွေအားလုံးကို အသုံးပြုပြီး ဆေးသန့်စင်မယ်ဆိုရင်တော့ ဒါက အိမ်မက်မက်နေတာပဲ"

Chapter 2793

လုယွီက စာရေးသားနေခြင်းကို ရုတ်တရက်ရပ်တန့်လိုက်ကာ သူ၏မျက်လုံးအကြည့်က အေးစက်တင်းမာသွားသည်။

"မင်းတို့ ငါ့ကို ဆက်ပြီးဆေးသန့်စင်စေချင်တယ်ဆိုရင်....သူ့ကို ဒီနေရာမှာ မတ်တတ်ရပ်မနေစေနဲ့"

လုယွီက ဆရာသခင်ဝူကို လက်ညှိုးညွှန်၍ ပြောဆိုသည်။

ဆရာသခင်ဝူက အလွန်ဒေါသထွက်သွားကာ အော်ဟစ်လိုက်၏။

"ကောင်လေး...မင်း သေချင်နေတာလား"

သူသည် အဆင့်အတန်းမြင့်မားသူတစ်ယောက်ဖြစ်သဖြင့် မည်သည့်နေရာသို့သွားသည်ဖြစ်စေ မြင့်မြတ်သောဧည့်သည်တော်တစ်ယောက်အဖြစ် ဆက်ဆံခြင်းခံရသည်။မည်သည့်အချိန်မှစ၍ သူသည် လူသူအများရှေ့တွင် မောင်းထုတ်ခံရသော လူစားမျိုးအဖြစ်သို့ ရောက်ရှိသွားသနည်း။

"ငါ နှစ်ခါထပ်မပြောချင်ဘူး...တကယ်လို့ ငါ့ကို ဆေးသန့်စင်စေချင်တယ်ဆိုရင် သူ ဒီအခန်းထဲမှာ ထပ်ရှိနေစရာမလိုဘူး"

လုယွီက သူ၏လက်ကိုနောက်ပစ်ကာ အနားယူသည့်အနေဖြင့် သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။

"ဟား ဟား ဟား...ဘယ်လိုဟာသမျိုးလဲ...ကျိန်စာကို ဘယ်လိုဖယ်ရှားရမယ်ဆိုတာကိုသိတာ မင်း တစ်ယောက်တည်းလို့ ထင်နေတာလား...ငါ ဆေးသန့်စင်လာတာ နှစ်တွေအများကြီးကြာနေပြီ...ပြီးတော့ ငါ့ဆီမှာ ကျိန်စာတွေကိုဖယ်ရှားဖူးတဲ့ အတွေ့အကြုံတချို့လည်းရှိတယ်...ငါဆီမှာ ကျိန်စာတွေကိုဖယ်ရှားနိုင်တဲ့နည်းလမ်း ဆယ်ခုမကရှိတယ်...မင်းက ငါ့ကို ထွက်သွားခိုင်းနိုင်တဲ့ အရည်အချင်းမျိုး မင်းဆီမှာရှိနေလို့လား"

ဆရာသခင်ဝူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

သို့ရာတွင် လုယွီက တုံ့ပြန်အဖြေပေးခြင်းမရှိချေ။သူ၏မျက်လုံးကိုစုံမှိတ်ကာ အနားယူနေဆဲပင်။

မီဖေး၏နောက်တွင်ရှိနေသော ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဆရာသခင်ဝူ...မင်း အရင်ထွက်သွားပြီးတော့...လုယွီကို ဆေးသန့်စင်ခွင့်ပြုလိုက်ပါ"

ဘာ...

ဆရာသခင်ဝူ၏နဖူးရှိ သွေးကြောများ ဖောင်းကြွလာကာ သူ၏မျက်နှာနီမြန်းသွားပြီး ပြောဆိုလိုက်၏။

"မင်းတို့အားလုံး ရူးနေတာလား...ဖြစ်နိုင်တာတော့ မင်းတို့အားလုံးက မင်းတို့ရဲ့မျှော်လင့်ချက်တွေကို ဒီကောင်စုတ်လေးအပေါ် ပုံအပ်ထားတာလား"

"ငါက အသက်ဆယ်နှစ်မှာ စပြီးဆေးဖော်စပ်ခဲ့တယ်...အသက်နှစ်ဆယ်မှာ ဆေးပညာအစည်းအရုံးရဲ့ အသိအမှတ်ပြုလက်မှတ်ကို ငါ ရခဲ့တယ်...ငါ အသက်ခြောက်ဆယ်ပြည့်တဲ့အချိန်မှာ ကောင်းကင်အဆင့်ဆေးပညာရှင် ဖြစ်လာခဲ့တယ်...ငါ့ရဲ့ဘဝတလျှောက်လုံးမှာ ဆေးလုံးတွေ မရေမတွက်နိုင်အောင် ဖော်စပ်ခဲ့တယ်....မင်းတို့အားလုံးက သူပြောတာကိုယုံကြည်ပြီးတော့ ဘာလို့ငါ့ကိုမယုံကြည်ကြတာလဲ"

"သူက ဆေးပညာရဲ့စည်းမျဥ်းတွေကို နားလည်လို့လား...သူက ကွဲပြားခြားနားတဲ့ဆေးပင်တွေကို ဘယ်လိုရောစပ်ရမယ်ဆိုတာကိုရော သိရဲ့လား...ဒီလိုမျိုး ဆေးပင်တစ်ရာကျော်ပါတဲ့ ပေါက်ကရဆေးညွှန်းကို ရေးထားတဲ့သူက ဘယ်လိုနည်းနဲ့မှ ဆေးပညာရှင်တစ်ယောက် မဟုတ်နိုင်ဘူး...မင်းတို့က အရှင်မမီရဲ့အသက်ကို တန်ဖိုးမထားကြဘူးပဲ"

ဆရာသခင်ဝူ၏ဒေါသထွက်နေမှုမှာ အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။

ဤအချိန်တွင် သူ၏အပြူအမူကို ထိန်းချုပ်မထားနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

သို့ရာတွင် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် ဆရာသခင်ဝူ၏အဆင့်အတန်းကို များစွာဂရုစိုက်ပုံမရဘဲ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ငါက သူ့ကိုဆေးသန့်စင်ဖို့ အရှင်မက အမိန့်ပေးခဲ့တယ်ဆိုတာ တစ်ခုတည်းပဲသိတယ်...ဆရာသခင်ဝူ....ကောင်းကောင်းအနားယူလိုက်ပါ...မင်းကိုဖိအားပေးရအောင် ငါ့ကိုမလုပ်နဲ့"

ထိုစကားကိုပြောဆိုနေစဥ်တွင် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး၏ခန္ဓာကိုယ်မှ အစွမ်းထက်သော မှော်စွမ်းအင်လှုပ်ခတ်မှုများ ထွက်ပေါ်နေသည်။

ထိုမိန်းမစိုးသည် မီဖေး၏နံဘေးတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သဖြင့် သူ၏ခွန်အားမှာ မဆိုးလှချေ။

ထိုမိန်းမစိုးများသည် အစေခံများဖြစ်ရုံသာမက တော်ဝင်နန်းတွင်းမှ မြင့်မြတ်သူများ၏သစ္စာရှိလူယုံများလည်းဖြစ်သည်။သူတို့သည် အတွင်းနန်းတော်မှနေ၍ ကျင့်ကြံမှုနည်းစနစ်များနှင့်အရင်းအမြစ်များကို ရရှိကြသည်။သူတို့သည် သစ္စာရှိရုံသာမက တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောစွမ်းအားမျိုးကို ပိုင်ဆိုင်ထားပေ၏။

သူတို့၏မျက်လုံးအတွင်း၌ သူတို့၏အရှင်သခင်သာရှိသည်။တခြားမည်သူမည်ဝါကိုမျှ သူတို့ ဂရုစိုက်နေမည်မဟုတ်ချေ။

ဟမ့်...

ဆရာသခင်ဝူက သူ၏အင်္ကျီလက်ကိုခါယမ်းကာ ထွက်ခွာသွားတော့သည်။သူက ခြေလှမ်းကျဲကြီးများဖြင့် တံခါးအနီးသို့လျှောက်လှမ်းသွားကာ ပြောဆိုသည်။

"မင်းတို့ ငါ့ကိုနှင်ထုတ်ဖို့မလိုဘူး...ငါ့ဟာငါ ထွက်သွားမယ်"

ဆေးပညာရှင်များသည် ဆရာသခင်ဝူ ထွက်သွားသည်ကိုမြင်တွေ့ချိန်တွင် သူတို့သည် ဤနေရာ၌ ဆက်၍နေရမည်ကို ရှက်ရွံကြသဖြင့် သူ့နောက်သို့ လိုက်ပါသွားကြ၏။

"ငါတို့....အခု ထွက်သွားသင့်လား"

ဆေးပညာရှင်တစ်ယောက်က ရှက်ရွံနေသောလေသံဖြင့် မေးမြန်းသည်။

သူတို့သည် ဆေးဖော်စပ်ရန် ဤနေရာသို့ရောက်ရှိလာခြင်းဖြစ်သည်။သူတို့ ဖော်စပ်ထားသောဆေးလုံးသည် အရှင်မမီ၏ဝေဒနာကို ကုသနိုင်မည်ဟု သူတို့အားလုံးတွေးထင်ခဲ့ကြသည်။သို့ရာတွင် သူတို့၏ဆေးကုသမှုသည် ယခင်ကတည်းက မှားယွင်းနေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

ရောဂါဝေဒနာကို ကောက်ချက်ချရာတွင် သူတို့သည် လူငယ်တစ်ယောက်ကို ရှုံးနိမ့်ခဲ့ရသဖြင့် ဆေးပညာရှင်အများစုသည် ရှက်ရွံသကဲ့သို့ ခံစားနေရ၏။

ဤနေရာ၌ သူတို့ ဆက်၍နေနေပါက ပို၍အရှက်ရဖွယ်ဖြစ်ပေမည်။

"ဘာလို့ ထွက်သွားရမှာလဲ....ဆေးပင်တစ်ရာကျော်ကို အသုံးပြုပြီးတော့ ဆေးလုံးဖွဲ့စည်းနိုင်တဲ့ ဆေးပညာရှင်မျိုးကို ငါ တစ်ခါမှမမြင်ဖူးသေးဘူး....ဒီနေ့ ငါက အံ့အားသင့်ဖွယ်ကောင်းတဲ့ဆေးလုံးမျိုးကို မဟာဆရာသခင်တစ်ယောက်က ဘယ်လိုမျိုးသန့်စင်မလဲဆိုတာ ငါကြည့်ချင်တယ်"

ဆရာသခင်ဝူသည် သူ၏စကားအတွင်း၌ 'မဟာဆရာသခင်'ဟူသောစကားလုံးကို ရည်ရွယ်ချက်ရှိရှိဖိပြောလိုက်၏။သူ၏မျက်လုံးအတွင်း၌ ပြက်ရယ်ပြုလှောင်ပြောင်သရော်လိုမှုများနှင့် ပြည့်နှက်နေသည်။

လုယွီသည် ပေါက်ကရစကားများကို ပြောဆိုနေသည်ဟု သူ အတပ်ပြောနိုင်ပေ၏။

ဤကဲ့သို့ဆေးလုံးမျိုးကို သန့်စင်နိုင်ရန်မှာ တစ်ဦးတစ်ယောက်တည်း၏စွမ်းအားဖြင့် မဖြစ်နိုင်ချေ။အကယ်၍ ထိုကဲ့သို့ ဆေးလုံးမျိုးကို မဖြစ်မနေသန့်စင်ရမည်ဆိုလျှင်ပင် အတွေ့အကြုံရင့်ကျက်သော ဆေးပညာရှင်အမြောက်အများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

Chapter 2794

"ဒီဆေးပင်တွေကို ယူလာခဲ့တော့"

ဆေးညွှန်းကို လုယွီရေးသားပြီးချိန်တွင် အနီးပတ်ဝန်းကျင်ရှိ တော်ဝင်သမားတော်များအားလုံး ကြက်သေသေသွားသည်။

ဆေးညွှန်းတစ်ခုလုံးတွင် ဆေးပင်ပေါင်း၂၀၈မျိုးပါဝင်ကာ အများစုသည် သာမာန်ဆေးပင်များဖြစ်သော်လည်း အလွန်အမင်း အဖိုးတန်ရှားပါးသောဆေးပင်တချို့ ပါဝင်နေသည်။

အမှန်အားဖြင့် တချို့ဆေးပင်များ၏ဂုဏ်သတ္တိများသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေပေ၏။ဆေးပညာကျမ်းစာများအတွင်း၌ ထိုဆေးပင်များကို ရောစပ်အသုံးပြု၍မရဟု ဖော်ပြထားသည်။

ဆေးညွှန်းပေါ်၌ ရေးသားထားသော ဆေးပင်များနှင့် အချိုးအစားပမာဏကို ပြွတ်သိပ်စွာရေးသားထားသည်မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။

"မင်း ဒီဆေးပင်တွေအားလုံးကို အသုံးပြုပြီးတော့ ဆေးသန့်စင်ချင်တာ သေချာလား"

တော်ဝင်သမားတော်တစ်ယောက်က သံသယအပြည့်ဖြင့် မေးမြန်းသည်။

တခြားနန်းတွင်းအစေခံများနှင့်မိန်းမစိုးများကလည်း သံသယဖြင့် လုယွီကို ကြည့်နေကြ၏။

လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေဆဲဖြစ်ကာ သူက တည်ငြိမ်စွာပြောဆိုသည်။

"မင်းတို့ အဲ့ဒါတွေကို သွားယူနိုင်ပြီ"

အမှန်အားဖြင့် ထိုဆေးပင်များသည် ဆေးလုံးနှစ်ဆယ်ကျော်စာကို အတူတကွပေါင်းစပ်၍ ဖော်စပ်မည့်ဆေးလုံးဖြစ်သည်ကိုသာ သိရှိသွားပါက ထိုတော်ဝင်သမားတော်များ၏မျက်နှာအမူအယာများ မည်ကဲ့သို့ဖြစ်သွားမည်ကို မည်သူမျှမသိနိုင်ချေ။

တော်ဝင်သမားတော်များသည် စောဒကမတက်ဝံ့ကြသဖြင့် ထိုဆေးပင်များကိုယူဆောင်ရန် လူတချို့ကို အလျှင်အမြန်စေလွှက်လိုက်သည်။

ဤကဲ့သို့အချိန်အခိုက်အတန့်မျိုးတွင် တော်ဝင်နန်းတွင်း၏အရေးပါအရာရောက်ပုံသည် သိသာထင်ရှားလှ၏။

သူ ရေးသားထားသောဆေးညွှန်းတွင် အမျိုးအစားစုံလင်သော ဆေးပင်များပါဝင်သည်။ထိုဆေးပင်များအနက်မှ တချို့သည် အလွန်အဖိုးတန်ရှားပါးကာ ပြင်ပလောကတွင် ရှာမတွေ့နိုင်ချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုဆေးပင်များ၏အမည်များကို မြင်တွေ့သော်လည်း တော်ဝင်သမားတော်များသည် အံ့အားသင့်သွားခြင်းမရှိချေ။ထိုအစား သူတို့ကိုကြည့်ရသည်မှာ ကျင့်သားရနေပုံ ပေါ်လွင်နေသည်။

တော်ဝင်နန်းတွင်းတွင် လောကကြီးအတွင်းမှ အဖိုးတန်ရှားပါးသောဆေးပင် အမြောက်အများကို စုဆောင်းထားသည်။ဘဏ္ဏာတိုက်အတွင်း၌ ဆေးပင်များစုဆောင်းထားမှုသည် အလွန်ပေါကြွယ်ဝပေ၏။လုယွီရေးသားထားသော ဆေးညွှန်းမှ ဆေးပင်များအားလုံးကို တော်ဝင်နန်းတွင်း၏ဘဏ္ဏာတိုက်အတွင်း၌ ရှာဖွေတွေ့ရှိနိုင်သည်။

အလွန်လျှင်မြန်စွာဖြင့် နန်းတွင်းအစေခံများသည် ဆေးပင်များကိုယူဆောင်၍ နန်းဆောင်အတွင်းသို့ ပြန်လည်ရောက်ရှိလာကြသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နန်းဆောင်အတွင်း၌ အမျိုးအစားစုံလင်သောဆေးပင်များဖြင့် ပြည့်နှက်သွားသည်။ဆေးပင်အမျိုးအစားတစ်မျိုးစီတိုင်းကို သန့်စင်သောကျောက်စိမ်းသေတ္တာအတွင်း၌ ထည့်ထားလေ၏။ထိုဆေးပင်များအားလုံး၏အရည်အသွေးမှာ လွန်စွာမြင့်မားသည်။

"ဒါက မိုးကောင်းကင်ရဲ့လက်ဆောင်တွေကို ဖြုန်းတီးနေတာပဲ...သူ ဒီဆေးပင်တွေကိုသန့်စင်ဖို့ ဘယ်လိုစီစဥ်ထားလဲဆိုတာ ငါ ကြည့်ချင်တယ်"

ဆရာသခင်ဝူသည် နန်းဆောင်အတွင်းရှိ ဆေးပင်များကို မြင်တွေ့ချိန်တွင် သူ၏စိတ်နှလုံးသားတစ်ခုလုံး ပူပြင်းလောင်ကျွမ်းလာသကဲ့သို့ ခံစားလိုက်ရသည်။

ဤဆေးပင်များအနက်မှအများစုကို ပြင်ပတွင်ရှာဖွေ၍ မရနိုင်ချေ။

အစောပိုင်းက ဧကရာဇ်အဆင့်ဆေးလုံးကို သန့်စင်ချိန်တွင် သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် အဖိုးတန်ရှားပါးသော ထိပ်တန်းဆေးပင်တချို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။သို့ရာတွင် သူ၏ဆေးပညာစွမ်းရည် အကန့်အသတ်ရှိသည်ကို သူ ကောင်းစွာသိရှိသဖြင့် ဆေးပင်အမြောက်အများကို မတောင်းဆိုခဲ့ချေ။

လုယွီက သူ့ရှေ့ရှိဆေးပင်များကို ဝေ့ဝိုက်ကြည့်ကာ ထောင့်တစ်နေရာသို့ လက်ညှိုးညွှန်လိုက်၏။

"ငါ လိုချင်တာ ခရမ်းငိုကြွေးဆေးပင်...မိုးကောင်းကင်သင်းရနံ့သစ်ရွက်မဟုတ်ဘူး...အဲ့ဒါကို ပြန်လဲပေးပါ"

တော်ဝင်သမားတော်တစ်ယောက်က ရှေ့သို့လျှောက်လှမ်းလာကာ ခရမ်းရောင်ပန်းပွင့်ကိုကောက်ယူ၍ ရှုရှိုက်ကြည့်လိုက်သည်။အချိန်တခဏကြာ​စစ်ဆေးပြီးနောက် သူက အံ့အားသင့်စွာ ပြောဆိုသည်။

"ဒါက တကယ့်ကို မိုးကောင်းကင်းသင်းရနံ့သစ်ရွက်ပဲ....ခရမ်းငိုကြွေးဆေးပင်မဟုတ်ဘူး"

မိုးကောင်းကင်သင်းရနံ့သစ်ရွက်နှင့်ခရမ်းငိုကြွေးဆေးပင်တို့၏ပုံပန်းသွင်ပြင်မှာ အလွန်တူညီသည်။တစ်စုံတစ်ယောက်သည် ထိုအရာနှစ်မျိုးကို ဂရုတစိုက် လေ့လာဆန်းစစ်ပြီးနောက်မှသာ ခွဲခြားနိုင်ပေမည်။

သို့ရာတွင် လုယွီသည် အကြည့်တစ်ချက်ဖြင့် ထိုအရာနှစ်မျိုးကို ခွဲခြားနိုင်ခဲ့လေ၏။

ဤကဲ့သို့ကျွမ်းကျင်မှုမျိုးကို ဆေးပညာတာအိုအား နှစ်ပေါင်းများစွာကြာအောင် လေ့လာလိုက်စားခဲ့သည့် သမားတော်များနှင့်ဆေးပညာရှင်များထံ၌ပင် တွေ့မြင်နိုင်ရန် လွန်စွာခက်ခဲသည်။

လုယွီပေါ်သို့ ကျရောက်နေသော သရော်တော်တော်အကြည့်များ အနည်းငယ် ပျက်ပြယ်သွားသည်။

"ဒါက ဒီအစေခံရဲ့အပြစ်ပါ...အရှင်တို့...ကျေးဇူးပြုပြီး ကျွန်မကို အသက်ချမ်းသာပေးပါ"

မှားယွင်းသောဆေးပင်ကို ယူဆောင်လာမိသည့် နန်းတွင်းအစေခံသည် ကြမ်းပြင်ပေါ်၌ဒူးထောက်ကာ အဆက်မပြတ် တောင်းပန်နေလေ၏။

"ထားလိုက်တော့...ငါကိုယ်တိုင်ပဲ သွားယူတော့မယ်"

တော်ဝင်သမားတော်တစ်ယောက်က ပြင်ပသို့ထွက်သွားကာ ခရမ်းငိုကြွေးဆေးပင်ကို ယူဆောင်လာခဲ့သည်။တစ်ချိန်တည်းမှာပင် သူသည် ဆေးမီးဖိုတစ်ခုကိုလည်း ယူဆောင်ခဲ့ပေ၏။

ထိုဆေးမီးဖို၏ပုံပန်းသွင်ပြင်သည် အလွန်အမင်းထူးခြားသည်။ထိုဆေးမီးဖိုတစ်ခုလုံးကို ကြေးနီဖြင့်သွန်းလုပ်ထားကာ မျက်နှာပြင်ပေါ်တွင် သားရဲပုံသဏ္ဍာန်အမြောက်အများနှင့် အဆောင်သင်္ကေတတချို့ကို ရေးထွင်းထားသည်။

ထိုဆေးမီးဖိုသည် လူတစ်ယောက်၏အရပ်အမြင့်တစ်ဝက်ခန့်ရှိကာ အလွန်လေးလံသည်။သို့ရာတွင် တော်ဝင်ဆေးကုသဆောင်အတွင်းရှိ တော်ဝင်သမားတော်များသည် အနည်းဆုံး စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံဆင့်ရှိပေ၏။သူတို့ထံတွင် သာမာန်မဟုတ်သောခွန်အားမျိုးရှိသဖြင့် ဆေးမီးဖိုတစ်လုံးကို သူတို့၏လက်တစ်ဖက်တည်းဖြင့်မလာရန်မှာ ခက်ခဲသောကိစ္စတစ်ရပ်မဟုတ်ချေ။

"ဒီဆေးမီးဖိုမှာ အခုလက်ရှိချိန်မှာ ငါတို့တော်ဝင်ဆေးကုသဆောင်မှာရှိတဲ့ အကောင်းဆုံးဆေးမီးဖိုပဲ...အရင်တုန်းကတော့ ငါတို့က ဒီဆေးမီးဖိုကို အပြင်လူတွေဆီမငှားဘူး...ဒါပေမယ့် မင်းက အရှင်မမီကိုကုသဖို့ ဒီနေရာကို ရောက်လာတဲ့အတွက်...ငါတို့က ဒီတစ်ကြိမ်တော့ ချွင်းချက်ထားပြီး မင်းကို ငှားလိုက်မယ်"

တော်ဝင်သမားတော်သည် ဆေးမီးဖိုကို အောက်သို့ချလိုက်ရာ လေးလံသောအရာဝတ္ထုတစ်ခု မြေပြင်ပေါ်ကျရောက်သွားသကဲ့သို့ ခပ်အုပ်အုပ်အသံတစ်သံထွက်ပေါ်လာသည်။

Chapter 2795

ဘုန်း...

ဆေးမီးဖိုက ကြမ်းပြင်ပေါ်သို့ တည်ငြိမ်စွာကျရောက်လာသည်။

ထိုဆေးမီးဖိုကိုမြင်တွေ့ချိန်တွင် ဆရာသခင်ဝူ၏မျက်ခွံများ တဆတ်ဆတ်လှုပ်သွားသည်။

"ဒါက ထိပ်တန်းအဆင့်ရှိတဲ့ သားရဲတစ်သောင်းရွှေမီးဖိုပဲ....တော်ဝင်နန်းတွင်းမှာ ဒီလိုအရည်အသွေးရှိတဲ့ဆေးမီးဖိုမျိုး တစ်ခုပဲရှိတယ်...ဆေးပညာအစည်းအရုံးအတွင်းမှာတောင် ထိပ်သီးဆေးပညာရှင်လူအိုကြီးတွေကလွဲပြီးတော့ ဒီလိုမျိုးအရည်အသွေးရှိတဲ့ ဆေးမီးဖိုမျိုးကို ဘယ်သူမှအသုံးမပြုနိုင်ဘူး"

ဆရာသခင်က ပြင်ပ၌မတ်တတ်ရပ်ကာ နန်းဆောင်အတွင်း၌ရှိနေသောဆေးမီးဖိုကို စူးစိုက်၍ကြည့်နေသည်။သူ၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

ဆေးမီးဖိုကောင်းတစ်ခုသည် ဆေးဖော်စပ်ရာ၌ အောင်မြင်မှုနှုန်းကို အကြီးအကျယ်တိုးတက်စေနိုင်သည်။

အမှန်အားဖြင့် ဆေးမီးဖိုတစ်ခုသည် ဆေးတစ်လုံး၏အရည်အသွေးကို အတိုင်းအတာတစ်ခုထိ ကန့်သတ်နိုင်ပေ၏။

နာမည်ကျော်ကြားသော ထိပ်တန်းဆေးလုံးများကို အကောင်းဆုံးဆေးမီးဖိုများကိုအသုံးပြု၍ ဖော်စပ်ခဲ့ခြင်းဖြစ်သည်။အကယ်၍ သာမာန်အဆင့်နိမ့်ဆေးမီးဖိုတစ်လုံးကိုအသုံးပြု၍ ထိပ်တန်းအဆင့်ဆေးလုံးမျိုးကို ဖော်စပ်ပါက ဆေးလုံးမဖြစ်တည်လာမီမှာပင် ဆေးမီးဖိုသည် ဆေးစွမ်းအားနှင့်မီးတောက်စွမ်းအားကို တောင့်မခံနိုင်သဖြင့် ပေါက်ကွဲသွားပေမည်။

သူသည် ဧကရာဇ်အဆင့်ဆေးလုံးကို သန့်စင်ခဲ့ချိန်ကပင် ဤဆေးမီးဖိုကိုအသုံးပြုရန် အရည်အချင်းမပြည့်မီခဲ့ချေ။

"ဒီကောင်စုတ်လေးမှာ ဘယ်လိုမျိုးကံကောင်းမှုတွေရှိနေလို့ အရှင်မမီရဲ့ခွင့်ပြုချက်ကို ရသွားတာလဲဆိုတာ ငါ သိချင်မိတယ်"

ဆရာသခင်ဝူက အံ့တင်းတင်းကြိတ်၍ ရေရွတ်လိုက်ကာ သူ၏စိတ်နှလုံးသားအတွင်း၌ မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ မီဖေးသည် လုယွီကို သူမအားကုသစေရန် အမိန့်မပေးခဲ့ပါက ထိုတော်ဝင်သမားတော်များသည် ဤကဲ့သို့ဆေးမီးဖိုမျိုးကို လုယွီအသုံးပြုရန် ငှားယမ်းမည်မဟုတ်ကြောင်း ဆရာသခင်ဝူက ကောင်းစွာသိရှိထားသည်။

"ဒါပေမယ့် ဆေးမီးဖိုရဲ့အရည်အသွေး ပိုပြီးမြင့်မားလေလေ ဆေးသန့်စင်တဲ့နည်းစနစ်တွေနဲ့ မီးတောက်ထိန်းချုပ်မှု နည်းစနစ်တွေရဲ့ လိုအပ်ချက်တွေက ပိုပြီးမြင့်မားလေလေပဲ...ငါ ဒီနေရာမှာ ရပ်နေပြီးတော့ မင်းကိုယ်မင်း ဘယ်လိုအရူးလုပ်အုံးမလဲဆိုတာ စောင့်ကြည့်နေမယ်"

အေးစက်စက်အလင်းတန်းတစ်တန်းက ဆရာသခင်ဝူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

လုယွီက ထိုဆေးမီးဖိုကိုတစ်ချက်ကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။

"ဒီဆေးမီးဖိုရဲ့အရည်အသွေးက မဆိုးဘူး"

"ဒါဆိုရင်...မင်း ဆေးစတင်ဖော်စပ်လို့ ရပြီမလား"

တော်ဝင်သမားတော်၏လေသံတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ရောယှက်နေသည်။မည်သို့ပင်ဆိုစေကာမူ မီဖေးသည် ကျိန်စာကြောင့် ဝေဒနာခံစားနေရသည်မဟုတ်လော။

သူတို့ကဲ့သို့ တော်ဝင်သမားတော်များအနေဖြင့် မီဖေး၏ဝေဒနာကို မကုသနိုင်ခြင်းမှာ တာဝန်ဝတ္တရားပျက်ကွက်ခြင်းပင်။ယခုချိန်ထိတိုင် မီဖေး နိုးထလာခြင်းမရှိသေးသဖြင့် အကယ်၍ သူမသာ တစ်စုံတစ်ခု ဖြစ်ပျက်သွားပါက ပထမဆုံး ဆိုးကျိုးခံစားရမည်မှာ သူတို့သာဖြစ်သည်။

လုယွီသည် ဆေးဖော်စပ်ပြီးနောက် မီဖေး၏ခန္ဓာကိုယ်မှကျိန်စာကို အမြန်ဆုံးဖယ်ရှားပေးနိုင်ပါက အကောင်းဆုံးဖြစ်ပေမည်။ဤနည်းလမ်းဖြင့်သာ သူတို့၏စိတ်နှလုံးသားအတွင်း၌ ချိတ်ဆွဲနေသော ကျောက်တုံးကြီး ဘေးကင်းလုံခြုံစွာဖြင့် ပြုတ်ကျသွားပေလိမ့်မည်။

လုယွီက သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။

"ငါ ဆေးသန့်စင်ဖို့အတွက် ဆေးမီးဖိုမလိုအပ်ဘူး"

ဘာ...

လက်ရှိနေရာတွင်ရှိနေသော တော်ဝင်သမားတော်များအားလုံး နေရာမှာပင် ကြက်သေသေသွားသည်။

လူအများ၏အခြေခံနားလည်ထားမှုအရ ဆေးသန့်စင်ရန်အတွက် ဆေးမီးဖိုတစ်လုံးလိုအပ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ဆေးသန့်စင်ရန်အတွက် ဆေးမီးဖိုမလိုအပ်ဟု ပြောဆိုခဲ့သည်။

ဤသည်က စိတ်ကူးယဥ်အိမ်မက်သက်သက်ပင်။

ဆရာသခင်ဝူက ကူကယ်ရာမဲ့စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

"ဒီကောင်လေးက ဆေးဖော်စပ်တာနဲ့ ပတ်သတ်ပြီးတော့ ဘာမှမသိဘူးလို့ ငါ မင်းတို့ကို ပြောခဲ့တယ်လေ...သူက ပေါက်ကရစကားတွေပြောဖို့သက်သက် ဒီနေရာကိုရောက်လာတဲ့ ကောင်စုတ်လေးတစ်ယောက်ပဲ....ရယ်စရာကောင်းလိုက်တာ...မင်းတို့က သူ့ရဲ့စကားကို တကယ်ကြီးယုံကြည်ခဲ့ကြတယ်"

ယခင်က ဆရာသခင်ဝူကို ခြိမ်းခြောက်ခဲ့သော ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးပင်လျှင် လုယွီကို စူးစိုက်၍ကြည့်နေသည်။

ကျန်းယုချင်တစ်ယောက်တည်းကသာ လုယွီကို ယုံကြည်နေဆဲပင်။

"လုယွီမှာ တခြားနည်းလမ်းတစ်ခုရှိနေမှာပါ...ရှင်တို့က ဒါကိုမသိတာလည်း ဖြစ်နိုင်တာပဲ"

"မင်းသမီး...ဒီကောင်လေးက မင်းရဲ့ချစ်သူများ ဖြစ်နေမလား...ဆေးဖော်စပ်တဲ့နည်းလမ်းတွေက ဘယ်လောက်ပြင်းထန်ကြမ်းတမ်းတယ်ဆိုတာ မင်း မသိဘူးဆိုရင်ထားလိုက်အုံး...ဒါပေမယ့် ဆေးပညာအလုပ်သင်တစ်ယောက်တောင် ဆေးဖော်စပ်ဖို့အတွက် ဆေးမီးဖိုလိုအပ်တယ်ဆိုတာသိတယ်...ဒီကောင်လေးရဲ့စကားတွေအားလုံးက အခြေအမြစ်မရှိဘူး...သူက ဆေးမီးဖိုမလိုအပ်ဘဲနေမယ်လို့ ငါ မယုံကြည့်ဘူး...သူက ဆေးမီးဖိုမပါဘဲ ဘယ်လိုနည်းနဲ့ဆေးဖော်စပ်မှာလဲ"

ဆရာသခင်ဝူသည် လုယွီကို လှောင်ပြောင်သရော်နိုင်သောအခွင့်အရေးကို အလွတ်မပေးချေ။

လုယွီသည် ဆေးသန့်စင်ရန်အတွက် ဆေးမီးဖိုမလိုအပ်ဟုပြောဆိုချိန်တွင် သူ လှောင်ပြောင်သရော်ရန်အတွက် အခွင့်ကောင်းရရှိသွားခဲ့သည်။

"အဲ့ဒီလိုလား...မင်းတို့ရဲ့အမြင်အရ...ဆေးဖော်စပ်ဖို့အတွက် ဆေးမီးဖိုတစ်လုံး မဖြစ်မနေ လိုအပ်တာလား"

လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ဆက်လက်ပြောဆိုသည်။

"အတိတ်မှာ ရှေးဟောင်းခေတ်အချိန်ကာလတွေအတွင်းမှာတုန်းက ရှန်းနွန် ဖူးရှီ နဲ့ တခြားအင်မော်တယ်တွေက....ဆေးမီးဖိုမရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး ဆေးဖော်စပ်န်ုင်ကြတာလဲ...မင်းတို့က စည်းမျဥ်းတွေကို လိုက်နာကြတယ်...ပြီးတော့ မင်းတို့ရဲ့တွေးတောနိုင်စွမ်းကို အဲ့ဒီစည်းမျဥ်းတွေကြားမှာပဲ ဘောင်ခတ်ထားကြတယ်"

All Chapters