← Chapters

အခန်း (၂၇၉၆-၂၈၀၀)

Vol. 143 Ch. 2796-2800

အခန်း (၂၇၉၆-၂၈၀၀)

Vol. 143 Ch. 2796-2800

Chapter 2796

"ဆေးမီးဖိုမရှိရင် ဆေးသန့်စင်လို့မရဘူးလို့ မင်းတို့ကို ဘယ်သူက ပြောထားတာလဲ"

"ဒီနေ့...ငါ ဘယ်လိုဆေးသန့်စင်လဲဆိုတာ မင်းတို့သိအောင် ငါ ပြပေးမယ်"

လုယွီက ခြေတစ်လှမ်းရှေ့တက်လိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများ ရုတ်တရက် ပွင့်အံ့ထွက်လာပြီး အစွမ်းထက်သောအားလှိုင်းတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းသွားသည်။

တခြားသူများသည် မမြင်နိုင်သောတောင်ကြီးတစ်လုံး သူတို့၏ရှေ့သို့ ရုတ်တရက်ရောက်ရှိလာကာ အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်က သူတို့၏မျက်နှာများပေါ်ဖိစီးလာသကဲ့သို့ ခံစားလိုက်ရ၏။

ကျင့်ကြံဆင့်အခြေခံအားနည်းသော နန်းတွင်းအစေခံများနှင့်မိန်းမစိုးများသည် ချက်ချင်းဆိုသလို နောက်သို့ဆုတ်လိုက်ကြသည်။သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် ဒူးထောက်၍အရိုအသေပြုလိုသောစိတ်မျိုးကို ခံစားနေရသည်။

သာမာန်အားဖြင့် သူတို့သည် တော်ဝင်နန်းတွင်းအတွင်းရှိ အရေးပါသောပုဂ္ဂိုလ်များအနီးတွင် ခစားနေသူများဖြစ်သဖြင့် ကြီးကျယ်ခမ်းနားသောအရှိန်အဝါရှိသူများကို မြင်တွေ့ဖူးသည်။

သို့ရာတွင် လုယွီသည် အလွန်ငယ်ရွယ်သေးသည့်တိုင် ဤကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။ဤသည်က အမှန်တကယ်ကို ရှားပါးသည့် လူငယ်တစ်ယောက်ပင်။

အပြာရင့်ရောင်မီးတောက်တစ်ခုက ရုတ်တရက် လုယွီ၏လက်ဝါးအတွင်း၌ ထွက်ပေါ်လာသည်။

ထိုမီးတောက်ထွက်ပေါ်လာချိန်တွင် နန်းဆောင်အတွင်း၌ရှိနေသော မည်သူမဆို သူတို့၏စိတ်နှလုံးသားများအောက်ခြေမှ အေးစိမ့်လာမှုကို ခံစားလိုက်ရ၏။

"ထူးဆန်းတယ်...ဒါက မီးတောက်တစ်ခုဆိုတာ အသိသာကြီးလေ...ဘာလို့ ငါ့ရှေ့မှာ ရေခဲတောင်ကြီးတစ်လုံး ရောက်လာသလိုမျိုး ခံစားနေရတာလဲ"

တော်ဝင်သမားတော်တစ်ယောက်က သူ၏ရင်ဘတ်ကို သူ့လက်ဖြင့်ဖိကာ ဖြူရော်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

တော်ဝင်သမားတော်များအပြင် နန်းဆောင်ပြင်ပ၌ မတ်တတ်ရပ်နေသော ဆရာသခင်ဝူနှင့်ဆေးပညာရှင်တစ်စုပင်လျှင် အေးစိမ့်မှုကို ခံစားနေရသည်။

"ဒါက ဘယ်လိုမီးတောက်မျိုးပါလိမ့်...ငါ အရမ်းသိချင်မိတယ်..."

ဆေးပညာရှင်များသည် ကူကယ်ရာမဲ့စွာဖြင့် သိချင်စိတ်ပြင်းပြနေကြ၏။

လုယွီက ရုတ်တရက် သူ၏လက်ကိုဆန့်တန်းက သူ၏နံဘေးပတ်လည်ရှိ ဆေးပင်များကိုဦးတည်၍ ဝှေ့ယမ်းလိုက်သည်။ဆေးပင်အမျိုးအစားနှစ်ဆယ်ကျော် လေထုအတွင်းသို့မြောက်တက်သွားကာ လုယွီထံဦးတည်၍ ပျံသန်းသွားသည်။

ဝှစ်...ဝှစ်...ဝှစ်....

ရုတ်ချည်းဆိုသလိုပင် ထိုဆေးပင်များသည် လုယွီ၏လက်ဝါးပေါ်ရှိ မီးတောက်အတွင်းသို့ ကျရောက်သွားကာ ချက်ချင်းအရည်ပျော်စပြုလာပြီး သလင်းကျောက်ကဲ့သို့ကြည်လင်သော ဆေးရည်အဖြစ်သို့ ပြောင်းလဲသွားသည်။

မီးတောက်များသည် ဆေးမီးဖိုပုံသဏ္ဍာန်သို့ အလိုအလျောက်ပြောင်းလဲသွားကာ လေထုကိုဖြတ်သန်းလာသော ဆေးပင်များကို စတင်၍သန့်စင်နေတော့သည်။

"ဒါက မီးတောက်ပုံရိပ်ယောင်ဆေးမီးဖို...လေဟာနယ်ကိုဖြတ်သန်းပြီး ဆေးသန့်စင်ခြင်း မဟုတ်လား"

ဆရာသခင်ဝူသည် သူ၏နှလုံးခုန်ရပ်တန့်လုမတက် ခံစားလိုက်ရ၏။

ဤနည်းစနစ်ကို ရှေးဟောင်းစာအုပ်များအတွင်း၌ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်။သို့ရာတွင် ဤဆေးသန့်စင်ခြင်းနည်းစနစ်ပျောက်ဆုံးသွားသည်မှာ အချိန်ကာလကြာညောင်းခဲ့လေပြီ။

ရှေးဟောင်းဆေးပညာမိသားစုတစ်စုတွင် ထိုနည်းစနစ်နှင့်ပတ်သတ်သော အမွေအနှစ်တချို့ကို ဆက်ခံထားသည်။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုနည်းစနစ်သည် မည်သူမဆိုအသုံးပြုနိုင်သော အရာမျိုးမဟုတ်ချေ။

ဤနည်းစနစ်ကိုအသုံးပြုနိုင်ရန်အလို့ငှာ တစ်စုံတစ်ယောက်သည် ဆေးပင်များနှင့်မီးတောက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချူပ်နိုင်ရပေမည်။

ထိုနည်းစနစ်၏အရေးသာမှုမှာ ဆေးသန်စင်ရာ၌ ပို၍လျှင်မြန်ခြင်းပင်။များသောအားဖြင့် တစ်စုံတစ်ယောက်သည် ထိပ်တန်းဆေးလုံးများကိုသန့်စင်လိုပါက ရက်ပေါင်း၄၉ရက်ခန့် လိုအပ်သည်။ဤနည်းစနစ်ကိုအသုံးပြုပါက နာရီအနည်းငယ်အတွင်းမှာပင် အောင်မြင်စွာ သန့်စင်နိုင်ပေမည်။

သို့ရာတွင် ထိုနည်းစနစ်၏အားနည်းချက်မှာလည်း အလွန်သိသာထင်ရှားလှ၏။အကြောင်းအရင်းမှာ ဤနည်းစနစ်ဖြင့်ဆေးသန့်စင်ရန်အတွက် လိုအပ်ချက်များသည် အလွန်မြင့်မားသောကြောင့်ပင်။

ဤနည်းစနစ်ကိုအသုံးပြု၍ ဆေးသန့်စင်ရန် ကြိုးစားခဲ့သော ဆေးပညာရှင် မည်မျှထိများများ ရှိခဲ့သည်ကို မည်သူမျှမသိနိုင်ချေ။သို့ရာတွင်အဆုံးသတ်၌ သူတို့အသုံးပြုခဲ့သော ဆေးပင်များအားလုံး အလေအလွင့်ဖြစ်သွားကာ ဆေးသန့်စင်နိုင်ခြင်းမရှိချေ။

"ဒါဆိုရင် မင်းက ဒီနည်းစနစ်ကို အသုံးပြုချင်တာလား...မင်း ဒါကို ဘယ်ကနေသင်ယူလာတာလဲဆိုတာ ငါ မသိပေမယ့်...ဒီနည်းစနစ်နဲ့ဆေးသန့်စင်တာက မင်း စွန့်စားပြီးလုပ်နေတယ်ဆိုတာ အသိသာကြီးလေ...တော်ဝင်နန်းတွင်းရဲ့ဘဏ္ဏာတိုက်မှာ ရတနာတွေအများကြီးရှိပေမယ့်...ဒါတွေအားလုံးကို ဖြုန်းတီးလို့ရမယ်လို့ မင်း ထင်နေတာလား"

လုယွီသည် ဤနည်းစနစ်ကိုအသုံးပြု၍ ဆေးသန့်စင်နိုင်မည်ဟု ဆရာသခင်ဝူက ယုံကြည်ခြင်းမရှိချေ။

သူပင်လျှင် ဤနည်းလမ်းဖြင့် ဆေးသန့်စင်နိုင်မည်ဟု ယုံကြည်ချက်မရှိလေရာ လုယွီကဲ့သို့လူငယ်တစ်ယောက်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။

ထိုအချိန်မှာပင် လုယွီ၏လှုပ်ရှားမှု တဖန်ထပ်၍ ပြောင်းလဲသွားသည်။

သူသည် လေထုအတွင်း၌ ဆေးသန့်စင်နေသော မီးတောက်ဆေးမီးဖိုကို တစ်ချက်ကြည့်လိုက်၏။ရုတ်တရက် သူ၏လက်ချောင်းများကို တောက်ထုတ်လိုက်ရာ မီးတောက်ဆယ်ခုကျော်က လေထုအတွင်း၌ ထပ်မံ၍ ထွက်ပေါ်လာသည်။

ထိုမီးတောက်များသည် လေထုအတွင်း၌ စတင်၍သိပ်သည်းသွားကာ တဖြည်းဖြည်း ဆေးမီးဖိုများ၏ပုံသဏ္ဍာန်များ ထွက်ပေါ်လာသည်။

"သူ ဘာလုပ်ချင်တာလဲ"

လုယွီ၏လှုပ်ရှားမှုကို မြင်တွေ့ချိန်တွင် လူတိုင်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။

"ငါက ဒီဆေးပင်တွေအားလုံးကို အသက်တစ်ရှိုက်စာအတွင်းမှာ သန့်စင်မယ်"

လုယွီက သူ၏လက်ကိုဆန့်ထုတ်ကာ လက်ယပ်ခေါ်သည့် လက်ဟန်သင်္ကေတမျိုး ပြုလုပ်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏နံဘေးပတ်ဝန်းကျင်ရှိ ဆေးပင်များအားလုံး လေထုအတွင်းသို့ မြောက်တက်သွားသည်။

Chapter 2797

လုယွီ၏ထိန်းချုပ်မှုအောက်တွင် ဆေးပင်များအားလုံး ပျံဝဲကာ မီးတောက်ဆေးမီးဖိုများအတွင်းသို့ ကျရောက်သွားသည်။

မီးတောက်ဆေးမီးဖိုများ၏မြင့်မားသောအပူရှိန်အောက်တွင် ဆေးပင်များအားလုံး အရည်ပျော်သွားကာ ဆေးရည်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။

လေထုအတွင်း၌ မီးတောက်ဆေးမီးဖိုဆယ်လုံးကျော်ခန့် မျောလွင့်နေသည်။

ရုတ်ချည်းဆိုသလိုပင် နန်းဆောင်တစ်ခုလုံးအတွင်းရှိအပူရှိန် အဆင့်သစ်တစ်ခုထိ မြင့်တက်သွားသည်။

"သူ...သူက တစ်ကြိမ်တည်းနဲ့ ဆေးလုံးဆယ်လုံးကျော်သန့်စင်ဖို့ စီစဥ်နေတာလား"

ဆရာသခင်ဝူသည် လှောင်ပြောင်သရော်ရန်အတွက် ပါးစပ်ဟလိုက်သော်လည်း သူ၏စကားလုံးများကို အလျှင်အမြန် ပြန်မြိုသိပ်လိုက်သည်။

ဆေးလုံးအမြောက်အများကို တပြိုင်နက်တည်းသန့်စင်ခြင်းကို လုပ်ဆောင်နိုင်သော ဆေးပညာရှင်အမြောက်အများရှိသည်။

သို့ရာတွင် လုယွီကဲ့သို့ မီးတောက်ပုံရိပ်ယောင်ဆေးမီးဖိုကို အသုံးပြု၍ ဆေးသန့်စင်နေသူသည် သူ၏စိတ်စွမ်းအားကို ဆေးမီးဖိုပေါ်တွင်သာ အပြည့်အဝအာရုံစူးစိုက်ထားရန်လိုအပ်သည်။

ဤကဲ့သို့အခြေအနေမျိုးအောက်တွင် စိတ်အာရုံကိုခွဲခြမ်း၍ တခြားအရာများကို လုပ်ဆောင်နိုင်ရန်မှာ လွန်စွာခက်ခဲလှ၏။

လုယွီကမူ ဆေးလုံးဆယ်လုံးကျော်ကို တပြိုင်နက်တည်း သန့်စင်နေခဲ့သည်။

သူ၏စိတ်စွမ်းအားသည် မည်ကဲ့သို့အဆင့်မျိုးထိ ရောက်ရှိနေသနည်း....

ဆရာသခင်ဝူက သူ၏နှုတ်ခမ်းများ ခြောက်ကပ်လာသကဲ့သို့ ခံစားလိုက်ရသည်။သူသည် ရေတွင်းအောက်ခြေမှ ဖားသူငယ်တစ်ကောင် ဖြစ်နေသည့်အလား ခံစားချက်မျိုးကို ရုတ်တရက်ရရှိလိုက်၏။

ဤကဲ့သို့ဆေးသန့်စင်ခြင်းနည်းစနစ်မျိုးကို လုပ်ဆောင်ရန် သူ ယခင်က တွေးတော၍ပင်မကြည့်ဝံ့ချေ။

သို့ရာတွင် ယခုချိန်၌ လုယွီသည် သူ၏ရှေ့၌ ထိုနည်းစနစ်ကို ထုတ်ဖော်အသုံးပြုနေသည်။

"မဖြစ်နိုင်ဘူး...ငါ ဒါကို မယုံကြည်နိုင်ဘူး...ငါ ဆေးတာအိုလမ်းကြောင်းကို ခြေချခဲ့တဲ့အချိန်ကစပြီးတော့ ငါ့ရဲ့စွမ်းအင်တွေအားလုံးကို ဆေးဖော်စပ်တဲ့နေရာမှာပဲ အသုံးပြုခဲ့တယ်...ဘယ်လိုလုပ်ပြီး ဒီကောင်စုတ်လေးက ငါ့ထက်ပိုပြီး အရည်အချင်းရှိနိုင်မှာလဲ"

ဆရာသခင်ဝူသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ သူ၏စိတ်နှလုံးသားအတွင်း၌ အော်ဟစ်ကြုံးဝါးလိုက်၏။

သူသည် သူ၏ရှုံးနိမ့်မှုကို ဝန်ခံရန် ငြင်းဆန်နေမိသည်။

"ငါက ဧကရာဇ်အဆင့်ဆေးလုံးကို သန့်စင်နိုင်ခဲ့တယ်...ပြီးတော့ ငါ သန့်စင်ခဲ့တဲ့ ဧကရာဇ်အဆင့်ဆေးလုံးရဲ့ အရည်အသွေးကလည်း မဆိုးဘူး...ဒီဆေးလုံးမျိုးကို ဖော်စပ်နိုင်ခဲ့တဲ့ငါက ဆေးပညာအစည်းအရုံးရဲ့ ကောင်းကင်အဆင့်ဆေးပညာရှင်အဖြစ် ရပ်တည်နိုင်တုန်းပဲ...သူကတော့ ဆေးပညာအစည်းအရုံးရဲ့ အသိအမှတ်ပြုလက်မှတ်တောင် မရှိတဲ့သူတစ်ယောက်...သူက လမ်းကြောင်းလွဲနေတဲ့ အယောင်ဆောင်ဆေးပညာရှင်တစ်ယောက် သက်သက်ပဲ"

လူတိုင်းသည် စကားပြောဆိုနေခြင်းကို ရပ်တန့်ကာ လုယွီ ဆေးဖော်စပ်နေခြင်းကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။မည်သူကမျှ သူ့ကို မနှောက်ယှက်ဝံ့ချေ။

"သူက ဆေးပင်တွေအများကြီး တောင်းဆိုတာ အံ့အားသင့်စရာမရှိတော့ဘူး...ခုကြည့်ကြည့်တော့မှ သူက တစ်ကြိမ်တည်းနဲ့ ဆေးလုံးတွေအများကြီးကို သန့်စင်ချင်နေတာပဲ...ဒါပေမယ့် သူ အသုံးပြုနေတဲ့နည်းစနစ်က မိုးကောင်းကင်ကို ဖီဆန်နေတယ်...သူက ဘယ်မဟာဆရာသခင်ရဲ့တပည့်တစ်ယောက် ဖြစ်နေမလဲဆိုတာ ငါ သိချင်မိတယ်"

တခြားဆေးပညာရှင်များကလည်း လုယွီ၏နည်းစနစ်ကိုကြည့်ကာ ဆင်ခြင်သုံးသပ်နေကြ၏။

လုယွီ၏ဆေးသန့်စင်ခြင်းကိုကြည့်ပြီးနောက် သူသည် ဆေးပင်တိုင်း၏ဂုဏ်သတ္တိများကို ကျွမ်းကျင်ပိုင်နိုင်စွာသိရှိကာ ဆေးရည်များအဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း သူတို့အားလုံး သိရှိလိုက်သည်။

ဤကဲ့သို့အရည်အချင်းမျိုးကို အရည်အချင်းမြင့်မားသော ဆေးပညာမဟာဆရာသခင်များ၏ တပည့်များထံတွင်သာ တွေ့နိုင်သည်။

တခြားသူများက ခန့်မှန်းတွေးတောနေကြချိန်တွင် လုယွီက မီးတောက်များအတွင်း၌ လှည့်ပတ်နေသော ဆေးရည်များကို ရုတ်တရက် တစ်ချက်ကြည့်လိုက်၏။

"အင်း...ဒါဆိုရင် လုံလောက်ပြီ"

လုယွီက ရုတ်တရက် လက်ညှိုးညွှန်ကာ စကားလုံးတစ်လုံးကို ရေရွတ်လိုက်သည်။

မီးတောက်ပုံရိပ်ယောင်မီးဖိုများများမှနေ၍ တောက်ပနေသောမီးတောက်များ တစ်ချိန်တည်း ပွင့်အံထွက်လာသည်။လုယွီ၏စကားလုံးနှင့်အတူ ထိုမီးတောက်များအကြားမှဆေးလုံးများသည် ဆေးလုံးပုံစံသို့ အလျှင်အမြန်သိပ်သည်းစပြုလာလေ၏။

"ဆေးလုံးကို ဒီလိုမျိုးဖွဲ့စည်းလို့ရတာလား"

ပတ်ဝန်းကျင်ရှိတော်ဝင်သမားတော်များအားလုံး ကြက်သေသေသွားသည်။

သူတို့သည် ဆေးသန့်စင်ခြင်းကို ယခင်က မြင်တွေ့ခဲ့ဖူးသည်။ဆေးလုံးတစ်လုံးကို အောင်မြင်စွာသန့်စင်နိုင်ခြင်းမတိုင်မီ ဆေးလုံးဖွဲ့စည်းရန်အတွက် အချိန်များစွာလိုအပ်သည်။

တခြားဆေးပညာရှင်များ အကူအညီဖြင့်ပင် အစောပိုင်းက ဆရာသခင်ဝူဖော်စပ်ခဲ့သော ဧကရာဇ်အဆင့်ဆေးလုံးကို အောင်မြင်စွာသန့်စင်နိုင်ရန် အချိန်ခုနစ်ရက်ကြာမြင့်ခဲ့သည်။

လုယွီသည် ဆေးစတင်သန့်စင်ချိန်မှ ယခုချိန်ထိတိုင် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာကိုသာ အသုံးပြုခဲ့သည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာအတွင်း၌ ဆေးလုံးဖွဲ့စည်းနေသည်မှာ ဖြစ်နိုင်ပါသလော.....

လူတိုင်း၏အံ့အားသင့်တုန်လှုပ်နေသော အကြည့်များအောက်တွင် မီးတောက်ပုံရိပ်ယောင်ဆေးမီးဖိုများအတွင်း၌ ဆေးလုံးများ အလျှင်အမြန်ဖွဲ့စည်းနေခဲ့သည်။

တချို့ဆေးလုံးများသည် အနက်ရောင်ရှိ၍ တချို့သည် မျက်နှာပြင်ပေါ်၌ ရွှေရောင်တောက်ပနေသည်။ထိုဆေးလုံးများအားလုံးတွင် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားနေသော ဝိသေသလက္ခဏာများရှိလေ၏။

ဝေါင်း....

ရုတ်တရက် ခပ်သဲ့သဲ့နဂါးဟိန်းသံတစ်သံက မီးခိုးရောင်ဆေးလုံးတစ်လုံးမှ ထွက်ပေါ်လာသည်။

Chapter 2798

ထိုဆေးလုံး၏မျက်နှာပြင်မှနေ၍ လက်တစ်ဝါးခန့်အရွယ်အစားရှိသော နဂါးဝိညာဥ်တစ်ကောင် ပျံဝဲထွက်လာသည်။

ထိုနဂါးဝိညာဥ်ကိုကြည့်ရသည်မှာ အလွန်ငယ်ရွယ်သော်လည်း သူ၏ကိုယ်ပိုင်ဝိသေသလက္ခဏာများသည် လွန်စွာထင်ရှားပေ၏။ဤသည်က အစစ်အမှန် ခရမ်းရွှေရောင်နတ်ဘုရားနဂါးတစ်ကောင်ပင်။ထိုနဂါး၏သွေးမျိုးဆက်သည် အလွန်သန့်စင်ပြီး ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုးရှိသည်။

ဝေါင်း...ဝေါင်း....

ထိုနဂါးဝိညာဥ်သည် အဆက်မပြတ် ဟိန်းဟောက်နေကာ အသက်ဝင်နေသည့်အလား ဆေးလုံး၏နံဘေးပတ်လည်တွင် ရှေ့နောက်လူးလွန့်၍ ပျံဝဲနေသည်။

"ဒီဆေးလုံးမှာ စိတ်ဝိညာဥ်ရှိနေတာလား...ဒါ...ဒါက အမွှေးတိုင်တစ်တိုင်စာပဲ ကြာခဲ့တာလေ"

"ပြီးတော့ သူက မီးတောက်ပုံရိပ်ယောင်ဆေးမီးဖိုကို အသုံးပြုသွားတာ...ဒီနည်းစနစ်ကိုအသုံးပြုပြီးတော့ ထိပ်တန်းအဆင့်ဆေးလုံးကို ဖော်စပ်နိုင်ရင်တောင် တော်တော်လေးကောင်းနေပြီ...သူက တကယ့်ကိုပဲ စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဆေးလုံးကို သန့်စင်နိုင်ခဲ့တာပါလား"

ဆေးပညာရှင်များသည် ပြင်ပမှနေ၍ သေချာစွာစောင့်ကြည့်နေခဲ့ကြ၏။

လုယွီ၏ဆေးလုံးမှထွက်လာသော နဂါးဝိညာဥ်ကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။

သူတို့သည် ဆေးမီးဖိုကောင်းတစ်ခုဖြင့် ဆေးသန့်စင်လျှင်ပင် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဆေးလုံးကို ဖော်စပ်နိုင်ရန်အတွက် အချိန်များစွာလိုအပ်သည်။ထိုသို့ဆိုသည့်တိုင် သူတို့၏ကျရှုံးမှုနှုန်းမှာ မြင့်မားနေဆဲပင်။

ယခုချိန်၌ လုယွီသည် တစ်ကြိမ်တည်းနှင့် ဆေးလုံးသန့်စင်ခြင်းကို အောင်မြင်ခဲ့ပေ၏။

"ကံကောင်းထောက်မပြီးတော့ တခြားဆေးလုံးတွေရဲ့ အရည်အသွေးက နည်းနည်းနိမ့်နေလို့သာပဲ"

ဆေးပညာရှင်များသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ သူတို့ကိုယ်သူတို့ နှစ်သိမ့်နေကြသည်။

သို့ရာတွင် သူတို့၏စကားအဆုံးသတ်သွားသော အချိန်အခိုက်အတန့်မှာပင် နောက်ထပ်ပေါက်ကွဲမှုများက တခြားဆေးမီးဖိုများမှ ရုတ်တရက်ပွင့်အံ့ထွက်လာသည်။

တစ်ချိန်တည်းမှာပင် ဝိုးတဝါးပုံရိပ်များက ထိုဆေးလုံးများမှ ထွက်ပေါ်လာပေ၏။

ထိုပုံရိပ်များသည် သိမ်းငှက် ကျား ဝံပုလွေအစရှိသဖြင့် အမျိုးအစားစုံလင်ကာ တစ်ခုချင်းစီတိုင်းသည် အလွန်အသက်ဝင်ပြီး အစွမ်းထက်သောအရှိန်အဝါမျိုး ထုတ်လွှတ်ထားသည်။

ထိုအရာများအားလုံးသည် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးများဖြစ်သည်။

ဆေးပညာရှင်များအားလုံးသည် သူတို့၏ရှေ့ရှိမြင်ကွင်းကို စူးစိုက်၍ကြည့်နေကျသည်မှာ သူတို့၏မျက်လုံးများ ပေါက်ထွက်လုမတက်ပင်။

စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဆေးလုံးများသည် လမ်းဘေးစျေးဆိုင်များတွင် ဝယ်ယူ၍ရသော အမှိုက်သရိုက်ဆေးလုံးများမဟုတ်ချေ။ထိုဆေးလုံးများကို လေလံပွဲ၌ သီးသန့်သေတ္တာငယ်များဖြင့်ထည့်၍ ရောင်းချလေ့ရှိသည်။

ထိုဆေးလုံးများ မွေးဖွားမလာမီ စေ့စေ့စပ်စပ်သန့်စင်ရန် လိုအပ်သည်။

လုယွီကဲ့သို့ မည်သူကမျှ တစ်ကြိမ်တည်းနှင့် ဆေးလုံးအမြောက်အများ သန့်စင်နိုင်မည်မဟုတ်ချေ။ထို့ပြင် ဆေးလုံးများအားလုံးသည် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဖြစ်နေသည်မှာ ချွင်းချက်မရှိပေ။

အကယ်၍ တစ်စုံတစ်ယောက်သည် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးတစ်လုံးကို အောင်မြင်စွာသန့်စင်နိုင်ပါက ဆေးပညာအစည်းအရုံးတွင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်ရန် အရည်အချင်းပြည့်မီသွားလေပြီ။

အကယ်၍ တစ်စုံတစ်ယောက်သည် ဧကရာဇ်အဆင့်ဆေးလုံးကို သန့်စင်နိုင်ပါက ကောင်းကင်အဆင့်ဆေးပညာရှင်အဖြစ် အဆင့်တိုးမြှင့်နိုင်သည်။

"ဒါက တကယ့်ကို အံ့အားသင့်ဖို့ကောင်းတဲ့ကိစ္စပဲ....တကယ်လို့ ဒီသတင်းသာ ပျံ့နှံ့သွားရင် ဆေးပညာလောကတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားမှာ သေချာတယ်"

ဤှအချိန်အခိုက်အတန့်တွင် ယခင်က လုယွီကို လှောင်ပြောင်သရော်ခဲ့ကြသော ဆေးပညာရှင်များအားလုံးသည် သူ့အား ကွဲပြားခြားနားသောအမြင်ဖြင့် စူးစိုက်ကြည့်နေကြ၏။

ကျင့်ကြံခြင်းလောကတွင် ခွန်အားသည်သာ အရေးအကြီးဆုံးပင်။

လုယွီသည် သူ၏ဆေးပညာအရည်အချင်းကို ထုတ်ဖော်ပြသစဥ်တွင် တခြားသူများက သူ့အား မော့ကြည့်နေရသည်။

ဤအချိန်အခိုက်အတန့်တွင် ဆရာသခင်ဝူ၏မျက်နှာပေါ်၌ ရှက်ရွံသောအရိပ်အယောင်မျိုးရှိနေပြီး သူ မည်သည့်စကားတစ်ခွန်းမျှ ထပ်မဆိုနိုင်တော့ချေ။

အစောပိုင်းက သူသည် လုယွီ ဆေးဖော်စပ်ခြင်းမပြုနိုင်ဟု သရော်တော်တော် ပြောဆိုထားခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ၏ဆေးဖော်စပ်မှု အောင်မြင်သွားလေရာ သူ့အား ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

"ဒါဆိုရင်ရော ဘာဖြစ်လဲ...ငါက ဧကရာဇ်အဆင့်ဆေးလုံးကို သန့်စင်ခဲ့တာ...မင်း ဆေးလုံးတွေ ဘယ်လောက်များများ သန့်စင်နိုင်ပါစေ...ကိစ္စမရှိဘူး...ဒါတွေက စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ပဲရှိတာ...ဧကရာဇ်အဆင့်ဆေးလုံးနဲ့စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဆေးလုံးကြားမှာ အဆင့်တစ်ဆင့်ပဲ ကွာခြားပေမယ့်.....ကွာဟချက်က မိုးနဲ့မြေလောက် ကြီးမားတယ်...ဆေးပညာအရကြည့်ရင် ငါက မင်းထက် အများကြီးသာလွန်တယ်"

ဆရာသခင်ဝူက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားသောအရိပ်အယောင်မျိုး ထင်ဟပ်နေသည်။

"ငါက စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဆေးလုံးတွေကိုပဲ သန့်စင်နိုင်တယ်လို့ ဘယ်သူပြောတာလဲ"

လုယွီက နဂါးဝိညာဥ်ပါသောဆေးလုံးကို လက်ညှိုးညွှန်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ကောင်းကင်နဲ့မြေပြင်အကြားက ဆေးတာအို...အရာအားလုံးရဲ့မူလအစ...စုဝေးစမ်း"

ဝုန်း...

တုန်ခါသံတစ်သံက ရုတ်တရက် မြည်ဟီးသွားသည်။

အစပထမဆုံးထွက်ပေါ်လာသည့် ဆေးလုံးမှ နဂါးဝိညာဥ်သည် ရုတ်တရက် သူ၏ပါးစပ်ကို ကျယ်လောင်စွာဟ၍ သူ၏ဘေးရှိ ဆေးလုံးကို ဝါးမြိုလိုက်သည်။

ထို့နောက် တခြားဆေးလုံးများသည်လည်း နဂါးဝိညာဥ်ဆေးလုံး၏ဝါးမြိုခြင်းကို ခံလိုက်ရ၏။

ဆေးလုံးတစ်လုံးကို ဝါးမြိုပြီးချိန်တိုင်း နဂါးဝိညာဥ်ဆေးလုံး၏မျက်နှာပြင် တောက်ပသွားကာ ဆေးလုံး၏အရှိန်အဝါ ပို၍သန်မာအားကောင်းလာသည်။

Chapter 2799

ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် ပြင်ပရှိဆေးပညာရှင်များအားလုံး နောက်ဆုံး၌ အတွင်းသို့ ပြေးဝင်လာကြတော့သည်။

သူတို့သည် ယခင်က ဆရာသခင်ဝူ၏နောက်သို့လိုက်ကာ ပြင်ပသို့ထွက်သွားခြင်းဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ သူတို့အကြား၌ ဆရာသခင်ဝူ၏အဆင့်အတန်းသည် အမြင့်မားဆုံးပင်။အကယ်၍ သူတို့သည် ဆရာသခင်ဝူနှင့်ကောင်းမွန်သော ဆက်ဆံရေးရရှိလိုပါက သူနောက်သို့လိုက်၍ ပြင်ပ၌နေရပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ မည်သည့်ဆေးပညာရှင်ကမျှ ဂရုမစိုက်တော့ချေ။

သူတို့သည် အံ့အားသင့်ဖွယ်ကောင်းသောမြင်ကွင်းကို အနီးကပ်ကြည့်ရှုလိုကြ၏။

သူတို့၏မျက်စိရှေ့၌ ဆေးလုံးတစ်လုံးသည် တခြားဆေးလုံးများကို ဝါးမြိုနေခဲ့သည်။

ဤကဲ့သို့နည်းစနစ်မျိုးကို သူတို့ တစ်ကြိမ်တစ်ခါမျှ မကြားဖူးချေ။

"မဖြစ်နိုင်ဘူး...ဆေးကျမ်းစာထဲမှာတောင် ဒီလိုဆေးသန့်စင်ခြင်းနည်းစနစ်မျိုးကို ဖော်ပြမထားဘူး...ဆေးလုံးတစ်လုံးကို တစ်ကြိမ်ဖွဲ့စည်းပြီးတာနဲ့ ဒါကို ပြန်ပြီးအသစ်တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး...ဆေးလုံးတစ်လုံးနဲ့တစ်လုံး ပေါင်းစပ်ဖို့ဆိုတာ ပိုပြီးတောင်မဖြစ်နိုင်သေးတယ်...ဒီဆေးလုံးက ဘာလို့တခြားဆေးလုံးတွေကို ဝါးမြိုနိုင်တာလဲ"

ဆေးပညာရှင်တစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်သည်။

တခြားဆေးပညာများ၏မျက်နှာများပေါ်တွင်လည်း အံ့အားသင့်တုန်လှုပ်နေသော အရိပ်အယောင်မျိုး ထင်ဟပ်နေသည်။

တံခါး၏ပြင်ပရှိ ဆရာသခင်ဝူသည် သူ့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူသည် အလွန်အံ့အားသင့်တုန်လှုပ်ကာ ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိလေ၏။

လုယွီသည် ဆေးပညာမဟာဆရာသခင်တစ်ယောက်၏တပည့်ဖြစ်နေသဖြင့် အရည်အချင်းတချို့ ထုတ်ဖော်ပြသနိုင်ခြင်းဟု သူ မူလက တွေးထင်ထားခဲ့သည်။မည်သို့ပင်ဆိုစေကာမူ စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးများကိုသန့်စင်နိုင်ခြင်းသည် သူ သန့်စင်ခဲ့သော ဧကရာဇ်အဆင့်ဆေးလုံးနှင့် နှိုင်းယှဥ်ပါက လွန်စွာအလှမ်းကွာဟသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ဆရာသခင်ဝူသည် သူ့ရှေ့ရှိမြင်ကွင်းမျိုး ထွက်ပေါ်လာမည်ဟု အနည်းငယ်မျှပင် မျှော်လင့်မထားမိချေ။

ဆေးလုံးတစ်လုံးက တခြားဆေးလုံးများကို ဝါးမြိုနေသောကိစ္စမှာ သူ တစ်ကြိမ်တစ်ခါမျှ ကြားပင်မကြားခဲ့ဘူးသောအရာပင်။

"တစ်စုတည်းဖြစ်စေခြင်း...ကောင်းကင်နဲ့မြေပြင်အကြားက ဥပဒေသတွေအရ သိပ်သည်းစမ်း"

လုယွီ၏အော်သံနောက်မှနေ၍ နဂါးဝိညာဥ်သည် ရုတ်တရက် ခေါင်းမော့ကာ မိုးကောင်းကင်ယံထံဦးတည်၍ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုရှည်လျားသောဟိန်းဟောက်သံသည် ယခင်ကဲ့သို့ အားနည်းခြင်းမရှိတော့ဘဲ အလွန်အမင်း ပြင်းထန်ကာ အစွမ်းထက်လှ၏။ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသော နဂါးဟိန်းသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

နဂါးဝိညာဥ်သည် ရုတ်တရက် ဆယ်ဆခန့်ကြီးထွားသွားကာ မိုးကောင်းကင်ယံကိုဦးတည်၍ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ကြည်လင်နေသောကောင်းကင်ယံတွင် ရုတ်တရက် တိမ်မည်းများဖြင့် ပြည့်နှက်သွားသည်။

မည်းမှောင်နေသော တိမ်မည်းများသည် မီဖေးနေထိုင်သော နန်းဆောင်ကိုလွှမ်းခြုံသွားကာ ရစ်ဝဲနေပြီး ပျက်ပြယ်သွားခြင်းမရှိချေ။

ဝုန်း...ဝုန်း...

တိမ်မည်းများအကြားတွင် မိုးခြိမ်းသံများနှင့်အတူယှဥ်တွဲ၍ လျှပ်စီးမိုးကြိုးလှိုင်းများ ထွက်ပေါ်လာသည်။

လူတိုင်း၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် မိုးကောင်းကင်ယံမှနေ၍ တောက်ပသောကောင်းကင်ဘုံကပ်ဘေးမိုးကြိုးတစ်လှိုင်း ထွက်ပေါ်လာကာ နဂါးဝိညာဥ်ကို ရိုက်ခတ်မိသွားသည်။

"အမ်...ဒါ...ဒါ...ဒါက ဆေးလုံးကပ်ဘေးမိုးကြိုးလား"

ဆေးပညာရှင်များအားလုံး အပြည့်အဝ အံ့အားသင့်တုန်လှုပ်သွားပေ၏။

ဤသည်က ဆေးလုံးကပ်ဘေးမိုးကြိုးပင်။

ကောင်းကင်ဘုံကို အလွန်အမင်းဖီဆန်သော ဆေးလုံးမျိုး ထွက်ပေါ်လာချိန်မှသာ မိုးကောင်းကင်တာအိုသည် သည်းမခံနိုင်သဖြင့် ဤကဲ့သို့ဆေးလုံးကပ်ဘေးမျိုး ဖြစ်ပွားလေ့ရှိသည်။

သာမာန်ကျင့်ကြံသူတစ်ယောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်သကဲ့သို့ပင် ဆေးလုံးသည် ကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ပြီးနောက် အဆင့်တစ်ခုသို့ မြင့်တက်သွားပေမည်။

လူတိုင်း၏အကြည့်များအောက်တွင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် ဆေးလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေလေ၏။

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် လောကကြီးအတွင်း၌ ယန်စွမ်းအင်အသန့်စင်ဆုံးအရာပင်။

ထိုကပ်ဘေးမိုးကြိုးများ၏ ရိုက်ခတ်မှုအောက်တွင် မည်သည့်အရာဖြစ်နေပါစေ တောင့်ခံနိုင်ရန် လွန်စွာခက်ခဲပေမည်။

သို့ရာတွင် လုယွီ သန့်စင်ထားသော နဂါးဝိညာဥ်ဆေးလုံးသည် မိုးကြိုးလှိုင်းများ၏အဆက်မပြတ်ရိုက်ခတ်မှုအောက်တွင် ကြေမွှပျက်စီးသွားခြင်းမရှိချေ။ထိုအစား ဆေးလုံး၏အရှိန်အဝါ ပို၍ပြင်းထန်အားကောင်းလာသည်။

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏ရိုက်ခတ်မှုအောက်တွင် နဂါးဝိညာဥ်၏ခန္ဓာကိုယ် တစတစပို၍ကြီးထွားလာပေ၏။ထိုနဂါးဝိညာဥ်၏ အကြေးခွံနှင့်နှုတ်ခမ်းမွှေးများသည်လည်း ပို၍ပီပြင်ထင်ရှားလာသည်။

ဝေါင်း...

နဂါးဝိညာဥ်သည် စူးရှကျယ်လောင်စွာဟိန်းဟောက်ကာ တိမ်တိုက်များထံသို့ တန်းတန်းမတ်မတ် ပျံသန်းသွားပြီး ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏ နှစ်ခြင်းကိုခံယူနေသည်။

ရှဲ...ရှဲ...ရှဲ...

မိုးကြိုးလျှပ်စီးလုံးများသည် နဂါးဝိညာဥ်၏ခန္ဓာကိုယ်ကို ရိုက်ခတ်မိချိန်တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ တဖြည်းဖြည်း ပို၍ပို၍တောက်ပလာသည်။

လျှပ်စီးမိုးကြိုးလှိုင်းကိုးလှိုင်း ကျရောက်ပြီးသွားချိန်တွင် ကောင်းကင်ယံရှိ တိမ်မည်းများ တဖြည်းဖြည်း ပျက်ပြယ်သွားတော့သည်။

တိမ်မည်းများပျက်ပြယ်သွားပြီးနောက် ရွှေရောင်အလင်းတန်းတစ်တန်းက ရုတ်တရက် မိုးကောင်းကင်ယံအတွင်း၌ တောက်ပလာသည်။

ထို့နောက် ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသော ဆေးလုံးတစ်လုံးသည် လေထုအတွင်း၌ မျောလွင့်နေပေ၏။

Chapter 2800

ဝုန်း...

ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံးကို ရုတ်တရက် ပြင်းထန်ပြီး အကန့်အသတ်မရှိသော ဖိအားအရှိန်အဝါတစ်ရပ်က လွှမ်းခြုံသွားသည်။

"ဒါက ဆေးလုံးကနေထွက်ပေါ်လာတဲ့ ဖိအားအရှိန်အဝါလား"

လူတိုင်း ကြောက်ရွံထိတ်လန့်မှုကို ခံစားလိုက်ရ၏။

သူတို့သည် မိုးကောင်းကင်ယံအတွင်းမှဆေးလုံးကို ကြည့်ရသည်မှာ ရက်စက်ကြမ်းကြုတ်သော ပြိုင်ဘက်ကင်း ဆရာသခင်တစ်ယောက်ကို မြင်တွေ့ရသကဲ့သို့ပင်။ထိုအစွမ်းထက်ကျင့်ကြံသူ၏ရှေ့တွင် သူတို့ထံ၌ ခုခံနိုင်ရန် မည်သည့်နည်းလမ်းမျိုးမျှမရှိချေ။

"မြန်မြန် ကြည့်ကြအုံး...စားပွဲပေါ်မှာရှိတဲ့ ဆေးတွေရဲ့အရောင်တွေအားလုံး မှိန်ဖျော့သွားပြီ"

နန်းတွင်းအစေခံတစ်ယောက်က နံဘေးတစ်ဖက်ရှိစားပွဲပေါ်ကိုကြည့်ပြီး အံ့အားတသင့်အော်ဟစ်လိုက်သည်။

ထိုဆေးလုံးများ၏အရည်အသွေးသည် အလွန်ကောင်းမွန်ကာ စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးများလည်း ပါဝင်နေသည်။

ထိုဆေးလုံးများအားလုံးကို အကယ်၍ မီဖေး သတိရလာပါက အင်အားဖြည့်တင်းပေးရန်အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ မိုးကောင်းကင်ယံအတွင်းရှိ ရွှေရောင်ဆေးလုံး၏သက်ရောက်မှုခံရပုံဖြင့် ထိုဆေးလုံးများအားလုံး၏မျက်နှာပြင်များ မှေးမှိန်သွားလေ၏။စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးများသည်လည်း တူညီစွာမှေးမှိန်သွားသည်။

အကယ်၍ ထိုဆေးလုံးများမှနေ၍ အလင်းရောင်တစွန်းတစ ထွက်ပေါ်လာပါက မိုးကောင်းကင်ယံအတွင်းရှိ ရွှေရောင်ဆေးလုံးကို ရန်စစော်ကားသကဲ့သို့ ဖြစ်သွားတော့မည့်အလားပင်။

"ဒါက ဧကရာဇ်အဆင့် ဆေးလုံးပဲ"

ဆေးပညာရှင်များအားလုံးသည် သူတို့၏လည်မြို ခြောက်ကပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူတို့၏အမြင်အာရုံများ မှားယွင်းနေသလော....

သူတို့၏ရှေ့ရှိ ကောင်းကင်ယံအတွင်းမှဆေးလုံးသည် ဧကရာဇ်အဆင့်ဆေးလုံး ဖြစ်နေလေသည်။

သူတို့သည် ဧကရာဇ်အဆင့်ဆေးလုံးကို သန့်စင်ခဲ့သည်တိုင် ထိုအရာသည် သူတို့အားလုံး အတူပူးပေါင်း၍ သန့်စင်ခဲ့ရခြင်းဖြစ်သည်။

ထို့ထက်ပို၍အရေးကြီးသောအချက်မှာ အစောပိုင်းက သူတို့အားလုံး ပူးပေါင်း၍သန့်စင်ခဲ့သော ဧကရာဇ်အဆင့်ဆေးလုံးသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ခဲ့ရခြင်းမရှိချေ။

ထို့ပြင် အရှိန်အဝါအရ အကဲဖြတ်ကြည့်ပါက ယခင်ဆေးလုံးနှင့် ယခုလက်ရှိရွှေရောင်ဆေးလုံးသည် မိုးနှင့်မြေတမျှ ကွာဟသည်။ထိုဆေးလုံးနှစ်လုံးကို နှိုင်းယှဥ်ကြည့်၍ပင် မရနိုင်ချေ။

"ဒီဧကရာဇ်အဆင့်ဆေးလုံးကို သူကိုယ်တိုင် သန့်စင်ခဲ့တာ...ဒါက သူ ဒီလိုငယ်ရွယ်တဲ့အသက်နဲ့ ကောင်းကင်အဆင့်ဆေးပညာရှင်ဖြစ်ဖို့ အရည်အချင်းပြည့်မီသွားပြီလို့ ဆိုလိုတာမဟုတ်လား"

ဆေးပညာရှင်များသည် ရုတ်တရက် ပြဿနာတစ်ခုကို တွေးတောမိသွားလေ၏။

လုယွီကိုကြည့်ရသည်မှာ အသက်ကြီးသေးပုံမရချေ။

သူ၏အသက်အရွယ်ဖြင့် အကယ်၍ သူ ကောင်းကင်အဆင့်ဆေးပညာရှင်တစ်ယောက်ဖြစ်လာပါက သူ၏ရှေ့အလားအလာသည် အကန့်အသတ်ရှိမည်မဟုတ်ဘဲ ဆေးပညာအစည်းအရုံး၏မြေတောင်မြှောက်ခြင်းကို ခံရပေမည်။

နှိုင်းယှဥ်ကြည့်ပါက ဆရာသခင်ဝူသည် ကောင်းကင်အဆင့်ဆေးပညာရှင်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း များစွာတိုးတက်လာခြင်းမရှိချေ။သူ၏ပေါင်းသင်းဆက်ဆံမှု အဆက်အသွယ်များအရသာ လုယွီထက် သာလွန်နိုင်သည်။

ဆရာသခင်ဝူသည် သံပြားကြီးကို ဆောင့်ကန်မိပြီဖြစ်ကြောင်း ဆေးပညာရှင်တချို့က သိနားလည်သွားသည်။ထို့ကြောင့် သူတို့သည် နံဘေးတစ်ဖက်သို့ လျှောက်လှမ်းသွားကာ သူတို့နှင့်ဆရာသခင်ဝူ၏အကြားတွင် အကွာအဝေးတစ်ခု ပိုင်းခြားလိုက်၏။

ဆရာသခင်ဝူသည် အတွေ့အကြုံရင့်ကျက်သူဖြစ်သည်။ထိုဆေးပညာရှင်များ၏အတွေးကို မည်သည့်နည်းဖြင့် သူ မခန့်မှန်းနိုင်ဘဲရှိမည်နည်း။

"ဒီအမှိုက်ကောင်တွေကတော့..."

ဆရာသခင်ဝူက အံ့တင်းတင်းကြိတ်ကာ ရေရွတ်လိုက်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ အကယ်၍ သူ သရော်တော်တော်စကား ပြောဆိုလိုလျှင်ပင် သူ တစ်ခွန်းမျှမဆိုနိုင်ချေ။

လုယွီ၏ဆေးပညာစွမ်းရည်ကို ကြည့်ပြီးနောက် သူ ထိုသို့ပြုလုပ်နိုင်မည်မဟုတ်ဟု သိရှိခဲ့ရသည်။

"မဟုတ်ဘူး...ဒါက မဟုတ်နိုင်ဘူး...မင်းက ဧကရာဇ်အဆင့်ဆေးလုံးကို သန့်စင်နိုင်မယ်လို့ ငါ မယုံကြည်ဘူး...မင်းရဲ့အသက်က ဘယ်လောက်ကြီးနေလို့လဲ...ငါ ဒါကို မယုံနိုင်ဘူး"

ဆရာသခင်ဝူသည် ထိုအကြောင်းကို ပို၍ တွေးတောမိလေလေ သူ ပို၍ဒေါသထွက်လာလေလေပင်။သူ၏စိတ်နှလုံးသားအတွင်း၌ မနာလိုခြင်း ဒေါသထွက်ခြင်း ရှက်ရွံခြင်းစသော စိတ်ခံစားချက်မျိုးစုံ ရောယှက်၍ခံစားနေရကာ နောက်ဆုံး၌ ပွင့်အံထွက်လာသည်။

"မင်း ဘယ်လိုဆေးလုံးမျိုးကို သန့်စင်ထားတာလဲဆိုတာ ငါ ကြည့်ချင်တယ်"

ဆရာသခင်ဝူသည် မတ်တတ်ထရပ်ကာ ကောင်းကင်ယံအတွင်းရှိ ရွှေရောင်ဆေးလုံးထံဦးတည်၍ ပျံသန်းလိုက်၏။

"မကောင်းတော့ဘူး"

"ဆရာသခင်ဝူ...အဲ့ဒီနေရာကို မသွားနဲ့"

လက်ရှိနေရာတွင်ရှိနေသော ဆေးပညာရှင်များအားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ဤနေရာသည် ပြင်ပလောက၌ ဆေးသန့်စင်နေသကဲ့သို့ သူ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်၍ရသော နေရာမျိုးမဟုတ်ချေ။

ထို့ပြင် လုယွီသန့်စင်ခဲ့သောဆေးလုံးသည် မီဖေး၏ဝေဒနာကို ကုသရန်ပင်။

ဤကဲ့သို့ကိစ္စမျိုးကို မည်သူမဆို ဂရုစိုက်ရပေမည်။ထို့ပြင် ဆေးလုံးအားသန့်စင်ရန် ဆေးပင်များကို တော်ဝင်နန်းတွင်း၏ဘဏ္ဌာတိုက်မှ ထုတ်ယူထားခြင်းဖြစ်သည်။ဆရာသခင်ဝူကဲ့သို့ အပြင်လူတစ်ယောက်သည် မည်သည့်သတ္တိမျိုးနှင့် ထိုဆေးလုံးကိုထိတွေ့ရန် ကြံစည်ဝံ့သနည်း။

"အတင့်ရဲလှချည်လား"

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

All Chapters