← Chapters

အခန်း (၂၈၀၆-၂၈၁၀)

Vol. 144 Ch. 2806-2810

အခန်း (၂၈၀၆-၂၈၁၀)

Vol. 144 Ch. 2806-2810

Chapter 2806

"ဟုတ်ကဲ့....ကျွန်တော် အခုချက်ချင်း လုပ်ဆောင်လိုက်ပါ့မယ်"

တော်ဝင်သမားတော်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ၏လက်အတွင်း၌ ရွှေရောင်စာရွက်ကိုကိုင်ဆောင်၍ ထွက်ခွာသွားတော့သည်။

မီဖေးက ထပ်မံ၍ ပြောဆိုသည်။

"ဒီတစ်ကြိမ်မှာ မင်းက ငါ့အတွက် အများကြီးအကျိုးဆောင်ပေးခဲ့တယ်...ငါက နှမြောတွန့်တိုတက်တဲ့ လူစားမျိုးမဟုတ်ဘူး...အခုချိန်မှာ မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က အရမ်းမမြင့်မားသေးတာကို ငါ မြင်တယ်...မင်း စိတ်ဝိညာဥ်စမ်းရေအိုင်အသုံးပြုခွင့်ကို လိုချင်တဲ့အကြောင်းက မင်းရဲ့ခွန်အားကို မြှင့်တင်ချင်လို့ပဲဖြစ်မယ်...ဒီတစ်ကြိမ်တော့ ငါ မင်းကို တော်ဝင်ခမ်းနားခြင်းရေအိုင်မှာ ခုနစ်ရက်တိတိ ကျင့်ကြံခွင့်ပေးမယ်"

ပတ်ဝန်းကျင်ရှိလူများသည် မနာလိုအားကျသောအကြည့်များဖြင့် လုယွီကို ကြည့်လိုက်ကြ၏။

တော်ဝင်နန်းတွင်း၌ ဖုန်းရွှေပညာရှင်များမှ တည်ဆောက်ထားသော စိတ်ဝိညာဥ်စမ်းရေအိုင်အမြောက်အများရှိသည်။ထိုနေရာများသည် ကောင်းကင်နှင့်မြေပြင်အကြားရှိ စိတ်ဝိညာဥ်စွမ်းအင်များကို ဆွဲဆောင်ပြီးနောက် အချိန်များစွာကြာအောင် စုဝေးစေပြီးမှသာ စိတ်ဝိညာဥ်စမ်းရေအိုင်များအဖြစ် ဖြစ်တည်လာခဲ့သည်။

စိတ်ဝိညာဥ်စမ်းရေအိုင်တစ်ခုစီတိုင်းကို ကျင့်ကြံခြင်းရတနာနယ်မြေဟု ယူဆနိုင်သည်။ထိုနေရာများအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများ၏ အကျိုးသက်ရောက်မှုကို မြင့်မြတ်နယ်မြေများမှ ကျင့်ကြံခြင်းကုန်းမြေများပင် အမှီလိုက်နိုင်မည်မဟုတ်ချေ။

ထိုစိတ်ဝိညာဥ်စမ်းရေအိုင်များအတွင်းသို့ ဝင်ရောက်နိုင်ရန် လိုအပ်ချက်သည်လည်း လွန်စွာမြင့်မားပေ၏။

ဧကရာဇ်မင်း၏ဆွေတော်မျိုးတော်များမှလွဲ၍ ထူးချွန်သောအကျိုးဆောင်မှုရှိသည့် အရာရှိများသာလျှင် ထိုစိတ်ဝိညာဥ်စမ်းရေအိုင်များအတွင်းသို့ ဝင်ရောက်၍ ကျင့်ကြံခွင့်ရှိသည်။

ကျင့်ကြံသူများအတွက် စိတ်ဝိညာဥ်စမ်းရေအိုင်အတွင်းတွင် ရက်အနည်းငယ်ခန့်ကျင့်ကြံခြင်းသည် လအနည်းငယ်ခန့် ပြင်းပြင်းထန်ထန် ကြိုးစားကျင့်ကြံမှုနှင့်ညီမျှသည်။ဤကဲ့သို့ ကျင့်ကြံမှုတိုးမြှင့်ပေးနိုင်သောအရှိန်နှုန်းကို ပြင်ပလောကတွင် တွေ့ရှိနိုင်မည်မဟုတ်ချေ။

တော်ဝင်ခမ်းနားခြင်းရေအိုင်သည် တော်ဝင်နန်းတွင်းအတွင်းရှိ စိတိဝိညာဥ်စွမ်းအား ပေါကြွယ်ဝသော စိတ်ဝိညာဥ်စမ်းရေအိုင်၃၆အိုင်မှ တစ်ခုဖြစ်သည်။

ဧကရာဇ်မင်းနှင့်တော်ဝင်ကိုယ်လုပ်တော်အနည်းစုသာ ထိုစိတ်ဝိညာဥ်စမ်းရေအိုင်အတွင်း၌ ဝင်ရောက်ကျင့်ကြံရန် အရည်အချင်းပြည့်မီသည်။

တော်ဝင်ခမ်းနားခြင်းရေအိုင်အတွင်း၌ စိတ်ဝိညာဥ်စွမ်းအားများ အလွန်ပေါကြွယ်ဝကာ စမ်းရေအိုင်နံဘေးတွင် အဖိုးတန်ရှားပါးသောရတနာများလည်း မကြာခဏထွက်ပေါ်လာလေ့ရှိသည်။ဤသည်က စိတ်ဝိညာဥ်စွမ်းအားများ၏ကာလကြာရှည်စွာ သက်ရောက်မှုကြောင့်ပင်။

လုယွီသည် ထိုစိတ်ဝိညာဥ်စမ်းရေအိုင်အတွင်း၌ အချိန်ခုနစ်ရက်ကြာ ကျင့်ကြံရမည်မှာ မကြုံစဖူးလက်ဆောင်ကြီးဖြစ်သည်။

လုယွီက ပြောဆိုသည်။

"ငါက လရှုခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်ထဲမှာ ကျင့်ကြံချင်တယ်...မီဖေးက ငါ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလား"

လုယွီ၏စကားကိုကြားချိန်တွင် လူတိုင်းကြက်သေသေသွားသည်။

လရှုခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်ဟု ဆိုသလော.....

ဤသည်က သာမာန်အဆောင်တော်တစ်ခု၏နောက်တွင်ရှိသော စိတ်ဝိညာဥ်စမ်းရေအိုင်ဖြစ်သည်။ထိုနေရာရှိ ပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်ငြိမ်သက်သော်လည်း တခြားစိတ်ဝိညာဥ်စမ်းရေအိုင်၃၆အိုင်၏အရည်အသွေးနှင့် နှိုင်းယှဥ်ကြည့်ပါက လွန်စွာအလှမ်းကွာဟသည်။

"လရှုခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်ရဲ့အရည်အသွေးက သာမာန်စိတ်ဝိညာဥ်စမ်းရေအိုင်သာသာပဲရှိတယ်...မင်း အဲ့ဒီနေရာမှာ ကျင့်ကြံချင်တာ သေချာလား"

မီဖေး၏မျက်လုံးအတွင်း၌ သံသယအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

လုယွီက ပြောဆိုသည်။

"ငါက ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့တပည့်တစ်ယောက်ပါ...အတိတ်မှာတုန်းက လရှုခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်မှာ သွားလေသူဧကရာဇ်က ကဗျာတွေရေးဖွဲ့ပြီး ရေးသားထားခဲ့တယ်...ငါက အဲ့ဒီနေရာကိုသွားပြီးတော့ လေးစားဖို့ကောင်းတဲ့ ကဗျာအရေးအသားကို လေ့လာချင်တယ်"

"အဲ့ဒီလိုလား...ဒီလိုဆိုမှတော့ မင်း လရှုခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်မှာ အချိန်ပိုပြီးနေလို့ရတယ်"

မီဖေး၏ရှည်လျားကော့ညွတ်နေသောမျက်တောင်များ အနည်းငယ်တုန်ရီနေကာ သူမသည် အတိတ်မှဖြစ်ရပ်တချို့ကို ပြန်လည်အမှတ်ရနေပုံပင်။

နန်းတွင်းအစေခံများနှင့်မိန်းမစိုးများသည် လုယွီကို မကြာခဏကြည့်နေကြကာ သူ မည်သည်ကြောင့် ဤဆုံးဖြတ်ချက်အားချခဲ့သည်ကို သူတို့အားလုံးမသိရှိချေ။

အကယ်၍ သူသည် ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက် ဖြစ်နေလျှင်ပင် သူ၏ခွန်အားကိုမြှင့်တင်ရန်လိုအပ်သည်။

ယခုကဲ့သို့ အခွင့်ကောင်းကြီးကို ကဗျာတချို့ကိုလေ့လာရန်အတွက်သာ အသုံးပြုလိုက်သည်မှာ အခွင့်အရေးကို ဖြုန်းတီးခြင်းပင်။

သို့ရာတွင် သူတို့သည် အစေခံများသာဖြစ်သဖြင့် အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသော်လည်း မည်သည့်စကားတစ်ခွန်းမျှ ပြောဆိုဝံ့ခြင်းမရှိချေ။

ကျန်းယုချင်သည် တစ်စုံတစ်ခု ပြောဆိုလိုသော်လည်း သူမကိုယ်သူမ ပြန်လည်ဟန့်တားလိုက်၏။လုယွီသည် မည်သည့်ကိစ္စကိုပြုလုပ်ပါစေ အကြောင်းအရင်းရှိနေကြောင်း သူမ သိရှိထားသည့်တိုင် အနည်းငယ်နှမြောစရာကောင်းသည်ဟု သူမ ခံစားနေရဆဲပင်။

လုယွီ လက်လွှတ်လိုက်သည်မှာ တော်ဝင်ခမ်းနားခြင်းရေအိုင်ဖြစ်သည်။

"မင်းတို့အားလုံး ထွက်သွားကြတော့...ငါ တစ်ယောက်တည်းနေချင်တယ်"

မီဖေးက သူမ၏လက်ကိုဝှေ့ယမ်းပြကာ သူမ၏မျက်နှာပေါ်၌ ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဟုတ်ကဲ့...ကျွန်တော်တို့အရင်ဆုံး ထွက်သွားပါတော့မယ်"

လူတိုင်း နန်းဆောင်အတွင်းမှ ထွက်ခွာခဲ့ကြ၏။

"မဟာဆရာသခင်...တကယ်လို့ မင်းမှာ အားလပ်တဲ့အချိန်ရှိမယ်ဆိုရင်...အသိအမှတ်ပြုလက်မှတ်ယူဖို့အတွက် ဆေးပညာအစည်းအရုံးကိုသွားသင့်တယ်...အခုလက်ရှိ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် မင်း အစစ်အမှန်မဟာဆရာသခင်ဖြစ်လာလိမ့်မယ်...မင်းက အရင်းအမြစ်တွေအများကြီးနဲ့မြင့်မားတဲ့အဆင့်အတန်းကို ပိုင်ဆိုင်နိုင်မယ်လို့ ငါ အတပ်ပြောနိုင်တယ်...မင်းက အင်အားစုကြီးတွေရဲ့ အလုအယက်ဆွဲခေါ်တာကို ခံရလိမ့်မယ်"

ဆေးပညာရှင်တစ်ယောက်က လုယွီကို သွေးဆောင်စကားပြောဆိုသည်။

လုယွီက ခေါင်းညိတ်ပြလိုက်သည်။

"ငါ အချိန်ရလို့ရှိရင် သွားလိုက်မယ်"

အကယ်၍ သူ့ထံတွင် အသိအမှတ်ပြုလက်မှတ်မရှိပါက ရှေ့သို့ဆက်လက်လျှောက်လှမ်းရန် အမှန်တကယ်ခက်ခဲမည်ဖြစ်ကြောင်း သူ သိနားလည်ထားသည်။

သူ၏ဆေးပညာအရည်အချင်းကို အချိန်တိုင်းထုတ်ဖော်ပြသရန်မှာ သူ့အတွက်မဖြစ်နိုင်ချေ။ဤသည်က သူ၏စိုးရိမ်ပူပန်မှုများကိုသာ တိုးပွားစေနိုင်သည်။

Chapter 2807

ဆေးပညာရှင်များ ထွက်ခွာသွားပြီးနောက် ကျန်းယုချင်က လုယွီထံသို့ ရောက်ရှိလာသည်။

"နင် တော်ဝင်ခမ်းနားခြင်းရေအိုင်ကို လက်မလွှတ်သင့်ဘူး...သွားလေသူဧကရာဇ်က အဲ့ဒီနေရာမှာ အရင်ကျင့်ကြံခဲ့တာ...အဲ့ဒီနေရာက စိတ်ဝိညာဥ်စွမ်းအားတွေကို တခြားဘယ်နေရာကမှ လိုက်မှီမှာမဟုတ်ဘူး...ဒီစိတ်ဝိညာဥ်စွမ်းအားတွေရဲ့ကူညီထောက်ပံမှုနဲ့ဆိုရင် နင် လတွေအများကြီး ပြင်းပြင်းထန်ထန်ကျင့်ကြံဖို့ သက်သာသွားမှာသေချာတယ်...နင်ရဲ့ကျင့်ကြံဆင့်ကိုတောင် ချိုးဖျက်ကောင်း ချိုးဖျက်သွားနိုင်လိမ့်မယ်"

ကျန်းယုချင်၏လေသံတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ရောယှက်နေသည်။

သူမက လုယွီသည် သူ့လက်အတွင်း၌ရောက်နေသော အခွင့်ကောင်းကြီးကို လက်လွှတ်လိုက်သည်အား ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေခဲ့ရသည်။

လရှုခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်သည် တော်ဝင်နန်းတွင်း၏အစွန်အဖျားတွင်ရှိသော သေးငယ်သောရေအိုင်တစ်ခုပင်။ထိုအရာကို တော်ဝင်ခမ်းနားခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်နှင့် မည်သို့မျှနှိုင်းယှဥ်၍မရနိုင်ချေ။

လုယွီက ခေါင်းခါပြကာ အပြုံးနှင့်ပြောဆိုသည်။

"ဒါက ငါကိုယ်တိုင် ဆုံးဖြတ်ခဲ့တဲ့ကိစ္စပါ...ထပ်ပြီးပြောနေစရာမလိုတော့ဘူး"

"ထားလိုက်တော့...ငါ နင့်ကို ထပ်ပြီးဂရုမစိုက်တော့ဘူး"

ကျန်းယုချင်က အနည်းငယ်စိတ်ဆိုးနေပုံဖြင့် သူမ၏ခြေထောက်ကို မြေပြင်ပေါ်ဆောင့်နင်းလိုက်၏။

နန်းတွင်းအစေခံတချို့သည် နန်းဆောင်အတွင်းမှထွက်လာကာ လုယွီကို လရှုခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်သို့ ပို့ဆောင်ပေးကြသည်။

မည်သို့ပင်ဆိုစေကာမူ တော်ဝင်နန်းတော်သည် အစောင့်အကြပ်ထူထပ်သော နေရာတစ်ခုပင်။လုယွီကဲ့သို့ အပြင်လူတစ်ယောက်အနေဖြင့် လတ်လျားလတ်လျား လျှောက်သွားနေရန်မှာ မဖြစ်နိုင်ချေ။

ကံကောင်းထောက်မစွာဖြင့် သူ့အား လမ်းပြခေါ်ဆောင်သွားမည့်သူများရှိနေသဖြင့် တော်ဝင်နန်းတော်အနှံ့အပြားမှနေ၍ အကြည့်များစွာ သူ့ထံသို့ ကျရောက်နေသည့်တိုင် မည်သည့်တားဆီးမှုမျိုးနှင့်မျှ မကြုံတွေ့ရချေ။

ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံ အမှောင်သန်းနေပြီဖြစ်ကာ အဝေးရှိ မိုးကောင်းကင်အတွင်း၌ လမင်းကြီးတစ်စင်းက တောက်ပနေသည်။

ပတ်ဝန်းကျင်ရှိ လမ်းများသည် ပိန်းပိတ်သည်အထိမှောင်မည်းနေကာ မည်သူမည်ဝါမျှ ရှိမနေချေ။အမှောင်ထုအောက်၌ နန်းဆောင်နံရံများကိုပင် ဝိုးတဝါးသာ တွေ့မြင်နိုင်သည်။

ဤနေရာသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သက်ရှိထင်ရှားရှိနေစဥ်က နေထိုင်ခဲ့သောနေရာပင်။နောက်ပိုင်းတွင် ဧကရီရှန်လင်းလုံနန်းတက်ပြီးနောက် ဤနေရာကိုစွန့်ပစ်ကာ နန်းတော်အသစ်ပြန်လည်တည်ဆောက်ခဲ့သည်။

ယခုလက်ရှိချိန်တွင် ဤနေရာ၌ အစောင့်ဟူ၍ မိန်းမစိုးအနည်းငယ်သာရှိနေသည်။ညအချိန်တွင် ဤနေရာ၌ ပို၍ပင်လူခြေတိတ်နေပေ၏။

"သူ သေသွားပြီးတဲ့နောက်မှာ ဒီလိုမြင်ကွင်းမျိုးဖြစ်လာမယ်လို့ ကျိုးထျန်းယင်က မျှော်လင့်ထားမိမှာမဟုတ်ဘူး"

လုယွီက စိတ်ခံစားချက်တချို့နှင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် အလွန်အစွမ်းထက်ကာ မျိုးနွယ်များအားလုံးကို ဖိနှိပ်ထားနိုင်သည်။မြင့်မြတ်ပြီး အဆင့်အတန်းမြင့်မားသော တာအိုသခင်များပင်လျှင် သူ၏ဖိနှိပ်ထားမှုကိုခံရကာ မလှုပ်ရှားဝံ့ကြချေ။

ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော တည်ရှိမှုကြီးတစ်ခုပင် သေဆုံးသွားပြီးနောက် ဤကဲ့သို့အဆုံးသတ်မျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။

ကျွီ...

မိန်းမစိုးတချို့က တံခါးကိုတွန်းဖွင့်လိုက်ရာ ချက်ချင်းဆိုသလိုပင် အိုမင်းပြီးစူးရှသောအသံတစ်သံ ထွက်ပေါ်လာသည်။

သူတို့ရှေ့ရှိခြံဝန်းအတွင်း၌ ပေါင်းပင်များနှင့်ပြည့်နှက်နေသည်။ဤနေရာကိုဆောက်လုပ်ရာ၌ အသုံးပြုထားသောပစ္စည်းများသည် အလွန်အမင်း ကောင်းမွန်ပေ၏။နှစ်ကာလကြာရှည်စွာ လေဒဏ်မိုးဒဏ်ကို ခံရသည့်တိုင် ထိုအရာများ ထိခိုက်ပျက်စီးနေခြင်းမရှိချေ။သို့ရာတွင် အပေါ်ယံတွင်မူ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေကာ ထိုနန်းဆောင်၏ပုံသဏ္ဍာန်ကို အလွန်အမင်းရှေးကျပုံပေါက်စေသည်။

ဤနေရာသည် အလွန်ကျယ်ဝန်းပြီး၂၀ဧကခန့်ရှိသော ခြံဝန်းတစ်ခုဖြစ်ကာ အတွင်း၌ ရှေးကျပြီး ကြီးကျယ်ခမ်းနားသော အဆောက်အအုံများစွာရှိသည်။

"အရှင်...ဒါက လရှုခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်ရှိတဲ့နေရာပါ"

မိန်းမစိုးများက ရိုသေလေးစားစွာ ပြောဆိုသည်။

လုယွီက ခေါင်းညိတ်ပြကာ ငွေလက်မှတ်တစ်ရွက်ကို ထုတ်ပေးလိုက်၏။

"ငါ တံခါးပိတ်ကျင့်ကြံနေတဲ့ချိန်မှာ မင်းတို့အားလုံး အပြင်မှာစောင့်ကြပ်နေကြစမ်း...အပြင်လူတွေ အထဲကို ဝင်ခွင့်မပြုနဲ့"

ထိုမိန်းမစိုးများသည် မူလက ဤနေရာ၌ဆက်၍နေရန် ရည်ရွယ်ချက်မရှိချေ။သို့ရာတွင် သူတို့သည် လုယွီ ထုတ်ပေးသော ငွေလက်မှတ်ကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး အံ့အားသင့်သွားသည်။

ဤသည်က အင်မော်တယ်ကျောက်တုံးတစ်သန်းပင်။

မိန်းမစိုးများသည် ပြင်ပ၌စောင့်ကြပ်ပေးရုံဖြင့် ဤကဲ့သို့ကြီးမားသောဆုလာဘ်ကို ရနိုင်မည်ဖြစ်သဖြင့် အလွန်ပျော်ရွှင်သွားကြသည်။

"ဘာမှစိတ်မပူပါနဲ့...ဒီနေရာကို ဘယ်သူမှလည်း လာလေ့မရှိဘူး...ငါတို့က အပြင်မှာစောင့်ကြပ်နေမယ်...ဘယ်သူ့ကိုမှ အထဲဝင်ခွင့်မပြုဘူး"

မိန်းမစိုး၏လေသံသည် အလွန်အမင်း ချိုသာယဥ်ကျေးနေပေ၏။

နန်းဆောင်အတွင်း၌ လုယွီသည် ဆေးပညာမဟာဆရာသခင်တစ်ယောက်၏စွမ်းရည်မျိုးကို ထုတ်ဖော်ပြသပြီးဖြစ်သည်။ယခုချိန်တွင် သူ၏အပေးအကမ်းရက်ရောမှုကိုကြည့်ပြီး ထိုလူများသည် သူ့အား ကပ်ဖားရပ်ဖားပြုလုပ်လိုကြသည်။

လုယွီက နန်းဆောင်၏အနက်ပိုင်းသို့ လျှောက်လှမ်းသွားလိုက်၏။

လရောင်တောက်ပနေကာ အလင်းတန်းသည် ခြံဝန်း၏အစိမ်းရောင်အုတ်ချပ်များအပေါ် ဖြာကျနေသဖြင့် လုယွီ၏ပုံရိပ်ကို ရောင်ပြန်ဟပ်နေစေသည်။

လုယွီကိုကြည့်ရသည်မှာ စိမ်းသက်သက် ဖြစ်မနေချေ။ဆန့်ကျင်ဘက်အနေဖြင့် သူသည် ဤနေရာ၌ နှစ်ရှည်လများနေထိုင်ခဲ့သူတစ်ယောက်အလားပင်။

"လရှုခြင်းနန်းဆောင်...ဘာလို့ ငါ ဒီနေရာကိုရောက်လာတာနဲ့ ဝမ်းနည်းမှုကို ခံစားနေရတာလဲ"

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။သူ၏စိတ်နှလုံးသားအတွင်းမှ ဖရိုဖရဲခံစားချက်များ တည်ငြိမ်သွားခြင်းမရှိသေးချေ။

လုယွီ၏ယခုလက်ရှိ ကျင့်ကြံခြင်းအခြေခံအရ မလိုလားအပ်သောအတွေးများကို လွယ်လင့်တကူ ရှင်းထုတ်နိုင်သည်။သို့ရာတွင် သူ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှလာသော အကြောင်းအရင်းတချို့ကြောင့် ထိုအတွေးများကိုရှင်းထုတ်ပစ်ရန် ဆန္ဒမရှိချေ။

Chapter 2808

"ကြည့်ရတာတော့ ငါ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမြိုထားတာက သက်ရောက်မှုရှိနေပုံပဲ"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

သူ အောက်ဘုံ၌ရှိနေစဥ်အတောအတွင်းတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အရိပ်အယောင်များကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရ၏။

အတိတ်ဘဝတွင် သူသည် ကောင်းကင်ဘုံနယ်မြေ၌ ပြိုင်ဘက်ကင်းဟု ယူဆနိုင်သည်။အဆုံးသတ်၌ သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့်ဆုံတွေ့ချိန်တွင် ကံစီမံရာဖြစ်သောရန်သူတော်တစ်ယောက်ကို တွေ့ရသည့် ခံစားချက်မျိုး ရရှိခဲ့သည်။

ယခုလက်ရှိချိန်၌ ဤကျယ်ဝန်းသောနေရာတွင် သူ လမ်းလျှောက်နေရင်း သူ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော်လည်း ရင်းနှီးနေသကဲ့သို့မြင်ကွင်းများက သူ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။

လရောင်အောက်တွင် နဂါးဝတ်ရုံဝတ်ဆင်ထားသော ခံ့ညားသောပုံရိပ်တစ်ရိပ်က အေးစက်စက်လအလင်းရောင်ကိုမော့ကြည့်ကာ တစ်ယောက်တည်း ဝိုင်အရက်သောက်နေသည်။

ထိုလူ၏ခွန်အားသည် လောကကြီးတခွင်လုံးကို တုန်လှုပ်ချောက်ချားစေကာ သူ၏စွမ်းအားသည် ထိပ်သီးအဆင့်ဖြစ်သော်လည်း သူ၏စိတ်နှလုံးသားအတွင်းမှ အထီးကျန်ဆန်မှုများကို ဖုံးကွယ်ထားနိုင်ရန် လွန်စွာခက်ခဲနေသည်။

ကြေကွဲဝမ်းနည်းသောခံစားချက်တစ်ခုက လုယွီ၏စိတ်နှလုံးသားအောက်ခြေမှ မြင့်တက်လာပေ၏။

အမ်...

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။အတွေးတစ်ချက်နှင့်အတူ သူသည် နောက်ဆုံး၌ ထိုခံစားချက်ကို ဖိနှိပ်နိုင်ခဲ့သည်။

"ဒီနေရာက ကျိုးထျန်းယင်အတွက် အရေးပါတဲ့နန်းဆောင်ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်...ဒါပေမယ့် ဒီနန်းဆောင်ထဲမှာ ဘာထူးခြားမှုကိုမှ ငါ ရှာမတွေ့သေးဘူး"

မကြာမီမှာပင် လုယွီက နန်းဆောင်၏နောက်ရှိ လရှုခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်သို့ ရောက်ရှိသွားသည်။

ရေမျက်နှာပြင်သည် တည်ငြိမ်ပြီး ကြည်လင်နေပေ၏။

ညင်သာသောလေပြေလှိုင်းများက ရေအိုင်၏မျက်နှာပြင်ကို ဖြတ်သန်းတိုက်ခတ်နေသည်။ပတ်ဝန်းကျင်သည် အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်နေကာ ပိုးမွှားများနှင့်ကျေးငှက်များ၏ တကျီကျီတကျာကျာအသံများကိုပင် မကြားရချေ။

ခပ်ဖျော့ဖျော့စိတ်ဝိညာဥ်စွမ်းအင်များက ရေအိုင်၏မျက်နှာပြင်မှ မြင့်တက်နေသည်။ဤနေရာသည် မိုးကောင်းကင်တာအိုတည်းခိုဆောင်အတွင်းမှ စိတ်ဝိညာဥ်စမ်းရေအိုင်ဖြင့်ပင် ကွဲပြားခြားနားခြင်းမရှိချေ။

ဤှနေရာ၌ စိတ်ဝိညာဥ်စွမ်းအင်များ ပေါများသော်လည်း တော်ဝင်နန်းတွင်းကဲ့သို့နေရာမျိုး၌ စိတ်ဝိညာဥ်စွမ်းအင်ထူထပ်သိပ်သည်းသော နေရာမျိုး၌ မပါဝင်သည်မှာ သိသာထင်ရှားလှ၏။

"ဒီနေရာပဲ..."

လုယွီက ခြေတစ်လှမ်းရှေ့တက်ကာ ရေအိုင်အတွင်းသို့ ငုပ်လျှိုးလိုက်သည်။

သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် လေစီးကြောင်းတစ်ရပ်က ဝိုင်းရံနေကာ ပတ်ဝန်းကျင်ရှိရေများ သူ့ထံသို့ မရောက်ရှိနိုင်ချေ။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ဓားရှည်တစ်လက်နှင့် တူညီနေသည်။သူသည် ရေအိုင်အတွင်းသို့ ငုပ်လျှိုးပြီးနောက် မကြာခင်မှာပင် ရေအိုင်၏အနက်ပိုင်းသို့ ရောက်ရှိသွားလေ၏။

ပတ်ဝန်းကျင်၌ မှောင်မည်းနေကာ တစ်စုံတစ်ယောက်သည် သူ၏လက်ချောင်းကိုပင် သူ ပြန်မြင်တွေ့နိုင်မည်မဟုတ်ချေ။သို့ရာတွင် ဤကဲ့သို့အခြေအနေမျိုးတွင် ရေများအကြားရှိ တစ်စုံတစ်ခုကိုရှာဖွေရန်မှာ ကျင့်ကြံသူတစ်ယောက်အတွက် ခက်ခဲသောကိစ္စတစ်ရပ်မဟုတ်ချေ။

လုယွီက ရေအောက်မီတာတစ်ထောင်ကျော် အကွာအဝေးထိ ငုပ်လျှိုးလိုက်သည်။

ရေအိုင်၏မျက်နှာပြင်ပေါ်တွင် မည်သည့်ထူးခြားချက်မျိုးမျှရှိမနေချေ။သို့ရာတွင် သူ ရေအောက်သို့ရောက်ရှိချိန်တွင် သူသည် ကွဲပြားခြားနားသောကမ္ဘာလောကတစ်ခုသို့ ရောက်ရှိသွားသည့်အလား အလွန်အမင်းကျယ်ပြန့်သောနေရာသို့ ရောက်ရှိသွားသည်ကို မြင်တွေ့လိုက်ရ၏။

ရေအိုင်အတွင်းရှိရေသည် အေးစက်သော်လည်း လုယွီထံ၌ သိုင်းပညာသူတော်စင်အဆင့် ရုပ်ခန္ဓာကိုယ်ရှိနေသည်။ဤသည်ကြောင့် အေးစိမ့်မှုများသည် သူ့အပေါ်တွင် များစွာသက်ရောက်ခြင်းမရှိချေ။

ရုတ်တရက် လုယွီ၏အမြင်အာရုံ ရုတ်တရက် ကြည်လင်ပြတ်သားသွားကာ တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည့် နယ်မြေတစ်ခုက သူ့ရှေ့၌ ထွက်ပေါ်လာသည်။

ဤနယ်မြေအတွင်းတွင် ရှင်သန်ကြီးထွားနေသော သစ်ပင်တစ်ပင်ရှိသည်။ထိုသစ်ပင်၏ပုံပန်းသွင်ပြင်သည် သန္တာကောင်နှင့်တူညီသော်လည်း သန့်စင်သောအဖြူရောင်ရှိကာ တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။

သစ်ပင်ပေါ်တွင် သန့်စင်သောအဖြူရောင်သစ်သီးတစ်လုံး ရှိနေပေ၏။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ပတ်ဝန်းကျင်မှရေများသည် သစ်သီးကိုရှောင်ကွင်း၍စီးဆင်းနေကာ အချင်းဝက်တစ်မီတာခန့်ရှိသော လေဟာနယ်တစ်ခု ဖွဲ့စည်းနေကြောင်း တွေ့မြင်ရပေမည်။

"မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီး...ဒါက တကယ့်ကို ရင့်မှည့်နေပြီပဲ"

ထိုသစ်သီးကိုမြင်တွေ့ချိန်တွင် ယခင်က အလွန်တည်ငြိမ်သော လုယွီ၏စိတ်နှလုံးသားပင်လျှင် ကူကယ်ရာမဲ့စွာ နှလုံးခုန်နှုန်းအနည်းငယ်မြန်သွားသည်။

မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီးသည် လောကကြီးအတွင်း၌ အလွန်အဖိုးတန်ရှားပါးသော အရာတစ်ခုပင်။

ဤသစ်သီးသည် ရှေးဟောင်းအချိန်ကာလများမှ ဆင်းသက်လာခြင်းဖြစ်သည်။လွန်ခဲ့သောအချိန်ကာလများကတည်းက မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီးသည် လောကကြီး၏အစစ်အမှန်ရတနာအဖြစ် ရပ်တည်နိုင်ဆဲပင်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မပြည့်စုံသော မှတ်ဥာဏ်များမှတဆင့် လုယွီသည် မြင်ကွင်းတချို့ကို ဝိုးတဝါးမြင်တွေ့ခဲ့ရသည်။

အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် လရှုခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်အတွင်း၌ ကူးခတ်နေခဲ့သည်။သူသည် ရေပေါ်နဂါးတစ်ကောင်ကို အစာအဖြစ် နတ်ဆိုးသားရဲအသားကျွေးနေရင်း မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်စေ့ကို ရေအတွင်းသို့ မတော်တဆလွှတ်ချလိုက်မိသည်။

မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီးသည် ကောင်းကင်နှင့်မြေပြင်အကြားမှ ရတနာတစ်ခုပင်။ထိုအရာသည် ရေထုအတွင်းသို့ကျသွားသည်နှင့် ပျောက်ကွယ်သွားပေလိမ့်မည်။ထိုသစ်စေ့ ရင့်သန်လာချိန်မှသာ ပြန်လည်၍ရှာဖွေတွေ့ရှိနိုင်ပေမည်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ ထိုသစ်စေ့အား ရှာဖွေနေခြင်းကို ရပ်တန့်လိုက်၏။သူ၏ကျင့်ကြံဆင့်အခြေခံအရ ဤကဲ့သို့အဖိုးတန်ရတနာမျိုးကသာ သူ၏ကျင့်ကြံဆင့်အတွက် များစွာအထောက်အပံပေးနိုင်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ဤအရာသည် လုယွီအတွက် အချိန်အခါသင့်ရောက်ရှိလာသော ကံကောင်းမှုတစ်ခုဟု ယူဆနိုင်သည်။

Chapter 2809

"မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီးထဲမှာ စိတ်ဝိညာဥ်စွမ်းအားတွေ ပေါကြွယ်ဝပြီးတော့ လူတစ်ယောက်ရဲ့ ဘဝသက်တမ်းကို တိုးမြှင့်ပေးနိုင်တယ်...ဒါက တော်ဝင်ခမ်းနားခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်ထက် အကျိုးကျေးဇူး အဆဘယ်လောက် ပိုပြီးမြင့်မားတယ်ဆိုတာ ငါ သိချင်မိတယ်"

လုယွီသည် ဤသစ်သီး၏အကျိုးအာနိသင်နှင့်ပတ်သတ်၍ ကောင်းစွာသိရှိထားသည်။

ဤသဘာဝစိတ်ဝိညာဥ်ရတနာမှ ရရှိမည့် အကျိုးကျေးဇူးများကို တိုင်းတာ၍ပင်မရနိုင်ချေ။ဤသည်က တော်ဝင်ခမ်းနားခြင်းရေအိုင်အတွင်းတွင် တစ်ဆင့်ပြီးတစ်ဆင့်ကျင့်ကြံသည်ထက် များစွာပို၍ကောင်းမွန်သည်။

ဤသည်က လရှုခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်ကို လုယွီရွေးချယ်ခဲ့ရသော အကြောင်းအရင်းပင်။

"ဒီလိုနတ်ဘုရားသစ်သီးမျိုးထဲမှာပါတဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေက အရမ်းပေါကြွယ်ဝတယ်...ဒါပေမယ့် ငါ့ဆီမှာ သိုင်းပညာသူတော်စင်ရုပ်ခန္ဓာကိုယ်ရှိနေတာကြောင့် ဒီလိုမျိုးအစွမ်းထက်တဲ့ စိတ်ဝိညာဥ်စွမ်းအားတွေကို တောင့်ခံနိုင်လိမ့်မယ်"

လုယွီက သူ၏ရှေ့ရှိ အပြစ်အနာအဆာကင်းမဲ့သော အဖြူရောင်သစ်သီးကိုကြည့်ကာ ခူးဆွတ်ရန်အတွက် သူ၏လက်ကိုဆန့်တန်းလိုက်၏။

လုယွီ ချဥ်းကပ်သွားသော အချိန်အခိုက်အတန့်တွင် သစ်သီး၏နံဘေးပတ်လည်တွင်ရှိနေသော အေးစက်မှုသည် ရုတ်တရက် အရိုးကွဲလုမတက်အေးစိမ့်မူအဖြစ်သို့ ပြောင်းလဲစပြုလာသည်။

ပတ်ဝန်းကျင်ရှိရေများအားလုံး စတင်၍ကျစ်လစ်သိပ်သည်းလာကာ ရေခဲအဖြစ်ပြောင်းလဲသွားပြီး အေးစိမ့်မှုလှိုင်းများကို ထုတ်လွှတ်နေသည်။

ဤသည်က ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဥ်ရတနာဖြစ်သဖြင့် မသိစိတ်မှနေ၍ အလိုအလျောက် ကိုယ်ပိုင်ကာကွယ်နိုင်စွမ်းရှိသည်။

ရေအတွင်း၌ရှိနေသော သက်ရှိသတ္တဝါတချို့သည် မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီး၏အနီးသို့ မချဥ်းကပ်နိုင်သေးမီမှာပင် အေးစိမ့်မှုကြောင့် ရေခဲရုပ်ထုများအဖြစ်သို့ အေးခဲသွားတော့သည်။

လုယွီသည် ပတ်ဝန်းကျင်ရှိအေးစိမ့်မှုကို လျစ်လျှုရှုထားရန် ဆုံးဖြတ်လိုက်၏။သူ၏လက်ဝါးအတွင်းမှနေ၍ မှော်စွမ်းအားများ ပွင့်အံထွက်လာကာ ဧရာမမှော်စွမ်းအင်လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲသွားသည်။ထိုလက်ဝါးပုံရိပ်ယောင်ကြီးက မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီးထံဦးတည်၍ ဖမ်းဆုပ်လိုက်သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဖမ်းလက်...

သူ၏လက်ကိုဆန့်တန်းကာ ဖမ်းဆုပ်လိုက်ပြီးနောက် မဟာပေါင်စည်းခြင်းနတ်ဘုရားသစ်သီး သူ၏လက်အတွင်းသို့ ကျရောက်လာသည်။

မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီးကို သူ၏လက်အတွင်းမှ ကိုင်ဆောင်မိသည်နှင့် ချက်ချင်းဆိုသလိုပင် အတွင်း၌ပါဝင်သည့် ပြင်းထန်သောစိတ်ဝိညာဥ်စွမ်းအားများကို ခံစားမိသည်။

"ရှေးဟောင်းတာအိုကျမ်းစာအရ...လူတချို့က သဘာဝစိတ်ဝိညာဥ်ရတနာတွေကို ဝါးမြိုပြီးတော့ သူတို့ရဲ့နိမ့်ကျတဲ့ဘဝတွေ ပြောင်းလဲသွားကြတယ်...သူတို့က ဒီရတနာတွေကိုမှီခိုပြီးတော့ တစ်ရက်တည်းနဲ့ တာအိုကိုရရှိသွားခဲ့တယ်....ငါ့ရဲ့ကျင့်ကြံမှုလမ်းကြောင်းအရ တကယ်လို့ ငါ တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံမယ်ဆိုရင် ဘယ်အချိန်မှ နောက်ထပ်နယ်ပယ်ကိုချိုးဖျက်ဝင်ရောက်နိုင်မယ်ဆိုတာ ငါမသိဘူး...ဒါပေမယ့် ဒီလိုရတနာမျိုးက ငါ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်းကို မြင့်တက်စေနိုင်တယ်...ငါ ဒါတွေကိုရနိုင်တဲ့ အခွင့်အရေးရှိဖို့ပဲလိုတယ်"

လုယွီသည် သစ်သီးကို သူ့လက်အတွင်း၌ကိုင်ဆောင်ကာ တစ်စုံတစ်ခုပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ရေထုကိုထိုးခွင်းလာသောအသံတစ်သံက သူ၏နောက်မှ ထွက်ပေါ်လာသည်။

ရေလှိုင်းများက ချက်ချင်းဆိုသလိုပင် လုယွီထံဦးတည်၍ တဟုန်ထိုးတိုးဝင်လာပေ၏။

ရေနက်ပိုင်းမှနေ၍ ရုတ်တရက် ကြီးမားသောအနက်ရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ထိုအရာသည် ရေအတွင်း၌ အလျှင်အမြန်ကူးခတ်လာကာ မကြာမီမှာပင် လုယွီ၏အနီးသို့ရောက်ရှိလာပြီး စတင်၍တိုက်ခိုက်လေသည်။

ထိုအနက်ရောင်ပုံရိပ်၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် ထိုအရာ၏လမ်းကြောင်းကို မှန်းဆနိုင်ရန်မှာ မဖြစ်နိုင်ချေ။ဤသည်က အလွန်လျှင်မြန်သောအရှိန်နှုန်းပင်။

အနက်ရောင်ပုံရိပ် သူ၏အနီးသို့ မချဥ်းကပ်နိုင်သေးမီမှာပင် လုယွီသည် တစ်ဖက်ရန်သူ၏တည်ရှိမှုကို အာရုံခံမိပြီးဖြစ်သည်။

ဝေါင်း...

ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသော နဂါးဟိန်းသံတစ်သံက ရေထုအတွင်းမှ ထွက်ပေါ်လာသည်။

"ဒါက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် မွေးမြူခဲ့တဲ့ ရေနဂါးလား"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

ဤနေရာရှိရေပြင်သည် အလွန်နက်ရှိုင်းခြင်းမရှိသော်လည်း ရေနဂါးတစ်ကောင်ရှိနေသည်။

လပြည့်ဝန်းနန်းဆောင်နောက်ရှိ လရှုခြင်းရေအိုင်သည် ယခင်က သာမာန်ရေအိုင်တစ်ခုပင်။

နောက်ပိုင်းတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ဤနေရာ၌ ရေနဂါးများကို မွေးမြူခဲ့သဖြင့် ရေအိုင်အတွင်း၌ တဖြည်းဖြည်း စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နှက်လာသည်။

ရေနဂါးသည် သူ၏စူးရှချွန်ထက်သောလက်သည်းများကိုဆန့်ထုတ်၍ လုယွီ၏အနီးသို့ချဥ်းကပ်လာကာ ဆွဲကုတ်လိုက်၏။

"ယုတ်ညံတဲ့ သားရဲကများ"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဤရေနဂါး၏အရွယ်အစားသည် လုယွီထက် အဆများစွာ ပို၍ကြီးမားသည်။ထိုရေနဂါးသည် ဤရေအိုင်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများကို အချိန်ကြာမြင့်စွာ စုပ်ယူထားပြီးဖြစ်သဖြင့် သူ၏ခွန်အားကို လျှော့တွက်၍မရချေ။

ထိုရေနဂါး၏စွမ်းအားသည် အလွန်ပြင်းထန်ကာ လူအများကို ကြေမွှပျက်စီးသွားသည်အထိ ဖိနှိပ်နိုင်စွမ်းရှိသော ဧရာမတောင်ကြီးတစ်လုံးနှင့် တူညီသည်။

ကံအကြောင်းမလှစွာဖြင့် ယခုချိန်၌ သူ ရင်ဆိုင်ရသည်မှာ လုယွီဖြစ်နေသည်။

"မင်းရဲ့အရှင်သခင်တောင် ငါ့လက်အောက်မှာ ရှုံးနိမ့်ခဲ့ရတယ်...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကိုရန်စဝံ့တာလဲ"

လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများမှနေ၍ ရုတ်တရက် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသောအသံများ ထွက်ပေါ်လာသည်။

မည်သည့်မှော်စွမ်းအားကိုမျှ အသုံးပြုခြင်းမရှိဘဲ လုယွီက သူ၏လက်ကိုဆန့်တန်းကာ လေထုကိုဖြတ်သန်း၍ ရေနဂါးကို ဖိနှိပ်လိုက်၏။ထို့နောက် သူက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

လုယွီ၏လက်ရှိခွန်အားသည် ရေနဂါးထက် အဆများစွာ ပို၍ကြီးမားနေသည်။သူ၏လက်သီးတစ်ချက် ထိုးနှက်လိုက်ရုံဖြင့် ရေနဂါး လွင့်ထွက်သွားတော့သည်။

ဘုန်း...

ရေနဂါး ရေအတွင်းသို့ လွင့်ကျလာသဖြင့် လရှုခြင်းစိတ်ဝိညာဥ်စမ်းရေအိုင်အတွင်း၌ ပြင်းထန်သော လှိုင်းဂယက်များထသွားသည်။

Chapter 2810

လုယွီသည် ထိုမြင်ကွင်းကိုမြင်တွေ့ပြီးနောက် သူက ရပ်တန့်ခြင်းမရှိချေ။

သူက ရှေ့သို့မြှားတစ်စင်းပမာ ပြေးထွက်သွားကာ ရေနဂါး၏ရှေ့သို့ ရောက်ရှိသွားလေ၏။ထို့နောက် သူက ရေနဂါး၏ခန္ဓာကိုယ်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။

ဝေါင်း...ဝေါင်း...

ရေနဂါးသည် အလွန်ဒေါသထွက်သွားကာ မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံကြီးနှင့် ဟိန်းဟောက်လေသည်။

သို့ရာတွင် သူ မည်မျှပင်ရုန်းကန်နေပါစေ လုယွီ၏စွမ်းအားကို လှုပ်ခါနိုင်စွမ်းမရှိချေ။

ရေနဂါး၏ခန္ဓာကိုယ်ပေါ်သို့ ဖိနင်းထားသည့် လုယွီ၏ခြေထောက်တစ်ဖက်သည် ကြီးမားသောတောင်ကြီးတစ်လုံးဖြင့် မြဲမြံစွာဖိနှိပ်ထားသည်နှင့်တူညီကာ ထိုရေနဂါးအား လှုပ်ရှား၍မရနိုင်ဖြစ်စေသည်။

သို့ရာတွင် ရေနဂါး၏မျက်လုံးအကြည့်သည် လုယွီ၏လက်အတွင်းရှိ မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီးထံတွင်သာ အခိုင်အမာကျရောက်နေဆဲပင်။

"ဒီပစ္စည်းက မင်းရဲ့အပိုင်မဟုတ်ဘူး"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ကောက်ကျစ်စဥ်းလဲသောအရိပ်အယောင်တချို့က ရေနဂါး၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။ထိုအချိန်မှာပင် ရေထုအား ထိုးခွင်းလာသည့် အလွန်လျှင်မြန်သောအသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။

ဤသည်က ရေနဂါး၏အမြှီးဖြစ်ကာ လုယွီထံသို့ တဟုန်ထိုးတိုးဝင်လာသည်။

ဝုန်း...

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရေနဂါး၏အမြှီးသည် လုယွီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်မိသွားကာ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။

သို့ရာတွင် လုယွီက ရှောင်တိမ်းခြင်းမပြုချေ။

ရေနဂါးထံတွင် ကြီးမားသောခွန်အားရှိသော်လည်း လုယွီ၏ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်မည်မဟုတ်ပေ။

"ကြည့်ရတာတော့ ငါ မင်းကို ဖိနှိပ်မထားသေးသရွေ့ မင်းက အရှုံးမပေးမယ့်ပုံပဲ"

အေးစက်စက်အရိပ်အယောင်များက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားပေ၏။လုယွီသည် လက်တစ်ဖက်ဖြင့် ရေနဂါး၏ဦးခေါင်းကိုဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ရေနဂါး၏ဧရာမခန္ဓာကိုယ်ကြီးကို ဆုပ်ကိုင်လိုက်သည်။

ထို့နောက် သူက ရေနဂါးကို အဝေးသို့လွှင့်ပစ်လိုက်၏။

ရေနဂါး၏ကြီးမားသောခန္ဓာကိုယ်ကြီးမြောက်တက်သွားကာ နောက်ဆုံး၌ ပြင်းထန်သောအရှိန်ဖြင့် ရေအိုင်အောက်ခြေသို့ ပြန်လည်ပြုတ်ကျလာသည်။

ဘုန်း...ဘုန်း...ဘုန်း...

ရေနဂါးသည် မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်ပင်မှ သစ်ကိုင်းများနှင့် ရိုက်ခတ်မိကာ နောက်ဆုံး၌ သူကိုယ်သူ ကိုယ်ရှိန်သတ်နိုင်ခဲ့သည်။သူ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများလည်း ပျောက်ကွယ်သွားကာ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

ထိုရေနဂါးက လုယွီ၏ခွန်အားသည် သူ့ထက် အဆများစွာ ပို၍သာလွန်သည်ကို အာရုံခံမိသွားပုံရသည်။

လုယွီ၏လက်အတွင်းမှ မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီးကို သူ လုယူနိုင်မည်မဟုတ်သည်မှာ သိသာထင်ရှားလှ၏။

"တကယ်လို့ မင်း အပြင်မှာ လိမ်လိမ်မာမာနေမယ်ဆိုရင်...မင်းအတွက် အကျိုးကျေးဇူးရစေရမယ်"

လုယွီက ရေနဂါးကို သတ်ဖြတ်ခြင်းမပြုချေ။

မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် တော်ဝင်နန်းတွင်းအတွင်းရှိ နေရာတစ်နေရာဖြစ်နေဆဲပင်။ဤနေရာတွင် လူသူခြောက်ကပ်နေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း အကယ်၍ သွေးညှီနံရပါက တခြားသူများ၏စိတ်အာရုံကို ဆွဲဆောင်သကဲ့သို့ ဖြစ်သွားပေမည်။

ရေနဂါးက ခေါင်းငုံထားကာ လုယွီကို စေ့စေ့မကြည့်ဝံ့တော့ချေ။

ရေနဂါး၏အညံခံခြင်းကိုမြင်တွေ့ပြီးနောက် လုယွီသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏လက်အတွင်းရှိ မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီးကို ဝါးမြိုလိုက်တော့သည်။

တခြားကျင့်ကြံသူများသည် ဤကဲ့သို့အဆင့်ရှိသော နတ်ဘုရားသစ်သီးမျိုးကို ရက်ပေါင်းဆယ်နှင့်ချီအချိန်ယူ၍ သန့်စင်ရပေမည်။သူတို့သည် ဤသစ်သီးအတွင်းရှိ ဆေးစွမ်းအားများကို တဖြည်းဖြည်းချေဖျက်ပြီးမှသာ စုပ်ယူနိုင်ပေလိမ့်မည်။

သို့ရာတွင် လုယွီကမူ ဤနေရာ၌ အချိန်များစွာဖြုန်းတီးရန် ရည်ရွယ်မထားချေ။

မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီးကို ဝါးမြိုပြီးနောက် လုယွီ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးစတချို့ ယိုစီးကျလာသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများနှင့်မရီးဒါန်းများအတွင်း၌ ပြည့်နှက်သွားသည်။သိုင်းပညာသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ရှိသည့်တိုင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့လာသော ပြင်းထန်သောနာကျင်မှုကို သူ ခံစားနေရဆဲပင်။

သို့ရာတွင် ဤနာကျင်မှုသည် သူ့အတွက် မည်သို့မျှမနေချေ။

သူသည် ရုတ်တရက် သူ၏နှလုံးသားအောက်ခြေမှလာသော မကြုံစဖူးပျော်ရွှင်မှုမျိုးကို ခံစားရလေ၏။

ဤသည်က သူ အချိန်အတော်ကြာ စိတ်ရှုပ်ထွေးနေခဲ့သော တစ်စုံတစ်ခု ရုတ်တရက်ရှင်းလင်းသွားသကဲ့သို့ပင်။ယခင်က သူ တွေးတော၍မရခဲ့သော ပြဿနာအမြောက်အများကို ဤအချိန်အခိုက်အတန့်တွင် ဖြေရှင်းနိုင်ခဲ့လေပြီ။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ့စိတ်ဝိညာဥ်၏စွမ်းအားပင် အနည်းငယ်တိုးတက်လာသကဲ့သို့ ခံစားမိသည်။

သူသည် မရေမတွက်နိုင်သောကိစ္စများလုပ်ဆောင်ရန်အတွက် သူ၏စိတ်အာရုံကို ထောင်နှင့်ချီ၍ ခွဲခြမ်းစိတ်ဖြာကာအသုံးပြုနိုင်လေပြီ။သူသည် တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော အတွေးများကို တွေးတောနိုင်ပေ၏။

ဤသည်က မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီး၏ ပဉ္စလက်ဆန်သောအကျိုးသက်ရောက်မှုပင်။

ထိုသစ်သီး၏ကူညီထောက်ပံမှုကြောင့် လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားများ မြင့်တက်လာရုံမက ကျီးကန်းနက်နတ်ဘုရားနှင့်တိုက်ခိုက်စဥ်က ရရှိခဲ့သော သူ၏ဒဏ်ရာများလည်း ပျောက်ကင်းသွားလေပြီ။

ထို့ပြင် မဟာပေါင်းစည်းခြင်းနတ်ဘုရားသစ်သီးမှ စွမ်းအားများ ကြွင်းကျန်နေသေးလေရာ သူ့အား နောက်ထပ်ကျင့်ကြံဆင့် ချိုးဖျက်ခွင့်ရစေသည်။

"ငါက တစ်ခါတည်းနဲ့ မြေကမ္ဘာအင်မော်တယ်နယ်ပယ် အလယ်အလတ်ဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်တော့မယ်"

လုယွီက တွေဝေတုံ့ဆိုင်းနေခြင်းမရှိချေ။သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများအားလုံးကိုလှည့်ပတ်ကာ သူ၏ကျင့်ကြံဆင့်နယ်ပယ်အတားအဆီးကို ချိုးဖျက်ရန်စတင်လိုက်တော့သည်။

All Chapters