← Chapters

အခန်း (၂၈၂၆-၂၈၃၀)

Vol. 145 Ch. 2826-2830

အခန်း (၂၈၂၆-၂၈၃၀)

Vol. 145 Ch. 2826-2830

Chapter 2826

"ငါက ရှားဟိုအိမ်တော်ရဲ့ကြေးစားအလုပ်သင်တစ်ယောက်လို့ သူတို့က မင်းကို ပြောထားတာလား"

လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"အစကနေအဆုံးထိ မင်းတို့က ငါ့ရဲ့အစစ်အမှန်အဆင့်အတန်းကို မသိကြမှာ ငါ စိုးရိမ်မိတယ်"

ရှားဟိုကျွင်းက သရော်တော်တော် ပြောဆိုသည်။

"တကယ်တော့...ဘယ်သူက အစစ်အမှန်အစွမ်းထက်ကျင့်ကြံသူဖြစ်ပြီးတော့ ဘယ်သူက လှည့်စားမှုတွေလုပ်နေတဲ့ လူလိမ်လဲဆိုတာ ငါ ခွဲခြားသိနိုင်တယ်...မင်းမှာ ဒီနေရာကိုဝင်လာဖို့ အရည်အချင်းမရှိဘူး...မင်း ခိုးဝင်လာတာကို ဘယ်သူမှမဖော်ထုတ်နိုင်ဘူးလို့ မင်း ထင်နေတာလား...မင်းကို စစ်ဆေးရေးအရာရှိတွေဆီ ခေါ်သွားမှရမယ်"

ထိုစကားဆုံးသည်နှင့် ရှားဟိုကျွင်းက လုယွီကိုဖမ်းဆီးရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်၏။

သို့ရာတွင် သူ၏လက် လုယွီကိုထိတွေ့လုဆဲဆဲအချိန်မှာပင် ရုတ်တရက် ပြင်းထန်သောအားလှိုင်းတစ်ရပ်က သူ့ကို ရိုက်ခတ်မိသွားသည်။

ရှားဟိုကျွင်းသည် သူ၏လက် တစစ်စစ်နာကျင်လာမှုကို ခံစားလိုက်ရသည်။သူက ချက်ချင်းဆိုသလိုပင် ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ ဒေါသတကြီးအော်ဟစ်လေ၏။

"မင်းက ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဝံ့တာလား"

မုဖေးပိုင်က ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"ဟမ့်...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့တော်ဝင်ကျောင်းတော်ရဲ့တပည့်တစ်ယောက်ကို တိုက်ခိုက်ဝံ့တာလဲ...မင်းက ဝက်ဝံအသည်းနဲ့ကျားသစ်အူတွေကိုများ စားထားလို့ ဒီလောက်ထိ ရဲတင်းနေတာလား...မင်းက သေချင်နေတာပဲ"

"ဒီစကားပြောဖို့ဆိုရင် အနည်းဆုံး မင်းတို့တော်ဝင်ကျောင်းတော်ရဲ့အကြီးအကဲတစ်ယောက်ဖြစ်ဖို့ လိုအပ်တယ်...မင်းတို့လောက်နဲ့တော့ အဆင့်အရမ်းကွာဟတယ်"

လုယွီက စကားကိုဗြောင်ကျကျပြောဆိုကာ မုဖေးပိုင်၏ခြိမ်းခြောက်မှုကို လျစ်လျှုရှုထားလေသည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်ရှိ တိုင်ပင်ဆွေးနွေးနေသံများ ပို၍ကျယ်လောင်လာသည်။ဧည့်သည်တော်တချို့ပင်လျှင် ဤနေရာရှိဖြစ်ရပ်များကို မလှမ်းမကမ်းမှနေ၍ စောင့်ကြည့်နေကြ၏။

ဤနေရာတွင် တော်ဝင်ကျောင်းတော်တပည့်များနှင့် အငြင်းပွားဝံ့သော လူငယ်တစ်ယောက် အမှန်တကယ်ကိုပင်ရှိနေသည်။

လူငယ်မျိုးဆက်သစ်များအကြားတွင် တော်ဝင်ကျောင်းတော်၏တပည့်များသည် မျိုးဆက်တူလူငယ်များကို အကြွင်းမဲ့ခြေမွှဖျက်ဆီးနိုင်စွမ်းရှိကြောင်း လူတိုင်း သိရှိထားကြသည်။

တာယွီ၏အဆင့်အမြင့်ဆုံးကျောင်းတော်ဖြစ်သဖြင့် တော်ဝင်ကျောင်းတော်တွင် မရေမတွက်နိုင်သော ထိပ်သီးပါရမီရှင်များ စုဝေးနေသည်။ထိုနေရာတွင် ပါရမီရှင်များဖြင့် ပြည့်နှက်နေကာ သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို သူတို့ကိုယ်တိုင် အရည်အချင်းရှိသော အစွမ်းထက်ကျင့်ကြံသူများဖြစ်သည်။

ထို့ပြင် မုဖေးပိုင်သည် တော်ဝင်ကျောင်းတော်၏စီနီယာတပည့်တစ်ယောက်ပင်။

စီနီယာတပည့်ဖြစ်လာသော မည်သူမဆို ကျောင်းတော်တပည့်များအကြားတွင် ပါရမီအရည်အချင်းအရှိဆုံးနှင့် အစွမ်းထက်ဆုံးတပည့်ဖြစ်ပေ၏။

ဤှကဲ့သို့လူစားမျိုးနှင့် အငြင်းပွားခြင်းသည် ဥာဏ်ရှိသောရွေးချယ်မှုမမဟုတ်ချေ။

"ငါ့ရဲ့အမြင်အရတော့...သူက မိသားစုတစ်စုရဲ့လူငယ်သခင်လေးတစ်ယောက်ပဲဖြစ်မယ်....သူက အမြဲတမ်း သက်တောင့်သက်သာရှိတဲ့ဘဝနဲ့ နေထိုင်ခဲ့ရတော့ လူပေါ်ကြော့တစ်ယောက်နဲ့တူနေတယ်...သူ့ကိုတွေ့တဲ့ဘယ်သူမဆို ဦးညွှတ်ပြီးဆက်ဆံရမယ်လို့ သူက ထင်နေတာဖြစ်မယ်...ငါက ဒီလိုကောင်စားမျိုးတစ်ယောက်နဲ့ ဒီနေရာမှာတွေ့မယ်လို့ မျှော်လင့်မထားမိဘူး"

"မင်း မကြားဘူးလား...သူတို့ပြောတဲ့အတိုင်းဆိုရင်တော့ အဲ့ဒီကောင်လေးက ဒီထဲကိုခိုးဝင်လာတဲ့ ကြေးစားအလုပ်သင်တစ်ယောက်ပဲ"

"ဖူရွှေပွဲတော်ထဲကို ခိုးဝင်လာဝံ့တဲ့သူရှိသေးတာလား...ဒီနေရာကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားတာ...တကယ်လို့ တစ်ယောက်ယောက်က ဒီနေရာကို ခိုးပြီးဝင်လာဝံ့တယ်ဆိုရင် ဒါက ကြီးလေးတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာပဲ"

"ဘယ်လိုပဲဖြစ်ဖြစ် ဖူရွှေပွဲတော်မှာ အဖိုးတန်ရှားပါးတဲ့ ရတနာတွေ အများကြီးရှိနေတယ်...လောဘကြောင့် ဘာမှမမြင်နိုင်ဖြစ်ပြီးတော့ ဒီနေရာကို ခိုးဝင်လာတဲ့သူ မရှိနိုင်ဘူးလို့ အာမခံဖို့ခက်ခဲတယ်"

နံဘေးဘက်မှစောင့်ကြည့်နေကြသူများသည် လုယွီကို မြင့်မြင့်မားမား တွေးတောထားကြခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် အမှန်တကယ်ကိုပင် ကြေးစားအလုပ်သင်တစ်ယောက်ဖြစ်နေပါက သူနှင့်မုဖေးပိုင်၏အဆင့်အတန်းသည် မိုးနှင့်မြေတမျှ လွန်စွာကွာခြားနေပေမည်။

လုယွီထံတွင် နောက်ဆုတ်ရန်ရည်ရွယ်ချက်မရှိသည်ကို မြင်တွေ့ချိန်တွင် မုဖေးပိုင်၏မျက်လုံးများ အေးစက်တင်းမာသွားသည်။

"ကြည့်ရတာတော့ မင်းက စကားကောင်းကောင်း ပြောလို့မရတဲ့ပုံပဲ....မင်းနဲ့တော်ဝင်ကျောင်းတော်ရဲ့တပည့်တစ်ယောက်ကြားက ကွာဟချက်ကို မင်းသိအောင် ငါ ပြပေးမယ်...ကျန်တဲ့သူတွေအားလုံး နောက်ဆုတ်ကြစမ်း"

မုဖေးပိုင်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။ခပ်ဖျော့ဖျော့ဓားချီအရှိန်အဝါတစ်ရပ်ကို သူ၏အင်္ကျီလက်မောင်းကြား၌ ဖုံးကွယ်ထားသည်။

ဖူရွှေပွဲတော်တွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်။သို့ရာတွင် မုဖေးပိုင်သည် လုယွီထိခိုက်ဒဏ်ရာရရှိစေရန် တစ်စုံတစ်ခုပြုလုပ်လျှင်ပင် မည်သူမျှထုတ်ဖော်ပြောဆိုဝံ့မည်မဟုတ်ချေ။

လုယွီက ခေါင်းခါယမ်းလိုက်၏။သူ့ရှေ့ရှိလူငယ်သည် ခေါင်းမာပြီးတယူသန်သော လူငယ်တစ်ယောက်ပင်။

ထိုလူငယ်သည် လုံယွင်ရှန်းနှင့်ရှားဟိုကျွင်း ပြောဆိုသမျှကို ယုံကြည်နေသည်။သူ့ရှေ့ရှိလူသည် မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုခြင်းပင်မရှိဘဲ တိုက်ခိုက်ရန် ရည်ရွယ်နေပေ၏။

"ဘေးဖယ်စမ်း...ငါ မင်းနဲ့ အငြင်းမပွားချင်ဘူး"

လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။

သူသည် ဝင်္ကပါအတွင်းရှိ ဓားရှည်ကို ထုတ်ယူလိုခြင်းဖြစ်သည်။သူ့ရှေ့ရှိလူများကမူ သူတို့သည် သွေးဆူသောလူငယ်သခင်လေးများသက်သက်ပင်။

အကယ်၍ သူတို့၏လုပ်ရပ်များ တရားလွန်မနေပါက သူ သူတို့နှင့်ငြင်းခုံရန် အလွန်ပျင်းရိငြီးငွေ့သည်။

"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ...ဘာလို့ လူတွေ စုဝေးနေကြတာလဲ"

ရုတ်တရက် တိုးညှင်းပြီး လေးနက်တည်ကြည်သောအသံတစ်သံ ထွက်ပေါ်လာသည်။

Chapter 2827

ပတ်ဝန်းကျင်ရှိလူအုပ်ကြီး ရုတ်တရက် လူစုကွဲသွားသည်။

အနက်ရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်သည် အနက်ရောင်ကန့်လန့်ကာ၏နောက်မှ လျှောက်လှမ်းထွက်လာသည်။

ဤလူလတ်ပိုင်းကြီး၏ပုံပန်းသွင်ပြင်သည် တုတ်ခိုင်သန်မာပြီး ရက်စက်ကြမ်းကြုတ်ပုံပင်။သူ မတ်တတ်ရပ်နေစဥ်တွင် သူ၏အရပ်သည် တခြားသူများထက် ပို၍မြင့်မားကာ သူ၏ခန္ဓာကိုယ်သည် အလွန်ထွားကျိုင်းသဖြင့် ဝက်ဝံလူသားတစ်ယောက်နှင့် တူညီနေသည်။

သူ၏ခါးတွင် အနက်ရောင်သံမဏိဓားရှည်တစ်လက်ကို ချိတ်ဆွဲထားသည်။သူ့ထံမှနေ၍ ပြင်းထန်သော သတ်ဖြတ်လိုခြင်းအရှိန်အဝါများလည်း ထွက်ပေါ်နေလေရာ လူအများသည် သူ့အား စေ့စေ့မကြည့်ဝံ့ချေ။

"အကြီးအကဲချူး"

"အကြီးအကဲချူးရောက်လာပြီ...ဒီကိစ္စ ဘယ်လိုအဆုံးသတ်မလဲဆိုတာ စောင့်ကြည့်ရမယ်"

ပတ်ဝန်းကျင်ရှိလူများသည် အကြီးအကဲချူး ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်တွင် သူတို့၏မျက်နှာများပေါ်၌ ထိတ်လန့်ကြောက်ရွံမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

သူတို့ရှေ့ရှိ အကြီးအကဲချူးသည် တော်ဝင်မြို့တော်၏အမိန့်အောက်ရှိ ရွှေတံဆိပ်ပြားကိုင်ဆောင်ထားသော အကြီးအကဲကိုးယောက်အနက်မှ တစ်ယောက်ဖြစ်သည်။

သူသည် မူလက တော်ဝင်စစ်တပ်၏စစ်ဗိုလ်ချုပ်တစ်ယောက်ပင်။သို့ရာတွင် သူ၏ဒဏ်ရာများကြောင့် သူသည် နောက်တန်းသို့ပြန်ကာ တော်ဝင်မြို့တော်သို့ ပြောင်းရွှေ့လာခဲ့သည်။သူ၏သာမာန်ထက်ထူးချွန်သော ရဲစွမ်းသတ္တိကြောင့် မမျှော်လင့်ဘဲ သူသည် ရွှေတံဆိပ်ရရှိထားသော နယ်မြေခံအကြီးအကဲအဖြစ် ရာထူးတိုးခြင်း ခံရလေ၏။

ရှေးဟောင်းအချိန်ကာလများအတွင်း၌ ကောင်းကင်ဘုံနယ်မြေသည် သတ်ဖြတ်မှုများ လုယက်မှုများ လိမ်လည်လှည့်ဖြားမှုများဖြင့် ဖရိုဖရဲဖြစ်နေသော စည်းမျဥ်းမဲ့ကုန်းမြေတစ်ခုပင်။တချို့လူများသည် ယနေ့တွင် အကောင်းပကတိ ကျင့်ကြံနေကြသော်လည်း နောက်တစ်နေ့တွင် သူတို့သည် ထောင့်တစ်နေရာ၌ သေဆုံးနေနိုင်သည်။

သို့ရာတွင် တာယွီအင်ပါယာတည်ထောင်ပြီးနောက် စည်းမျဥ်းဥပဒေသများ ထွက်ပေါ်လာသည်။ထို့ကြောင့် စည်းမဲ့ကမ်းမဲ့ကိစ္စရပ်များသည်လည်း အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားလေ၏။

တာယွီ၏ပိုင်နက်နယ်မြေအတွင်း၌ စည်းမျဥ်းဥပဒေများနှင့် တားမြစ်ကန့်သတ်ချက်များရှိနေသည်။

ထိုဥပဒေများကို ပြင်းပြင်းထန်ထန်ချိုးဖောက်ပါက ကြီးလေးသောအပြစ်ဒဏ်ကို ခံယူရပေမည်။ထို့ပြင် နယ်မြေခံအကြီးအကဲများသည် ဥပဒေကိုချိုးဖောက်သော ကျင့်ကြံသူများကိုဖမ်းဆီးကာ တရားစီရင်ရေးဌာနများထံ ပို့ဆောင်ရသည်။

တော်ဝင်မြို့တော်အတွင်း၌ နယ်မြေခံအကြီးအကဲချူးသည် ကြမ်းတမ်းသူဟု နာမည်​ကျော်ကြားသည်။သူသည် ကိစ္စများအပေါ် လျှင်မြန်စွာဖြေရှင်း၍ ကြမ်းတမ်းစွာကိုင်တွယ်လေ့ရှိသူတစ်ယောက်ပင်။

ဤနေရာ၌ ရာဇဝတ်မှုကျူးလွန်ထားသည့်သူ မည်သူမျှမရှိသည့်တိုင် အကြီးအကဲချူး ရောက်လာသည်ကို မြင်တွေ့ချိန်တွင် သူတို့ရှေ့သို့ အေးစက်စက်အရှိန်အဝါတစ်ရပ်ရောက်ရှိလာသည်ကို ခံစားရကာ သူတို့အားလုံး ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီသွားကြသည်။

"မင်းက တော်ဝင်ကျောင်းတော်ရဲ့တပည့်တစ်ယောက်မဟုတ်လား...မင်းရဲ့ဝတ်စုံကို ကြည့်ရသလောက် မင်းက စီနီယာတပည့်တစ်ယောက်ပဲဖြစ်မယ်...ဘာတွေ ဖြစ်နေတာလဲ"

အကြီးအကဲချူးက မေးမြန်းသည်။

မုဖေးပိုင်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလေ၏။

"အကြီးအကဲချူး...ဒီလူက ခိုးဝင်လာတာဖြစ်မယ်လို့ ငါ သံသယရှိတယ်...သူက ငါတို့အုပ်စုနဲ့ ထိပ်တိုက်တိုးမိတယ်...မမျှော်လင့်ဘဲ သူက ငါတို့တော်ဝင်ကျောင်းတော်ရဲ့တပည့်တစ်ယောက်ကို ထိခိုက်ဒဏ်ရာရအောင် အရင်ဆုံးတိုက်ခိုက်ခဲ့တယ်...ဒါက ခွင့်လွှက်လို့မရတဲ့ ပြစ်မှုကြီးပဲ...အကြီးအကဲချူးက ငါတို့အတွက် တရားမျှတမှုရအောင်လုပ်ပေးဖို့ ငါ မျှော်လင့်တယ်"

"ဘာမှ မစိုးရိမ်နဲ့...တကယ်လို့ ပြစ်မှုကျူးလွန်ဝံ့တဲ့သူတစ်ယောက်ယောက် ဒီနေရာမှာရှိတယ်ဆိုရင်...ငါက အဲ့ဒီလူကို ဥပဒေအတိုင်း အပြစ်ပေးမယ်"

အကြီးအကဲချူးက လုယွီကို တစ်ချက်ကြည့်ကာ ပြောဆိုသည်။

"မင်းက ဒီနေရာကို ဝင်ခွင့်မရှိဘူးလို့ သူတို့က ပြောနေကြတယ်...ကျေးဇူးပြုပြီးတော့ မင်းရဲ့ဖိတ်ကြားလွှာကို ပြပေးနိုင်မလား"

လူတိုင်း၏မျက်လုံးအကြည့်များက လုယွီထံသို့ ကျရောက်လာသည်။

အကယ်၍ လုယွီထံတွင် အမှန်တကယ်ဖိတ်ကြားလွှာရှိနေပါက ထိုစွပ်စွဲမှုများအားလုံး ဟာသပြက်လုံးတစ်ခု ဖြစ်သွားပေမည်။

"နင့်ရဲ့ဖိတ်ကြားလွှာ ပျောက်သွားတယ်လို့တော့ မပြောနဲ့နော်...တကယ်လို့ နင် အဲ့ဒါကိုပျောက်သွားတယ်ဆိုရင်တောင်....ဖူရွှေပွဲတော်ရဲ့မှတ်တမ်းမှာ ကြည့်လို့ရတယ်..နင်က ဖိတ်ကြားခံရတာ ဟုတ်လား မဟုတ်လားဆိုတာ ရှင်းရှင်းလင်းလင်းသိနိုင်တယ်"

နံဘေးဘက်၌ရှိနေသော လုံယွင်ရှန်းက သရော်တော်တော်ပြောဆိုသည်။

လုယွီက ခေါင်းခါပြလိုက်၏။

"ငါ့မှာ တကယ်တော့ ဖိတ်ကြားလွှာမရှိဘူး"

သူ ထိုစကားကိုပြောဆိုလိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

မြောက်မြားစွာသောလူတို့သည် လုယွီကို အထင်အမြင်သေးနေကြကာ ပြက်ရယ်ပြုလှောင်ပြောင်လိုသောအကြည့်များဖြင့် ကြည့်နေကြသည်။

အကယ်၍ သူ့ထံတွင် ဖိတ်ကြားလွှာမရှိဟုဆိုပါက သူသည် အမှန်တကယ်ကို ခိုးဝင်လာခြင်းဖြစ်ပေမည်။

"အစောပိုင်းက သူ့ရဲ့လေသံအရ အကဲခတ်ကြည့်ရသလောက်...ငါက သူ့ကို အဆင့်အတန်းမြင့်တဲ့သူတစ်ယောက်လို့ ထင်နေခဲ့တာ....သူက နာမည်ပျက်မှာကိုမကြောက်တဲ့ အရူးတစ်ယောက်ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ဟီး ဟီး...ဒီတစ်ကြိမ်တော့ သူ ကံဆိုးမှာကို ငါ စိုးရိမ်မိတယ်...သူက ဖူးရွှေပွဲတော်ထဲကို ခိုးဝင်လာရုံတင်မကဘူး...တော်ဝင်ကျောင်းတော်ရဲ့တပည့်တစ်ယောက်ကိုလည်းပဲ ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တယ်...သူက မိုင်းတွင်းမှာအလုပ်ကြမ်းလုပ်ရမယ့်နေရာကနေ တစ်သက်လုံး ပြန်ထွက်လာနိုင်တော့မှာမဟုတ်ဘူး"

အကြီးအကဲချူးက အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။

"ဒါဆိုရင် မင်းက ဒီအထဲကို တကယ်ကြီး ခိုးဝင်လာခဲ့တာပေါ့လေ...ဒီနေရာမှာ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ပြည့်နှက်နေပြီးတော့ အပြင်လူတွေကို မဝင်ရလို့ တားမြစ်ထားတယ်ဆိုတာ မင်း မသိဘူးလား"

လုံယွင်ရှန်းက မစောင့်ဆိုင်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

"အကြီးအကဲချူး...ဒီနိမ့်ကျတဲ့သူခိုးကောင်ကို မြန်မြန်ဖမ်းဆီးပေးပါ...လေလံပွဲက စတင်တော့မယ်...ဖူးရွှေပွဲတော်ရဲ့ ကြီးကျယ်ခမ်းနားတဲ့အငွေ့အသက်ကို ဒီလိုလူတစ်ယောက်ကြောင့် ညစ်နွမ်းမသွားစေချင်ဘူး"

Chapter 2828

"ငါ့မှာ ဖိတ်ကြားလွှာမရှိပေမယ့် ဒီတံဆိပ်ပြားကို ဖိတ်ကြားလွှာအနေနဲ့ အသုံးပြုလို့ရမယ်လို့ ငါထင်တယ်"

လုယွီက ကျန်းယုချင် သူ့အားပေးထားသော တံဆိပ်ပြားကို ထုတ်ပေးလိုက်သည်။

အကြီးအကဲချူးက ထိုအရာကို တစ်ချက်ယူ၍ကြည့်လိုက်ရာ ထိုကျောက်စိမ်းတံဆိပ်ပြားအောက်တွင် တောက်ပသောရွှေရောင်အစင်းကြောင်းများရှိနေကြောင်း တွေ့မြင်လိုက်ရ၏။

ထိုရွှေရောင်အစင်းကြောင်းများကို ကျောက်စိမ်းပြား၏အောက်တွင် အထူးသီးသန့်နည်းစနစ်တစ်ခုဖြင့် ရေးထွင်းထားကာ ရွှေရောင်နဂါးအမှတ်အသားအဖြစ် ဖွဲ့စည်းသွားသည်။

ဤဖန်တီးမှုနည်းစနစ်သည် အလွန်အမင်းအနုစိတ်နိုင်ကာ ထိုအရာကို သာမာန်လူများ အတုအပပြုလုပ်နိုင်ရန် လွန်စွာခက်ခဲသည်။အကြီးအကဲချူးသည် ရွှေရောင်နဂါးအမှတ်အသား၏ဘေးတွင်ရှိသော အလွန်အမင်းဖုံးကွယ်ထားသည့် သင်္ကေတတစ်ခုကို မြင်တွေ့ချိန်တွင် သူ၏မျက်စိသူငယ်အိမ်များ ကျုံဝင်သွားသည်။

"ဒါဆိုရင် မင်းက ဟုန်ဖန်းမင်းသမီးရဲ့ဧည့်သည်ပေါ့...မင်းသမီးက မင်းကို ဖိတ်ကြားထားမှတော့ မင်းမှာ ဝင်ခွင့်ရှိတယ်"

အကြီးအကဲချူးက တံဆိပ်ပြားကို လုယွီထံပြန်ပေးလိုက်၏။

သူသည် တော်ဝင်မြို့တော်မှ နယ်မြေခံအရာရှိခေါင်းဆောင်ဖြစ်သဖြင့် တော်ဝင်မိသားစုဝင်များနှင့်မြင့်မြတ်သူများ၏ အမှတ်သင်္ကေတများကို ကောင်းစွာသိရှိထားသည်။သူသည် ထိုကိစ္စနှင့်ပတ်သတ်၍ သတိလက်လွတ်မနေဝံ့ချေ။

လုယွီပြသခဲ့သော တံဆိပ်ပြားကို သူ အတည်ပြုပြီးလေပြီ။ဤသည်က အကြွင်းမဲ့မှန်ကန်သော တံဆိပ်ပြားတစ်ခုပင်။

"ဘာ...ဟုန်ဖန်းမင်းသမီးလား"

"သူ့ကို မင်းသမီးတစ်ပါးက ဖိတ်ကြားထားတာလား...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းတို့သည် နေရာမှာပင် အမြှစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေကာ မည်ကဲ့သို့ ဆက်လုပ်ရမည်ကို မသိကြတော့ချေ။

ဤကောင်လေးသည် ဖူကျစ်ရွှယ်နှင့်နတ်ဘုရားဓားအမတ်ကြီးတို့၏ အသိအကျွမ်းသက်သက်မဟုတ်လော...သူသည် စားသောက်ရန်အတွက် ရှားဟိုအိမ်တော်၌ အရှက်မရှိကပ်နေသော ကြေးစားအလုပ်သင်တစ်ယောက်မဟုတ်လော...မည်သည်ကြောင့် သူ့ထံတွင် ဟုန်ဖန်းမင်းသမီး၏တံဆိပ်ပြား ရှိနေရသနည်း။

လုံယွင်ရှန်း၏မျက်နှာပေါ်၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေကာ သူမက ပြောဆိုလိုက်သည်။

"အကြီးအကဲချူးက ထပ်ပြီးမစုံစမ်းတော့ဘူးလား...သူက မင်းသမီးရဲ့တံဆိပ်ပြားကို တစ်နေရာရာကနေ ခိုးလာတာလို့ ငါ သံသယရှိတယ်"

အကြီးအကဲချုးက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"ကောင်မလေး...ငါ့ရှေ့ကို ခိုးရာပါပစ္စည်းတစ်ခုခု ယူလာပြဝံ့တဲ့သူတစ်ယောက်ကို ငါ မတွေ့ဖူးသေးဘူး...သူက ဒီတံဆိပ်ပြားကို ပြောင်ပြောင်တင်းတင်း ထုတ်ပြခဲ့တယ်...ပြီးတော့ ဒီနေရာမှာ သက်သေခံပစ္စည်းတွေကိုပဲ အသိအမှတ်ပြုတာ လူတွေကိုမဟုတ်ဘူး...သူက တံဆိပ်ပြားကို ထုတ်ပြနိုင်တဲ့အတွက် သူ့ရဲ့အဆင့်အတန်းကို သက်သေပြပြီးသားဖြစ်သွားပြီ...ကျန်တဲ့ကိစ္စတွေကတော့ ငါနဲ့မဆိုင်ဘူး"

ထိုစကားဆုံးသည်နှင့် အကြီးအကဲချူးက မုဖေးပိုင်ကို အေးစက်စက်အကြည့်ဖြင့်တစ်ချက်ကြည့်ကာ ဆက်လက်ပြောဆိုသည်။

"ဖူရွှေပွဲတော်မှာ တိုက်ခိုက်ခွင့်မရှိဘူး...တကယ်လို့ ခုဏက မင်းအရင်ဦးဆောင်ပြီး တိုက်ခိုက်ခဲ့မယ်ဆိုရင် ငါ မင်းကို ပထမဆုံးဖမ်းဆီးရလိမ့်မယ်"

မုဖေးပိုင်၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။

သူ၏အင်္ကျီလက်အတွင်း၌ ဓားချီကို လျှို့ဝှက်စွာဖုံးကွယ်ထားသော်လည်း အကြီးအကဲချူး ရှာဖွေတွေ့ရှိသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် တစ်ဖက်လူသည် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။မုဖေးပိုင်သည် အလွန်စိတ်လှုပ်ရှားနေသော်လည်း ထုတ်ဖော်ပြသဝံ့ခြင်းမရှိချေ။ထို့ကြောင့် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုလိုက်၏။

"ငါက အကြီးအကဲချူးရဲ့အမိန့်ကို လိုက်နာပါ့မယ်"

အကြီးအကဲချူးက အေးစက်စက်အကြည့်ဖြင့် လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်ကာ ထွက်ခွာသွားတော့သည်။ယနေ့တွင် သူ့ထံ၌ လုပ်ဆောင်စရာကိစ္စ အမြောက်အများရှိနေသည်။

သူ ထွက်ခွာသွားပြီးနောက် လုယွီထံသို့ ကျရောက်လာသော မျက်လုံးအကြည့်များတွင် ထပ်မံ၍ အထင်သေးမှုအရိပ်အယောင်များ မရှိတော့သော်လည်း သိချင်စိတ်ပြင်းပြမှုများ ရှိနေလေ၏။

"ဟုန်ဖန်းမင်းသမီးလား...သူက မီဖေးရဲ့ဆွေမျိုးတစ်ယောက်ဖြစ်ပြီးတော့ မကြာသေးခင်အချိန်ကမှ မင်းသမီးဘွဲ့အပ်နှင်းခံထားရတာလို့ ငါ ကြားထားတယ်...ဒါက မီဖေး သူ့ရဲ့ဆွေမျိုးတစ်ယောက်ကို မင်းသမီးဘွဲ့ခန့်အပ်ဖို့ တောင်းဆိုခဲ့တဲ့ ပထမဆုံးအကြိမ်ပဲ...ဒီကောင်လေးက ဟုန်ဖန်းမင်းသမီးနဲ့သိနေမယ်လို့ ငါ တကယ်မျှော်လင့်မထားမိဘူး"

"သူ ဒီလောက်ထိ တည်ငြိမ်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...သူက မင်းသမီးရဲ့ဖိတ်ကြားတာကို ခံထားရတဲ့သူပဲ...သူက ဘယ်လိုလုပ်ပြီးတော့ ဖိတ်ကြားလွှာလိုအပ်မှာလဲ...တော်ဝင်ကျောင်းတော်ရဲ့တပည့်တွေက အခြေအနေကိုနားမလည်တာ ရယ်ဖို့အရမ်းကောင်းတာပဲ...သူတို့က အရင်ဦးအောင်တောင် တိုက်ခိုက်ချင်ကြသေးတယ်...ဒီတစ်ကြိမ်တော့ သူတို့ အနည်းအကျဥ်းခံစားသွားရပြီ"

ပတ်ဝန်းကျင်ရှိလူများ၏စကားသံများကို ကြားချိန်တွင် မုဖေးပိုင်သည် တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားသည်။

သူသည် ဟုန်ဖန်းမင်းသမီးကို သိရှိထားပေ၏။သူမသည် အစစ်အမှန် တော်ဝင်မိသားစုဝင်တစ်ယောက်ပင်။

သူသည် တော်ဝင်ကျောင်းတော်၏စီနီယာတပည့်တစ်ယောက်ဖြစ်သည်ကို မဆိုထားနှင့် အကယ်၍ သူသည် အရာရှိတစ်ယောက်ဖြစ်နေလျှင်ပင် ဟုန်ဖန်းမင်းသမီးကို ရိုသေလေးစားစွာ ဆက်ဆံရပေမည်။

ဤကောင်လေးသည် ရှားဟိုအိမ်တော်၏ကြေးစားအလုပ်သင်တစ်ယောက်မဟုတ်လော...မည်သည်ကြောင့် သူသည် တော်ဝင်မိသားစုဝင်တစ်ယောက်နှင့် သိကျွမ်းနေရသနည်း...

မုဖေးပိုင်က အနည်းငယ်ဒေါသထွက်နေသောအကြည့်ဖြင့် လုံယွင်ရှန်းကို လှည့်ကြည့်လိုက်သည်။

လုံယွင်ရှန်းသည် ရေခဲလှိုဏ်ဂူအတွင်းသို့ ကျရောက်သွားသည့်အလား သူမ၏ခန္ဓာကိုယ်အေးစက်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

Chapter 2829

"စီနီယာအကိုမူ ...ငါ့ကို ယုံပေးပါ..အဲ့ဒီကောင်လေးက ဟန်ဆောင်နေတာ သေချာတယ်...သူက မင်းသမီးရဲ့တံဆိပ်ပြားကို ဘယ်လိုရလာတယ်ဆိုတာ ငါမသိပေမယ့်...အဲ့ဒီတံဆိပ်ပြားရဲ့ရင်းမြစ်က မှားယွင်းနေတယ်ဆိုတာ ငါ အာမခံနိုင်တယ်"

လုံယွင်ရှန်းက လေးနက်တည်ကြည်သော ကျိန်ဆိုမှုကို ပြုလုပ်လိုက်၏။

ရှားဟိုကျွင်းကလည်း ဝင်ရောက်ပြောဆိုသည်။

"စီနီယာအကိုမူ...ဒီကောင်လေး ခိုးဝင်လာနိုင်တာ ငါတို့ရှားဟိုအိမ်တော်ရဲ့အပြစ်ပါ...ငါတို့ အိမ်တော်ကိုပြန်ရောက်တာနဲ့ ငါတို့ရဲ့အစေခံတွေကို သေချာစည်းကမ်းတင်းကြပ်လိုက်ပါ့မယ်"

မုဖေးပိုင်သည် သူ၏စိတ်နှလုံးသားအတွင်း၌ စိတ်မပျော်မရွှင်ဖြစ်နေသဖြင့် အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။သူက လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။

"သူက ဟုန်ဖန်းမင်းသမီး ဖိတ်ကြားထားတဲ့သူဖြစ်နေရင်တောင်...ငါတို့တော်ဝင်ကျောင်းတော်ရဲ့တပည့်တစ်ယောက်ကို ထိခိုက်နာကျင်အောင်လုပ်ခဲ့တယ်...ငါ ဒီကိစ္စကို လျစ်လျှူရှုမထားနိုင်ဘူး"

လုယွီသည် ထိုလူများ၏စကားကို နားထောင်နေခြင်းအား ရပ်တန့်ကာ ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

သူ၏လမ်းကြောင်းကို အရင်ဆုံးလာရောက်ဟန့်တားသည်မှာ လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းတို့ဖြစ်ကြောင်း သိသာထင်ရှားလှ၏။

ထို့ပြင် ရှားဟိုကျွင်းသည် လုယွီကိုဖမ်းချုပ်ရန်ရည်ရွယ်၍ အရင်လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

လုယွီ၏လက်ရှိခွန်အားအရ အကယ်၍ သူ မတိုက်ခိုက်လျှင်ပင် ရှားဟိုကျွင်းသည် သူ၏အနီးသို့ ချဥ်းကပ်နိုင်မည်မဟုတ်ချေ။အစောပိုင်းက ရှားဟိုကျွင်း နောက်သို့လွင့်ထွက်ရုံသာဖြစ်သွားခြင်းမှာ လုယွီသည် သူ၏ချီစွမ်းအားများကို တားမြစ်ထိန်းချုပ်လိုက်ခြင်းကြောင့်ပင်။သို့ရာတွင် မုဖေးပိုင်၏နှုတ်မှနေ၍ လုယွီသည် သူတို့တော်ဝင်ကျောင်းတော်၏တပည့်ကို ထိခိုက်ဒဏ်ရာရအောင်လုပ်သူဟု ထပ်ခါတလဲလဲ ပြောဆိုနေသည်။

"တကယ်လို့ မင်းတို့ ငါ့ရဲ့လမ်းကို လာမပိတ်ဘူးဆိုရင်...ဒီကိစ္စဖြစ်လာမှာမဟုတ်ဘူး"

လုယွီသည် သူတို့ကို လျစ်လျှူရှုကာ ဝင်္ကပါထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ဝင်္ကပါကို ချိုးဖျက်ရန် ကြံရွယ်ခဲ့ခြင်းကို နံဘေးတွင်ရှိနေသော လူများအားလုံး ပြန်လည်အမှတ်ရသွားသည်။

"ကြည့်ကြအုံး...ကိုယ့်ရဲ့အတိုင်းအတာကို မသိတဲ့သူတစ်ယောက် ထပ်ရောက်လာပြန်ပြီ...သူက ဒီဝင်္ကပါကို ချိုးဖျက်ဖို့တောင် ကြံစည်ဝံ့တယ်"

"သူ့ရဲ့ပုံပန်းသွင်ပြင်အရကြည့်ရင် သူက အတော်ငယ်သေးပုံပဲ...သူက ငယ်ရွယ်ပြီး မာန်မာနဝံ့ကြွားနေတာဆိုတော့ သူ မလုပ်နိုင်တဲ့အရာ ဘာမှမရှိဘူးလို့ ထင်နေမှာပဲ...သူ ဝင်္ကပါကို ချိုးဖျက်ဖို့ အမှန်တကယ် ကြိုးစားတဲ့အချိန်ကျမှ...ဒီဝင်္ကပါ ဘယ်လောက်ထိအစွမ်းထက်တယ်ဆိုတာ သူ သိသွားလိမ့်မယ်"

မုဖေးပိုင်က ရုတ်တရက် ပြောဆိုသည်။

"ငါတို့ ဒီနေရာမှာပဲနေပြီးတော့...ဟုန်ဖန်းမင်းသမီးရဲ့ဧည့်သည်က ဝင်္ကပါကို ဘယ်လိုချိုးဖျက်မလဲဆိုတာ စောင့်ကြည့်နေမယ်"

သူ၏လေသံတွင် ဒေါသများနှင့် ပြည့်နှက်နေပေ၏။

လုယွီသည် သူ၏နာမည်ဂုဏ်သတင်းကို ကျဆင်းစေသူပင်။လုယွီသည် ဝင်္ကပါကို ချိုးဖျက်နိုင်မည်ဟု သူ ယုံကြည်ခြင်းမရှိချေ။

လုံယွင်ရှန်းက အခိုင်အမာယုံကြည်ချက်ရှိသောလေသံဖြင့် ပြောဆိုသည်။

"စီနီယာအကိုမု...ဘာမှမစိုးရိမ်ပါနဲ့...သူ့ရဲ့အရည်အချင်းကို ငါ သိတယ်...ဒီဝင်္ကပါက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်...သူ ဘယ်လိုနည်းနဲ့မှ ချိူးဖျက်နိုင်မှာမဟုတ်ဘူး"

ခရက်...ခရက်...

လုံယွင်ရှန်းက သရော်တော်တော်စကားတချို့ ထပ်မံပြောဆိုရန် ကြံရွယ်လိုက်စဥ်မှာပင် သူတို့ရှေ့မှနေ၍ တိုးညှင်းသောအသံများ ထွက်ပေါ်လာသည်။

လုယွီရှေ့ရှိ ဝင်္ကပါကြီးသည် ဖန်တစ်ချပ်အလား ကြေမွှပျက်စီးသွားလေ၏။

ဝင်္ကပါကြီး ပျက်စီးသွားသလော...

မဖြစ်နိုင်ချေ...မည်သည်ကြောင့် ဤသို့ ဖြစ်နိုင်မည်နည်း....

လုယွီ ရောက်ရှိသွားသည်မှာ အချိန်တခဏသာ ကြာသေးသော်လည်း ဝင်္ကပါကြီး ပျက်စီးသွားလေပြီ။

လုံယွင်ရှန်းသာ ရုတ်တရက် အော်ဟစ်လိုက်သည်။

"မဖြစ်နိုင်ဘူး...နင်က ဘယ်လိုလုပ်ပြီးတော့ ဝင်္ကပါကို ချိုးဖျက်နိုင်တာလဲ"

လုယွီက သူမကို လျစ်လျှူရှုကာ ကြေးနီဓားရှည်ကို ထုတ်ယူလိုက်၏။

ဓားရှည်ကို သူ၏လက်အတွင်း၌ ကိုင်ဆောင်ထားစဥ်တွင် လုယွီသည် နတ်ဘုရားစိတ်အာရုံမှတဆင့် သိုလှောင်အိတ်အတွင်းရှိ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ ပြင်းပြသောစိတ်ဆန္ဒကို ခံစားမိသည်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် သူ၏ခွန်အားကို မြှင့်တင်နိုင်ရန်အတွက် ကြေးနီဓားရှည်ကို ဝါးမြိုရန်ဆန္ဒရှိနေသည်။

လုယွီက တီးတိုးရေရွတ်လိုက်သည်။

"ဒီကြေးနီဓားရှည်ကို အများဆုံးအနေနဲ့ မှော်လက်နက်ကောင်းတစ်ခုလို့ပဲ ယူဆလို့ရတယ်...ဒါပေမယ့် ဒီအထဲမှာ မသေမျိုးအဆင့်မှော်လက်နက်အစိတ်အပိုင်းတွေ ပါဝင်နေတယ်...ကြည့်ရတာတော့ မင်းက ဒါကို ကောင်းကောင်းအာရုံခံနိုင်တဲ့ပုံပဲ"

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် စဦးအဆင့်တွင်သာရှိနေကာ သူ၏ခွန်အားကုန် ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိသေးချေ။

မသေမျိုးအဆင့်မှော်ရတနာအပိုင်းအစများဖြင့် ပေါင်းစပ်ပြီးမှသာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင် ကြီးမားစွာတိုးတက်လာနိုင်သည်။ထိုနည်းလမ်းဖြင့် သူ ပြန်လည်ကောင်းမွန်လာနိုင်ရန် အချိန်ကြာမြင့်စွာ ယူရမည်မဟုတ်တော့ချေ။

လုယွီသည် မတ်တတ်ထရပ်ကာ ဤနေရာမှထွက်ခွာရန် ဟန်ပြင်လိုက်သည်။သို့ရာတွင် မမျှော်လင့်ဘဲ သူ့ရှေ့တွင် မုဖေးပိုင်တို့လူစုက လမ်းပိတ်ထားခဲ့သည်။

လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။

"ဘေးဖယ်ကြစမ်း...ငါ မင်းတို့ကို ဒုတိယအကြိမ် ထပ်မပြောတော့ဘူး"

ထိုလူများသည် တစ်ကြိမ်သတိပေးရုံဖြင့် လုံလောက်ခြင်းမရှိချေ။သူတို့သည် လုယွီ၏လမ်းကို အမှန်တကယ်ကိုပင် ပိတ်ဆို့ဟန့်တားဝံ့ပေ၏။

Chapter 2830

"နင် ဒီနေရာကနေ ထွက်သွားလို့မရဘူး...နင့်ရဲ့လက်ထဲက ဓားရှည်ကိုချလိုက်စမ်း...ဒါက နင့်ရဲ့ပိုင်ဆိုင်မှုမဟုတ်ဘူး"

လုံယွင်ရှန်းက လုယွီကိုစူးစိုက်ကြည့်ကာ သရော်တော်တော် ပြောဆိုသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"မင်း ဘာကိုဆိုလိုတာလဲ"

ထိုအချိန်မှာပင် ရှားဟိုကျွင်းက ကျယ်လောင်စွာ ပြောဆိုသည်။

"ငါတို့ရဲ့ စီနီယာအကိုမုက အစောပိုင်းက ဝင်္ကပါကို ချိုးဖျက်ခဲ့တယ်...သူက အောင်မြင်ခါနီးနေပြီ...သူက ဝင်္ကပါကြီးကို အပြည့်အဝချိုးဖျက်နိုင်ဖို့ ခြေတစ်လှမ်းစာပဲ လိုတော့တယ်...မင်းက သူ ချိုးဖျက်ခဲ့တဲ့ဟာကွက်ကို အဆင်သင့်ကောက်ယူခဲ့တာပဲ...အမှန်တော့ ဒီဝင်္ကပါကိုဖျက်ဆီးတဲ့သူက စီနီယာအကိုမုဖြစ်သင့်တယ်...ဒါကြောင့် ဝင်္ကပါထဲကရတနာကလည်း စီနီယာအကိုမုရဲ့အပိုင်ပဲ"

တော်ဝင်ကျောင်းတော်မှတပည့်များသည် လုယွီကို ဝိုင်းရံထားကာ ထွက်ခွာသွားခွင့်မပြုချေ။

သို့ရာတွင် နံဘေးဘက်မှစောင့်ကြည့်နေကြသော လူများသည်လည်း ရှေ့သို့ထွက်လာကာ ငြင်းဆန်ခြင်းမရှိချေ။

ပထမဆုံးအနေဖြင့် တော်ဝင်ကျောင်းတော်မှလူငယ်များသည် နောင်အနာဂတ်တွင် တာယွီအင်ပါယာ၏ဌာနအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သည်။မည်သူကမျှ အနာဂတ်အတွက် ရန်သူတစ်ယောက်ကို မွေးထားလိုခြင်းမရှိပေ။

ထို့ပြင် မုဖေးပိုင် ဝင်္ကပါကို ချိုးဖျက်ခဲ့စဥ်တွင် ဝင်္ကပါသည် ပျက်စီးလုဆဲဆဲ အခြေအနေသို့ ရောက်ရှိခဲ့သည်ကို သူတို့အားလုံး တွေ့မြင်ခဲ့ကြ၏။

လုယွီကမူ ဝင်္ကပါရှေ့သို့ရောက်ရှိသွားကာ ညင်သာစွာတစ်ချက်တို့ထိလိုက်ရုံဖြင့် ဝင်္ကပါကြီး ကြေမွှပျက်စီးသွားခဲ့သည်။

ဤဝင်္ကပါအား အမှန်တကယ်ချိုးဖျက်ခဲ့သူမှာ မည်သူဖြစ်ကြောင်းကို ပြောဆိုနိုင်ရန် လွန်စွာခက်ခဲသည်။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"အဲ့ဒီလိုလား...မင်းတို့က ဒီလိုပြောလာမှတော့ ဘာလို့ ဝင်္ကပါကို အပြည့်အဝချိုးဖျက်ပြီးတော့ အထဲကပစ္စည်းကို မယူတာလဲ"

ဤသည်မှာ အစကတည်းက အဓိပ္ပါယ်မရှိသောကိစ္စပင်။

အစောပိုင်းက မုဖေးပိုင် ဝင်္ကပါအားချိုးဖျက်စဥ်တွင် လုယွီက နံဘေးဘက်မှနေ၍ စောင့်ကြည့်နေခဲ့သည်။မုဖေးပိုင်၏ဝင်္ကပါချိုးဖျက်မှုနည်းလမ်းသည် လုံးလုံးလျားလျား မှားယွင်းနေပေ၏။

အကယ်၍ မုဖေးပိုင် ဝင်္ကပါကို ချိုးဖျက်နိုင်ပါက အလွန်ထူးဆန်းအံ့အားသင့်ဖွယ်ကောင်းသော ကိစ္စဖြစ်ပေမည်။

လုယွီကမူ ယခင်ကတည်းက ဝင်္ကပါချိုးဖျက်ရန်နည်းလမ်းကို စဥ်းစားတွေးတောထားပြီးဖြစ်သည်။ထို့ကြောင့် သူ စတင်တိုက်ခိုက်သည်နှင့် ဝင်္ကပါ၏အားအနည်းဆုံးနေရာကိုရှာဖွေကာ ချက်ချင်းချိုးဖျက်ခဲ့ခြင်းဖြစ်ပေ၏။

သို့ရာတွင် လုယွီ၏ဝင်္ကပါချိုးဖျက်မှုအရှိန်နှုန်းသည် အလွန်လျှင်မြန်သဖြင့် တခြားသူများ၏သံသယဝင်မှုကို မြင့်တက်စေခဲ့သည်။

"မိတ်ဆွေလေး...မင်းကို မင်းသမီးကဖိတ်ကြားထားခဲ့တယ်ဆိုတာ ခုဏက ငါ မသိခဲ့ဘူး...ငါ အပြစ်ပြုမိတာကို ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ"

မုဖေးပိုင်က ကြီးကျယ်ခမ်းနားသောအမူအယာဖြင့် ဆက်လက်ပြောဆိုသည်။

"ဒါပေမယ့် ဒီနဂါးပုံထွင်းဓားက တကယ်တော့ ငါ့ရဲ့ပိုင်ဆိုင်မှုပဲ ဖြစ်သင့်တယ်...ငါက ဝင်္ကပါကို အရင်ချိုးဖျက်ခဲ့ပြီးတော့ ခြေတစ်လှမ်းစာအလိုမှာ ရပ်ခဲ့ရတယ်...ဒါ့ကြောင့် မင်းက ဝင်္ကပါကို အလွယ်တကူ ချိုးဖျက်နိုင်တာပဲ...ငါက ဒီနဂါးပုံထွင်းဓားကို တန်ဖိုးထားခဲ့တာ အချိန်အတော်ကြာနေပြီ...တကယ်လို့ မင်း ငါ့ကို ဒီဓားပေးမယ်ဆိုရင် ငါ မင်းကို မျက်နှာသာပြန်ပေးမယ်"

လုယွီ သဘောတူညီမည်ဟု မုဖေးပိုင်က ယုံကြည်ထားသည်။

သူသည် တော်ဝင်ကျောင်းတော်၏ ဂုဏ်သတင်းကြီးမားသော စီနီယာတပည့်တစ်ယောက်ပင်။သူ၏မျက်နှာသာပေးမှုသည် လူအမြောက်အများ သူ့အတွက် အလုပ်လုပ်ပေးစေရန် လုံလောက်ပေ၏။

ဤကဲ့သို့ မျက်နှာသာပေးမှုမျိုးမှာ ဓားရှည်တစ်လက်ဖြင့် လဲလှယ်ရန်လုံလောက်သည်။

မုဖေးပိုင်သည် အခိုင်အမာယုံကြည်ချက်ရှိသော်လည်း လုယွီသည် သူ့အား အာရုံစူးစိုက်ရန် ရည်ရွယ်မထားချေ။

"ငါက မင်းရဲ့မျက်နှာသာပေးမှုကိုမလိုအပ်ဘူး...ပြီးတော့ ဝင်္ကပါက ငါ ချိုးဖျက်ခဲ့တာ...မင်းနဲ့ဘာမှမဆိုင်ဘူး"

လုယွီ၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

မုဖေးပိုင်၏မျက်နှာ ပြာနှမ်းသွားပေ၏။သူသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒပြည့်နှက်နေသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်သည်။

"မင်းက ငါနဲ့ရန်သူဖြစ်ချင်တာ သေချာလား...တကယ်လို့ မင်းကို မင်းသမီးက ဖိတ်ကြားထားတယ်ဆိုရင်တောင် သူက မင်းနဲ့သိရုံသက်သက်ပဲ...မင်းက တော်ဝင်မိသားစုဝင်မဟုတ်ဘူး"

သူ့ထံတွင် မြင့်မားသော အဆင့်အတန်းရှိသည်။သူ့ရှေ့ရှိလူငယ်သည် မည်သည်ကြောင့် သူ၏စကားကို မလိုက်နာဘဲ နေဝံ့သနည်း။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ငါ နောက်တစ်ခေါက် ထပ်ပြောလိုက်မယ်...ဒီနေရာက ထွက်သွားစမ်း"

"လုယွီ...နင်က နင့်အတွက် ဘာကကောင်းတယ်ဆိုတာ တကယ်မသိတဲ့ကောင်ပဲ...ငါတို့ရဲ့စီနီယာမုက အရမ်းသဘောထားကြီးတယ်...ဒါကြောင့် နင့်ကို သူက ထွက်ပေါက်တစ်ခု ပေးခဲ့တာပဲ...နင်​ ဒါကို တန်ဖိုးထားရကောင်းမှန်းမသိဘူး...နင်က ဝင်္ကပါကို ချိုးဖျက်ခဲ့တာမလို့လား...နင်မှာ တကယ်လို့ ဒီလိုမျိုးအရည်အချင်းသာရှိနေရင် ဘာလို့ ငါတို့ရဲ့စီနီယာအကိုမု ဝင်္ကပါချိုးဖျက်တဲ့အချိန်ထိ စောင့်နေတာလဲ...နင်က ပစ္စည်းကိုယူထားပြီးတော့ ပြန်မပေးချင်ဘူး...ဒီကိစ္စလောက်ကိုတောင် ငါ နင့်ကို သင်ကြားပေးရအုံးမယ်လို့ ငါ့ကိုမပြောနဲ့"

လုံယွင်ရှန်းက ရုတ်တရက် အော်ငေါက်လိုက်၏။

သူမသည် စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း ဒေါသထွက်နေလေပြီ။ဤလုယွီသည် အမှန်တကယ်ကိုပင် စီနီယာအကိုမုကို ရန်စစော်ကားဝံ့သလော..

အကယ်၍ လုယွီသာ မုဖေးပိုင်ကို ဒေါသထွက်စေပါက သူသည် သူမကို လက်တွဲခေါ်ရန်မဆိုထားနှင့် သူမအား ကောင်းကောင်းမွန်မွန်ပင် ဆက်ဆံတော့မည်မဟုတ်ချေ။

All Chapters