အခန်း (၂၈၃၆-၂၈၄၀)
Vol. 145 Ch. 2836-2840
Chapter 2836
"လေးစားရတဲ့ ဧည့်သည်တော်တို့...ဒါက ရှေးဟောင်းအပျက်အစီးနယ်မြေက တူးဖော်ရထားတဲ့ ရတနာတစ်ခုပဲ...ကောလဟာလတွေအရတော့ ဒါက နတ်ဆိုးတွေကိုဖိနှိပ်ဖို့ ရှေးဟောင်းစာပေသူတော်စင်တစ်ယောက်က ရေးသားခဲ့တဲ့ အထူးသီးသန့်စာလိပ်တစ်ခုပဲ...ပြီးတော့ ဒါက ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ နတ်ဆိုးဖိနှိပ်ခြင်းအမိန့်တော်ပဲ"
"ရှေးဟောင်းခေတ်ကာလကနေ အခုချိန်ထိ...ဒီစာလိပ်က အချိန်ဘယ်လောက်ကြာကြာ ဖြတ်သန်းခဲ့တယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူး...အဲ့ဒီနယ်မြေထဲက နတ်ဆိုးတွေအမှုန်အမွှားအဖြစ်နဲ့သာ ကြွင်းကျန်တော့ပေမယ့် နတ်ဆိုးဖိနှိပ်ခြင်းအမိန့်တော်ကတော့ ဖိနှိပ်ထားနိုင်တုန်းပဲ...ဒါက ရှေးဟောင်းစာပေသူတော်စင်ရဲ့လက်ရေးလက်သားဖြစ်ပြီးတော့ ဒီအရာပေါ်မှာ သူတော်စင်ရဲ့စိတ်ဆန္ဒတွေ ကြွင်းကျန်နေတုန်းပဲ...ဒီစာလိပ်က တစ်စုံတစ်ယောက်ရဲ့စိတ်ဆန္ဒကို ထိန်းညှိပေးနိုင်ပြီးတော့ ကွန်ဖြူးရှပ်တာအိုနယ်ပယ်ကိုလည်း အဆင့်မြှင့်တင်ပေးနိုင်တယ်"
"ဒီစာလိပ်ကို အင်မော်တယ်ကျောက်တုံးသန်း၅၀နဲ့ လေလံစျေးစဖွင့်မယ်...လေလံစျေးတစ်ခါတိုးရင် အင်မော်တယ်ကျောက်တုံး ဆယ်သန်းထက် နည်းလို့မရဘူး"
လေလံမှူးသည် ထိုပစ္စည်းအကြောင်းကို မိတ်ဆက်ပေးပြီးနောက် သူမက နံဘေးသို့ကပ်၍ မတ်တတ်ရပ်လိုက်သည်။
"ငါက အင်မော်တယ်ကျောက်တုံးသန်း၁၀၀ လေလံစျေးပေးမယ်"
အေးစက်စက်အမျိုးသမီးသံတစ်သံက သီးသန့်ခန်းနံပါတ်၈၇မှ ထွက်ပေါ်လာသည်။
ထိုအသံကိုကြားချိန်တွင် လုယွီသည် ယခင်က တစ်နေရာ၌ ကြားဖူးခဲ့သည့်အလား ရင်းနှီးနေသည်ဟု ခံစားမိလေ၏။
"ငါ စိတ်ထင်တာပဲဖြစ်မှာပါ"
လုယွီက ခေါင်းခါယမ်းကာ အော်ဟစ်လိုက်သည်။
"အင်မော်တယ်ကျောက်တုံး သန်း၂၀၀"
ဤစာပေသူတော်စင်၏ဝါးစာလိပ်သည် ဆိုးဆိုးရွားရွား ပျက်စီးနေသည့်တိုင် အဖိုးများစွာထိုက်တန်သည်။
ရှေးဟောင်းခေတ်ကာလအတွင်း၌ သိုင်းပညာသူတော်စင်များနှင့် နှိုင်းယှဥ်ပါက စာပေသူတော်စင်များသည် ရှားပါးစွာထွက်ပေါ်လာလေ့ရှိသည်။
ထိုစာလိပ်နှင့်ဆိုပါက လုယွီသည် ရှေးဟောင်းသူတော်စင်တစ်ယောက်၏စိတ်ဆန္ဒကို အနည်းငယ်လေ့လာဆင်ခြင်နိုင်ပေမည်။
သီးသန့်ခန်း၈၇အတွင်း၌ရှိနေသော အမျိုးသမီးက အေးစက်စက်အသံဖြင့် ထပ်မံပြောဆိုသည်။
"အင်မော်တယ်ကျောက်တုံး သန်း၃၀၀"
သူမ၏အသံတွင် ဒေါသအရိပ်အယောင်အနည်းငယ် ရောယှက်နေသည်။
"သန်းတစ်ထောင်"
လုယွီက အမူအယာကင်းမဲ့စွာဖြင့် လေလံစျေးတိုးပေးလိုက်၏။
လုယွီကဲ့သို့ စိတ်ဝိညာဥ်သွေးကြောများကို ပိုင်ဆိုင်ထားသူအတွက် အင်မော်တယ်ကျောက်တုံးသန်းတစ်ထောင်ဟူသည်မှာ မပြောပလောက်သောပမာဏပင်။
ပတ်ဝန်းကျင်ရှိလူများအားလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ဤနေရာသို့ရောက်ရှိလာသူများသည် အဆင့်မြင့်အရာရှိများနှင့်မြင့်မြတ်သူများဖြစ်သော်လည်း သူတို့ အလိုရှိသမျှကိုဝယ်ယူနိုင်ရန်အတွက် အင်မော်တယ်ကျောက်တုံးများကို အထိန်းအကွပ်မဲ့စွာ အသုံးပြုနိုင်ခြင်းမရှိချေ။
လုယွီသည် အလွန်တဲ့တိုးဆန်စွာ လေလံစျေးကို သန်းတစ်ထောင်ထိ မြှင့်တင်ခဲ့သည်။ထိုကိစ္စသည် လူအများစုအတွက် တွေးတောစရာတစ်ခု ဖြစ်သွားပေ၏။
"ဖြစ်နိုင်တာတော့ ဒီဝါးစာလိပ်နဲ့ပတ်သတ်ပြီးတော့ ထူးခြားချက်တစ်ခုခုရှိနေလို့များလား"
"ဒါက ဖြစ်နိုင်ချေတော့ သိပ်မရှိဘူး...ဘာလို့လဲဆိုတော့ လေလံတင်ရောင်းချတဲ့ပစ္စည်းတိုင်းက ဖူရွှေပွဲတော်ကရာဖြတ်တွေရဲ့ အကဲဖြတ်မှုအဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့ရတာ....သူတို့ရဲ့မျက်လုံးအောက်ကနေ လွတ်ထွက်သွားနိုင်တဲ့ရတနာမျိုးက အရမ်းရှားပါးတယ်...ဒါပေမယ့် အတိအကျပြောဖို့တော့ ခက်ခဲတယ်...အဲ့ဒီပစ္စည်းကို လိုချင်နေတဲ့သူကပဲ သေချာသိလိမ့်မယ်"
သီးသန့်ခန်းအတွင်း၌...
ဤအချိန်အခိုက်အတန့်တွင် ကျန်းယုချင်သည်လည်း လုယွီ၏လှုပ်ရှားမှုကြောင့် ကြက်သေသေနေသည်။
"လုယွီ...နင် ဒီဝါးစာလိပ်ကိုလိုချင်တာ သေချာလား...အင်မော်တယ်ကျောက်တုံးသန်းတစ်ထောင်ဆိုတာ နည်းတဲ့ပမာဏမဟုတ်ဘူးနော်"
ကျန်းယုချင်က စိုးရိမ်ပူပန်သောလေသံဖြင့် ပြောဆိုလေ၏။
အင်မော်တယ်ကျောက်တုံးသန်းတစ်ထောင်သည် တော်ဝင်မြို့တော်မှမိသားစုငယ်တစ်စု၏ ချမ်းသာကြွယ်ဝမှုနှင့် ညီမျှသည်။
အကယ်၍ ထိုပမာဏဖြင့် အဖိုးတန်ရှားပါးသောရတနာတစ်ခုခုကို ဝယ်ယူမည်ဆိုပါက အဓိပ္ပါယ်ရှိသည်။သို့ရာတွင် ထိုဝါးစာလိပ်၏ထိခိုက်ပျက်စီးနေမှုသည် လွန်စွာဆိုးရွားပေ၏။အကယ်၍ လုယွီသည် ထိုဝါးစာလိပ်ကိုဝယ်ယူရန် အင်မော်တယ်ကျောက်တုံးသန်းတစ်ထောင်ကို အသုံးပြုလိုက်ပါက ထိုအရာကိုတစ်ချက်ကြည့်ရုံမျှဖြင့် သူ၏ငွေကြေးများအားလုံး ဆုံးရှုံးသွားနိုင်သည်။
"ဒါက အဆင်ပြေပါတယ်...ငါ့မှာ ငါ့အစီအစဥ်နဲ့ငါရှိပြီးသားပါ"
လုယွီ၏မျက်နှာပေါ်၌ မည်သည့်ထိတ်လန့်တုန်လှုပ်မှုမျိုးမျှရှိမနေချေ။ထိုအစား သူသည် အလွန်အမင်း တည်ငြိမ်အေးဆေးနေပေ၏။
လုယွီ၏တုံ့ပြန်မှုကို မြင်တွေ့ချိန်တွင် လုယွီက စိတ်သက်သာရာရသွားသည်။သူမက တိုးညှင်းသောအသံဖြင့် မေးမြန်းလိုက်သည်။
"နင်က တစ်ခုခု မြင်ထားလို့လား...ဒီဝါးစာလိပ်နဲ့ပတ်သတ်ပြီးတော့ ဘာထူးခြားချက် ရှိနေလို့လဲ"
လုယွီက ခေါင်းခါပြလိုက်၏။
"အဲ့ဒီဝါးစာလိပ်မှာ ဘာထူးခြားချက်မှရှိမနေဘူး...ဒါပေမယ့် ဒီလေလံပွဲမှာ ငါ လိုချင်တဲ့ပစ္စည်းဆိုလို့ ဘာမှမတွေ့သေးဘူး...ဒီတစ်ခုကိုတော့ ငါ နည်းနည်းမျက်စေ့ကျနေတယ်...ဒါကြောင့် လေလံစျေးပေးလိုက်တာပဲ"
ကျန်းယုချင်၏မျက်လုံးအတွင်း၌ အံ့အားသင့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း သူမက မည်သည့်စကားမျှ ထပ်မဆိုတော့ချေ။
ယခုချိန်တွင် သူမသည် လုယွီနှင့်ပတ်သက်၍ အလွန်သိချင်စိတ်ပြင်းပြနေသည်။အတိတ်တွင် သူ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းခဲ့စဥ်အချိန်၌ အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
နောက်ပိုင်းတွင် လုယွီသည် တော်ဝင်မြို့တော်သို့ ရောက်ရှိနေပြီဟု သူမကြားသိခဲ့ရ၏။သို့ရာတွင် ကျန်းယုချင်သည် ထိုအချိန်တုန်းက နာမည်တူလူတစ်ယောက်ဖြစ်မည်ဟု ယူဆခဲ့ကာ များစွာတွေးတောခဲ့ခြင်းမရှိချေ။
Chapter 2837
အင်မော်တယ်ကျောက်တုံးသန်းတစ်ထောင်ကို မျက်တောင်တစ်ချက်မခတ်ဘဲ အသုံးပြုနိုင်ရန်မှာ ထိုအရာအား ထောက်ပံပေးနိုင်သော အခြေခံအုတ်မြစ်ရှိရန်လိုအပ်သည်။
ဤအချိန်အတောအတွင်းတွင် လုယွီသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ မည်သည့်ကိစ္စရပ်များဖြင့် ကြုံတွေ့ခဲ့ရသည်ကို သူမ မသိရှိချေ။
ဤအချိန်အခိုက်အတန့်တွင်...သီးသန့်ခန်းနံပါတ်၈၇အတွင်း၌...
"ဘယ်သူပါလိမ့်...ငါက ဒီဝါးစာလိပ်အတွက်နဲ့ ဖူရွှေပွဲတော်ကို လာခဲ့တာ...ရှေးဟောင်းသူတော်စင်ရဲ့အမွေအနှစ်က အရမ်းအဖိုးတန်ရှားပါးတယ်...ဒါပေမယ့် ဘယ်သူကမှ မလိုအပ်ကြဘူး...ဘာလို့ ငါနဲ့လုဝယ်တဲ့သူတစ်ယောက် ရှိနေတာလဲ"
သီးသန့်ခန်းအတွင်း၌ရှိနေသည့် ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ဒေါသတကြီးပြောဆိုသည်။
သူမ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဖြင့် ပြည့်နှက်နေသဖြင့် သူမ၏လက်အတွင်း၌ ကိုင်ဆောင်ထားသော လဖက်ရည်ခွက်ပင် အနည်းငယ်တုန်ရီနေသည်။
"ဝမ်းကွဲ...မင်း ဒီပစ္စည်းကိုလိုချင်တာ မဟာဆရာသခင်ကို လက်ဆောင်ပေးဖို့မလား...ငါ အဲ့ဒီလူနဲ့ပြိုင်ပြီး လေလံဆွဲပေးမယ်လေ...ဘယ်လိုသဘောရလဲ"
ခရမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏နံဘေး၌ ခမ်းနားထည်ဝါစွာဝတ်ဆင်ထားသော လူငယ်တစ်ယောက်ထိုင်နေသည်။
အကယ်၍ လုယွီသာ ဤနေရာတွင်ရှိနေပါက တစ်ချက်ကြည့်မိရုံဖြင့် ထိုလူငယ်သည် တော်ဝင်မြို့တော်ပြင်ပရှိ ပင်လယ်ပြင်ကို သူ ဖြတ်သန်းစဥ်က ဆုံတွေ့ခဲ့ရသည့် ကျန်းမိသားစု၏သခင်လေး ကျန်းဟုန်ဖြစ်ကြောင်း သိရှိသွားပေမည်။
ယခုလက်ရှိချိန်တွင် ကျန်းဟုန်၏မျက်နှာပေါ်၌ လုယွီနှင့်ပထမဆုံးတွေ့ဆုံစဥ်မှာကဲ့သို့ တည်ငြိမ်အေးဆေးမှုမျိုး မရှိတော့ချေ။ထိုအစား သူ့ထံတွင် လူပေါ်ကြော့တစ်ယောက်၏အမူအယာမျိုးရှိနေသည်။
အမှန်အားဖြင့် ကျန်းဟုန်နှင့်ရင်းနှီးကျွမ်းဝင်သော မည်သူမဆို ဤသည်က တခြားသူများမြင်တွေ့နိုင်ရန် သူ ဟန်ဆောင်ထားခြင်းဖြစ်ကြောင်း သိရှိပေမည်။အကယ်၍ တစ်စုံတစ်ယောက်သည် ကျန်းဟုန်ကို လူပေါ်ကြော့တစ်ယောက်ဟု အမှန်တကယ်တွေးထင်သွားပါက ထိုလူ အမှားကြီးမှားသွားပေလိမ့်မည်။
"မလိုဘူး...ငါ ဒီကိစ္စကို ငါ့ဟာငါ ကိုင်တွယ်ဖြေရှင်းနိုင်တယ်...အဲ့ဒီလူက တစ်ကြိမ်တည်းနဲ့ အင်မော်တယ်ကျောက်တုံး သန်းတစ်ထောင်ထိ တန်းပြီးစျေးမြှင့်လိုက်တယ်...ဒါ့ကြောင့် သူဆီမှာ ငွေကြေးချို့တဲ့မှာမဟုတ်ဘူး...ငါက နင့်ဆီက ငွေတွေ အများကြီးယူသုံးနေရလိမ့်မယ်...ငါ အဲ့ဒီလိုမျိုး မလုပ်ချင်ဘူး"
ခရမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် ခေါင်းခါယမ်းကာ ကျန်းဟုန်၏ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်၏။
ကျန်းဟုန်က သဘောမတူညီလိုဟန်ဖြင့် ပြောဆိုသည်။
"တကယ်တော့ မင်း ဒါကိုမရရင်လည်း ကိစ္စတော့မရှိပါဘူး...မဟာဆရာသခင်က ဒါတွေကို အရေးစိုက်မှာမဟုတ်ဘူးလို့ ငါ ထင်တယ်"
ခရမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်ကာ စကားပြောဆိုခြင်းမပြုတော့ချေ။
"အင်မော်တယ်ကျောက်တုံးသန်းတစ်ထောင်...တခြားဘယ်သူမှ လေလံစျေး မပေးတော့ဘူးလား...ရှေးဟောင်းသူတော်စင်ရဲ့အမွေအနှစ်ကို အောင်မြင်စွာလေလံဆွဲနိုင်ခဲ့တဲ့အတွက် သီးသန့်ခန်းနံပါတ်၉က လေးစားရတဲ့ဧည့်သည်တော်ကို ဂုဏ်ပြုပါတယ်"
စင်မြင့်ပေါ်ရှိ အမျိုးသမီးလေလံမှူးသည် အလွန်စိတ်လှုပ်ရှားနေသည်။ဤပစ္စည်း၏လေလံစျေးသည် သူမမျှော်လင့်ထားသည်ထက် များစွာပို၍ ကျော်လွန်နေပေ၏။
လုယွီသည် မျက်လုံးစုံမှိတ်၍ အနားယူနေကာ ထိုပစ္စည်းကို လေလံဆွဲနိုင်ခြင်းသည် သူ့အတွက် ကိစ္စကြီးတစ်ခု မဟုတ်သကဲ့သို့ပင်။
ထို့နောက် လေလံပွဲအား ဆက်လက်ကျင်းပရာ အလွန်ကြာရှည်ပြီး ပျင်းရိငြီးငွေ့ဖွယ်ကောင်းနေသည်။
သို့ရာတွင် နောက်ဆုံးပစ္စည်းတစ်ခု ထွက်ပေါ်လာချိန်တွင် ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခု ဖြစ်နေသည်။
ကောလဟာလများအရ ဤသည်က အတိတ်တွင် တာအိုသခင်တစ်ယောက်အသုံးပြုခဲ့သော မှော်လက်နက်ပင်။နောက်ပိုင်း၌ ထိုတာအိုသခင် ကြွေလွင့်သွားချိန်တွင် သူ၏မျိုးဆက်များသည် ကျရှုံးမှုများဖြင့် ရင်ဆိုင်ကြရ၏။သူတို့၏အင်အားသည် တစတစ ပို၍ဆုတ်ယုတ်လာကာ အဆုံးသတ်၌ သူတို့သည် လေလံတင်ရန်အတွက် မှော်လက်နက်ကိုအပ်နှံ့ခဲ့ခြင်းဖြစ်သည်။
ထိုပစ္စည်းထွက်ပေါ်လာချိန်တွင် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
ဤသည်က မသေမျိုးအဆင့်၏နောက် ဒုတိယနေရာတွင်ရှိနေသော ဧကရာဇ်အဆင့်မှော်လက်နက်ပင်။
နယ်မြေသခင်အများစုထံ၌ပင် ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခုတစ်လေ ရှိမနေချေ။
တော်ဝင်မြို့တော်၏မိသားစုကြီးရှစ်စုအနက် တချို့မိသားစုများတွင် မသေမျိုးအဆင့်မှော်လက်နက်ရှိမနေပေ။ထို့ကြောင့် သူတို့သည် တခြားသူများကို ခြိမ်းခြောက်ဟန့်တားနိုင်ရန် ဧကရာဇ်အဆင့်မှော်လက်နက်များကိုသာ အသုံးပြုရသည်။
လုယွီသည် ဧကရာဇ်အဆင့်မှော်လက်နက်ကိုတစ်ချက်ကြည့်ကာ မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ လေလံဆွဲရန် ဆုံးဖြတ်လိုက်၏။
သူ၏လက်အတွင်း၌ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်အပြင် အတိတ်ဘဝတွင် သူ အသုံးပြုခဲ့သော ခေါင်းဖြတ်ဓား ယန်ကြွယ်ဓားနှင့်ယို့ကျွင်းဓားတို့ ရှိနေသည်။ထိုအရာများအားလုံးသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်စပြုနေလေပြီ။
ဧကရာဇ်အဆင့်မှော်လက်နက်သည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်အတွက်မူ အနည်းငယ်မျှသာ အကျိုးသက်ရောက်မှုရှိသည်။သို့ရာတွင် အကယ်၍ သူသည် ထိုဧကရာဇ်အဆင့်မှော်လက်နက်ကို သူ၏ဆေဘာဓားသုံးချောင်းအား ဝါးမြိုစေပါက ထိုအရာများ အလျှင်အမြန်ကောင်းမွန်လာကာ အတိတ်မှစွမ်းအားမျိုး ပြန်လည်ရရှိသွားပေမည်။
"ကျွန်မ အားလုံးကို သတိပေးချင်တာက...ဒီဧကရာဇ်အဆင့်မှော်လက်နက်ထဲမှာ တာအိုသခင်ရဲ့အသိစိတ်ရှိနေသေးတယ်ဆိုတာပဲ...တကယ်လို့ ရှင်တို့မှာ ခွန်အားလုံလောက်မှုမရှိဘူးဆိုရင် ဒီမှော်လက်နက်ကို မသန့်စင်ပါနဲ့...မဟုတ်ရင် ရှင်တို့ တန်ပြန်အားလှိုင်းရိုက်ခတ်မှုကို ခံစားရလိမ့်မယ်"
အမျိုးသမီးလေလံမှူးက ကျယ်လောင်စွာသတိပေးလိုက်သော်လည်း ဤအရာသည် လူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ပေ၏။
ဤသည်က အတိတ်တွင် တာအိုသခင်တစ်ယောက်အသုံးပြုခဲ့သော မှော်လက်နက်ပင်။
အကယ်၍ သူတို့သည် ထိုအရာကိုသန့်စင်ခြင်း မပြုနိုင်လျှင်ပင် သူတို့၏ဂိုဏ်းများ မိသားစုများထံသို့ ပေးပို့လိုက်ပါက တခြားအင်အားစုများကို ခြိမ်းခြောက်နိုင်သော အလွန်အစွမ်းထက်သည့်မှော်လက်နက်တစ်ခု ဖြစ်သွားပေမည်။
Chapter 2838
"အချိန်မဖြုန်းနဲ့ ..အဖွင့်စျေးကို မြန်မြန်ပြောစမ်းပါ"
ခန်းမအတွင်းရှိ လူအမြောက်အများသည် လေလံမှူး၏ကြေငြာချက်ကို မစောင့်ဆိုင်းနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
အမျိုးသမီးလေလံမှူးက ပြုံးလိုက်သည်။
"ဒီဧကရာဇ်အဆင့်မှော်လက်နက်က ဖူးရွှေပွဲတော်ရဲ့နောက်ဆုံးရတနာပစ္စည်းပဲ...ငါတို့ရဲ့ခန့်မှန်းခြေအရ ဒီပစ္စည်းရဲ့အဖွင့်စျေးနှုန်းက အင်မော်တယ်ကျောက်တုံး သန်း၅၀၀၀...ပြီးတော့ လေလံစျေးတစ်ခါတိုးရင် ၁၀သန်းထက် နည်းလို့မရဘူး"
"အင်မော်တယ်ကျောက်တုံး ၅၀၁၀..."
"အင်မော်တယ်ကျောက်တုံး ၅၀၃၀..."
အမျိုးသမီးလေလံမှူး၏စကား အဆုံးသတ်သွားသည်နှင့် လူဆယ်ယောက်ကျော်က တပြိုင်နက်တည်း လေလံစျေးပေးလိုက်ကြသည်။ဤမြင်ကွင်းသည် အလွန်အမင်း တက်ကြွဖွယ်ရာပင်။
လူတချို့သည် ပတ်ဝန်းကျင်ရှိလူအများ၏လှောင်ပြောင်သရော်ခြင်းကိုခံရသဖြင့် သူတို့၏မျက်နှာများ နီမြန်းသွားသည်။
"တကယ်လို့ မင်းတို့က အင်မော်တယ်ကျောက်တုံးဆယ်သန်းလောက် တိုးမြှင့်ပေးရုံနဲ့ ဧကရာဇ်အဆင့်မှော်လက်နက်ကိုရမယ်ထင်ရင် မင်းတို့က အိမ်မက်မက်နေတာပဲ...အင်မော်တယ်ကျောက်တုံးသန်း၆၀၀၀ထိ ငါ တိုးပေးမယ်"
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဧကရာဇ်အဆင့်မှော်လက်နက်၏စျေးနှုန်းသည် အင်မော်တယ်ကျောက်တုံးသန်း၆၀၀၀ထိ မြင့်တက်သွားလေပြီ။
အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ ဆေးလုံးများ၏ဧကရာဇ်မင်းသည် ဧကရာဇ်အဆင့်ဆေးလုံးဟု ပြောသည်ဆိုကြပါစို့....
ထိုသို့ဆိုလျှင် ဧကရာဇ်အဆင့်မှော်လက်နက်သည်လည်း မှော်လက်နက်များအကြား၌ ဧကရာဇ်တစ်ပါးပင်။
ဧကရာဇ်အဆင့်ဆေးလုံးသည် အလွန်အစွမ်းထက်သော်လည်း အကျိုးသက်ရောက်မှုသည် အကန့်အသတ်ရှိပေ၏။ထိုဆေးလုံးကို ဒဏ်ရာကုသခြင်း ကျင့်ကြံဆင့်နယ်ပယ်မြှင့်တင်ခြင်း ရိုးတွင်းခြင်ဆီဆေးကြောသန့်စင်ခြင်းတို့တွင် အသုံးပြုနိုင်သည်။သို့ရာတွင် ထိုဆေးလုံးကို တစ်ကြိမ်အသုံးပြုပြီးသည်နှင့် ထပ်မံ၍အသုံးမပြုနိုင်တော့ချေ။
သို့ရာတွင် ဧကရာဇ်အဆင့်မှော်လက်နက်များမှာမူ ကွဲပြားခြားနားသည်။ထိုအဆင့်မှော်လက်နက်များသည် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်မှော်လက်နက်များကို ဖိနှိပ်နိုင်ကာ လက်နက်စိတ်ဝိညာဥ်ထံတွင်လည်း ကိုယ်ပိုင်အသိစိတ်ရှိသည်။
ဧကရာဇ်အဆင့်မှော်လက်နက်များသည် အံ့အားသင့်ဖွယ်ကောင်းသောစွမ်းအားများ ရှိရုံသာမက တခြားမှော်လက်နက်များကိုလည်း ဖိနှိပ်နိုင်သည်။
တချို့လူများသည် ဧကရာဇ်အဆင့်မှော်လက်နက်များကိုမှီခို၍ ကျင့်ကြံဆင့်နယ်ပယ်တူသော တခြားကျင့်ကြံသူအမြောက်အများကို တပြိုင်နက်တည်း တိုက်ခိုက်နိုင်ပေ၏။သူတို့သည် ရန်သူများ၏လက်အတွင်းမှ ထက်ရှသောလက်နက်များကိုပင် ခြေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။
ဤကဲ့သို့ ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခုသာရှိနေပါက တစ်စုံတစ်ယောက်၏ခွန်အားကို အလျှင်အမြန်တိုးတက်စေခြင်းနှင့် ညီမျှသည်။ထို့ပြင် ဤသည်က အတိတ်တွင် တာအိုသခင်တစ်ယောက်အသုံးပြုခဲ့သော မှော်လက်နက်ပင်။ထိုအရာ၏စွမ်းအားကို လျှော့တွက်၍မရချေ။
လူတိုင်း ရူးသွပ်လုနီးပါးဖြစ်နေကြ၏။
"ဒီတစ်ကြိမ်လေလံပွဲမှာ ခုလိုမှော်လက်နက်မျိုးထွက်ပေါ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ကျန်းဟုန်က မတ်တတ်ထရပ်ကာ စင်မြင့်ပေါ်ရှိ ဧကရာဇ်အဆင့်မှော်လက်နက်ကို စူးစိုက်၍ကြည့်လိုက်သည်။
ကျန်းမိသားစုအတွင်း၌ သူ၏အဆင့်အတန်း ခိုင်မာခြင်းမရှိရသည့် အကြောင်းအရင်းမှာ သူ့ထံတွင် တခြားသူများကိုခြိမ်းခြောက်နိုင်သည့်စွမ်းအားမျိုး မရှိသောကြောင့်ပင်။
တော်ဝင်မြို့တော်သို့ သူ ပထမဆုံးရောက်ရှိလာစဥ်တွင် ပင်လယ်ပြင်အတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ရသည်။သို့ရာတွင် တစ်ဖက်လူသည် သူ ကျန်းမိသားစုဝင်ဖြစ်သည်ကို ကြားသိပြီးနောက် သူ၏ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့သည်။ဤသည်က ကျန်းဟုန်ကို အလွန်အမင်း နောင်တရစေခဲ့သည်။
သို့ရာတွင် အကယ်၍ သူ၏လက်အတွင်းတွင် ဧကရာဇ်အဆင့်မှော်လက်နက်ရှိနေပါက သူ၏အဆင့်အတန်း ပို၍ခိုင်မာသွားပေမည်။
"သန်း၇ထောင်..."
ကျန်းဟုန်က သူ၏လက်ကိုဝှေ့ယမ်းကာ လေလံစျေးပေးလိုက်၏။
ထိပ်တန်းမိသားစုကြီးတစ်စုမှ သခင်လေးတစ်ယောက်ဖြစ်သဖြင့် သူ အသုံးပြုနိုင်သော အင်မော်တယ်ကျောက်တုံးပမာဏကို သာမာန်လူများ စိတ်ကူးယဥ်တွေးတောကြည့်၍ပင် ရမည်မဟုတ်ချေ။
ဤလေလံစျေးသည် တခြားသူများကို အံ့အားသင့်တုန်လှုပ်သွားစေသည်။
သို့ရာတွင် ဤသည်က ယာယီတိတ်ဆိတ်ငြိမ်သက်သွားခြင်းပင်။မကြာမီမှာပင် တစ်စုံတစ်ယောက်က ထပ်မံ၍ စျေးပြိုင်ပေးလေရာ လေလံစျေးသည် သန်း၈၆၀၀ထိ မြင့်တက်သွားပေ၏။
"သန်း၉ထောင်..."
ကျန်းဟုန်က သူ၏လက်ကို လဖက်ရည်စားပွဲပေါ်သို့တင်ထားကာ သူ၏မျက်နှာအမူအယာ သုန်မှုန်နေသည်။
ဧကရာဇ်အဆင့်မှော်လက်နက်များသည် အလွန်အဖိုးထိုက်တန်သော်လည်း ကံအကြောင်းမလှစွာဖြင့် သူသည် ကျန်းမိသားစုခေါင်းဆောင်မဟုတ်သဖြင့် အင်မော်တယ်ကျောက်တုံးများကို အကန့်အသတ်မရှိ အသုံးပြုနိုင်ခြင်းမရှိချေ။
သူသည် ဧည့်အကြီးအကဲများကိုခေါ်ယူရန် မိတ်ဆွေအသစ်များဖွဲ့ရန်နှင့် သူကိုယ်တိုင်ကျင့်ကြံရန်အတွက် အလွန်များပြားသော အင်မော်တယ်ကျောက်တုံးပမာဏကိုလိုအပ်သည်။
အင်မော်တယ်ကျောက်တုံးသန်း၉ထောင်ဟူသော တုန်လှုပ်ချောက်ချားဖွယ်ပမာဏထွက်ပေါ်လာချိန်တွင် နောက်ဆုံး၌ လေလံခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
တချို့လူများသည် သူတို့၏ကိုယ်ပိုင်အင်အားကို စတင်၍ပြန်လည်တွေးတောနေကြ၏။အကယ်၍ သူတို့သည် ဧကရာဇ်အဆင့်မှော်လက်နက်ကို ပိုင်ဆိုင်နိုင်လျှင်ပင် သူတို့၏အင်အားစုကို ကြီးမားသောဆုံးရှုံးမှုဖြစ်စေနိုင်သည်။
"ကံကောင်းထောက်မပြီးတော့...လတ်တလောမှာ ရှမိသားစုရဲ့အကြီးအကဲတစ်ယောက် သေဆုံးထားတာကြောင့် မိသားစုဝင်တွေအားလုံး အသုဘအခမ်းအနားကို ကျင်းပနေကြတယ်...ဒါကြောင့် ဘယ်ပွဲတော်ကိုမှ တက်ရောက်ခြင်းမပြုဖို့ တားမြစ်မိန့်ထုတ်ပြန်ထားတယ်...မဟုတ်လို့ကတော့ ဒီဧကရာဇ်ဆင့်မှော်လက်နက်က ရှမိသားစုရဲ့လက်ထဲကို ရောက်သွားဖို့များတယ်"
"လေလံစျေးက သန်း၉၀၀၀ထိတောင်ရောက်နေပြီ...ဒါက ငါတို့တက်နိုင်တဲ့ပမာဏမျိုး မဟုတ်တော့ဘူး"
လူအများစုသည် သူတို့အချင်းချင်း စတင်၍တိုင်ပင်ဆွေးနွေးနေကြ၏။သူတို့သည် လေလံစျေးတိုးပေးရန် စိတ်ဝင်စားမှု ပျောက်ဆုံးသွားလေပြီ။
လေလံစျေးသည် အလွန်မြင့်မားလာသဖြင့် မြင့်မြတ်သူများပင် လက်လျှော့လိုက်ကြသည်။ဤလေလံစျေးကို သူတို့ မတတ်နိုင်ကြတော့ချေ။
Chapter 2839
ရှမိသားစုအကြောင်းကို ထည့်သွင်းဖော်ပြရခြင်းမှာ အတိတ်တွင် ဖူရွှေပွဲတော်၌ကျင်းပသော လေလံပွဲတိုင်းတွင် နောက်ဆုံးရတနာကို ရှမိသားစုဝင်များသာ ရရှိသွားလေ့ရှိသည်။
တော်ဝင်မြို့တော်၏ထိပ်တန်းမိသားစုကြီးရှစ်ခုအနက် ရှမိသားစုသည် ချမ်းသာကြွယ်ဝဆုံးဖြစ်သည်မှာ သံသယဝင်ဖွယ်မရှိချေ။ရှမိသားစုဝင်လူငယ်များ၏အသုံးစရိတ်ပင်လျှင် တခြားမိသားစုဝင်လူငယ်များထက် အဆများစွာ ပို၍များပြားသည်။
ချမ်းသာကြွယ်ဝမှုအရဆိုပါက အလွန်နည်းပါးသောလူတချို့ကသာ ရှမိသားစုနှင့် ထိပ်တိုက်ယှဥ်ပြိုင်နိုင်သည်။
"သန်း၉၀၀၀...နောက်ထပ်လေလံစျေးတိုးပေးချင်တဲ့ ဧည့်သည်တော်တစ်ယောက်ယောက်များ ရှိနေသေးလား"
အမျိုးသမီးလေလံမှူးက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ အော်ဟစ်လိုက်၏။
အစောပိုင်းက သက်ဝင်လှုပ်ရှားနေသောမြင်ကွင်း တိတ်ဆိတ်ငြိမ်သက်စပြုသွားသည်။သို့ရာတွင် လေလံစျေးကို သန်း၉၅၀၀ထိ မြှင့်တင်ပေးသူရှိနေဆဲပင်။
"သန်းတစ်သောင်း"
လုယွီက ထိုအခြေအနေကိုမြင်တွေ့ချိန်တွင် တုန်လှုပ်ချောက်ချားဖွယ် ပမာဏထိ လေလံစျေးကို တိုးမြှင့်လိုက်သည်။
အကယ်၍ သူသည် အဆင့်နိမ့်ကျင့်ကြံသူများနှင့် တိုက်ခိုက်ရပါက သူ မှော်လက်နက်အသုံးပြုရန်မလိုအပ်ချေ။သို့ရာတွင် အကယ်၍ သူသည် အစစ်အမှန်အစွမ်းထက်ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရပါက သူ၏မှော်လက်နက်များ ပို၍အစွမ်းထက်လေလေ သူ အနိုင်ရရှိနိုင်မည့်အခွင့်အရေး ပို၍မြင့်တက်လာလေလေပင်။
သူ ပေးလိုက်သော လေလံစျေးသည် သူ တက်စွမ်းနိုင်သည့်ပမာဏအတွင်း၌ရှိနေသည်။
စိတ်ဝိညာဥ်သွေးကြောတစ်ကြောဖြင့် သူသည် အင်မော်တယ်ကျောက်တုံးများကို ဆက်တိုက်လဲလှယ်နိုင်ပေ၏။စိတ်ဝိညာဥ်သွေးကြောတစ်ကြောလျှင် စိတ်ဝိညာဥ်ကျောက်တုံး သန်းထောင်ချီ၍ တူးထုတ်နိုင်မည်ဟု လုယွီက ခန့်မှန်းထားရာ သူ လုံလောက်သည်ထက် ပိုလျှံနေသည်။
ထိုအရာများကိုလဲလှယ်ရန်အတွက်မှာ ဖေးထျန်ကွမ်း၏အဆင့်အတန်းနှင့်ဆိုပါက မည်သူမျှဖြတ်တောက်ဝံ့မည်မဟုတ်ချေ။မည်သို့ပင်ဆိုစေကာမူ ဖေးထျန်ကွမ်းသည် ယခင်က တော်ဝင်တရားစီရင်ရေးဌာန၏ အမတ်ကြီးဖြစ်ခဲ့သူဖြစ်သဖြင့် မည်သူမည်ဝါဖြစ်နေပါစေ သူ့အားမျက်နှာသာပေးရပေမည်။
သန်းတစ်ထောင်ဟူသောပမာဏ ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကျန်းဟုန်၏မျက်စိသူငယ်အိမ်များ အနည်းငယ်ကျုံဝင်သွားသည်။ရှမိသားစုဝင်များ ရှိမနေသည့်တိုင် သူနှင့်စျေးပြိုင်ပေးမည့် တစ်စုံတစ်ယောက် ရှိနေအုံးမည်ဟု သူ မျှော်လင့်မထားမိချေ။
ဧကရာဇ်အဆင့်မှော်လက်နက်များသည် အလွန်အမင်း အဖိုးတန်ရှားပါးသည့်တိုင် ထိုအရာများကိုသန့်စင်ရန် တစ်စုံတစ်ယောက်လိုအပ်သည်။အကယ်၍ စျေးနှုန်းမြင့်မားစွာပေး၍ ဝယ်ယူခဲ့သည့်တိုင် ထိုဧကရာဇ်အဆင့်မှော်လက်နက်ကို အောင်မြင်စွာသန့်စင်နိုင်ခြင်းမရှိပါက အရာအားလုံး အချည်းနှီးဖြစ်သွားပေမည်။
"အင်မော်တယ်ကျောက်တုံးသန်း၁၁၀၀၀..."
ကျန်းဟုန်က အံ့တင်းတင်းကြိတ်ကာ လေလံဆွဲလိုက်၏။
လုယွီက လေလံစျေးကို အနည်းငယ်ကပ်၍ တိုးမြှင့်လိုက်သည်။
"သန်း၁၂၀၀၀..."
ထိုပမာဏကိုကြားချိန်တွင် ကျန်းဟုန်၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသော်လည်း အဆုံးသတ်၌ သူသည် ထိုင်ခုံပေါ်၌ ပြန်ထိုင်လိုက်တော့သည်။
သူ၏ချမ်းသာကြွယ်ဝမှုအရ ထိုထက်မြင့်မားသောစျေးနှုန်းကို ကမ်းလှမ်းနိုင်သည်။သို့ရာတွင် တစ်ဖက်လူသည် သူ့ထက်ပို၍နက်ရှိုင်းသော ချမ်းသာကြွယ်ဝမှုမျိုးရှိနေကြောင်း ကျန်းဟုန်က ခန့်မှန်းမိလေ၏။
အကယ်၍ သူသည် ဤဧကရာဇ်အဆင့်မှော်လက်နက်ကို လေလံဆွဲနိုင်လျှင်ပင် သူ၏ချမ်းသာကြွယ်ဝမှုများအားလုံး ဗလာဟင်းလင်းဖြစ်သွားပေမည်။သူသည် သူ၏ပတ်ဝန်းကျင်၌ လူတစ်စုကိုပျိုးထောင်နိုင်တော့မည်မဟုတ်ချေ။
ထိုအချိန်ကျလျှင် တခြားသူများ၏ကူညီထောက်ပံမှုမရှိပါက သူသည် မိသားစုအကြီးအကဲများကို ဆန့်ကျင်တိုက်ခိုက်ရန် အစွမ်းအစကင်းမဲ့သွားပေမည်။သူသည် ဧကရာဇ်အဆင့်မှော်လက်နက်ကိုပင် ထိန်းသိမ်းထားနိုင်တော့မည်မဟုတ်ပေ။
"အဲ့ဒီ အရူးအိုကြီးတွေကတော့...တကယ်လို့ ငါသာ မိသားစုခေါင်းဆောင်နေရာကိုရခဲ့မယ်ဆိုရင်...အခုချိန်မှာ ဧကရာဇ်အဆင့်မှော်လက်နက်က ငါ့ရဲ့ပိုင်ဆိုင်မှုဖြစ်နေလောက်ပြီ"
နာကျည်းမုန်းတီးမှုများက ကျန်းဟုန်၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
ကျန်းဟုန် လက်လျှော့လိုက်ပြီးနောက် မည်သူကမျှ လုယွီနှင့် လေလံစျေးပြိုင်ပေးခြင်းမပြုတော့ချေ။
အင်မော်တယ်ကျောက်တုံး သန်း၁၂၀၀၀...
ဤသည်က တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပမာဏပင်။
ချမ်းသာကြွယ်ဝသောမိသားစုများတွင် အင်မော်တယ်ကျောက်တုံးအမြောက်အများရှိသော်လည်း သူတို့၏လက်အတွင်း၌ရှိနေသောပမာဏမှာ အကန့်အသတ်ရှိသည်။
"ဖူရွှေပွဲတော်လိုနေရမျိုးမှာ ဧကရာဇ်အဆင့်မှော်လက်နက်ကို လေလံတင်ခဲ့တာက...ဒီမှော်လက်နက် ဘယ်လောက်ထိ သန့်စင်ရခက်ခဲတယ်ဆိုတာကို ပြသနေတယ်...သူတို့ကိုယ်တိုင်တောင် ဒီမှော်လက်နက်ကို ကျွမ်းကျွမ်းကျင်ကျင် မထိန်းချုပ်နိုင်တဲ့အတွက် လေလံတင်ရောင်းချခဲ့တာပဲ...ဒီမှော်လက်နက်ကို မိတ်ဆက်ပေးတဲ့အချိန်မှာ အရင်တုန်းက တာအိုသခင်တစ်ယောက် အသုံးပြုခဲ့တဲ့အရာလို့ပဲ စကားလုံးအနည်းငယ်နဲ့ပြောသွားတယ်...လျှို့ဝှက်ဖုံးကွယ်ထားတဲ့ ကိစ္စတချို့ ရှိကောင်းရှိနေနိုင်တယ်...ဒီဧကရာဇ်အဆင့်မှော်လက်နက်ကို ရဖို့မလွယ်မှာကို ငါ စိုးရိမ်မိတယ်"
ကျန်းဟုန်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ တောက်ပသွားသည်။
ထိုစကားလုံးများကို ရေရွတ်လိုက်ခြင်းဖြင့် သူ စိတ်သက်သာရာအနည်းငယ်ရသွားသကဲ့သို့ ခံစားလိုက်ရ၏။
"အင်မော်တယ်ကျောက်တုံး သန်း၁၂၀၀၀...ဧကရာဇ်အဆင့်မှော်လက်နက်ကို အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့တဲ့အတွက် သီးသန့်ခန်းနံပါတ်၉က ဧည့်သည်တော်ကို ဂုဏ်ပြုပါတယ်"
အမျိုးသမီးလေလံမှူးက ပျော်ရွှင်ဝမ်းမြောက်သောလေသံဖြင့် အော်ဟစ်လိုက်သည်။
Chapter 2840
လေလံစျေးနှုန်း ပို၍မြင့်မားစွာဖြင့် ရောင်းချရလေလေ သူမရရှိသော အကျိုးဆောင်ခ ပို၍မြင့်မားလေလေပင်။
ကျန်းယုချင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ လုယွီကို အနည်းငယ်စိတ်ရှုပ်ထွေးနေသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"နင် ဒီပစ္စည်းကို လေလံဆွဲလိုက်တာက ...မနက်ဖြန်ရောက်တာနဲ့ တော်ဝင်မြို့တော်တစ်ခုလုံးမှာရှိတဲ့ လူတွေအားလုံး နင့်အကြောင်းကို စုံစမ်းနေကြမှာကို ငါ စိုးရိမ်မိတယ်...ဒီတစ်ကြိမ်တော့ နင့်ရဲ့နာမည်က တော်ဝင်မြို့တော်ထဲမှာ ကျော်ကြားသွားတော့မယ်"
ယခုလက်ရှိချိန်၌ သူမသည် လုယွီထံတွင် မည်ကဲ့သို့သော နောက်ခံအင်အားမျိုးရှိသဖြင့် သန်းထောင်ချီသော အင်မော်တယ်ကျောက်တုံးများကို မျက်တောင်မခတ်ဘဲ ထုတ်ပေးနိုင်သည်ကို အလွန်အမင်း သိချင်စိတ်ပြင်းပြနေလေ၏။
သူမသည် မင်းသမီးတစ်ပါးဖြစ်ပြီး မီဖေးမှ ပြုစုပျိုးထောင်ထားသော မျိုးဆက်သစ်တစ်ယောက်ဖြစ်သည့်တိုင် ဤမျှထိများပြားသော အင်မော်တယ်ကျောက်တုံးပမာဏကို ထုတ်ပေးနိုင်ခြင်းမရှိချေ။
"ဒါက ပြဿနာမရှိပါဘူး...သူတို့ စုံစမ်းကြပါစေ"
ယခုချိန်တွင် သူ့ထံ၌ လုံလောက်သောခွန်အားမျိုး ရှိနေပြီဖြစ်သောကြောင့် တခြားသူများမှ သူ့အားရှာဖွေဖော်ထုတ်မည်ကို ကြောက်ရွံခြင်းမရှိတော့ချေ။
အတိတ်တွင် လုယွီသည် သူ၏အသက်ကိုထိန်းသိမ်းနိုင်ရန်အလို့ငှာ သူ၏နာမည်ကိုပင်ပြောင်းလဲ၍ တခြားသူများ၏လိုက်လံဖမ်းဆီးခြင်းမှ ရှောင်တိမ်းခဲ့ရသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ ထိုသို့ပြုလုပ်ရန် မလိုအပ်တော့ချေ။
ဒေါက်...ဒေါက်...ဒေါက်..
ထိုအချိန်မှာပင် အခန်းတံခါးကို ညင်သာစွာခေါက်လိုက်သောအသံများ ထွက်ပေါ်လာသည်။
"လေးစားရတဲ့ဧည့်သည်တော်...ဧည့်သည်တော် လေလံအောင်နိုင်ထားတဲ့ပစ္စည်းတွေကို ကျွန်မတို့က လာရောက်ပို့ဆောင်တာပါ...အခုချက်ချင်း ငွေပေးချေရမယ်ဆိုရင် ဧည့်သည်တော်အတွက် အဆင်ပြေတယ်မဟုတ်လား"
အစေခံတစ်ယောက်၏ရိုသေလေးစားစွာပြောဆိုလိုက်သောအသံက အခန်း၏ပြင်ပမှ ထွက်ပေါ်လာပေ၏။
ကျန်းယုချင်က အပြုံးနှင့်ပြောဆိုသည်။
"နင့်ရဲ့ပစ္စည်းတွေကို လာပို့နေပြီ...အပြင်ထွက်ပြီးတော့ တစ်ချက်ကြည့်ကြည့်ရအောင်"
လုယွီက ခေါင်းညိတ်ပြပြီးနောက် သူတို့နှစ်ယောက်လုံး မတ်တတ်ထရပ်ကာ သီးသန့်ခန်းတံခါးကိုဖွင့်လိုက်သည်။
ပြင်ပ၌ လှပချောမောသော အမျိုးသမီးအစေခံတစ်ယောက် မတ်တတ်ရပ်နေကာ သူမ၏နောက်တွင် လေလံရုံ၏အစောင့်ဝတ်စုံကိုဝတ်ဆင်ထားသော ကျင့်ကြံသူဆယ်ယောက်ကျော်ခန့်ရှိနေသည်။
သူတို့အားလုံး ဤနေရာသို့ ရောက်ရှိနေခြင်းမှာ လေလံပစ္စည်းများကို ကာကွယ်စောင့်ရှောက်ရန်ပင်။မည်သို့ပင်ဆိုစေကာမူ လုယွီသည် ယခုချိန်ထိတိုင် အဖိုးအခ မပေးချေရသေးသဖြင့် လေလံရုံဘက်မှနေ၍ ပစ္စည်းများကို ဂရုတစိုက်စောင့်ကြပ်နေသည်မှာ သဘာဝကျပေ၏။
အကယ်၍ ပြဿနာတစ်စုံတစ်ခုဖြစ်ပွားပါက အဆုံးသတ်၌ လေလံရုံဘက်မှသာ တာဝန်ယူဖြေရှင်းရပေမည်။
"ဧည့်သည်တော်...ဒီထဲမှာရှိတဲ့ပစ္စည်းတွေက ဧည့်သည်တော် လေလံဆွဲခဲ့တဲ့အရာတွေပါပဲ...ကျေးဇူးပြုပြီးတော့ ဒါတွေကို လက်ခံပေးပါ"
အမျိုးသမီးအစေခံက ရိုသေလေးစားစွာဖြင့် လုယွီကို ပြောဆိုသည်။
ဤသည်က အလွန်ချမ်းသာကြွယ်ဝသော ဧည့်သည်တော်တစ်ယောက်ပင်။သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် အင်မော်တယ်ကျောက်တုံးသန်း၁၂၀၀၀ကို အသုံးပြုခဲ့လေရာ မရေမတွက်နိုင်သောလူများကို ထိတ်လန့်တုန်လှုပ်စေနိုင်သည်။
ဤကဲ့သို့ဧည့်သည်တော်မျိုးကို သူတို့သည် ဂရုတစိုက် ဆက်ဆံရမည်ဖြစ်ကာ အနည်းငယ်မျှပင် ပေါ့ဆ၍မရချေ။
လုယွီက ဝေ့ဝိုက်၍ကြည့်လိုက်ရာ အစောင့်များ၏နောက်၌ လေးလံသောဖန်သေတ္တာများ ရှိနေခြင်းကို တွေ့မြင်မိသည်။
ထိုဖန်သေတ္တာများအနက်မှ တစ်လုံးတွင် ထိခိုက်ပျက်စီးနေသော ရှေးဟောင်းစာပေသူတော်စင်၏စာလိပ်ရှိနေကာ တခြားသေတ္တာအတွင်းတွင်မူ အေးစက်စက်အလင်းရောင်များတောက်ပနေသော ဆေဘာဓားရှည်တစ်လက်ရှိနေသည်။
ထိုဆေဘာဓားသည် သုံးပေခန့်ရှည်လျားကာ ပိန်းပိတ်သည်အထိနက်မှောင်သော အရောင်အသွေးရှိသည်။ထိုဆေဘာဓား၏လက်ကိုင်ရိုးတွင် သိသာထင်ရှားသော အရိုးခေါင်းအမှတ်အသားကို ထွင်းထုထားပေ၏။ဆေဘာဓားပေါ်တွင်ရှိနေသော အရိုးခေါင်းအမှတ်အသားကို မည်သူမဆို ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်သည်။တစ်စုံတစ်ယောက်သည် ဤအရာကို တစ်ချက်ကြည့်မိရုံဖြင့် ထိတ်လန့်ကြောက်ရွံမှုကို ခံစားရပေမည်။
စာပေသူတော်စင်၏စာလိပ်နှင့် နှိုင်းယှဥ်ပါက ထိုဆေဘာဓားကို ပို၍လုံခြုံစွာ ထိန်းသိမ်းထားသည်။
ထိုဆေဘာဓားထည့်ထားသော ဖန်သေတ္တာပေါ်တွင် ဟင်္သာပြဒါးဖြင့်ရေးဆွဲထားသော အဝါရောင်စာရွက်အမြောက်အမြားကို ကပ်ထားသည်။ဤဆေဘာဓားကို အပြည့်အဝဖိနှိပ်ထားနိုင်ရန်အတွက် ထိုအဝါရောင်စာရွက်များအားလုံးပေါ်တွင် အဆောင်သင်္ကေတများကို ရေးဆွဲထားလေ၏။
ကြီးကျယ်ခမ်းနားသောစွမ်းအားလှိုင်းများက ထိုဆေဘာဓားရှည်ကို လွှမ်းခြုံကာ လှောင်ပိတ်ထားသည်။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ပတ်ဝန်းကျင်၌ရှိနေသူများသည် ထိုဆေဘာဓားရှည်မှလာသော အေးစက်စက်အရှိန်အဝါကို ခံစားနေရဆဲပင်။
"အမှန်ပဲ...ဒါက တကယ့်ကို ဧကရာဇ်အဆင့်မှော်လက်နက်ပဲ"
လုယွီက ပြောဆိုသည်။
သူသည် ဆေဘာဓားရှည်မှ ထုတ်လွှတ်ထားသော ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါနှင့်ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိသည်။
ဤဆေဘာဓားရှည်၏အောက်တွင် လူမည်မျှများများ သေဆုံခဲ့ရသည်ကို သူ တွေးတောကြည့်နိုင်ပေ၏။
လုယွီ၏တုံ့ပြန်မှုကိုကြားချိန်တွင် အမျိုးသမီးအစေခံက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ဒီလိုဆိုမှတော့...ဧည့်သည်တော်က အခု ငွေပေးချေတော့မှာလား"
အမျိုးသမီးအစေခံက ဂရုတစိုက် မေးမြန်းသည်။
"အလျင်လိုစရာမလိုပါဘူး...ငါ အရင်ဆုံး တစ်ချက်ကြည့်အုံးမယ်"
လုယွီက ရုတ်တရက် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ဖန်သေတ္တာတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။
ဖန်စများလွင့်ပျံနေခြင်းနှင့်အတူ ပြင်းထန်သော နတ်ဆိုးအငွေ့အသက်များက အတွင်းမှထွက်ပေါ်လာပေ၏။
"အား...ဒါကို ဖွင့်လို့မရဘူး"
အမျိုးသမီးအစေခံသည် လိပ်ပြာလွင့်လုမတက် ထိတ်လန့်ကြောက်ရွံသွားကာ ပျာပျာသလဲ နောက်ဆုတ်လိုက်သည်။