← Chapters

အခန်း (၂၈၄၆-၂၈၅၀)

Vol. 146 Ch. 2846-2850

အခန်း (၂၈၄၆-၂၈၅၀)

Vol. 146 Ch. 2846-2850

Chapter 2846

ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခြင်းနှင့်အတူ အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်က သီးသန့်ခန်းတစ်ခန်းလုံးအနှံ့ ပျံ့နှံ့သွားသည်။

ပင်လယ်ဆူးတောင်ကျောက်တုံးမှနေ၍ ကြည်လင်ပြတ်သားသော နဂါးဟိန်းသံတစ်သံက စူးရှကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထိုနဂါးဟိန်းသံသည် တုန်လှုပ်ချောက်ချားဖွယ်မိုးကြိုးပစ်သံနှင့်တူညီကာ လူတိုင်း၏နားများအတွင်းသို့ ချက်ချင်းတိုးဝင်လာသည်။မုန့်ကျူးယွင်သည် သတိလက်လွတ်နေမိသဖြင့် သူမ၏အသိစိတ်အာရုံ ရုတ်တရက် တွေဝေမိန်းမောမှုအတွင်းသို့ ကျရောက်သွားတော့သည်။

လုယွီရှေ့တွင်ရှိနေသော ပင်လယ်ဆူးတောင်ကျောက်တုံး လုံးလုံးလျားလျားကြေမွှပျက်စီးသွားသည်ကို သူမ တွေ့မြင်လိုက်ရ၏။

ကြေမွှသွားသော ပင်လယ်ဆူးတောင်ကျောက်တုံးအစအနများ အကြားမှနေ၍ ရွှေနဂါးတစ်ကောင်၏ရှည်လျားသောပုံရိပ် ထွက်ပေါ်လာကာ လေထုအတွင်း၌ မျောလွင့်နေသည်။

ထိုရွှေနဂါး၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးအကြေးခွံများတွင် မည်သည့်အရောင်မှ ရောယှက်နေခြင်းမရှိချေ။ထိုအရာမှနေ၍ ရွှေရောင်အလင်းတန်းများသာ တောက်ပစွာ ဖြာထွက်နေသည်။ထိုရွှေနဂါး၏လက်သည်းများသည် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဆုတ်ဖြဲပစ်နိုင်သည့်အလား အလွန်အမင်းထက်ရှသည်။

ကျယ်လောင်ပြီးကြည်လင်ပြတ်သားသော နဂါးဟိန်းသံက ထိုရွှေနဂါးမှ ထွက်ပေါ်နေပေ၏။

ထိုရွှေနဂါးသည် လေထုအတွင်း၌ လှည့်ပတ်နေပြီးနောက် ရုတ်တရက် ကျုံဝင်သွားကာ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော ရွှေအမြူတေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုရွှေအမြူတေပေါ်တွင် မရေမတွက်နိုင်သော နဂါးကြေးခွံများရှိနေသည်။ဤသည်က နဂါးတစ်ကောင် ရစ်ခွေနေသည့်အလား အလွန်အမင်း မျက်စိပသာဒဖြစ်ဖွယ်ပင်။

ကျန်းယုချင်နှင့်မုန့်ကျူးယွင်တို့နှစ်ယောက်လုံး ကြက်သေသေသွားသည်။ပင်လယ်ဆူးတောင်ကျောက်တုံးအတွင်း၌ တခြားအရာတစ်ခုရှိနေမည်ဟု သူမတို့နှစ်ယောက်လုံး မျှော်လင့်မထားမိချေ။

ပင်လယ်ဆူးတောင်ကျောက်တုံးသည် အဖိုးတန်ရှားပါးသော်လည်း အဖိုးမဖြတ်နိုင်သောရတနာတစ်ပါးမဟုတ်ပေ။

သို့ရာတွင် ဤရွှေအမြူတေသည် မည်သည်ကြောင့် ရုတ်တရက် ထွက်ပေါ်လာရသနည်း။ဤကိစ္စကို သူမတို့ တွေးတော၍မရချေ။

လုယွီက ရွှေအမြူတေရှေ့၌ မတ်တတ်ရပ်ကာ ထိုအရာဖြည်းညှင်းစွာလှည့်ပတ်နေသည်ကို စောင့်ကြည့်လိုက်၏။ထိုအရာမှထွက်ပေါ်နေသော အစွမ်းထက်သည့် ဖိအားအရှိန်အဝါကို အာရုံခံပြီးနောက် သူ၏မျက်နှာပေါ်၌ ကျေနပ်နှစ်သက်သောအပြုံးမျိုး ထွက်ပေါ်လာသည်။

"မဆိုးပါဘူး ..ဒါက အစစ်အမှန်နဂါးအမြူတေပဲ...ဒီအရာရဲ့အရည်အသွေးအရ အကဲဖြတ်ကြည့်ရရင် အနည်းဆုံးတော့ ဒါက နယ်မြေသခင်အဆင့် အစစ်အမှန်နဂါးတစ်ကောင်ရဲ့အမြူတေပဲ"

ထိုစကားကိုကြားချိန်တွင် မုန့်ကျူးယွင်သည် အံ့အားသင့်တုန်လှုပ်သွားသည်။ဤပင်လယ်ဆူးတောင်ကျောက်တုံး သူမ၏လက်အတွင်းသို့ ရောက်ရှိလာချိန်တွင် သူမ သေချာစွာစစ်ဆေးခဲ့သည်။

သို့ရာတွင် သူမ၏နတ်ဘုရားစိတ်အာရုံဖြင့် ဂရုတစိုက်စစ်ဆေးခဲ့သည့်တိုင် ဤပင်လယ်ဆူးတောင်ကျောက်တုံးအတွင်းတွင် တခြားအရာတစ်ခုကိန်းအောင်းနေသည်ကို သူမ ရှာမတွေ့ခဲ့ချေ။

"ဒီရွှေအမြူတေက ဘာကြီးလဲ...ဘာလို့ အဲ့ဒီရှေ့ကိုရောက်သွားတာနဲ့ ငါ အစွမ်းအစမဲ့သွားသလိုမျိုး ခံစားနေရတာလဲ"

မုန့်ကျူးယွင်က ညည်းတွားလိုက်၏။

ကျန်းယုချင်၏မျက်လုံးများ ပြူးကျယ်နေကာ သူမ၏ရှည်လျားကော့ညွှတ်သော မျက်တောင်များ အနည်းငယ်တုန်ရီနေသည်။သူမ၏မျက်စိရှေ့၌ ဖြစ်ပျက်သွားသော အရာရာတိုင်းကို သူမ မယုံကြည်ဝံ့ချေ။

လုယွီသည် ရှေးဟောင်းစာပေသူတော်စင်၏ဝါးစာလိပ်နှင့် ပင်လယ်ဆူးတောင်ကျောက်တုံးကို လဲလှယ်ခဲ့သည်မှာ အကြောင်းအရင်းတစ်ခုခုရှိ၍ဖြစ်ကြောင်း သူမ သိရှိထားပြီးလေပြီ။သို့ရာတွင် ရလဒ်သည် သူမမျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေပေ၏။

ဖူရွှေပွဲတော်၏လေလံပွဲ၌ ရောင်းချသော ပစ္စည်းများကို မဟာရာဖြတ်ပညာရှင်များ အဆင့်ဆင့်စစ်ဆေးပြီးမှသာ တန်ဖိုးဖြတ်ထားကြောင်း လူတိုင်းသိရှိထားကြသည်။ဤလေလံပွဲမှ မှားယွင်းတန်ဖိုးဖြတ်ခဲ့သော ပစ္စည်းဟူ၍ အလွန်နည်းပါးသည်။

ယခုချိန်တွင် လုယွီသည် ကြီးမားသောအခွင့်ကောင်းကို ရရှိသွားပုံပင်။ထိုရွှေအမြူတေ၏ပုံပန်းသွင်ပြင်ကိုကြည့်ရသည်မှာ သာမာန်ထက် သာလွန်ထူးကဲလှ၏။

နဂါးအမြူတေ လေထုအတွင်း၌ မျောလွင့်နေသည်မှာ လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဖိနှိပ်နိုင်သော နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။

ဝှစ်....ဝှစ်...ဝှစ်...

ရုတ်တရက် သီးသန့်ခန်း၏ပြင်ပသို့ လူဆယ်ယောက်ကျော်ခန့် ရောက်ရှိလာသည်။

ထိုလူစုကိုဦးဆောင်လာသူမှာ အဖိုးအိုတစ်ယောက်ဖြစ်သည်။သူသည် လေထုအတွင်း၌ မျောလွင့်နေသော ရွှေအမြူတေကို စူးစိုက်၍ကြည့်နေကာ သူ၏မျက်လုံးအတွင်း၌ နှစ်သက်စွဲလမ်းမှုအရိပ်အယောင်များက ကွယ်ဝှက်၍မရအောင် ထင်ဟပ်နေပေ၏။

"ငါ မျှော်လင့်မထားမိဘူး...ငါ အကဲဖြတ်တဲ့နေရာမှာ အမှားအယွင်းလုပ်ခဲ့မိမယ်ဆိုတာ...မင်းက ရှေးဟောင်းစာပေသူတော်စင်ရဲ့ဝါးစာလိပ်နဲ့ ပင်လယ်ဆူးတောင်ကျောက်တုံးကိုလဲလှယ်ခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...ဒီပစ္စည်းက တစ်ခုခုမှားယွင်းနေတယ်လို့ ငါ အမြဲတမ်းခံစားမိတယ်...ဒါပေမယ့် ဘယ်အရာကမှားနေတာလဲဆိုတာ ငါ အတိအကျမပြောနိုင်ခဲ့ဘူး...ဒီပစ္စည်းထဲမှာ ခုလိုကံကြမ္မာကောင်းကြီးမျိုးရှိနေမယ်လို့ ငါ နည်းနည်းလေးတောင် ထင်မထားမိဘူး"

အဖိုးအိုသည် အလွန်အမင်း စိတ်လှုပ်ရှားနေကာ ရှေ့သို့လျှောက်လှမ်းလာသည်။

သူ သီးသန့်ခန်းအတွင်းသို့ ခြေချလိုက်သည်နှင့် အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ရုတ်တရက် အဖိုးအို၏ရှေ့သို့ ကျရောက်လာပေ၏။

ဝုန်း...

နက်ရှိုင်းသောအက်ကွဲကြောင်းကြီးက ရုတ်တရက် အဖိုးအို၏ရှေ့ရှိ ကြမ်းပြင်ပေါ်၌ ထွက်ပေါ်လာသည်။

လုယွီက အမူအယာကင်းမဲ့သောမျက်နှာဖြင့် ပြောဆိုသည်။

"အခုချိန်မှာ ဒီပစ္စည်းက ငါ့ရဲ့အပိုင်ပဲ...ငါ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ ဘယ်သူ့ကိုမှ ဒီပစ္စည်းအနားကို ချဥ်းကပ်ခွင့်မရှိဘူး"

Chapter 2847

"အတင့်ရဲလှချည်လား"

"မောက်မာရိုင်းစိုင်းလိုက်တဲ့ ကောင်လေး...သူက ဆရာသခင်မိုကိုတောင် တိုက်ခိုက်ဝံ့တယ်"

အဖိုးအို၏နောက်တွင် အစောင့်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်စုရှိနေသည်။အဖိုးအို ခြိမ်းခြောက်ခံရသည်ကို မြင်တွေ့ချိန်တွင် ထိုအစောင့်များသည် ဒေါသတကြီးဖြင့် သူတို့၏ဓားများကိုဆွဲထုတ်၍ လုယွီကို ချိန်ရွယ်လိုက်ကြ၏။

အဖိုးအိုက မျက်မှောင်ကြုတ်လိုက်သည်။သူက နောက်သို့လှည့်ကြည့်ကာ အစောင့်များကို အော်ငေါက်လေသည်။

"မင်းတို့အားလုံး ရပ်လိုက်ကြစမ်း...ဒီနေရာက အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ပြည့်နေတာ...တကယ်လို့ သူတို့ တစ်ခုခုထိခိုက်ဒဏ်ရာရသွားရင်...မင်းတို့အားလုံး အဲ့ဒီအကျိုးဆက်ကို ခံယူနိုင်မှာလား"

အစောင့်များသည် သူတို့၏ဓားများကို အလျှင်အမြန် ပြန်လည်သိမ်းဆည်းကာ တံခါး၏ပြင်ပ၌ ရိုသေလေးစားစွာ စောင့်ဆိုင်းနေလိုက်ကြသည်။

ထို့နောက် အဖိုးအိုက လုယွီဘက်သို့လှည့်ကာ အပြုံးနှင့်ပြောဆိုသည်။

"လေးစားရတဲ့ဧည့်သည်တော်...ငါက ဖူရွှေပွဲတော်ရဲ့ရာဖြတ်မိုယန်ပါ...မင်းရဲ့လက်ထဲက ရတနာကို ငါကိုယ်တိုင် တန်ဖိုးဖြတ်ခဲ့တာပဲ"

ကျန်းယုချင်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"ဆရာသခင်မို...ဖူရွှေပွဲတော်ရဲ့စည်းမျဥ်းတွေအရ ဘယ်ပစ္စည်းကိုမဆို ဝယ်ယူပြီးတာနဲ့ အဲ့ဒီလူရဲ့အပိုင်ဖြစ်သွားပြီ...ရှင်တို့က ဒီပစ္စည်းရဲ့လျှို့ဝှက်ချက်ကို တွေ့သွားတာနဲ့ အင်အားသုံးပြီးတော့ ပြန်လုယူချင်တာလား"

မိုယန်က သူ၏လက်နှစ်ဖက်ကို အလျင်စလိုပူးဆုပ်ကာ ပြောဆိုသည်။

"မင်းသမီးက ရယ်စရာပြောနေပြန်ပြီ...ဒီအဖိုးကြီးက ဘယ်လိုသတ္တိမျိုးနဲ့ လုပ်ဝံ့မှာလဲ...ဖူရွှေပွဲတော်ကို တော်ဝင်မြို့တော်က တာဝန်ယူပြီးတော့ကျင်းပတာ...လူဘယ်လောက်များများ စောင့်ကြည့်နေကြတယ်ဆိုတာ မသိနိုင်ဘူး...တကယ်လို့ ငါက ဝက်ဝံအသည်းနဲ့ကျားသစ်အူကို စားထားရင်တောင် ဒီလိုကိစ္စမျိုးကို မလုပ်ဝံ့ပါဘူး"

ထိုသို့ပြောဆိုပြီးနောက် မိုယန်က လုယွီဘက်သို့လှည့်ကာ အရိုအသေပြုလိုက်၏။

"မိတ်ဆွေလေး...မင်းမှာ ထက်ရှတဲ့အမြင်အာရုံ ရှိနေတာပဲ...မင်းက ပင်လယ်ဆူးတောင်ကျောက်တုံးထဲမှာရှိနေတဲ့ရတနာကို အကြည့်တစ်ချက်နဲ့ တွေ့မြင်နိုင်ခဲ့တယ်...ငါ့ရဲ့ အရည်အချင်းနိမ့်ပါးမှုအတွက် တကယ့်ကို အရှက်ရမိပါတယ်...သာမာန်အချိန်တွေမှာ ငါက လောကကြီးတခွင်လုံးမှာရှိတဲ့ ရတနာတွေကို အရမ်းနှစ်သက်သဘောကျတယ်...ဒါ့ကြောင့် ဒီရတနာကိုမြင်လိုက်ရတဲ့အချိန်မှာ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်တော့ဘဲနဲ့ အနီးကပ်ကြည့်ချင်ခဲ့မိတယ်...မိတ်ဆွေလေးက ကျေးဇူးပြုပြီးတော့ ငါ့ကိုခွင့်လွှတ်ပေးပါ"

"ဖူရွှေပွဲတော်ရဲ့ရာဖြတ်ခေါင်းဆောင်မိုယန်...."

နံဘေးဘက်၌ရှိနေသော မုန့်ကျူးယွင်သည် ထိုနာမည်ကိုကြားချိန်တွင် သူမ၏စိတ် ဗလာဟင်းလင်းဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမရှေ့ရှိ အဖိုးအိုသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအတွင်းရှိ ရာဖြတ်ပညာရှင်များအကြားတွင် အဆင့်အတန်းအမြင့်ဆုံးသူပင်။

ထိုအဖိုးအိုကိုဖိတ်ကြား၍ ရတနာများကိုအကဲဖြတ်စေလိုသော လေလံရုံများနှင့်ရတနာဆိုင်များ မည်မျှထိများများရှိနေသည်ကို သူမ မသိရှိချေ။မည်သည့်ရတနာပစ္စည်းဖြစ်နေပါစေ မိုယန်၏နာမည်နှင့် အာမခံချက်ပါရှိသည်နှင့် ထိုအရာ၏တန်ဖိုးသည် အမြင့်ဆုံးအဆင့်ထိထိုးတက်သွားပေမည်။

သူသည် ဤပင်လယ်ဆူးတောင်ကျောက်တုံးကို မှားယွင်း၍ အကဲဖြတ်မိမည်ဟု သူမ မျှော်လင့်မထားမိချေ။

လုယွီက မိုယန်ကိုတစ်ချက်ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။

"ခင်ဗျား အဲ့ဒီအက်ကွဲကြောင်းရဲ့နောက်ကနေ ကြည့်လို့ရတယ်...ဒီစည်းကိုကျော်လာရင်တော့ ကျုပ်ကိုအပြစ်မတင်နဲ့"

နဂါးအမြူတေသည် သူ သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန်နှင့် ဆက်စပ်နေသည်။သူ အနည်းငယ်မျှပင် သတိလက်လွတ် မနေဝံ့ချေ။

"ကောင်းပြီ...ကောင်းပါပြီ...ငါ ဒီစည်းကိုမကျော်ဘူး"

မိုယန်က ချက်ချင်းဆိုသလိုပင် သဘောတူညီလိုက်၏။သူ့ထံတွင် မောက်မာဝံ့ကြွားသောအမူအယာမျိုး အနည်းငယ်မျှပင်ရှိမနေချေ။

ထို့နောက် သူ၏မျက်လုံးအကြည့်သည် လေထုအတွင်း၌ မျောလွင့်နေသော နဂါးအမြူတေထံသို့ စူးစိုက်၍ကျရောက်သွားသည်။သူသည် တစ်စုံတစ်ခုကို အဖြေရှာနေသည့်အလား သူ၏ပါးစပ်မှနေ၍ တတွတ်တွတ်ရေရွတ်နေသည်။

"လေဟာနယ်နဲ့အချိန်ဥပဒေသလား...အမ်...မဟုတ်သေးဘူး...ဒါက မဟုတ်နိုင်ဘူး...ဒါက ပြီးပြည့်စုံတဲ့ လေဟာနယ်နဲ့အချိန်ဥပဒေသမဟုတ်ဘူး...ဒါပေမယ့် လောကီအင်မော်တယ်နယ်ပယ်နဲ့ ဒီစွမ်းအားကို ခုလောက်ထိထုတ်ဖော်အသုံးပြုနိုင်တာ မဆိုးဘူးလို့ယူဆလို့ရတယ်"

လုယွီ၏မျက်ခုံးများ အနည်းငယ်မြင့်တက်သွားသည်။သူသည် မိုယန်၏လက်အတွင်းမှ ထွက်ပေါ်နေသော စွမ်းအားများကို ခံစားမိလေ၏။

ဤသည်က လေဟာနယ်နှင့်အချိန်ဥပဒေသပင်။ထိုစွမ်းအားသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်နှင့် တူညီသည်။သို့ရာတွင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ လေဟာနယ်နှင့်အချိန်ဥပဒေသသည် မိုယန်ထက် အဆများစွာပို၍ သိမ်မွေ့နက်နဲသည်။

ပုံရိပ်ယောင်များက မိုယန်၏နောက်၌ တဖျတ်ဖျတ်ထင်ဟပ်နေသည်။

ဤသည်က သူ၏ ပြိုင်ဘက်ကင်းရာဖြတ်နည်းစနစ်ပင်။သာမာန်ရာဖြတ်များသည် ပစ္စည်းတစ်ခု၏သဲလွန်စများအပေါ် မှီခိုပြီးမှသာ ထိုအရာ၏မူရင်းဇစ်မြစ်ကို ခန့်မှန်းနိုင်သည်။မိုယန်ကဲ့သို့ ပညာရှင်များသည်မူ ပစ္စည်းတစ်ခု၏သဲလွန်စများမှတဆင့် လေဟာနယ်နှင့်အချိန်ဥပဒေသကိုအသုံးပြု၍ တွက်ချက်ကာ မူရင်းဇစ်မြစ်ကို ဖော်ထုတ်နိုင်ပေ၏။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် တွက်ချက်ပြီးနောက် မိုယန်၏လက်ချောင်းများ ပြင်းပြင်းထန်ထန်တုန်ရီသွားကာ သူ၏မျက်လုံးအတွင်း၌ တုန်လှုပ်ချောက်ချားမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...ဒါ...ဒါက တကယ်တော့ အတိတ်က နဂါးဘုရင်ရဲ့နဂါးအမြူတေပဲ...' နဂါးဧကရာဇ်နင်းရွှမ်'က ဒဏ္ဍာရီတွေအရတော့ နဂါးမျိုးနွယ်တွေရဲ့ သစ္စာဖောက်တာကိုခံရပြီးတော့ ကြွေလွင့်သွားခဲ့ရတယ်...သူ့ရဲ့ကျင့်ကြံမှုစွမ်းအားတွေအားလုံးကို ဒီနဂါးအမြူတေထဲမှာ သိုဝှက်ထားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါက တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ရတနာပဲ...ဒီအရာရဲ့တန်ဖိုးကို တိုင်းဆလို့မရဘူး"

Chapter 2848

မိုယန် ထိုသို့ပြောဆိုလိုက်သည်နှင့် ပတ်ဝန်းကျင်၌ နတ်ဘုရားစိတ်အာရုံများ ပြင်းပြင်းထန်ထန် လှုပ်ခတ်စပြုလာသည်။

ရုတ်ချည်းဆိုသလိုပင် မိုယန်၏နောက်သို့ လူလေး ငါးယောက်ခန့် ရောက်ရှိလာသည်။သူတို့်ထံတွင် သာမာန်မဟုတ်သောအရှိန်အဝါမျိုးရှိနေကာ သာမာန်လူများမဟုတ်သည်မှာ သိသာထင်ရှားလှ၏။

"ဆရာသခင်မို...ဒါက နဂါးဧကရာဇ်နင်းရွှမ်ရဲ့နဂါးအမြူတေဆိုတာ သေချာလား"

ထိုလူများအနက်မှ လူလတ်ပိုင်းကြီးတစ်ယောက်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

မိုယန်က လေထုအတွင်း၌ မျောလွင့်နေသော နဂါးအမြူတေကို အလွန်စိတ်လှုပ်ရှားစွာဖြင့် စူးစိုက်၍ကြည့်နေသည်။

"ဒါက အကြွင်းမဲ့သေချာတယ်...ငါက ငါ့ရဲ့ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းဆင်းသက်လာတဲ့ လျှို့ဝှက်နည်းစနစ်ကိုအသုံးပြုပြီးတော့ ငါ့ရဲ့ဘဝသက်တမ်းတချို့ကိုကုန်ဆုံးခံပြီး ဒီရလဒ်ကိုတွက်ချက်ခဲ့တယ်"

"ဒါက တကယ့်ကို နဂါးဧကရာဇ်ရဲ့အမွေအနှစ်ပဲ"

လူလတ်ပိုင်းကြီး၏လက်ချောင်းများ အနည်းငယ်တုန်ရီသွားကာ သူက လေထုအတွင်း၌ မျောလွင့်နေသော နဂါးအမြူတေကို စူးစိုက်၍ကြည့်လိုက်သည်။

"အတိတ်မှာ ဧကရာဇ်နင်းရွှမ်က နဂါးမျိုးနွယ်ရဲ့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူပဲ...ကောလဟာလတွေအရတော့ သူက နယ်မြေသခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီလို့ဆိုကြတယ်...သူက နဂါးမျိုးနွယ်ထဲမှာ တာအိုသခင်အဆင့်ကိုရောက်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့တဲ့ နဂါးဧကရာဇ်ပဲ"

"ဒီလိုထိပ်သီးအစွမ်းထက်နဂါးဧကရာဇ်တစ်ကောင်က နဂါးမျိုးနွယ်တွေရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရတယ်ဆိုတာ ငါ ယုံတောင်မယုံနိုင်ဘူး...သူက တိတ်တဆိတ် အဆိပ်ခတ်ခံရပြီးတော့ သူ့ရဲ့အထွတ်အထိပ်အခြေအနေမှာ သေဆုံးသွားခဲ့တယ်...နောက်ပိုင်းမှာ နဂါးမျိုးနွယ်တွေ နိမ့်ကျသွားပြီးတော့ ထိပ်သီးအစွမ်းထက်နဂါးတွေ ထပ်ပြီးထွက်ပေါ်မလာတော့ဘူး"

ထိုစကားများကို ပြောဆိုပြီးချိန်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်းသည် လေထုအတွင်း၌မျောလွင့်နေသော နဂါးအမြူတေကို စူးစိုက်ကြည့်၍ ထိတ်လန့်တုန်လှုပ်နေကြကာ မည်သည့်စကားမျှ မပြောဆိုနိုင်ကြတော့ချေ။

နဂါးဧကရာဇ်နင်းရွှမ်သည် နဂါးတစ်ကောင်ဖြစ်ရုံသာမက ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ထိပ်သီးတည်ရှိမှုကြီးများအနက်မှ တစ်ယောက်လည်းဖြစ်သည်။

နက်နဲသိမ်မွေ့ဖီဆန်ခြင်းနဂါးဧကရာဇ် သေဆုံးပြီးနောက် သူ့အား သစ္စာဖောက်ခဲ့သော မရေမတွက်နိုင်သောနဂါးမျိုးနွယ်ဝင်များသည် သူ၏ပိုင်ဆိုင်မှုများကို ခွဲဝေယူကာ သူ၏မျိုးဆက်များကိုလည်း အမြစ်ပြတ်သုတ်သင်ခဲ့ကြ၏။

သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်မှာ ထိုနဂါးမျိုးနွယ်ဝင်များသည် တခြားသူများ၏လှည့်စားမှုများကြောင့် အချင်းချင်း သတ်ဖြတ်ကြခြင်းပင်။

နဂါးဧကရာဇ်နင်းရွှမ်သေဆုံးသွားပြီးနောက် နဂါးမျိုးနွယ်အတွင်း၌ ထိပ်သီးအဆင့်ရှိသောအစွမ်းထက်နဂါးမျိုးနွယ်ဝင်ဟူ၍ မရှိတော့ချေ။တာအိုသခင်နယ်ပယ် အစစ်အမှန်နဂါးများအားလုံးသည် တံခါးပိတ်ကျင့်ကြံနေကြသဖြင့် နဂါးမျိုးနွယ်သည် ချက်ချင်းဆိုသလိုပင် ဖရိုဖရဲအခြေအနေအတွင်းသို့ ကျရောက်သွားခဲ့သည်။နဂါးမျိုးနွယ်ဝင်များသည် အချင်းချင်းတိုက်ခိုက်နေကြသဖြင့် အတိတ်ကဲ့သို့ ထိပ်သီးနတ်ဆိုးသားရဲမျိုးနွယ်တစ်စု၏ ကြီးကျယ်ခမ်းနားမှုမျိုး မရှိတော့ချေ။

ကောလဟာလများအရ နဂါးဧကရာဇ်နင်းရွှမ်ကို သစ္စာဖောက်ခဲ့သော နဂါးများအားလုံး တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားခဲ့သည်ဟု ဆိုကြ၏။

နဂါးဧကရာဇ်နင်းရွှမ်ချန်ထားခဲ့သော ရတနာများကမူ အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

သူ့ရှေ့ရှိ နဂါးအမြူတေသည် ထိုရတနာများနှင့် ကွဲပြားခြားနားပေ၏။

ဤသည်က နဂါးတစ်ကောင်၏ဘဝသက်တမ်းတလျှောက်လုံးတွင်ရှိခဲ့သော မှော်စွမ်းအားများနှင့်အမွေအနှစ်များကို စုစည်းထားသောအရာဖြစ်ကာ သူ၏အဖိုးတန်ဆုံးရတနာပင်။အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော အဆင့်မြင့်နဂါးတစ်ကောင်ကို မဆိုထားနှင့် သာမာန်နဂါးတစ်ကောင်၏အမြူတေကိုပင် မိုးထိအောင်မြင့်မားသောစျေးနှုန်းနှင့် ရောင်းချနိုင်သည်။

နဂါးအမြူတေများသည် နဂါးမျိုးနွယ်၏အမွေအနှစ်များကို ဆက်ခံနိုင်ရန်အတွက် အရေးပါသောပစ္စည်းဖြစ်သည်။အကယ်၍ တခြားနဂါးမျိုးနွယ်တစ်စုသည် နဂါးအမြူတေတစ်ခုကိုရရှိပါက အလွန်ကြီးမားသော စိတ်ဝိညာဥ်စွမ်းအားများကို ရရှိနိုင်သည့်အပြင် အမွေအနှစ်ကိုလည်း ထိန်းချုပ်ဟန့်တားမှုမရှိဘဲ ဆက်ခံနိုင်ပေမည်။

ထိုအချိန်ကျပါက နဂါးမျိုးနွယ်အကြားတွင် တခြားပါရမီရှင်များ ထွက်ပေါ်လာရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်သည်။

အကယ်၍ နဂါးမျိုးနွယ်များသည် နဂါးဧကရာဇ်နင်းရွှမ်၏နဂါးအမြူတေ ထွက်ပေါ်လာသည်ကိုသာ သိရှိသွားပါက နဂါးမျိုးနွယ်တစ်စုလုံး ရုတ်ရုတ်သဲသဲဖြစ်ပွားသွားပေမည်။

"လေးစားရတဲ့ဧည့်သည်တော်...ငါက တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်ဖြစ်တဲ့ ယဲ့စန်းကောပါ...မင်းက ဒီနဂါးအမြူတေကို ပြန်ရောင်းဖို့ဆန္ဒရှိလားဆိုတာ ငါ သိချင်မိတယ်...ငါက ဒီနဂါးအမြူတေအတွက် အင်မော်တယ်ကျောက်တုံးသန်းသုံးသောင်း ပေးဝယ်ဖို့ဆန္ဒရှိပါတယ်"

ထိုစကားလုံးများကို ကြားလိုက်ရစဥ်တွင် ပတ်ဝန်းကျင်ရှိ အစောင့်များအားလုံး ​ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်စီ ဆုတ်လိုက်ကြ၏။

သန်းသုံးသောင်း....

မူလက ဤနဂါးအမြူတေ ကိန်းအောင်းနေသော ပင်လယ်ဆူးတောင်ကျောက်တုံး၏တန်ဖိုးသည် သန်း၁၀၀ခန့်သာရှိသည်။လုယွီသည် ထိုအရာနှင့်လဲလှယ်ခဲ့သော ရှေးဟောင်းသူတော်စင်၏ဝါးစာလိပ်ကိုဝယ်ယူရန် သန်း၁၀၀၀သာ အသုံးပြုခဲ့ရသည်။

တခြားစကားပြောင်းဆိုရပါက အကယ်၍ လုယွီသာ လဲလှယ်ရန် ရွေးချယ်ခဲ့ပါက သူသည် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန်မလိုအပ်ဘဲ အသားတင်အမြတ်အနေဖြင့် အင်မော်တယ်ကျောက်တုံးသန်းနှစ်သောင်းကျော် ရရှိသွားပေမည်။

တော်ဝင်မြို့တော်အတွင်း၌ ချမ်းသာကြွယ်ဝသောမိသားစု အမြောက်အများရှိသော်လည်း သူတို့၏လက်အတွင်း၌ ကိုင်ဆောင်ထားသော ငွေကြေးသည် အကန့်အသတ်ရှိပေ၏။

ဤကဲ့သို့အလွန်များပြားသော အင်မော်တယ်ကျောက်တုံးများနှင့်ဆိုပါက လုယွီသည် တော်ဝင်မြို့တော်အတွင်း၌ ကြီးကျယ်ခမ်းနားသောအိမ်တော်တစ်လုံးကို ဝယ်ယူကာ သူ၏ကိုယ်ပိုင်မိသားစုကို တည်ထောင်နိုင်ပေမည်။

Chapter 2849

ယဲ့စန်းကောက ဆက်လက်၍ပြောဆိုသည်။

"မင်းကို အမှန်အတိုင်းပြောပြရရင်...တော်ဝင်မြို့တော်က နဂါးဧကရာဇ်နင်းရွှမ်ရဲ့ရတနာတွေကို အရင်ကရှာဖွေခဲ့ဖူးတယ်...ဒါပေမယ့် ဘာကိုမှ ရှာမတွေ့ခဲ့ဘူး...တကယ်လို့ မင်းက ဒီနဂါးဆေးလုံးကို ငါနဲ့လဲလှယ်ပေးမယ်ဆိုရင် မင်းက ငါတို့မြို့တော်ရဲ့ကျေးဇူးရှင်ဖြစ်သွားပြီ...မင်းရဲ့အကျိုးဆောင်မှုကို ငါတို့မြို့တော်က အမြဲတမ်းမှတ်ထားပေးမယ်လို့ ငါ ကတိပေးတယ်...ပြီးတော့ ဒီအကျိုးဆောင်မှုအတွက် မင်းကို မှူးမတ်ဘွဲ့ ငါပေးနိုင်တယ်"

တော်ဝင်မြို့တော်တွင် မြင့်မြတ်သူဘွဲ့အဆင့်ငါးဆင့်ရှိသည့်အနက် မှူးမတ်ဘွဲ့သည် အကျိုးဆောင်မှုများမှတဆင့် ရရှိနိုင်သော အနိမ့်ဆုံးဘွဲ့ထူးဖြစ်သည်။

ဥပမာအနေဖြင့် ထိပ်တန်းအရည်အသွေးရှိသော မှော်ရတနာများ ကျင့်ကြံရန်အတွက်မြင့်မြတ်နယ်မြေများ အလွန်အဆင့်မြင့်သောကျင့်ကြံနည်းစနစ်များနှင့် အဖိုးတန်ရှားပါးသောမှော်သားရဲအမြူတေများကို တော်ဝင်နန်းတွင်းသို့ ဆက်သသူများသည် မှူးမတ်ဘွဲ့ခန့်အပ်ခြင်းခံရရန် အရည်အချင်းပြည့်မီသည်။

မှူးမတ်များသည် ပိုင်နက်နယ်မြေမရှိရုံသာမက လစာလည်းမရရှိချေ။သို့ရာတွင် ဤသည်က သူတို့၏အဆင့်အတန်းကိုပြသသော အထိမ်းအမှတ်သင်္ကေတပင်။ထို့ထက်ပို၍ အရေးကြီးသောကိစ္စမှာ မှူးမတ်ဘွဲ့ရရှိထားသူများသည် နေရာအများစုတွင် အထူးဧည့်သည်တော်များအဖြစ် ဆက်ဆံခြင်းခံရကာ တခြားသူများ၏ ရိုသေလေးစားခြင်းကို ခံရပေမည်။

ပတ်ဝန်းကျင်ရှိလူများသည် မနာလိုအားကျသောအကြည့်များဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကြ၏။

အကယ်၍ လုယွီသာ မှူးမတ်ဘွဲ့ထူးကို ခန့်အပ်ခြင်းခံရပါက သူ၏အဆင့်အတန်းသည် ယခင်နှင့်မတူညီတော့ချေ။သူသည် မြင့်မြတ်သူတစ်ယောက်ဖြစ်လာကာ သူ၏အဆင့်အတန်းသည် တခြားကျင့်ကြံသူများနှင့် များစွာကွဲပြားခြားနားသွားပေမည်။

"ဒီပစ္စည်းက တန်ဖိုးအရမ်းကြီးတာလား"

ထိုစကားကိုကြားချိန်တွင် မုန့်ကျူးယွင်၏ခေါင်း တဝီဝီဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ဤသည်က နံဘေးပတ်ဝန်းကျင်ရှိ တခြားသူများ၏အသံများကို သူမ မကြားချင်တော့သကဲ့သို့ပင်။

အင်မော်တယ်ကျောက်တုံးသန်းသုံးထောင်...

အကယ်၍ သူမသာ ထိုအရာကိုရရှိပါက သူမ၏ခွန်အား မည်မျှထိမြင့်တက်လာမည်ကို မည်သူ သိနိုင်မည်နည်း...

ထို့ပြင် အကယ်၍ သူမသည် ထိုပစ္စည်းကို တော်ဝင်နန်းတွင်းထံ ဆက်သနိုင်ပါက မြင့်မြတ်သူဘွဲ့ထူးကို ခန့်အပ်ခြင်းခံရပေမည်။

အနိမ့်ဆုံးအဆင့်မှူးမတ်ရာထူးကိုပင် ရရှိရန်မလွယ်ကူချေ။အကယ်၍ အကျိုးဆောင်ခြင်းကြောင့် မှူးမတ်ဘွဲ့ထူးကို ရရှိသည်ဆိုလျှင်ပင် အနည်းဆုံးအနေဖြင့် အလွန်အဖိုးတန်ရှားပါးသောပစ္စည်းကို တော်ဝင်နန်းတွင်းထံဆက်သရန် လိုအပ်သည်။

မုန့်ကျုးယွင်က လေထုအတွင်း၌မျောလွင့်နေသော နဂါးအမြူတေကို စူးစိုက်၍ကြည့်လိုက်သည်။သူမ၏စိတ်တစ်ခုလုံး ဗလာဟင်းလင်းဖြစ်နေကာ ပတ်ဝန်းကျင်ရှိ မည်သည့်အသံကိုမျှမကြားတော့ချေ။

ဤှပစ္စည်းသည် သူမ၏ပိုင်ဆိုင်မှုဖြစ်ခဲ့သည်မှာ မကြာသေးချေ။ထိုအရာကို သူမ လွယ်လင့်တကူ လက်လွှတ်ခဲ့မိမည်ဟု သူမ မျှော်လင့်မထားမိချေ။

ထို့ပြင် သူမသည် လုယွီကို အစောပိုင်းက အဆက်မပြတ် လှောင်ပြောင်သရော်ခဲ့သည်။သူမသည် လုယွီကို ငွေကြေးအလဟဿဖြုန်းတီးကာ ပင်လယ်ဆူးတောင်ကျောက်တုံးကို တုံးအစွာဖြင့်လဲလှယ်ယူခဲ့သည်ဟုပင် ပြောဆိုခဲ့လေ၏။လုယွီသည် သူမ၏ပါးကို ဖြတ်ရိုက်လိုက်သကဲ့သို့ သူမ ခံစားရမည်ဟု မျှော်လင့်မထားမိချေ။

ဤပင်လယ်ဆူးတောင်ကျောက်တုံးအတွင်း၌ ပုန်းကွယ်နေသောလျှို့ဝှက်ချက်တစ်ခု ရှိနေခြင်းမှာ သိသာထင်ရှားစွာထွက်ပေါ်လာခဲ့သည်။ထို့ပြင် အတွင်း၌ ဤကဲ့သို့ အလွန်အမင်းတန်ဖိုးကြီးမားသောရတနာတစ်ခု ရှိနေပေ၏။

မုန့်ကျူးယွင်သည် သူမ၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ထားသဖြင့် သူမ၏လက်ချောင်းများပင် ဖြူရော်နေလေပြီ။သူမ၏မျက်နှာအမူအယာသည်လည်း သိသိသာသာ ပျက်ယွင်းနေသည်။

ဤှပစ္စည်းက မူလက သူမ၏ပိုင်ဆိုင်မှုဖြစ်သော်လည်း သူမသည် လုယွီကို လက်လွတ်စပါယ် ပေးခဲ့မိသည်။

လုယွီက ပြောဆိုသည်။

"မှူးမတ်ဘွဲ့ထူး ခန့်အပ်ပေးဖို့ မလိုအပ်ပါဘူး...ဒီနဂါးအမြူတေကို ငါ ရထားတာကြောင့် ဒါက ငါ့ရဲ့ပိုင်ဆိုင်မှုပဲ...ငါက ဘာနဲ့မှမလဲလှယ်ချင်ဘူး...အရှင်ယဲ့...ကျေးဇူးပြုပြီးတော့ နောက်ဆုတ်ပေးပါ"

သူသည် အမှန်တကယ်ကိုပင် လဲလှယ်လိုခြင်းမရှိချေ။

ယဲ့စန်းကောသည် ဤရလဒ်ကို မျှော်လင့်ထားမိပုံမရပေ။သူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းတန်းများ ဖြတ်ပြေးသွားသည်။

"ငါပေးတာ နည်းတယ်လို့ မင်း ထင်နေတာလား...ဒါက ပြဿနာမရှိပါဘူး...ငါတို့က ငွေပမာဏကို ညှိနှိုင်းလို့ရတယ်"

တော်ဝင်မြို့တော်သည် တာယွီအင်ပါယာ၏ဗဟိုချက်ပင်။မြို့တော်၏အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သော ယဲ့စန်းကောအနေဖြင့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ငွေကြေးပမာဏကို အသုံးပြုနိုင်သည်။

လုယွီက ခေါင်းခါပြလေ၏။

"ဒါက ငွေပမာဏကြောင့် မဟုတ်ဘူး...နဂါးအမြူတေက ငါ့အတွက်အသုံးဝင်နေတာကြောင့် မလဲလှယ်တာပါ"

"တကယ်လို့ ငါ ခန့်မှန်းတာမမှားဘူးဆိုရင်...နဂါးအမြူတေထဲမှာ စွမ်းအားအမြောက်အများ ပါဝင်တယ်ဆိုပေမယ့်...ဒါတွေကို အပြည့်အဝစုပ်ယူနိုင်ဖို့အတွက် အားကောင်းတဲ့ခန္ဓာကိုယ်ရှိဖို့လိုအပ်တယ်...နဂါးမျိုးနွယ်ဝင်တွေကသာ သူတို့ရဲ့အစွမ်းထက်တဲ့ရုပ်ခန္ဓာကိုယ်ကို အမှီပြုပြီးတော့ နဂါးအမြူတေထဲက စိတ်ဝိညာဥ်စွမ်းအားတွေကို ချေဖျက်နိုင်တယ်...တကယ်လို့ မင်းက ဒီနဂါးအမြူတေကို အတင်းအကြပ်ဝါးမြိုမယ်ဆိုရင် အထဲမှာပါတဲ့စွမ်းအားတွေရဲ့ရိုက်ခတ်မှုကိုခံရပြီးတော့ မင်းရဲ့ရုပ်ခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မယ်...ဒါက မင်းရဲ့ခန္ဓာကိုယ်အတွက် ပြင်းထန်တဲ့ဒဏ်ရာကို ရရှိစေနိုင်တယ်"

ယဲ့စန်းကောက ပြောဆိုသည်။

မိုယန်က သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ကာ ပြောဆိုလေ၏။

"အတိတ်မှာတုန်းက...နဂါးဧကရာဇ်နင်းရွှမ်ရဲ့နဂါးအမြူတေကို ရှာဖွေခဲ့ကြတဲ့လူတွေ ဘယ်လောက်ထိတောင်များလဲဆိုတာ မရေနိုင်ခဲ့ဘူး...နဂါးမျိုးနွယ်ထဲက အစွမ်းထက်တဲ့နဂါးဘုရင်တွေကလည်း လက်အောက်ငယ်သားတွေကို စေလွှတ်ပြီးတော့ ရှာဖွေခိုင်းခဲ့တယ်...တကယ်လို့ မင်းဆီမှာသာ နဂါးအမြူတေရှိနေရင် လူတိုင်းရဲ့ပစ်မှတ်ဖြစ်သွားလိမ့်မယ်...မင်းက ဒါကို တော်ဝင်နန်းတွင်းဆီ ဆက်သပြီးတော့ မင်းကိုယ်မင်းကာကွယ်တာ ပိုမကောင်းဘူးလား"

Chapter 2850

ယဲ့စန်းကောက ထပ်မံ၍ ပြောဆိုသည်။

"ဆရာသခင်မိုပြောတာ အမှန်ပဲ...မင်းက အသက်ငယ်သေးတယ်...ဒီနယ်မြေသခင်အဆင့်နဂါးအမြူတေရဲ့ ဆွဲဆောင်နိုင်မှုကို မင်း မသိသေးဘူး...တကယ်လို့ မင်းက ဒီနဂါးအမြူတေကို ထိန်းသိမ်းထားမယ်ဆိုရင်...အဆုံးသတ်မှာ မင်းဆီကို ဘေးဒုက္ခတွေပဲ ဆိုက်ရောက်လာလိမ့်မယ်...မင်း ဒါကို တော်ဝင်နန်းတော်ဆီဆက်သတာ ပိုကောင်းလိမ့်မယ်...တကယ်လို့ အခုချိန်မှာ မင်း ငါ့ကို ဒီနဂါးအမြူတေလက်လွှဲပေးမယ်ဆိုရင် ကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့ ငါ မင်းကို အင်မော်တယ်ကျောက်တုံးသန်းငါးထောင်ထပ်ပေးမယ်"

သူတို့နှစ်ယောက်သည် အပေးအယူတည့်စွာ ပြောဆိုနေကြ၏။တစ်ယောက်သည် လုယွီကို သွေးဆောင်ဖြားယောင်းရန် ကြိုးစားနေကာ ကျန်တစ်ယောက်က သူ့ကို ခြိမ်းခြောက်နေသည်။

အကယ်၍ လုယွီသည် နဂါးအမြူတေကို လက်လွှဲမပေးပါက ထိုအရာအား လိုချင်တပ်မက်သည့်လူများကြောင့် အဆုံးသတ်၌ သေဆုံးသွားရမည့်ပုံရသည်။ထိုအချိန်ကျပါက သူ၏အသက်ကို ထိန်းသိမ်းထားနိုင်ရန်ပင် လွယ်ကူမည်မဟုတ်ချေ။

ကျန်းယုချင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ရှင်တို့နှစ်ယောက် စိုးရိမ်ပူပန်နေစရာမလိုဘူး...အနာဂတ်မှာ ကျွန်မက လုယွီကို ကာကွယ်ပေးထားမယ်...သူ့ကို ဘယ်သူက ထိဝံ့လဲဆိုတာ ကျွန်မ သိချင်တယ်"

သူမ၏ခြေလှမ်းများ တုန်ရီနေသည်။သူမ၏မက်မွန်သီးပုံမျက်လုံးတစ်စုံသည် ပြူးကျယ်နေကာ ကြီးကျယ်ခမ်းနားသောအရှိန်အဝါများ ဖြာထွက်နေသည်။

ယဲ့စန်းကောက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"မင်းသမီး...အဲ့ဒီလူတွေက တော်ဝင်ကိုယ်လုပ်တော်မီနဲ့ မင်းသမီးကိုတော့ ထိဝံ့မှာမဟုတ်ဘူး...ဒါပေမယ့် သူတို့က ပြောင်ပြောင်တင်းတင် မတိုက်ခိုက်ဝံ့ရင်တောင် တိတ်တဆိတ်ချောင်းမြောင်းလုပ်ကြံကြမှာပဲ...မီဖေးနဲ့မင်းသမီးက သူ့ကို ကာကွယ်မပေးနိုင်မှာကို ကျွန်တော် စိုးရိမ်မိတယ်"

ကျန်းယုချင်က ​မေးမြန်းလိုက်၏။

"ရှင်က ဒီလိုပြောလာမှာတော့...တကယ်လို့ နဂါးအမြူတေကို တော်ဝင်နန်းတွင်းမှာထားရင် ဘေးကင်းလုံခြုံမယ်လို့ ရှင် အာမခံနိုင်လား"

"ဟား ဟား ဟား...ငါ အာမခံနိုင်တာပေါ့...တော်ဝင်နန်းတွင်းက မြို့တော်ရဲ့အခိုင်မာဆုံးနဲ့လုံခြုံဘေးကင်းဆုံး နေရာပဲလေ...တော်ဝင်နန်းတွင်းက ဘယ်ရန်သူကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်တယ်...တကယ်လို့ ငါတို့က ဒီပစ္စည်းကို တော်ဝင်နန်းတွင်းမှာထားမယ်ဆိုရင် ဘာမတော်တဆမှုမှ ဖြစ်မှာမဟုတ်ဘူး"

ယဲ့စန်းကောက ယုံကြည်ချက်အခိုင်အမာရှိသောလေသံဖြင့် ပြောဆိုသည်။

"ငါ စိတ်မကောင်းပါဘူး...ငါက ဒီနဂါးအမြူတေကို ဘယ်လိုနည်းနဲ့မှ လက်လွှတ်မပေးနိုင်ဘူး"

လုယွီက ရုတ်တရက် ပြောဆိုလေသည်။

ယဲ့စန်းကောက မျက်မှောင်ကြုတ်လိုက်၏။

"ငါတို့ပြောနေတဲ့စကားတွေကို မင်း သဘောမပေါက်ဘူးလား...တကယ်လို့ ဒီပစ္စည်းကို မင်းရဲ့လက်ထဲမှာ ထားမယ်ဆိုရင် ဒါက မင်းအတွက် ဘေးကပ်ဆိုးတစ်ခုပဲဖြစ်လာမှာ...မင်း ငါတို့ကိုမပေးချင်တာသေချာလား"

"ငါ အပိုစကားတွေ မပြောချင်ဘူး...မင်းတို့ ခုချက်ချင်း ထွက်သွားကြပါ"

လုယွီက သူ၏ခေါင်းကို ခါယမ်းပြလိုက်သည်။

ဤနဂါးအမြူတေသည် သူ သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန်အတွက် အဓိကသော့ချက်ပင်။

ငွေကြေးကိုမူ လုယွီ အနည်းငယ်မျှပင်မလိုအပ်ချေ။သူ့ထံ၌ စိတ်ဝိညာဥ်သွေးကြောများရှိနေသည်။ထိုအရာများ သူ၏လက်အတွင်း၌ရှိနေသရွေ့ အင်မော်တယ်ကျောက်တုံးများမရှိမည်ကို သူ စိုးရိမ်ပူပန်ရန်မလိုချေ။

ကျန်းယုချင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"လုယွီပြောနေတာကို ရှင်တို့မကြားကြဘူးလား...အခုချက်ချင်း ထွက်သွားကြစမ်း"

ယဲ့စန်းကောသည် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ ဤနေရာ၌ မဆင်မခြင်မလုပ်ဆောင်ဝံ့ချေ။

အကယ်၍ ဖူရွှေပွဲတော်အတွင်း၌ တစ်စုံတစ်ယောက်၏ရတနာကို အတင်းအကြပ်လုယူသည်ဟူသောသတင်းသာ ပြင်ပသို့ပျံ့နှံ့သွားပါက ဖူရွှေပွဲတော်၏နာမည်ဂုဏ်သတင်း ညှိုးနွမ်းသွားပေမည်။

ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ လုယွီ၏နံဘေး၌ ကျန်းယုချင်ရှိနေခြင်းပင်။

ကျန်းယုချင်သည် မင်းသမီးတစ်ပါးဖြစ်ရုံသာမက မီဖေး၏ပြောရေးဆိုခွင့်ရတမန်တော်လည်းဖြစ်သည်။အတွင်းနန်းတော်၌ မီဖေးသည် ယခုလက်ရှိ ဧကရီရှန်လင်းလုံနှင့် ခြေရာချင်းတိုင်းနိုင်သည့် တစ်ဦးတည်းသောသူဖြစ်ကြောင်း တာယွီအင်ပါယာတစ်ခုလုံးမှလူတိုင်း သိထားကြသည်။

အမှန်အားဖြင့် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ အနှစ်သက်ဆုံးတော်ဝင်ကိုယ်လုပ်တော်ဖြစ်ခဲ့သည့် မီဖေးသည် နှောင်းပိုင်းမျိုးဆက်မှရှန်လင်းလုံထက်ပင် ပို၍အစွမ်းထက်ပေ၏။သူမအား ထောက်ပံပေးနေသော လူမည်မျှများများရှိနေသည်ကို မသိနိုင်လျှင်ပင် ကျိုးမိသားစုကမူ သူမကို ပြောင်ပြောင်တင်းတင်း ထောက်ပံနေသည်။

သူသည် အဆင့်မြင့်အရာရှိတစ်ယောက်သက်သက်ပင်။အကယ်၍ ယခုလက်ရှိချိန်တွင် သူ တိုက်ခိုက်လိုက်ပါက မီဖေးကို ပါးဖြတ်ရိုက်လိုက်သည်နှင့် ကွဲပြားခြားနားခြင်းရှိမည်မဟုတ်ချေ။အကယ်၍ သူ ထိုသို့ပြုလုပ်လိုက်ပါက သူ၏အဆုံးသတ်ကောင်းမွန်မည်မဟုတ်ပေ။

"ဒီလိုဆိုမှတော့ ငါ ထွက်သွားတော့မယ်"

ယဲ့စန်းကောက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏လူများကိုခေါ်ဆောင်၍ ထွက်ခွာသွားတော့သည်။

အခန်းအတွင်း၌ လူအနည်းငယ်သာ ကျန်ရှိတော့လေ၏။

လုယွီက သူ၏လက်ကိုဆန့်တန်းလိုက်ရာ လေထုအတွင်း၌ မျောလွင့်နေသော နဂါးအမြူတေက သူ၏လက်အတွင်းသို့ ရောက်ရှိလာသည်။

နဂါးအမြူတေမှနေ၍ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။

သို့သော် ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

"လုယွီ...ငါ အလဲအလှယ်မလုပ်တော့ဘူး...ရှေးဟောင်းစာပေသူတော်စင်ရဲ့ဝါးစာလိပ်ကို နင် ပြန်ယူပြီးတော့ ငါ့ကို နဂါးအမြူတေပြန်ပေးတော့"

All Chapters