← Chapters

အခန်း (၂၈၆၁-၂၈၆၅)

Vol. 146 Ch. 2861-2865

အခန်း (၂၈၆၁-၂၈၆၅)

Vol. 146 Ch. 2861-2865

Chapter 2861

ကျန်းဟုန်သည် ပင်လယ်ပြင်အထက်၌ လုယွီနှင့်ကျီးကန်းနက်နတ်ဘုရားတို့ တိုက်ခိုက်နေသောမြင်ကွင်းကို အမှတ်ရနေဆဲပင်။

ဤသည်က နယ်မြေသခင်များအကြားမှ တိုက်ပွဲအဆင့်သို့ ရောက်လုနီးပါးပင်။ကောင်းကင်နှင့်မြေပြင်၏အရောင်ပင် ပြောင်းလဲသွားခဲ့ကာ နေမင်းနှင့်လမင်းတို့၏တောက်ပမှုများ မှေးမှိန်သွားပြီး လောကကြီးတခွင်လုံး တုန်ခါသွားစေခဲ့သည်။

ကျန်းမိသားစုတွင် နယ်မြေသခင်အဆင့်ထိပ်သီးကျင့်ကြံသူ ကင်းမဲ့နေခြင်း​မရှိချေ။သူတို့သည် မိသားစု၏အခြေခံအုတ်မြစ်ကဲ့သို့ တည်ရှိမှုကြီးများပင်။သူတို့အနက်မှအများစုသည် ဆံပင်နှင့်မုတ်ဆိတ်များ ဖြူဖွေးနေသော လူအိုကြီးများဖြစ်ပေ၏။

လုယွီကမူ ငယ်ရွယ်သောလူငယ်တစ်ယောက်ပင်။

လုယွီသည် အသက်ငယ်ရွယ်ချိန်မှာပင် ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ခွန်အားမျိုးကို ပိုင်ဆိုင်ထားသည်။ထို့ကြောင့် သူ၏ရှေ့အလားအလာ မည်မျှထိ တိုးတက်လာမည်ကို မည်သူမဆို တွေးတောကြည့်၍ရနိုင်သည်။

သူသည် မည်သည့်အကြောင်းကြောင့် ဤကဲ့သို့ပါရမီရှင်တစ်ယောက်ကို ရန်စစော်ကားရမည်နည်း။ထိုသို့ပြုလုပ်လိုက်ပါက လုယွီ ရင့်သန်လာချိန်တွင် ကျန်းမိသားစုအတွက် ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်သွားပေမည်။

"လာကြစမ်း...သူ့ကို မုန့်အိမ်တော်ဆီ ပြန်ခေါ်သွားပြီးတော့ သူ့ရဲ့အပြစ်ကို ပြန်ပြီးဆင်ခြင်သုံးသပ်ခိုင်းလိုက်စမ်း"

ကျန်းဟုန်က အမိန့်ပေးလိုက်၏။

ရုတ်ချည်းဆိုသလိုပင် ကျန်းမိသားစုသက်တော်စောင့်များက မုန့်ကျူးယွင်ကို ဆွဲခေါ်သွားရန် ဟန်ပြင်လိုက်ကြတော့သည်။

မုန့်ကျူးယွင်၏စိတ်နှလုံးသားအတွင်း၌ ခံစားချက်များ ရှုပ်ထွေးနေသည်။ကျန်းဟုန်ရောက်ရှိလာစဥ်တွင် ကံဆိုးသူတစ်ယောက်သည် လုယွီ ဖြစ်လိမ့်မည်ဟု သူမ မူလက တွေးထင်ထားခဲ့သည်။

သို့ရာတွင် သူမသည် ဤကဲ့သို့အဆုံးသတ်မျိုးနှင့် ရင်ဆိုင်ရမည်ဟု သူမ မျှော်လင့်မထားမိချေ။

"နင်တို့တွေ ငါ့ကို ဆွဲခေါ်ဖို့ မလိုအပ်ဘူး...ငါ့ဟာငါ ထွက်သွားမယ်"

မုန့်ကျူးယွင်က ဒေါသတကြီး ထွက်ခွာသွားတော့သည်။

သူမ၏စိတ်နှလုံးသားအတွင်း၌ ဒေါသထွက်ခြင်း စိတ်ဓာတ်ကျခြင်းတို့ဖြင့် ပြည့်နှက်နေသည်။မည်သည်ကြောင့် မည်သူမဆို လုယွီကို ရိုသေလေးစားစွာ ဆက်ဆံနေကြသနည်း။

မုန့်ကျူးယွင် ထွက်ခွာသွားပြီးနောက် ကျန်းဟုန်က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

အစောပိုင်းက လုယွီသည် မုန့်ကျူးယွင် ထွက်ခွာသွားမည်ကို ငြင်းဆန်ခြင်းမပြုချေ။ထို့ကြောင့် သူ ဤကိစ္စကို အလွတ်ပေးလိုက်ခြင်းမှာ သိသာထင်ရှားသည်။မူလက ကျန်းဟုန်သည် လုယွီကို ဆွဲဆောင်သိမ်းသွင်းလိုခဲ့သည်။ဤအချိန်အခိုက်အတန့်တွင် ကျန်းဟုန်သည် လုယွီနှင့် ရန်သူဖြစ်ရမည်ကို စိုးရိမ်နေမိလေ၏။

ကျန်းဟုန်သည် မုန့်ကျူးယွင်၏နောက်သို့လိုက်ပါသွားသော လေလံရုံမှအစေခံကိုကြည့်၍ မေးမြန်းလိုက်သည်။

"ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တာလဲ...ငါ့ကို အတိအကျ ပြန်ပြောပြစမ်း"

ထိုအစေခံက ကျန်းဟုန်၏အဆင့်အတန်းကို ကောင်းစွာသိရှိထားသည်။

ကျန်းဟုန်၏မေးမြန်းမှုကိုကြားချိန်တွင် ထိုအစေခံ၏ခြေထောက်များ ပြင်းပြင်းထန်ထန် တုန်ရီသွားကာ ပြိုလဲကျသွားလုနီးပါးပင်။သူက တုန်ရီနေသောအသံဖြင့် ပျာပျာသလဲပြောဆိုသည်။

"အစတုန်းကတော့ သခင်မလေးမုန့်က သူ လေလံအောင်ထားတဲ့ ပင်လယ်ဆူးတောင်ကျောက်တုံးကို ဒီသခင်လေးရဲ့ရတနာနဲ့ လဲလှယ်ခဲ့တယ်...ဒီသခင်လေးက ပင်လယ်ဆူးတောင်ကျောက်တုံးကို ထုခွဲလိုက်တဲ့အချိန်မှာ နဂါးအမြူတေထွက်ပေါ်လာခဲ့တယ်...သခင်မလေးမုန့်က နောင်တရပြီးတော့ အပေးအယူကိုပြန်ရုတ်သိမ်းပြီး နဂါးအမြူတေကို လိုချင်ခဲ့တာပါ"

ထိုစကားကိုကြားချိန်တွင် ကျန်းဟုန်သည် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျင်းသိနားလည်သွားလေ၏။

သူ၏ဝမ်းကွဲအမသည် အမှန်တကယ်ကို ဝက်ဦးနှောက်ပိုင်ရှင်ပင်။သူမသည် နောက်ခံအင်အားကိုအမှီပြု၍ အရာရာတိုင်းကို ဖိနှိပ်၍ရမည်ဟု ထင်နေသလော။

ဥပမာအနေဖြင့် ဖူရွှေပွဲတော်ကဲ့သို့နေရာမျိုးတွင် ဤနေရာအား စောင့်ကြည့်နေသော မျက်လုံးအစုံပေါင်း မည်မျှထိများများရှိနေသည်ကို မည်သူမျှမသိနိုင်ချေ။ဤနေရာ၌ ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို တစ်စုံတစ်ယောက်က မှတ်တမ်းတင်ပြီးဖြစ်ပေမည်။

သူတို့သည် အပေးအယူတစ်ရပ်ကို ပြုလုပ်ခဲ့သဖြင့် ထိုအရာကို တစ်စုံတစ်ယောက်မှ မှတ်တမ်းတင်ထားမည်မှာ တိကျသေချာသည်။ဤနေရာ၌ မည်သည့်မုသားမျိုးမျှ ​ကျူးလွန်၍ရမည်မဟုတ်ချေ။

အကယ်၍ မုန့်ကျူးယွင်သည် သူမ၏စကားများကို ပြန်ရုတ်သိမ်းပါက ဤသည်က ကျန်းမိသားစုကို ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေခြင်းပင်။

"ခွေးမသား...မင်းက ဘာလို့ ငါ့ဆီကို ချက်ချင်းအကြောင်းမကြားတာလဲ...သူ့ကို ဒီလိုပြစ်မှုကြီးကျူးလွန်အောင် မင်းက တကယ့်ကိုလုပ်ခွင့်ပြုလိုက်တာပဲ"

ကျန်းဟုန်က တင်းမာခက်ထန်သောလေသံဖြင့် အော်ငေါက်လိုက်၏။ထို့နောက် သူက လုယွီဘက်သို့လှည့်ကာ ရိုသေလေးစားစွာပြောဆိုသည်။

"စီနီယာ...တောင်းပန်ပါတယ်...ငါ အိမ်တော်ကိုပြန်ရောက်တာနဲ့ ငါ့ရဲ့ဝမ်းကွဲအမကို သေချာပေါက် သင်ခန်းစာပေးလိုက်ပါ့မယ်..သူက နောင်အနာဂတ်မှာ စီနီယာကို ထပ်ပြီးအပြစ်မပြုမိစေရဘူးလို့ ငါ အာမခံပါတယ်"

လုယွီ၏မျက်လုံးများအတွင်း၌ ခံစားချက်ကင်းမဲ့နေကာ သူ့ရှေ့၌ မည်သည့်ကိစ္စများဖြစ်ပျက်နေပါစေ အနည်းငယ်မျှပင် ဂရုမစိုက်သကဲ့သို့ပင်။

"ထားလိုက်တော့...ငါ သူ့ကို အပြစ်ပေးပြီးပြီ...မင်း ထပ်ပြီးတော့ အပိုအလုပ်တွေ လုပ်စရာမလိုတော့ဘူး"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

ထို့နောက် သူသည် ဖူရွှေပွဲတော်မှထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။

လုယွီ ထွက်ခွာသွားတော့မည်ကို မြင်တွေ့ချိန်၌ ကျန်းဟုန်က အနည်းငယ်စိတ်လှုပ်ရှားသွားသည်။

ဤတစ်ကြိမ် သူ အိမ်တော်သို့ ပြန်လည်ရောက်ရှိစဥ်တွင် မိသားစုအတွင်း၌ အလွန်ပြင်းထန်သောဖိအားမျိုးနှင့် သူ ရင်ဆိုင်နေခဲ့ရသည်။ယခုလက်ရှိချိန်တွင် သူသည် မိသားစုခေါင်းဆောင်ဖြစ်သော်လည်း တခြားသူများ သူ၏လက်အောက်ခံဖြစ်စေရန်အတွက် သူ့ထံ၌ခွန်အားမရှိချေ။ထို့ကြောင့် သူ ရှေ့သို့လှမ်းရသော ခြေတစ်လှမ်းတိုင်းသည် လွန်စွာခက်ခဲလှ၏။

သူ လုယွီကို မြင်တွေ့နိုင်ရန်မှာ မလွယ်ကူချေ။မည်သည်ကြောင့် သူ ဤအခွင့်အရေးကို လွယ်လင့်တကူ လက်လွတ်ဆုံးရှုံးခံနိုင်မည်နည်း။

Chapter 2862

"စီနီယာက ဒီနေရာကို ဟုန်ဖန်းမင်းသမီးနဲ့ အတူလာတာလား"

ကျန်းဟုန်က နံဘေးတစ်ဖက်၌မတ်တတ်ရပ်နေသော ကျန်းယုချင်ကိုကြည့်၍ ပြောဆိုသည်။

သူသည် တော်ဝင်မြို့တော်သို့ ရောက်မလာမီကတည်းက မြို့တော်မှ အရေးကြီးပုဂ္ဂိုလ်များကို မှတ်သားထားပြီးလေပြီ။

ကျန်းယုချင်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလေ၏။

"ကျန်းမိသားစုရဲ့မိသားစုခေါင်းဆောင်အသစ်က မိသားစုအရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေမယ်လို့ ငါ ထင်ထားခဲ့တာ...နင် ဒီနေရာကိုလာဖို့ အချိန်ရှိနေအုံးမယ်လို့ ငါ ထင်မထားမိဘူး"

ကျန်းဟုန်က ရယ်မောလိုက်သည်။

"မင်းသမီး...မင်းက ရယ်စရာပြောနေပြန်ပြီ...မိသားစုထဲမှာ လုပ်စရာကိစ္စတွေ အများကြီးရှိတယ်ဆိုပေမယ့် ငါ့ကိုကူညီလုပ်ဆောင်ပေးမယ့် အကြီးအကဲတွေရှိနေတယ်...ပြီးတော့ ငါက ဖူရွှေပွဲတော်လို ကြီးကျယ်ခမ်းနားတဲ့လေလံပွဲကြီးအကြောင်းကို ကြားထားတာ အချိန်အတော်ကြာနေပြီ...ငါ တော်ဝင်မြို့တော်ကို ရောက်တဲ့အချိန်မှာ ဒီအခွင့်ကောင်းကို ဘယ်လိုနည်းနဲ့လက်လွှတ်ခံနိုင်မှာလဲ"

ကျန်းဟုန်သည် အမှန်တကယ်ကို ကျန်းမိသားစုခေါင်းဆောင်ပင်။

ထိုစကားကိုကြားချိန်တွင် နံဘေးရှိ အရာရှိများ အစောင့်များနှင့်အစေခံများအားလုံး နေရာမှာပင် ကြက်သေသေသွားသည်။

ထိပ်တန်းမိသားစုရှစ်စု၏မိသားစုခေါင်းဆောင်များသည် မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသော တည်ရှိမှုကြီးများဖြစ်သည်။

အထူးသဖြင့် ကျန်းမိသားစုကဲ့သို့ မဟာထိပ်တန်းမိသားစုကြီးတစ်ခု၏ မိသားစုခေါင်းဆောင်နေရာတွင် အမြဲတစေ နက်နဲသိမ်မွေ့သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်က တာဝန်ယူထားလေ့ရှိသည်။

ကျန်းဟုန်သည် ကျန်းမိသားစုဝင်လူငယ်တစ်ယောက်ဟုသာ သူ ယခင်က တွေးတောထားခဲ့သည်။သို့ရာတွင် သူသည် ဤကဲ့သို့မဟာထိပ်တန်းမိသားစုကြီးတစ်စု၏ မိသားစုခေါင်းဆောင်ဖြစ်နေမည်ဟု သူတို့ တွေးတော၍ပင်မကြည့်ခဲ့ဖူးချေ။

"အံ့အားသင့်စရာမရှိတော့ဘူး...ကျန်းမိသားစုက ခုလတ်တလောအချိန်မှာ ငယ်ရွယ်တဲ့မိသားစုခေါင်းဆောင်အသစ် ပြောင်းလဲသွားခဲ့တယ်လို့ ငါ ကြားထားခဲ့တယ်...ဒါက သူ ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"အမ်...မဟာထိပ်တန်းမိသားစုကြီးတစ်စုရဲ့ မိသားစုခေါင်းဆောင်က လုယွီကို စီနီယာလို့ ခေါ်ဆိုသုံးနှုန်းနေတယ်...လုယွီရဲ့အစစ်အမှန်အဆင့်အတန်းက ဘာများပါလိမ့်"

လူအများသည် ကျန်းဟုန်၏အဆင့်အတန်းကြောင့် အံ့အားသင့်တုန်လှုပ်နေကြကာ တစ်ချိန်တည်းမှာပင် သူတို့သည် လုယွီ၏နောက်ခံကို မှန်းဆနေကြ၏။

"ဒါဆိုရင် မင်းက ကျန်းမိသားစုခေါင်းဆောင်ပေါ့...ဟုတ်လား"

တောက်ပသောအလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

ကျန်းဟုန်က အပြုံးနှင့်ပြောဆိုသည်။

"ဒါက နာမည်ခံသက်သက်ပါ...စကားထဲထည့်ပြောဖို့တောင် မထိုက်တန်ဘူး...ဒါပေမယ့် စီနီယာက ဖူရွှေပွဲတော်ကိုလာတာ နဂါးအမြူတေလိုရတနာမျိုးကို ရှာဖို့အတွက်လား"

သူသည် အချိန်အတော်ကြာ လေ့ကျင့်ခဲ့သူဖြစ်သဖြင့် စကားတစ်ခွန်းတည်းဖြင့် လုယွီ စိတ်ဝင်စားမည်ဟုထင်ရသော ခေါင်းစဥ်သို့ ပြောင်းလဲလိုက်၏။

တော်ဝင်မြို့တော်မှအရာရှိများသည် အင်မော်တယ်ကျောက်တုံးသန်းသုံးသောင်းဖြင့် ကမ်းလှမ်းခဲ့သည့်တိုင် လုယွီသည် နဂါးအမြူတေကို လဲလှယ်ခဲ့ခြင်းမရှိချေ။ဤသည်က လုယွီအတွက် နဂါးအမြူတေ မည်မျှထိအရေးကြီးသည်ကို ပြသနေသည်။

"ဒါက အမှန်ပဲ...အခုချိန်မှာ ငါ့အတွက် နဂါးအမြူတေလို အရာမျိုးတွေ လိုအပ်နေတယ်"

လုယွီက ဗြောင်ကျကျ ပြောဆိုလိုက်၏။

အစောပိုင်းက နဂါးဧကရာဇ်နင်းရွှမ်၏နဂါးအမြူတေကို သူ ဝါးမြိုခဲ့သော်လည်း တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားများကို အပြည့်အဝ မသန့်စင်ရသေးချေ။

လုယွီ၏သန့်စင်မှုစွမ်းရည်ကို ထိပ်တန်းအဆင့်ဟု ယူဆနိုင်သည်။သို့ရာတွင် နဂါးဧကရာဇ်နင်းဟွမ်သည် နဂါးမျိုးနွယ်အတွင်း၌ နှစ်တစ်ရာလျှင်တစ်ကြိမ်သာ ရှားရှားပါးပါးထွက်ပေါ်လာတက်သည့် အစစ်အမှန်ပါရမီရှင်ပင်။သူ ချန်ထားခဲ့သော နဂါးအမြူတေသည် လွယ်လင့်တကူသန့်စင်၍ရနိုင်သည့် အရာမျိုးမဟုတ်ချေ။

"စီနီယာက နဂါးအမြူတေကိုလိုချင်တယ်ဆိုရင်...ကျေးဇူးပြုပြီးတော့ ငါတို့ ကျန်းအိမ်တော်ကို အလည်အပတ်လာခဲ့ပါလား...ငါတို့အိမ်တော်မှာ မရေမတွက်နိုင်တဲ့ ရတနာတွေရှိတယ်...ပြီးတော့ နဂါးဧကရာဇ်နင်းရွှမ်နဲ့ အဆင့်တူလောက်ရှိမယ့်နဂါးအမြူတေလည်းရှိနေတယ်"

ကျန်းဟုန်သည် အခြေအနေကို အသာစီးရရန်အတွက် လုယွီ လိုအပ်နေသောအချက်ကို တိုက်ရိုက်ပြောဆိုလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိလူများသည် အံ့အားသင့်တုန်လှုပ်နေသောအကြည့်များဖြင့် ကျန်းဟုန်ကို ကြည့်လိုက်ကြ၏။

အကယ်၍ ကျန်းဟုန်သည် လုယွီကို ရိုသေလေးစားမှုပြရုံသက်သက် ဆက်ဆံနေပါက သူတို့ မည်သို့မျှခံစားရမည်မဟုတ်ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကျန်းဟုန်သည် လုယွီထံမှ မျက်နှာသာရရန်အလို့ငှာ နဂါးအမြူတေကဲ့သို့ ရတနာမျိုးကိုပင် အမှန်တကယ်ဆက်သနေသည်။ထို့ပြင် ထိုနဂါးအမြူတေသည် နဂါးဧကရာဇ်နင်းရွှမ်၏နဂါးအမြူတေနှင့် အဆင့်တူရတနာမျိုး ဖြစ်သည်။

ဤသည်က စစ်မှန်သော တန်ဖိုးမဖြတ်နိုင်သည့် ရတနာပင်။

ထိုအရာအတွက်နှင့် ယဲ့စန်းကောကဲ့သို့ တော်ဝင်နန်းတွင်း၏အဆင့်မြင့်အရာရှိတစ်ယောက်ပင်လျှင် စည်းမျဥ်းများကိုချိုးဖောက်၍ လုယက်ခဲ့သည်။

ကျန်းဟုန်သည် ထိုကဲ့သို့ရတနာမျိုးကို လုယွီအား လက်ဆောင်ပေးရန် ကြံရွယ်နေသလော....

"မင်းက အဲ့ဒီပစ္စည်း ငါ့ကိုပေးဖို့ ကြံရွယ်ထားတာလား"

လုယွီက ကျန်းဟုန်ကို စူးစိုက်၍ကြည့်လိုက်၏။

လုယွီ၏အကြည့်အောက်တွင် ကျန်းဟုန်၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။

သူက ခေါင်းမော့၍ တည်ကြည်လေးနက်သောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ဒီနဂါးအမြူတေက ငါတို့ ကျန်းအိမ်တော်မှာရှိနေရင် ဖုန်တက်နေတဲ့ပစ္စည်းတစ်ခုထက်မပိုဘူး...စီနီယာက ဒီအရာကိုလိုအပ်နေမှတော့ ငါက လက်ဆောင်အဖြစ်ပေးပါ့မယ်...ဒါက မြင်းကောင်းတစ်ကောင်က သူရဲကောင်းနဲ့မှလိုက်ဖက်တယ်ဆိုတဲ့စကားလိုပဲ ...ငါတို့ဘဏ္ဍာတိုက်ထဲမှာဆက်ထားရင် အဲ့ဒီရတနာရဲ့တန်ဖိုးက ပျောက်ကွယ်သွားလိမ့်မယ်"

"ငါ့ရဲ့ခွန်အားက မမြင့်မားဘူးဆိုပေမယ့် ငါက ကျန်းမိသားစုခေါင်းဆောင်ပဲ...ဒီကိစ္စကို ငါ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်"

Chapter 2863

လုယွီက ကျန်းဟုန်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောဆိုလိုက်၏။

"ကောင်းပြီလေ...မနက်ဖြန်ကျရင် ငါ ကျန်းအိမ်တော်ကိုလာခဲ့မယ်"

ကျန်းဟုန်က အလွန်ပျော်ရွှင်သွားသည်။

ယခုလက်ရှိချိန်တွင် သူ အလိုအပ်ဆုံးအရာမှာ သူ့အားကူညီထောက်ပံပေးနိုင်သည့် လုံလောက်သောတိုက်ခိုက်မှုစွမ်းအားရှိသူပင်။

ယခင်က ပင်လယ်ရေမျက်နှာပြင်အထက်၌ လုယွီ ထုတ်ဖော်ပြသခဲ့သောခွန်အားသည် နယ်မြေသခင်အဆင့်သို့ပင် ရောက်ရှိနေလေပြီ။

ထို့ပြင် တော်ဝင်မြို့တော်မှအရာရှိများပင် လုယွီ၏လွယ်လင့်တကူ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။သူ၏လက်ရှိခွန်အားသည် သိသာထင်ရှားလှသဖြင့် မည်သည့်နည်းနှင့်မျှ သာမာန်ကျင့်ကြံသူတစ်ယောက် မဟုတ်နိုင်ချေ။

သူ၏နောက်တွင် နယ်မြေသခင်အဆင့်ကျင့်ကြံသူတစ်ယောက်သာ ထောက်ပံကူညီပေးပါက သူ့ပေါ်သို့ ကျရောက်နေသောဖိအားများ သိသိသာသာလျော့ကျသွားပေမည်။

"ဒါဆို မနက်ဖြန်ကျရင် ငါက စီနီယာကို အိမ်တော်တံခါးမကြီးရှေ့မှာ စောင့်နေပါ့မယ်"

ကျန်းဟုန်က ရိုသေလေးစားစွာ ပြောဆိုသည်။

လုယွီက ခေါင်းညိတ်ပြကာ ကျန်းယုချင်နှင့်အတူ လေလံခန်းမမှ ထွက်ခွာသွားတော့သည်။

လုယွီထွက်ခွာသွားပြီးနောက် သီးသန့်ခန်းအတွင်းရှိ ဖိအားအရှိန်အဝါ အနည်းငယ်အားပျော့သွားလေ၏။

အကြီးအကဲချူး၏မျက်နှာအမူအယာသည် တောင့်တင်းနေဆဲပင်။လုယွီသည် သာမာန်နဂါးအစောင့်တစ်ယောက်ဟု သူ မူလက တွေးထင်ထားခဲ့သည်။သို့ရာတွင် ကျန်းဟုန်၏အပြုအမူကိုကြည့်ခြင်းအားဖြင့် လုယွီသည် မည်သည့်နည်းနှင့်မျှ သာမာန်နဂါးအစောင့်တစ်ယောက် မဖြစ်နိုင်ချေ။

"ကျန်းမိသားစုခေါင်းဆောင်...သူက ဘယ်သူလဲဆိုတာ ကျွန်တော်မသိဘူး...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို ပြောပြပေးပါလား"

အကြီးအကဲချူးက ရှေ့သို့ခြေတစ်လှမ်းတိုးကာ ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။

ကျန်းဟုန်က အကြီးအကဲချူးကိုတစ်ချက်ကြည့်ကာ ခေါင်းခါပြလိုက်၏။

"မင်းမှတ်ထားရမယ့် တစ်ခုတည်းသောအရာက...တော်ဝင်မြို့တော်ထဲမှာ သူက မင်း အပြစ်ပြုလို့မရတဲ့လူတွေထဲကတစ်ယောက်ပဲ"

ဤရက်များအတွင်းတွင် ကျန်းဟုန်သည် လုယွီနှင့်ပတ်သတ်သော သတင်းအချက်အလက်တချို့ကို စုဆောင်းနိုင်ခဲ့သည်။

ထိုသတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် ကျန်းဟုန်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

လုယွီသည် တော်ဝင်စစ်တပ်၌ သာမာန်ထက်သာလွန်သော ခွန်အားမျိုးကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။ထို့ထက်ပို၍အရေးကြီးသောအချက်မှာ လုယွီသည် ဖူကျစ်ရွှယ် နတ်ဘုရားဓားအမတ်ကြီးတို့နှင့် အလွန်နီးကပ်သောဆက်ဆံရေးမျိုးရှိနေခြင်းပင်။

ဖူကျစ်ရွှယ်နှင့်နတ်ဘုရားဓားအမတ်ကြီးတို့တွင် အတူသောက်စားလေ့ရှိသော မိတ်ဆွေအမြောက်အများရှိကြောင်း သူ သိရှိပြီးဖြစ်သည်။သို့ရာတွင် တံလျှပ်ပင်လယ်မျှော်စင်ကဲ့သို့နေရာမျိုး၌ အတူတကွ စားသောက်ပွဲကျင်းပသည်ကို ကြည့်ခြင်းအားဖြင့် လုယွီသည် မည်သည့်နည်းနှင့်မျှ သာမာန်လူမဖြစ်နိုင်ချေ။အနည်းဆုံးအနေဖြင့် သူတို့သည် အဆင့်တူ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များသာ ဖြစ်ပေမည်။

ထိုအကြောင်းကိုတွေးတောမိချိန်တွင် ကျန်းဟုန်၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲသွားတော့သည်။

"သူ့ကို အိမ်တော်ကိုပြန်ခေါ်သွားပြီးတာနဲ့...ထိန်းထိန်းသိမ်းသိမ်းနေဖို့ ပြောလိုက်စမ်း...အခုချိန်မှာ သူ အရှက်ခွဲခံရတယ်လို့ သူ့ကိုယ်သူ ထင်နေလိမ့်မယ်...ဒါပေမယ့် အချိန်တစ်ခုကြာတာနဲ့ ဒါက ဘာမှမဟုတ်ဘူးဆိုတာ သူ သိသွားလိမ့်မယ်"

ကျန်းဟုန်က မြေပြင်ပေါ်၌ဒူးထောက်နေဆဲဖြစ်သော ယဲ့စန်းကောကို တစ်ချက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

လုယွီ ထွက်ခွာသွားစဥ်တွင် ယဲ့စန်းကော၏ခန္ဓာကိုယ်ပေါ်၌ အားလှိုင်းတစ်ရပ်ကို ချန်ထားခဲ့သည်။

အချိန်မစေ့သေးပါက ထိုအားလှိုင်းသည် ပျက်ပြယ်သွားမည်မဟုတ်ချေ။ယဲ့စန်းကောသည် မြေပြင်ပေါ်၌ အချိန်မပြည့်မချင်း ဒူးထောက်နေရပေမည်။

အစောပိုင်းက ယဲ့စန်းကောသည် လုယွီ၏ရိုက်နှက်ခြင်းကို ခံထားရပေ၏။ထိုအစွမ်းထက်သောအားလှိုင်းသည် ယဲ့စန်းကော၏နှလုံးကို ရိုက်ခတ်မိသွားသဖြင့် သူ့အား သတိလစ်မေ့မျောသွားစေခဲ့သည်။

ရွှယ်အင်မော်တယ်တစ်ယောက်၏စိတ်ဆန္ဒသည် အလွန်အစွမ်းထက်သည်။ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင် သတိလစ်မေ့မျောသွားသဖြင့် လုယွီ မည်မျှထိအစွမ်းထက်သည်ကို ပြသနေပေ၏။

"ဟုတ်ကဲ့...ဟုတ်ကဲ့ပါ"

အကြီးအကဲချူးက အလျှင်အမြန် သဘောတူညီလိုက်သည်။

ကျန်းဟုန်သည် ဤအချက်ထိရောက်အောင် ပြောဆိုခဲ့ခြင်းမှာ လုယွီကို အနည်းငယ်မျှပင် ရန်စစော်ကား၍မရဟု အဓိပ္ပါယ်သက်ရောက်သည်။

အနည်းဆုံးအနေဖြင့် သူတို့ထံတွင် လုယွီကိုရန်စစော်ကားနိုင်သော ခွန်အားမျိုးမရှိချေ။

သတိလစ်မေ့မျောနေဆဲဖြစ်သော ယဲ့စန်းကောကိုတစ်ချက်ကြည့်ပြီး ကျန်းဟုန်က တီးတိုးရေရွတ်လိုက်၏။

"နယ်မြေသခင်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က အမတ်ကြီးအဆင့်ရာထူးကို ရနိုင်တယ်...သူက တော်ဝင်စာမေးပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မှာသေချာတယ်...ကံကောင်းချင်တော့ ငါက တော်ဝင်စာမေးပွဲကို ဝင်ဖြေစရာမလိုဘူး....မဟုတ်ရင် ဘယ်လောက်ပဲ အရည်အချင်းရှိတဲ့သူဖြစ်နေပါစေ သူ့ရဲ့လက်အောက်မှာ ရှုံးနိမ့်ရမှာပဲ"

"တော်ဝင်စာမေးပွဲပြီးတာနဲ့...သူ့ရဲ့နာမည်က ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအနှံ့ ကျော်ကြားသွားလိမ့်မယ်...ဒါက ငါ တော်ဝင်မြို့တော်ကိုရောက်တဲ့အချိန်မှာ ရတနာတစ်ခုနဲ့ ပထမဆုံးအလောင်းအစားလုပ်တာပဲ...ငါ ဘယ်လိုနည်းနဲ့မှ ဆုံးရှုံးမှာမဟုတ်ဘူး"

……

မြစ်ကမ်းနံဘေး၌ ညစာစားပွဲကို အစီအစဥ်တကျ ကျင်းပနေသည်။

လုယွီနှင့်ကျန်းယုချင်တို့သည် ပြတင်းပေါက်ကိုမှီ၍ လဲလျောင်းနေကြ၏။ပြတင်းပေါက်၏ပြင်ပသို့ကြည့်လိုက်ပါက ရေမျက်နှာပြင်သည် တဖျတ်ဖျတ်တောက်ပနေသည်။မြူခိုးများက ဖူရွှေရေအိုင်၏အထက်၌ မျောလွင့်နေပေ၏။ရေပြင်အတွင်း၌ မှိန်ပျပျပုံရိပ်ယောင်များ ထွက်ပေါ်လာကာ ဝေလငါးများ ငှက်များအစရှိသဖြင့် အသက်ဝင်လှသော မြင်ကွင်းတစ်ခုပင်။

ဤနေရာရှိမြင်ကွင်းသည် အလွန်အမင်း လှပပေ၏။ဤနေရာ၌ ထိုင်နေပါက အဝေးရှိ လင်းလက်တောက်ပနေသော တော်ဝင်မြို့တော်ကို မြင်တွေ့နိုင်ကာ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး အမြင်အာရုံအတွင်း၌ ကျရောက်နေသကဲ့သို့ ခံစားရပေမည်။

Chapter 2864

"နင် ဘယ်လိုနည်းလမ်းတွေကိုသုံးထားလို့ ကျန်းဟုန်က နင့်ကို လေးလေးစားစား ဆက်ဆံနေတာလဲ...ပြီးတော့ သူက နယ်မြေသခင်အဆင့်နဂါးအမြူတေကိုတောင် နင့်ကို လိုလိုလားလား ပေးချင်နေတယ်"

ကျန်းယုချင်က အနည်းငယ်သိချင်စိတ်ပြင်းပြသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်၏။

သူမရှေ့ရှိအမျိုးသားသည် အမှန်တကယ်ကိုပင် လွန်စွာလျှို့ဝှက်ဆန်းကြယ်သည်။

အတိတ်တွင် သူတို့နှစ်ယောက် တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၌ ဆုံတွေ့စဥ်တွင် လုယွီသည် သေမျိုးတစ်ယောက်သာဖြစ်သည်။

ဤသေမျိုးလူငယ်လေးသည် အောက်ဘုံတွင် ပြိုင်ဘက်ကင်းတည်ရှိမှုကြီး ဖြစ်လာသည်အထိ ကြီးထွားလာမည်ဟု မည်သူက တွေးထင်မိမည်နည်း။ကောင်းကင်ဘုံနယ်မြေသို့ရောက်ရှိလာသည့်တိုင် သူသည် ရိုသေလေးစားခံရသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအဖြစ် ရပ်တည်နိုင်ဆဲပင်။

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"သူက ငါ့ဆီကနေ တောင်းဆိုစရာကိစ္စတစ်ခုရှိနေတယ်...ဒါကြောင့် သူ ငါ့ကို လေးလေးစားစားဆက်ဆံတာ မထူးဆန်းပါဘူး"

လောကကြီးအတွင်း၌ အလကားစားရသော နေ့လည်စာဟူ၍မရှိကြောင်း လုယွီက ကောင်းစွာသိရှိထားသည်။နယ်မြေသခင်အဆင့်နဂါးအမြူတေသည် မည်သည့်နေရာတွင်မဆို တန်ဖိုးမဖြတ်နိုင်သောရတနာတစ်ပါးဖြစ်ကာ ထိပ်တန်းမိသားစုကြီးရှစ်စုအတွင်း၌ပင် ချွင်းချက်မဟုတ်ချေ။

ကျန်းဟုန်သည် အလွန်ပွင့်လင်းစွာဖြင့် သူ့အား နဂါးအမြူတေပေးမည်ဟု ကတိပေးခဲ့သည်မှာ ရည်ရွယ်ချက်တစ်ခု ရှိကောင်းရှိနေနိုင်သည်။

သို့ရာတွင် ကျန်းဟုန်ထံ၌ မည်သည့်ရည်ရွယ်ချက်မျိုးရှိနေသည်ဖြစ်စေ သူ သဘောတူညီရပေမည်။

သူသည် နဂါးဧကရာဇ်နင်းရွှမ်၏နဂါးအမြူတေကို ဝါးမြိုခဲ့သော်လည်း သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်သို့ရောက်ရန် အနည်းငယ်လိုအပ်နေသည်ဟု ခံစားမိလေ၏။

ရှေးဟောင်းအချိန်ကာလများအတွင်း၌ အကယ်၍ သေမျိုးတစ်ယောက်သည် သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလိုပါက ကျင့်ကြံမှုအရင်းအမြစ်အရဖြစ်စေ အခွင့်အရေးကောင်းအရဖြစ်စေ ရရှိရန်လိုအပ်သည်။

လုယွီသည် ထိုအဆင့်သို့ချိုးဖျက်ဝင်ရောက်နိုင်ရန် အလျင်လိုခြင်းမရှိချေ။သို့ရာတွင် ယခုချိန်၌ အခွင့်ကောင်းတစ်ခု ရရှိနေသဖြင့် သူ လက်လွတ်မခံနိုင်ချေ။

ကျန်းယုချင်က ပြုံးလိုက်၏။

"ကျန်းမိသားစုရဲ့ထောက်ပံမှုကိုသာရရင်...နင့်ကို တခြားသူတွေက အခက်တွေ့အောင် လုပ်နိုင်တော့မှာမဟုတ်ဘူး"

"ကောင်းကင်ဘုံလမ်းကြောင်းကနေ ငါတို့ တက်လှမ်းလာတဲ့အချိန်တုန်းက...ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ငါ သေချာမမှတ်မိတော့ဘူး...ငါ မှတ်မိတာတစ်ခုက နင့်ကို တခြားလူတစ်ယောက်က လိုက်လံဖမ်းဆီးနေတာကြောင့် နင် အလျင်စလို ထွက်ပြေးသွားရတယ်ဆိုတာပဲ...အဲ့ဒီအချိန်တုန်းက နင့်ကိုရှာပေးဖို့အတွက် ငါ အရှင်မကို တောင်းပန်ခဲ့တယ်...ဒါပေမယ့် ကောင်းကင်ဘုံနယ်မြေက အရမ်းကျယ်ပြန့်တာကြောင့် နင့်ကိုရှာရတာ အပြောလွယ်သလောက် လက်တွေ့မှာအရမ်းခက်ခဲခဲ့တယ်...နင်ကတော့ သိမှာမဟုတ်ဘူး...နင် တော်ဝင်မြို့တော်ထဲကို ရောက်နေတယ်လို့ ကြားလိုက်ရတဲ့အချိန်မှာ ငါ ဘယ်လောက်ပျော်သွားခဲ့တယ်ဆိုတာ...."

ကျန်းယုချင်က သူမ၏ခေါင်းကိုခါယမ်းလိုက်ကာ သူမ၏မျက်နှာပေါ်၌ စိတ်ခံစားချက်များနှင့် ပြည့်နှက်နေသည်။

ယခုလက်ရှိချိန်တွင် တော်ဝင်မြို့တော်အတွင်း၌ သူမနှင့်အတူ အောက်ဘုံမှတက်လှမ်းလာသော လူအနည်းငယ်ရှိနေသော်လည်း သူမနှင့်ရင်းနှီးသူမှာ လုယွီ တစ်ယောက်တည်းသာရှိသည်။

"ကောင်းကင်ဘုံလမ်းကြောင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို မင်း မမှတ်မိတော့ဘူးလား"

လုယွီက မေးမြန်းလိုက်၏။

ကျန်းယုချင်က သူမ၏သေးသွယ်သောလက်ချောင်းများကို ဆန့်တန်းကာ သူမ၏ဖြူဖွေးသောနဖူးပြင်အား ဖိနှိပ်လိုက်သည်။

"ငါ မသိတော့ဘူး...ငါ အချိန်တိုင်း အဲ့ဒီကိစ္စကို တွေးတောကြည့်တယ်...ငါ့ရဲ့မှတ်ဥာဏ်တွေကို အားလှိုင်းတစ်ခုက ပိတ်ဆို့ထားသလိုမျိုး ငါ ခံစားရတယ်...ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ မမှတ်မိတော့ဘူး"

လုယွီ၏မျက်ခုံးများ မြင့်တက်သွားကာ ဤသည်က မှတ်ဥာဏ်ပိတ်ဆို့ခြင်းနည်းစနစ်ဖြစ်ကြောင်း ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။

မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းကောင်းကင်ဘုံနန်းတော်၏အမွေအနှစ်ကို သူ ဆက်ခံနိုင်ခဲ့ခြင်းမှာ အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။အကယ်၍ ထိုသတင်းသာပျံ့နှံ့သွားပါက သူသည် လူတိုင်း၏ပစ်မှတ် ဖြစ်လာပေမည်။

ထို့ကြောင့် ယီဟန်သည် ကောင်းကင်ဘုံလမ်းကြောင်းမှ တက်လှမ်းလာခဲ့သူများ၏ မှတ်ဥာဏ်တစ်စိတ်တစ်ပိုင်းကို ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် ဤပိတ်ဆို့မှုသည် ယာယီအခိုက်အတန့်သာဖြစ်ကြောင်း ယီဟန်က သူ့အား ပြောဆိုခဲ့သည်။အကယ်၍ ထိုကိစ္စထွက်ပေါ်သွားချိန်တွင် လုယွီထံ၌ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် လုံလောက်သောခွန်အားမျိုးရှိမနေပါက သူ သေခြင်းတရားနှင့် ရင်ဆိုင်ရပေမည်။

"နင်က ဒီနှစ်တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ်လို့ ငါ ကြားထားတယ်...ဒါဆိုရင် နင် လူတစ်ယောက်ကို သတိထားရလိမ့်မယ်...နင်က အရမ်းသန်မာအားကောင်းတယ်...တော်ဝင်စာမေးပွဲကျင်းပတဲ့အချိန်ကျရင် နင်က လောကကြီးတခွင်လုံးကို အံ့အားသင့်တုန်လှုပ်စေမှာ သေချာပေါက်ပဲ...အချိန်ကျလာရင် နင်က နင့်ရဲ့အရည်အချင်းကို ထုတ်ပြလိုက်တာနဲ့ အဲ့ဒီလူရဲ့ပစ်မှတ်ဖြစ်သွားနိုင်တယ်"

ကျန်းယုချင်က သတိပေးလေ၏။

လုယွီက ပြောဆိုသည်။

"ငါ အဲ့ဒီလူအကြောင်းကို အသေးစိတ်သိချင်တယ်"

"သူ့ရဲ့နာမည်က ချင်လုရှန်း...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က ရွေးချယ်ခံကျောင်းတော်သားတစ်ယောက်ပဲ"

"သူ့ကို ဝေးလံခေါင်သီတဲ့ကြယ်နယ်မြေတစ်ခုပေါ်မှာရှိတဲ့ မိသားစုငယ်လေးတစ်စုမှာ မွေးဖွားခဲ့တယ်...မိသားစုထဲမှာ သူ့ရဲ့အဆင့်အတန်းက နိမ့်ကျတယ်...ပြီးတော့ သူ့ရဲ့ပါရမီအရည်အချင်းကလည်း ညံဖျင်းတယ်...သူ အသက်နှစ်ဆယ်ပြည့်တဲ့အထိ လုံချီနယ်ပယ်မှာပဲရှိသေးတယ်...သူ့ရဲ့ခွန်အားက အရမ်းအားနည်းပြီးတော့ ဘာထူးခြားချက်မျိုးမှလည်း ရှိမနေဘူး"

Chapter 2865

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"သူက အရမ်းအားနည်းတယ်ဆိုမှတော့ ဘယ်လိုလုပ်ပြီး ရွေးချယ်ခံဖြစ်လာတာလဲ...သူက ကံကြမ္မာကောင်းတစ်ခုနဲ့ ကြုံတွေ့ခဲ့ရလို့များလား"

ကြယ်မြစ်စာမေးပွဲများတွင် လူတစ်ဦးတည်းကသာ ရွေးချယ်ခံအဖြစ် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် အရည်အချင်းပြည့်မီသည်။

ဤသည်က သန်းရာနှင့်ချီသောလူများကြားမှ ရွေးချယ်ထားသော အစစ်အမှန်ပါရမီရှင်ပင်။သူ၏အဆင့်အတန်းသည် တော်ဝင်ကျောင်းတော်နှင့်ကျောင်းတော်ငါးကျောင်းမှ ခေါင်းဆောင်တပည့်ရာထူးနှင့်ညီမျှကာ တော်ဝင်စာမေးပွဲတွင် တခြားသူများ၏အာရုံစူးစိုက်ခြင်းကို အမြဲတစေခံယူရသည်။

"သူ ဘယ်လိုကံကြမ္မာကောင်းမျိုးနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူး...ဒါပေမယ့် သူ အသက်၂၁နှစ်ပြည့်တဲ့အချိန်မှာ သူက တခြားလူတစ်ယောက်လိုမျိုး သိသိသာသာ ပြောင်းလဲသွားတယ်...သူ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်း အရမ်းမြန်ဆန်လာရုံတင်မကဘူး...သူ့ရဲ့ခွန်အားကလည်း အဆမတန်ခုန်ပျံကျော်လွှားပြီးတော့ မြင့်တက်လာခဲ့တယ်...သူ့ရဲ့မိသားစုထဲမှာ သူ့ကို ဘယ်သူမှ မယှဥ်ပြိုင်နိုင်ကြတော့ဘူး...မိသားစုထဲက အကြီးအကဲတချို့တောင် သူ့ရဲ့လက်အောက်မှာ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်ခဲ့ရတယ်"

"အဲ့ဒီလူက ရုတ်တရက်ဆန်ဆန် ထင်ရှားကျော်ကြားလာပြီးတော့ သူ့ကို ဘယ်သူမှ မဟန့်တားနိုင်တော့ဘူး...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က ငါတို့အင်ပါယာရဲ့ ချမ်းသာကြွယ်ဝဆုံးကြယ်မြစ်တွေထဲကတစ်ခုပဲ...ဒါကြောင့် နေရာအနှံ့အပြားမှာ အစွမ်းထက်ကျင့်ကြံသူတွေ ရှိနေတယ်...ဒါပေမယ့် သူ ထွက်ပေါ်လာပြီးတဲ့အချိန်မှာ ဘယ်ပါရမီရှင်ကမှ သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘူး...သူက ရွေးချယ်ခံနေရာကို လွယ်လွယ်ကူကူ ရရှိခဲ့တယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"သူက ရွေးချယ်ခံတစ်ယောက်တောင် ဖြစ်လာမှတော့ သူရထားတဲ့ ကံကြမ္မာကောင်းကြီးက တော်တော်လေးကို ကောင်းမွန်နေလိမ့်မယ်"

"တကယ်လို့ ဒီလောက်ပဲဆိုရင်...ငါ နင့်ကို စကားတွေအများကြီး ပြောနေမှာမဟုတ်ဘူး"

ကျန်းယုချင်က သူမ၏ခေါင်းကိုခါယမ်းကာ ဆက်လက်ပြောဆိုလေ၏။

"သူက ရွေးချယ်ခံဖြစ်ပြီးတဲ့နောက်မှာ တော်ဝင်မြို့တော်ကို သူတစ်ယောက်တည်း ရောက်လာခဲ့တယ်...ပြီးတော့ သူက တော်ဝင်ကျောင်းတော်ရဲ့တံခါးမကြီးရှေ့မှာ ဆူညံပူညံ သွားလုပ်ခဲ့တယ်...တော်ဝင်ကျောင်းတော်က စီနီယာတပည့်သုံးယောက်ကိုစေလွှတ်ခဲ့ပေမယ့် မမျှော်လင့်ဘဲ အဲ့ဒီလူသုံးယောက်လုံး သူ့ရဲ့လက်အောက်မှာ ရှုံးနိမ့်သွားကြတယ်"

"နောက်တစ်နေ့မှာ တော်ဝင်ကျောင်းတော်က စီနီယာတပည့်၁၁ယောက်ကို ထပ်ပြီးစေလွှတ်ခဲ့ပေမယ့် သူတို့လည်း ရှုံးနိမ့်သွားခဲ့တယ်...အဲ့ဒီထက်ပိုပြီးတော့ တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့အချက်က ဘယ်စီနီယာတပည့်ကမှ သူ့ရဲ့တိုက်ကွက်သုံးကွက်ပြည့်အောင် မခုခံနိုင်ခဲ့ဘူး"

"တတိယမြောက်နေ့မှာ တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီးတော့ ချင်လုရှန်းနဲ့ တိုက်ခိုက်ခဲ့တယ်...အဆုံးသတ်မှာ သူတို့နှစ်ယောက် တိုက်ကွက်ပေါင်းရာနဲ့ချီတိုက်ခိုက်ခဲ့ကြပြီးတော့ တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင် ရှုံးနိမ့်သွားခဲ့တယ်"

နောက်ဆုံးတွင် လုယွီ၏မျက်လုံးအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

တော်ဝင်ကျောင်းတော်သည် တာယွီအင်ပါယာတစ်ခုလုံးအတွင်း၌ အဆင့်အတန်းအမြင့်ဆုံးကျောင်းတော်ပင်။

ထိုကျောင်းတော်၏တပည့်ခေါင်းဆောင်ဟူသည်မှာ လူများအကြားမှ နဂါးနှင့်ဖီးနစ်ကဲ့သို့လူစားမျိုးဖြစ်ပြီး အစစ်အမှန်ပါရမီရှင်တစ်ယောက်လည်းဖြစ်သည်။

ဤကဲ့သို့အစစ်အမှန်ပါရမီရှင်တစ်ယောက်သည် ဝေးလံခေါင်သီသောကြယ်နယ်မြေတစ်ခုမှ ရုတ်တရက် မြင့်တက်လာသော လူတစ်ယောက်ကို ရှုံးနိမ့်ခဲ့သည်။လူတိုင်း၏အမြင်အရ ဤသည်မှာ မည်သို့မျှ လက်ခံယုံကြည်၍မရသော ကိစ္စတစ်ရပ်ပင်။

ကျန်းယုချင်က ပြောဆိုသည်။

"အဲ့ဒီကိစ္စကို တော်ဝင်ကျောင်းတော်က ဖုံးကွယ်ထားတယ်..အပြင်လူတွေက ဒီအကြောင်းတွေကို သိမှာမဟုတ်ဘူး...တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင် ပြန်ရောက်လာတဲ့အချိန်မှာ သူက တံခါးပိတ်ကျင့်ကြံတော့မှာကြောင့် တော်ဝင်စာမေးပွဲကို ဝင်မဖြေတော့ဘူးလို့ သတင်းထုတ်ပြန်ကြေငြာခဲ့တယ်...ဒါကြောင့် တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်နေရာကို ရှမိသားစုက ပါရမီရှင်တစ်ယောက်နဲ့ အစားထိုးခဲ့တယ်"

"ငါ သိပြီ...တော်ဝင်စာမေးပွဲစတင်တဲ့အချိန်မှာ ငါ အဲ့ဒီလူကို အာရုံစိုက်လိုက်မယ်"

လုယွီက ခေါင်းညိတ်ပြကာ ချင်လုရှန်းဟူသောနာမည်ကို သူ၏စိတ်အတွင်း၌ မှတ်သားထားလိုက်၏။

တော်ဝင်စာမေးပွဲ၌ တစ်စုံတစ်ယောက်၏ရမှတ်အဆင့် ပို၍မြင့်မားလေလေ နောင်တစ်ချိန်တွင် ထိုလူရရှိမည့် အရာရှိရာထူးအဆင့်အတန်း ပို၍မြင့်မားလေလေပင်။

လုယွီသည် ကျင့်ကြံဆင့်နယ်ပယ် ဆက်လက်၍တက်လှမ်းလိုပါက သူ ကျင့်ကြံဆင့်ထပ်မံ၍ချိုးဖျက်နိုင်ရန် လိုအပ်သည်။ဤသည်က သူ့အတွက် အလွန်ခက်ခဲသော ကိစ္စတစ်ရပ်ပင်။တော်ဝင်စာမေးပွဲအတွင်း၌ လုယွီသည် သူ၏ခွန်အားကို ထိန်ချန်ထားရန် ရည်ရွယ်မထားချေ။သူ၏ခွန်အားအကုန်အစင်ကို ထုတ်ဖော်ပြသရန် လိုအပ်ပေ၏။သူသည် မြင့်မားသောအရာရှိရာထူးကိုရရှိမှသာ တိုင်းပြည်၏ကံကြမ္မာစွမ်းအားကို အလုံအလောက် ရရှိနိုင်ပေမည်။

လုယွီနှင့်ကျန်းယုချင်တို့သည် အချိန်အတော်ကြာသည်အထိ စကားစမြည် ပြောဆိုနေကြသည်။လုယွီသည် ကျန်းယုချင်၏ကျင့်ကြံနည်းစနစ်များမှ ပြဿနာတချို့ကို ထောက်ပြလိုက်၏။

တော်ဝင်နန်းတွင်း၌ နေထိုင်နေသော ကျန်းယုချင်ကို သင်ကြားပေးနေသည့် ဆရာသခင်များနှင့်အစွမ်းထက်ပညာရှင်များ ရှိနေသော်လည်း မည်သည့်နည်းဖြင့် တာအိုသခင်တစ်ယောက်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပေးခြင်းကို ယှဥ်ပြိုင်နိုင်မည်နည်း။

Thank For Reading.

All Chapters