← Chapters

အခန်း (၂၉၂၁-၂၉၂၅)

Vol. 149 Ch. 2921-2925

အခန်း (၂၉၂၁-၂၉၂၅)

Vol. 149 Ch. 2921-2925

Chapter 2921

ထိုလူဝကြီးသည် သူတို့ကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရချေ။သူက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ပြောဆိုသည်။

"ဟမ့်....တကယ်လို့ မင်း မတိုက်ခိုက်ဝံ့ဘူးဆိုလည်း မတိုက်ခိုက်ဝံ့ဘူးပြောလေ...ဘာလို့ ဒီလောက်ထိ တခြားအကြောင်းပြချက်တွေအများကြီး ပေးနေတာလဲ....ငါ မင်းတို့တော်ဝင်ကျောင်းတော်ကိုရောက်ခဲ့တာ အကြိမ်ရေဘယ်လောက်တောင် များနေပြီလဲ...ဘယ်အချိန်တုန်းက မင်းတို့က ငါ့ကို ဝင်ခွင့်ပြုခဲ့လဲ...ထားလိုက်တော့...နောက်တစ်ကြိမ်ကျရင် ငါက တခြားကျောင်းတော်ကလူတွေကိုပဲ တိုက်ခိုက်ဖို့ သွားစိန်ခေါ်တော့မယ်...မင်းနဲ့တိုက်ခိုက်ရတာ အရမ်းပျင်းဖို့ကောင်းတယ်"

ထိုသို့ပြောဆိုပြီးသည်နှင့် လူဝကြီးသည် ရှထန်ကန်း၏အေးစက်စက်မျက်လုံးအကြည့်ကို လျစ်လျှူရှုကာ နောက်သို့ချာခနဲပြန်လှည့်၍ ထွက်ခွာသွားတော့သည်။

သူ ထွက်ခွာသွားပြီးနောက် ပတ်ဝန်းကျင်ရှိလူအုပ်ကြီး လှုပ်လှုပ်ရွရွဖြစ်သွားသည်။

အဆင့်မြင့်ကျောင်းတော်သားများသည် ကျယ်ကျယ်လောင်လောင် ငြင်းခုံပြောဆိုဝံ့ခြင်းမရှိသော်လည်း သူတို့အချင်းချင်း တီးတိုးတိုင်ပင်ဆွေးနွေးနေကြ၏။

"အဲ့ဒီလူ ဘယ်သူလဲဆိုတာ ငါ သိတယ်...သူက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ရွေးချယ်ခံ ချင်လုရှန်းပဲ"

"အဲ့ဒါက သူလား...ကောလဟာလတွေအရတော့ သူက တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်ကို ဖိအားပေးတိုက်ခိုက်ခဲ့တာကြောင့် တပည့်ခေါင်းဆောင်အသစ် ပြောင်းလဲခဲ့တာလို့ ဆိုကြတယ်...သူက တော်ဝင်ကျောင်းတော်ကတပည့်တွေရဲ့ ရှေ့ကိုလာပြီး အော်ဟစ်ဝံ့မယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူက တကယ့်ကို အရမ်းမောက်မာဝံ့ကြွားတဲ့လူပဲ"

"သူ မောက်မာတာကလည်း သူ့မှာ မောက်မာနိုင်တဲ့ အရည်အချင်းမျိုးရှိတယ်လေ...တော်ဝင်ကျောင်းတော်ရဲ့ အရင်တပည့်ခေါင်းဆောင်က အရမ်းမြင့်မြတ်ပြီးတော့ အစွမ်းထက်တဲ့သူတစ်ယောက်ပဲ...သူက အဲ့ဒီလိုလူစားမျိုးကိုတောင် အနိုင်ယူနိုင်ခဲ့တယ်....ကောလဟာလတွေအရတော့ အဲ့ဒီတပည့်ခေါင်းဆောင်က သူ့ရဲ့လက်အောက်မှာ မရှုမလှရှုံးနိမ့်ခဲ့ရတယ်လို့ ဆိုကြတယ်...သူက ပြန်ပြီးတုံ့ပြန်တိုက်ခိုက်ဖို့တောင် ခွန်အားမရှိခဲ့ဘူး"

ပတ်ဝန်းကျင်ရှိလူများသည် ချင်လုရှန်းနှင့်ပတ်သတ်၍ တီးတိုးပြောဆိုနေကြသည်။

ရှမိသားစု၏ပါရမီရှင်ဖြစ်သော ရှထန်ကန်းကိုမူ လူတိုင်းက လျစ်လျှူရှုထားသည်။ရှထန်ကန်းသည် သူ၏ခွန်အားကိုထိန်းချုပ်ထားကာ တော်ဝင်စာမေးပွဲမတိုင်မီ သူ အလွန်ထင်ပေါ်လိုခြင်းမရှိသော ရည်ရွယ်ချက်မျိုးရှိနေသည်။သို့ရာတွင် တခြားတစ်ဖက်တွင်မူ ရှထန်ကန်းသည် အလွန်အားနည်းသူတစ်ယောက်ဟု တခြားသူများက ခံစားမိလေ၏။

သူ့အား တခြားသူများက အရှက်ခွဲနေသော်လည်း ရှထန်ကန်းသည် သူ့ကိုယ်သူ ဖုံးကွယ်ကာ သိုသိုသိပ်သိပ်နေနေဆဲပင်။ဤကဲ့သို့ တပည့်ခေါင်းဆောင်တစ်ယောက်သည် ရယ်စရာပြက်လုံးတစ်ခုမဟုတ်ချေ။

"စီနီယာအကိုကြီး...အဲ့ဒီကောင်က အရမ်းမောက်မာလွန်းတယ်...တိုက်ခိုက်ရေးပြိုင်ပွဲ စတင်တဲ့အချိန်ကျရင် ကျွန်တော်တို့ သူ့ကို သင်ခန်းစာပေးရမယ်"

"တကယ်လို့ ကျွန်တော်တို့က သူ့ကို ဒီတိုင်းဆက်ပြီး မောက်မာခွင့်ပြုလိုက်မယ်ဆိုရင်...ကျွန်တော်တို့ရဲ့တော်ဝင်ကျောင်းတော်ကို အလွယ်တကူ အနိုင်ကျင့်စော်ကားလို့ ရတယ်လို့ လူတိုင်းက ထင်သွားကြလိမ့်မယ်"

တော်ဝင်ကျောင်းတော်မှစီနီယာတပည့်များသည် အလွန်အမင်း ဒေါသထွက်နေကြ၏။

ရှထန်ကန်း၏မျက်နှာ အနည်းငယ်သုန်မှုန်နေသော်လည်း သူက တည်ငြိမ်စွာ ပြောဆိုသည်။

"ထားလိုက်တော့...အဲ့ဒီကောင်က လူပြက်တစ်ယောက်ထက်မပိုဘူး...တော်ဝင်စာမေးပွဲ စတင်တဲ့အချိန်ကျရင် ငါက လူတိုင်းကို သိစေရမယ်...သူတို့နဲ့ငါအကြားက ကွာဟချက် ဘယ်လောက်တောင် ကြီးမားတယ်ဆိုတာ..."

သူ ထိုသို့ပြောဆိုလိုက်သော်လည်း တခြားသူများသည် ရှထန်ကန်း သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်အား သတိမပြုမိကြချေ။

ထိုမြင်ကွင်းကို လုယွီနှင့်ကျန်းဟုန်က ရထားလုံးအတွင်းမှနေ၍ တိုက်တိုက်ဆိုင်ဆိုင် တွေ့မြင်လိုက်ရသည်။

"ရှထန်ကန်းရဲ့ ချီဖုံးကွယ်တဲ့နည်းစနစ်က နည်းနည်းတော့ အားနည်းနေတယ်...အဲ့ဒီ ချင်လုရှန်းက ရှထန်ကန်းကို စိတ်ရှုပ်ထွေးအောင်လုပ်ဖို့ ဒီနေရာကို တမင်သက်သက်ရောက်လာတယ်ဆိုတာ အသိသာကြီးလေ...စာပေစာမေးပွဲမှာ အရေးအကြီးဆုံးက လူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကို စမ်းသပ်တာပဲ....တကယ်လို့ ဒီကိစ္စက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကို သက်ရောက်သွားမယ်ဆိုရင် သူ ရလဒ်ကောင်းရမှာ မဟုတ်တော့ဘူး"

ကျန်းဟုန်သည် အကြည့်တစ်ချက်ဖြင့်ပင် ချင်လုရှန်း ဤနေရာသို့လာရောက်ခဲ့သည့် ရည်ရွယ်ချက်ကို သိရှိသွားလေ၏။

ရှထန်ကန်းသည် ထိုအချက်ကိုသတိပြုမိသည်ဖြစ်သော်လည်း ဤသည်က သူ့အား ပြောင်ပြောင်တင်းတင်း ရန်စစော်ကားခြင်းပင်။ချင်လုရှန်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် ရှထန်ကန်း၏စည်းချက်ရှိမှုကို လာရောက်နှောက်ယှက်ခြင်းဖြစ်သည်။

တော်ဝင်စာမေးပွဲမစတင်မီ ဖြေဆိုသူများ အချင်းချင်းကြား၌ တိုက်ခိုက်ကြသည်မှာ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ရပ်ပင်။တစ်စုံတစ်ယောက်သည် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းမပြုသရွေ့ မည်သူကမျှ သူ့အား ဂရုစိုက်နေမည်မဟုတ်ချေ။

"အဲ့ဒီလူက ချင်လုရှန်းလား"

စူးရှသောအလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

ကျန်းဟုန်က ပြောဆိုသည်။

"အမှန်ပဲ...သူက ချင်လုရှန်းပဲ...သူက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ ရွေးချယ်ခံဖြစ်ပြီးတော့ သူက တော်ဝင်ကျောင်းတော်က တပည့်တွေကို စိန်ခေါ်တိုက်ခိုက်ခဲ့တယ်....သူ အနိုင်ရပြီးတဲ့နောက်မှာ သူ့ရဲ့နာမည်က တော်ဝင်မြို့တော်တစ်မြို့လုံးမှာ ကျော်ကြားသွားခဲ့တယ်"

လုယွီ၏လက်ချောင်းများ အနည်းငယ်တုန်ရီနေသည်။သူ၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေသော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင်မူ မုန်တိုင်းထန်နေလေ၏။

အကယ်၍ သူ အမှတ်မမှားပါက...

ချင်လုရှန်း ကျင့်ကြံထားသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင်ပင် သူ၏နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်နည်းစနစ်ဖြစ်နေသည်။

ဤသည်က အတိတ်ဘဝတွင် သူကိုယ်တိုင်ဖန်တီးခဲ့သော ကျင့်ကြံနည်းစနစ်ပင်။

ချင်လုရှန်းသည် ထိုအရာကိုကောင်းစွာဖုံးကွယ်ထားသော်လည်း နဂါးကိုး​ကောင်အာဏာရှင်ကျင့်ကြံနည်းစနစ်သည် လုယွီနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောအရာ ဖြစ်ပေ၏။

မည်သည်ကြောင့် ချင်လုရှန်းသည် သူ ဖန်တီးခဲ့သော ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံထားသနည်း....

Chapter 2922

"ကြည့်ရတာတော့ ငါက အခွင့်ကောင်းရှာပြီးတော့ ဒီကိစ္စကို ဖော်ထုတ်ရမယ့်ပုံပဲ"

လုယွီက သူ၏စိတ်အတွင်းမှနေ၍ ညည်းတွားလိုက်၏။

ဤကျင့်ကြံနည်းစနစ်ကို သူကိုယ်တိုင် အသေးစိတ်ဖန်တီးခဲ့ခြင်းပင်။ထိုကျင့်ကြံနည်းစနစ်သည် အစွမ်းထက်သော်လည်း လုယွီ လက်ဆင့်ကမ်းသင်ကြားပေးခဲ့သည်မှာ လွန်စွာရှားပါးသည်။

ချင်လုရှန်းသည် ဤကျင့်ကြံနည်းစနစ်ကို မည်သို့ရရှိခဲ့သည်အား သူ အမှန်တကယ်ကိုပင် သိရှိလိုပေ၏။

ဒေါင်...ဒေါင်...

ထိုအချိန်မှာပင် စာဖြေခန်းမခြံဝန်းအတွင်းမှနေ၍ ခေါင်းလောင်းသံတစ်သံ မြည်ဟီးလာသည်။

"စီနီယာ...စာမေးပွဲစတော့မယ်...စီနီယာက နံပါတ်ပြားကိုယူပြီးတော့ အထဲကိုဝင်သွားလို့ရပြီ"

ကျန်းဟုန်က နံဘေးမှနေ၍ သတိပေးလေသည်။

လုယွီက ခေါင်းညိတ်ပြကာ ရထားလုံးအတွင်းမှဆင်းလိုက်၏။

ကျန်းဟုန်သည် အလွန်ငယ်ရွယ်သေးသော်လည်း ထိပ်တန်းမိသားစုကြီးတစ်စု၏ မိသားစုခေါင်းဆောင်ဖြစ်သော သူအနေဖြင့် တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် မလိုအပ်ချေ။

ဤသည်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရှိ ချိုင်လုံရှင်းနှင့် တခြားတော်ဝင်မိသားစုဝင်များကဲ့သို့ပင်။သူတို့သည် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ရန် မလိုအပ်ချေ။သူတို့သည် မွေးဖွားလာစဥ်ကတည်းက တာယွီအင်ပါယာ၏ ကံကြမ္မာစွမ်းအားများ ကောင်းချီးပေးမှုကို ခံစားနိုင်သည်။

လူသားချင်းတူသော်လည်း ကံကြမ္မာချင်းမတူညီကြချေ။

စာဖြေခန်းမ၏ခြံဝန်း၌ တံခါးသုံးပေါက်ရှိသည်။ပြင်ပရှိ ထောင်နှင့်ချီသောလူများသည် အတွင်းသို့ အစီအစဥ်တကျဝင်သွားကြကာ အနည်းငယ်မျှပင် ဖရိုဖရဲဖြစ်မနေပေ။

စာဖြေခန်းမခြံဝန်း၏ဘေးတစ်ဖက်တစ်ချက်တွင် သံချပ်ကာဝတ်နန်းတွင်းစစ်သားများ စောင့်ကြပ်နေသည်။သူတို့၏အနက်ရောင်ခေါင်းစွပ်အောက်မှ အေးစက်စက်မျက်လုံးတစ်စုံဖြင့် ခြံဝန်းအတွင်းသို့ ဝင်လာသူတိုင်းကို စူးစိုက်၍ကြည့်နေလေ၏။

ဤနေရာ၌ ပြဿနာရှာဝံ့သော မည်သူကိုမဆို တာယွီ၏စည်းမျဥ်းဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်သည်ဟု ချွင်းချက်မရှိသတ်မှတ်ကာ နန်းတွင်းစစ်သားများမှနေ၍ ထိုလူကို နေရာမှာပင် သတ်ဖြတ်ပစ်ပေမည်။

"မင်းရဲ့နေရာက အရှေ့ဘက်ခြမ်း တတိယနယ်မြေက နံပါတ်၉၁ပဲ...သွားတော့"

စုံစမ်းစစ်ဆေးမှုကို တာဝန်ယူသော အရာရှိငယ်တစ်ယောက်က လုယွီ၏သက်သေခံတံဆိပ်ပြားကို ကြည့်ပြီးနောက် သူ့အတွက်နေရာကို ညွှန်ပြလိုက်သည်။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပါက စာဖြေခန်းမတစ်ခုလုံးကို သေးငယ်သောအိမ်အစုအဝေးများအဖြစ် ဖွဲ့စည်းထားကြောင်း တွေ့မြင်ရပေမည်။ထိုအိမ်ငယ်လေးများအားလုံးကို ဝင်္ကပါများဖြင့် ခင်းကျင်းထားခြင်းဖြစ်သည်။အိမ်ငယ်လေးအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် နေရာသည် အပြင်မှမြင်ရသည်ထက် အဆများစွာပို၍ ကျယ်ဝန်းသွားသည်။ဤနေရာတွင် အိပ်ယာကုတင် အိမ်သာနှင့် တခြားလိုအပ်သောပရိဘောဂများရှိနေသည်။

ဤအိမ်ငယ်လေးများ၏ဝင်္ကပါများသည် တခြားသူများ နတ်ဘုရားစိတ်အာရုံဖြင့် ချောင်းမြောင်းကြည့်ရှုခြင်းမပြုနိုင်စေရန် စီမံခင်းကျင်းထားခြင်းဖြစ်ပေ၏။ထိုအိမ်ငယ်များ၏အထက်တွင် ကောင်းကင်ဘုံမျက်လုံးဝင်္ကပါကြီးက စောင့်ကြည့်နေကာ စာဖြေသူများ မသမာမှုများ မပြုလုပ်နိုင်စေရန် စုံစမ်းထောက်လှမ်းနေသည်။

ဤှသည်က အတိတ်တွင် စာပေသူတော်စင်ယီဟန်ကိုယ်တိုင် ခင်းကျင်းခဲ့သော ဝင်္ကပါကြီးပင်။

ဤနေရာတွင် နယ်မြေသခင်အဆင့်အောက်ရှိ ဘယ်သူမဆို လှည့်စားမှုများပြုလုပ်နိုင်မည်မဟုတ်ချေ။နယ်မြေသခင်များပင်လျှင် ဤဝင်္ကပါကို ပုန်းရှောင်၍ တစ်စုံတစ်ခုပြုလုပ်နိုင်ရန် လွန်စွာခက်ခဲပေမည်။

ကျင့်ကြံသူများတွင် နည်းလမ်းမျိုးစုံရှိသော်လည်း သူတော်စင်တစ်ယောက် ခင်းကျင်းထားသော ဝင်္ကပါကြီး၏စောင့်ကြည့်မှုအောက်တွင် မည်သူကမျှ ပြဿနာမရှာဝံ့ချေ။

"တာယွီအင်ပါယာက ဒီလိုမျိုးအစီအစဥ်ထိတောင် သေချာတွေးတောနိုင်ခဲ့တာပဲ...ကောင်းကင်ဘုံနယ်မြေထဲက သူရဲကောင်းတွေအားလုံး တာယွီအင်ပါယာအတွက် အလုပ်လုပ်ပေးချင်ကြတာ အံ့အားသင့်စရာမရှိတော့ဘူး"

အတိတ်တွင် သူသည် မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ထိုနယ်မြေများအနက်မှတစ်ခုတွင်မှ တာယွီအင်ပါယာကဲ့သို့ စစ်ဆေးရွေးချယ်မှုမျိုးမရှိချေ။

ခွန်အားသီးသန့်အရဆိုလျှင် သူ၏မြေအောက်လောကနယ်မြေများမှ ကျင့်ကြံသူများသည် ဤကျောင်းတော်သားများကို လွယ်လင့်တကူ အနိုင်ယူနိုင်ပေမည်။သို့ရာတွင် သူတို့ပိုင်ဆိုင်သော နယ်မြေများကို စီမံအုပ်ချုပ်သည့်နေရာ၌ ကွာဟချက်များ အလွန်ကြီးမားသွားခဲ့သည်။

လုယွီ ထိုင်ချလိုက်သည်နှင့် ပတ်ဝန်းကျင်မှနေ၍ ချက်ချင်းဆိုသလိုပင် စိတ်ကိုလန်းဆန်းစေသော အမွှေးနံများ ထွက်ပေါ်လာသည်။ဤသည်က တော်ဝင်နန်းတွင်းအတွက် အထူးသီးသန့်ထုတ်လုပ်သော စိတ်တည်ငြိမ်ခြင်းနတ်ဘုရားအမွှေးနံ့သာပင်။ထိုအရာသည် လူများ၏စိတ်ကို တည်ငြိမ်အေးချမ်းစေကာ မလိုလားအပ်သော အတွေးများကို ဖယ်ရှားရှင်းလင်းပေးနိုင်စွမ်းရှိသည်။

လူတိုင်းသည် ဤနေရာ၌ သုံးရက်တိတိ နေထိုင်ရမည်ဖြစ်ကာ မည်သူကိုမျှ ကြိုတင်ထွက်ခွာခွင့်မပြုချေ။ဤကိစ္စသည် အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း အစဥ်အမြဲ တံခါးပိတ်ကျင့်ကြံနေလေ့ရှိသော ကျင့်ကြံသူများအတွက် အသေးအဖွဲကိစ္စတစ်ရပ်ပင်။

လုယွီက သူ၏မျက်လုံးများကိုစုံမှိတ်ကာ စောင့်ဆိုင်းလိုက်သည်။မကြာမီမှာပင် တစ်စုံတစ်ယောက်ရောက်ရှိလာကာ မေးခွန်းစာရွက်များကို ဖြန့်ချီလေ၏။

"တစ်နေ့ ငါ ဒီနေရာမှာ ထိုင်နေရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လုယွီက စိတ်ခံစားချက်တချို့ဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

အတိတ်ဘဝတွင် သူ လေ့ကျင့်နေစဥ်တွင် သူ၏ရန်သူဖြစ်သော ကျောင်းတော်သားအမြောက်အများကို သတ်ဖြတ်ခဲ့သည်။ထိုအကြောင်းအရင်းကြောင့် သူသည် တာယွီအင်ပါယာ၏စည်းမျဥ်းဥပဒေများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့သည်ဟု သတ်မှတ်ခြင်းခံရကာ တရားစီရင်ရေးဌာနကြီးသုံးခုလုံးမှ သူ့ကို စုံစမ်းစစ်ဆေးခဲ့လေ၏။

သို့ရာတွင် သူ တာအိုသခင်ဖြစ်လာပြီးနောက် ထိုဝရမ်းထုတ်ထားသောအမိန့်များအားလုံးကို ရုတ်သိမ်းလိုက်ကြသည်။တရားစီရင်ရေးဌာနကြီးသုံးခုမှအရာရှိများသည် မြင့်မြတ်သောတာအိုသခင်တစ်ယောက်ကို ရင်မဆိုင်ဝံ့ကြချေ။

ဤနေရာတွင် သူ ဖြေဆိုရမည့် မေးခွန်းခုနစ်ရွက်ရှိနေကာ တစ်ရွက်စီတွင် ဘာသာရပ်တစ်ခုကို မေးမြန်းထားသည်။ထိုစာရွက်များကို ကျန်းမိသားစုမှထုတ်လုပ်သော ခရမ်းရွှေရောင်စာရွက်ဖြင့် ပြုလုပ်ထားလေ၏။ထိုစာရွက်သည် ရေမီးကြောင့် မပျက်စီးနိုင်ကာ ဓားလှံများဖြင့်ဖျက်ဆီးရန်ပင် လွန်စွာခက်ခဲသည်။

လုယွီသည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် မေးခွန်းစာရွက်များကို စတင်၍ဖတ်ရှုလိုက်တော့သည်။

Chapter 2923

"ဒါက တကယ့်ကို ခြုံငုံပြီးမေးမြန်းထားတာပဲ....ဒါက စာမေးပွဲတစ်ခုရဲ့မေးခွန်းဆိုတာထက် ကျော်လွန်နေပြီးတော့ အစစ်အမှန်ပါရမီရှင်တွေကို ရွေးချယ်တာပဲ"

လုယွီသည် မေးခွန်းစာရွက်ပေါ်ရှိမေးခွန်းများကို တစ်ချက်ကြည့်ကာ စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ကျင့်ကြံသူများတွင် ထိပ်တန်းအဆင့်ဥာဏ်ရည်မျိုးရှိပြီး ခရေစေ့တွင်းကျမှတ်နိုင်သောမှတ်ဥာဏ်မျိုးကို ပိုင်ဆိုင်ထားကြသည်။ဤသည်က ကျင့်ကြံခြင်း၏ရလဒ်ပင်။သို့ရာတွင် မေးခွန်းအများစုတွင် အဖြေတစ်ခုတည်း ရှိနေသည်မဟုတ်ဘဲ စာဖြေသူ မည်ကဲ့သို့ရွေးချယ်မည်ဟူသည့်အပေါ်မူတည်သည်။

ဥပမာအနေဖြင့် စည်းမျဥ်းဥပဒေနှင့်ပတ်သတ်သည့် မေးခွန်းစာရွက်ပေါ်ရှိ မေးခွန်းတစ်ခုတွင်....

"တာယွီရဲ့ဥပဒေအရ စီရင်စုနယ်မြေရဲ့အထက်အဆင့်မှာရှိတဲ့ မြို့တွေအားလုံးကို တားမြစ်နယ်မြေတွေလို့ သတ်မှတ်ထားတယ်...အဲ့ဒီနေရာတွေမှာ ဥပဒေကိုချိုးဖျက်တဲ့ ဘယ်သူ့ကိုမဆို ကြီးလေးတဲ့ရာဇဝတ်မှုကို ကျူးလွန်တယ်လို့သတ်မှတ်တယ်...နတ်ဆိုးကျင့်ကြံသူတွေက လူတစ်ယောက်ကို သတ်ချင်နေတယ်...အဲ့ဒီလူက လွတ်မြောက်နိုင်ဖို့အတွက် ခြံဝန်းတစ်ခုထဲကို ဝင်ပြေးခဲ့တယ်....ဒါပေမယ့် အပြစ်ကင်းစင်တဲ့ခြံရှင်ကို ဆွဲထည့်သလိုဖြစ်သွားပြီးတော့ နတ်ဆိုးကျင့်ကြံသူတွေကြောင့် အဲ့ဒီခြံရှင် ဒဏ်ရာရသွားခဲ့တယ်...အဲ့ဒီလူက ဘယ်လိုအပြစ်မျိုးကို ကျူးလွန်ခဲ့တာလဲ...သူက ဘယ်လိုပြစ်ဒဏ်မျိုး ခံရသင့်လဲ...နတ်ဆိုးကျင့်ကြံသူတွေကရော ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်ခဲ့တာလဲ...သူတို့ကို ဘယ်လိုအပြစ်ဒဏ်မျိုးပေးသင့်လဲ"ဟု မေးမြန်းထားသည်။

ဒုတိယအနေဖြင့် နည်းဗျူဟာဘာသာရပ်၏မေးခွန်းတစ်ခုတွင် မေးမြန်းထားသည်မှာ....

"စစ်တပ်ရဲ့ခေါင်းဆောင်တပ်မှူးဖြစ်ပြီးတော့ ရွှယ်အင်မော်တယ်ဖြစ်တဲ့ မင်းက စစ်သားသုံးသောင်းကို ဦးဆောင်ပြီးတော့ နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ဖို့ အမိန့်ရရှိထားတယ်...ဒါပေမယ့် အဲ့ဒီဂိုဏ်းမှာ နယ်မြေသခင်အဆင့်ဂိုဏ်းချုပ်နဲ့သန်းနဲ့ချီတဲ့ဂိုဏ်းသားတွေရှိတယ်....စစ်ကူမပါဘဲနဲ့ အဲ့ဒီဂိုဏ်းကို မင်း ဘယ်လိုဖျက်ဆီးမလဲ...နည်းဗျုဟာငါးချက်ကို ချရေးပေးပါ"ဟု ဖြစ်သည်။

ဤမေးခွန်းများအားလုံးအတွက် တိကျသောအဖြေမရှိချေ။

ထောင်သောင်းချီသောရွေးချယ်ခံများ တစ်ချိန်တည်း ဖြေဆိုနေကြသဖြင့် အဖြေများသည် ပင်လယ်သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်စွာ ထွက်ပေါ်လာပေမည်။သို့ရာတွင် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုနေသူများသည် နေရာဒေသအသီးသီးမှ ပါရမီရှင်များဖြစ်ပေ၏။သူတို့၏စိတ်ဝိညာဥ်များသည် အလွန်အစွမ်းထက်သဖြင့် တွေးတောမှုပေါင်းများစွာကို တပြိုင်နက်တည်းပြုလုပ်နိုင်ကာ မေးခွန်းများကို ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသည်။

လုယွီ၏မှတ်ဥာဏ်စွမ်းရည်သည် အလွန်မြင့်မားသည့်အပြင် သူ၏ဘဝနှစ်ခုစာ အတွေ့အကြုံများပါ ပေါင်းစပ်နေသည်။ဤမေးခွန်းများကိုဖြေဆိုရန်မှာ သူ့အတွက် ခက်ခဲသောကိစ္စတစ်ရပ်မဟုတ်ချေ။

လုယွီ၏စုတ်တံသည် မြွေတစ်ကောင်ကဲ့သို့လှုပ်ရှားနေကာ သူက အဖြေများကို အလျှင်အမြန်ချရေးလိုက်၏။

ကွန်ဖြူးရှပ်ကျမ်းစာ တာအိုသဘောတရား သိုင်းပညာစည်းမျဥ်း စစ်ရေးနည်းဗျူဟာ အသိပညာဗဟုသုတ နှင့်ထိုးထွင်းသိမြင်မှုဟူသော ဘာသာရပ်ခြောက်ခုတွင် လုယွီအတွက် အခက်အခဲမရှိခဲ့ချေ။တစ်ရက်အတွင်းမှာပင် လုယွီသည် ထိုဘာသာရပ်ခြောက်ခုလုံးကို ဖြေဆို၍ ပြီးစီးသွားလေပြီ။

ထို့နောက် လုယွီက နောက်ဆုံးကျန်ရှိသော မူဝါဒ မေးခွန်းစာရွက်ကို ကြည့်လိုက်၏။

မူဝါဒမေးခွန်းစာရွက်ပေါ်တွင် မေးခွန်းတစ်ခုတည်းသာ ရှိနေသည်။

"ချင်အင်ပါယာက ချန်အင်ပါယာကို စစ်ရှုံးနိမ့်ခဲ့ပြီးတော့ ကုန်းမြေဆယ်ခုထဲက ကိုးခုကို လက်လွှတ်လိုက်ရပြီ...ကျန်တဲ့ကုန်းမြေတစ်ခုကို ဘယ်လိုကာကွယ်မှာလဲ"

"ဒီမေးခွန်းက....တာယွီနန်းတွင်းက ဒီအဆင့်ထိတောင် ရောက်နေပြီလား"

လုယွီသည် သူ၏စိတ်အတွင်းမှနေ၍ ကောင်းကင်ဘုံလမ်းကြောင်းတွင် ဆုံတွေ့ခဲ့ရသော အရှေ့ပိုင်းထန်အင်ပါယာ၏ဧကရာဇ်အကြောင်းကို ပြန်လည်အမှတ်ရသွားသည်။

အောက်ဘုံအတွင်း၌ အရှေ့ပိုင်းကုန်းမြေသည် လျှို့ဝှက်ဆန်းကြယ်ဆုံး နေရာတစ်ခုပင်။ကောလဟာလများအရ ထိုနေရာသည် အလယ်ပိုင်းကုန်းမြေထက်ပင် ပို၍ချမ်းသာကြွယ်ဝကာ စည်ပင်ဝပြောသည်ဟု ဆိုကြ၏။သို့ရာတွင် အရှေ့ပိုင်းကုန်းမြေသည် နယ်စပ်၌ အလွန်မြင့်မားသောမဟာတံတိုင်းကြီးကို တည်ဆောက်ထားကာ နယ်မြေနှစ်ခုကို အပြည့်အဝပိုင်းခြားထားသည်။

ထိုအချိန်တုန်းက လုယွီသည် ထန်ဧကရာဇ်လီကျီးထံမှနေ၍ အစွမ်းထက်သောစိတ်ဝိညာဥ်တစ်ခုကို အာရုံခံမိသည်။သို့ရာတွင် ဤသည်က ရှေးဟောင်းအလယ်ခေတ်မှ လူဘီလူးကြီးတစ်ကောင်ဖြစ်သော ထန်ဧကရာဇ်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

ယခုလက်ရှိချိန်တွင် ထန်အင်ပါယာ၏ တစ်တိတစ်တိ ကျုးကျော်ဝင်ရောက်လာမှုကြောင့် တာယွီအင်ပါယာသည် အန္တရာယ်အတွင်းသို့ ကျရောက်လုဆဲဆဲအခြေအနေမျိုးသို့ ဆိုက်ရောက်နေသည်။

ဤကဲ့သို့အချိန်ကာလမျိုးတွင် ယခုလက်ရှိမေးခွန်းမျိုး ထွက်ပေါ်လာရခြင်းမှာ တော်ဝင်နန်းတွင်းမှလူအများစုသည် ရန်သူကိုတိုက်ခိုက်ရန် ယုံကြည်ချက်ပျောက်ဆုံးနေကြသည်မှာ သိသာထင်ရှားလှ၏။

ဤမေးခွန်းသည် ရှေးဟောင်းအလယ်ခေတ်တွင် ဖြစ်ပွားခဲ့သော ကိစ္စတစ်ခုကို ရည်ညွှန်းထားခြင်းပင်။

ထိုခေတ်ကာလအတွင်း၌ အကန့်အသတ်မရှိသော နယ်မြေများကို ပိုင်ဆိုင်ထားသည့် အင်ပါယာကြီးနှစ်ခုရှိခဲ့သည်။

ထိုအချိန်တုန်းက ချန်အင်ပါယာသည် ချင်အင်ပါယာကို ဖျက်ဆီးလိုခဲ့သည်။ချင်အင်ပါယာ၏ ကုန်းမြေဆယ်ခုအနက်မှကိုးခု ဆုံးရှုံးသွားကာ နောက်ဆုံးကုန်းမြေတစ်ခုသာ ခါးသည်းစွာရုန်းကန်နေရသည်။

ဤမေးခွန်း၏အဓိပ္ပါယ်မှာ ချင်အင်ပါယာသည် သူတို့ကိုယ်သူတို့ မည်ကဲ့သို့ကာကွယ်မည်နည်း...

သမိုင်းမှတ်တမ်းများအရ ချင်အင်ပါယာသည် အချိန်တစ်လခန့်သာ တောင့်ခံနိုင်ခဲ့ပြီးနောက် ပျက်စီးသွားခဲ့သည်။ချင်ဧကရာဇ်သည် သူ့ကိုယ်သူ သေကြောင်းကြံစည်သွားခဲ့ကာ တော်ဝင်မိသားစုဝင်များနှင့်မြင့်မြတ်သူများအားလုံးသည်လည်း အသတ်ခံလိုက်ရ၏။

ထိုသမိုင်းမှတ်တမ်းကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ချင်အင်ပါယာသည် ပျက်စီးမသွားသင့်ဟု လူတိုင်းက ကောက်ချက်ချခဲ့ကြသည်။

ချင်အင်ပါယာတွင် ကျင့်ကြံသူအမြောက်အများနှင့် ကြီးမားသောစစ်တပ်အင်အားရှိကာ ကျယ်ပြန့်ပြီး စည်ပင်ဝပြောသော ပိုင်နက်နယ်မြေလည်းရှိသည်။

ထိုအင်ပါယာနှစ်ခု ထိပ်တိုက်ရင်ဆိုင်လျှင်ပင် ချင်အင်ပါယာက အထက်စီးမှရှိနေသည်။မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်နေပါစေ အဆုံးသတ်၌ ချင်အင်ပါယာသည် ပျက်စီးမသွားသင့်ချေ။

ဤမေးခွန်းသည် ချန်အင်ပါယာ၏တိုက်ခိုက်မှုအောက်သို့ကျရောက်နေသော ချင်အင်ပါယာ ဆက်လက်ရှင်သန်နိုင်ရေးအတွက် မည်ကဲ့သို့ပြုလုပ်ရမည်ကို တန်ပြန်အစီအမံများ ရေးဆွဲခိုင်းခြင်းပင်။

Chapter 2924

"အတိတ်မှာတုန်းက...တာယွီအင်ပါယာ ဘယ်လောက်ထိ အားကောင်းခဲ့လဲ...ဘယ်အင်အားစုကမှ စိန်မခေါ်ဝံ့ဘူး...ဒါပေမယ့် ကောင်းကင်ဘုံနယ်မြေမှာ ထွက်ပေါ်လာတာ မကြာသေးတဲ့ ထန်အင်ပါယာက အချိန်တိုအတွင်းမှာ ကြယ်မြစ်သုံးခုကို သိမ်းပိုက်နိုင်ခဲ့တယ်...နန်းတွင်းရဲ့အဆင့်မြင့်အရာရှိတွေလည်း တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်သွားကြပြီ...တော်ဝင်နန်းတွင်းက ချင်အင်ပါယာရဲ့ခြေလှမ်းအတိုင်း လိုက်ရမှာကို စိုးရိမ်နေတဲ့ပုံပဲ"

လုယွီက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် စာလုံးတချို့ကို ချရေးလိုက်သည်။

'ရန်သူကို အနိုင်ရနိုင်သော နည်းလမ်း'

ထိုစာလုံးများထွက်ပေါ်လာသည်နှင့် ရွှေရောင်အလင်းတန်းများက ထိုအရာများအတွင်း၌ သိပ်သည်းသွားသည်။

လုယွီက ကွန်ဖြူးရှပ်ဥပဒေသကို အသုံးပြုလိုက်ခြင်းပင်။

သူသည် ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်ဖြစ်သည်။သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်တွင်သာ ရှိနေသေးသည့်တိုင် ကောင်းကင်နှင့်မြေပြင်အကြားရှိ ဥပဒေသတချို့ကို အသုံးပြုနိုင်လေ၏။

စာရွက်ပေါ်သို့ကျရောက်သွားသော စာလုံးတစ်လုံးစီသည် အလွန်အမင်းလေးလံကာ စာရွက်၏နောက်ကျောထိတိုင် ထွင်းဖောက်သွားသည်။

ရှဲ...ရှဲ...

လုယွီ၏နံဘေးပတ်လည်တွင်ရှိသော မီးတောက်များ ရုတ်တရက် ပြင်းပြင်းထန်ထန် လှုပ်ယမ်းစပြုလာသည်။

ထိုမီးတောက်များသည် လုယွီ၏အဖြေစာရွက်ထံသို့ ဦးတည်၍ကွေးညွတ်နေကာ သာမာန်ပြည်သူများက ဘုရင်တစ်ပါးကို ဦးညွှတ်၍အရိုအသေပြုနေကြသကဲ့သို့ပင်။

လုယွီသည် သူ၏ပတ်ဝန်းကျင်ရှိအပြောင်းအလဲများကို အာရုံမစိုက်နိုင်ချေ။သူ၏အဖြေစာရွက်ကို ဂရုတစိုက်ရေးသားပြီးနောက် သူ၏စုတ်တံကိုချကာ အနားယူလိုက်၏။

တစ်ရက်အတွင်းတွင် လုယွီသည် မေးခွန်းများအားလုံးကို ဖြေဆို၍ပြီးသွားလေပြီ။သူ၏စိတ်နှလုံးသားသည် တည်ငြိမ်အေးဆေးနေကာ သူက အခန်းအတွင်း၌ ကျင့်ကြံနေခဲ့သည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အချိန်သုံးရက် ကုန်ဆုံးသွားလေပြီ။

ဒေါင်...ဒေါင်...

စာဖြေခန်းမခြံဝန်းအတွင်းမှနေ၍ ကြည်လင်ပြတ်သားသော ခေါင်းလောင်းသံက တဖန်ထပ်၍ မြည်ဟီးလာခဲ့သည်။

စာဖြေခန်းမ၏စာရေးတစ်ယောက်က အဖြေလွှာများကို လာရောက်သိမ်းဆည်းသည်။သူ၏နံဘေး၌ နန်းတွင်းအစောင့်သုံးယောက်နှင့် နဂါးအစောင့်များက မတ်တတ်ရပ်၍ စောင့်ကြည့်နေကြ၏။

ယခုနေရာတွင် အင်အားစုသုံးစုလုံးမှ လာရောက်စောင့်ကြည့်နေသဖြင့် ဤအချိန်အခိုက်အတန့်တွင် မည်သူမျှလှည့်စားမှုပြုလုပ်နိုင်မည်မဟုတ်ချေ။

လုယွီသည် စာဖြေခန်းမခြံဝန်းမှ ထွက်လာခဲ့ပြီးနောက် ခြံဝန်း၏နက်ရှိုင်းသောနေရာရှိ အိမ်တစ်လုံးကို ကြည့်လိုက်သည်။သူ စာမေးပွဲဖြေဆိုနေစဥ်တွင် နတ်ဘုရားစိတ်အာရုံတစ်ခုက သူ့အား မလှမ်းမကမ်းမှနေ၍ စုံစမ်းထောက်လှမ်းနေခဲ့သည်။

ဤသည်က စာခြေခန်းမ၏ကြီးကြပ်သူဖြစ်ပေမည်။သို့ရာတွင် ထိုကြီးကြပ်သူ၏အကြည့်သည် မည်သည်ကြောင့် သူ့ထံတွင်သာ စူးစိုက်၍ကျရောက်နေသည်ကို သူ မသိရှိချေ။

……

ညဥ့်နက်ပိုင်း၌...

စာဖြေခန်းမခြံဝန်း၏ နက်ရှိုင်းသောနေရာတွင် ကြီးကြပ်သူများနေထိုင်သော အိမ်များရှိသည့် ခြံဝန်းကျယ်တစ်ခုရှိသည်။

ထိုခြံဝန်းကို မြင့်မားသောနံရံများနှင့်ကာရံထားကာ နဂါးအစောင့်များနှင့်နန်းတွင်းအစောင့်များက တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေသည်။

ဤနေရာသည် ကြီးကြပ်သူများနှင့်စာစစ်သူများနေထိုင်သောနေရာပင်။

တော်ဝင်စာမေးပွဲစတင်ချိန်မှ အဆုံးသတ်သည့်အချိန်ထိ သူတို့သည် ခြံဝန်းအတွင်း၌သာနေရပြီး ပြင်ပသို့ထွက်ခွင့်မရှိချေ။

ဤအချိန်အခိုက်အတန့်တွင် အဖြေလွှာများအားလုံးကို စာစစ်ဆောင်၏ပင်မခန်းမအတွင်း၌ စုစည်းထားသည်။ဤနေရာတွင် စာစစ်သူနှစ်ဆယ်ကျော်ခန့်ရှိနေကာ သူတို့အားလုံးသည် အသိပညာဗဟုသုတကြွယ်ဝသူများပင်။သူတို့၏နတ်ဘုရားစိတ်အာရုံများကို ထုတ်လွှတ်ကာ အဖြေစာရွက်ကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် စာဖြေသူ၏အရည်အချင်းကို ဆုံးဖြတ်နိုင်စွမ်းရှိသည်။

ထိုခန်းမအတွင်းရှိ အဓိကထိုင်ခုံနေရာ၌ လူလတ်ပိုင်းကြီးတစ်ယောက် ထိုင်နေသည်။သူ့ထံတွင် ရှည်လျားသောမုတ်ဆိတ်မွှေးများရှိကာ ဖျတ်လက်တက်ကြွသောအမူအယာမျိုးရှိပြီး ဓားသဏ္ဍာန်မျက်ခုံးတစ်စုံကို အထင်းသားမြင်တွေ့နိုင်သည်။သူသည် အနီရောင်အရာရှိဝတ်စုံ ဖိနပ်နှင့် ခေါင်းဆောင်းတို့ကို ဝတ်ဆင်ထားသည်။သူ့ကိုကြည့်ရသည်မှာ တော်ဝင်နန်းတွင်း၏ အဆင့်မြင့်အရာရှိတစ်ယောက်နှင့် တူညီပေ၏။

ထိုလူလတ်ပိုင်းကြီး၏နောက်တွင် တောက်ပသောအလင်းဘီးကြီးတစ်ခု ထွက်ပေါ်နေသည်။ရံဖန်ရံခါ အလင်းတန်းများက သူ့ရှေ့ရှိစားပွဲပေါ်ရှိ အဖြေလွှာစာရွက်များပေါ်သို့ ကျရောက်သွားသည်။သင်္ကေတအက္ခရာများက ထိုလူလတ်ပိုင်းကြီး၏နံဘေး၌ မျောလွင့်နေသည်။

တခြားစာစစ်သူများသည် ထိုလူလတ်ပိုင်းကြီး၏နောက်ရှိ အလင်းဘီးကြီးကို မြင်တွေ့ချိန်တွင် မနာလိုအားကျစွာနှင့်ရိုသေလေးစားစွာ ကြည့်နေကြ၏။

ဤသည်က အသိဥာဏ်ပညာအလင်းဘီးပင်။ထိုအရာသည် စာအုပ်အမြောက်အများကို ရိုးတွင်းခြင်ဆီထိစိမ့်ဝင်သည်အထိ ဖတ်ရှုပြီးနောက် အကန့်အသတ်မရှိသော အသိပညာဗဟုသုတများကို ပိုင်ဆိုင်ပြီးမှသာ ထုတ်လွှတ်နိုင်သောအရာမျိုးဖြစ်သည်။

ထိုအလင်းဘီးကိုပိုင်ဆိုင်ထားသော မည်သူမဆို အလွန်အမင်း အသိပညာဗဟုသုတကြွယ်ဝသူများ ဖြစ်ပေ၏။

ထိုလူလတ်ပိုင်းကြီးသည် စာပေအမတ်ကြီး ကျန်းရွှမ်စဲပင်။

ကျန်းရွှမ်စဲ၏မျိုးရိုးနာမည်သည် ကျန်းဖြစ်သော်လည်း သူသည် ကျန်းမိသားစုဝင်တစ်ယောက်မဟုတ်ချေ။သူသည် မွေးဖွားလာစဥ်ကတည်းက စွန့်ပစ်ခံရပြီး နာမည်မရှိသော အိပ်ခြေရာမဲ့ကလေးတစ်ယောက်အဖြစ် ရပ်တည်ခဲ့ရသည်။နောက်ပိုင်းတွင် သူ့ကို စာပေသူတော်စင်ကျန်းဟောင်မှ တပည့်အဖြစ် ခေါ်ယူခဲ့လေ၏။ထို့ကြောင့် သူ၏မျိုးရိုးနာမည်ကို 'ကျန်း'ဟု အသုံးပြုခဲ့သည်။

စာပေသူတော်စင်တစ်ယောက်၏စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သော ကျန်းရွှမ်စဲထံတွင် သာမာန်မဟုတ်သော အရည်အချင်းတစ်ခုရှိနေသည်မှာ သဘာဝကျသောကိစ္စပင်။သူသည် စတင်ကျင့်ကြံစဥ်မှစ၍ အံ့အားသင့်ဖွယ်ကောင်းသော ပါရမီအရည်အချင်းကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။သူသည် ငယ်ရွယ်စဥ်ကတည်းက စာပေသူတော်စင်၏တပည့်ဖြစ်လာခဲ့သဖြင့် စာအုပ်အမြောက်အများကို ဖတ်ရှုခဲ့ရလေ၏။

Chapter 2925

ကျန်းရွှမ်စဲသည် ဖူကျစ်ရွှယ်ကဲ့သို့ပင် ငယ်ရွယ်စဥ်ကတည်းက စာပေသူတော်စင်တစ်ယောက်၏ မြေတောင်မြှောက်ပေးခြင်းကိုခံရသဖြင့် အမွေအနှစ်တချို့ကို ဆက်ခံထားနိုင်ခဲ့သည်။

တချို့ကိစ္စများတွင် ကျန်းရွှမ်စဲသည် ကျန်းမိသားစုခေါင်းဆောင်ထက်ပင် ပို၍အရေးပါသည်ဟု ကောလဟာလများလည်း ထွက်ပေါ်နေခဲ့သည်။

အဖြေလွှာအမြောက်အများကို ဖတ်ရှုပြီးနောက် ကျန်းရွှမ်စဲ၏မျက်ခုံးများ ပို၍ပို၍ကျုံလာကာ သူ၏မျက်နှာသည် သုန်မှုန်နေပေ၏။

နံဘေးရှိ စာစစ်သူတစ်ယောက်က ကျန်းရွှမ်စဲ၏မျက်နှာအမူအယာကို မြင်တွေ့ချိန်တွင် မေးမြန်းလိုက်သည်။

"အရှင်...ဒီတစ်ကြိမ် ဖြေဆိုသူတွေက အဆင်မပြေလို့လား"

ဤှသည်က စာပေဌာန၏အရာရှိတစ်ယောက်ဖြစ်ကာ ဤတစ်ကြိမ် တော်ဝင်စာမေးပွဲ၏အဖြေလွှာများကို စစ်ဆေးရာ၌ တာဝန်ယူရသောသူပင်။

"စာပေနဲ့ယဥ်ကျေးမှု အဆင့်အတန်းတွေက တကယ့်ကိုနိမ့်ကျနေပြီ...ဒီအဖြေလွှာတွေကို ကြည့်လိုက်စမ်း...သူတို့တွေရဲ့အဖြေတွေမှာ တူညီတဲ့အဓိပ္ပါယ်တွေရှိတယ်...သူတို့က စာမေးပွဲမတိုင်ခင်က အလွတ်ကျက်မှတ်ထားတဲ့အရာတွေကို ချရေးခဲ့တာပဲ...အခုချိန်မှာ ကောင်းကင်ဘုံနယ်မြေတခွင်လုံးမှာရှိတဲ့ ကျင့်ကြံသူတွေက တာယွီရဲ့ကံကြမ္မာစွမ်းအားကို လိုချင်နေကြတယ်...ဒါပေမယ့် သူတို့က ဒီစွမ်းအားကို ရဖို့မလွယ်ဘူးဆိုတာ မသိကြဘူး"

ကျန်းရွှမ်စဲက အဖြေစာရွက်တစ်ရွက်ကိုကောက်ယူကာ အေးစက်စက်အမူအယာဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်၏။

"ဒီလူက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ ရွေးချယ်ခံတစ်ယောက်ပဲ...သူ့ရဲ့အသက်ဆယ့်ရှစ်နှစ်ပြည့်တဲ့အချိန်မှာ သူက လောကီအင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့တယ်...သူ့ကို ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်လို့ရပေမယ့် သူရဲ့စစ်နည်းဗျူဟာပညာရပ်အရည်အချင်းကတော့ တကယ့်ကိုအမှိုက်ပဲ...'ဘယ်သူဘယ်ဝါပဲ ပုန်ကန်နေပါစေ ငါက သူတို့ကိုနှိမ်နင်းနိုင်တဲ့ခွန်အားမျိုးရှိသရွေ့ အဆင်ပြေတယ်...တကယ်လို့ ငါ မနှိမ်နင်းနိုင်ဘူးဆိုရင် တော်ဝင်စစ်တပ်ကို အကူအညီတောင်းပြီးတော့ သူတို့ကို ဖိနှိပ်မယ်'...ဟမ့်...ဒီလိုကောင်မျိုးက အမှိုက်တစ်စနဲ့ ဘာကွာခြားလို့လဲ"

"အစကတည်းက ငါတို့နန်းတွင်းက အင်အားကိုအသုံးပြုပြီးတော့ ဂိုဏ်းတွေနဲ့အင်အားစုတွေကို ခြိမ်းခြောက်ထားတယ်...ပြီးတော့ ငါတို့က နည်းလမ်းမျိုးစုံကို အသုံးပြုပြီးတော့ သူတို့ကို သွေးခွဲထားမယ်...အဲ့ဒါကြောင့် ငါတို့တွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ခဲ့တာပဲ....ရှေးဟောင်းခေတ်အချိန်ကာလတုန်းက ဂိုဏ်းတွေ အင်အားစုတွေကနေ တော်ဝင်နန်းတွင်းကို အခွန်အခပေးဆောင်ရတယ်ဆိုတာ ငါ မကြားဖူးဘူး....ဒါပေမယ့် ငါတို့ရဲ့တော်ဝင်နန်းတွင်းက ဒါကိုပြုလုပ်စေခဲ့တယ်...အဲ့ဒီအကြောင်းအရင်းကြောင့် ငါတို့က ပါရမီရှင်လို့ ခေါ်တဲ့သူတွေထက် တကယ်လုပ်ရည်ကိုင်ရည်ရှိတဲ့လူတွေကိုပဲ လိုအပ်တယ်...တကယ်လို့ ငါတို့ကသာ သူတို့တွေကိုပဲလိုအပ်နေတယ်ဆိုရင် ဘာလို့တော်ဝင်စာမေးပွဲကို ထပ်ပြီးကျင်းပနေအုံးမှာလဲ...အင်ပါယာရဲ့နေရာဒေသအသီးသီးကို နဂါးအစောင့်တပ်နဲ့နန်းတွင်းကအစွမ်းထက်ပညာရှင်တွေသွားပြီး စီမံအုပ်ချုပ်တာ ပိုပြီးအဆင်ပြေမသွားဘူးလား"

ကျန်းရွှမ်စဲက အဖြေလွှာစာရွက်ကို နံဘေးတစ်ဖက်သို့ပစ်ချကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"မင်းတို့ အဖြေလွှာတွေကို စစ်ဆေးတဲ့အချိန်ကျရင် သတိထားပြီးဂရုစိုက်သင့်တယ်....ဒီလူတွေရဲ့အမြင်ကျဥ်းပုံမျိုးနဲ့ တကယ်လို့ သူတို့သာ ရှေ့တန်းမှာတိုက်ခိုက်ရမယ်ဆိုရင် အကုန်လုံး သဲထဲရေသွန်ဖြစ်သွားမှာပဲ...ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲမှာ အရည်အချင်းနိမ့်ပါးတဲ့သူတွေကို ရွေးချယ်မှာထက် မရှိတာကပိုကောင်းတယ်"

စာစစ်သူများအားလုံးသည် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသကဲ့သို့ ခံစားလိုက်ရကာ သူတို့၏လက်နှစ်ဖက်ကို အလျှင်အမြန်ပူးဆုပ်၍ သဘောတူညီကြောင်း ပြောဆိုလိုက်ကြသည်။

ကျန်းရွှမ်စဲ၏အကျင့်စရိုက်သည် အလွန်အမင်း စည်းကမ်းတင်းကြပ်သည်ကို လူတိုင်း သိရှိထားကြပေ၏။

သူသည် မူလက တော်ဝင်မြို့တော်ရှိ လူထုဆက်ဆံရေးအိမ်တော်၏စုံစမ်းစစ်ဆေးရေးမှူးပင်။နောက်ပိုင်းတွင် သူသည် ထိပ်တန်းမိသားစုကြီးများ၏အခွင့်အာဏာကို ဖယ်ရှားရန် တော်ဝင်နန်းတွင်းသို့ အဆက်မပြတ်တင်ပြခဲ့သဖြင့် လူအမြောက်အများကို အပြစ်ပြုမိသကဲ့သို့ဖြစ်သွားကာ စာပေဌာနသို့ ပြောင်းရွှေ့ခြင်းခံရသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူသည် စာပေသူတော်စင်ကျန်းဟောင်၏တပည့်တစ်ယောက်ဖြစ်နေသဖြင့် ထိုလူများသည် သူ အပြစ်ပြုမိသည့်တိုင် သူ့ကို ရန်စစော်ကားဝံ့ခြင်းမရှိချေ။

"ချင်အင်ပါယာဘက်ကနေပြီးတော့ ချန်အင်ပါယာက ရန်သူတပ်တွေ ဖြတ်သန်းသွားလာမယ့်လမ်းကြောင်းမှာ အဆက်မပြတ် ဟန့်တားနှောက်ယှက်ရမယ်...ပြီးတော့ အဲ့ဒီလမ်းကြောင်းမှာ သတ်ဖြတ်ခြင်းဝင်္ကပါတွေအများကြီးကို ခင်းကျင်းထားရမယ်...ချန်အင်ပါယာဘက်ကို စေ့စပ်ညှိနှိုင်းဖို့ လူတွေစေလွှတ်ပြီးတော့ ချန်ဧကရာဇ်ကို သေခြင်းရှင်ခြင်းအဆုံးအဖြတ်တိုက်ပွဲကိုဆင်နွှဲဖို့ ခြိမ်းခြောက်ရမယ်...တတ်နိုင်သမျှအချိန်များများ ဆွဲဆန့်နိုင်အောင် ကြိုးစားရမယ်...တစ်ချိန်တည်းမှာပဲ လက်ရွေးစင်စစ်သားတွေ ရွေးထုတ်ပြီးတော့ ချန်အင်ပါယာကိုနောက်ကနေပြီး ချောင်းမြောင်းတိုက်ခိုက်မယ်...ဒီအတွေးအမြင်က နည်းနည်းတော့ထူးဆန်းတယ်"

ရုတ်ချည်းဆိုသလိုပင် ကျန်းရွှမ်စဲက အဖြေလွှာစာရွက်တစ်ရွက်ကို မြင်တွေ့မိသဖြင့် ကောက်ယူ၍ဖတ်ရှုလိုက်သည်။

သူသည် ထိုအဖြေလွှာစာရွက်၏ ထောင့်မှစက္ကူကို ခွာကြည့်လိုက်ရာ 'တော်ဝင်မြို့တော်...ရှထန်ကန်း'ဟု ရေးသားထားသည်ကို တွေ့မြင်လိုက်ရ၏။

"ဒါဆို ဒါက ရှမိသားစုရဲ့ပါရမီရှင်...တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်အသစ်လား"

ကျန်းရွှမ်စဲက ထိုအဖြေလွှာစာရွက်ကို အကြိမ်ရေအနည်းငယ်ခန့် ထပ်ကြည့်လိုက်သည်။

တော်ဝင်ကျောင်းတော်၏တပည့်ခေါင်းဆောင်တိုင်း၏နာမည်များသည် ကောင်းကင်ဘုံနယ်မြေအနှံ့ ပျံ့နှံ့နေလေသည်။အထက်ဆင့်မှအောက်ခြေထိတိုင် ထိုပါရမီရှိများ၏နာမည်များကို မသိသူဟူ၍ တော်ဝင်မြို့တော်တွင် တစ်ဦးတစ်ယောက်မျှမရှိချေ။

နှိုင်းယှဥ်ကြည့်ပါက တခြားကျောင်းတော်ငါးကျောင်းမှ တပည့်ခေါင်းဆောင်များ၏နာမည်များကို တော်ဝင်စာမေးပွဲ စတင်ကျင်းပသောအချိန်ကာလအတွင်းမှသာ ထုတ်ပြန်ကြေငြာခြင်းဖြစ်သည်။

"ဒီမေးခွန်းအတွက်...သူ့ရဲ့အဖြေက မဆိုးဘူး"

ကျန်းရွှမ်စဲက တီးတိုးရေရွတ်လိုက်၏။

ဤအဖြေလွှာမှအချက်တစ်ချက်စီတိုင်းသည် အခြေအမြစ်မရှိသော်လည်း တိကျစွာ ရှင်းလင်းထားနိုင်စွမ်းရှိသည်။

ရှထန်ကန်းသည် ချင်အင်ပါယာမှ ထွက်ခွာရမည့် လက်ရွေးစင်ကျင့်ကြံသူအရေအတွက် မှော်ရတနာအဆင်တန်ဆာများနှင့် စိတ်ဝိညာဥ်ကျောက်တုံးများကိုပင် တိကျစွာရေးသားထားသည်။

ဤသည်က သမိုင်းမှတ်တမ်းစာအုပ်များကို ဖတ်ရှုထားခြင်းနှင့် အသေးစိတ်ကျကျလေ့လာမှတ်သားထားခြင်း၏ရလဒ်ပင်။

Thank For Reading.

All Chapters