← Chapters

အခန်ူ (၅၆၀-၅၆၁)

Vol. 35 Ch. 560-561

အခန်ူ (၅၆၀-၅၆၁)

Vol. 35 Ch. 560-561

Chapter 560

ဟူလုရှို့ ၂

ဘေးထိုင်ခုံမှ ကီကီ၏ မျက်လုံးများက စိတ်စွမ်းအင်ဖြင့် တောက်ပနေ၏။ သူမ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

“မဆိုးဘူးပဲ”

လင်းရှန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ

“ဒါတွေ ဘယ်က ရတာလဲ။ မင်း ယူလာတာ ငါမမြင်ပါဘူး”

“ကားခေါင်မိုးပေါ်က ပစ္စည်းတင်စင်မှာလေ”

ကီကီက အပေါ်ကို ညွှန်ပြသည်။

“နှစ်လက်ပဲ ယူလာပြီး — စမ်းကြည့်တာပါ”

လင်းရှန် ရယ်မောလိုက်သည်။

“ကောင်းတယ်။ မွန်းစတားအုပ်တွေကို ရှင်းဖို့ အတော်ပဲ”

“ထူးဆန်းတဲ့ သတ္တဝါတွေအပေါ်မှာရော အလုပ်ဖြစ်ပါ့မလားတော့ မသိဘူး”

ကီကီက ပြန်ပြောသည်။

“စမ်းကြည့်ရတာပေါ့”

နောက်ခန်းမှ မိုနီကာက နားထောင်ရင်း ပြုံးနေသည်။

“ကပ္ပတိန်လင်း ရှင့်ရဲ့ လူတွေက ဘာလို့ ဒီလောက်တောင် ကျွမ်းကျင်နေကြတာလဲ။ ဒီလူတွေကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ”

“ရှာတွေ့တာလား”

လင်းရှန်က အတိတ်ကို ပြန်စဉ်းစားကာ ပြုံးလိုက်သည်။ ကျိအန်းမြို့မှာ ရှိစဉ်က သူသည် အနန္တရထားစီမံကိန်းအတွက် လူခေါ်စာပင် ထည့်ခဲ့ဖူးသော်လည်း တစ်ယောက်မှ လာမလျှောက်ခဲ့ကြချေ။ ချန်ဆီရွှမ်နှင့် ကီကီတို့မှာ လုံးဝ မတော်တဆ ဆုံတွေ့ခဲ့ကြခြင်းသာ ဖြစ်သည်။

“မရှာခဲ့ပါဘူး။ လမ်းမှာပဲ တွေ့ခဲ့ကြတာပါ”

ရှေ့တွင် အလင်းတစ်ချက် လက်သွားသည်။ မြေပြင်မောင်းယာဉ်များ မြို့နားသို့ ချဉ်းကပ်လာသည့်အခါ မှန်ပြောင်းများမှာ သူတို့ဘက်သို့ ချိန်ရွယ်လာကြသည်။ ခြောက်သွေ့နေသော ဖုတ်ကောင်အလောင်းများသည် မြေပြင်တွင် ပြန့်ကျဲနေ၏။ အချို့ယာဉ်တန်းများသည် မြို့ပြင်ရှိ ဓာတ်ဆီဆိုင်များနှင့် မိုတယ်များတွင် စခန်းချထားကြပြီး အချို့မှာ မြို့ထဲသို့ ဝင်ရောက်ကာ ဘေးလမ်းသွယ်များတွင် အခြေချနေကြပြီ ဖြစ်သည်။

ယာဉ်များသည် အက်ကွဲနေသော လမ်းများပေါ်သို့ မောင်းဝင်လာသည့်အခါ အဆောက်အအုံ ခေါင်မိုးများနှင့် လမ်းထောင့်များတွင် နေရာယူထားသော လက်နက်ကိုင်ကင်းသမားများက သတိကြီးစွာဖြင့် စိုက်ကြည့်နေကြသည်။ ဤယာဉ်တန်းများသည် နေရာအနှံ့မှ လာကြခြင်းဖြစ်ပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မရင်းနှီးကြချေ။ အပြန်အလှန် အကဲခတ်ရုံသာရှိသည်။ အတွေ့အကြုံရှိသော အသက်ရှင်ကျန်ရစ်သူများသည် ယာဉ်၏ တည်ဆောက်ပုံကို ကြည့်ရုံဖြင့် အသေးစိတ်သိနိုင်ကြသည်။ လင်းရှန်၏ ကားများမှာ ကုန်တင်ယာဉ်များ မဟုတ်ဘဲ ကင်းထောက်ယာဉ်များ ဖြစ်သည်ကို လူတိုင်း မြင်နိုင်သည်။

ဤကဲ့သို့ ဝင်ရောက်လာခြင်းမှာ မထူးဆန်းချေ။ ဂရုစိုက်တတ်သော အဖွဲ့များသည် အမြဲတမ်း အဖွဲ့ကြီးတစ်ခုလုံးမဝင်မီ ကင်းထောက်များကို အရင်လွှတ်လေ့ရှိသည်။ အာခီစိုင်းသည် ခရီးသွားများဖြင့် ရောနှောနေသဖြင့် မည်သူမျှ တစ်ယောက်ကိုတစ်ယောက် အာရုံစိုက်မနေကြပေ။

နန်ကျင်း၏ ယာဉ်နောက်မှ ကွေ့ကောက်လိုက်ပါလာရင်း နောက်ဆုံးတွင် စျေးဟောင်းတစ်ခုသို့ ရောက်ရှိကာ နှင်းဆီနက်ဘားကို တွေ့လိုက်ရသည်။ လမ်းပေါ်တွင် ယာဉ်များဖြင့် ပြည့်နှက်နေ၏။ ဖုန်များ ဖုံးနေသော ဆိုင်းဘုတ်ဟောင်းနှင့် ကားများပေါ်မှ ကမ္ဘာပျက်ကပ်သုံး ပြုပြင်မှုများကိုသာ ဖယ်လိုက်ပါက ဤနေရာမှာ ကမ္ဘာမပျက်မီက စည်ကားသော လမ်းမတစ်ခုဟုပင် ထင်ရပေလိမ့်မည်။

လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော အသက်ရှင်ကျန်ရစ်သူများသည် ရပ်ထားသော ယာဉ်များအနီးတွင် အနားယူနေကြသည် — ၎င်းတို့မှာ မတူညီသော အဖွဲ့များမှ ဖြစ်ကြသည်။ လင်းရှန်နှင့် အခြားသူများ ကားပေါ်မှ ဆင်းလာသည့်အခါ အကြည့်များစွာကို ဆွဲဆောင်မိသွားသည်။ သူတို့မှာ ငယ်ရွယ်လွန်းကာ လူရည်သန့်နေကြသဖြင့် လပေါင်းများစွာ ကမ္ဘာပျက်ကပ်ထဲတွင် ရုန်းကန်နေရသူများနှင့် မတူချေ။

“ဒါက တကယ်ပဲ… ဘားလား ဒါမှမဟုတ် ဟန်ပြပဲလား” ချီလီက လူတွေ ဝင်ထွက်သွားလာနေသည်ကို ကြည့်ကာ တိုးတိုးလေး ပြောသည်။

“တစ်ခုခုတော့ ထူးဆန်းနေတယ်...”

မိုနီကာက သူမ၏ နေကာမျက်မှန်အောက်မှ မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်သည်။

“ဟုတ်တယ်။ ညဘက်ကျရင် ဒီမှာ ဘယ်လိုတွေ ဖြစ်မလဲဆိုတာ ငါ သိချင်နေပြီ”

“သိချင်ရင်တော့ ဝင်ကြည့်ရမှာပဲ” နန်ကျင်းက ပြောသည်။

၎င်းတို့သည် တံခါးဝသို့ ဦးတည်သွားကြသည်။ စွမ်းအားဝတ်စုံ ဝတ်ဆင်ထားသော သန်မာသည့် အမျိုးသားနှစ်ဦးက ရှေ့သို့ တိုးလာကာ လမ်းပိတ်လိုက်သည်။ ၎င်းတို့ထဲမှ တစ်ယောက်က ရှောင်ချင်းကို ညွှန်ပြလိုက်သည်။

“အတွင်းထဲကို လက်နက်ယူခွင့်မပြုဘူး”

သူတို့အားလုံးမှာ စွမ်းအားရှင်များနှင့် ဆင့်ကဲပြောင်းလဲသူများဖြစ်ကြသော်လည်း ရှောင်ချင်း၏ သေနတ်ဓားကိုင်ထားခြင်းက သိသာနေသည်၊၊

သူမက နန်ကျင်းကို ကြည့်ကာ

“ကျွန်မ ကားကို စောင့်နေမယ်”

ထို့နောက် လှည့်ထွက်သွား၏။

“ကောင်းပြီ”

နန်ကျင်းက ခေါင်းငြိမ့်ပြရာ ကင်းသမားများက ၎င်းတို့ကို လွှတ်ပေးလိုက်သည်။

အတွင်းသို့ ရောက်သည့်အခါ မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားသည်။ အပြင်ဘက်မှ ဖုန်ထူပြီး ဟောင်းနွမ်းနေသော ဆိုင်းဘုတ်နှင့် မတူဘဲ အတွင်းပိုင်းမှာ အံ့ဩစရာကောင်းလောက်အောင် သန့်ရှင်းသပ်ရပ်နေသည်။ အရက်နံ့နှင့် သဲကန္တာရ ဖုန်နံ့တို့ ရောနှောနေသော အနံ့က ၎င်းတို့ကို ချက်ချင်း ဆီးကြိုလိုက်သည်။ မှိန်ပျပျ ဝါကျင့်ကျင့် မီးရောင်များက ဘားကို လင်းထိန်စေ၏။ ထိုင်ခုံများနှင့် ဘားကောင်တာတွင် လူများ ပြည့်နေသည်။ ဘားကောင်တာများတွင် နေကာမျက်မှန် တပ်ထားသော အမျိုးသားနှစ်ဦးရှိပြီး ဝန်ဆောင်မှုပေးသူများမှာ ချောမောလှပသော အမျိုးသမီးများဖြစ်ကြသည်။

သိုသော် ၎င်းတို့ကို ကြည့်ရသည်မှာ ဟန်ဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ဤနေရာရှိ လူတိုင်းတွင် ကိုယ်ပိုင်ရည်ရွယ်ချက် ရှိနေကြပြီး အရက်ကို တိတ်ဆိတ်စွာ သောက်နေကြသည်။

လင်းရှန်သည် ဤထူးဆန်းသော စီစဉ်မှုကို စဉ်းစားနေစဉ် တက်တူးထိုးထားသော စားပွဲထိုးမလေး တစ်ဦး လမ်းလျှောက်လာသည်။ သူမ၏ မျက်နှာမှာ “ငါ အပြင်မှာ ဖုတ်ကောင်တွေ သွားသတ်ချင်တယ်” ဟု ပြောနေသည့်အလား ရှိနေသည်။

“ဒီဘက်ကို လိုက်ခဲ့ပါ” သူမက သက်ပြင်းချရင်း ပြောသည်။

သူမက ၎င်းတို့ကို အနောက်ဘက်ရှိ ထိုင်ခုံတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး စားပွဲပေါ်သို့ ကတ်ပြားတစ်ခု ပစ်ချလိုက်သည်။ သောက်စရာ ရွေးချယ်စရာ သုံးမျိုးကို ဖော်ပြထားသည် -

ဝီစကီ၊ ရမ်၊ ဘရန်ဒီ။

“ငါတို့က သောက်ဖို့ လာတာ မဟုတ်ဘူး”

လင်းရှန်က တိုက်ရိုက်ပင် ပြောလိုက်သည်။

“မင်းတို့ သူဌေးနဲ့ တွေ့ဖို့ လာတာ”

စားပွဲထိုးမလေးက ဘားအတွင်းကို ဝေ့ကြည့်ကာ ပြန်ဖြေသည်။

“ဒီက လူတွေ အကုန်လုံးလည်း သောက်ဖို့ လာကြတာ မဟုတ်ဘူး”

“ဒါဆို ဒါက ဘာကို ဆိုလိုတာလဲ” ကီကီက မေးသည်။

မိုနီကာက ကတ်ပြားကို ကောက်ယူကာ တည်ငြိမ်သော အသံဖြင့် “ကျွန်မအထင်တော့ ဒီသောက်စရာတွေက တခြားအရာတွေကို ကိုယ်စားပြုတာ ဖြစ်မယ်။ ရိက္ခာလား၊ သတင်းလား၊ လမ်းခွန်လား”

စားပွဲထိုးမလေးက သူမကို ကြည့်လိုက်သည်။

“မှန်ပါတယ်”

နန်ကျင်းက မျက်မှောင်ကြုတ်ကာ

“မင်းတို့က တကယ်ပဲ လမ်းခွန်ကောက်တာလား”

“ဒါကတော့ ရှင်တို့ သဘောပဲ”

စားပွဲထိုးမလေးက ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။

“တကယ်လို့ ရှင်တို့က အင်အားကြီးတယ်ဆိုရင်တော့ ဒါတွေ ဂရုစိုက်နေစရာ မလိုပါဘူး”

ချီလီက တိုးတိုးလေး ရယ်လိုက်သည်။

“ငါ သိသားပဲ။ ရေဒီယိုက သတိပေးချက်တွေက ခြောက်တာ သက်သက်ပဲ”

လင်းရှန် နားလည်သွားသည်။ သူသည် လက်ကို ဆန့်ကာ “ဝီစကီ” ကို ညွှန်ပြလိုက်သည်။

ဒေါက်

စားပွဲထိုးမလေးက ဘောပင်တစ်ချောင်း ပစ်ချပေးကာ လင်းရှန်ကို ကတ်ပြားပေါ်တွင် ကိုယ်တိုင်ရေးရန် အမူအရာ ပြလိုက်သည်။

လင်းရှန် ခဏမျှ စဉ်းစားလိုက်ပြီး သူ၏ တောင်းဆိုချက်ကို ချရေးလိုက်သည်။ စားပွဲထိုးမလေးက ယူကြည့်လိုက်ရာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။ သူမက သူ့ကို နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ရှင် ဒါကို သေချာလို့လား”

“သေချာတယ်”

“...ကောင်းပြီလေ ရှင်ပြောသလိုပဲပေါ့”

ဤစားပွဲထိုးမလေးအတွက် ယခုကဲ့သို့ ထူးဆန်းသော ရိက္ခာတောင်းဆိုချက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူမ၏ အကြည့်မှာ ထိုအုပ်စုကို စပ်စုသော အကြည့်ဖြင့် ဝေ့ကြည့်သွားပြီးနောက် ဘားကောင်တာသို့ သွားကာ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်သည်၊၊ ထို့နောက် ဘေးတံခါးမှတစ်ဆင့် ပျောက်ကွယ်သွားလေသည်။

ခဏအကြာတွင် အခြားဝန်ဆောင်မှုပေးသူ တစ်ဦးက အေးစက်နေသော ဝီစကီခြောက်ခွက်ကို ယူဆောင်လာသည်။

မိုနီကာက ခွက်တစ်ခုကို အပြုံးဖြင့် ကောက်ယူကာ အသာအယာ လှုပ်ယမ်းလိုက်သည်။

“မဆိုးဘူးပဲ။ အစစ်ပဲ”

ကီကီက တစ်ငုံသောက်လိုက်သည်။

“အမ်... တကယ် မဆိုးဘူး။ ဒီလူက ရိက္ခာတွေ အများကြီးရှိပုံရတယ် — ဒီလောက် အရက်တွေတောင် ရှိနေတယ်ဆိုတော့”

နန်ကျင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

“လူတွေလည်း တော်တော်များတာပဲ...”

“ဒီကို လာတဲ့ လူအများစုက သဲကန္တာရဓားပြတွေအကြောင်း တစ်ခုခုသိထားကြတာပဲ”

ချီလီက လက်ပိုက်ကာ တည်ငြိမ်စွာ ပြောသည်။

“အာခီစိုင်းကို ကျော်သွားရင် လူသူကင်းမဲ့တဲ့ မြေလွတ်ရိုင်းကြီးပဲ ရှိတယ်။ ငါတို့ ရထားက မရပ်ဘူးဆိုရင်တောင် ချွမ်းချန်ကို ရောက်ဖို့ တစ်ရက်နဲ့ တစ်ညအပြည့် ကြာလိမ့်မယ်။ အဲဒီတော့ လူတွေက သတင်းစုဖို့၊ အဖွဲ့ဖွဲ့ဖို့ ဒါမှမဟုတ် တောထဲကို ဇွတ်မတိုးမိဖို့ ဒီမှာ လာစုကြတာ”

“အားဖေး”

လင်းရှန်က သူ့ဘေးတွင် တိတ်ဆိတ်စွာရှိနေသော အားဖေးဘက်သို့ လှည့်လိုက်သည်။

“အမှောင်အမှတ်သားရှိတဲ့သူတွေ တွေ့လား”

အားဖေးက သူ၏ ခွက်ကို ချလိုက်ပြီး ခေါင်းငြိမ့်ပြသည်။

“ဟုတ်တယ်။ အများကြီးပဲ”

Chapter 561

ဟူလုရှို့ ၃

“အခုတော့ ငါတို့မှာ အမှောင်အမှတ်သားကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ ရှိနေပြီဆိုတော့ အဖွဲ့ဖွဲ့ဖို့က မလွယ်တော့ဘူး”

နန်ကျင်းက ထပ်ပြောသည်။

“အဖွဲ့မဖွဲ့ခင် လူတိုင်းက တစ်ဖက်ယာဉ်တန်းကို အရင် စစ်ဆေးကြတာပဲ — မဟုတ်ရင် ကိုယ့်ဒုက္ခကိုယ် ရှာသလို ဖြစ်မှာပဲလေ”

ချီလီက ခေါင်းငြိမ့်သည်။

“အကယ်၍ မင်းက ယာဉ်တန်းကြီးတစ်ခုရဲ့ ကျောထောက်နောက်ခံမရှိဘဲနဲ့ အမှတ်သားပါနေရင်တော့ မင်းက တစ်ယောက်တည်းပဲ”

“ပြီးတော့ ယာဉ်တန်းတိုင်းကလည်း ပူးပေါင်းဖို့ မတန်ပါဘူး”

လင်းရှန်၏ အကြည့်မှာ အခြားသူများထက် သောက်နေသော မိုနီကာထံသို့ ရောက်သွားသည်။

“မိုနီကာ မင်းက ငါ့အတွက် လူအချို့ကို စောင့်ကြည့်ပေးနိုင်မလား”

“အိုး~” မိုနီကာက စိတ်ဝင်စားသွားပုံရသည်။

“ဘယ်သူလဲ ပြောလေ။ ကျွန်မ ကြိုခန့်မှန်းထားတာ မှန်လား ကြည့်ရအောင်”

လင်းရှန်က သူမ၏ အနီးသို့ တိုးကာ စကားအချို့ကို တိုးတိုးလေး ပြောလိုက်သည်။ မိုနီကာ၏ မျက်လုံးများ တောက်ပသွား၏။

“မိပြီ”

“ကပ္ပတိန်လင်း ရှင် ဘာကို သတိထားမိလို့လဲ”

နန်ကျင်းက မေးသည်။

လင်းရှန်က သူမကို ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။

“သဲကန္တာရဓားပြတွေ”

နန်ကျင်း ချက်ချင်းပင် မျက်မှောင်ကြုတ်သွားလေသည်။

…..

ဘား၏ အောက်ဘက်ရှိ လျှို့ဝှက်မြေအောက်ခန်းတစ်ခုတွင် မီးများ လင်းထိန်နေပြီး ကြမ်းပြင်ပေါ်တွင် ထူထဲသော ကော်ဇောများ ခင်းထားကာ ထောင့်များတွင် ရိက္ခာပုံများ ပြည့်နေသည်။ လျှပ်စစ်ပန်ကာအဟောင်းတစ်ခု လည်ပတ်နေစဉ် ရှပ်အင်္ကျီနှင့် ဘောင်းဘီတို ဝတ်ဆင်ထားသော ဟူလုရှို့သည် သွေးပဲစေ့များကို သံသေတ္တာတစ်ခုအတွင်းသို့ စနစ်တကျ ထည့်နေသည်။

“၉၈၊ ၉၉၊ ၁၀၀...”

“သေစမ်း”

သူ၏ ရွှေသွားများမှာ လက်ကနဲ ဖြစ်သွားပြီး ရေရွတ်ရင်း သေတ္တာကို ပိတ်လိုက်သည်။ အဆင့်-၁ သွေးပဲစေ့များစွာ ရှိနေသော်လည်း ဟူလုရှို့က ပျော်ရွှင်ပုံမရဘဲ စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။

ထိုအခန်းထဲတွင် ထိုကဲ့သို့သော သေတ္တာမျိုး အများအပြားရှိနေသေးသည်။

သူသည် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး စားပွဲပေါ်ရှိ ထူးဆန်းသော ဆက်သွယ်ရေးစက်ကို ခဏခဏ ကြည့်နေသည်။ ထိုစက်၏ မီးမှာ အနီရောင်ဖြင့် လက်နေဆဲ ဖြစ်သည်။

ဂလောက်

လေးလံသော သံတံခါးကြီးပွင့်သွားသည်။ ဤမြေအောက်ခန်းမှာ တစ်ချိန်က နျူကလီးယား ဘေးအန္တရာယ် ကာကွယ်ရေးစခန်းတစ်ခုဖြစ်ခဲ့ဖူးသည် — အာခီစိုင်းသည် တစ်ချိန်က နျူကလီးယား စမ်းသပ်သည့် မြို့တစ်မြို့ ဖြစ်ခဲ့သဖြင့် လျှို့ဝှက်လက်နက်အဆောက်အအုံများစွာ ရှိနေခြင်း ဖြစ်သည်။

အခု ဝင်လာသူမှာ သူ၏ လက်ထောက် ဆန်းချန်ဖြစ်သည်။

ဆန်းချန်၏ ယန္တရားလက်မောင်းမှာ သိသိသာသာ အဆင့်မြှင့်တင်ထားပြီး ယခုအခါ အနီရောင်သံချပ်ကာများ တပ်ဆင်ထားကာ ပို၍ အားကောင်းပုံရသည်။

“ဘော့စ်”

“ငါ့ကို စကားမပြောနဲ့ဦး။ ငါ စိတ်ညစ်နေတယ်”

ဟူလုရှို့က ရှုပ်ပွနေသော ဆိုဖာပေါ်သို့ ပစ်ထိုင်လိုက်သည်။

“မိတ်ဆွေဟောင်းတစ်ယောက် အခုပဲ ရောက်လာတယ်”

ဆန်းချန်က လမ်းလျှောက်လာပြီး သူမ၏ အေးစက်သော မျက်နှာဖြင့်ပင် ယန္တရားလက်မောင်းကို အသုံးပြုကာ ကတ်ပြားတစ်ခုကို ဟူလုရှို့ထံ ကမ်းပေးလိုက်သည်။

ဟူလုရှို့က ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီးမှ ကတ်ပြားပေါ်မှ စာသားများကို ဖတ်လိုက်သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။

“ရှင်းဟွာ-၂၆ ချေမှုန်းရေး ရိုင်ဖယ်အလက်တစ်ထောင် ဟုတ်လား။ ဘယ်သူက...”

သူ ဆဲရန် ပြင်လိုက်သော်လည်း မျက်နှာက ချက်ချင်း တင်းမာသွားသည်။ သူက ဆန်းချန်ကို ကြည့်လိုက်ပြီးမှ ကတ်ပြားကို ပြန်ကြည့်သည်။

“ဒါကို ဘယ်သူ ပေးတာလဲ”

“သူတို့ အပြင်မှာ ရှိနေတယ် — အမျိုးသား သုံးယောက်၊ အမျိုးသမီးလေးယောက်။ သူတို့ရဲ့ စိတ်ဝိညာဉ်လှိုင်း တန်ဖိုးက အရမ်းမြင့်တယ် — အမြင့်ဆုံးတော့ မဟုတ်သေးဘူး ဒါပေမဲ့... သူတို့ ခုနစ်ယောက်တည်းနဲ့တင် ဒီဘားတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်”

ဆန်းချန်၏ အသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

ဟူလုရှို့၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများစွာ ဖြတ်သန်းသွားသည်။ သူက အော်ဟစ်လိုက်သည် -

“မြန်မြန်... သူတို့ကို ဒီထဲခေါ်ခဲ့”

ဆန်းချန်က သူ့ကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားသည်။

ဟူလုရှို့ အခန်းထဲတွင် ပျာယာခတ်နေသည်။ သူသည် သွေးပဲစေ့သေတ္တာများကို ဝှက်ထားရန် စဉ်းစားသော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်သည်။ ထို့အစား သူ၏ အဝတ်အစားများကို သေသပ်အောင် ပြင်ဆင်လိုက်ပြီး ဆိုဖာကို ရှင်းလိုက်သည်… သူ သိမ်းထားသော အကောင်းဆုံး အရက်ပုလင်းကို ထုတ်ကာ ဖန်ခွက်အချို့ကို ပြင်ဆင်လိုက်သည်။

မကြာမီ လှေကားမှ ခြေသံများ ကြားလိုက်ရသည်။ ဟူလုရှို့ လှည့်ကြည့်လိုက်သည့်အခါ လင်းရှန်နှင့် သူ၏ အဖွဲ့သားများ မြေအောက်ခန်းထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။

“ဝိုး... ဒီနေရာက တော်တော်ကြီးတာပဲ”

ကီကီက အံ့ဩတကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်သည်။

ဟူလုရှို့က သူမ၏ အသံကို ကြားလိုက်ရသည့်အခါ ၎င်းတို့မှာ မည်သူဖြစ်ကြောင်း အတည်ပြုနိုင်သွားသည်။

“ကပ္ပတိန်လင်း”

လင်းရှန်သည် သူ၏ လေကာမျက်နှာဖုံးကို ချွတ်လိုက်ပြီး ဟူလုရှို့က ရယ်ချင်စိတ်ဖြင့် ကြည့်လိုက်သည်။

“သူဌေးဟူ... ကျုပ် ပြောချင်တာ တစ်ခုရှိတယ်— ခင်ဗျားက တကယ့်ကို အရှက်မရှိတဲ့သူပဲ။ အခုတော့ ဓားပြတွေနဲ့တောင် စီးပွားရေး လုပ်နေပြီပေါ့”

ဝီ...

ပေါက်ကွဲမှုဒဏ်ခံ သံတံခါးကြီးသည် တဖြည်းဖြည်းပိတ်သွားသည်။ ကျယ်ဝန်းသော မြေအောက်ခန်းအတွင်းတွင် လင်းရှန်၊ ကီကီ၊ ချီလီ၊ မိုနီကာ၊ နန်ကျင်းနှင့် အားဖေးတို့သည် ဧည့်သည်နေရာတွင် ထိုင်နေကြသည်။ ဟူလုရှို့သည် လူတိုင်းအတွက် အရက်များကို အမြန်ပင် လိုက်လောင်းထည့်ပေးရင်း ပြုံးဖြီးနေ၏။

“ကပ္ပတိန်လင်း… ဝိုး... တကယ်အံ့ဩစရာပဲ။ မင်းတို့က ဒီလောက်အဝေးကြီးကို ဘယ်လိုရောက်လာတာလဲ”

“ကျွန်မတို့က ရှင့်ကို မေးရမှာ မဟုတ်လား”

ကီကီက စားပွဲကို ရိုက်လိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်သည်။

“အမှန်အတိုင်း ပြောစမ်း — ဓားပြတွေအတွက် လမ်းခွန်ကောက်ပေးနေတာက ဘာသဘောလဲ”

လူတိုင်း၏ အကြည့်က ဟူလုရှို့ထံသို့ ရောက်သွားသည်။

ဆန်းချန်မှာ ဘေးတွင် ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။

ဟူလုရှို့သည် အရက်လောင်းလက်စဖြင့် တန့်သွားပြီးမှ ကိုးရိုးကားရား ရယ်လိုက်သည်။

“ငါတို့က မိတ်ဆွေတွေပဲ မဟုတ်လား။ ကောင်းပြီလေ... အမှန်အတိုင်း ပြောပြမယ်...”

သူက ချောင်းဟန့်လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ကာ ပြောသည် -

“သဲကန္တာရထဲမှာ ဓားပြတွေ အများကြီး ရှိနေတယ်။ အခုဆိုရင် သူတို့က မဟာမိတ်အဖွဲ့တွေတောင် ဖွဲ့ထားကြတယ်။ အပြင်မှာက တကယ့်ကို ဗြောင်းဆန်နေတယ်။ ယာဉ်တန်းတွေ လုယက်ခံရတယ်၊ လူတွေ အသတ်ခံရတယ်… အမျိုးသမီးတွေ စော်ကားခံရတယ်... အကုန်ပဲ။ အဲဒီတော့ စည်းကမ်းရှိတဲ့ လူတစ်ယောက်အနေနဲ့ ငါက ဆုံးဖြတ်ချက်ချလိုက်တယ်--”

“အပိုတွေ မပြောနဲ့”

ဆန်းချန်၏ အေးစက်သော အသံက ကြားဖြတ်ဝင်လာသည်၊၊ သူမ၏ သူဌေးကို မျက်နှာသာမပေးချေ။

လင်းရှန်က အသာအယာပြုံးလိုက်ပြီး နာရီကို ကြည့်လိုက်သည်။

“ညမိုးချုပ်တော့မယ်။ အချိန်မဖြုန်းပါနဲ့။ ဒီလမ်းခွန်စနစ်က ဘယ်လို အလုပ်လုပ်လဲဆိုတာရယ်… ပြီးတော့ ဓားပြတွေရဲ့ သတင်းရယ် သိချင်တယ်”

ဟူလုရှို့၏ မျက်နှာက ဇီးရွက်လောက်ဖြစ်သွားသည်၊၊

“ဒါက သိပ်မရှုပ်ထွေးပါဘူး။ ငါ ဒီကို ရောက်တဲ့အခါ သဲကန္တာရဓားပြအချို့နဲ့ တွေ့တယ်။ သူတို့နဲ့ ငါ အပေးအယူလုပ်လိုက်တယ်။ သူတို့အတွက် ငါက လမ်းခွန်ကောက်ပေးတယ် — လမ်းခွန်ပေးတဲ့ ယာဉ်တန်းတွေကို အထူးအချက်ပြစက်တစ်ခု ပေးလိုက်တယ်။ အဲဒါနဲ့ဆိုရင် လမ်းမှာရှိတဲ့ ဓားပြတွေက မမြင်ချင်ယောင်ဆောင်ပေးကြတယ်… ဒါပါပဲ”

“ဒါဆို ရှင်က ကိုယ့်အသက်ကို ကာကွယ်ဖို့ ဓားပြတွေနဲ့ ပူးပေါင်းလိုက်တာပေါ့”

နန်ကျင်း၏ အသံမှာ အေးစက်နေ၏။

“အဲဒီလိုပြောတာတော့ မတရားဘူး”

ဟူလုရှို့က ဝုန်းခနဲ ထရပ်လိုက်သည်။

“မင်းတို့ နားမလည်ပါဘူး။ ငါ အဲဒီသံမဏိမဟာမိတ်အဖွဲ့နဲ့ အပေးအယူလုပ်ပြီးကတည်းက အနောက်ဘက် ဂိုဘီမှာ တိုက်ခိုက်မှုတွေက ခုနစ်ဆယ်ရာခိုင်နှုန်းလောက် လျော့သွားတယ်။ ခုနစ်ဆယ်နော်… ငါက ဘုရားကျောင်း ဆောက်ပေးဖို့ မပြောပါဘူး ဒါပေမဲ့ ကျေးဇူးတော့ နည်းနည်း တင်သင့်တယ်”

လင်းရှန်က ခပ်တိုးတိုး ရယ်လိုက်ပြီး ထရပ်လိုက်သည်။

“ဘုရားကျောင်း ဟုတ်လား။ ဓားပြတွေက ခင်ဗျားအတွက် ဂူသင်္ချိုင်းတစ်ခု ဆောက်ပေးထားသလိုပဲ — ခင်ဗျား အဲဒီထဲမှာ မြှုပ်ခံရတော့မယ်”

သူက လှည့်ထွက်လိုက်သည်။

“ညီလေးလင်း ငါ့ကို ကယ်ပါဦး”

လင်းရှန် စကားမဆုံးခင်မှာပင် ဟူလုရှို့၏ မောက်မာသော အမူအရာမှာ လုံးဝ ပျက်စီးသွားသည်။ သူသည် အသံအကျယ်ကြီးဖြင့် အော်ကာ ဒူးထောက်ချလိုက်ပြီး ချက်ချင်းပင် တောင်းပန်တိုးလျှိုးသည့် မျက်နှာထားသို့ ပြောင်းလဲသွားသည်။

All Chapters