← Chapters

အခန်း (၅၆၆-၅၆၇)

Vol. 35 Ch. 566-567

အခန်း (၅၆၆-၅၆၇)

Vol. 35 Ch. 566-567

Chapter 566

ညဘက်ဆိုရင် ပြတင်းပေါက်တွေ ပိတ်ထားကြ ၁

“ဟားဟားဟား”

ကတုံးက လှောင်လိုက်သည်။

“ငါ သူတို့နောက်ကို ဒရုန်းနဲ့ မိုင် ၃၀ လောက် လိုက်ခဲ့တာ ဘယ်သူမှ သတိမထားမိဘူး။ စွမ်းအားရှင် ဟုတ်လား ရယ်စရာပဲ။ ငါ သူတို့စခန်းကို ကြည့်ပြီးပြီ ယာဉ် ၁၀ စီးလောက်ပဲ ရှိတာ… နှစ်စီးကပဲ အကောင်းစား ကျန်တာတွေက အမှိုက်တွေ။ ငါ့အရိပ်ကိုတောင် မမီဘူး။ ခေါင်းဆောင် သူတို့ကို လန့်သွားအောင်မလုပ်နဲ့လို့ မပြောထားရင် ငါ အချို့ကို အပြတ်ရှင်းခဲ့ပြီ”

ဝူတာဖန်း၏ မျက်လုံးများ တောက်ပလာသည်။

“ဖာ့ခ်… မင်းဘာမှ မလုပ်တာ ကံကောင်းတယ်… အဲဒီအဖွဲ့ထဲက မိန်းမတွေကတော့ အဆင့်မြင့်တွေပဲဟ”

“ဘာလဲ” ကတုံးက သူ့ကို စပ်ဖြဲဖြဲ ကြည့်လိုက်သည်။

“မင်းက သူတို့ ဟူလုရှို့ဘက် ပါသွားမှာကို မစိုးရိမ်ဘူးလား”

“ကျစ်”

ဝူတာဖန်းက စိုက်ကြည့်ရင်း

“သူတို့ ထွက်ပြေးသွားမှာကိုပဲ ငါစိုးရိမ်နေတာ”

လေစားနေသော တောင်ကြားနှင့် ခြောက်သွေ့နေသော မြစ်ကြမ်းပြင်တွင် ၁၅ ကီလိုမီတာ ရှည်လျားသော ရထားကြီးတစ်စင်း တိတ်ဆိတ်စွာ ရပ်တန့်နေသည်။ တွဲပေါင်း ၅၀၀ ကျော်မှာ နဂါးကြီးတစ်ကောင်ကဲ့သို့ ကွေ့ကောက်လျက် မိုးကုတ်စက်ဝိုင်းအထိ ရှည်လျားစွာ တည်ရှိနေသည်။

၁၈:၀၀ နာရီ။

ဝင်လုဆဲဆဲ နေရောင်ခြည်က ဂိုဘီကန္တာရ၏ ကျောက်ခဲထူထပ်သော မြေပြင်ကို အနီရောင်အဖြစ် ပြောင်းလဲပေးထားသည်။ သဲပွင့်လေးများသည် ဆည်းဆာအချိန်တွင် ရွှေရောင်ငါးကြေးခွံလေးများကဲ့သို့ တလက်လက် တောက်ပနေသော်လည်း ရုတ်တရက် တိုက်ခတ်လာသော မြောက်လေကြောင့် နီရဲသော ဒီရေလှိုင်းများအဖြစ် ပြောင်းလဲသွားသည်။ လေထဲတွင် ပါလာသော ကျောက်စရစ်ခဲများက တစ်ဝက်တစ်ပျက် နစ်မြုပ်နေသော ဆီပေပါခွံများကို ရိုက်ခတ်မိသဖြင့် အသံများ ထွက်ပေါ်နေသည်။

ပေါင်းစည်းရထားပေါ်ရှိ လူလေးထောင်ကျော်မှာ ရောက်ရှိလာတော့မည့် ညအတွက် အလျင်အမြန် ပြင်ဆင်နေကြသည်။

“ကန္တာရပုရွက်ဆိတ်တွေက သာမန်ပုရွက်ဆိတ်တွေနဲ့ မတူဘူးလို့ ပြောကြတယ်။ စိတ်ချရအောင် အပေါက်တွေ၊ လေဝင်ပေါက်တွေနဲ့ အိမ်သာပိုက်တွေအထိ အကုန်စစ်ဆေးကြပါ”

ချန်ဆီရွှမ်၏ အသံက အနန္တရထား၏ ဆက်သွယ်ရေးစနစ်မှ ထွက်ပေါ်လာသည်။ သူမသည် တွဲများကြားတွင် လျင်မြန်စွာ လျှောက်သွားရင်း လူတိုင်းကို သတိပေးနေသည်။

လင်းရှန်သည်လည်း အရင်က နှင်းအရည်ပျော်မှုကြောင့် ယိုစိမ့်ခဲ့စဉ်ကကဲ့သို့ပင် တွဲတစ်ခုချင်းစီကို အသေးစိတ် စစ်ဆေးနေသည်။ သို့သော် ကန္တာရပုရွက်ဆိတ်များက လုံးဝခြားနားသော သတ္တဝါများဖြစ်ကြောင်း သူသိသည်။ သူတို့က အသေးငယ်ဆုံး အက်ကြောင်းလေးများကြားမှပင် တိုးဝင်နိုင်ကြသည်။ လင်းရှန် အစိုးရိမ်ဆုံးမှာ ဤပုရွက်ဆိတ်များသည် နှင်းတစ္ဆေများကဲ့သို့ လူသားများပေါ်တွင် အမှောင်အမှတ်အသားချန်ထားခဲ့မည်လား ဆိုသည်ပင် ဖြစ်သည်။

“ဟူလုရှို့ ပြောတာတော့ သူနဲ့ ဆက်သွယ်ထားတဲ့ ယဥ်တန်းတွေက အာခီစိုင်းမှာ ရက်အတော်ကြာ နေခဲ့ပေမဲ့ အမှောင်အမှတ်အသား မရှိကြဘူးတဲ့… ဒါကြောင့် အဆင်ပြေမယ်ထင်တယ်”

ကီကီက နံပါတ် ၃ တွဲသို့ ရောက်သောအခါ လင်းရှန်နောက်မှ လိုက်ရင်း မေးလိုက်သည်။

“သတိထားတာ အကောင်းဆုံးပဲ”

လင်းရှန်က ပြတင်းပေါက်အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

“အခြေအနေကြည့်ဖို့ ဒရုန်းအချို့ လွှတ်ထားပြီး ဖောက်ခွဲရေးပစ္စည်းအချို့ကိုလည်း အပြင်မှာ အဆင်သင့် တပ်ဆင်ထားတယ်”

“ဒါရိုက်တာတင်း”

ချန်ဆီရွှမ်က စမ်းသပ်မှုများ ပြုလုပ်နေသော ဒါရိုက်တာတင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

“စမ်းသပ်တွဲနှစ်ခုမှာ လေဝင်လေထွက်စနစ်ကို ခဏပိတ်ထားတာက အပင်တွေကို ဆိုးဆိုးရွားရွား ထိခိုက်မှာ မဟုတ်ဘူးမလား”

တင်းကျန်းရီက မော့ကြည့်ပြီး ပြောလိုက်သည်။

“ရုက္ခဗေဒ ရှုထောင့်ကနေ ပြောရရင်တော့—“

“ဒါရိုက်တာတင်း”

လင်းရှန်က သူမကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ကြားဖြတ်ပြောလိုက်သည်။

“ထိခိုက်လိမ့်မယ်”

“ဆိုးသွားလိမ့်မယ်”

လင်းရှန် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ ဒါရိုက်တာတင်း၏ စကားကို တိုတိုနှင့် လိုရင်းပြောတတ်သော အကျင့်ကို သူ စိတ်ပျက်နေခြင်း ဖြစ်သည်။

ချန်ဆီရွှမ်က ဆက်သွယ်ရေးခလုတ်ကို နှိပ်လိုက်ပြီး ယဥ်တန်းခေါင်းဆောင် အားလုံးကို ညွှန်ကြားချက် ပေးလိုက်သည်။

“ထပ်ပြောမယ်... ကန္တာရပုရွက်ဆိတ်တွေ ရွှေ့ပြောင်းနေတဲ့အချိန် ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ မပစ်ရဘူး”

“နားလည်ပါပြီ” ဟူသော ပထမဆုံး တုံ့ပြန်မှုက သမုဒ္ဒရာယဥ်တန်းခေါင်းဆောင်ထံမှ ရောက်လာသည်။

လင်းရှန်က ညနှင့် ပတ်သက်သော အချက်အလက်များကို ယာဉ်တန်းအားလုံးကို ဝေမျှပေးထားပြီး ဖြစ်သော်လည်း ချန်ဆီရွှမ်ကမူ ထပ်ခါတလဲလဲ သတိပေးနေခြင်းက ပို၍ စိတ်ချရသည်ဟု ယူဆသည်။

လူလေးထောင်ကျော်ဆိုသည်မှာ နည်းသော အရေအတွက် မဟုတ်ပေ။

ကမ္ဘာပျက်ကပ် စတင်ခဲ့စဉ်က ချန်ဆီရွှမ်သည် မူလတန်းကျောင်းသားလေးများ ပြည့်နေသော အဆောင်တစ်ခုကိုပင် စီမံခန့်ခွဲရန် ရုန်းကန်ခဲ့ရသည်။ အခုကဲ့သို့ စစ်သားများ၊ ဒုက္ခသည်များ၊ လူမိုက်များ စသဖြင့် ရောနှောနေသော လူအုပ်ကြီးကို ပူးပေါင်းရထားတန်းပေါ်တွင် စီမံခန့်ခွဲရမည်ဟု မည်သူက ထင်ထားမည်နည်း။ တူညီသောရည်မှန်းချက်ကြောင့် အားလုံးက ပူးပေါင်းဆောင်ရွက်နေကြသော်လည်း ချန်ဆီရွှမ်ကတော့ အသိဉာဏ်နည်းပါးသူများ ရှိနေဦးမည်ကို သိထားသည်။ ထို့ကြောင့် သူမက စိတ်ရှည်သည်းခံကာ ညမရောက်မီ အရာအားလုံးကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။

“ညီလေးလင်း”

ရှီတိယွမ်၏ အသံက ဆက်သွယ်ရေးစနစ်မှ ထွက်ပေါ်လာသည်။

“မင်းတို့ ပြန်ရောက်ပြီးတော့ ရထားတစ်စင်းလုံးကို အမှောင်အမှတ်အသား ရှိမရှိ ထပ်စစ်ပြီးပြီမလား အဆင်ပြေရဲ့လား”

“အကုန် အဆင်ပြေတယ်”

“စိတ်မပူပါနဲ့ ကပ္ပတိန်လင်း… ရှင်ရဲ့အဖွဲ့က တော်တော်လေး စနစ်ကျပါတယ်”

မိုနီကာက သူမ၏ ကိုယ်ပိုင် ရထားတွဲ ၁ မှနေ၍ ညင်သာစွာ ပြောလိုက်သည်။

“စိုးရိမ်စရာ မရှိပါဘူး” ချီလီကလည်း ဝင်ပြောသည်။

“ကျနော်တို့ဘက်မှာလည်း အဆင်ပြေတယ်”

လော့ယန်က ပြောသည်၊၊

လင်းရှန်က ကလေးများကို တွဲကြီးထဲတွင် စနစ်တကျ နေရာချပေးထားပြီး ဖြစ်သည်။ အကောင်ကြီးများ၊ ပိုးကောင်ကြီးများ၏ ဘေးဒဏ်ကို ကြုံဖူးထားသဖြင့် ဤကလေးများသည် စကားအများကြီး ပြောစရာမလိုဘဲ ငြိမ်သက်စွာ နေတတ်နေကြပြီ ဖြစ်သည်။

“ကပ္ပတိန်လင်း”

လီယီက လင်းရှန်အနားသို့ ချဉ်းကပ်ကာ သတင်းပို့သည်။

“ကပ္ပတိန်တို့ မရှိတုန်း ငရဲသားအဖွဲ့ဝင်တွေဆီကနေ အချက်အလက်အချို့ ထပ်ရတယ်။ အဓိကကတော့ စွမ်းအားရှင်တွေကို ပြန်ပေးဆွဲတဲ့အကြောင်းပါ။ သူတို့က အဲဒီလူတွေကို အဖွဲ့အစည်းတစ်ခုဆီ ရောင်းစားကြတာ… အရောင်းအဝယ်ကို ဒယ်အိုးတောင်ကြားဆိုတဲ့နေရာမှာ လုပ်ကြတာတဲ့… ဒါပေမဲ့ အဲဒီနေရာကို မြေပုံထဲမှာ ရှာမတွေ့ဘူး”

“ဒယ်အိုးတောင်ကြားလား... မြေမျက်နှာသွင်ပြင်နဲ့ ဆိုင်တဲ့ နာမည်ပဲ”

လင်းရှန်က ချက်ချင်း သတိထားမိလိုက်သည်။

“သူတို့ပြောပုံအရတော့ အဲဒီနေရာမှာ စွန့်ပစ်ထားတဲ့ ရေဒီယို တယ်လီစကုပ် အပြားကြီးတွေ အများကြီး ရှိသတဲ့။ ဒါကြောင့် အဲဒီလို ခေါ်တာပေါ့”

“ရေဒီယို တယ်လီစကုပ်တွေလား”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“အရင်က နက္ခတ်တာရာကြည့်တဲ့စခန်းတစ်ခု ဖြစ်ခဲ့ပုံရတယ်”

“လွယ်ပါတယ်”

ကီကီက သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ အမြန်ရှာဖွေလိုက်သည်။

“တွေ့ပြီ။ ပိုင်လုထန်း နက္ခတ်ကြည့်စခန်းပဲ။ ၂၀၅၆ မှာ ပိတ်ပစ်ခဲ့တယ်”

“စွန့်ပစ်ထားတာ ၁၃ နှစ်တောင် ရှိပြီပေါ့...”

“မြေပုံအရဆိုရင် သူတို့ရဲ့ လှုပ်ရှားမှုတွေက အဲဒီနေရာနဲ့ အတော်များများ ဆက်စပ်နေတယ်”

“သူတို့က သတ်မှတ်ထားတဲ့ အချိန်တွေမှာပဲ အဲဒီကို သွားကြတာကိုး”

လင်းရှန်က ကိုဩဒိနိတ်များကို စစ်ဆေးပြီး ပြောလိုက်သည်။

“အာခီစိုင်းက ဓားပြတွေကို ရှင်းပြီးတာနဲ့ အဲဒီနေရာကို သွားစစ်ဆေးဖို့ လိုမယ်”

လင်းရှန်လည်း သူလျစ်လျူရှုမိခဲ့ကြောင်း သိလိုက်ရသည်။ အချက်ပြနည်းပါးသော နေရာများသည် အရေးမကြီးဟု သူ ထင်ခဲ့မိခြင်း ဖြစ်သည်။ သို့သော် ဤအရောင်းအဝယ်လုပ်သော နေရာက သေချာပေါက် စူးစမ်းသင့်သော နေရာဖြစ်သည်။

လီယီက ခေါင်းညိတ်လိုက်သည်။

“ပြီးတော့ အရောင်းအဝယ်စျေးနှုန်းတွေအရဆိုရင် ဆင့်ကဲပြောင်းလဲထားတဲ့ လူတစ်ယောက်ကို အဆင့် ၁ သွေးပဲစေ့နှစ်ခုနဲ့ လဲလို့ရတယ်တဲ့။ စွမ်းအားရှင်တစ်ယောက်ဆိုရင် ငါးခု။ ရူးသွပ်သူအဆင့်ဆိုရင် အဲဒီရဲ့ ငါးဆ၊ ဖျက်ဆီးသာအဆင့်ဆိုရင် အဆနှစ်ဆယ်တဲ့”

“ဘာ”

ကီကီက ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြကာ မယုံနိုင်သလို မေးလိုက်သည်။

“ကျွန်မရဲ့ တန်ဖိုးက သွေးပဲစေ့ ၂၅ ခုတည်းလား”

“ဒီထက် ဆိုးနိုင်သေးတယ်။ အေးခဲ-အမှောင် ဆေးရည် နှစ်ပုလင်းခွဲဆိုလည်း မဆိုးပါဘူး”

လင်းရှန်က နောက်ပြောင်လိုက်သည်။

“ဟွန်း”

ကီကီက နှာခေါင်းရှုံ့လိုက်ပြီး “သူတို့ စမ်းကြည့်ချင်ရင်တော့ ရတယ်လေ”

လင်းရှန်၏ အကြည့်က ထက်မြက်သွားသည်။

“လူ ၂၀-၃၀ ပါတဲ့ ယာဉ်တန်းတစ်ခုကို လုယက်ရင် ပစ္စည်းနဲ့ သွေးပဲစေ့ နည်းနည်းပဲ ရမယ်။ ဒါပေမဲ့ လူကုန်ကူးတာက ဓားပြတွေအတွက် တစ်ခါတည်းနဲ့ သွေးပဲစေ့ ၁၀-၂၀ လောက် ရနိုင်တယ်။ အဆင့်မြင့်တဲ့လူတွေကို မဖမ်းနိုင်ရင်တောင် အသေးစားနဲ့ အလတ်စား ယာဉ်တန်းတွေ အများကြီး ရှိနေတာပဲ။ ဒါက ရိုးရိုးလုယက်တာထက် အများကြီး ပိုတွက်ခြေကိုက်တယ်”

လီယီက ထပ်ဖြည့်ပြောသည်။

“အဲဒီလောက်ရရင်ပဲ သူတို့ တစ်လလောက် စားလို့ရပြီ။ ဒါကြောင့် ဓားပြတွေက ဒီလောက် ရူးသွပ်နေကြတာပေါ့”

Chapter 567

ညဘက်ဆိုရင် ပြတင်းပေါက်တွေ ပိတ်ထားကြ ၂

“တခြား သတင်းရှိသေးလား” လင်းရှန်က မေးလိုက်သည်။

လီယီက ခေါင်းခါပြသည်။

“မရှိသေးဘူး။ အစ်ကိုကြီးတုံးကတော့ သူတို့ကို ဆက်ပြီး စစ်မေးနေတုန်းပဲတဲ့။ ဒါပေမဲ့ ခုနစ်ယောက်ထဲက တစ်ယောက်က သေသွားပြီ။ တခြားလူတွေဆီက သတင်းထပ်ရနိုင်မလားဆိုတာ သိရအောင် ရက်အနည်းငယ် ထပ်ထားလို့ရမလားလို့ သူက မေးနေတယ်”

“ထားလိုက်ပါ… သူတို့ကို ချုပ်ထားလိုက် ဒါပေမဲ့ မသေစေနဲ့ဦး”

လင်းရှန်က အေးစက်စွာ ပြောလိုက်သည်။

“သူတို့က အခု ငါတို့အတွက် ဘာမှ အသုံးမဝင်တော့ပေမဲ့ မလွတ်သွားစေနဲ့”

“နားလည်ပါပြီ”

လီယီက ထူးဆန်းသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ကီကီက လင်းရှန်ကို မျက်စောင်းထိုးလိုက်သည်။

“ရွံစရာကြီး”

“အဲဒီလို မပြောပါနဲ့”

လင်းရှန်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။

“သဘာဝတရားမှာ အရာအားလုံးက အပြန်အလှန် ရှိပါတယ်။ အမျိုးသမီးတွေကို စော်ကားတဲ့ အဲဒီလူယုတ်မာတွေအတွက် ဒါက ထိုက်တန်တဲ့ ကလဲ့စားချေမှု မဟုတ်ဘူးလား”

“ဒါ့အပြင်”

သူက ပြုံးလိုက်ပြီး

“ရန်သူတွေ ဒုက္ခရောက်ပြီး ငါတို့ မဟာမိတ်တွေ ပျော်ရရင် ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတာပဲ မဟုတ်လား”

“အီးးး”

ကီကီက မျက်နှာရှုံ့မဲ့သွားသည်။

“ကျွန်မကတော့ အဲဒီလိုမျိုး မဟာမိတ်မျိုးမှာ မပါချင်ဘူး”

လင်းရှန်က ရယ်လိုက်ပြီး လီယီဘက် လှည့်လိုက်သည်။

“ဒါနဲ့ လေပြင်းယဥ်တန်းကိုလည်း ဒါတွေ အသိပေးထားလိုက်ဦး”

လေပြင်းယဥ်တန်းသည် လုယက်ခံခဲ့ရသော မီနီဘတ်စ်မှ အဖွဲ့ဖြစ်ပြီး ပေါင်းစည်းရထား၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်ထားသည်။ လင်းရှန်က သူတို့ကို ကန္တာရပုရွက်ဆိတ်များအကြောင်း အသိပေးထားပြီး ဖြစ်သဖြင့် သူတို့လည်း ကိုယ်ပိုင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

“နားလည်ပါပြီ”

လီယီက လင်းရှန်ကို ခေါင်းညိတ်ပြကာ ချက်ချင်း ထွက်သွားသည်။

ညရောက်ခါနီးတွင် ရိက္ခာများကို ယာဉ်တန်းအနှံ့ ဝေငှပေးခဲ့သည်။ ရေရိက္ခာမှာတော့ နည်းပါးနေသဖြင့် တစ်ပုလင်းကို နှစ်ရက်စာ သုံးစွဲနေရသည်။ လူတိုင်းကလည်း ဖိအားများကို သိရှိနေကြသည်။

တွဲတိုင်းတွင် ပြတင်းပေါက်များကို ပိတ်ဆို့ပြီး လုံအောင် ဖုံးအုပ်ထားကြသည်။ အတွင်းပိုင်းတွင် တင်းမာသော အခြေအနေတစ်ခု ဖြစ်ပေါ်နေသည်။

လင်းရှန်သည် တွဲများကြားရှိ တံခါးများကို ကိုယ်တိုင်ပိတ်လိုက်သည်။ ထို့နောက် သူနှင့် ချန်ဆီရွှမ်တို့က ဦးခန်းသို့ သွားကာ ပြတင်းပေါက်မှတစ်ဆင့် မှောင်စပြုနေသော ဂိုဘီကန္တာရကို စောင့်ကြည့်နေကြသည်။

ရှဲ ရှဲ—

လူသူမရှိသော ကန္တာရတွင် လေတိုက်သံနှင့် သဲများ လွင့်ပါလာသော အသံမှလွဲ၍ ဘာမှ မရှိပေ။ သဲပွင့်လေးများက ရထားတွဲများနှင့် ခေါင်းခန်းမှန်များကို လာရောက်ထိမှန်သဖြင့် အက်ရှသော အသံများ ထွက်ပေါ်နေသည်။

လင်းရှန်နှင့် ချန်ဆီရွှမ်တို့က တစ်ဖက်တစ်ချက်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး အမှောင်ကျလာသည်ကို စောင့်ဆိုင်းနေကြသည်။ ဆက်သွယ်ရေးလိုင်းများတွင်လည်း အားလုံး တိတ်ဆိတ်နေပြီး နာရီကိုသာ စောင့်ကြည့်နေကြသည်။

“ကျိအန်းမြို့ကနေ ငါတို့ ပထမဆုံး စထွက်လာတုန်းက မှတ်မိလား။ အခုလိုပဲ ညရောက်မှာကို စောင့်နေခဲ့ကြတာလေ”

လင်းရှန်က ချန်ဆီရွှမ်၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။

ထိုစဉ်က ချန်ဆီရွှမ်မှာ အားကိုးရာမဲ့နေသော တက္ကသိုလ်ဆရာမတစ်ဦး ဖြစ်ခဲ့ပြီး လင်းရှန်ပေးသော ပေါင်မုန့်ကို ဆုပ်ကိုင်ကာ ခေါင်းခန်းစင်္ကြံထောင့်တွင် ပုန်းနေခဲ့ရသည်။ လင်းရှန်ကတော့ အပြင်ဘက်မှ ဖုတ်ကောင်များကို ဓားတစ်ချောင်းနှင့် စောင့်ကြည့်နေခဲ့ရခြင်း ဖြစ်သည်။

ချန်ဆီရွှမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ပြန်ကြည့်လိုက်သည်။

“အမှောင်အမှတ်အသားမရှိပေမဲ့ ဒီလို ဟာလာဟင်းလင်းဖြစ်နေတဲ့ နေရာကြီးမှာ ကျွန်မစိတ်မအေးနိုင်ဘူး”

သူမ၏ အကြည့်က စွန့်ပစ်နယ်မြေကို ရောက်ရှိနေသည်။

ကမ္ဘာကြီးက ကျယ်ပြောလွန်းပြီး မိုးကုတ်စက်ဝိုင်းက ဝေးလံလွန်းနေသည်။ သို့သော် ထိုဟာလာဟင်းလင်းဖြစ်နေသော နေရာကြီးထဲတွင် တစ်စုံတစ်ခုနှင့် ပြည့်နှက်နေသလို ခံစားနေရပြီး အသက်ရှူရ ကျပ်နေသလိုပင်၊၊

လင်းရှန်က မြေပြင်ကို စေ့စေ့ကြည့်လိုက်ပြီး အသက်ရှူသံကို နှေးလိုက်သည်။

တီ တီ။

လက်ပတ်နာရီမှ ထွက်ပေါ်လာသော တိုးညင်းသောအသံက တွဲအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ သိမ်မွေ့သော်လည်း သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ထိုအသံက အလွန်ပင် ကျယ်လောင်နေသည်။

“ညရောက်ပြီ”

ဝူး—

ဒီရေလှိုင်းကဲ့သို့သော အလင်းတန်းတစ်ခုက ကောင်းကင်ယံကို ဖြတ်ကျော်သွားပြီး မြေပြင်ပေါ်သို့ အမှောင်ကန့်လန့်ကာကို ဆွဲချလိုက်သည်။

နောက်တစ်စက္ကန့်တွင် ကမ္ဘာကြီးက မှောင်အတိကျသွားတော့သည်။

နေမဝင်သေးသော်လည်း အနောက်ဂိုဘီ တစ်ခုလုံးက အချိန်မတိုင်မီ မှောင်မိုက်သွားခြင်း ဖြစ်သည်။

ကြယ်တာရာများပင်လျှင် ထူထပ်သော မြူနှင်းများအောက်တွင် ပျောက်ကွယ်နေပုံရသည်။

မြေပြင်တစ်ခုလုံး တိတ်ဆိတ်နေသည်။

လူတိုင်း အသက်အောင့်ထားမိကြသည်။

လင်းရှန်နှင့် ချန်ဆီရွှမ်တို့ ထိုင်နေကြစဉ် သူတို့၏ နှလုံးခုန်သံကိုသာ ကြားနေရသည်။

ရုတ်တရက် လေတိုက်သံ ပြင်းလာပြီး တစ်ဖြောက်ဖြောက်မြည်သံတစ်ခု ထွက်ပေါ်လာသည်။

“မိုးရွာနေတာလား” လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“မဟုတ်ဘူး”

ချန်ဆီရွှမ်က ခေါင်းခန်းပြတင်းပေါက် အပြင်ဘက်ရှိ အမှောင်ထုကို စိုက်ကြည့်ရင်း လေးနက်သောအမူယာဖြင့် ပြောလိုက်သည်။

“မြေကြီးပေါ်က အသံပဲ”

နေထိုင်ရာ တွဲများတွင် မီးများ ပိတ်ထားသည်မှာ ကြာပြီဖြစ်သည်။ ကလေးများအားလုံး အသက်အောင့်ထားကာ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြပြီး အသံမထွက်ဝံ့ကြပေ။

ရှောင်ယွမ် ခေါင်းအုံးပေါ်တွင် လဲလျောင်းရင်း လိုက်ကာကြားမှ အပြင်ဘက် မိုးကုတ်စက်ဝိုင်းကို ချောင်းကြည့်နေသည်။

မိုးရွာသံက ပို၍ ကျယ်လောင်လာပြီး တဖြည်းဖြည်းနှင့် သည်းထန်သော မိုးသံကဲ့သို့ ဖြစ်လာသည်။ သို့သော် ပြတင်းပေါက်မှန်ပေါ်တွင် မိုးရေစက် တစ်စက်မှ မတွေ့ရပေ။

သူမက မျက်လုံးပြူးကာ စေ့စေ့ကြည့်နေစဉ်မှာပင် ထူးဆန်းသော ပိုးကောင်လေးတစ်ကောင်က မှန်အပြင်ဘက်တွင် ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။

၎င်းက ပင့်ကူလေးတစ်ကောင်ကဲ့သို့ အမြီးရှည်ကြီးကို ဆွဲကာ အလျင်အမြန် လှုပ်ရှားနေသည်။ သူမ၏ လက်မခန့်သာ ရှိသော်လည်း ပုံစံကို တိတိကျကျ မသိရပေ။

သူမ သိလိုက်ရသည်မှာ ထိုသတ္တဝါသည် တွန့်လိမ်နေပြီး ပြတင်းပေါက်ပေါ်တွင် ကြောက်စရာကောင်းသော အရှိန်ဖြင့် တွားသွားနေခြင်း ဖြစ်သည်။

လန့်သွားသဖြင့် ရှောင်ယွမ် ပုခုံးများတွန့်ကာ နောက်သို့ ဆုတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ထိုအနက်ရောင် ပိုးကောင်များမှာ ပြတင်းပေါက်ပေါ်တွင် ပို၍ များပြားလာပြီး တဖြည်းဖြည်း ထူထပ်လာသည်။

မိုးရွာသံကဲ့သို့သော အသံကလည်း ပို၍ ပြင်းထန်လာပြီး သည်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်လာသည်။

ဝူး—ဝူး—ဝူး။

ခဏအတွင်းမှာပင် ပူးပေါင်းရထားတန်း အပြင်ဘက်ရှိ ကမ္ဘာတစ်ခုလုံးမှာ ထိုထူးဆန်းသော အသံများဖြင့် ဖုံးလွှမ်းသွားသည်။ သဲမုန်တိုင်းတစ်ခုက ရထားတွဲများကို ရိုက်ခတ်နေသကဲ့သို့ ဖြစ်နေသည်။

ထိုအသံက အခြားအသံအားလုံးကို ဝါးမြိုသွားသည်။

အနန္တရထား၏ ဦးခန်းအတွင်းတွင် လင်းရှန်နှင့် ချန်ဆီရွှမ်တို့မှာ ရှေ့မှန်တစ်ခုလုံး အနက်ရောင် ပိုးကောင်များဖြင့် ဖုံးလွှမ်းသွားသည်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

သူတို့နှစ်ဦးစလုံး အလိုအလျောက် မတ်တတ်ရပ်လိုက်ပြီး နောက်သို့ ဆုတ်လိုက်ကြသည်။

ထိုအချိန်တွင် အလင်းရောင်အားလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

ရထားတွဲတစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။

ကန္တာရပုရွက်ဆိတ်များ ရွှေ့ပြောင်းခြင်း။

၁၅ ကီလိုမီတာ ရှည်လျားသော ရထားကြီးပေါ်တွင် မွန်းကျပ်ဖွယ်ကောင်းသော ခံစားချက်ကြီး ဖုံးလွှမ်းနေသည်။

မည်သူမျှ အလင်းရောင် အစအနလေးကိုပင် မမြင်ရပေ။

မိုးသံကဲ့သို့သော အသံများက ရထား၏ ဘေးဘက်များ၊ အပေါ်ယံနှင့် အောက်ခြေများအထိ ပဲ့တင်ထပ်နေပြီး ကမ္ဘာပေါ်တွင် ဤအသံတစ်ခုတည်းသာ ကျန်တော့သလို ခံစားရသည်။

လူတိုင်း နှလုံးခုန်သံများ မြန်လာကြသည်။

အချို့က လက်ရန်းများနှင့် လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသော်လည်း မည်သူမျှ မလှုပ်ရှားဝံ့ကြပေ။

ဤမှောင်အတိကျနေသော အခြေအနေတွင် သူတို့ လုပ်နိုင်သည်မှာ တစ်ခုတည်းသာ ရှိသည်။ ဆုတောင်းခြင်း ဖြစ်သည်။

တွဲထဲကို ဘာမှ ဝင်မလာပါစေနဲ့။

နံပါတ် ၂ တွဲတွင် ကီကီနှင့် ရှားရှားတို့ တစ်ယောက်ကိုတစ်ယောက် ဖက်ကာ နားကို ပိတ်ထားကြသည်။

ကီကီကလည်း အမှောင်ထဲတွင် ထိုအသားစား ပိုးကောင်များ သူတို့အပေါ် တက်မလာစေရန် စိတ်စွမ်းအား ဒိုင်းကာတစ်ခုကို သူတို့ပတ်ပတ်လည်တွင် ပြုလုပ်ထားသည်။

တစ်ချိန်တည်းမှာပင် လင်းရှန်၏ မျက်နှာက မည်းမှောင်နေသည်၊၊

သူက ယန္တရားနှလုံးသားကို အသုံးပြုကာ အနန္တရထား၏ သံမဏိတည်ဆောက်ပုံတွင် အားနည်းချက် ရှိမရှိကို အသည်းအသန် စကင်ဖတ်နေသည်။

သို့သော် သူ စစ်ဆေးလေလေ ပို၍ ရှင်းလင်းလာလေလေ ဖြစ်သည်။

သူတို့အပေါ်တွင် ထူးဆန်းသည့် သက်ရှိသန်းပေါင်းများစွာ တွားသွားနေသကဲ့သို့ ခံစားနေရသည်။

သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။

ဤအသက်ရှူကျပ်စရာ အိပ်မက်ဆိုးကြီးမှာ နှစ်နာရီကြာအောင် တည်ရှိနေခဲ့ပြီးနောက်မှ သည်းထန်သော မိုးသံမှာ တဖြည်းဖြည်း လျော့နည်းသွားပြီး ပျောက်ကွယ်သွားသည်။

ကန္တရာပုရွက်ဆိတ်များ ဖုံးလွှမ်းနေသော ပြတင်းပေါက်များမှာလည်း တဖြည်းဖြည်း ပြန်လည် ရှင်းလင်းလာပြီး ကြယ်အလင်းရောင်နှင့် မိုးကုတ်စက်ဝိုင်း၏ ပုံရိပ်ကို ပြန်မြင်ရသည်။

All Chapters