အခန်း (၅၇၀-၅၇၁)
Vol. 35 Ch. 570-571
Chapter 570
ညအချိန်ပြင်ဆင်မှုများ ၂
“မနက်ဖြန် သူတို့ ပေါ်မလာရင်တောင် ငါက တိုက်ခိုက်ရေးအဖွဲ့တွေ ဖွဲ့ပြီး သူတို့ကို တစ်ဖွဲ့ချင်းစီ လိုက်ရှင်းမယ်”
ဓားပြများကို ရှင်းလင်းခြင်းက ပူးပေါင်းရထားယာဥ်တန်းအတွက် လမ်းပွင့်သွားစေမည့်အပြင် ကန္တာရကို ဖြတ်ကျော်ရန် လိုအပ်သော ရိက္ခာများကိုလည်း ရရှိစေမည်ဖြစ်သည်၊၊
ကံကောင်းလျှင် ဖမ်းဆီးခံထားရသည့် စွမ်းအားရှင်များ၏ သတင်းအစအနများကိုပါ ရရှိနိုင်ပေလိမ့်မည်၊၊
“ကောင်းပြီလေ လင်းရှန်”
ရှီတိယွမ်က တက်ကြွသောအသံဖြင့် ပြောသည်၊၊
“ငါတို့ မင်းရဲ့ အစီအစဉ်အတိုင်း လိုက်မယ်၊၊ ဒါပေမဲ့ စွန့်ပစ်နယ်မြေကတော့ ငါ့ကို စိုးရိမ်စေတယ်၊၊ အဲဒီကောင်တွေက စွန့်ပစ်နယ်မြေရဲ့ ခံစစ်ကောင်းတဲ့ နေရာတွေထဲမှာ ပုန်းနေရင် ငါတို့က ကွင်းပြင်ထဲမှာ အပစ်ခံရမှာပဲ”
“အဲဒါကို ကျုပ်စဉ်းစားပြီးသားပါ”
လင်းရှန်က အနန္တရထားပေါ်တွင် တည်ငြိမ်စွာ ပြောလိုက်သည်၊၊
“ဒါကြောင့်မို့... ကျုပ်မှာ နည်းနည်း ရူးသွပ်တဲ့ အစီအစဉ်တစ်ခု ရှိတယ်”
ရူးသွပ်တဲ့ အစီအစဉ် ဟုတ်လား၊၊
ထိုစကားကြောင့် ယာဉ်တန်းခေါင်းဆောင်တိုင်း အနည်းငယ် တုန်လှုပ်သွားကြသည်၊၊
နောက်တစ်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်၊၊
ကောင်းကင်မှာ မှောင်နေဆဲပင် ဖြစ်သည်၊၊
တွက်ချက်မှုများအရ နေမထွက်မီ ၉ နာရီ ၁၅ မိနစ်ခန့်အထိ စောင့်ရဦးမည်ဖြစ်သော်လည်း အာခီစိုင်းမြို့အတွင်းရှိ အသက်ရှင်ကျန်ရစ်သူယာဉ်တန်းများစွာမှာ မီးများကို ဖွင့်ထားကြပြီ ဖြစ်သည်၊၊
အင်ဂျင်သံများ ဟိန်းထွက်လာပြီး ယာဉ်တန်းများမှာ အရှေ့ဘက်ဂိတ်ဆီသို့ ဦးတည်ကာ မိုင်ပေါင်းတစ်ရာခရီးကို စတင်ခဲ့ကြသည်၊၊
မြွေတောင်ကြားကို ဖြတ်ကျော်ပြီးနောက် သူတို့သည် ကျယ်ပြောလှသော စွန့်ပစ်နယ်မြေထဲသို့ ရောက်ရှိကြမည် ဖြစ်သည်၊၊
မှောင်မိုက်နေသော ကွင်းပြင်ကျယ်ကြီးထဲတွင် ယာဉ်မီးတန်းများမှာ လင်းလက်နေသော ဖဲကြိုးများကဲ့သို့ ရှည်လျားစွာ တန်းစီနေပြီး ဖုန်လုံးကြီးများကို တက်စေလျက် တင်းမာသော အခြေအနေတွင် တရွေ့ရွေ့ ချီတက်နေကြသည်၊၊
အချို့ယာဉ်တန်းများမှာ သုံးဖွဲ့၊ ငါးဖွဲ့ စုပေါင်းကာ မဟာမိတ်ဖွဲ့ထားကြပြီး အချို့မှာမူ ရိက္ခာများ အပြည့်တင်ဆောင်ကာ မြွေတောင်ကြားဆီသို့ အတူတူ ဦးတည်နေကြသည်၊၊
နေထွက်ခါနီးအချိန်တွင် မြို့မှာ ဟာလာဟင်းလင်းဖြစ်နေပြီ ဖြစ်သည်၊၊ အာရုဏ်ဦးယာဉ်တန်းနှင့် အာခီစိုင်းညီနောင်များအဖွဲ့၏ စခန်းများသာ မီးများလင်းလျက် ကျန်ရှိနေတော့သည်၊၊
နှင်းဆီနက်ဘားအပြင်ဘက်ရှိ ကွင်းပြင်တွင် ရာနှင့်ချီသော ထရပ်ကားများကို စနစ်တကျရပ်ထားသည်၊၊
ယာဉ်များမှာ လက်နက်ခဲယမ်းနှင့် ရိက္ခာများ အပြည့်ရှိနေသည်၊၊
ဟူလုရှို့၏ ယာဉ်တန်းမှ အဖွဲ့ဝင်တစ်ရာကျော်သည် ယူနီဖောင်းများ ဝတ်ဆင်ကာ တန်းစီနေကြသည်၊၊ ဆန်းချန်၏ ကွပ်ကဲမှုအောက်တွင် စွမ်းအားမြှင့်ဝတ်စုံများ ဝတ်ဆင်ထားသည့် အထူးအဖွဲ့လည်း ပါဝင်သည်၊၊
ဘားအတွင်း၌ ဟုလုရှို့သည် ကျည်ကာအင်္ကျီ နှစ်ထပ်ဝတ်ကာ ကောင်တာတွင် တစ်ယောက်တည်း ထိုင်နေသည်၊၊
သူသည် အားမလိုအားမရ ဖြစ်နေသော မျက်နှာအမူယာဖြင့် မှန်ထဲရှိ ပုံရိပ်ကို ကြည့်ကာ ရေရွတ်နေသည်-
“ဟူလုရှို့ ဟူလုရှို့... မင်းမိဘတွေက မင်းကို ဘုန်းကံကြီးပြီး သက်ရှည်ကျန်းမာပါစေဆိုပြီး ဒီနာမည် ပေးထားတာ… ဒါကြောင့် ဒီနေ့တော့ မင်းရဲ့ အသက်ကို ဆက်ထိန်းသိမ်းထားရမယ်နော် ဟုတ်ပြီလား”
သူ စကားပြောနေရင်း သူ၏ အကြည့်မှာ မြေအောက်ခန်းတံခါးဆီသို့ ရောက်သွားပြီး မျက်ဝန်းများမှာ လေးနက်သွားသည်၊၊
ထိုစဉ် အပြင်ဘက်မှ အင်ဂျင်သံတစ်ခုကြားလိုက်ရသည်၊၊
ဘားတံခါး ပွင့်သွားပြီး အာရုဏ်ဦးယာဉ်တန်းခေါင်းဆောင် လုကျောက်နှင့် အာခီစိုင်းညီနောင်များအဖွဲ့မှ ရှဲ့ကွမ်းတို့ ဝင်လာကြသည်၊၊
ဟူလုရှို့ တစ်ယောက်တည်း ထိုင်နေသည်ကို မြင်သောအခါ လုကျောက်က ချက်ချင်း ပြောလိုက်သည်-
“သူဌေးဟူ ယာဉ်တန်းအများစု ထွက်သွားကုန်ပြီ၊၊ ငါတို့လည်း ထွက်သင့်ပြီ မဟုတ်လား”
“ငါတို့ လူတွေလည်း အဆင်သင့်ဖြစ်နေပြီ”
ရှဲ့ကွမ်းက လေးနက်စွာ ထပ်ပြောသည်၊၊
“အင်း... အချိန်ကျပြီလား”
ဟူလုရှို့က ရွှေရောင်အိပ်ဆောင်နာရီကို ထုတ်ကြည့်လိုက်ပြီး မော့ကြည့်ကာ-
“ဒါနဲ့ ဝူတာဖန်း ဘယ်မှာလဲ”
“ငါ သူ့ကို ဆက်သွယ်ဖို့ ကြိုးစားနေတာ ဘာအသံမှ ပြန်မလာဘူး”
လုကျောက်က ပြောသည်၊၊
“သူတို့ ယာဉ်တန်းက မြို့အနောက်ဘက်မှာ ရပ်ထားတုန်းပဲ… ငါ တွေ့ခဲ့တယ်”
ရှဲ့ကွမ်းက ဝင်ပြောသည်၊၊
“အိပ်နေတာလား… ဘာလား”
လုကျောက်က မကျေမချမ်းပြောလိုက်သည်၊၊
“ဘာမှ အကြောင်းမပြန်ဘူးလား”
ဟူလုရှို့ မျက်နှာပျက်သွားသည်၊၊ သူ ချက်ချင်းပင် ဆက်သွယ်ရေးစက်ကို နှိပ်လိုက်သည်၊၊
“ကပ္ပတိန်ဝူ ကပ္ပတိန်ဝူ”
“တစ်ခုခုတော့ မှားနေပြီ”
လုကျောက်က တင်းမာသောအမူယာဖြင့် ပြောလိုက်သည်၊၊
“ငါ လူလွှတ်ပြီး စစ်ခိုင်းလိုက်မယ်၊၊ အဲဒီမြေခွေးအိုကြီးက ပုံမှန်ဆို အရမ်းသတိကြီးပါတယ်၊၊ တစ်ခုခုဖြစ်နေတာ သေချာတယ်”
သူသည် စိုးရိမ်တကြီးဖြင့် ဟူလုရှို့ဘက် လှည့်လိုက်သည်၊၊
“ပြီးတော့ မင်း… မင်းမှာ လျှို့ဝှက်ထွက်ပေါက်ရှိတယ်ဆိုပြီး ဘာလို့ မပြောသေးတာလဲ… တခြားယာဉ်တန်းတွေ သိသွားမှာ ကြောက်လို့လား”
ဟူလုရှို့က ချောင်းတစ်ချက်ဟန့်ကာ-
“သိပ်ပြီး လျှို့ဝှက်တာမျိုးတော့ မဟုတ်ပါဘူး... ငါတို့ မြောက်ပိုင်း ရထားလမ်းအတိုင်း သွားဖို့ စီစဉ်ထားတယ်”
“ရထားလမ်းလား”
လုကျောက်နှင့် ရှဲ့ကွမ်းတို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်၊၊
“ဘာလို့လဲ” လုကျောက်က မေးလိုက်သည်၊၊
“ရထားလမ်းအတိုင်း သွားတာကလည်း အဓိပ္ပာယ်ရှိပါတယ်”
ရှဲ့ကွမ်းက အကျိုးအကြောင်း စဉ်းစားကာ အမြန်ပြောလိုက်သည်၊၊
“ရထားလမ်းအတိုင်း သွားရင် ကန္တာရထဲမှာ လမ်းမပျောက်နိုင်ဘူး၊၊ ကျောက်ခဲတွေ များပေမဲ့ ဦးတည်ရာမဲ့သွားနေတာထက်စာရင် ပိုကောင်းပါတယ်၊၊
ပြီးတော့ အခုချိန်မှာ ရထားလမ်းကို သုံးတဲ့သူ သိပ်မရှိတော့… ဓားပြတွေလည်း အဲဒီဘက်ကို သတိမထားလောက်ဘူး”
သူက တွေးလေ စိတ်လှုပ်ရှားလေ ဖြစ်နေသော်လည်း လုကျောက်ကမူ သံသယများဖြင့် ကြည့်နေဆဲ ဖြစ်သည်၊၊
“အင်း အဲဒါကတော့ ဟုတ်ပါတယ်၊၊ ဒါပေမဲ့ သူဌေးဟူ… မင်း ကလျှို့ဝှက်လမ်းဆိုပြီး ပြောနေတာ ဒါပဲလား၊၊ ရထားလမ်းအတိုင်း လိုက်သွားဖို့ပဲလား”
ရထားလမ်းအတိုင်း သွားခြင်းက လမ်းမပျောက်သော်လည်း...
၎င်းမှာ လမ်းကောင်းကောင်း မရှိခြင်းကိုလည်း ဆိုလိုသည်၊၊
ကန္တာရမှာ ကျယ်ပြောသော်လည်း မောင်းရလွယ်ကူသည်ဟု မဆိုလိုပေ၊၊
ကျောက်ဆောင်များနှင့် သဲမုန်တိုင်းများကြောင့် အသက်ရှင်ကျန်ရစ်သူများ၏ ပြုပြင်ထားသော ယာဉ်များမှာ ကြမ်းတမ်းသောလမ်းများကို မောင်းနိုင်သော်လည်း ကီလိုမီတာထောင်ချီသော ကန္တာရကို ဖြတ်ကျော်ရန်မှာ လမ်းမကြီးပေါ်တွင် မောင်းခြင်းထက် ပို၍ နှေးကွေးပေလိမ့်မည်၊၊
“မဟုတ်ဘူး မဟုတ်ဘူး”
ဟူလုရှို့က ချောင်းဟန့်ရင်း ပြောလိုက်သည်၊၊
“ရထားလမ်းအတိုင်း သွားတာက လမ်းကြောင့်တင် မဟုတ်ဘူး၊၊
နောက်ထပ် အကြောင်းပြချက် အကြီးကြီးတစ်ခု ရှိသေးတယ်”
“ဘာအကြောင်းပြချက်လဲ”
ဒိုင်း ဒိုင်း ဒိုင်း၊၊
သူ မရှင်းပြနိုင်ခင်မှာပင် မြို့ထဲတစ်နေရာမှ သေနတ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်၊၊
ဟူလုရှို့၏ မျက်နှာ ချက်ချင်းပင် ဖြူဆုတ်သွားသည်၊၊
“ဒုက္ခတော့ ရောက်ပြီ...”
သူ တိုးတိုးလေး ရေရွတ်လိုက်သည်၊၊
လုကျောက်နှင့် ရှဲ့ကွမ်းတို့လည်း သေနတ်သံကြောင့် ချက်ချင်း တင်းမာသွားကြသည်၊၊
သူတို့ နှစ်ယောက်လုံး တွန့်ဆုတ်မနေဘဲ နှင်းဆီနက်ဘားထဲမှ ဝုန်းကနဲ ပြေးထွက်သွားကြသည်၊၊
သူတို့ကို ကြည့်ရင်း ဟူလုရှို့ သက်ပြင်းချကာ-
“မင်းတို့ မကြာခင် အဲဒီအကြောင်းပြချက်ကို သိရတော့မှာပါ...”
မှောင်မိုက်နေသော မြို့အတွင်း သေနတ်သံများ စူးရှစွာ ထွက်ပေါ်လာပြီး လမ်းမပေါ်တွင် ရှိနေသေးသော အသက်ရှင်ကျန်ရစ်သူများကို ထိတ်လန့်သွားစေသည်၊၊
လုကျောက် အပြင်သို့ ခြေတစ်လှမ်း ချလိုက်ရုံရှိသေး စက်မှ အလန့်တကြား အော်သံတစ်ခု ထွက်လာသည်၊၊
“ခေါင်းဆောင်လု…သေစမ်း… ဝူတာဖန်းရဲ့ ယာဉ်တန်းက ကျနော်တို့ကို ပစ်နေတယ်”
“ဘာ”
လုကျောက် အံ့အားသင့်သွားသည်၊၊ သူ ချက်ချင်းပင် ခလုတ်ကို နှိပ်လိုက်သည်၊၊
“ဝူတာဖန်း…မင်း ဘာတွေ လုပ်နေတာလဲ”
ဘာမှ အကြောင်းမပြန်ပေ၊၊
“မကောင်းတော့ဘူး”
ရှဲ့ကွမ်းက နားကြပ်ကို ဖိကာ အော်ပြောသည်၊၊
“ငါတို့ ကင်းထောက်တွေက မြောက်ဘက်ကနေလာတဲ့ ဓားပြယာဉ်တန်းကြီးကို တွေ့တယ်တဲ့… ကားပေါ်က ဆေးရောင်တွေအရ ကန္တာရဓားပြတွေပဲ”
“ခေါင်းဆောင် ခေါင်းဆောင်”
အာရုဏ်ဦးယာဉ်တန်း၏ ကင်းထောက်အဖွဲ့မှ နောက်ထပ် အရေးပေါ် အစီရင်ခံစာတစ်ခု ရောက်လာပြန်သည်၊၊
“တောင်ဘက် ဆင်ခြေဖုံး လမ်မီတောင်ကုန်းနားမှာ ဓားပြတွေကို တွေ့နေရတယ်”
“ဖာ့ခ်…သေစမ်း”
လုကျောက် ဆဲလိုက်မိသည်၊၊
ဒီဓားပြတွေက အချိန်ကို ဘယ်လိုများ တိတိကျကျ တွက်ထားကြတာလဲ၊၊
လုကျောက်နှင့် ရှဲ့ကွမ်းတို့မှာ ဘားတံခါးကို ပြန်ကန်ဖွင့်ကာ ဟူလုရှို့ကို အော်ပြောလိုက်သည်၊၊
“သူဌေးဟူ… ငါတို့ အဝိုင်းခံလိုက်ရပြီ၊၊ အခု ထွက်မှဖြစ်မယ်”
“ဆုတ်ခွာဖို့ လမ်းမရှိတော့ဘူး”
ဆန်းချန်က ဘားထဲသို့ တည်ငြိမ်စွာ ဝင်လာသည်၊၊
Chapter 571
ကန္တာရဓားပြများ မြို့ကို ဝိုင်းရံခြင်း ၁
“မြွေတောင်ကြားက ဓားပြယာဉ် အစီးတစ်ရာကျော် ဝင်လာနေပြီ၊၊ ယာဉ်တန်းသေးနှစ်ခုက ဖောက်ထွက်ဖို့ ကြိုးစားပေမဲ့ ချက်ချင်း ချေမှုန်းခံလိုက်ရတယ်၊၊
ငါတို့ ပိတ်မိနေပြီ၊၊ မြို့ထဲကပဲ ခုခံရတော့မယ်”
“ပတ်ပတ်လည်က အဝိုင်းခံရတာလား”
ရှဲ့ကွမ်း မယုံနိုင်ဘဲ မျက်လုံးအပြူးသား ဖြစ်သွားသည်၊၊
“အနောက်ဘက်ပါ ပိတ်သွားတာလား”
“ဝူတာဖန်းရဲ့ လူတွေက ငါတို့ကို ပစ်နေတယ်၊၊ အဲဒါ ဘာကိုဆိုလိုတာလဲ”
လုကျောက်က ဒေါသတကြီး အော်လိုက်သည်၊၊
“အဲဒီကောင်က ငါတို့ကို ရောင်းစားလိုက်တာပဲ… အခု ငါတို့ ထွက်မရတော့ဘူး”
“သူက ငါတို့ကို ရောင်းစားတာ မဟုတ်ဘူး၊၊ သူက အစကတည်းက ဓားပြပဲ...”
ဟူလုရှို့က နောင်တရစွာဖြင့် သူ၏မျက်နှာကို လက်နှင့်ပွတ်ရင်း ပြောလိုက်သည်၊၊
“ဖာ့ခ်… ငါ လူပေါင်းစုံကို တွေ့ဖူးတယ်၊၊ ဒါပေမဲ့ ကိုယ့်စခန်းထဲက မြွေကိုတော့ မမှတ်မိခဲ့ဘူး”
“ဓားပြတွေက နဖူးမှာ စာကပ်ထားတာ မဟုတ်ဘူးလေ”
ဆန်းချန်က အေးအေးဆေးဆေး ပြောသည်၊၊
“လုံခြုံရေးယာဉ်တန်းရဲ့ ပစ္စည်းကိရိယာတွေက သေသပ်ပြီး ပညာရှင်ဆန်တယ်၊၊ သူတို့ကိုယ်တိုင် မဖော်ထုတ်သရွေ့ ဘယ်သူမှ သံသယဝင်မှာ မဟုတ်ဘူး”
“သေစမ်း.. အခုမှ အဲဒါတွေ ပြောနေလို့ ဘာထူးမှာလဲ၊၊ လက်နက်တွေ ပြင်ကြ၊၊ ငါတို့ တိုက်ပြီး ထွက်မယ်”
လုကျောက်က အော်လိုက်သည်၊၊
“ငါတို့ လွတ်မှာ မဟုတ်ဘူး”
ရှဲ့ကွမ်းက ခေါင်းခါလိုက်သည်၊၊
“သူတို့က အဆင်သင့် စောင့်နေကြတာပဲ၊၊ တကယ်လို့ ငါတို့ ဖောက်ထွက်ဖို့ ကြိုးစားရင် သူတို့က ကန္တာရထဲအထိ လိုက်ပြီး ငါတို့ကို တစ်ယောက်မကျန် သတ်ပစ်ကြလိမ့်မယ်”
“ဒါဆို မင်းက ဘာလုပ်စေချင်လဲ”
“မြို့ထဲက ခုခံမယ်”
ဆန်းချန်၏ တည်ငြိမ်သော အသံက ပျာယာခတ်နေမှုများကို ရပ်တန့်စေလိုက်သည်၊၊
“ရှဲ့ကွမ်း ပြောတာ မှန်တယ်၊၊ မြို့ထဲမှာ တိုက်ရရင် ငါတို့မှာ အခွင့်အရေး ရှိသေးတယ်၊၊ အခု ထွက်ပြေးတာကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ”
“ဟုတ်တယ်”
ရှဲ့ကွမ်းက ထပ်ပြောသည်၊၊
“နေထွက်လာရင် တခြားယာဉ်တန်းတွေက တိုက်ပွဲကို မြင်ရလိမ့်မယ်၊၊ ဓားပြတွေက ဒီမှာ အကြာကြီး စခန်းချနေလို့ မရဘူး”
“တခြားလူတွေက ငါတို့ကို လာကယ်မယ်လို့ မင်း တကယ်ယုံနေတာလား”
လုကျောက်က နှာခေါင်းရှုံ့လိုက်သည်၊၊
“ထားလိုက်တော့၊၊ ဝူတာဖန်းက ဓားပြပဲဆိုတာ အားလုံးကို သတိပေးလိုက်”
လုကျောက်သည် ဘားထဲမှ ပြေးထွက်သွားပြီး ရှဲ့ကွမ်းလည်း နောက်က လိုက်သွားသည်၊၊ သူတို့နှစ်ယောက်လုံး အဖွဲ့ကို စုစည်းပြီး ခံစစ်ပြင်ရန် အပြေးအလွှား သွားကြသည်၊၊
“ကွင်းပြင်ပတ်ပတ်လည်မှာ ခံစစ်တွေ ပြင်ပြီးပြီ၊၊ အမြင့်ပိုင်းတွေနဲ့ ပစ်ကွင်းတွေကိုလည်း နေရာယူထားပြီးပြီ”
ဆန်းချန်က ဟူလုရှို့ကို အစီရင်ခံလိုက်သည်၊၊
“ရန်သူ့အင်အားက စုစုပေါင်း ခုနစ်ရာကနေ ရှစ်ရာလောက် ရှိနိုင်တယ်”
သူမက ဆက်ပြောသည်-
“သူတို့ နေရာယူထားပုံအရဆိုရင် ကင်းမြီးကောက်အိုကြီးနဲ့ လင်းယုန်နီတို့ကိုယ်တိုင် ဒီမှာ ရှိနေနိုင်တယ်”
“ငါလည်း အဲဒီလိုပဲ ထင်တယ်”
ဟူလုရှို့ လက်နှစ်ဖက်ကို ပွတ်ရင်း ရေရွတ်လိုက်သည်၊၊
“သူတို့ရဲ့ စွမ်းအားရှင်တွေက ပြဿနာကြီးဖြစ်နိုင်တယ်”
သူက ဆန်းချန်ကို လေးနက်စွာ သတိပေးလိုက်သည်၊၊
“အားလုံးကို ပြောထား၊၊ ငါကိုယ်တိုင် အမိန့်မပေးသရွေ့ ဘယ်သူမှ စပြီး မပစ်ရဘူး”
….
ဒိုင်း ဒိုင်း ဒိုင်း ဒက် ဒက် ဒက်
နံနက် ၉ နာရီ ၁၅ မိနစ်တွင် အမှောင်ထု လွင့်ပြယ်သွားပြီး အနောက်ဘက် ဂိုဘီသဲကန္တာရကြီးထက်သို့ အရုဏ်ဦးအလင်းရောင် တစ်ဖန်ရောက်ရှိလာသည်၊၊ နေမင်းမှာ မြင့်မားစွာ တက်လာသလို ကန္တာရတစ်လျှောက် အင်ဂျင်သံများ ဟိန်းထလျက်ရှိပြီး သေနတ်သံများက လေထုထဲတွင် ပြည့်နှက်နေသည်၊၊
မိုးကုပ်စက်ဝိုင်းအလွန်တွင် ပြုပြင်မွမ်းမံထားသော ဓားပြကားအစီးတစ်ရာကျော်မှာ အသက်ရှင်သန်ကျန်ရစ်သူယာဉ်တန်းနှစ်ခုကို လိုက်လံတိုက်ခိုက်နေသည်၊၊ မြွေတောင်ကြားမှ အာခီစိုင်းမြို့ဆီသို့ ကျောက်စရစ်လွင်ပြင်များကို ဖြတ်ကျော်ကာ ရူးသွပ်စွာ မောင်းနှင်နေကြသည်၊၊ တာယာများက ခြောက်သွေ့နေသော ကုလားအုတ်ဆူးပင်များကို ကြိတ်ခြေသွားသည့်အသံမှာ အရိုးများ ကြေမွသွားသည့် အသံကဲ့သို့ပင် ထွက်ပေါ်နေသည်၊၊
ကန္တာရဓားပြယာဉ်တန်းသည် သံမဏိရေလှိုင်းကြီးတစ်ခုကဲ့သို့ သဲကန္တာရကို ဖြတ်ကျော်ကာ ဖုန်မှုန့်လှိုင်းကြီးများကို ထလာစေသည်၊၊
ယာဉ်တန်း၏ ရှေ့ဆုံးတွင် ထူးဆန်းသော စက်ယန္တရားကြီးတစ်ခု ရှိနေသည် ၊၊၎င်းမှာ တင့်ကားဘီးများ တပ်ဆင်ထားသည့် မြေထိုးစက်တစ်ပိုင်းဖြစ်ပြီး အပေါ်တွင် ရေနံပိုက်ဟောင်းများဖြင့် ပြုလုပ်ထားသော မီးတောက်လွှတ်စက်ကို တပ်ဆင်ထားသည်၊၊ ၎င်း၏အပေါ်တွင် နီရဲသော လင်းယုန်နီဂိုဏ်း၏ ခေါင်းဆောင် လင်းယုန်နီရှိနေသည်၊၊ သူသည် သံချေးတက်နေသော ဓာတ်ငွေ့ကာမျက်နှာဖုံးကို တပ်ဆင်ထားပြီး အသံပြောင်းစက်မှတစ်ဆင့် ဟိန်းဟောက်လိုက်သည်
“ယောက်ျားတွေကို လှောင်အိမ်ထဲထည့်… မိန်းမတွေကို အရှင်ဖမ်း”
“ရဟူး”
ထိုအမိန့်က သဲကန္တာရ လူမိုက်များ၏ သွေးကို ဆူပွက်စေခဲ့သည်၊၊ မောင်းနှင်သူများမှာ အော်ဟစ်မြူးထူးနေကြပြီး အချို့က ရိုင်ဖယ်များကို မိုးပေါ်သို့ ပစ်ဖောက်နေကြသည်၊၊ ပြုပြင်ထားသော စစ်သုံးထရပ်ကားတစ်စီးမှာ ယာဉ်တန်းမှ ရှေ့သို့ တိုးထွက်လာပြီး ထိပ်တွင် ဒုံးပစ်လောင်ချာကို ကိုင်ဆောင်ထားသော လူမိုက်တစ်ဦး ရပ်နေသည်၊၊ ထိုသူသည် သွားမည်းကြီးများ ပေါ်အောင် ပြုံးလိုက်ပြီး ထွက်ပြေးနေသော ယာဉ်တန်းကို ချိန်ရွယ်ကာ ခလုတ်နှိပ်လိုက်သည်၊၊
ဝှစ် ရွီး အုန်း
ဒုံးကျည်က ယာဉ်တန်း၏ အနောက်ဆုံးမှ SUV ကားကို ထိမှန်ပေါက်ကွဲသွားပြီး ကားကို အရှိန်ပြင်းစွာ လွင့်ထွက်သွားစေသည်၊၊ အနောက်တာယာမှာ မီးလောင်သွားပြီး ကားမှာ မြေပြင်တွင် ဒလိမ့်ခေါက်ကွေးဖြစ်သွားသည်၊၊
လိုက်ပါလာသော ဓားပြများမှာ ရူးသွပ်စွာ ရယ်မောရင်း မှောက်နေသော ကားပြတင်းပေါက်များထဲသို့ မီးပုလင်းများကို ပစ်သွင်းလိုက်ကြသည်၊၊ မီးတောက်များက အတွင်းရှိလူများကို ဝါးမျိုသွားပြီး နာကျင်စွာ အော်ဟစ်သံများက ဆူညံပွက်လောရိုက်နေသည့်ကြားမှ ထွက်ပေါ်လာသည်၊၊
အသက်ရှင်ကျန်ရစ်သူယာဉ်တန်းကလည်း ပြင်းထန်စွာ ပြန်လည်ခုခံသည်၊၊ ဓားပြတစ်ဦးမှာ ပြင်းထန်သောပစ်အားကြောင့် ကိုယ်အပေါ်ပိုင်း တစ်ဝက်နီးပါး လွင့်ထွက်သွားကာ သွေးညှီနံ့များက ချက်ချင်း ဖုံးလွှမ်းသွားသည်၊၊
သို့သော် ထိုရက်စက်မှုများက ကန္တာရဓားပြများကို ပို၍ ရူးသွပ်စေခဲ့သည်၊၊
ယာဉ်တန်း၏ အလယ်တွင် အဖြူရောင်မီးခိုးများ တလိပ်လိပ်ထွက်နေသော ရွှေရောင်မွန်းစတားထရပ်ကားကြီးတစ်စီး ရှိနေသည်၊၊ ဓားသွားများဖြင့် ပြုလုပ်ထားသော မျက်နှာဖုံးမှအပ ဘာမှမဝတ်ထားသော လူသန်ကြီးတစ်ဦးက ကားနောက်ခန်းတွင် ရပ်နေပြီး ဂတ်တလင်သေနတ်ကို ကိုင်ဆောင်ထားသည်၊၊ ကျည်ဆန်များက အသက်ရှင်ကျန်ရစ်သူယာဥ်တန်း၏ ရှေ့မှန်များကို ဖောက်ထွက်သွားပြီး ကားအတွင်းခန်းထဲတွင် သွေးများနှင့် မှန်စများ ပျံ့နှံ့သွားသည် အော်ဟစ်သံများမှာ အင်ဂျင်သံများအောက်တွင် ပျောက်ကွယ်သွားရသည်၊၊
ဘေးထိုင်ခုံတွင်မူ နေလောင်ထားသော ရုပ်ကြမ်းကြီးနှင့် ထွားကျိုင်းသော အမျိုးသားတစ်ဦး ထိုင်နေသည်၊၊ ထိုသူမှာ နာမည်ကျော် ကင်းမြီးကောက်ဂိုဏ်း၏ ခေါင်းဆောင် ကင်းမြီးကောက်အိုကြီးပင်ဖြစ်သည်၊၊
သူ့ကိုယ်သာ သဲကန္တာရဧကရာဇ်ဟု ခေါ်ဆိုလေ့ရှိသည်၊၊ အရပ် ၂ မီတာနီးပါး ရှိပြီး ခါးမှာ သာမန်လူထက် နှစ်ဆခန့် တုတ်သည်၊၊ သူ၏ ဘယ်ဘက်လက်မောင်းတွင် သံမဏိကြိုးများကဲ့သို့ ကြွက်သားများ ရှိနေပြီး လွှစက်လူသားပုံကို ဆေးမင်ကြောင် ထိုးထားသည်၊၊ သူ၏ ဝမ်းဗိုက်မှာ သားရေချပ်ဝတ်အောက်မှ လျှံထွက်နေသော်လည်း ဖုံးကွယ်ရန် ကြိုးစားခြင်း မရှိပေ၊၊ သူ၏ အလယ်မှပြောင်နေသော ဦးခေါင်း၏ ဘေးတစ်ဖက်တစ်ချက်တွင် ဆံပင်စုများက ခြုံနွယ်များလို ကပ်နေသည်၊၊
သူ၏ ရှေ့တွင် လည်ပင်း၌ သံကြိုးခတ်ထားသော ချောမောသည့် မိန်းကလေးနှစ်ဦး ရှိနေသည်၊၊ တစ်ယောက်က ပုခုံးနှိပ်ပေးနေပြီး နောက်တစ်ယောက်က ရေခဲတုံးများ ခွံ့ပေးနေသည်၊၊ သူသည် ထိုမိန်းကလေး၏ လက်ချောင်းများကိုပါ ရေခဲတုံးနှင့်အတူ တဂျွတ်ဂျွတ်မြည်အောင် ဝါးစားလိုက်သည်၊၊
ထိုအချိန်တွင် အာခီစိုင်းမြို့မှ အနီရောင်မီးခိုးတန်း အချက်ပြတစ်ခု တက်လာသည်၊၊
ကင်းမြီးကောက်သည် သူ၏ ရေဒီယိုကို ဆွဲယူလိုက်ပြီး အသံဩဩဖြင့် ပြောလိုက်သည်၊၊
“လင်းယုန်နီ… အာခီစိုင်းဘက်က အချက်ပြလိုက်ပြီ… အနောက်ဘက်က ပိတ်ထားပြီ”
“သိပြီ” လင်းယုန်နီက ပြန်ဖြေသည်၊၊
သူ၏ မျက်နှာဖုံးရှိ မျက်လုံးရှစ်လုံးမှာ အနီရောင်တောက်ပလာသည်၊၊
“မနေ့က ယာဉ်တန်းတစ်ခုက လူအချို့ မြို့ထဲ ခိုးဝင်လာတယ်… ဒါပေမဲ့ ငါ့လူတွေက သူတို့စခန်းကို ခြေရာခံမိထားတယ်”
ကင်းမြီးကောက်က အောက်ကလိအာသံဖြင့် ရယ်မောလိုက်သည်၊၊
“လင်းယုန်ကောင်… အဲဒီယာဉ်တန်းထဲက ကောင်မလေးတချို့က တော်တော်လေး ချောတယ်နော်… ငါ့အတွက် တစ်ယောက်လောက် ချန်ထားပေးဦး”