← Chapters

အခန်း (၅၇၂-၅၇၃)

Vol. 35 Ch. 572-573

အခန်း (၅၇၂-၅၇၃)

Vol. 35 Ch. 572-573

Chapter 572

ကန္တာရဓားပြများ မြို့ကို ဝိုင်းရံခြင်း ၂

မြေနဂါးအဖွဲ့၏ ခေါင်းဆောင် အရိုးနဂါးသည် စစ်သုံး စွမ်းအားမြှင့်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထက်မြက်သော မျက်နှာရှိသော်လည်း အရက်နှင့် မိန်းမကိစ္စများကြောင့် မျက်အိတ်များ တွဲကျနေသည်၊၊

“စိတ်မပူနဲ့”

လင်းယုန်၏ အသံက ထွက်ပေါ်လာသည်၊၊

“အစ်ကိုဂျေရဲ့ အဖွဲ့က လော့ဘူမှာ သောင်းကျန်းနေတုန်းပဲ… ဒီတစ်ခါတော့ အမာရွတ်မျက်နှာအဖွဲ့ကို လွှတ်လိုက်တယ်”

“မင်းမေကလွှား”

အရိုးနဂါးက ဆဲလိုက်သည်၊၊

“အမာရွတ်မျက်နှာအဖွဲ့က ငါ့လူတွေထက်တောင် ပိုပြီး စိတ်မနှံ့တာကို ငါက ဘာနဲ့ ကစားရမှာလဲ… အဲဒီအရူးတွေက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်၊၊ ကုလားအုတ်ခေါင်းလောင်းမြို့က ပြည့်တန်ဆာတွေတောင် သူတို့ကို မြင်ရင် သေမတတ် ကြောက်ကြတယ်”

“ဟားဟားဟား”

ကင်းမြီးကောက်၏ ရယ်သံက ဆက်သွယ်ရေးစက်မှတစ်ဆင့် ပေါက်ကွဲထွက်လာသည်၊၊

“မိန်းမဆိုတာ မိန်းမပဲ… ဘယ်လောက်ချောချော… အချိန်တန်ရင် ငါတို့လက်ထဲ ရောက်လာမှာပဲ…. မင်းလူတွေကို သေချာ စောင့်ကြည့်ခိုင်းထား… အာခီစိုင်းက တစ်ယောက်မှ လွတ်မသွားစေနဲ့”

“သူတို့ လွတ်မှာ မဟုတ်ပါဘူး”

နောက်ထပ် ဓားပြတစ်ဦးက ဆက်သွယ်ရေးစက်ထဲသို့ အော်လိုက်သည်၊၊

“အတောင်ပေါက်ပြီး ပျံရင်တောင် ငါ ပစ်ချလိုက်မယ်”

ဝူးးး

ယာဉ်တန်းမှာ ဖုန်မှုန့်လှိုင်းများကြားမှာ ရှေ့သို့ တိုးဝင်သွားသည်၊၊ မကြာမီ ကန္တာရဓားပြများသည် အာခီစိုင်းမြို့အနီးသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ရှိ အပျက်အစီးများမှာ ကျဲပါးသွားသည်၊၊

အသက်ရှင်ကျန်ရစ်သူများ ယာဉ်တန်းမှာ လုံးဝ ပျက်စီးမသွားသေးသော်လည်း ဆက်တိုက် လိုက်လံတိုက်ခိုက်မှုကြောင့် လက်နက်ကိုင် အင်အားစုများမှာ ပြိုကွဲနေပြီ ဖြစ်သည်၊၊ သူတို့သည် သွေးအလိမ်းလိမ်းနှင့် ထိတ်လန့်တကြားဖြစ်ကာ ပျက်စီးနေသော မြို့ဟောင်းဆီသို့ မောင်းနှင်နေကြရသည်၊၊

မြို့အစွန်သို့ ရောက်သောအခါ ကင်းမြီးကောက်ဂိုဏ်း၏ ယာဉ်များမှာ အရှိန်လျှော့လိုက်ပြီး တောင်ဘက် လမ်မီတောင်ကုန်းနှင့် မြောက်ဘက်အစွန်တို့မှ လာသော အခြားဓားပြအဖွဲ့များနှင့် ပူးပေါင်းလိုက်သည်၊၊

သူတို့အားလုံး စုပေါင်းပြီး အာခီစိုင်းမြို့ကို ဝိုင်းရံလိုက်ကြသည်၊၊

ရွီး ရွီး ဝုန်း ဝုန်း

မီးလောင်ဗုံးများ၊ ဒုံးကျည်များနှင့် အဝေးထိန်းစနစ်သုံး အသေခံဒရုန်းများမှာ မြို့ပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာသည်၊၊ ၎င်းမှာ ကမ္ဘာပျက်ကပ်ကာလ၏ လုယက်ဖျက်ဆီးမှု မြင်ကွင်းတစ်ခုပင် ဖြစ်သည်၊၊

ပေါက်ကွဲသံများနှင့် သေနတ်သံများက လေထုထဲတွင် ပြည့်နှက်နေသည်၊၊ စွန့်ပစ်ထားသော အဆောက်အအုံများနှင့် ဈေးလမ်းများမှာ မီးဟုန်းဟုန်းတောက်လာပြီး အမည်းရောင်မီးခိုးလုံးကြီးများက ကောင်းကင်သို့ လိပ်တက်သွားကာ ဂိုဘီကောင်းကင်ယံကို ညစ်ညမ်းသွားစေသည်၊၊

“သေစမ်း.. သူတို့အကုန်ရောက်လာပြီ”

အထပ်မြင့် အဆောက်အအုံတစ်ခုပေါ်မှနေ၍ လုကျောက်သည် အီလက်ထရွန်နစ် မှန်ပြောင်းဖြင့် ဝင်ရောက်လာသော သဲဓားပြအုပ်စုကို ကြည့်နေသည်၊၊ သူ၏ မျက်နှာမှာ အေးစက်နေသည်၊၊ ထို့နောက် ရေဒီယိုကို ဆွဲယူကာ အမိန့်ပေးလိုက်သည်၊၊

“ဆုတ်ကြ…. ရှဲ့ကွမ်း မင်းလူတွေကို ခေါ်ပြီး ရှေ့လမ်းကို ပိတ်ထား… ဝူတာဖန်းရဲ့ကောင်တွေ ငါတို့ကို နောက်ကနေ တိုက်ခွင့်မပေးနဲ့”

“သိပြီ”

ရင်ပြင်ထဲတွင် ပျက်စီးနေသော လွတ်မြောက်သူယာဉ်တန်းနှစ်ခုမှာ ပြန်လည် စုစည်းရန် ကြိုးစားနေကြသည်၊၊ သူတို့ အသက်ရှူပင် မဝသေးခင်မှာပင် သဲဓားပြများမှာ မြို့လမ်းမများထဲသို့ အရပ်မျက်နှာပေါင်းစုံမှ တိုးဝင်လာကြသည်၊၊

ဒက် ဒက် ဒက်

အာရုဏ်ဦးယာဉ်တန်းနှင့် အာခီစိုင်းညီနောင်များအဖွဲ့မှာ ခံစစ်လိုင်းများ ချထားပြီးနောက် စတင်ပစ်ခတ်ကြသည်၊၊ သေနတ်သံများ တစ်ပြိုင်နက် ဟိန်းထွက်လာပြီး ရန်သူ၏ တိုးစစ်ကို ခေတ္တရပ်တန့်သွားစေသည်၊၊

လွတ်မြောက်လာသူများသည် သူတို့၏ ကားများကို ရင်ပြင်ထဲသို့ အသည်းအသန် မောင်းဝင်လာကြပြီး မီးလောင်နေသော ကားများထဲမှ ဒဏ်ရာရ ရဲဘော်များကို ဆွဲထုတ်ကာ ခံစစ်အတွက် တိုက်ခိုက်ရေးသမားများကို စုစည်းနေကြသည်၊၊

တစ်ချိန်တည်းမှာပင် ကန္တာဓားပြများ၏ ပင်မအင်အားစုမှာ အလောကြီးခြင်းမရှိပဲ… သူတို့သည် မြို့အစွန်တွင် ရပ်တန့်နေပြီး မီးလောင်နေသော မြို့ကို ကြည့်ကာ ရယ်မောနေကြသည်၊၊

ဝုန်း ဝုန်း ဝုန်း

ရုတ်တရက် အနီးရှိ အဆောက်အအုံအချို့မှာ ဖုန်မှုန့်များနှင့် အပျက်အစီးများကြားတွင် ပေါက်ကွဲသွားသည်၊၊ မြေကြီးကို ထိန်းချုပ်နိုင်သည့် စွမ်းအားရှင်ဓားပြတစ်ဦးသည် လူသားတင့်ကားတစ်စီးကဲ့သို့ ကျောက်တုံးများဖြင့် ဖုံးအုပ်ထားပြီး အပျက်အစီးများကို ဖြတ်ကျော်ကာ အာရုဏ်ဦး ယာဉ်တန်းဆီသို့ ပြေးဝင်လာသည်၊၊

ယာဥ်တန်းမှ လက်နက်များကို သူဆီသို့ လှည့်လိုက်စဉ်မှာပင် လင်းယုန်အတောင်ပံများ တပ်ဆင်ထားသည့် ပျံသန်းနိုင်သော စွမ်းအားရှင်တစ်ဦးက ကောင်းကင်မှ ထိုးဆင်းလာပြီး မီးလောင်နေသော ကားထဲမှ ထွက်ပြေးနေသည့် အပြစ်မဲ့သူများကို ကျည်ဆန်များဖြင့် ပစ်ခတ်ကာ ခုခံသူများထံသို့ မီးခိုးဗုံးများကို ပစ်ချလိုက်သည်၊၊

ဝုန်း ဝုန်း

ခုခံသူများမှာ အလွယ်တကူ လက်လျှော့မည့်သူများ မဟုတ်ပေ၊၊

သူတို့ကြားမှ ခန္ဓာကိုယ်ပြောင်းလဲနိုင်သူတစ်ဦးသည် လက်တံလေးငါးခုကို ပစ်ထုတ်လိုက်ပြီး ဗုံးများကို လေထဲတွင် ဖမ်းယူကာ မြေကြီးစွမ်းအားရှင်ဆီသို့ ပြန်လည်ပစ်လွှတ်လိုက်သည်၊၊

အုန်း အုန်း

ပေါက်ကွဲမှုများက လေထုကို တုန်ခါသွားစေသည်၊၊ ဗုံးတစ်လုံးမှာ အနီးကပ် ပေါက်ကွဲသွားသဖြင့် ခန္ဓာကိုယ်ပြောင်းလဲနိုင်သည့် စွမ်းအားရှင်၏ လက်တံတစ်ခုမှာ သွေးမှုန်များအဖြစ် လွင့်စင်သွားရသည်၊၊

“ဒုံးကျည်တွေ လာနေပြီ”

ရွီး ရွီး ရွီး

အဝေးရှိ လမ်းမများမှ ဒုံးကျည်သုံးခု တိုးဝင်လာပြီး ရှေ့တန်းမှ ထရပ်ကားကြီးများကို ထိမှန်သွားသည်၊၊ သတ္တုများ ပေါက်ကွဲထွက်သွားပြီး မှန်များ ကြေမွကာ လူများသည် လေထဲသို့ လွင့်စင်ကုန်သည်၊၊

အာခီစိုင်းမြို့သည် လုံးဝ ကသောင်းကနင်းဖြစ်နေသည်၊၊

“ခွေးကောင်… ဝူတာဖန်း”

ခေါင်မိုးပေါ်တွင် လုကျောက်သည် ဝင်ရောက်လာသော ရန်သူ့ယာဉ်တန်းကို ကြည့်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်၊၊

အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် အသက်ရှင်ကျန်ရစ်သူများမှာ အထိနာနေပြီး ကျဆုံးသူ အရေအတွက်မှာ လျင်မြန်စွာ တိုးလာသည်၊၊

သို့သော်လည်း လမ်းကြားများနှင့် ရင်ပြင်များတွင် ချထားသော ခုခံစစ်ကြောင့် သူတို့သည် ခံစစ်ကို ခေတ္တထိန်းထားနိုင်ဆဲဖြစ်သည်၊၊

သို့သော်လည်း ရုတ်တရက် ကန္တာရဓားပြများသည် နောက်ဆုတ်သွားပြီး အရိပ်ထဲသို့ ပြန်လည်ပျောက်ကွယ်သွားကြသည်၊၊

သေနတ်သံများ တိတ်ဆိတ်သွားသည်၊၊

“ဘာဖြစ်တာလဲ သူတို့ ရပ်သွားတာလား”

“သူတို့ ထွက်ပြေးနေတာလား”

“နောက်ဆုတ်ကြ နောက်ဆုတ်ကြ လူအားလုံးကို ပြန်ခေါ်လိုက်”

မြေပြင်တွင် ရှဲ့ကွမ်းသည် နီရဲနေသော မျက်လုံးများဖြင့် အော်ဟစ်နေသည်၊၊

ထိုတိုတောင်းလှသော ဆယ်မိနစ်တာ တိုက်ပွဲအတွင်းမှာပင် သူတို့ လူအများအပြား ဆုံးရှုံးခဲ့ရသည်၊၊ ကန္တာရဓားပြများ၏ ရက်စက်မှုကြောင့် သူသည် ဒေါသနှင့် ခံပြင်းမှုများဖြင့် ပြည့်နှက်နေသည်၊၊

အသက်ရှင်ကျန်ရစ်သူများသည် တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိသွားသည်၊၊ ကန္တာရဓားပြများမှာ နောက်ဆုတ်သွားခြင်း မဟုတ်ဘဲ ပုန်းအောင်းနေခြင်းသာ ဖြစ်သည်၊၊

စစ်မြေပြင်မှာ မီးလောင်နေသော အဆောက်အအုံများ၏ တဂျစ်ဂျစ်မြည်သံမှအပ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်၊၊

ဝီး...

မြို့အနှံ့ရှိ ဖုံးကွယ်ထားသော အသံချဲ့စက်များမှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်၊၊

အရှေ့ဘက်တံခါး လမ်းမကြီးတွင် ကင်းမြီးကောက်၏ ရွှေရောင် မွန်းစတားထရပ်ကားမှာ ခြံရံထားသော ယာဉ်များကြားတွင် စက်နှိုးထားလျက်ရှိနေသည်၊၊

သူသည် အသံချဲ့စက်ကို ကိုင်လိုက်ပြီး အာခီစိုင်းမြို့တစ်ခုလုံး ဟိန်းထွက်သွားအောင် ပြောလိုက်သည်၊၊

“လူကြီးမင်းတို့... မင်းတို့ရဲ့ လှပတဲ့ နံနက်ခင်းကို နှောင့်ယှက်မိလို့ စိတ်မကောင်းပါဘူး”

သူမ စကားပြောနေစဉ်တွင် သူ၏ ပေါင်ပေါ်တွင် လှဲနေသော အမျိုးသမီးကို ပျင်းရိစွာဖြင့် ပွတ်သပ်နေသည်၊၊

“ငါ့နာမည်က ကင်းမြီးကောက်ပဲ… မင်းတို့ ငါ့အကြောင်း မကြားဖူးရင်လည်း ကိစ္စမရှိပါဘူး… မင်းတို့ သိထားဖို့က... ဒီနေ့ မင်းတို့ကို ငရဲပို့မယ့်သူက ငါပဲ… ငါတို့ ဒီကိုလာတဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်… မင်းတို့ ငါ့ကို သတ်မလား ဒါမှမဟုတ် ငါက မင်းတို့ကို သတ်ရမလား ဆိုတာပဲ… ဟုတ်တယ်မလား”

“ဟားဟားဟား”

ဓားပြရာပေါင်းများစွာ၏ ကြောက်မက်ဖွယ် ရယ်သံများက မီးလောင်နေသော မြို့ထဲတွင် ပဲ့တင်ထပ်သွားသည်၊၊

ကင်းမြီးကောက်၏ ဩရှရှအသံမှာ လမ်းမတိုင်းထဲသို့ ပျံ့နှံ့သွားပြီး အသက်ရှင်ကျန်ရစ်သူများ၏ နှလုံးသားကို သေဒဏ်ပေးလိုက်သကဲ့သို့ လေးလံသွားစေသည်၊၊

သူမ၏ ကားဘေးတွင် လင်းယုန်နီဂိုဏ်းမှ လင်းယုန်နီနှင့် မြေနဂါးအဖွဲ့မှ အရိုးနဂါးတို့သည် ကင်းမြီးကောက်ကို ရူးသွပ်စွာ ကြည့်နေကြသည်၊၊

“အိုး~”

သူမ၏ ပေါင်ပေါ်မှ အမျိုးသမီးမှာ တွန့်လိမ်နေသည်ကို ခံစားမိသောအခါ ကင်းမြီးကောက်သည် ကျေနပ်စွာ သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်၊၊

“ဒါပေမဲ့ တကယ်တော့ ငါတို့ ဓားပြတွေက အကျိုးအကြောင်း သိတတ်တဲ့သူတွေပါ… ငါတို့ကလည်း အသက်မွေးဝမ်းကျောင်း လုပ်နေကြတာပဲ…. ငါတို့ သူဌေးဟူနဲ့ သဘောတူညီချက် လုပ်ခဲ့တာ မှတ်မိလား… လမ်းခွန်တွေ ကောက်ပြီး အာခီစိုင်းရဲ့ လုံခြုံရေးကို စောင့်ရှောက်ပေးခဲ့တယ်…. လွန်ခဲ့တဲ့ လဝက်လောက်ထိ မြို့က ငြိမ်းချမ်းနေခဲ့တာပဲ မဟုတ်လား”

ကင်းမြီးကောက်၏ လေသံက အေးစက်သွားသည်၊၊

“ဒါပေမဲ့…. ဒီနေ့ ငါတို့ ပြန်လာပြီ…

ဘာလို့လဲဆိုတော့ ငါတို့ ပိုက်ဆံ မရလို့ပဲ၊၊ ငါတို့က အလကား လုပ်ပေးရမှာလား… ဆုတောင်းလိုက်… ဒါကြောင့် လျော်ကြေးအချို့ လာယူတာ တရားမျှတတယ် မဟုတ်လား”

Chapter 573

ကန္တာရဓားပြများ မြို့ကို ဝိုင်းရံခြင်း ၃

“မင်းမေကြီးတော်ကို တရားမျှတလား”

ရင်ပြင်တွင် အာရုဏ်ဦးယာဉ်တန်းကလည်း သူတို့၏ ကိုယ်ပိုင်အသံချဲ့စက်ကို ချက်ချင်း တပ်ဆင်လိုက်ပြီး အဝေးမှ ကန္တာရဓားပြများဆီသို့ ပြန်လည်အော်ဟစ်လိုက်သည်၊၊

ထိုအချိန်တွင် လုကျောက် ရှဲ့ကွမ်းနှင့် ပြန်ရောက်လာသော ယာဉ်တန်းခေါင်းဆောင်နှစ်ဦးတို့မှာ နှင်းဆီနက်ဘားတွင် စုဝေးကာ မဟာဗျူဟာကို အသည်းအသန် ဆွေးနွေးနေကြသည်၊၊

ဒေါသကြီးသည်ဟု နာမည်ကျော်သော လုကျောက်သည် ကင်းမြီးကောက်၏ စကားကို ကြားသောအခါ ချက်ချင်း ပေါက်ကွဲသွားသည်၊၊ မျက်လုံးများ ဝင်းလက်လျက် သူသည် အသံချဲ့စက်ထဲသို့ ဆဲဆိုလိုက်သည်၊၊

“ဓားပြတိုက်ရင် တိုက်တယ်ပေ့ါ့…ခွေးပါးစပ်က နတ်စကားတွေ လာထွက်နေတယ်… လျှောက်ပြောမနေနဲ့ ဘယ်သူ့ကို လှည့်စားဖို့ ကြိုးစားနေတာလဲ… တိုက်ချင်ရင် လာခဲ့စမ်းပါ၊၊ ငါတို့အားလုံး ဒီနေ့သေရမယ်ဆိုရင်တောင် မင်းတို့ကောင်တွေထဲက တစ်ဝက်လောက် အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မလားဆိုတာ ငါ ကြည့်ချင်သေးတယ်”

“အိုး... ဒီမှာ လူစွမ်းကောင်းတစ်ယောက် ရှိနေတာပဲ”

အရိုးနဂါးက ထိုစကားကို ကြားသောအခါ လှောင်ပြောင်လိုက်သည်၊၊

ကင်းမြီးကောက်သည် ဒေါသထွက်ရမည့်အစား အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောသည်၊၊

“ဒါ သူဌေးဟူရဲ့ အသံနဲ့ မတူဘူး…. ဒါနဲ့ စကားမစပ်… သူဌေးဟူ ဘယ်မှာလဲ… သူ့ကို ပြောလိုက်…. ငါတို့က အဓိကလာ သူ့ဆီကိုပဲ… ကျန်တဲ့ ယာဉ်တန်းတွေက အပြစ်မရှိဘူး… သူဌေးဟူက မင်းတို့အတွက် လမ်းခွန်တွေ ပေးပြီးသားပဲမို့… မင်းတို့ အေးအေးဆေးဆေး ထွက်သွားလို့ ရပါတယ်”

ထိုစကားများ အာခီစိုင်းမြို့တစ်ခုလုံး ပဲ့တင်ထပ်သွားသည်နှင့်အမျှ ခုခံသူ အများအပြား၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်၊၊

ခိုင်မာနေသော ခံစစ်လိုင်းများမှ တိုက်ပွဲဝင်စိတ်ဓာတ်များ သိသိသာသာ ယိမ်းယိုင်သွားသည်၊၊

“သူ... သူ တကယ် ပြောတာလား”

“လခွမ်း…. ဓားပြတွေက ဓားပြတွေပဲ… မင်းက သူတို့စကားတွေကို ယုံနေတာလား”

“ဒါပေမဲ့ အဲဒါ တကယ်ဆိုရင်ကော… လမ်းခွန်ပေးပြီးသားဆိုရင် ငါတို့ တကယ် လွတ်နိုင်မလား”

“သူတို့က တံခါးဝရောက်နေပြီ မင်းက အိပ်မက်မက်နေတုန်းပဲလား”

နှင်းဆီနက်ဘားအတွင်းတွင် ဟူလုရှို့၏ မျက်နှာမှာ ညိုမည်းသွားသည်၊၊ သူသည် ယာဉ်တန်းခေါင်းဆောင်များကို ထိတ်လန့်တကြား ကြည့်ကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်၊၊

သူ့ဘေးတွင်ရှိသော ဆန်းချန်လည်း ရန်သူ၏ ပရိယာယ်ကို ချက်ချင်း နားလည်လိုက်သည်၊၊ ၎င်းမှာ သွေးခွဲခြင်းပင် ဖြစ်သည်၊၊

၎င်းမှာ ပွင့်လင်းလှသော်လည်း စိတ်ဓာတ်ကျနေသော အချိန်တွင် ဆင်ခြင်တုံတရားမှာ ပျက်စီးလွယ်ပေသည်၊၊ သူမသည် သတိအပြည့်နှင့် ရှေ့သို့ တိုးလိုက်သည်၊၊

မမျှော်လင့်ဘဲ လုကျောက်မှာ ဒေါသထွက်မည့်အစား ရယ်မောလိုက်သည်၊၊

သူသည် အသံချဲ့စက်ကို ဆွဲယူလိုက်ပြီး လှောင်ပြောင်လိုက်သည်၊၊

“ဟားဟားဟား… ဒါကြောင့်လည်း မင်းက ခွေးတွေကြားမှာ ဓားပြခေါင်းဆောင် ဖြစ်နေတာကိုး… စာရိတ္တချို့ယွင်းနေပေမဲ့ အခြေခံ မဟာဗျူဟာအချို့တော့ သိသားပဲ”

“ကျားကို ကြောက်အောင် တောင်ကို လှုပ်ခါတယ် ပြီးတော့ ရန်သူ့ဆုတ်လမ်းကို ပိတ်တယ် ဟုတ်လား... အခုတော့ သွေးခွဲဖို့ ကြိုးစားနေပြန်ပြီ… ဘာလဲ ငါ့ကို ငတုံးငအများ ထင်နေတာလား… ပြောစမ်းပါဦး... ငါက ဓားပြရဲ့ စကားကို ယုံရမှာလား ဒါမှမဟုတ် ဒီည ရောက်လာမယ့် ထူးဆန်းတဲ့ သတ္တဝါတွေက နူးညံ့တဲ့ မင်းသမီးလေးတွေ ဖြစ်နေမယ်လို့ ယုံရမှာလား”

ဟူလုရှို့လည်း ခေတ္တမျှ ကြောင်သွားပြီးနောက် လုကျောက်ကို လက်မထောင်ပြလိုက်သည်၊၊

“ကပ္ပတိန်လု… မင်းက တကယ့် ပါရမီရှင်ပဲ သူတို့ရဲ့ အောက်တန်းစားပရိယာယ်ကို ချက်ချင်း မြင်ိနုင်တာပဲ”

လုကျောက်သည် အသံချဲ့စက်ကို စားပွဲပေါ်သို့ ပြန်ပစ်တင်လိုက်ပြီး သူ၏ မျက်နှာမှာ တင်းမာနေသည်၊၊

သူသည် ဒေါသကြီးသော လူကြမ်းတစ်ဦးကဲ့သို့ ထင်ရသော်လည်း သူသည် ဦးနှောက်မရှိသူ မဟုတ်ပေ၊၊

သူသည် တစ်ချိန်က ထိပ်တန်းဘွဲ့လွန်ကျောင်းသားတစ်ဦး ဖြစ်ခဲ့ဖူးသည်၊၊

ကင်းမြီးကောက်၏ ပရိယာယ်မှာ သူ့အတွက် အလွန် ရှင်းလင်းလှသည်၊၊ သို့သော် ရှင်းလင်းနေခြင်းက သူတို့၏ အခြေအနေကို ပိုကောင်းမလာစေပေ၊၊

လုကျောက်၏ စကားများက ယာဉ်တန်းများကြားတွင် ထွက်ပေါ်နေသော စကားသံများကို ချက်ချင်း တိတ်ဆိတ်သွားစေပြီး လူတိုင်းကို ရက်စက်လှသော လက်တွေ့ဘဝထဲသို့ ပြန်လည်ဆွဲခေါ်သွားသည်၊၊

အနောက်ဘက် ပိတ်ဆို့ထားသည့်နေရာတွင် ဝူတာဖန်းသည် မျက်လုံးမှေးကာ သူ့လူတစ်ယောက်ကို ခေါ်လိုက်သည်၊၊

“အဲဒီ လုဆိုတဲ့ကောင်နဲ့ တခြားလူတွေက နှင်းဆီနက်ဘားမှာ ပုန်းနေကြတယ်… လူအချို့ ခေါ်သွားပြီး သူတို့ကို စောင့်ကြည့်ထား… ငါ အချက်ပြတာကို စောင့်နေ...”

သူသည် လည်ပင်းကို လက်နှင့် ဖြတ်သော အမူအရာလုပ်ပြလိုက်သည်၊၊

ခေါင်းဆောင်များကို ရှင်းထုတ်လိုက်လျှင် ခံစစ်မှာ ပြိုကွဲသွားလိမ့်မည်၊၊

“ဟုတ်ကဲ့”

လက်ထောက်က ချက်ချင်း ပြေးထွက်သွားသည်၊၊

တစ်ချိန်တည်းမှာပင် ကင်းမြီးကောက်သည် လုကျောက်၏ ပြင်းထန်သော လှောင်ပြောင်စကားများကို ကြားသောအခါ သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတစ်ခု ဖြတ်ပြေးသွားသည်၊၊

သူသည် အသံချဲ့စက်ထဲသို့ အေးစက်စွာ ပြောလိုက်သည်၊၊

“အို... ဒါဆိုရင် ယာဉ်တန်းခေါင်းဆောင်က ဦးညွှတ်မယ့်အစား သေမင်းကိုပဲ ရွေးချယ်မယ်ပေါ့…. ကောင်းပြီလေ… အခုကစပြီး ငါတို့ ဖမ်းမိတဲ့ မင်းရဲ့ လူတိုင်း... ယောက်ျားဆိုရင် မျက်လုံးဖောက်ထုတ်ပြီး နှာခေါင်းလှီးပစ်မယ်၊၊ မိန်းမဆိုရင်တော့... နေရာမှာတင် အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ပစ်မယ်… ဘယ်သူမှ အသက်ရှင်လျက် ထွက်မသွားစေရဘူး၊၊ ဘယ်လိုလဲ... မင်းရဲ့ လူစွမ်းကောင်းလုပ်ရပ်အတွက် ဒီလောက်ဆို လေးစားမှု လုံလောက်ပြီလား”

သူ၏ စကားများသည် လုကျောက်၏ ယာဉ်တန်းကို တိုက်ရိုက်ပစ်မှတ်ထားပြီး ကြောက်ရွံ့မှုနှင့် သွေးခွဲခြင်းမျိုးစေ့များ ချလိုက်ခြင်း ဖြစ်သည်၊၊

သူ၏ ရက်စက်မှုမှာ သိသာလွန်းလှသည်၊၊

ငါxxxသား...

လုကျောက်သည် လက်သီးကို တင်းတင်းဆုပ်ကာ အံကြိတ်လိုက်သည်၊၊

ကန္တာရဓားပြများသည် သူတို့ကို မတိုက်ခိုက်မီ တိုက်ပွဲဝင်စိတ်ဓာတ်ကို အရင်ဖျက်ဆီးချင်နေကြောင်း သူသိလိုက်သည်၊၊

ညီညွတ်မှု မရှိလျှင် သူတို့ အလွယ်တကူ ပြိုကွဲသွားလိမ့်မည်၊၊

ဒါပေမဲ့ သူတို့ ဘာလုပ်နိုင်မည်နည်း….

တိုက်ပွဲချိန်ခွင်လျှာက ရန်သူ့လက်ထဲမှာ လုံးဝ ရှိနေသည်၊၊

သူတို့ လုပ်နိုင်တာက ခုခံစစ်ကို ထိန်းထားဖို့ပဲ..

“အခု ဘာဆက်လုပ်မလဲ”

ရှဲ့ကွမ်းက တည်ငြိမ်စွာ မေးလိုက်သည်၊၊

“ငါတို့က တိုက်ရိုက်တိုက်ရင် မနိုင်ဘူး… အချိန်ဆွဲထားရမလား”

“မဖြစ်နိုင်ဘူး”

နောက်ထပ် ယာဉ်တန်းခေါင်းဆောင်တစ်ဦးက စိတ်ပျက်လက်ပျက် ပြောလိုက်သည်၊၊

“ဒီကောင်တွေ အကြောင်းကို သိတယ် ညရောက်လာရင် သူတို့က ထူးဆန်းတဲ့ သတ္တဝါတွေကို လွှတ်ပေးလိမ့်မယ်… အဲဒီကျရင် ငါတို့ တကယ်သေပြီပဲ”

“သူတို့က မြို့ကိုပဲ ဆက်ပြီး မီးရှို့နေရင်ကော”

“နေဦး… နေဦး ဒီလောက်မလန့်ကြနဲ့”

ဟူလုရှို့က အလျင်အမြန် ပြေးလာပြီး အသံချဲ့စက်ကို ဆွဲယူကာ အခြားခေါင်းဆောင်များကို ရွှေသွားပေါ်အောင် ပြုံးပြလိုက်သည်၊၊

“သူတို့က ငါ့နာမည်ကို ခေါ်နေတာပဲ… ငါက ကင်းမြီးကောက်နဲ့ သွားပြီး စေ့စပ်ညှိနှိုင်းကြည့်ရင်ကော”

လူတိုင်းက ဟူလုရှို့ကို ကြည့်နေစဉ် သူသည် အသံချဲ့စက်ကို ယူကာ လည်ချောင်းရှင်းပြီး ပြောလိုက်သည်၊၊

“အဟမ်း... ဟယ်လို...”

အပြင်ဘက် အသံချဲ့စက်များသည် လမ်းမများတစ်လျှောက် နားကွဲမတတ် မြည်ဟီးသွားသည်၊၊

ဟူလုရှို့သည် တစ်ချက်ရယ်လိုက်ပြီးနောက် ချက်ချင်း တည်ငြိမ်သွားကာ ပြောလိုက်သည်၊၊

“ဘော့စ် ကင်းမြီးကောက်… ခေါင်းဆောင်လင်းယုန်… အရိုးနဂါး... အခုပြောနေတာ ငါပါ ဟူလုရှို့… အင်း... ဒီနေ့ ဒါတွေက ဘာအဓိပ္ပာယ်လဲ…ဘာလို့ဒီလောက်လူအုပ်ကြီးနဲ့ ဒေါသတွေ ထွက်နေရတာလဲ”

သူ၏ အသံမှာ အာခီစိုင်းမြို့တစ်ခွင် ပဲ့တင်ထပ်သွားသည်၊၊

ကန္တာရဓားပြများဘက်တွင်မူ ကင်းမြီးကောက်နှင့် သူ၏ မဟာမိတ်များက ပြုံးလိုက်ကြသည်၊၊

ကင်းမြီးကောက်က ကိုယ်ပိုင်အသံချဲ့စက်ကို ဆွဲယူလိုက်သည်၊၊

“သူဌေးဟူ… အူကြောင်ကျားလာမလုပ်နဲ့… မင်းပဲ ငါတို့ရှေ့မှာ ဒူးထောက်ပြီး လမ်းခွန်တွေ ကောက်ဖို့ ကူညီပေးပါလို့ တောင်းပန်ခဲ့တာ မဟုတ်လား… အခု ငါတို့က ဒီနေရာကို လုံခြုံအောင် သွေးချွေးရင်းပြီး လုပ်ပေးခဲ့ပြီးမှ မင်းက ထွက်ပြေးဖို့ ကြံနေတာလား”

“မဟုတ်ဘူး… လုံးဝ မဟုတ်ဘူး… မင်းကို ဘယ်သူက ပြောတာလဲ”

ဟူလုရှို့ အသည်းအသန် ငြင်းဆိုလိုက်သည်၊၊

“ငါက အခုပဲ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကောက်ထားတဲ့ အခွန်တွေကို ပေးမလို့ လုပ်နေတာပါ… မင်းတို့ နားလည်မှုလွဲနေတာ ဖြစ်မှာပါ”

All Chapters