ဂိုဏ်းချုပ်စု ဒီဟာတွေကို ခွဲဝေပေးလိုက်ပါ
Vol. 7 Ch. 70
ယန်ချန့်အတွက် နေရာအား ကျင်းလုံ စုလဲ့တို့နှင့် တတန်းထဲရှိစေပြီး ရှုယင်တို့သားအမိကိုမူ ယန်ချန့်နံဘေး၌ နေရာချထားလေသည်။
ယန်ချန်က နေရာစီစဥ်မှုအားကြည့်၍ ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့် မည်မျှပင် မျက်နှာပြောင်စေကာမူ ဧကရာဇ်ထက်မြင့်သည့် နေရာ၌တော့ မထိုင်ချင်ပေ။
ယန်ချန်နေရာယူပြီးနောက် ခန်းမတခုလုံးတိတ်ဆိတ်သွားသည်။ ကျင်းလုံက
“သခင်လေးယန် ဒီလူတွေအားလုံးက တိုက်ပွဲမှာ ပါဝင်ခဲ့ပြီး ဆုံးရှုံးမှုလည်းကြီးခဲ့ကြပါတယ်”
ကျင်းလုံရဲ့စကားကြားတော့ ယန်ချန်က ခေါင်းညိတ်လိုက်ပြီး နဂိုကပင် ထိုသူတို့အပေါ် အမြင်ကောင်းအချို့ ရှိထားပြီဖြစ်၍ အထူးတလည် မလိုအပ်တော့ချေ။ စုလဲ့က ဆက်၍
“သခင်လေးယန် သူတို့အားလုံးက သခင်လေးယန်ရဲ့ အကူညီတွက် ကျေးဇူးတင်ချင်ကြပြီး တွေ့ဆုံချင်နေကြတာ ကြာပါပြီ မထင်မှတ်ပဲ ခုလိုစီစဥ်လိုက်ရတာကို အားနာမိပါတယ်”
“ရပါတယ် ဂိုဏ်းချုပ်စု”
ယန်ချန်က အနည်းငယ်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် ချောင်းအနည်းငယ်ဟန့်ကာ လည်ချောင်းရှင်းသည်။ ခဏကြာမှ
“ဒီနေရာမှာ ရှိနေကြတဲ့ ကျင့်ကြံသူမိတ်ဆွေတွေက ကျင်းတိုင်းပြည်ကို အထိခိုက်နည်းအောင် အကျိုးဆောင်ခဲ့ကြတဲ့ သူတွေလို့ ကျုပ်သိထားရတယ် ခဗျားတို့အထင်ကြီးနေသလို ကျုပ်အနေနဲ့ ကြီးကြီးမားမား ကူညီခဲ့တာ မရှိပါဘူး ခဗျားတို့ကသာ တိုက်ပွဲကိုအဆုံးမသတ်နိုင်ခဲ့ရင် မြို့တော်ကြီးတခုတည်းသာမကပဲ နောက်ထပ် အသက်တွေ ဘယ်လောက်များများ ပေးဆပ်ရမလဲဆိုတာ ဘယ်သူခန့်မှန်း နိုင်မှာတဲ့လဲ”
ယန်ချန်က ခန်းမတခုလုံးအား တချက်ဝေ့ကြည့်ကာ ဆက်ပြောသည်။
“ အဆုံးမှာတော့ ပြင်းထန်တဲ့ ဘေးဒုက္ခကနေ ကျုပ်အပါဝင် လူတွေသန်းပေါင်းများစွာကို ကယ်တင်ပေးနိုင်ခဲ့ပြီ ဒီအတွက် ကျုပ်ယန်ချန်က ဒီနေရာကနေ ကျေးဇူးတင်စကား ပြောလိုပါတယ် နောက်ဆက်တွဲအနေနဲ့ မကြာမီရောက်လာတော့မယ် သားရဲကပ်ဘေးကြီးကိုလည်း လူသားတွေရဲ့ မဆုတ်မနစ်ဇွဲလုံ့လနဲ့ အင်အားစုတွေ ပူးပေါင်းပြီး ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်နေမိတယ်”
(စကားလုံးတွေ အရမ်းကောင်းနေပြီ ထိန်းထား)
“ဒါကြောင့် ဒီယန်ချန်ရဲ့ မဖြစ်စလောက် အတတ်ပညာလေးနဲ့ ကျင့်ကြံသူရောင်းရင်းတို့ကို အကူညီဖြစ်စေဖို့ စိတ်ကူးရမိခဲ့တဲ့အတွက် အခုလိုစုဝေးခဲ့တာပါ ဆုံးရှုံးခဲ့ရတာတွေအတွက် ကျုပ်တို့အနာဂတ်မှာ ကောင်းမွန်တဲ့ နေ့ရက်တွေကို ရရှိနိုင်ပါလိမ့်မယ်”
ယန်ချန်က အဆုံးသတ်စကားအား လျင်မြန်စွာပြောပြီးချိန်မှာတော့ ခန်းမထဲရှိ ထိပ်သီးကျင့်ကြံသူ များစွာက ယန်ချန်၏ အကူညီတွက် ကျေးဇူးတင်ရှိကြောင်း အားတက်သရော ပြောဆိုကြတော့သည်။
ခန်းမတခုလုံး ဆူညံနေခဲ့ပြီး ထိပ်သီးကျင့်ကြံသူများမှာ ယန်ချန့်နဲ့ဆက်ဆံရေးကောင်း ရနိုင်ရန်မည်သည့် အခွင့်ရေးကိုမဆို ဆုပ်ကိုင်နေကြလေသည်။
အတန်ကြာတော့ ကျင်းလုံက လက်ပြကာ တိတ်ဆိတ်စေသည်။ ပြီးနောက်..
“သခင်လေးယန်က တိုက်ပွဲမှာပါဝင်ခဲ့ကြတဲ့ အင်အားစုတွေအတွက် အကူညီတချို့ ပြင်ဆင်ထားပါတယ်”
ကျင်းလုံစကားက နဂိုကပင် မျှော်လင့်နေသည့် လူအုပ်ကြီးအား တက်ကြွသွားစေပြီး သိသာစွာပင် လေထုကလည်း တက်ကြွလာသည်။ ယန်ချန်၏ ဆေးရည်ကြောင့်ဖြစ်စေ ဂုဏ်သတင်းအရဖြစ်စေ ယန်ချန့်ဆီက မည်သည့်အကူညီမဆို အင်အားစုအသီးသီးအား ထိပ်ဆုံးရောက်စေရန် အထောက်ပံ့ဖြစ်စေမည်မှာ မလွဲဧကန်ပင်။
ယန်ချန်က စုလဲ့နဲ့ကျင်းလုံအား တချက်ကြည့်လိုက်သည်။ ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးများ ဆေးရည်များစွာနှင့် လေ့ကျင့်ရေးကာလ သူလေ့ကျင့်ထုလုပ်ထားခဲ့သည့် လက်နက်မျိုးစုံတို့အား ထုတ်ယူလိုက်တော့သည်။ ဆေးလုံးများ ဆေးရည်များနဲ့ လက်နက်များက တောင်လေးတခုနှယ် ပုံသွားကာ ထိုအရာများအားလုံး၌ အနိမ့်ဆုံးကပင် ကျင့်ကြံရေးလောကအား ပွက်လောရိုက်သွားစေပြီး သွေးချောင်းစီးစေနိုင်လောက်သည်။
“ဂိုဏ်းချုပ်စု ဒါတွေကို ခွဲဝေပေးလိုက်ပါ”
ကျင်းလုံ စုလဲ့တို့မှာ များပြားသည့် ဆေးဝါးများ ထိပ်တန်းလက်နက်များ အပုံလိုက်ကိုကြည့်၍ မှင်သက်နေကြပြီး ခန်းမထဲရှိ ထိပ်သီးကျင့်ကြံသူများမှာလည်း ထို့အတူပင်။ စုလဲ့က တုန်ယင်စွာဖြင့် ပြန်မေးလာသည်။
“သခင်လေးယန် ဒါတွေအကုန်လုံး ပေးမလို့လား”
ယန်ချန်တယောက် အနည်းငယ် မျက်မှောက်ကြုတ်သွားသည်။ ဘာလဲ.. ဒါတွေက အကူညီဖြစ်တယ်လို့ သူပဲပြောခဲ့တာမဟုတ်ဘူးလား။ ယန်ချန်ရဲ့အမူရာကိုမြင်လျင် စုလဲ့က ကမန်းကတန်း တုန့်ပြန်လာသည်။
“ကျမထင်ထားတာထက် များနေလို့ အံ့သြသွားတာပါ စိတ်မရှိပါနဲ့ ဒါတွေကို မျှဝေပေးလိုက်ပါ့မယ်”
ထိုမှသာ ယန်ချန်က ခေါင်းညိတ်လိုက်ပြီး စုလဲ့ ကျင်းလုံ ကိုယ်တော်ရန် ဖေးလုံ တုံစန်းနဲ့ ပန်း၇ပွင့်တို့မှ ဦးဆောင်၍ ပစ္စည်းများအား အချိုးကျခွဲဝေပေးတော့သည်။ ထိပ်သီးကျင့်ကြံသူများမှာ ထိပ်တန်းဆေးရည်များ ဆေးလုံးများ စိတ်ဝိဉာဥ်အထွဋ်အထိပ်အဆင့်ရှိ လက်နက်များအားကြည့်ကာ ဆွံ့အနေကြပြီး အမှန်တကယ် ရရှိခဲ့သည်ကို မယုံနိုင်ဟန် ဖြစ်နေကြရသည်။
သိထားရမည်မှာ ခန္ဓာကိုယ်အားဖြည့်ဆေးရည် သွေးအားကောင်းစေသည့် ဆေးလုံးများ စိတ်နဲ့အာရုံကို ကြည်လင်စေသည့် ဆေးရည်များ အနာကျက်စေရန် သောက်ရသည့် ဆေးလုံးများ မည်သည့်ဆေးဝါးမဆို ၎င်းတို့အားကောင်းကင်ဘုံသို့ အရှိန်တိုအတွင်းကောက်စေနိုင်သည့် ထိပ်တန်းအဆင့်များဖြစ်ကာ လက်နက်များသည်လည်း စိတ်ဝိဉာဥ်အထွဋ်အထိပ်မှစ သူတော်စင်တဝက်အဆင့်ထိ လက်နက်အမျိုးမျိုးက လက်ရှိခန်းမထဲရှိ ကျင့်ကြံသူများ စိတ်ကူးသာယဥ်နိုင်သည့် အရာများဖြစ်နေလေသည်။
ကျင်းတိုင်းပြည်တခုလုံး၌ စိတ်ဝိဉာဥ်အထွဋ်အထိပ်အဆင့်လက်နက်မှာ လက်ချိုးရေနိုင်ပြီး သူတော်စင်တဝက်အဆင့် လက်နက်ဟူ၍ မရှိသေးပေ။ ယန်ချန်က စာအုပ်အနည်းငယ်အား ထပ်မံထုတ်ယူလိုက်သည်။ ထိုအရာကတော့ စနစ်ထံမှ ရထားသည့်စာအုပ်များဖြစ်ပြီး ကျင့်ကြံသူများအတွက် ထိရောက်မှုရှိမရှိ စမ်းသပ်လိုခြင်းဖြစ်သည်။
“ကိုယ်တော်ဒါက ဗုဒ္ဓလမ်းစဥ်ပါ ကိုယ်တော့်ကို အထောက်ကူပြုမယ်လို့ မျှော်လင့်ပါတယ်”
ယန်ချန်က ကိုယ်တော်ရန်ကျင်းဆီ စာအုပ်တခုကမ်းပေးလိုက်ပြီး ကိုယ်တော်ရန်လည်း စာအုပ်အားကြည့်လိုက်ချိန်မှာတော့ တုန်လှုပ်သွားရသည်။
“ကောင်းကင်ဘုံ ဒါကမှအစစ်မှန် ဗုဒ္ဓလမ်းပဲ”
ဗုဒ္ဓ၏သားတော်များအနေဖြင့် ဗုဒ္ဓရဲ့လမ်းစဥ်က အလွန်အရေးကြီးသည်မှာ မဆန်းပေ။ ယန်ချန်က ကိုယ်တော်ရန်၏ အမူရာအားကြည့်ကာ ထိရောက်မှုရှိသည်အား မြင်လျင် ကျိတ်၍ ကျေနပ်သွားပြီး စာအုပ်တခုအား စုလဲ့ထံ ကမ်းပေးပြန်သည်။
“ဂိုဏ်းချုပ်စု စိတ်မရှိရင် ဒါလေးကို လက်ဆောင်အနေနဲ့ လက်ခံပေးပါ”
စုလဲ့က ယန်ချန့်ဆီမှစာအုပ်အား လေးလေးစားစား လှမ်းယူပြီးနောက် ချက်ချင်းမကြည့်သေးပဲ သိုလှောင်လက်စွပ်ထဲ အလျင်မြန်သိမ်းဆည်းလိုက်သည်။ ကိုယ်တော်ရန်က သက်သေပြထားပြီဖြစ်၍ စုလဲ့၏အမူရာက ထိရောက်မှုရှိနိုင်ကြောင်း ယန်ချန် တွက်ဆလိုက်သည်။
ယန်ချန့်ရဲ့အကြည့်က ပန်းကိုးပွင့်ဂိုဏ်းမှ အကြီးကဲများထံရောက်သွားကာ ကျင်းလုံ၏ နေရာစီစဥ်မှုအရ ထိုအမျိုးသမီးများက အရေးပါမှန်း ယန်ချန်တွက်ဆမိလိုက်သည်။ ထို့ကြောင့် သူမတို့အား လက်ဆောင်တခုပေးရန် ပြင်လိုက်သည်။
“အကြီးကဲတို့ဒါက ယင်ယန်ပန်းချီကားပါ ကျုပ်ရဲ့ နုနယ်တဲ့ အနုပညာအရည်သွေးကို အထင်မသေးဖို့ မျှော်လင့်ပါတယ်”
ပန်းကိုးပွင့်အကြီးကဲများထဲမှ အကြီးကဲတဦးက ချက်ချင်းပင်ထရပ်လိုက်ပြီး ယန်ချန့်ဆီမှ ပန်းချီကားလိပ်အား လက်ခံလိုက်ကာ ကျေးဇူးတင်စကားပြောလာသည်။
“ဆေးဝါးနဲ့လက်နက်အတွက်ဖြစ်စေ နောက်ဆုံးပန်းချီကားလိပ်အတွက်ဖြစ်စေ ပန်းကိုးပွင့်ဂိုဏ်းက သခင်လေးယန်ကို အလေးအနက် ကျေးဇူးတင်မိပါတယ် နောင်မှာ သခင်လေးယန်အကူညီလိုရင် ကျမတို့ကိုပြောလိုက်ပါ ဘလိုအခြေနေမှာပဲ ဖြစ်ဖြစ် တချက်မတုန့်ဆိုင်းစေရပါဘူး”
အကြီးကဲအမျိုးသမီးက လေးလေးနက်နက်ပြောကြာလာပြီး ယန်ချန်လည်း ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့ရဲ့စနစ်သက်မှတ်ထားတဲ့ အနှစ်တရာအချိန်ကာလအား ကောင်းကောင်းမွန်မွန် ဖြတ်ကျော်နိုင်ရန် သေချာပေါက် ဤပေါင်လုံးများအား ပွေ့ဖက်တော့မည်ဖြစ်သည်။
………………………………………………