← Chapters

အဲ့ဒါကို မပြောသေးပါနဲ့ဦး(၂)

Vol. 18 Ch. 247

အဲ့ဒါကို မပြောသေးပါနဲ့ဦး(၂)

Vol. 18 Ch. 247

မနက်စောစောတွင်…..

ဟွာဆန်း၏ တပည့်များအားလုံး လေ့ကျင့်ရေးခန်းမတွင် စုဝေးနေကြသည်။ သူတို့အားလုံးမှာ စိတ်ဖိစီးနေသောမျက်နှာများဖြင့် တန်းစီကာ ဘေးဘီကို လှည့်ကြည့်ကာ အချင်းချင်း တီးတိုးပြောနေကြသည်။

"ဘာတွေဖြစ်နေတာလဲ”

"အင်း... တစ်ယောက်ယောက်များ တစ်ခုခုသိကြလား"

“ငါတော့ ဘာမှ မကြားဘူး... တခြားတပည့်တွေနဲ့အတူ ဒီနေရာမှာ စုဝေးဖို့ပဲ ပြောတာပဲ…”

အဆုံးတွင် ဘတ်တပည့်များထဲမှ တစ်ယောက်က သူတို့ရှေ့က ဘတ်ချုန်းကို မေးလိုက်၏။

"ဆရာတူအစ်ကိုကြီး... အစ်ကိုကြီး တစ်ခုခုများ သိထားသေးလား"

"မကြာခင် သိရတော့မှာပဲလေ... တိတ်တိတ်နေကြ"

“…ဟုတ်ကဲ့”

ဘတ်ချုန်းက ရှေ့ကို လှမ်းကြည့်ရင်း ပြုံးလိုက်သည်။

'အောင်မြင်သွားတဲ့ပုံပဲ'

‘ကောင်းတယ်’

'အဲဒီကောင်စုတ်လေး ရှိနေမှတော့ ဘယ်လိုလုပ် ကျရှုံးနိုင်ပါ့မလဲ... သူသာ မအောင်မြင်ရင် သူတို့တွေ ယူနန်ကို သွားရမှာလေ... ချွန်းမြောင်ကလည်း နောက်တစ်ခေါက် ထပ်မသွားချင်တော့ အောင်မြင်မှာပါ'

သူ့မျက်လုံးထဲမှာတော့ ယွန်းဂျွန်ကလည်း သူ့လိုအမူအရာမျိုးသာ ရှိနေသည်ကို မြင်နေရသည်။ ယွန်းဂျွန်က မျက်ခုံးပင့်၍ အနည်းငယ်ပြုံးပြီး ရှေ့ကိုမျှော်ကြည့်ရင်း သူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့ လှည့်သွားလေသည်။

သူက တီးတိုးတီးတိုး သဖမ်းပိုးလုပ်နေကြသော ချွန်းတပည့်များကို ကြည့်လိုက်သည်။

"မင်းတို့ ပါးစပ်တွေကို ဆက်မပိတ်နိုင်တဲ့ပုံပဲ... ဒီတော့ ငါတို့တွေ လေ့ကျင့်ချိန်ကို ထပ်တိုးဖို့ လိုနေတာပဲ"

“…”

သူ့ဘေးက ဂျိုဂုက ထပ်လောင်းပြောလိုက်သည်။

"ကျွန်တော်တို့တွေ ကျွန်တော်တို့ ဆရာတူညီလေးတွေကို အရမ်း လျှော့တွက်ထားမိပုံပဲ ဆရာတူအစ်ကိုကြီး"

“အမ်… ဟုတ်မယ်နဲ့တူတယ်... ဒီနေ့ကစပြီး သူတို့ရဲ့ လေ့ကျင့်ရေးကို နည်းနည်းလောက် ပိုတိုးလိုက်ကြရအောင်”

ချွန်းတပည့်များ၏ မျက်နှာများမှာ ဖြူဖျော့သွားကြလေသည်။

'မဟုတ်တာ... ဆရာတူဦးလေးတွေက သိပ်မကြာခင်ကအထိ ငါတို့နဲ့အတူတူပါပဲ'

'ဒီလောက်ထိ ပြောင်းလဲသွားရအောင် ယူနန်မှာ ဘာတွေများ ကြုံခဲ့ရလို့လဲ... ဘယ်လိုတောင်'

'အားရီးဂူးးး... အခု ဒီမှာ ချွန်းမြောင် သုံးယောက်တောင် ရှိနေတာပဲ... သုံးယောက်တောင်... ငါ့ကိုသာသတ်လိုက်ပါတော့'

ဒါကိုမြင်သော ဘတ်တပည့်များက တခစ်ခစ်ရယ်နေလေသည်။ ဘတ်ချုန်းကလည်း သူတို့ဘက်ကို တဖန်ပြန်လှည့်လာလေသည်။

"ရယ်နေကြတာလား"

“…”

ဘတ်ချုန်းက မျက်လုံးတွေကို ပွတ်သပ်နေတာကို မြင်လိုက်ရသဖြင့် ဘတ်တပည့်များမှာ တုန်လှုပ်သွားကြလေသည်။

“ကောင်းကောင်းလုပ်ကြရအောင်”

“…ဟုတ်ကဲ့”

ဘတ်တပည့်များနှင့် ချွန်းတပည့်များအားလုံး တစ်လှေတည်းတွင် ရှိနေကြပြီး နှစ်ဖက်စလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ဝမ်းနည်းနေကြဟန်ရှိသည်။

'အရင်တုန်းက သူတို့အပေါ် အမြဲ ကြင်နာတတ်တဲ့ နူးညံ့တတ်တဲ့ သူတို့ရဲ့ ဆရာတူအစ်ကိုကြီးတွေက ဘယ်ကို ရောက်သွားတာလဲ'

'ဒါတွေအားလုံးက ဟိုနတ်ဆိုးကြောင့်ပဲ'

'ယူနန်ကို ခရီးထွက်ရတဲ့အတော်အတွင်း ဟိုနတ်ဆိုးကောင်ဆီက အကျင့်ဆိုးတွေ ကူးလာတာဖြစ်မယ်’

ဘတ်ချုန်းက သူ့အနောက်မှာ ရပ်နေသည့် သူ၏ဆရာတူညီလေးများကို ကြည့်လိုက်၏။ သူတို့၏ ညှိုးငယ်နေသော မျက်နှာများကို မြင်ရသောအခါ သူ့လျှာသူ မထိတထိ ကိုက်လိုက်၏။

ချွန်းမြောင်၊ ဘတ်ချုန်းနှင့် တခြားသူများ ယူနန်ကို သွားရသည့် အကြောင်းရင်းကို သိသောလူတွေမှာ ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့် အန်တပည့်အနည်းငယ်သာ ဖြစ်သည်။ တခြားသူတွေက စိတ်ဝိညာဉ်တက်ကြွဆေး၏ တည်ရှိမှုကိုတောင် မသိကြပေ။

ကမ္ဘာပေါ်တွင် လျှို့ဝှက်ချက်မရှိသော်လည်း လျှို့ဝှက်ချက်ကို သိသူအရေအတွက်ကို လျှော့ချလိုက်လျှင် ယင်းလျှို့ဝှက်ချက်ကို သိသွားရန် အချိန်ပိုကြာလေဖြစ်သည်။ ထို့ကြောင့် တပည့်များထံမှ လျှို့ဝှက်ထားခြင်းဖြစ်သည်။

ဟုတ်ပါသည်။ ဒီတော့ သူတို့ ထိုအကြောင်းကို သိရတော့မှာဖြစ်သည်။ သူတို့တွေ အံ့အားသင့်သွားလောက်သည်။

ထိုစဉ်တွင်

"အားလုံးရောက်ကြပြီလား"

ဆေးပညာခန်းမခေါင်းဆောင် အန်ဂန်းက လေ့ကျင့်ရေးခန်းမထဲသို့ ဝင်လာခဲ့သည်။

"ဟုတ်ကဲ့'

ကျယ်လောင်စွာ ပြန်ဖြေကြလေသည်။

အန်တပည့်များရှေ့တွင် ရပ်နေသော အန်အမ်သည် အန်ဂန်းကိုကြည့်ကာ မေးလိုက်သည်။

"ဆေးပညာခန်းမခေါင်းဆောင်... ဂိုဏ်းချုပ်ရော"

“သူလာနေပြီ”

အန်အမ်က ခေါင်းညိတ်ပြလိုက်သည်။ သူကလည်း လက်ရှိအခြေအနေကို ခန့်မှန်းနိုင်သူများထဲမှ တစ်ယောက်ဖြစ်သည်။

“အရင်ဆုံး…”

အန်ဂန်းက ချောင်းဆိုးပြီး ဆက်ပြောလာသည်။

"လူတိုင်းကို လေ့ကျင့်ရေးခန်းမမှာ စုခိုင်းရတဲ့ အကြောင်းရင်းက ဟွာဆန်းမှာပဲ ငါတို့လုပ်ထားတဲ့ ဝိညာဉ်ဆေးပြားတွေကို ဝေပေးဖို့ပဲ"

သူက ထိုသို့ပြောလိုက်သည်နှင့် အားလုံးက ဗလုံးဗထွေးပြောကုန်ကြလေသည်။

"ဆေး"

"ဟွာဆန်းအတွက် ဆေးရှိတယ်လား"

“မဟုတ်ဘူး... သူတို့ပြောနေကြတာ ငါတို့သောက်နေကျ ဆေးကို ပြောနေတာဖြစ်မယ်... ဒါပေမယ့် အခုက သူတို့ အသစ်တွေလုပ်ထားတာ”

"သူတို့လုပ်ထားကြတာလား"

ဘတ်ဆန်းက အံ့သြသွားပြီး ဘတ်ချုန်းကို မေးလိုက်သည်။

"ဆရာတူအစ်ကိုကြီး... ဒါဆို အစ်ကိုကြီးတို့ ယူနန်ကို သွားရတဲ့ အကြောင်းရင်းက…”

“ဟုတ်တယ်”

အခုတော့ ဖုံးကွယ်ထားစရာ မလိုတော့ပေ။ ဘတ်ချုန်းက တည့်တိုး ဝန်ခံခဲ့သည်။

"ငါတို့က ဆေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ယူသွားခဲ့ကြတာ"

"ဒါဆို ကျွန်တော်တို့ လိုနေတဲ့ပစ္စည်းတွေကို အစ်ကိုကြီးတို့က ရှာတွေ့ခဲ့ပြီး အခုတော့ ကျွန်တော်တို့က ဆေးလုံးဖော်စပ်တာတောင် အောင်မြင်နေပြီလား"

"အဲဒါ ငါ မင်းကို အခုလေးတင် ပြောခဲ့တယ် မဟုတ်ဘူးလား"

“အိုး ဘုရားရေ….”

ဘတ်ဆန်းက အံ့အားသင့်သွားလေသည်။

'ဆေးလုံးလုပ်ရတာ အရမ်းလွယ်သလိုမျိုး ဘာလို့ ပြောနေတာလဲ'

ထို့နောက် လူတစ်ယောက်က လက်ကို မြှောက်လိုက်၏။

အန်ဂန်းက မြင်လိုက်ရပြီး လက်မြှောက်လိုက်သူက မေးလိုက်လေသည်။

"ကျွန်တော်တို့ကို ပေးမယ့်ဆေးက ဘာဆေးလဲဆိုတာ မေးလို့ရမလား"

အဖြေက ချက်ချင်းထွက်လာခဲ့သည်။

"ဒါက နီလာရောင်ကောင်းကင်ဘုံဆေးလုံးပဲ"

“နီလာရောင်ကောင်းကင်ဘုံဆေးလုံး… အာ့... နီလာရောင်ကောင်းကင်ဘုံဆေးလုံး”

မေးခွန်းမေးလိုက်သောသူသည် အံ့အားသင့်သွားပုံရသည်။

နီလာရောင်ကောင်းကင်ဘုံဆေးလုံး

အဲ့ဒါက ဟွာဆန်းရဲ့ဆေးဟောင်းမဟုတ်ဘူးလား။

"အခု ကျွန်တော်တို့ တကယ်ပဲ လုပ်ခဲ့တာလား"

“ဟုတ်တယ်”

အန်ဂန်းက အခိုင်အမာ ပြောလိုက်၏။

“ငါတို့တွေ အချိန်အတော်ကြာအောင် ကြိုးစားအားထုတ်ပြီးမှ အောင်မြင်ခဲ့တာပဲ... ကံကောင်းထောက်မလို့ ငါတို့လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ဝယ်ယူနိုင်ခဲ့ကြတယ်"

“ဒါဆို ဂိုဏ်းချုပ်ကို ၁၀ရက်လောက် မတွေ့ရတဲ့ အကြောင်းရင်းက…”

"သူ ဆေးဖော်ဖို့ အလုပ်ရှုပ်နေခဲ့လို့ပဲ"

“အာ…”

အခုတော့ ဘတ်ချုန်းလည်း သိသွားပြီဖြစ်သည်။

သေချာပေါက် ဟွာဆန်းမှာ သူတို့ရဲ့ကိုယ်ပိုင် ဆေးလုပ်လုပ်ရန် နည်းနမူနာမရှိခဲ့ပေ။ ဒီနေ့ သူတို့လုပ်ခဲ့တာက စိတ်ဝိညာဉ်တက်ကြွဆေးကို နည်းနည်းချင်း သန့်စင်ပေးခဲ့တာဖြစ်သည်။

သို့သော် တစ်ခါတစ်ရံတွင် မုသားများသည် အမှန်တရားထက် ပို၍အသုံးဝင်တတ်သည်။

ဟွာဆန်း၏ တပည့်များသည် စိတ်ဝိညာဉ်တက်ကြွဆေးကို ပြုလုပ်ရန် နည်းလမ်းရှိကြောင်း သိရှိလာပါက ထိုအကြောင်း ပျံ့နှံ့ရန် အချိန်သိပ်ကြာမည်မဟုတ်ပေ။

‘ဒါဆို ငါတို့ သွားပြီပဲ'

ဒါဆို သူတို့က ဘာလုပ်ရမှာလဲ။

နောက်ဆုံးမှာတော့ ချွန်းမြောင်က ထိုအကြောင်းပေါ်သွားပြီး ပြဿနာဖြစ်စေတဲ့အတွက် သူတို့ကို အပြစ်တင်ပေလိမ့်မည်။

"ဒါဆို ကျွန်တော်တို့က နီလာရောင်ကောင်းကင်ဘုံကို ပေးမယ်လို့ ပြောနေတာလား”

“ဟုတ်တယ်... ဆေးလုံးက နည်းနည်းလေး အရွယ်အစားသေးပြီး ပမာဏနည်းပေမယ့် အကြီးအကဲတွေကနေ အငယ်ဆုံးတပည့်တွေအထိ လူတိုင်းကို တစ်လုံးစီ ပေးလိမ့်မယ်”

ထိုစကားကိုကြားလိုက်ရသည်နှင့် လေ့ကျင့်ရေးခန်းမကြီးက အုတ်အုတ်ကျက်ကျက် ဖြစ်လာခဲ့သည်။ ဆေးတစ်လုံးရမယ်ဟု ပြောလိုက်သောအခါ ကိုယ့်ကို ကမ္ဘာမှာ သူရဲကောင်းတစ်ယောက်ဟု ခေါ်နေသည့် ဘယ်သူကများ စိတ်မလှုပ်ရှားဘဲ နေလိမ့်မလဲ။

ထိုဆေးသည် သူတို့ကို နောက်ဆင့်သို့ တက်လှမ်းနိုင်စေမည့် အရာဖြစ်ပြီး အထူးသဖြင့် ဤဆေးသည် ဟွာဆန်း၏ဆေးလုံးဟု လူသိများကြသည်။

သေချာပေါက် ရှောင်လင် သို့မဟုတ် ဝူတန်မှပြုလုပ်သောဆေးများလောက် ကြီးကျယ်မခမ်းနားနိုင်သော်လည်း ဘယ်သူက ဂရုစိုက်နေမှာလဲ။

အန်ဂန်းက တပည့်များ၏ စကားကိုကြားသောအခါ ပြုံးချင်နေတာကို ဖုံးကွယ်ထားလေသည်။

'ဒါက စိတ်ဝိညာဉ်တက်ကြွဆေးထက်တော့ ပိုကောင်းလိမ့်မယ်'

ဟုတ်ပါသည်။ ဆေးလုံးက သေးငယ်သောကြောင့် တူညီသော အာနိသင်ထိရောက်မှုမျိုး မဖြစ်နိုင်သော်လည်း ပမာဏပိုများလာပါက အကြောင်းပိုထူးသော ဇာတ်လမ်းဖြစ်ပေမည်။

စိတ်ဝိညာဉ်တက်ကြွဆေးနှင့် နှိုင်းယှဉ်လျှင် နီလာရောင်ကောင်းကင်ဘုံဘက်ကလည်း လုံးဝ နိမ့်ကျတာမျိုး ရှိမှာမဟုတ်ပေ။ ယင်းအစား နီလာရောင်ကောင်းကင်ဘုံဆေးက ပိုတောင် ကောင်းဦးမည်။ တပည့်ကျော်များ မည်မျှထိ အားကောင်းလာလိမ့်မလဲဆိုတာ ကြိုတင်မျှော်မှန်းကြည့်ရုံမျှသာဖြစ်သည်။

သို့သော် တပည့်အားလုံးက စိတ်လှုပ်ရှားခြင်းမရှိပေ။

“အဆင်ပြေပါ့မလား”

“ဘာကိုလဲ”

“ဒါက လုံးဝ အသစ်စက်စက် ဆေးမဟုတ်လား... တစ်ခုခုမှားယွင်းနေခဲ့ရင် ကျွန်တော်တို့ရဲ့ အတွင်းအား ချီတွေ ကျသွားနိုင်တယ်လေ”

“အာ... မဖြစ်နိုင်တာ”

“မဟုတ်ဘူးလေ... လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း မလုပ်ဖြစ်ခဲ့တဲ့ ဆေးလေ... ဒါကို ဘယ်လိုများ အပြည့်အဝကို ယုံကြည်နိုင်ရတာလဲ”

နားဝင်မချိုပေမဲ့ မှားတော့လည်း မမှားပေ။

ဆေးတစ်ဖုံ ဖော်စပ် တာကို ကောင်းကောင်း လက်ခံနိုင်ကြပေမဲ့ လူဘယ်နှစ်ယောက်က သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အရင်ဆုံး စမ်းသပ်ခံချင်ကြမှာလဲ။

စိတ်လှုပ်ရှားမှုနှင့် ကြိုတင်မျှော်မှန်းချက်၊ စိုးရိမ်ကြောင့်ကြမှုနှင့် သံသယစိတ်တို့က တစ်ချိန်တည်းမှာပင် ကွင်းတစ်ကွင်းလုံး လွှမ်းမိုး ရိုက်ခတ်သွားလေသည်။ ထိုတုံ့ပြန်မှုကို မြင်လိုက်သော အန်ဂန်းက ပြုံးလိုက်မိလေသည်။ ဒါကို ကြည့်နေသည့် အန်အမ်က မေးလိုက်၏။

"အန်ဂန်း"

"ဟုတ်ကဲ့ ဆရာတူအစ်ကိုကြီး"

"ဒီဆေးက သေချာရဲ့လား"

"ဟုတ်ကဲ့ ဆရာတူအစ်ကိုကြီး... ဒါကို ကျွန်တော်တို့ စမ်းသပ်ပြီးသားပါ”

"ဘယ်သူနဲ့လဲ"

“အာ... အဲ့ဒါက…”

အန်ဂန်းက ပြုံးလျက် လှည့်ကြည့်လာ၏။

“အစ်ကိုကြီး ကိုယ်တိုင် မြင်နေရတာပဲလေ... သူတို့က ဒီမှာပဲ"

"အမ်"

အန်အမ်က စိတ်ရှုပ်သွားလေသည်။

'ဒါက ရိုးရှင်းတဲ့ကိစ္စ မဟုတ်လောက်ဘူး... ဒါကြောင့် အန်ဂန်းက မရှင်းပြတာလား'

'ဒီလူက ဆေးပညာခန်းမရဲ့ အကြီးအကဲဆိုတော့ လူတိုင်းကို ရှင်းပြရမှာ သူ့တာဝန်လေ... ဒါပေမယ့် ဂိုဏ်းချုပ်ဟွမ်ဂျုံက ဒီလိုလုပ်တာ ပိုကောင်းပါတယ်'

'ဒါဆို ဟွမ်ဂျုံက ဘာလို့ ဒီမှာ ရှိမနေတာလဲ'

ရှပ်..ရှပ်...

အန်အမ်သည် လူတွေ ထိုနေရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်ကို မြင်လိုက်ရပြီး အကြောင်းအရင်းကို နားလည်လိုက်သည်။ ထို့နောက် သူ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ရှပ်...ရှပ်...ရှပ်..ရှပ်...

ထိုလူတွေက လေးယောက်ဖြစ်သည်။

ထိုလူလေးယောက်က လေ့ကျင့်ရေးခန်းမထဲကို လျှောက်လာကြသည်။

အန်အမ်က သူ့မျက်လုံးတွေကို အဆက်မပြတ် ပွတ်သပ်နေမိသည်။ သို့သော် သူ မျက်လုံးများကို မည်မျှပင် ပွတ်သပ်သည်ဖြစ်စေ ပါးပြင်ကို ဆွဲဆိတ်သည်ဖြစ်စေ သူ့ရှေ့က မြင်ကွင်းက အတူတူပင်ဖြစ်နေသည်။

'ဒါ... ဒါက ဘာလဲ'

'ဘာတွေ ဖြစ်ခဲ့တာလဲ'

ထိုလူလေးယောက်က စင်မြင့်ပေါ်သို့ ပေါ့ပေါ့ပါးပါး တက်သွားကြ၏။ သူတို့၏အကြည့်များသည် အလိုလို ဘေးဘက်သို့ တပ်ခေါက်သွားကြသေလည်။

“ဟင်”

ရှေ့သို့ လှမ်းလာသူက လူတိုင်းကို ကြည့်ကာ စကားစပြောလိုက်၏။

“ဒီအခြေအနေကို အန်ဂန်းက ရှင်းပြသင့်တာပါ…”

"အဲဒါ"

ဘတ်ချုန်းက သူ့လက်ကို မြှောက်လိုက်လေသည်။ လမ်းနေလျှောက်တာ ရပ်သွားသည့်လူက မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်လာ၏။

"ဘာများလဲ"

“ကျ… ဟို… ဟို…. ဒီမေးခွန်းက ထူးဆန်းနေတာ ကျွန်တော် သိပါတယ်…”

“ပြောစမ်းပါကွာ”

ဘတ်ချုန်းက တံတွေးကို မျိုချ၍ ခက်ခက်ခဲခဲ ပြောလိုက်လေသည်။ ဒါက ထူးဆန်းနေမည့် မေးခွန်းတစ်ခု ဖြစ်ပေမယ့် သူ မေးရမှာ ဖြစ်သည်။

"ခင်... ခင်ဗျားက ဘယ်သူလဲ"

"ဟူးဟူးဟူဟူး"

ထိုနေရာတွင် ရပ်နေသည့် ဟွမ်ဂျုံက ဝါးလုံးကွဲ ရယ်မောလေသည်။

"ဒီကောင်ကတော့လေ သူ့ဂိုဏ်းချုပ်ကိုတောင် မမှတ်မိတော့ဘူးလား"

"ခင်... ခင်ဗျားက တကယ်ပဲ ဂိုဏ်းချုပ်လား"

ဘတ်ချုန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

'မ... မဟုတ်ဘူး... ဟုတ်တယ်... အဲ့ဒါ ဟုတ်တယ်...''

သူက ဟွာဆန်း၏ ၀တ်စုံကို ၀တ်ထားသည်မှာ ထင်ရှားပေသည်။ သူဝတ်ထားသည့် ၀တ်စုံကို ကြည့်လိုက်ပြီးမှ ဒါက သူသိသော ဂိုဏ်းချုပ်ဆိုတာ ရှင်းလင်းလာလေသည်။

သို့သော်…

'မဟုတ်ဘူး... သူ့ကိုမြင်တဲ့သူတိုင်းက တခြားလူတစ်ယောက်လို့ပဲ ထင်မှာပဲ’

ဘတ်ချုန်း အံ့သြရသည့်အကြောင်းရင်းမှာ ဟွမ်ဂျုံ၏မျက်နှာကြောင့်ဖြစ်သည်။

အိုမင်းပြီး ရှုံ့တွနေခဲ့သည့် သူ့မျက်နှာသည် ယခုအခါ တင်းရင်းပြီး မီးခိုးရောင်သန်းနေသော ဆံပင်များသည် မင်ဖြင့် ခြယ်သထားသကဲ့သို့ မည်းမှောင်၍ တောက်ပြောင်နေသည်။

"နု... နုပျိုသွားတာလား"

ဘတ်ချုန်းက အံ့ဩတကြီး မျက်တောင်ခတ်လိုက်ပြီး ဟွမ်ဂျုံက တောက်ပစွာ ပြုံးပြလာလေသည်။

“ဟူးဟူး... ဒါက ကသိကအောက်ဖြစ်နေမယ်ထင်တယ်”

ဟွမ်ဂျုံတင် မကပေ။

“မ... မဟုတ်သေးပါဘူး... ဒါဆို ခေါင်းဆောင်ဘေးနားက အကြီးအကဲ ဟွမ်ယုန်လား... အကြီးအကဲ ဟွမ်ယုန်”

ဟွမ်ဂျုံ၏ တစ်ဖက်တစ်ချက်စီမှာ ရပ်နေတဲ့ သူတွေက အသက်၂၀လောက်အရွယ်ကို ပြန်ရောက်သွားသလိုပဲ မဟုတ်လား။

“မင်းက မေးစရာမလိုတာကို မေးနေတာပဲ... တခြားဘယ်သူများ ဖြစ်နိုင်လို့လဲ"

“…အို ဘုရားရေ”

မဟုတ်ဘူး… အနီးကပ်ကြည့်လိုက်ရင်တော့ ရေးရေးလေးတော့ ရင်းနှီးသလိုပဲ…

ထိုအချိန်တွင် ယူယီဆိုးက ပြောလိုက်၏။

"အိုမင်းနေတဲ့ မျက်နှာက"

"အမ်"

“ဟွာဆန်းကို ပထမဆုံးရောက်တုန်းက အဲဒီမျက်နှာကို မြင်ဖူးတယ်... မဟုတ်ဘူး… အခုမျက်နှာထက်တောင် အသက်ပိုကြီးနေလောက်မှာ”

ယူယီဆိုးက ခေါင်းကို စောင်းကြည့်လိုက်၏။

'ဒါက အနည်းဆုံး နှစ်၂၀လောက် ပိုငယ်သွားတဲ့ပုံပဲ'

အန်အမ်က တောက်ပစွာ ပြုံးပြီး အကြီးအကဲများကို ကြည့်လိုက်၏။

“ခေါင်းဆောင်တို့သုံးယောက် နုပျိုနေတာကို တွေ့ရတော့ ဒီတပည့်လေးရဲ့ နှလုံးသားက အရမ်းအရမ်းကို ပျော်မိပါတယ်... ဒါပေမယ့် ဒီတပည့်သိချင်တာက ဘာတွေများ ဖြစ်ခဲ့တာပါလဲ… ဒီလိုအကျိုးသက်ရောက်မှုက ဘာကနေ ဖြစ်လာတာပါလဲ”

"တခြား အကြောင်းပြချက်ကို စဉ်းစားလို့ ရမလား"

ဟွမ်ဂျုံက တောက်ပစွာ ပြုံးပြီး ဟွမ်ဆန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူတို့သယ်လာသော လင်ဗန်းပေါက် ပိုးထည်ကို ဖြန့်ခင်းပြီး နီလာရောင်ကောင်းကင်ဘုံဆေးလုံးများကို သူတို့ရှေ့တွင် ခင်းကျင်းလိုက်၏။

“ဆေးတွေက ပြဿနာတစ်ခုခုရှိမရှိ သိဖို့ရာအတွက် ငါတို့တွေအရင် စမ်းသောက်ကြည့်လိုက်တယ်... ဟူး... ပြီးတော့ သူ့ရဲ့အကျိုးသက်ရောက်မှုက ဒီအတိုင်းပဲ”

သူ့ဘေးနားရှိ ဟွမ်ယုန်က ပြုံးပြလိုက်သည်။

"အင်း... ငါတို့က အဲ့ဒီဆေးတွေထဲက သုံးလုံးကို သောက်ခဲ့ကြတာ"

"ပထမဆုံးသောက်တဲ့သူတွေပဲ"

ဟွမ်ဂျုံက ဟစ်ကြွေးလိုက်၏။

“အင်း ဟုတ်တယ်”

သုံးယောက်သား ပျော်ပျော်ရွှင်ရွှင် စကားပြောနိုင်လျှင်တောင် သူတို့ရှေ့က တခြားသူတွေကတော့ မရယ်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဒီအခြေအနေဟာ ဟာသမြောက်မနေသောကြောင့်ပင်။

တပည့်များ၏ မျက်လုံးများမှာ အလျင်လိုနေကြသည်။

'ပြန်လည်နုပျိုခြင်း'

'ဒါက မဖြစ်နိုင်တာ... အဲ့ဒါက ဘာကြီးလဲ'

'သေမယ်ဆိုရင်တောင် စားရမယ်... မစားဘဲနဲ့တော့ မသေနိုင်ဘူး... ငါစားသင့်လိုက်သင့်တာပေါ့... ပြီးရင် နောက်ပိုင်း အကျိုးဆက်တွေ အကြောင်းကို တွေးသင့်တယ်’

တခြားဘယ်ဆေးလုံးကများ ပိုပြီးသိသာထင်ရှားတဲ့ အာနိသင်ကို ထုတ်ပေးနိုင်မှာလဲ။ ဆေးသောက်လိုက်တဲ့သူက သူတို့ရဲ့ကျင့်ကြံမှုကို ကျော်လွှားသွားနိုင်ရင်တောင် သိပ်ပြီး အထင်ကြီးစရာတော့ မဟုတ်ပေ။

'အသက်၂၀လောက် ပိုငယ်သွားတယ်'

'ဘာ ၂၀လဲ... နှစ်၃၀လောက်တောင် ဖြစ်နိုင်တယ်'

‘ဝိုး... တောက်ပြောင်နေတဲ့ ဆံပင်တွေကို ကြည့်လိုက်ပါဦး... အိုး... ဘုရားရေ'

တပည့်များသည် အရေးအကြောင်းများ ကင်းစင်နေပြီး ငယ်ရွယ်နုပျိုနေသော အဘိုးအိုများကို တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားနေကြလေသည်။

အခုတော့ တစ်စက္ကန့်အတွင်း ဘယ်သူကမှ တည်တည်ငြိမ်ငြိမ်မနေနိုင်ကြတော့ပေ။ အန်အမ်တောင်မှ လှုပ်လှုပ်ရွရွ ဖြစ်လာပြီး နီလာရောင် ကောင်းကင်ဘုံဆေးလုံးကို ကြည့်နေကြလေသည်။

နောက်ပြီး…

'မဟုတ်ဘူး... အဲ့ဒီအရူးကောင်က ဘာလုပ်လိုက်တာလဲ'

'ဒါက စိတ်ဝိညာဉ်တက်ကြွဆေးပဲလား... ငါတော့ အဲ့ဒါလို့ မထင်ဘူး'

'ကျေးဇူးပြုပြီး ပုံမှန်ဖြစ်ပါတော့ ချွန်းမြောင်'

ဆေး၏အကျိုးအာနိသင်ကို သိထားသော တခြားသူများနှင့်အတူ ဘတ်ချုန်းက ဆေးကို ကြည့်လိုက်၏။ ထို့နောက် ချွန်းမြောင်ကို ကြည့်ကြလေသည်။

ပထမ သူတို့သောက်လိုက်တဲ့ဆေးက ဒီလိုအာနိသင်မျိုး မရှိပေ။ သူတို့တွေ ဒီဆေးကို မစားရသေးတာလား။ ထို့ပြင် ခရမ်းရောင်ဖျော့ဖျော့ရှိသော အလင်းရောင်မှာ စိတ်ဝိညာဉ်တက်ကြွဆေးနှင့် လုံးဝမသက်ဆိုင်ပေ။

တော်တော်တော့နော်..

‘ခွေးကောင်လေး... ဒီလိုအဆင်မပြေဖြစ်နေတဲ့ အမူအရာကို ကြည့်စမ်းပါဦး'

ချွန်းမြောင်၏ မျက်နှာကို ကြည့်ရုံနှင့် သူတို့ အာရုံရမိပါသည်။ ဒီဆေးတွေကို သူလုပ်ခဲ့တာသာ ဖြစ်မည်။

သူတို့တွေ သူ့ကိုကြည့်နေတာကို မြင်သောအခါ ချွန်းမြောင်က ပြုံးရုံပြုံးပြလိုက်၏။ ရိုးရိုးသားသားပြောရလျှင် ဒီလိုဖြစ်လာလိမ့်မည်ဟု သူတောင် မျှော်လင့်မထားခဲ့ပေ။

ထိုဆေးလုံးများသည် လူများကို ငယ်ရွယ်နုပျိုစေသည်ဟု ကြားဖူးသော်လည်း ဒီလောက်ထိ သက်ရောက်မှုရှိမည်ဟု မထင်ခဲ့ပေ။

'အဲဒီလို အကျိုးသက်ရောက်မှုကို ထုတ်ပေးတာက သန့်စင်တဲ့ ချီကြောင့်များ ဖြစ်နိုင်မလားပဲ'

'မဟုတ်ဘူး... ဖြစ်နိုင်တယ်... ငါ့ဘဝကို ပြန်ရလိမ့်မယ်လို့ ငါ ပြောခဲ့တာ သေချာတယ်...''

ဒါပေမယ့် ဒီလိုမျိုးဖြစ်လာဖို့တော့ သူ မျှော်လင့်မထားပါ။

'ဟားဟား'

'ဟားဟားဟား'

'မဟုတ်ဘူး... ဒါလည်း တစ်နည်းမဟုတ်တစ်နည်းတော့ ကောင်းပါတယ်... ပြီးတော့ မင်းလည်း နေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်'

ချွန်းမြောင်က တွေးနေရင်း ဘတ်ချုန်း၏ အကြည့်များကို ရှောင်နေလိုက်သည်။

မကြာမီတွင် ဟွမ်ဂျုံက ကျယ်လောင်သော အသံဖြင့် ပြောလာသည်။

“အခုချိန်ကစပြီး ဟွာဆန်းရဲ့ တပည့်တိုင်းက ဆေးတစ်လုံးစီရလိမ့်မယ်... တပည့်တို့ ထွက်လာကြပြီး ဆေးကို ယူကြပါ”

"ဟုတ်ကဲ့ ဂိုဏ်းချုပ်"

သောင်းသောင်းဖျဖျ အော်သံများကို ကြားသောအခါ ချွန်းမြောင်က မော့ကြည့်လိုက်၏။

‘အင်း... ငါတို့ ဒီတောင်ကြီးကို ဒီအတွက် ဖြတ်ကျော်ခဲ့တာပဲ'

‘ဟွာဆန်းက ပိုပြီးသန်မာလာလိမ့်မယ်’

'ဘုရားရေ... ဒီကလေးတွေ ဘယ်တော့မှ ပြန်အရွယ်ရောက်လာကြမှာလဲ’

မည်သို့ပင်ဆိုစေကာမူ သွားရမည့်ခရီးမှာ အရှည်ကြီး ရှိနေဆဲဖြစ်ပြီး ပြီးမြောက်အောင် လုပ်ဆောင်ရန် လိုအပ်သည့် အဆုံးမရှိသော အလုပ်များလည်း ရှိသေးသည်။

သို့သော်…

ချွန်းမြောင်က ဂိုဏ်းချုပ် အကြီးအကဲများကို ကြည့်ပြီး ဘတ်ချုန်းကို တစ်ချက် ကြည့်လိုက်သည်။

'ဒါပေမယ့် ဒီနေရာကနေ ကြီးပြင်းလာရတဲ့ အံ့သြစရာကောင်းတဲ့ အရသာကို ငါခံစားမိပါတယ်'

‘ဆရာတူအစ်ကိုကြီး ကျွန်တော့်ကို ဒီလိုခံစားချက်နဲ့ ပျိုးထောင်ခဲ့တာလား’

'အဲ့ဒီလို လုပ်ပြီးတာနဲ့ ဒီလိုခံစားခံမျိုး ခံစားရရင် ဒါက ရင့်ကျက်လာရတဲ့ အရသာလား... ဟုတ်လား'

* မမိုက်မဲစမ်းပါနဲ့... မင်းက တခြားသူတွေရဲ့ အစားအစာကို ခိုးစားနေကျသူပဲလေ အရူးကောင်

“…”

‘အင်း... ဒါတော့ နည်းနည်း များသွားပြီ’

All Chapters