← Chapters

အဲ့ဒါကို မပြောသေးပါနဲ့ဦး(၄)

Vol. 18 Ch. 249

အဲ့ဒါကို မပြောသေးပါနဲ့ဦး(၄)

Vol. 18 Ch. 249

ဟွာဆန်း၏ တပည့်များသည် တစ်နေကုန် တုန်လှုပ်နေသော သူတို့၏နှလုံးသားများကို မဟန့်တားနိုင်ကြပေ။

"လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဒီလောက် အများကြီး ပြောင်းလဲနိုင်လား"

“အိုး ဘုရား… ဒီမနက် အိပ်ရာက နိုးလာပြီး မျက်နှာကျက်ကို ခေါင်းနဲ့ ဆောင့်မိတယ်”

"…ဘာလို့လဲ"

"ငါထတော့မလို့ကို ဒါပေမယ့် ငါ့ခန္ဓာကိုယ်က မျက်နှာကျက်ဆီကို ခုန်တက်သွားတယ်လေ"

"မင်းခန္ဓာကိုယ်က မင်းခန္ဓာကိုယ်မဟုတ်ဘူးလို့ ပြောကြသလိုပဲ တစ်ခုခုဖြစ်ရမယ်"

နီလာရောင်ကောင်းကင်ဘုံ၏ အစွမ်းသည် အံ့မခန်းပင်။

မဟုတ်ဘူး အဲဒါထက်တောင် ပိုသေးသည်။ ဆေးတစ်လုံးတည်းနှင့် သူတို့ရဲ့ ခန္ဓာကိုယ်တွေက အများကြီး ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူက စိတ်ကူးမိမှာလဲ။

သူတို့၏ အတွင်းအားချီ တိုးလာလိမ့်မည်ဟုပဲ ထင်ခဲ့ကြပေမယ့် သူတို့၏ ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းတွေများကိုပါ ပိုကောင်းသော လုပ်ဆောင်မှုများ လုပ်နိုင်သည့်အရာများအဖြစ်သို့ ပြောင်းလဲသွားသလို ခံစားရသည်။

အထူးသဖြင့် အရင်တုန်းက ချွန်းမြောင် သူတို့ကို ပေးခဲ့သော ဆေးကို စားဖူးသူများသည် 'ဆေး'တစ်လုံးက ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ်သည်ကို သိရှိခဲ့ကြသည်။

"ရေချိုးခန်းက လူများနေတုန်းလား"

“ကိုယ့်လူ... ငါ ဒီနေ့ တစ်နေကုန် ဆီးသွားနေရတာပဲ"

"သေလိုက်ပါတော့... အဲဒါ ဘယ်လိုပေါက်တက်ကရတွေလဲ"

"တကယ်ပါပဲ"

တပည့်အများစုသည် ဘတ်ချုန်းလုပ်ခဲ့သလိုမျိုး ခန္ဓာကိုယ်အတွင်းရှိ နောက်ကျိနေသာ ချီများကို ထုတ်မပစ်နိုင်ခဲ့ကြပေ။ ထို့ကြောင့် ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးများကို စွန့်ထုတ်ခြင်းသည် တစ်ပုံစံတည်း ဖြစ်မလာပါ။ ဆိုလိုတာက လာမယ့်ရက်အတော်ကြာတဲ့အထိ စွန့်ထုတ်နေရဦးမှာဖြစ်သည်။

ခန္ဓာကိုယ်ကို သန့်စင်ခြင်း…

ဆေးချီတစ်မျိုးတည်းကိုသာ မျိုချလိုက်ခြင်းဖြင့် ရရှိခဲ့တာဖြစ်သည်။

သေချာပေါက် သုံးစွဲမှုနည်းလမ်းက အမျိုးမျိုး ပြောင်းနေသောကြောင့် ကွဲလွဲမှုများက ရှိနေဆဲဖြစ်သည်။ သို့သော် ယင်းသည် သူတို့အတွက် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်နေဆဲဖြစ်သည်။

အစာစားနေချိန်မှာတောင် သူတို့၏ စိတ်လှုပ်ရှားမှုကို ဘယ်သူမှ ဖုံးကွယ်မထားနိုင်ပေ။ စားသောက်နေစဉ်တွင် မည်သူမျှ စကားစပြတ်သွားတာမရှိပေ။

လူတိုင်းက ဒီခံစားချက်ကို ယစ်မူးနေပုံရသည်။

သူတို့အားလုံးကို စိတ်ငြိမ်စေသော ရိုးရှင်းသည့် စကားတစ်ခွန်းဖြစ်သည်။

"ငါတို့သိတဲ့ ဟွာဆန်းထက်တောင် ပိုပြီး သန်မာနေတာ သေချာတယ်မဟုတ်လား"

“…”

အားလုံးက နှုတ်ဆိတ်သွားကြပြီး မေးခွန်းထွက်လာသည့်ဘက်ကို ကြည့်လိုက်ကြသည်။

ထိုသို့ ပြောလိုက်သည့် ဘတ်တပည့်က စိတ်ရှုပ်ထွေးသွားလေသည်။ စကားတစ်ခွန်းက ဒီလိုတုံ့ပြန်မှုမျိုး ယူလာလိမ့်မည်ဟု သူ မထင်ထားမိပေ။

“….”

ဤတုံ့ပြန်မှုသည် တပည့်များက ဒါကို ဟာသတစ်ခုဟု ထင်မြင်ခြင်းကြောင့် မဟုတ်ပေ။ ဒါထက် ၎င်းသည် ဟာသဟု မထင်ရသောကြောင့်ဖြစ်သည်။

သေချာပေါက် ဟွာဆန်းက ကျဆင်းလျော့ပါးလာသည် ဟူသောအချက်ကို မည်သူမှ သတိမထားမိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ဂိုဏ်းချုပ်သည် အတိတ်တုန်းက ဟွာဆန်း၏အသရေရှိမှုအကြောင်း ဆက်ပြောနေကျ ဖြစ်သောကြောင့်ဖြစ်သည်။

သို့သော် ဒီနေရာတွင်ရှိနေသော တပည့်အများစုမှာ ချွန်းမြောင်က ဆံပင်ကို ဖမ်းဆွဲပြီး အတင်းအကြပ် လေ့ကျင့်ခံရသူများ ဖြစ်ကြသည်။

မကြာသေးမီက အခြားသောဆရာတူအစ်ကိုကြီးများသည်လည်း ချွန်းမြောင်လိုပုံစံမျိုး ပြောင်းလဲသွားခဲ့သည်….

ပြီးတော့…

အရင်က အိပ်မက်တစ်ခုဟု ထင်ရသောအရာက အခုတော့ တဖြည်းဖြည်းနှင့် သူ့အလိုလို ပုံပေါ်လာခဲ့သည်။

"...ဘယ်အရာမှ မဖြစ်နိုင်တာ မရှိဘူး ဟုတ်တယ်မလား"

“ကောင်စုတ်လေး... အဲ့ဒီစကားတွေက…”

“မဟုတ်ဘူး... ဟိုအရင်က ဟွာဆန်းက ဘယ်လောက်တောင် အင်အားကောင်းခဲ့လဲဆိုတာ မသိပေမယ့် ငါတို့လည်း ပိုပြီး သန်မာလာပါပြီ”

“အမ်…”

"ငါတို့က တောင်ဘက်စွန်းဂိုဏ်းကို အနိုင်ယူခဲ့ကြတယ်... ပြီးတော့ ငါတို့ရဲ့ဆရာတူအစ်ကိုကြီးက ဝူတန်ရဲ့တပည့်ကို ဖြုတ်ချခဲ့တယ်လေ... ငါတို့လည်း သန်မာလာနေပြီပဲ”

"ချွန်းမြောင် ရိုက်တာ ခံရပြီးရင် မင်းတို့ စိတ်ပြောင်းချင်ပြောင်းသွားလိမ့်မယ်"

"တစ်နည်းပြောရရင် ငါတို့က အဲ့ဒီမကောင်းဆိုးရွားကို သည်းခံနိုင်တဲ့သူတွေပဲ"

လူတိုင်းက ထိုစကားကိုကြားလိုက်နှင့် လေးနက်သော မျက်နှာထားများရှိနေသည်။

တကယ်တော့ သူတို့ ဘယ်လောက် သန်မာလဲဆိုတာ မည်သူမှ မသိလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲက ဘယ်သူကမှ သွားရောက် စမ်းကြည့်ဖို့ အခွင့်မသာခဲ့လို့ဖြစ်သည်။

ဘတ်ချုန်းနှင့် ချွန်းမြောင်တို့၏ပုံပြင်များကိုသာ နားထောင်နိုင်ကြသည်။

'ဘတ်ချုန်းက နီလာရောင်ကောင်းကင်ဘုံဆေး မသောက်ခင်ကကို ဝူတန် တပည့်ထက် ပိုသန်မာခဲ့တယ်... ဒါဆို အခု ဘတ်ချုန်းက ဘယ်လောက်တောင် သန်မာနေပြီလဲ'

'အခြားသူတွေရော ဘယ်လောက်တောင် သန်မာနေပြီလဲ'

“သေချာတာတစ်ခုတော့…”

ဘတ်ဆန်းက ပြောသောအခါ အားလုံးက သူ့ကိုကြည့်နေကြသည်။

“အဲ့ဒီအိပ်မက်က အခုတော့ မဖြစ်နိုင်သေးဘူး”

လူတိုင်းက ခေါင်းညိတ်ကြလေသည်။

“အားလုံးဒါကို မှတ်ထားကြ... ဘတ်ချွန်းဆရာတူအစ်ကိုကြီး နဲ့ တတိယတန်းအဆင့်တပည့်တွေက ဘာကြောင့် ယူနန်ကို သွားခဲ့ကြတာလဲ... ဘာလို့လဲဆိုတော့ သူတို့က ဒီဆေးလုံးကို ငါတို့လို တပည့်တွေအတွက် လုပ်ပေးချင်လို့ပဲ... သူတို့ကို ပြန်ဆပ်ပေးနိုင်ဖို့ ငါတို့တွေ ပိုကြိုးစားဖို့လိုတယ်”

"ဟုတ်ကဲ့ ဆရာတူအစ်ကိုကြီး"

"အတတ်နိုင်ဆုံးကြိုးစားပါ့မယ် ဆရာတူအစ်ကိုကြီး"

ဘတ်ဆန်းက ခေါင်းညိတ်လိုက်၏။

"များများစားကြ... သေတဲ့အထိ စားသောက်ပြီး လေ့ကျင့်ပါ... ဒါဆို အခုတင် ငါတို့ပြောခဲ့တဲ့စကားက တစ်နေ့နေ့ကျ အိပ်မက်တစ်ခုပဲ ဖြစ်နေတော့မှာ မဟုတ်တော့ဘူး”

“ဟုတ်ကဲ့”

တပည့်များက အသံကျယ်ကျယ်နှင့် ပြန်ဖြေလိုက်ကြသည်။

သူတို့မျက်နှာကိုကြည့်ရင်း ထန်စုစုကတော့ ထောင့်တွင်ထိုင်ကာ စားသောက်နေလေသည်။

'သူတို့က နောက်နေတာမဟုတ်ဘူးပဲ'

သူမ ကြုံခဲ့ဖူးသည့် နီလာရောင်ကောင်းကင်ဘုံဆေး၏အစွမ်းပင်လျှင် ထူးခြားပေသည်။

ထန်မိသားစုမှဖြစ်သော်ငြားလည်း သူမ ထိုသို့သောဆေးရှိမှန်း မသိခဲ့ပေ။

'ခရမ်းရောင်ဆေး...'

ဟွာဆန်းမှ တပည့်များ၏ အာရုံစိုက်နေသောမျက်လုံးများကို သူမ ကြည့်လိုက်သည်။

‘ကန်ဟိုမှာ ဒီလိုမျိုး အတွင်းအားချီတွေ ရှိတဲ့ လူတွေ အများကြီးရှိတဲ့နေရာ ရှိသေးသေးလား'

ရှောင်လင်တောင်မှ ဒါကို ယှဉ်နိုင်မှာမဟုတ်လောက်ပေ။

သူမက ရှောင်လင်ဂိုဏ်းကို ကိုယ်တိုင်ကိုယ်ကျမမြင်ဖူးပေ။ ထို့ကြောင့် ဒါက မှန်းဆချက် တစ်ခုသာဖြစ်သည်။ သို့သော် သူမ မည်သို့ပင် တွေးနေပါစေ ဒီအချိန်မှာ အတွင်းအားချီနှင့် ကြုံရသောအခါ ဟွာဆန်းက ကမ္ဘာ၏ထိပ်တန်းတွင် ရှိနေသလို ခံစားလိုက်ရသည်။ သိုင်းပညာထဲတွင်ချီများကို တိုက်ပွဲထဲ၌ ထည့်နိုင်ခဲ့လျှင် အခြေအနေ ဘယ်လိုဖြစ်သွားမလဲ။

'အဲ့ဒီအိမ်မက်ဟာ အိပ်မက်တစ်ခုသက်သက်ပဲ ဘယ်တော့မှ ဖြစ်နေမှာမဟုတ်တော့ဘူး'

ထန်စုစုက နှုတ်ခမ်းကို ကိုက်လိုက်သည်။

လူတိုင်းက စိတ်စွဲလမ်းမှုမီးများ တောက်လောင်နေကြသော်လည်း ၎င်းကို သူမ ဆက်မကြည့်ချင်တော့ပါ။ ယခုဆို သူမသည်လည်း ဟွာဆန်း၏ တပည့်ဖြစ်နေပြီဖြစ်သည်။

'ငါလည်း အကောင်းဆုံး လုပ်ရမယ်'

အခုအချိန်မှာ သူမ၏ လေ့ကျင့်ရေးကို လုံလောက်အောင် ပံ့ပိုးပေးနိုင်သော ချီရှိနေပြီ... သူမက ကျော်ကြားတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာဖို့တောင် လုံလောက်နေပေသည်။

သူမနာမည်ကို ကမ္ဘာက သိစေချင်တာတောင်မှ…. သူမကို ထန်မိသားစု၏သမီးအဖြစ်ထက် အမျိုးသမီး ဓားသမား ဟွာထန်စုစု အဖြစ် လူသိများစေချင်ခဲ့သည်။

'မနက်ဖြန်ကစပြီး ငါသေတဲ့အထိ လေ့ကျင့်မယ်'

သို့သော် သူမ မသိခဲ့ပေ။

ဂိုဏ်းထဲကို ချွန်းမြောင် ပြန်လာပြီဆိုတာ တပည့်တွေအတွက် ဘာကို ဆိုလိုတာလဲ။

“ဟီ…. ဟီး”

ထန်စုစု၏ ခြေထောက်များသည် အဆုံးမရှိသော ချောက်ကမ်းပါးတစ်ခုပေါ်တွင် ရှေ့ဆက်သွားနေသည်။

"အာ့'

"အားးးးး"

“ကယ်... ကယ်ပေးပါ…”

ခွက်....

တစ်စုံတစ်ယောက်က တက်နင်းခဲ့သည့်နေရာက တဖြည်းဖြည်း ပြိုကျလာပုံရသည်။

"အိ"

"ထန်တပည့်... စိတ်အေးအေးထားပါ"

တစ်စုံတစ်ယောက်၏အော်သံကြောင့် ထန်စုစုမှာ အသိစိတ်ပြန်ဝင်လာပြီး ဖြူဖပ်ဖြူရော်မျက်နှာနှင့် ကျောက်တုံးတစ်တုံးကို လှမ်းဆွဲလိုက်သည်။

"အား... အဲ့ဒီလူယုတ်မာက ဒီမှာမရှိလို့ ခဏလောက်တော့ ငါဒီလိုလုပ်စရာမလိုခဲ့ဘူး"

"ဒါက ငါ့ရဲ့ခန္ဓာကိုယ်အသစ်နဲ့ ပိုအဆင်ပြေမယ်ထင်ခဲ့တာ... အဲ့ဒီကောင်စုတ်တော့"

'ငါ့အတွက်တော့ သေဖို့က စောလွန်းသေးတယ်'

ထန်စုစုက သူမ၏ တုန်ယင်နေသော လက်များကို မြှောက်ကာ ကျောက်တုံးများကို ဆုပ်ကိုင်လိုက်သည်။

“ကျွတ် အားးးး”

ထို့နောက် သူမ၏ခန္ဓာကိုယ်ကို ဆွဲတင်လိုက်၏။ သေချာပေါက် သူမလည်း သူရဲကောင်းတစ်ယောက်ပင်။

သူမက ထန်မိသားစု၏ အမွေအနှစ်များကို မသင်ယူခဲ့ရသော်လည်း သူမ၏ချီစွမ်းအားကို အဆက်မပြတ် လေ့ကျင့်နေခဲ့သည်။ ထို့ပြင် သူမသောက်ခဲ့သော နီလာရောင်ကောင်းကင်ဘုံ၏ ချီသည် သူမအား ကူညီပေးလိမ့်မည်ဟု ယူဆရသည်။

ချောက်ကမ်းပါးက ဘယ်လောက်ပဲ မတ်စောက်နေပါစေ၊ သူမက ထိုကမ်းပါးကို မတက်နိုင်သောသူတော့ မဟုတ်ပေ။ သူမခါးတွင် ကြိုးမချည်ထားခဲ့လျှင်ပင် သူမ တက်နိုင်မှာသေချာသည်။

ထန်စုစုက ငုံ့ကြည့်လိုက်သည်။ သူမခါးမှာ ကျောက်တုံးကြီးနှင့် သေချာ တွဲချည်ထားသည့်ကြိုးကို ကြည့်လိုက်၏။

လေထဲတွင် တွဲလောင်းကျနေသော ကျောက်တုံးကြီးကို ကြည့်နေသည့် ထန်စုစုသည် အော်ဟစ်လိုက်ချင်နေသည်။ သို့သော် သူမ မလုပ်ခဲ့ပေ။

“မဟုတ်ဘူး... လူတစ်ယောက်က ဒါကြီးကို ထမ်းပြီး ချောက်ကမ်းပါးကို ဘယ်လိုတက်နိုင်မှာလဲ... စိတ်လွတ်သွားပြီလား"

"ထ-ထန်... မအော်ပါနဲ့"

"အာ့"

သူမ ခေါင်းကို မော့ပြီး တောင်ထိပ်ကို ကြည့်လိုက်လေသည်။ သူမ၏ မျက်လုံးများမှာ နီရဲလာသည်။

"အဲ့ဒီအရူးကောင်ကတော့"

မည်သို့ပင်ဆိုစေကာမူ သူသည် တစ်ချိန်က သူမလက်ထပ်ချင်ခဲ့သော အမျိုးသားတစ်ဦးဖြစ်ခဲ့သည်။ သို့သော် အခုချိန်မှာ သူ၏စရိုက်အမှန်ကို သိလိုက်ရသောအခါ သူမ လက်မထပ်ချင်တော့ပေ။

'ဒီနေရာက ဘာဖြစ်နေတာလဲ'

ဟွာဆန်းသည် အတော်လေး ထူးဆန်းသည့်အရာများ ဆက်တိုက် ဖြစ်ပွားနေသည့်နေရာဖြစ်သည်။

‘ဒီပေါက်ကရနေရာကြီးကတော့'

ဂိုဏ်းတိုင်းတွင် ကိုယ်ပိုင်လေ့ကျင့်ရေး နည်းလမ်းများရှိကြသည်။ အဓိပ္ပာယ်မဲ့ပြီး အန္တရာယ်ရှိနေလျှင်တောင် လေးစားရပေမည်။

ဒါပေမယ့် ဘာက ပြဿနာရှိနေတာလဲ။

ဘယ်ဂိုဏ်းမှာများ တတိယတန်းအဆင့် တပည့်က ဒုတိယတန်းအဆင့်တပည့်ကို လေ့ကျင့်ပေးလို့လဲ။

သူမသိသလောက် ချွန်းမြောင်သည် တတိယတန်းအဆင့်တပည့်ဖြစ်သည်။ သို့သော် အခု ချောက်ကမ်းပါးကို တက်နေကြသောသူတွေထဲတွင် ဘတ်တပည့်များ အများကြီးပါနေသည်။

ထို့ကြောင့် ဒီနေရာမှာ အံ့သြစရာကောင်းနေသည်က တတိယတန်းအဆင့်တပည့်က ဒုတိယတန်းအဆင့်တပည့်ကို လေ့ကျင့်ပေးနေတာဖြစ်သည်။

'မဟုတ်ဘူး... မှန်တာပဲ... ငါသာ ပုံမှန်အသိစိတ်ကို အကြိမ်တစ်ရာလောက် စွန့်လွှတ်လိုက်ရင် ဒါကို နားလည်လာနိုင်မှာပဲ”

'ငါနားလည်နိုင်တယ်'

ထန်စုစုသည် ချောက်ကမ်းပါး၏အောက်ခြေသို့ လှမ်းကြည့်လိုက်သည်။

'ဒါပေမယ့် ဘာလို့ မတားရတာလဲ'

ဒီလိုအဓိပ္ပာယ်မရှိတာတွေ ဖြစ်နေခဲ့ရင် တစ်ယောက်ယောက်ကတော့ ပြောသင့်ပေသည်။

သို့သော် ချွန်းမြောင်လုပ်နေတာတွေကို တားရမည့် အန်တပည့်များက မတားမြစ်ခဲ့ကြပေ။

'ဟူးဟူးဟူး... ပြုတ်ကျရင်တောင် ခိုက်မိမှာမဟုတ်ပါဘူး... စိုးရိမ်မနေပါနဲ့... အောက်မှာ ငါတို့က မင်းတို့ကို ဖမ်းထားပေးဖို့ ဒီမှာရှိနေတယ်လေ... ဒါကြောင့် ပြုတ်ကျရင်တောင် ထိခိုက်မှုသိပ်ရှိမှာမဟုတ်ဘူး’

ချောက်ကမ်းပါး အောက်ခြေကနေ အေးဆေးပေါ့ပါးစွာ စကားတွေ ပြောနေကြသည်။

ဒါက သေချာပေါက် တုန်လှုပ်စရာ မဟုတ်ဘူးလား။

"အားးးးးးး"

ထန်စုစုက သူမလက်ကို ဆန့်တန်းလိုက်သည်။

“ဂျူနီယာ... နည်းနည်းလောက် ပိုပြီးတော့... လုပ်ထားစမ်းပါ"

"ကျားးးးးး"

သူမကို အားပေးနေသည့် ဆရာတူအစ်ကိုကြီးကြောင့်သာ မဟုတ်လျှင် သူမ တော်တော်စောစောကပင် ပြုတ်ကျပြီးနေလောက်ပြီဖြစ်သည်။ သို့သော် အခုတော့ တောင်ထိပ်က သိပ်မဝေးတော့ပါ။

သူမက အံကြိတ်၍ အပေါ်ကို တက်လေသည်။

"ကျွတ်"

နောက်ဆုံးတွင် သူမ တောင်တက်ရာတွင် အောင်မြင်ခဲ့ပေသည်။ မတ်တပ်ထရပ်ဖို့ စိတ်တောင် မကူးရသေးသော်လည်း မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားလေသည်။

"အ... အားး"

သူမပါးစပ်ထဲ အညစ်အကြေးများ ဝင်လာသလို ခံစားရသည်။ သို့သော် သူမမှာ တွေးထုတ်ဖို့ ခွန်အားမရှိတော့ပေ။

တကယ်တော့ ခုနလေးကအထိ သူမ ဒီလိုဖြစ်ပျက်လိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပေ။

ထန်မိသားစု၏ သမီးဖြစ်သောကြောင့် အချိန်တိုင်း ဂုဏ်သိက္ခာရှိစွာ ပြုမူတတ်ရန် သင်ယူခဲ့ရသည်။ သို့သော် အခုတော့ သူမမှာ ညစ်ပတ်နေသော ကြမ်းပြင်ပေါ်တွင် ခြေပစ်လက်ပစ် ပြုတ်ကျပြီး ခန္ဓာကိုယ်တစ်ဝက်က ထုံကျင်သွားပြီဖြစ်သည်။

"အားးး... အားးး"

ထန်စုစုက မြေပြင်ကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ထရန် ကြိုးစားလေသည်။ နောက်ဆုံးတော့ တောင်ထိပ်က မြင်ကွင်းကို မြင်လိုက်ရသည်။

“အားးးး”

"အားးး"

"ငါ... ငါ သေတော့မယ်လို့ ခံစားနေရတယ်..."

နီလာရောင် ကောင်းကင်ဘုံ ဆေးက တပည့်များကို ခွန်အားဖြစ်စေသည်။ ပိုမိုသန်မာလာသည်က အမြဲတမ်း ဆက်စပ်မှုရှိနေသည်။ အမှန်တကယ် သန်မာချင်လျှင် လေ့ကျင့်ဖို့လည်း လိုအပ်ပေသည်။

သူတို့၏နောက်ကျောဘက်ရှိ ကျောက်တုံးပေါ် တွင် တစ်လျှောက်လုံး ထိုင်နေကြသော ဆရာတူအစ်ကိုကြီးများကို ကြည့်ပြီး တွေးရခက်နေသော အမူအရာမျိုးဖြစ်နေလေသည်။

'...သူတို့အားလုံး ရူးနေကြတာ မဟုတ်ဘူးလား'

‘ဒီလိုမျိုး လေ့ကျင့်ပေးတဲ့ ဂိုဏ်းက လောကကြီးထဲမှာ ဘယ်မှာများ ရှိလို့လဲ’

'ဒီနေရာကို ငါ့ခြေငါ့လက်နဲ့ လာခဲ့တာလား'

ချွန်းမြောင်ကိုကြည့်ရင်း ကြောက်ရွံ့၍ စိတ်ရှုပ်ထွေးလာမှုကြောင့် သူမ၏မျက်လုံးများမှာ တုန်ယင်လာသည်။

သို့သော် သူက ဆရာတူအစ်ကိုကြီးများနှင့် မတူဘဲ တည်ငြိမ်နေသည်။

“…”

ဒါက ထူးဆန်းနေသော မြင်ကွင်းတော့ မဟုတ်ပါ။

အဘယ်ကြောင့်ဆိုသော် ချွန်းမြောင်က ဒီလိုမျိုး မကြာခဏ ဖြစ်နေလို့ပင်။

တစ်ခုတည်းသော ပြဿနာက သူ၏လက်ရှိအနေအထားပင်ဖြစ်သည်။ သူက ဘတ်ချုန်းဆွဲနေသည့် အိမ်တစ်လုံးအရွယ်အစားရှိ ကျောက်တုံးပေါ်တွင် လှဲနေတာဖြစ်သည်။

“ကျွတ်… ကျွတ်…. တကယ်ပါပဲ"

အနားယူခြင်းမရှိဘဲ အဆက်မပြတ် တက်လိုက်ဆင်းလိုက် လုပ်နေသော ကျောက်တုံးကြီးပေါ်တွင် ချွန်းမြောင်က အသားခြောက်များကို ဝါးနေလေသည်။

"အရှိန်လျော့လာပြီနော် ဆရာတူဦးလေး"

"အာ့"

ဘတ်ချုန်းက သားရဲတစ်ကောင်လို တစ်စက္ကန့်မျှ ညည်းညူလိုက်ပြီး သူ့တာဝန်ကို ပြန်လုပ်လေသည်။

"ဟုတ်ပြီ... ကောင်းတယ်... အရမ်းတော်တယ်"

ချွန်းမြောင်က ပြုံးလိုက်သည်။

ထန်စုစုမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဘယ်လိုတောင် ကြေကွဲဖို့ကောင်းတဲ့ မြင်ကွင်းမျိုးလဲ။

'လူတိုင်း စိတ်လွတ်နေကြပြီပဲ... ဒီလိုမျိုးတွေကို ဘယ်နေမှာများ လေ့ကျင့်မှာလဲ''

'ဘာပဲဖြစ်ဖြစ် ဒါက သူတို့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နေတာပဲ... ထန်မိသားစုမှာတောင် ဒီလိုရထားတွဲမျိုး မရှိပါဘူး'

ဒါ သူမ ငြင်းဆိုခွင့်ရှိတဲ့အချိန်ပဲ...

"ဘာတွေ လုပ်နေကြတာလဲ"

"အမ်"

ချွန်းမြောင်က သူမကို ကြည့်လိုက်သည်။

"မင်းက ဘာလို့ မလေ့ကျင့်တာလဲ"

“ဒီလေ့ကျင့်ရေးက…”

သူမမှာ တစ်ခုခုပြောချင်မိသော်လည်း မပြောဖြစ်ခဲ့ပါ။ ဘတ်ချုန်းက လေ့ကျင့်ရေး ဆင်းနေတာကို သူမ ကြည့်လိုက်သည်။ ထို့နောက် ဘတ်ချုန်းကဲ့သို့ အရှိန်ပြင်းပြင်းနှင့် တန်းတူလေ့ကျင့်နေသည့် ယူယီဆိုးကို ကြည့်လိုက်သည်။ သူမမှာ တထေရာတည်းတူသည့် ကျောက်တုံးတောင် ရှိနေသေးသည်။

ထန်စုစု အလေးစားရဆုံး မျက်နှာလေးသည် အခုတော့ ဖုန်များ ချွေးများဖြင့် ဖုံးလွှမ်းနေသည်။ သို့သော် ယူယီဆိုးကတော့ သူမ၏ လေ့ကျင့်ရေးကို အပြည့်အဝ အာရုံစိုက်နေသည်။

ဒါကို မြင်လိုက်သည့် ထန်စုစုက လက်သီးကို တင်းတင်း ဆုပ်လိုက်သည် ။

"ဘာလို့လဲ"

ချွန်းမြောင်က သူမကို ထိုသို့ မေးလာသောအခါ ထန်စုစုက သူ့ကို မော့ကြည့်လိုက်သည်။

"တဆိတ်လောက်"

"တဆိတ်လောက်မဟုတ်ဘူးလေ... တဆိတ်လောက် ဆရာတူအစ်ကိုကြီး ဆိုပြီးဖြစ်ရမှာ"

"ဟုတ်ကဲ့ ဆရာတူအစ်ကိုကြီး"

"ဘာလဲ"

"နောက်ထပ် ကျောက်တုံး ထပ်ရနိုင်မလား"

"မင်းသဘော"

“ဟုတ်ကဲ့”

ထန်စုစုက သင့်လျော်သော ကျောက်တုံးကို ရှာတွေ့ခဲ့လေသည်။ သူမ၏ လေ့ကျင့်ရေး မစတင်မီ ကျောက်တုံးနှစ်တုံးကို စုပုံလိုက်သည်။

ဒါကိုမြင်သည့် ချွန်းမြောင်က ပြုံးလိုက်၏။

'သူက ကောင်းကောင်းကြီး လိုက်လျောညီထွေ နေတတ်တာပဲ'

‘ပန်းတိုင်ရှိတာ ကောင်းပါတယ်... ခြေရာနင်းဖို့ လူတစ်ယောက်ရှိနေလို့ ဝမ်းသာပါတယ်'

"အားးးး"

“အာ့”

"အားးးးးးး"

ချွန်းမြောင်မှာ သူ၏ဘေးနားပတ်ဝန်းကျင်မှ ညည်းတွားသံများကို ကြားနေရသဖြင့် လျှာကို မထိတထိ ကိုက်လိုက်သည်။

"မင်းတို့ကို ကောင်းတဲ့အရာတွေ အများကြီး ကျွေးခဲ့တာကို ဘာလို့ ဒီလောက်တောင် ရုန်းကန်နေကြရတာလဲ"

'မင်းက အရူးပဲ'

'ဒါဆို မင်းလာလုပ်ကြည့်လိုက်လေ... အရူးကောင်'

‘ငါ သူ့ကို သတ်ချင်တယ်... သူ့ကို သတ်ချင်တယ်... ငါ သူ့ကို မသတ်နိုင်ရင်တောင် နောက်ကျောကို ဓားနဲ့ထိုးချင်မိတယ်'

တပည့်အားလုံးက ချွန်းမြောင်ကို စိုက်ကြည့်နေကြသည်။ သို့သော် သူ အာရုံထဲမရှိပေ။

"ခန္ဓာကိုယ်က ပိုကောင်းလာမှတော့ မင်းတို့က ပိုလေ့ကျင့်ဖို့လိုတယ်လေ…. မဟုတ်ဘူးလား ဆရာတူဦးလေး"

ဘတ်ချုန်းမှာ တုန်ယင်သွားလေသည်။

‘ဟုတ်တာပေါ့... ငါတို့လုပ်မှ ဖြစ်မယ်'

'မင်းဆီက ငါ ဘာတွေ မျှော်လင့်နေခဲ့မိတာလဲ'

ချွန်းမြောင်၏မျက်စိထဲတွင် သူတို့တွေ တိုးတက်လာကြသော်လည်း သူတို့အားလုံးမှာ ယခင်ကထက် နည်းနည်းလောက်ပဲ ပို၍အားသန်လာခဲ့တာဖြစ်သည်။

သူ့အတွက်တော့ နည်းနည်းလောက် တိုးတက်မှု ရှိလာတာက ဘာများ ကွာခြားချက်ရှိမှာလဲ။

ထို့ပြင် သူသည် လူတွေကို သူဖြစ်စေချင်သည့်အတိုင်း ဖြစ်အောင်ပြုလုပ်ခြင်း၌ ကျွမ်းကျင်ပေသည်။

ယခုလည်း သူ့အတွက် သန်မာသောလူများက မြေကြီးပေါ်တွင် လူးလိမ့်အောင် လုပ်ပေးရသည်ကို ပျော်ရွှင်နေပေလိမ့်မည်။

ယခု ‘ချွန်းမြောင်’အကြောင်းကို နောကျေနေသူဖြစ်သည့် ဘတ်ချုန်းက သူ့အတွက် နောက်ထပ်အခက်အခဲများ ကြုံလာရမည်ကို တွေး၍ သက်ပြင်းချလိုက်သည်။

ဘတ်ချုန်းကျောပေါ်ရှိ ကျောက်တုံးကြီးပေါ်တွင် ထိုင်နေသည့် ချွန်းမြောင်က လူတိုင်းကို ကြည့်နေသည်။

'ဒါကို သူတို့လုပ်နိုင်ပါ့မလား'

ဒီလိုလုပ်တာက အတော်လေး များလွန်းသည်ဟု အစပိုင်းတွင် ထင်ခဲ့သော်လည်း နီလာရောင်ကောင်းကင်ဘုံဆေးလုံး၏ ထိရောက်မှုသည် သူထင်ထားသည်ထက် သာလွန်နေပုံရသည်။

သူတို့၏ ခန္ဓာကိုယ်ကို ပိုပြီး လေ့ကျင့်ပေးနိုင်သည်မှာ အထင်အရှားပင်။

'ဒါဆို…'

"ငါတို့ မကြာခင် နောက်တစ်ဆင့်ကို သွားကြမလား"

တက်လိုက်ဆင်းလိုက် လုပ်နေသည့် ကျောက်တုံးပေါ်တွင် ထိုင်နေရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။

'ခန္ဓာကိုယ် လေ့ကျင့်ရေး ပြီးသွားရင် တစ်ခုပဲကျန်တော့တယ်'

'ဓားသိုင်းပညာ'

'အခု သူတို့က လတ်လတ်ဆတ်ဆတ် ပုလင်းထဲက ဝိုင်အသစ်လိုပဲ... တစ်ယောက်ချင်းစီက ဓားတစ်ချောင်းစီ လိုတယ်'

ထိုအချိန်တွင် သူတို့၏အခြေခံများကို မှန်မှန်လေ့ကျင့်ပေးပြီး သူတို့၏နားလည်နိုင်စွမ်းကို တိုးမြင့်အောင် လုပ်ပေးရမည်။

ယခုအချိန်သည် ဟွာဆန်း၏ အနှစ်သာရအစစ်ကို သူတို့ဆီ လွှဲပြောင်းပေးရမည့် အချိန်ဖြစ်သည်။

ဟွာဆန်း၏ ဓားသိုင်းပညာမှလွဲ၍ အနှစ်သာရဟူ၍ ခေါ်ဆိုနိုင်သည့် အခြားအရာများ မရှိပါ။

ပို၍တိတိကျကျ ပြောရလျှင် မက်မွန်ဓားနည်းစနစ် လှုပ်ရှားနည်း၂၄ကွက်ဖြစ်သည်။

'ဒါပေမယ့်…'

'ငါက သူတို့ကို ဘယ်လို ပေးရမှာလဲ'

'လမ်းပေါ်က ကောက်ရတယ်လို့ ပြောရမှာလား'

အာ့....

'ငါ စိုးရိမ်နေမိတယ်'

All Chapters