← Chapters

အမွေအနှစ်

Vol. 3 Ch. 35

အမွေအနှစ်

Vol. 3 Ch. 35

~“ဘယ်သူမှ လိုက်မလာဘူး”

အန္တရာယ်ကင်းကြောင်း သေချာသွားတော့မှ သူတို့သုံးဦးလုံး သက်ပြင်းချနိုင်တော့၏။

အကြီးအကဲ စုယွင် က တောင့်တင်းနေသော စုယွီ၏ လက်မောင်းကို ပုတ်ကာ စိတ်လျော့ရန် ပြောသည်။ ‘သေမှာကြောက်လွန်းလို့ ဒီလောက်ထိ ဖြစ်မနေပါနဲ့ကွ ‘ဆိုသည့် သဘော။

စုဇီက 'သရဲခေါင်း ရွှေလင်းယုန်' ၏ ချန်ခွန်းအိတ်များနှင့် မိစ္ဆာအလံကို အကြီးအကဲ စုယွင် ထံ ပေးအပ်လိုက်သည်။ စစ်ဆေးကြည့်ရှုစေလို၍ ဖြစ်၏။

အကြီးအကဲ စုယွင် ပစ္စည်းများကို စစ်ဆေးကြည့်ပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ အိတ်ထဲမှ အနက်ရောင် တံဆိပ်တစ်ခုကို ထုတ်ယူလိုက်၏။ ထိုတံဆိပ်ပေါ်တွင် ခရမ်းရောင် မိစ္ဆာမီးတောက် ကိုးခုပုံစံ ထွင်းထုထားသည်။

“ဒါ ဘာကြီးလဲ”

အကြီးအကဲ စုယွင် နားမလည်စွာ မေးလိုက်သည်။

တံဆိပ်ကို မြင်လိုက်ရသောအခါ စုဇီ၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူမ အလျင်အမြန်ပင် တံဆိပ်ကို ယူကြည့်လိုက်၏။

“ဒါက... ကိုးဝိညာဉ် မိစ္ဆာနန်းတော် ရဲ့ အတွင်းစည်း တပည့် သက်သေခံ တံဆိပ်နဲ့ တူတယ်... ဂိုဏ်းရဲ့ မှတ်တမ်းတွေထဲမှာ ဖတ်ဖူးသလိုပဲ။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး... ဒီမိစ္ဆာဂိုဏ်းက ကျွန်မတို့ တာ့ယွဲ့ နယ်မြေ ထဲမှာ ရှိတာမှ မဟုတ်တာ”

“ပြီးတော့... 'သရဲခေါင်း ရွှေလင်းယုန်' အနေနဲ့ ဒီဂိုဏ်းဝင်တစ်ယောက် ဖြစ်ဖို့ အရည်အချင်း မရှိလောက်ပါဘူး။ အဲ့ဒီအဖွဲ့အစည်းက ငါတို့ တာ့ယွဲ့ နန်းတော် နဲ့ ယှဉ်နိုင်တယ်... ပိုတောင် အားကောင်းချင် ကောင်းနေဦးမှာ”

စုဇီ ဖြည့်စွက်ပြောလိုက်သည်။

အကြီးအကဲ စုယွင် ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ယှက်သန်းလာသည်။ ပျက်စီးနေသော မိစ္ဆာအခင်းအကျင်း အလံတိုင်ကို ကြည့်ပြီး တွေးတောနေမိ၏။

သို့သော် မကြာမီ သူ ခေါင်းခါလိုက်သည်။

“'သရဲခေါင်း ရွှေလင်းယုန်' က ဒီအဖွဲ့အစည်းနဲ့ မပတ်သက်လောက်ပါဘူး... သူ့ရဲ့ ကျင့်စဉ်က မိစ္ဆာလမ်းစဉ် မဟုတ်ဘူးလေ”

သူသည် 'သရဲခေါင်း ရွှေလင်းယုန်' ၏ ချန်ခွန်းအိတ်ကို ဆက်လက် မွှေနှောက်ရှာဖွေလိုက်ရာ သားရဲအရေခွံ မြေပုံတစ်ခုကို တွေ့လိုက်ရသည်။

သာမန် မြေပုံတစ်ခုသာ။

“ဒါက... မိစ္ဆာတောင်ထွတ် ရှစ်ခု ရဲ့ မြေပုံလား”

အကြီးအကဲ စုယွင် မသေချာပါ။ မိစ္ဆာတောင်ထွတ် ရှစ်ခုသည် ဤနေရာနှင့် သိပ်မဝေးလှ။ တစ်ရက်ခရီးလောက်သာ ရှိသည်။

ထိုဒေသသည် မိစ္ဆာသားရဲများ စုဝေးနေထိုင်ရာ နေရာအဖြစ် လူသိများသည်။ မိစ္ဆာမျိုးနွယ်များပင် နေထိုင်သည်ဟု ကောလာဟလများ ရှိတတ်သည်။

‘မိစ္ဆာတောင်ထွတ် ရှစ်ခု’ ဆိုသော အမည်က မိစ္ဆာမျိုးနွယ်နှင့် ဆက်နွှယ်နေခြင်း ဖြစ်၏။

ဤမြေပုံပေါ်တွင် မိစ္ဆာစွမ်းအင် အငွေ့အသက် အနည်းငယ် ကျန်ရစ်နေသည်ကို အကြီးအကဲ စုယွင် သတိထားမိလိုက်သည်။

စုယွီကတော့ ထိုနေရာနှင့် မရင်းနှီးသဖြင့် ဘေးကနေသာ ကြည့်နေမိသည်။

သို့သော် စုဇီကတော့ ကောင်းကောင်း သိသည်။ သူမသည် ဂိုဏ်းတာဝန် တစ်ခုအတွက် ထိုနေရာသို့ ရောက်ဖူးသည်။ မြေပုံကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ အတည်ပြုလိုက်သည်။

“ဟုတ်တယ်... ဒါ မိစ္ဆာတောင်ထွတ် ရှစ်ခု ရဲ့ မြေပုံ အစစ်ပဲ”

အကြီးအကဲ စုယွင် ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“'သရဲခေါင်း ရွှေလင်းယုန်' ရဲ့ မိစ္ဆာတံဆိပ်နဲ့ အလံတိုင်က ဒီ မိစ္ဆာတောင်ထွတ် ရှစ်ခု နဲ့ သေချာပေါက် ပတ်သက်နေလောက်တယ်”

ထပ်မံ၍ သဲလွန်စ သို့မဟုတ် ပစ္စည်းတစ်ခုခု ရှာမတွေ့တော့။ မြေပုံပေါ်တွင်လည်း အမှတ်အသား ပြထားသည့် နေရာ မရှိ။

မြေပုံကို တစ်ချက်ကြည့်ပြီးနောက် အကြီးအကဲ စုယွင် သည် တံဆိပ်ကို ယာယီအားဖြင့် ပြန်သိမ်းထားလိုက်ပြီး အခြားပစ္စည်းများကို အာရုံစိုက်လိုက်သည်။

“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၇၈) တုံး၊ အလယ်အလတ် မှော်လက်နက် (၄) ခု၊ အဆင့်နိမ့် မှော်လက်နက် (၃) ခု၊ ပထမအဆင့် ထိပ်တန်း အခင်းအကျင်း အလံတိုင် တစ်စုံ နဲ့ ဒုတိယအဆင့် မပြည့်စုံတဲ့ မိစ္ဆာအခင်းအကျင်း အလံတိုင် တစ်ခု”

“အို... ရှေးဟောင်း ကျောက်စိမ်းသေတ္တာ ငါးခုတောင် ပါပါလား။ နှစ်ခုက ဖွင့်ပြီးသား... သုံးခုက မဖွင့်ရသေးဘူး”

စုဇီက အားလုံးကို သေချာ တွက်ချက်ကြည့်လိုက်သည်။ အလယ်အလတ် မှော်လက်နက် တစ်ခုလျှင် ဝိညာဉ်ကျောက်တုံး (၁၀၀) မှ (၂၀၀) ကြား တန်ဖိုးရှိပြီး၊ အဆင့်နိမ့် မှော်လက်နက် တစ်ခုလျှင် (၇၀) မှ (၈၀) ကြား တန်ဖိုးရှိသည်။ ပထမအဆင့် ထိပ်တန်း အခင်းအကျင်း အလံတိုင်က (၃၀၀) မှ (၄၀၀) လောက် တန်ကြေးရှိမည်။ ဒုတိယအဆင့် မိစ္ဆာအလံတိုင်က မပြည့်စုံသော်လည်း၊ မိစ္ဆာလက်နက် ဖြစ်နေသည့်အတွက် တန်ဖိုးက လျော့နည်းမည် မဟုတ်ပေ။

စုစုပေါင်း ရလိုက်သည့် ပစ္စည်းများသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၃၀၀) မှ (၁၄၀၀) ဝန်းကျင်လောက် တန်ဖိုးရှိသည်။

“မဆိုးပါဘူး... အနည်းဆုံးတော့ ကျွန်မတို့ မရှုံးလိုက်ဘူး”

စုဇီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ခုနတုန်းက သူမ တော်တော်လေး လန့်သွားခဲ့ရသည်။

ဒီမစ်ရှင်အတွက် သူမ ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ (၅) ခု ယူလာခဲ့ခြင်းကိုပင် ရက်ရောလွန်းလှပြီဟု ထင်ခဲ့မိသည်။

သို့ဆသာ်၊ အံ့သြစရာကောင်းတာက ဒုတိယအကြီးအကဲက (၁၂) ခုတောင် သုံးပစ်လိုက်ခြင်းပင်။

သူမထက် ကျင့်ကြံခြင်း အဆင့်နိမ့်သော စုယွီကတောင်မှ ထိုမျှလောက် အစွမ်းထက်ပြီး ဈေးကြီးတဲ့ ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ (၇) ခုတောင် သုံးပစ်လိုက်သေးသည်။

‘ဒီနှစ်ယောက်က ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့တွေရဲ့ တန်ဖိုးကို နည်းနည်းလေးမှ ထည့်မတွက်ကြဘူးလား။

တော်ကြာ ပစ်မှတ်တွေက ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။

ဒါဆိုရင် အကြီးအကျယ် ရှုံးပြီပေါ့။’

ယွင်ကျန်းဂိုဏ်းကတောင်မှ ဒီလောက်ထိ အကုန်အကျခံပြီး တိုက်ခိုက်မှာ မဟုတ်။ ဈေးကြီးလွန်းသည်လေ။

ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) တစ်ယောက်နှင့် အဆင့် (၈) နှစ်ယောက် အတွက် ဒီလောက်ထိ သုံးစရာလား။

သူတို့ဘက်မှာလည်း အဆင့် (၉) တစ်ယောက်နှင့် အဆင့် (၈) တစ်ယောက် ရှိနေသည်ပဲ။ တကယ်တမ်း တိုက်ခိုက်လျှင်တောင် ရှုံးမည်ဟု ပြော၍ မရချေ။

မနိုင်လျှင်တောင်မှ အခင်းအကျင်းကို ဖျက်ဆီးပြီး ထွက်ပြေးဖို့က ပြဿနာမရှိလောက်ပေ။

စုဇီ၏ အဖြစ်အပျက်ကို ကြည့်ပြီး စုယွီ အနည်းငယ် ပြုံးလိုက်သည်။

“အစ်မ... ရှုံးတာ နိုင်တာ အဓိက မဟုတ်ပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ အသက်ရှင် ကျန်ရစ်ခဲ့တယ်... ပြီးတော့ ဟိုသုံးကောင် သေသွားတယ်... အဲ့ဒါ အဲ့ဒီအဆောင်လက်ဖွဲ့တွေရဲ့ ကျေးဇူးကြောင့်ပဲလေ”

“ကြက်ကလေး တစ်ကောင်ကို သတ်ဖို့ သားသတ်ဓား (၁၂) ချောင်း သုံးလိုက်တယ်... ပြီးတော့ ပြာကျအောင် လုပ်ပစ်လိုက်တယ်... ဘာပဲဖြစ်ဖြစ် အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ”

ဒုတိယအကြီးအကဲကပါ လေးလေးနက်နက် ခေါင်းညိတ်ထောက်ခံလိုက်သည်ကို မြင်သောအခါ စုဇီ ဘာပြန်ပြောရမှန်း မသိတော့။

ဒီ ပထမအဆင့် ထိပ်တန်း ဆေးဆရာ ဆရာတပည့် နှစ်ယောက်ကတော့... နောက်ဆက်တွဲ အကျိုးဆက်ကို ထည့်မတွက်ဘဲ လေကြီးမိုးကြီး ပြောနေကြပါရောလား။

မိသားစု၏ ထောက်ပံ့မှုသာ မရှိလျှင်၊ သူတို့လို လေလွင့်ကျင့်ကြံသူတွေ အနေနှင့် အဲ့ဒီ ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ (၅) ခုကိုတောင် တတ်နိုင်မှာ မဟုတ်ပါချေ။

“ဟဲ ဟဲ...”

အကြီးအကဲ စုယွင် ရယ်မောလိုက်ပြီး ဝိညာဉ်ကျောက်တုံး (၃၀၀) ကျော်ကို စုဇီလက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် မှော်လက်နက်များကို ညွှန်ပြကာ ပြောသည်။

“ဇီ... ဒီအထဲက နင့်အတွက် အသုံးဝင်မယ့်ဟာ ပါလား ကြည့်ဦး... မပါရင်တော့ ဂိုဏ်းကို ပြန်ယူသွားပြီး ပထမအကြီးအကဲကို ပေးလိုက်တော့မယ်”

တစ်ချက်ကြည့်ပြီးနောက် စုဇီ ခေါင်းခါလိုက်သည်။

“ကျွန်မမှာ ရှိတဲ့ မှော်လက်နက်နဲ့တင် လုံလောက်ပါတယ်”

စုယွီလည်း ထိုမှော်လက်နက်များကို မလိုအပ်ပေ။ သို့သော် မဖွင့်ရသေးသော ရှေးဟောင်း ကျောက်စိမ်းသေတ္တာ (၃) ခုကိုတော့ စိတ်ဝင်စားနေမိသည်။

“ဆရာ... အစ်မ... ကျွန်တော်တို့ ဒါတွေကို ဖွင့်ကြည့်ကြမလား”

သေတ္တာများကို လက်ညှိုးထိုးပြရင်း သူက အကြံပြုလိုက်သည်။

ထိုအခါ၊အကြီးအကဲ စုယွင်က သဘောကျသလို ရယ်မောလိုက်ပြီး ထိုသေတ္တာ (၃) လုံးကို စုယွီထံ ပစ်ပေးလိုက်သည်။

အကြီးအကဲ စုယွင် ၏ အမြင်တွင်တော့ ထိုသေတ္တာများသည် ကလေးကစားစရာနှင့် မခြားပေ။ အများစုက အလွတ်တွေချည်းပင်။ ရှေးဟောင်း အခွင့်အလမ်း ရလိုရငြား လောဘစိတ်နှင့် ရင်ခုန်စိတ်တို့ကြောင့်သာ လူတချို့က ဤသေတ္တာများကို စွဲလမ်းနေကြခြင်း ဖြစ်၏။

စုယွီလည်း ဒီသေတ္တာတွေကို သိပ်အလေးမထားပါဘူး။ သက်စောင့်စွမ်းအင်ကို အသုံးပြုပြီး ကျန်ရှိနေသေးသော တားဆီးပိတ်ပင်မှု အခင်းအကျင်းများကို ဖျက်ဆီးလိုက်ကာ သေတ္တာသုံးလုံးစလုံးကို ဖွင့်လိုက်သည်။

ပထမတစ်ခုက ဗလာ။

ဒုတိယတစ်ခုထဲတွင် အဝတ်အစား အပိုင်းအစအချို့ ပါသော်လည်း၊ လေနှင့် ထိတွေ့သည်နှင့် တပြိုင်နက် ပြာအဖြစ် ပြောင်းလဲသွားသည်။

သို့သော် တတိယမြောက် သေတ္တာထဲတွင်တော့... ကျောက်စိမ်းပြား တစ်ခု ရှိနေ၏။

စုယွီ၊ အကြီးအကဲ စုယွင် နှင့် စုဇီ သုံးယောက်လုံး အာမေဋိတ်သံ ထွက်သွားကြသည်။ စုယွီ မှင်သက်သွား၏။

တကယ်ကြီး တစ်ခုခု ပါလာတာလားဟ။

စုဇီ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

“ယွီလေး... အဲ့ဒါ ဘာလဲ မြန်မြန်ကြည့်လိုက်”

“ဟုတ်ကဲ့”

စုယွီ ကျောက်စိမ်းပေလွှာကို ကောက်ယူလိုက်သည်။ အကြီးအကဲ စုယွင် နှင့် စုဇီတို့၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် သူ၏ နတ်ဘုရား အာရုံ ဖြင့် စစ်ဆေးကြည့်လိုက်၏။ ချက်ချင်းဆိုသလိုပင် အမွေအနှစ် သတင်းအချက်အလက်များ လှိုင်းလုံးကြီးသဖွယ် သူ့ခေါင်းထဲသို့ တိုးဝှေ့လာတော့၏။

[ ရွှေကျောက်စိမ်း ကောင်းကင် ရုပ်သေး ပညာရပ် ]

ဒုတိယအဆင့် ထိပ်တန်း ရုပ်သေး ပညာရှင် တစ်ဦး၏ ရုပ်သေး ဖန်တီးနည်း အမျိုးမျိုး ပါဝင်သော အမွေအနှစ် တစ်ခု။

“ခွပ်...”

များပြားလှသော သတင်းအချက်အလက်များ ဝင်ရောက်လာမှုကြောင့် သူ့လက်ထဲမှ ကျောက်စိမ်းပြား ကွဲကြေသွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ နာရီဝက်ခန့် ကြာမှသာ စုယွီ ပြန်လည် သတိဝင်လာပြီး မျက်လုံးဖွင့်ကြည့်နိုင်တော့၏။

“ဘယ်လိုလဲ”

အကြီးအကဲ စုယွင် စိုးရိမ်တကြီး မေးလိုက်သည်။

ခဏလောက် စဉ်းစားပြီးမှ စုယွီ ပြန်ဖြေသည်။

“ဒါက... ဒုတိယအဆင့် ထိပ်တန်း ရုပ်သေး ပညာရှင် အမွေအနှစ် တစ်ခုပါ”

“ရုပ်သေး ပညာရှင်...”

အကြီးအကဲ စုယွင် ၏ မျက်နှာတွင် နှမြောတသဖြစ်မှုများ ပေါ်လာသည်။

ဒုတိယအဆင့် ထိပ်တန်း အမွေအနှစ် တဲ့လား။ ဘာလို့ ဆေးပညာ သို့မဟုတ် အဆောင်လက်ဖွဲ့ ပညာ အမွေအနှစ် ဖြစ်မနေရတာလဲ။ သူတို့မိသားစုထဲမှာ ရုပ်သေးပညာ နားလည်သူ တစ်ယောက်မှ မရှိဘူးလေ။

“ထားလိုက်ပါတော့... နောင်ကျမှ ရုပ်သေးပညာ စိတ်ဝင်စားတဲ့သူ ပေါ်လာမလား စောင့်ကြည့်ရတာပေါ့။ အလကားတော့ မဖြစ်လောက်ပါဘူး”

အကြီးအကဲ စုယွင်က ဆက်ပြောသည်။

“ဒါပေမဲ့ ဒီအမွေအနှစ် အကြောင်းကို လောလောဆယ် ငါတို့ပဲ သိထားကြတာ ပေါ့၊ ဒုတိယအဆင့် ထိပ်တန်း အမွေအနှစ် ဆိုတာ လူတွေရဲ့ မကောင်းတဲ့ လောဘစိတ်ကို နှိုးဆွဖို့ လုံလောက်တယ်ကွ”

စုယွီနှင့် စုဇီ နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။

“ကဲ... သွားကြစို့။ ဂိုဏ်းကို ပြန်ချိန်တန်ပြီ”

သူတို့သုံးဦး ခရီးဆက်ခဲ့ကြသည်။ သို့သော် ဝိညာဉ်မြင်းများ မရှိတော့သဖြင့် ရေစီးကြောင်း မြို့တော်၏ ချန်တောင်တန်းသို့ ပြန်ရောက်ရန် ငါးရက်ခန့် ကြာမြင့်ခဲ့၏။

စုမိသားစုသည် ချန်တောင်တန်းရှိ ဝိညာဉ်သွေးကြော တည်ရှိရာ ကောင်းချီးမင်္ဂလာ မြေနေရာသို့ ပြောင်းရွှေ့ခဲ့ပြီ ဖြစ်၏။ စုယွီ ပြန်မရောက်ဖြစ်သည်မှာ နှစ်အနည်းငယ် ကြာခဲ့လေ၏။

ယခု ပြန်ရောက်သောအခါ... နှစ်အနည်းငယ် အတွင်း စုမိသားစု၏ ကြီးမားသော ပြောင်းလဲတိုးတက်မှုများကို မြင်တွေ့လိုက်ရသည်။ ဝိညာဉ်သွေးကြော မြေပေါ်တွင် ခြံဝင်းများ သပ်ရပ်စွာ စီတန်း တည်ရှိနေကြသည်။

စုချင်းယီ နှင့် ချန်စီစီ တို့၏ မင်္ဂလာပွဲ နီးကပ်လာပြီ ဖြစ်၍၊ စုမိသားစု အိမ်တော်ဝင်း တစ်ခုလုံး ပျော်ရွှင်ဖွယ် အပြင်အဆင်များဖြင့် စည်ကားနေ၏။

စုယွီလည်း ပြန်ရောက်ပြီးနောက်... မောင်နှံသစ်အတွက် ဘာလက်ဆောင် ပေးရမလဲဟု စဉ်းစားနေမိတော့၏။

All Chapters