ချန်ဟွိုက်အန်...ရှင်က အရေးပါတယ်
Vol. 15 Ch. 142
“ဒါဆို... မင်းပြောချင်တာ ဒါက မုတ်ဆိတ်လော်ပေါ့..”
သုံးကြိမ်တိုင်တိုင် သေချာစစ်ဆေးပြီးသည့်တိုင် ကျောက်ရင်းက သူ မြင်နေရသည်ကို မယုံနိုင်သေးပေ။ ဖန်ပေါင်းကန် တစ်ခုအတွင်း၌ သွေးစွန်းနေသော အသားတစ်ုံးကြီး လွင့်မျောနေသည်ကို ကြည့်ရင်း သူ မျက်မှောင်ကြုတ်လိုက်မိ၏။
“ကပ္ပတိန်ကျောက်၊ ကျွန်တော် ဘယ်တုန်းကမှ မလိမ်ခဲ့ဖူးပါဘူး...”
ဘေးနားရှိ မျက်နှာဖြူဖျော့နေသော လက်အောက်ငယ်သားက ရင်ဘတ်ကို ပုတ်ကာ အလေးအနက် အာမခံနေလေသည်။ “ဒါရိုက်တာလော်ကို စပြီးတော့ သယ်လာတုန်း သူက အသားမုန့်ပြားတစ်ခုလို ပြားနေတာပါ။ ပုံမှန်အတိုင်းဆိုရင် မီးမသင်္ဂြိုဟ်ခင် ရင်ခွဲစစ်ဆေးရမှာမို့ ဆရာဝန်မလေးက ခွဲစိတ်ဓားနဲ့ တို့လိုက်တဲ့အချိန်... အဲဒီမုန့်ပြားကြီးက အားခနဲ ထအော်ရော။ ဆရာဝန်မလေးခမျာ ကြောက်လွန်းလို့ သေးတောင် ထွက်ကျသွားခဲ့တယ်။”
ကျောက်ရင်း နှာခေါင်းကို ရှုံ့လိုက်မိသည်။ လေထဲတွင် တစ်စုံတစ်ရာချန်ဟွိုက်အန်...ရှင်က အရေးပါတယ် အနံ့အသက် ရနေခြင်းမှာ မဆန်းတော့ပေ။
သေနေပြီဟု ထင်ထားသော အသားပုံကြီးက ရုတ်တရက် ထအော်သည်ကို မြင်လိုက်ရသည့် သာမန်အရပ်သား ဆရာဝန်မလေးအတွက် စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားခြင်းမှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စပင်။ သို့သော် ယခုအခါ လော်သည် အသားပုံကြီး မဟုတ်တော့ဘဲ လက်နှင့် ခြေထောက်ကဲ့သို့သော ပုံသဏ္ဌာန်များ စတင်ပေါ်ပေါက်လာနေပြီ ဖြစ်သည်။
“ဒါရိုက်တာလော်က ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နေတာလို့ ကျွန်တော်တို့ တွေ့ရှိ ထားပါတယ်...” ကျောက်ရင်း၏ စိတ်ဇဝေဇဝါ ဖြစ်နေမှုကို မြင်သောအခါတွင် လက်အောက်ငယ်သားက ရှင်းပြသည်။
“အမှန်ပဲ...” အသားပုံကြီးထဲတွင် သွားမပါသော ပါးစပ်တစ်ခု ပေါ်လာပြီး အသံဟိန်းဟိန်းဖြင့် ပြောလိုက်သည်။ “ငါ့ကိုယ်ငါ ပြန်တည်ဆောက်နေတာ... အဲဒီခွဲစိတ်ဓားတွေနဲ့ ငါ့ကို ထပ်ပြီး လာမထိုးနဲ့တော့... နာတယ်ဟ...”
“အား... သရဲ...”
ဒုတ်...
ထိုအသားပုံကြီး မျက်လုံးပွင့်လာသည်ကို မြင်လိုက်ရသည့် အစောင့်အဖွဲ့ဝင်တစ်ဦး လန့်ဖြန့်ကာ ဖန်တံခါးကို ဝင်တိုက်ပြီး မေ့လဲသွားတော့သည်။
မူတ်ဆိတ်နှင့်လူသည် သူ၏ အသစ်ဖြစ်တည်လာသော မျက်လုံးများကို လှန်ကြည့်ကာ စုတ်သပ်လိုက်၏။ “ကပ္ပတိန်ကျောက်... ခင်ဗျားရဲ့လူတွေကို လေ့ကျင့်ပေးဖို့ လိုနေပြီ။ စိတ်ဓာတ်က သိပ်ပျော့တာပဲ...”
ကျောက်ရင်း၏ နှုတ်ခမ်းများ တွန့်ချိုးသွားသော်လည်း မျက်ဝန်းထဲတွင်မူ အပျော်ရိပ်များ ရှိနေ၏။ “ကျွန်မသာဆိုရင်တော့ ရှင့်ကို ကျည်ဆန်ကုန်အောင် ပစ်ထည့်လိုက်မိမှာ...”
“ဒါ... အကြမ်းဖက်လွန်းရာ မကျဘူးလား။”
“ချီးမွမ်းစကားအတွက် ကျေးဇူးပဲ။ ပြီးတော့... ပြန်ပြီးတော့ ကြိုဆိုပါတယ်။ ဒါရိုက်တာလော်...”
“ကျုပ်ရဲ့ စွမ်းရည်က ဘာလဲဆိုတာ မှတ်မိသေးလား...”
“မှတ်မိတာပေါ့။ ဆဲလ်ပေါင်းစည်းခြင်း မဟုတ်လား။”
ရင်ခွဲရုံအတွင်းရှိ သီးသန့်အခန်း တစ်ခုတွင် ကျောက်ရင်းနှင့် ခန္ဓာကိုယ်တစ်ပိုင်းတစ်စ ပြန်ဖြစ်လာသော လော်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ကျောက်ရင်းက ဆေးလိပ် တစ်လိပ်ကို ကမ်းပေးကာ သူကိုယ်တိုင်လည်း တစ်လိပ်ညှိလိုက်ပြီး ဆိုဖာပေါ် ခြေထောက် ချိတ်ကာ အေးဆေးစွာ ထိုင်နေလိုက်သည်။
“ရှင့်မှာ ပေါင်းစည်းဖို့ သင့်တော်တဲ့ပစ်မှတ် မရှိဘူးဆိုတာ မှတ်မိတယ်။ ဒါဆို... ရှင်က အဲဒီ မိစ္ဆာနဂါးနဲ့ ပေါင်းစည်းလိုက်တာလား...”
“ဟုတ်တယ်...” လော်က ဆေးလိပ်ကို လှုပ်ပြလိုက်သည်။ “ကျေးဇူးပါပဲ။ ကပ္ပတိန် ကျောက်...”
ကျောက်ရင်း မီးညှိပေးလိုက်ရာ လော်က ဆေးလိပ်ကို တစ်ချက် အားရပါးရ ရှိုက်လိုက်၏။ သူ၏ အပေါက်ငယ်ပေါင်းများစွာ ဖြစ်နေသော အသားဆိုင်များကြားမှ မီးခိုးများ ဝေထွက်လာခဲ့သည်။
“အဲဒီနဂါး ကျုပ်ကို နင်းချေလိုက်တဲ့အချိန်မှာ ကျုပ် အသေမခံခဲ့ဘူး။ နဂါးရဲ့ အသားစတစ်ချို့ကို ကိုက်ဖြတ်ပြီးတော့ စွမ်းရည်ကို သုံးလိုက်တာ။ တကယ်တော့ အသက်ရှင်ဖို့ မျှော်လင့်ချက် သိပ်မရှိခဲ့ပေမဲ့ အခုတော့ မြင်တဲ့အတိုင်းပဲ..”
“ဘေးထွက်ဆိုးကျိုးတွေကော ရှိလား...”
“ရှိတာပေါ့။ အခု ကျုပ်ရဲ့ အင်္ဂါအစိတ်အပိုင်းအားလုံးက အဲဒီနဂါးလိုပဲ မိစ္ဆာကင်ဆာဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာ။ တစ်ခုပဲရှိတာက ကျုပ်ဆီမှာ နဂါးရဲ့ စွမ်းအင်တွေ မရှိတော့ဘူး။ ပြီးတော့ ခန္ဓာကိုယ် လည်ပတ်ဖို့အတွက် အစားအစာ အမြောက်အမြား စားပေးနေရတယ်။ စွမ်းအင် သုံးစွဲမှုက အတော်လေး များတယ်။ တကယ်လို့ စွမ်းအင်ကုန်သွားပြီး ဒီဆဲလ်တွေ ငတ်သွားရင် ကျုပ် တကယ်သေမှာ...”
ကျောက်ရင်းက ခန္ဓာကိုယ် သေးသေးလေးကို ကြည့်လိုက်သည်။ “ဒါဆိုရင် ရှင်က အခု ဘယ်လို နေနေတာလဲ...”
“ကိုယ့်ကိုယ်ကိုယ် ပြန်စားရတာပေါ့...”လော်က အင်္ကျီကို လှန်ပြလိုက်သည်။ သူ၏ ဗိုက်ပေါ်တွင် နောက်ထပ် ပါးစပ်တစ်ခုရှိနေပြီး သူ၏အသားများကို ပြန်လည်ဝါးမျိုနေ၏။
“ဟာ့... ဒါကို စောစောက ပြောရောပေါ့...”
“ခင်ဗျား ကျုပ်ကို သေနတ်နဲ့ ပစ်မှာစိုးလို့ပါ...” လော်က ရယ်မောရင်း ပြောသည်။ ကျောက်ရင်း ဆွံ့အသွားပြီး လော်အတွက် ဝက်သား ပေါင်၂၀၀ခန့် အမြန်စီစဉ်ပေးလိုက်၏။
“အဲဒီကောင်လေး ချန်ဟွိုက်အန် ဘယ်လိုနေလဲ...” လော်၏ လေသံတွင် စိုးရိမ်မှုများ ပါနေသည်။ “သူ့ကို မသတ်လိုက်ဘူး မဟုတ်လား။”
“မသတ်ပါဘူး။ ကျွန်မတို့က အဲဒီနဂါးကိုတောင် မနိုင်တာလေ...” ကျောက်ရင်းက မျက်လုံး လှန်ပြလိုက်သည်။ “အခုတော့... အမျိုးသမီး ဓားအင်မော်တယ်တစ်ပါး ပေါ်လာပြီး သူ့ကို နှိမ်နင်းလိုက်တယ်။ အခု သူ့ကို ထိန်းသိမ်းရေးခန်းထဲမှာ ထားပြီး ဆေးစစ်နေတယ်...”
“အိုး... ကောင်းတယ်။ တကယ်ကို ကောင်းတယ်။” လော် သက်ပြင်းချလိုက်သည်။ “အဲဒီ ကလေးမှာ ပါရမီရှိတယ်။ စိတ်ဓာတ်မတည်ငြိမ်တာ ရှိပေမဲ့ သူ့ကို မသတ်ဘဲ ထားလို့ရရင် ထားချင်တယ်။ သူက လူဆိုးမဟုတ်ပါဘူး... ဒါနဲ့ နေပါဦး။ ဓားအင်မော်တယ်ဆိုတာ ဘာလဲ...”
“ကျွန်မလည်း မသိဘူး။ သူ့ရဲ့ စွမ်းရည်ထဲက တစ်ခုများလား...” ကျောက်ရင်းက နားထင်ကို ဖိလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ “ရှင့်ရဲ့ အစီအစဉ်က ဘာလဲ။ မိစ္ဆာနှိမ်နင်းသူ ဗျူရိုကို ပြန်လာမှာလား။ အမှန်အတိုင်း ပြောရရင်တော့ ရှင် ပြန်မလာရင် အဲဒီကောင်လေးက အပြစ်ရှိသလို ခံစားရပြီး ကျွန်မတို့ဆီ ဝင်လာလိမ့်မယ်။ ရှင် ခဏလောက် ပျောက်နေချင်လား။ ကျွန်မ တာဝန်ပြောင်းပေးလို့ရတယ်...”
၎င်းကို ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက်ပင်။ လော် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် ခေါင်းခါလိုက်သည်။
“ခင်ဗျားပြောတာ မှန်ပေမဲ့ သူက အမှန်တရားကို သိသင့်တယ်။ အပြစ်ရှိစိတ်နဲ့ ရှင်သန်ရတာ ဘယ်လောက် ညှဉ်းပန်းနှိပ်စက်ခံရသလဲဆိုတာ ကျုပ် အသိဆုံးပဲ။”
ကျောက်ရင်းက လော်၏ မျက်လုံးထဲ၌ အမှောင်ထု လက်ခနဲ ဖြစ်သွားသည်ကို မြင်လိုက်၏။
သူက ကွဲကြေသွားသော အတိတ်ကို စဉ်းစားနေကြောင်း ကျောက်ရင်း သိသည်။
သူ တိတ်ဆိတ်နေပြီး မုတ်ဆိတ်နှင့်လူ ဆက်ပြောမည်ကို စောင့်နေ၏။
“ဒါကြောင့် ကျုပ် ဒါရိုက်တာ အဖြစ်နဲ့ပဲ ပြန်လာမယ်။” လော်က ပြုံးလိုက်ပြီး ဆေးလိပ်မီးကို ငြိမ်းလိုက်သည်။ “ချန်ဟွိုက်အန် ကျုပ်တို့ဆီ မဝင်ရင်တောင် သူက ကျုပ်တို့ရဲ့ မဟာမိတ် ဖြစ်နိုင်သေးတယ်။ သူ့ကို ဘာမှ ဖိအားမပေးနဲ့...”
“မစ္စတာ ချန်ဟွိုက်အန်... စိတ်မကောင်းစရာကတော့ မင်းရဲ့ ခန္ဓာကိုယ်ထဲက ကင်ဆာ ဆဲလ်တွေက ပျောက်ကွယ်မသွားသေးပါဘူး။ ဒါပေမဲ့ သူတို့တွေက အခုတော့ အိပ်စက်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်...”
ဆေးရုံဝတ်စုံ ဝတ်ထားသော ချန်ဟွိုက်အန်က သံမဏိထိန်းသိမ်းရေးခန်းထဲတွင် ရပ်နေ၏။ ဆက်သွယ်ရေးစက်မှတစ်ဆင့် မိစ္ဆာနှိမ်နင်းသူဗျူရိုမှ ဆေးဝန်ထမ်း၏ အသံကို ကြားနေရသည်။ သူက မှန်ပြတင်းပေါက် ငယ်လေးမှတစ်ဆင့် အပြင်မှ လက်နက်ကိုင်စစ်သားများကို ငေးကြည့် နေမိသည်။ သူက မိမိကိုယ်မိမိ ဂေါ်ဇီလာတစ်ကောင်လို ခံစားနေရလေသည်။
သူတို့ကိုလည်း အပြစ်တင် မရပေ။ သူကိုယ်တိုင်က ခန္ဓာကိုယ်ထဲတွင် မကောင်းဆိုးဝါး တစ်ကောင်ကို သယ်ဆောင်ထားသည် မဟုတ်ပါလား။ သူက ခါးသက်သက်နှင့် ရယ်လိုက်၏။ “နားလည်ပါပြီ။ အခု ကျွန်တော် ဘာဆက်လုပ်ရမလဲ...”
[ မင်းကို အကျဉ်းခန်း နံပါတ်(၀)မှာ အိမ်မွေးတိရစ္ဆာန်တွေနဲ့အတူ ထားထားမယ်။ ငါတို့ မင်းဆီကနေ နေ့တိုင်း သွေးနမူနာတွေ ယူမယ်... ]
“ကျွန်မ ပြောလိုက်မယ်...”
ထိုစဉ် ဆက်သွယ်ရေးစက်မှ ရင်းနှီးနေသော နူးညံ့သည့် အသံတစ်ခု ထွက်ပေါ်လာ၏။
[ ချန်ဟွိုက်အန်... ကျွန်မပါ။ ရှန့်ရှောင်ယွမ် ]
[ စိတ်ပျက်အားငယ်တာမျိုး မဖြစ်ပါနဲ့။ ရှင့်ရဲ့ခန္ဓာကိုယ် ၇၀%က မိစ္ဆာဆဲလ်တွေ ဖြစ်နေလို့ အတင်းအကျပ် သတ်ပစ်လို့ မရဘူး။ ဒါပေမဲ့ ကျွန်မတို့ သုတေသနအဖွဲ့က အဖြေရှာနေပါတယ်။ ယုံကြည်ပေးပါ။ ရှင့်ကို ကူညီနိုင်မယ့် နည်းလမ်းကို ကျွန်မတို့ ရှာပေးမှာပါ ]
ရှန့်ရှောင်ယွမ်၏ အသံကို ကြားလိုက်ရသဖြင့် ချန်ဟွိုက်အန်၏ ရင်ထဲမှ အလုံးကြီး ကျသွားသလို ခံစားလိုက်ရ၏။ သူက စောင့်ကြည့်ကင်မရာကို မော့ကြည့်လိုက်သည်။ “မင်းတို့ ဘာလို့ ငါ့ကို ဒီလောက်တောင် ကူညီနေရတာလဲ။ မုတ်ဆိတ်နှင့်လူကြီးက... ငါ့ကြောင့် သေသွားခဲ့တာလေ...”
[ဒါရိုက်တာလော်အတွက် ကျွန်မလည်း ဝမ်းနည်းရပါတယ်]
စောင့်ကြည့်ရေးခန်းထဲမှ ရှန့်ရှောင်ယွမ်က မိုက်ခရိုဖုန်းကို တင်းတင်းဆုပ်ကာ ဝမ်းနည်းစိတ်ကို ထိန်းရင်း အလေးအနက် ပြောလိုက်သည်။
“ဒါက ရှင့်အပြစ် မဟုတ်ပါဘူး။ မိစ္ဆာနှိမ်နင်းသူတိုင်းက ဗျူရိုကို ဝင်ကတည်းက အသက် သေဆုံးနိုင်ချေကို လက်ခံထားပြီးသားပါ။ ပြီးတော့ ဘာလို့ ကူညီနေရတာလဲ ဆိုရင်တော့... မွန်မြတ်တဲ့ ပုံစံမျိုး ပြောချင်တာတော့ မဟုတ်ပါဘူး။ အသက်ကို ကယ်တင်တာက ကုသိုလ်ကောင်းမှု တစ်ခုပဲလေ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်တော့ ဗိုလ်ချုပ်အဆင့် စွမ်းအားကို ထိန်းချုပ်နိုင်တဲ့သူက ကျွန်မတို့အတွက်တင် မကဘူး၊ မိစ္ဆာတွေနဲ့ မကောင်းတဲ့ အင်အားစုတွေကို ဆန့်ကျင်ဖို့ တစ်ကမ္ဘာလုံးအတွက် အရမ်းကို အရေးကြီးလို့ပဲ...”
သူ၏ အသံ ပိုမိုခိုင်မာလာ၏။
“ချန်ဟွိုက်အန်... ရှင်က အရေးပါတယ်...”
“ဒီကမ္ဘာကြီးအတွက် ရှင်က တကယ်ကို အရေးပါတဲ့သူပါ...”
“ကျေးဇူးပြုပြီး ကျွန်မတို့ကို အချိန်နည်းနည်းပေးပါ။”
“ကျွန်မတို့ ရှင့်ကို ကယ်တင်ပေးပါ့မယ်...”