← Chapters

တစ်ကမ္ဘာလုံး မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေ ပြည့်နေတာပဲ

Vol. 15 Ch. 145

တစ်ကမ္ဘာလုံး မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေ ပြည့်နေတာပဲ

Vol. 15 Ch. 145

ချန်ဟွိုက်အန်က သူ၏ အခြေအနေပြမျက်နှာပြင်ျပေါ်တွင် [ပြင်းထန်သောကံတရားဆုံးရှုံးမှု] ဆိုသည့် အားနည်းချက် အသစ်တစ်ခု ပေါ်လာသည်ကို သတိပြုမိသော်လည်း၊ ဂရုစိုက်ရန် အချိန်မရှိပေ။

ကောင်းကင်နက္ခတ်၏ တိုးတက်မှုတန်း ပြည့်သွားသည်နှင့်အမျှ၊ မြေပုံပေါ်တွင် အနီရောင် အစက်ကလေးများ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။ ၎င်းတို့မှာ များပြားလွန်းသဖြင့် တစ်ခုနှင့်တစ်ခု ထပ်နေကာ အသက်ရှူရကျပ်မတတ် ပြွတ်သိပ်နေလေ၏။

ဒါတွေက မျိုးသုဉ်းလုနီးပါး ဖြစ်နေပြီဆိုတဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေလား...

ဒါက မျိုးသုဉ်းတာ မဟုတ်ဘူး။...

တစ်ကမ္ဘာလုံးမှာ မိစ္ဆာတွေ ပြည့်နေတာပဲ...

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မြင့်မြတ်နယ်မြေများနှင့် ဟင်းလင်းပြင်အသူရာချောက်နက်များမှ လွဲ၍ ကျန်သည့် ဖြောင့်မှန်တဲ့ဂိုဏ်းများ၏ နယ်မြေတိုင်းနီးပါးတွင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။

ထို့ပြင် အဆိုးဆုံးက...

ဓားကျောင်းတော်အတွင်းထဲမှာပင် အနီရောင်အစက် တစ်စက် ရှိနေခြင်းပင်။

၎င်းမှာ လျိုရှားတောင်ထွတ်ပေါ်မှာပင် ဖြစ်သည်။

တိုးတက်မှုတန်းက ဆက်လက်၍ ပြေးနေစဉ် မြေပုံအနှံ့ရှိ အနီရောင်အစက်များမှာလည်း ဆက်တိုက်ဆိုသလို အသစ်ထပ်တိုး ပေါ်ထွက်နေသည်။

ချန်ဟွိုက်အန်၏ မျက်နှာမှာ ပျက်သွားပြီး စုချီနျန်ကို လှမ်းကြည့်လိုက်သည်။ စုချီနျန်ကတော့ ဘာမှမသိဘဲ ကောင်းကင်ကြီးကိုကြည့်ကာ ရိုးအအ အပြုံးကြီးဖြင့် ငေးနေဆဲပင်။

လခွမ်းတဲ့မှ...

ဓားကျောင်းတော်ကို စင်ကြယ်ပြီး ဖြောင့်မှန်တဲ့၊ မလှုပ်မယှက် တည်ကြည်တဲ့ ဂိုဏ်းကြီးတစ်ခုလို့ ထင်ထားခဲ့တာ။

ဒါပေမဲ့ တကယ်တမ်းမှာတော့...

ရန်သူက တံခါးဝထဲအထိ ရောက်နေပြီ။ ဒါကို ဂိုဏ်းချုပ်က ဘာမှမသိသေးဘူး...

နောက်ဆုံးတွင် တွက်ချက်မှု ပြီးဆုံးသွား၏။ ချန်ဟွိုက်အန်က မြေပုံတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် အနီရောင်အစက်ကြီးကို ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို တိုက်ထုတ်ဖို့ ဖြောင့်မှန်တဲ့ဂိုဏ်းတွေက မဟာမိတ် ဖွဲ့ထားကြတယ် ဟုတ်လား...

ဟုတ်လိမ့်မယ်။

ချင်းယွန်ဘုံဆိုတာ တကယ့် နကျယ်ကောင်အိမ်ကြီးပဲ...

ဒီလောက်များပြားတဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို ဘယ်လိုလုပ်ပြီး အမြစ်ဖြတ် ချေမှုန်းနိုင်မှာလဲ။ ပြီးတော့ တစ်နေရာကို တိုက်လိုက်တာနဲ့ အခြားနေရာကလူတွေက ချက်ချင်း ပြောင်းရွှေ့သွားကြမှာ။ ခြေရာခံဖို့အတွက်နဲ့ နေ့စဉ် တွက်ချက်မှုတွေကို ဖြုန်းတီးလို့ မဖြစ်ဘူး။

လျိုရှားတောင်ထွတ်ပေါ်ရှိ ထူးခြားသည့် ဖြစ်စဉ်များ ပျောက်ကွယ်သွား၏။

စုချီနျန်က ကနဦး အံ့သြတုန်လှုပ်မှုများ ပြီးဆုံးသွားသည့်နောက်တွင် စိတ်ထဲ၌ ခမ်းနားထည်ဝါပြီး စကားလုံးလှလှလေးများ ပါသည့် မိန့်ခွန်းတစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လီချင်းရန်၏ ခေါင်းပေါ်ရှိ နေရာလွတ်ကို လက်အုပ်ချီ အရိုအသေပေးကာ စိတ်အားထက်သန်စွာ ချီးကျူးလိုက်သည်။

“အတိုင်းအဆမရှိတဲ့ ကုသိုလ်ပါပဲ... ဘိုးဘေး၊ ဘိုးဘေးက တကယ်ကို ဓားလူသားပါပဲ... အရမ်းကို ဓားဆန်လွန်းပါတယ်...”

ဓားကျောင်းတော်တွင် ဓားကျင့်ကြံသူတစ်ဦး၏ အစွမ်းကို ချီးကျူးလိုလျှင် သူတို့၏ ဓားကို ချီးကျူးလေ့ရှိသည်။

ဥပမာအားဖြင့်...

“ဝိုး... မင်းက တကယ့်ကို ဓားနဲ့တစ်သားတည်း ကျနေတာပဲ...”

“တော်တယ်... မင်းက ဓားရဲ့အထွတ်အထိပ်ကို ရောက်နေပြီ...”

“မင်းရဲ့ ဓားသိုင်းက လိုက်မမီနိုင်အောင်ပဲ...”

“နှမြောစရာပဲ... ငါ့ဓားက မင်းရဲ့ဓားနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါလား...”

သို့သော် ဘိုးဘေးကဲ့သို့ အဆင့်အတန်းရှိသူအတွက်မူ မည်သည့် စကားလုံးလှလှလေးများကမျှ ဂုဏ်ပြုရန် မလုံလောက်ဟု စုချီနျန် ခံစားရသည်။ ထို့ကြောင့် သူက ရိုးရိုးရှင်းရှင်းပင် ကြေညာလိုက်သည်။

“ဓားလူသား...”

၎င်းမှာ ဓားကျင့်ကြံသူတစ်ဦး ရရှိနိုင်သည့် အမြင့်ဆုံးနှင့် အစင်ကြယ်ဆုံး ချီးကျူးစကားပင်။

ချန်ဟွိုက်အန်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

[ငါက မင်းကို ကူညီဖို့ ဗေဒင်တွက်ပေးတာကို မင်းက ကျေးဇူးမတင်ဘဲနဲ့ ငါ့ကို ဆဲနေတာလား...]

“ဘိုးဘေး၊ မဟုတ်ရပါဘူး... ကျွန်တော် မလုပ်ဝံ့ပါဘူး...” စုချီနျန်၏ မျက်နှာတွင် အပြစ်ကင်းစင်မှုနှင့် မတရားခံရမှုတို့ဖြင့် ပြည့်နှက်သွားသည်။ သူက နောက်သို့ တစ်လှမ်း ဆုတ်ကာ ရိုရိုသေသေဖြင့် တဖန် ဦးညွှတ်ပြီး အလေးအနက် ရှင်းပြလိုက်သည်။

“ကျွန်တော်က ဘိုးဘေးရဲ့ ဓားပညာကို ချီးကျူးရုံသက်သက်ပါ... ဘိုးဘေးက တကယ့်ကို ဓားကိုယ်တိုင်ပါပဲ၊ ကျွန်တော် ဘာမှ မရည်ရွယ်ပါဘူး...”

ချန်ဟွိုက်အန် - “...”

လီချင်းရန် - “…”

“ဂိုဏ်းချုပ်စု၊ စကားမပြောဘဲ နေရင် ပိုကောင်းမယ် ထင်တယ်...”

လီချင်းရန်က ဓားကျောင်းတော်တွင် အချိန်အတော်ကြာ နေခဲ့ဖူးသဖြင့် ထိုဂိုဏ်း၏ ထူးခြားသော ဘာသာစကား အသုံးအနှုန်းများကို နားလည်၏။ သို့သော် သူ၏ဆရာမှာ ထိုနေရာသို့ မရောက်သည်မှာ ကြာပြီဖြစ်ရာ မသိနားမလည် ဖြစ်နေခြင်းမှာ ပုံမှန်ပင်။ အကယ်၍ စုချီနျန်သာ ဆက်ပြောနေလျှင် သူ၏ဆရာက ဒေါသထွက်ပြီး လျိုရှားတောင်ထွတ်ကို နှစ်ခြမ်းခွဲပစ်မည်ကို သူ အမှန်တကယ် စိုးရိမ်မိသည်။

“ချင်းရန်၊ ငါက ဘာလို့ ထပ်မပြောဘဲ နေရမှာလဲ...” စုချီနျန်က သူ၏ မုတ်ဆိတ်ကို သပ်ရင်း ခေါင်းခါလိုက်သည်။

“ဘိုးဘေးရဲ့ နတ်ဘုရားလို အစွမ်းတွေက နားလည်ရခက်တယ်။ ငါ့ရဲ့ စကားလုံး အသုံးအနှုန်းအပေါ် သူ စိတ်မကျေနပ်တာ သိသာတယ်။ ဒီနေ့တော့ ငါတို့ရဲ့ မဟာဓားလူသားကို သေချာ ဂုဏ်ပြုရမယ်...”

[ တော်တော့... ပါးစပ်ပိတ်ထား...]

စုချီနျန်က သူ့ကို အမှန်တကယ် ဆဲနေခြင်း မဟုတ်မှန်း ချန်ဟွိုက်အန် နားလည်သွားသည်။ သို့သော် သူပြောသည့်ပုံစံက... နားလည်မှုလွဲစရာတွေ ဖြစ်နေခြင်းကိုတော့ ရှောင်လွှဲ၍ မရပေ။

စုချီနျန်သည် နာခံမှုရှိစွာ ပါးစပ်ပိတ်လိုက်ပြီး လီချင်းရန်၏ ခေါင်းကို နားမလည်စွာ စိုက်ကြည့်နေမိသည်။ အဘယ်ကြောင့် ထိုလျို့ဝှက်ဆန်းကြယ်သည့် ဘိုးဘေးက စိတ်တို နေရသည်ကို သူ မသိပေ။

ချန်ဟွိုက်အန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြောသည်

[ ငါ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အများစုရဲ့ တည်နေရာကို တွက်ချက်ပြီးပြီ။ အဲဒါတောင် မင်းက သူတို့တွေ မျိုးသုဉ်းသွားပြီလို့ ထင်နေတုန်းလား။ ဟမ့်... ချင်းယွန်ဘုံမှာ သူတို့တွေ အပြည့်ပဲ.. .]

[ တချို့က စခန်းတွေမှာ စုနေကြသလို၊ တချို့ကတော့ ကောင်းကင်က ကြယ်တွေလိုပဲ မြေပြင်အနှံ့ ပြန့်ကျဲနေကြတယ်။ မင်းတို့ရဲ့ ဖြောင့်မှန်တဲ့ဂိုဏ်းတွေရဲ့ အတွင်းထဲမှာတောင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိနေသေးတယ်...]

“ဘိုးဘေး... ဘိုးဘေး နောက်နေတာ ဖြစ်ရမယ်။”

စုချီနျန်၏ မယုံကြည်နိုင်မှုမှာ ပို၍ပင် ကြီးထွားလာသည်။ ထိုအရာမှာ မဖြစ်နိုင်ဟု သူ ထင်သည်။ အကယ်၍ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ထိုမျှလောက်က်များနေလျှင် လွန်ခဲ့သော နှစ်များအတွင်း အဘယ်ကြောင့် ခြိမ်းခြောက်မှုကြီး တစ်ခုအဖြစ် ပေါ်မလာခဲ့သနည်း...

[ မင်း ငါ့ကို မယုံဘူးလား ]

ချန်ဟွိုက်အန်က အေးစက်စက် ရယ်မောလိုက်၏။

စုချီနျန်က မယုံဟု မပြောရဲသဖြင့် ခေါင်းငုံ့ကာ သက်သေကိုသာ စောင့်နေလိုက်သည်။

[ ကောင်းပြီလေ။ မင်းတို့ရဲ့ ဓားကျောင်းတော်၊ ဒီလျိုရှားတောင်ထွတ်ပေါ်မှာတောင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ တစ်ဦး ရှိနေတယ်။ ငါ သူ့ကို ရှာပေးမယ်... ]

စုချီနျန်၏ အံ့အားသင့်မှုကို ဂရုမစိုက်ဘဲ ချန်ဟွိုက်အန်က ဓားကျောင်းတော် အတွင်းရှိ အနီရောင်အစက်ကို ချဲ့ကြည့်လိုက်သည်။

မြေပုံကို တဖြည်းဖြည်း ချဲ့ကြည့်လိုက်ရာ လျိုရှားတောင်ထွတ်ပေါ်ရှိ သစ်ပင်ပန်းမန်များနှင့် အဆောက်အဦးများကိုပါ အသေးစိတ် မြင်ရသည်အထိ ဖြစ်လာ၏။

တွေ့ပြီ။

တောင်စောင်းပေါ်က ကျင့်ကြံဆောင်တစ်ခု။

ဓားကျင့်ကြံသူတစ်ဦး အတွင်း၌ထိုင်ကာ တရားထိုင်နေသည်။ သို့သော် ဓားစွမ်းအင်များအပြင်၊ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အားနည်းသော မိစ္ဆာအငွေ့အသက် အစအနများကိုလည်း တွေ့ရသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ထိုတပည့်က အငွေ့အသက်ကို ကောင်းစွာ ဖုံးကွယ် ထားနိုင်သည်။ သို့သော် သူ၏ ကိုယ်ပိုင်ဂူအတွင်းမှာတော့ ဂြိုဟ်တုအဆင့်ရှိသော စကန် ဖတ်မှုမျိုးက သူ့ကို ဖော်ထုတ်လိမ့်မည်ဟု မျှော်လင့်ထားမည်မဟုတ်ပေ။

ပစ်မှတ်ကို အတည်ပြုပြီးနောက် ချန်ဟွိုက်အန်က ပြောသည်။

[ လျိုရှားတောင်ထွတ်ရဲ့ တောင်ခါးပန်းမှာ ကျင့်ကြံဆောင် တစ်ခုရှိတယ်။ အပေါက်ဝမှာ မက်မွန်ပင်တစ်ပင် ရှိပြီးတော့ သစ်သားဆိုင်းဘုတ်မှာ (၁၅၇)လို့ ရေးထားတယ်။ အထဲက တပည့်ကို ငါ့ဆီ ခေါ်လာခဲ့။ သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ဟုတ်မဟုတ်ဆိုတာ စစ်ဆေး မေးမြန်းကြည့်ရင် ရှင်းသွားလိမ့်မယ် ]

“သစ်သားဆိုင်းဘုတ် (၁၅၇)... ဆိုင်းဘုတ် (၁၅၇)...”

စုချီနျန်က ထိုဂူပိုင်ရှင်ကို မှတ်မိရန် ကြိုးစားရင်း တိုးတိုးလေး ရေရွတ်လိုက်၏။

မျက်နှာလေးထောင့်ကျကျနှင့် ကြင်နာတတ်မည့် ပုံစံရှိသည့် တပည့်တစ်ဦး။ တိတ်တိတ် ဆိတ်ဆိတ်နှင့် ယဉ်ကျေးပြီး ကြိုးစားအားထုတ်တတ်သော ရွှမ်ဝူတောင်ထွတ်မှ အဖွဲ့ဝင်တစ်ဦး။ သူက အတော်ဆုံး ပါရမီရှင်တော့ မဟုတ်သော်လည်း ဂိုဏ်းထဲဝင်လာစဉ်က စုချီနျန်ကိုယ်တိုင် စိစစ်ခဲ့သူဖြစ်သည်။

သူသည် အခြားျစ, တပည့်များအပေါ် အမြဲတမ်း ရိုသေလေးစားပြီး၊ ကျင့်ကြံခြင်းတွင် ကြိုးစားအားထုတ်ကာ ဂိုဏ်းတာဝန်ဝတ္တရားများကိုလည်း မပျက်မကွက် ထမ်းဆောင်တတ်သူ ဖြစ်သည်။ ထိုကဲ့သို့သော သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ တစ်ဦး ဖြစ်နေမည်လား...

စုချီနျန်၏ စိတ်ထဲတွင် မေးခွန်းပေါင်း တစ်သန်းလောက် ရှိနေ၏။ သို့သော် ဘိုးဘေးက မိန့်ကြားလိုက်ပြီ ဖြစ်ရာ သူ ဦးညွှတ်ပြီး ပြောလိုက်ရုံသာ ရှိတော့သည်။

“နားလည်ပါပြီ။ ကျွန်တော် သူ့ကို ခေါ်လာခဲ့ပါ့မယ်။ ဒါပေမဲ့ တကယ်လို့ သူသာ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မဟုတ်ခဲ့ဘူးဆိုရင် သူ့ကို လျော်ကြေးအနေနဲ့ အခွင့်အရေးလေး တစ်ခုလောက် ပေးသနားဖို့ ကျွန်တော် နှိမ့်ချစွာ တောင်းဆိုချင်ပါတယ်။”

စုချီနျန်က တပည့်များကို အမြဲပင် မျှမျှတတ ဆက်ဆံရန် ကြိုးစားသည်။ အပြစ်မရှိသော တပည့်တစ်ဦးကို မိစ္ဆာလမ်းစဉ်ကျင့်ကြံသူဟု မှားယွင်းစွာ စွပ်စွဲခံရခြင်းက မည်မျှ ပြင်းထန်သော စိတ်ဒဏ်ရာ ရစေမည်ကို သူ နားလည်သည်။ သူ ဘိုးဘေးကို ဆန့်ကျင်ရန် မရည်ရွယ်သော်လည်း၊ တရားမျှတမှုအတွက်မူ တိုက်ပွဲဝင်လိုစိတ် ရှိနေသေးသည်။

အခြားဂိုဏ်းခေါင်းဆောင်များသာဆိုလျှင် အစွမ်းထက်သော ဘိုးဘေးထံမှ ထိုကဲ့သို့ တောင်းဆိုဝံ့မည် မဟုတ်ပေ။ သို့သော် စုချီနျန်ကတော့ တောင်းဆိုသည်။ သူက ဓားကျောင်းတော် တပည့်တိုင်းကို သိက္ခာရှိရှိ ထွက်ခွာစေချင်ပြီး ဂုဏ်ယူစွာ ပြန်လာစေချင်သည်။ ချင်းယွန်ဘုံတွင် အားနည်းသော သတ္တဝါလေးများပင် ရှင်သန်ရန် ရုန်းကန်နေကြရသည်။ သူကလည်း ၎င်းတို့ထဲမှ အနည်းငယ်ပိုကြီးသော ပုရွက်ဆိတ်တစ်ကောင်မျှသာ။

[ ကောင်းပြီလေ... သိပ်ကောင်းတယ်...]

ချန်ဟွိုက်အန်သည် ထိုတောင်းဆိုမှုကို စိတ်မဆိုးသည့်အပြင် စုချီနျန်အပေါ်တွင် ပို၍ပင် လေးစားမိသွားသည်။

[ တကယ်လို့ အဲဒီတပည့်က မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မဟုတ်ခဲ့ရင်... ငါကိုယ်တိုင် သူ့ကို တပည့်အဖြစ် လက်ခံပြီးတော့ သင်ပေးမယ်... ]

All Chapters