← Chapters

ပဉ္စမအဆင့်ကို နောက်ထပ် တစ်ကြိမ် တိုက်ခိုက်ခြင်း

Vol. 27 Ch. 391

ပဉ္စမအဆင့်ကို နောက်ထပ် တစ်ကြိမ် တိုက်ခိုက်ခြင်း

Vol. 27 Ch. 391

~နင်ချီ၏ မျက်နှာထားကား တည်ငြိမ်အေးဆေးလျက် ရှိနေ၏။

သူ့ရှေ့မှောက်တွင် ဖြစ်ပျက်သွားခဲ့သော မြင်ကွင်းကို ကြည့်ရှုနေပုံမှာ စတုတ္ထအဆင့် သိုင်းသူတော်စင် တစ်ပါးကို ချေမှုန်းပစ်လိုက်ခြင်း မဟုတ်ဘဲ ပုရွက်ဆိတ်ငယ် တစ်ကောင်ကို ဖိသတ်လိုက်သည့်အလား ထူးမခြားနား ရှိလှ၏။

ဤရလဒ်သည် သူ့အတွက်တော့ သဘာဝကျသော အဖြစ်အပျက် တစ်ခုမျှသာ ဖြစ်လေသည်။

ဤအရာကား ဖြစ်သင့်ဖြစ်ထိုက်သော ရလဒ်ပင် ဖြစ်၏။

အရင်က သိုင်းသူတော်စင် အဆင့်သို့ မရောက်ရှိသေးမီ အချိန်တွင်တော့ သူသည် အခြားသူများ၏ လက်နက်စွမ်းအားများကို အားကိုး၍ တိုက်ခိုက်ခဲ့ရ၏။

ယခုမှတော့ သူ့အလှည့် ရောက်လာပြီ မဟုတ်ပါလော။ သူ့ကဲ့သို့ အခြေခံအုတ်မြစ် ခိုင်မာလှသူ တစ်ဦးက ဤမျှ အသက်အရွယ် ရနေပြီ ဖြစ်သော အဘိုးအို တစ်ဦးအား အသာလေး ချေမှုန်းမပစ်နိုင်လျှင်သာလျှင် ပြဿနာ ရှိသည်ဟု ဆိုရမည်။

နင်ချီ့ ရင်ထဲတွင် ကျေနပ်အားရမှု တစ်ခု ဖြစ်ပေါ်လာရ၏။

‘သဲမည်း ပင်လယ် မှာတုန်းက ဒီ နေနီ သိုင်းသူတော်စင် က ငါ့ဆရာကို စော်ကားခဲ့ဖူးတယ် မဟုတ်လား... အဲဒီတုန်းက ငါ့မှာ အစွမ်းအစ မရှိလို့ သူ့ကို ချက်ချင်းမသတ်နိုင်ခဲ့ဘူး... အတိုးပဲ အရင် ကောက်ခဲ့ရတာ... အခုတော့ သူ့ခြေထောက်နဲ့သူ ငါ့ဆီ လာမှတော့ ငါက ဘာအတွက် ယဉ်ကျေးနေရမှာလဲ’

“ဝုန်း”

သိုင်းသူတော်စင် တစ်ပါး၏ ကျဆုံးမှုသည် ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်း

သွားစေခဲ့လေသည်။

သွေးမိုးစက်များသည် ကောင်းကင်မှ တဖွဲဖွဲ ကျဆင်းလာခဲ့ရာ ဝိညာဉ်သွေးစက်တိုင်းတွင် ကြီးမားလှသော စွမ်းအားများ ပါဝင်နေပေသည်။

ပတ်ဝန်းကျင် လေထုတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။

မူလက တိုက်ပွဲကို အာရုံစိုက် ကြည့်ရှုနေကြသော မိုးကြိုးမုန်တိုင်း

တို့ သိုင်းသူတော်စင် သုံးပါးလုံးမှာ ကြက်သေ သေသွားကြရ၏။ သူတို့သည် အလိုအလျောက်ပင် မျက်လုံးများကို ပွတ်သပ်ကြည့်မိကြပြီး မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားကာ ရင်ထဲတွင် မုန်တိုင်းထန်သကဲ့သို့ တုန်လှုပ်ချောက်ချား သွားကြလေတော့သည်။

သူတို့သည် မျက်စိရှေ့မှ မြင်ကွင်းကို ယုံရခက်စွာ ငေးကြည့်နေမိကြ၏။

မူလကတော့ နဂါးနှင့် ကျား တိုက်ခိုက်သကဲ့သို့ ပြင်းထန်သော တိုက်ပွဲဖြစ်လာမည်ဟု ထင်မှတ်ထားခဲ့ကြပြီး ရေနောက်မှ ငါးမျှားရန် အခွင့်ကောင်းကိုပင် စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်၏။

သို့သော် ယခု သူတို့ ဘာကို မြင်လိုက်ရသနည်း။

ရှေးဟောင်း သူတော်စင် ထျန်းကျန့်က နေနီ သိုင်းသူတော်စင် ကို ချေမှုန်းပစ်လိုက်ခြင်း ဖြစ်ပေ၏။

ကြက်ကလေး တစ်ကောင်ကို ဖိသတ်လိုက်သကဲ့သို့ လွယ်ကူလွန်းလှ၏။

အကယ်၍ ကောင်းကင်ကြီး တုန်ဟည်းသွားခြင်းနှင့် သိုင်းသူတော်စင် သွေးမိုးများ ရွာကျလာခြင်းသာ မရှိပါက သူတို့ မြင်လိုက်ရသည်မှာ ထင်ယောင်ထင်မှား ဖြစ်သည်ဟု ထင်မှတ်မိကြပေလိမ့်မည်။ သို့သော် အမှန်တရားသည် မျက်စိရှေ့တွင် ရှိနေသဖြင့် မယုံကြည်၍ မရတော့ချေ။ မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် မှာ ကြောက်ရွံ့မှုနှင့် ကျေးဇူးတင်မှုတို့ ရောပြွမ်းနေသော သက်ပြင်းရှည်ကြီးကို စိတ်ထဲမှ ချလိုက်မိလေသည်။

နည်းနည်းလေးပါ။

တကယ်ကို နည်းနည်းလေး လိုသွားခြင်းပင်။

အကယ်၍သာ သူသာ စိတ်မြန်လက်မြန် ထွက်တိုက်မိလျှင် ယခု အချေမှုန်းခံရသူမှာ နေနီ မဟုတ်ဘဲ သူ ဖြစ်သွားပေလိမ့်မည်။

'အစ်ကိုကြီး နေနီ... ခင်ဗျားက တကယ့် လူကောင်းပါဗျာ... ခင်ဗျားက ကျုပ်အစား အသေခံပေးရှာတာပဲ... နောင်ကျရင် ခင်ဗျားကို အမွှေးတိုင် မှန်မှန်ထွန်းပြီး ကန်တော့ပါ့မယ်'

သူ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

နေနီ သိုင်းသူတော်စင် သာ ရှေ့က ထွက်မလာလျှင် သူက ထွက်တိုက်မိတော့မည့်ဆဲဆဲ ဖြစ်ပေသည်။

ယခု ထို တာအိုဝတ်စုံနှင့် လူငယ်လေးကို လှမ်းကြည့်လိုက်သောအခါ အလွန်ပင် နက်ရှိုင်းပြီး ခန့်မှန်းရခက်သော ပုံစံမျိုး ပေါက်နေသည်ဟု ခံစားလိုက်ရတော့သည်။ မူလက မောက်မာသည်ဟု ထင်ခဲ့သော စကားလုံးများသည် ယခုအခါ အနှစ်သာရရှိပြီး အလေးချိန် စီးနေသယောင် ဖြစ်သွားခဲ့ချေ၏။

သိုင်းသူတော်စင် သုံးပါးလုံး ထုံကျဉ်သွားကြရ၏။

သူတို့ ဘာလုပ်ရမှန်း မသိတော့ချေ ဆက်နေရမည်လား ထွက်သွားရမည်လား ဝေခွဲမရ ဖြစ်နေကြ၏။ ဆက်နေလျှင်လည်း မကောင်းကြံလိုသည်ဟု အထင်ခံရနိုင်သလို ဘာမှမပြောဘဲ ထွက်သွားလျှင်လည်း နောင်တစ်ချိန်တွင် ထျန်းကျန့် က လိုက်လံစာရင်းရှင်းမည်ကို စိုးရိမ်ရပြန်သည်။ ထို့ကြောင့် အဝေး တစ်နေရာတွင်သာ ငြိမ်ကုပ်ပြီး ရပ်နေကြရလေတော့သည်။

အစစ်အမှန်သိုင်းဂိုဏ်း မှ လူများသည်လည်း ထပ်တူထပ်မျှ တုန်လှုပ်နေကြပေ၏။

တာအိုဆရာလုံရှန်း နှင့် လော့ဝမ်ထျန်း တို့သည် နင်ချီ၏ အစွမ်းကို ယုံကြည်ကြသော်လည်း နင်ချီက နေနီ သိုင်းသူတော်စင် ကို ဤမျှ ပြတ်သားစွာ ချေမှုန်းပစ်လိုက်နိုင်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ ဤစွမ်းအားသည် ကောင်းကင်ဘုံကို အာခံနိုင်လောက်သည့် အဆင့်ပင် ဖြစ်နေချေပြီ။

တုန်လှုပ်မှုများ ပြီးဆုံးသွားသောအခါ၊

အစစ်အမှန်သိုင်း ဂိုဏ်းသားများထံမှ ကမ္ဘာမြေကို တုန်လှုပ်စေသော အောင်ပွဲခံ ကြွေးကြော်သံများ ထွက်ပေါ်လာလေတော့သည်။

နင်ချီအား ကြည့်ရှုနေကြသော မျက်လုံးတိုင်းတွင် ပြင်းပြသော ကိုးကွယ်မှုများ ပြည့်နှက်နေပေသည်။

လူတစ်ယောက်မှ လွဲ၍ ဖြစ်၏။

ထိုသူမသည် ကြောင်အမ်းအမ်း ဖြစ်နေရာမှ အစွန်းရောက်သော မုန်းတီးခြင်းနှင့် ဒေါသတရားတို့

အဖြစ်သို့ ပြောင်းလဲသွားလေသည်။

သိုင်းသူတော်စင် ဇီယွဲ့ သည် သူမ၏ ရှေ့မှောက်တွင် ဖြစ်ပျက်သွားသော မြင်ကွင်းကို ငေးမောကြည့်ရှုနေမိ၏။ လေထဲတွင် ဝဲပျံနေဆဲ ဖြစ်သော ဝိညာဉ်သွေးစက်များထံမှ သူမ၏ အစ်ကိုကြီး နေနီ ၏ အရှိန်အဝါကို ခံစားနေရသော်လည်း သူ့အသံနှင့် သူ့အပြုံးများကား အရာအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ကျဆုံးသွားခဲ့ပြီ။

သူမ လက်မခံနိုင်ပေ။

အရာအားလုံးက ရုတ်တရက် ဆန်လွန်းလှသည် သူမအနေဖြင့် နေနီ သိုင်းသူတော်စင် ရှုံးနိမ့်သွားလျှင် ဝင်ရောက်ကူညီရန် ပြင်ဆင်ထားသော်လည်း ဤကဲ့သို့ တိုက်ကွက် တစ်ကွက်တည်းဖြင့် အစမကျန် ပေါက်ကွဲ

သေဆုံးသွားလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထည့်မမက်ဖူးခဲ့ပေ။

"အား"

ဒေါသတကြီး အော်ဟစ်လိုက်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာလေသည်။

လေဟာနယ်သည် မှန်သားပြင်

ကွဲအက်သကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး တောင်တန်းများသည် ဖုန်မှုန့်များအဖြစ် ပြိုကျပျက်စီးကုန်ကြ၏။ အထူးသဖြင့် နင်ချီက နေနီ သိုင်းသူတော်စင် ၏ သွေးမိုးစက်များကို ဓားလောင်း အတွင်းသို့ သိမ်းဆည်းနေသည်ကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် မကြုံစဖူးသော မုန်းတီးမှုများ တောက်လောင်လာလေတော့သည်။

"တိရစ္ဆာန်ကောင်... နင် သေလမ်းရှာနေတာပဲ"

သိုင်းသူတော်စင် ဇီယွဲ့ တစ်ယောက် လုံးဝ ရူးသွပ်သွားချေပြီ။

သူမနှင့် နေနီ သိုင်းသူတော်စင် တို့သည် သစ္စာဆိုထားသော မောင်နှမများ ဖြစ်ကြပြီး သံယောဇဉ် ကြီးမားကြပေသည်။ ဒီဘဝမှာ တွေ့ဆုံကြပြီးရင် ဘယ်တော့မှ မခွဲခွာကြေးဟု ကတိထားခဲ့ကြ

သော်လည်း အစပြုရုံရှိသေးခင်မှာပင် ကောင်းကင်နှင့် မြေကြီးခြားသလို ကွဲကွာသွားခဲ့ရပြီ ဖြစ်၏။

"ငါ့အစ်ကိုကြီး နေနီ အတွက်... မင်းရဲ့ အသားတွေကို ငါကိုယ်တိုင် တစ်စစီ ဆွဲဖဲ့ပြီး မြှုပ်နှံပစ်မယ်"

သူမ၏ ခန္ဓာကိုယ်မှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာစဉ်၊ ဓာတ်ကြီးငါးပါး ချီစွမ်းအင် များသည် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လှည့်ပတ်စီးဆင်းနေလေသည်။ အားကောင်းပြီး ပြိုင်ဘက်ကင်းသော အရှိန်အဝါတစ်ခုသည် လေဟာနယ်ကို ဖြတ်ကျော်တိုက်ခတ်လာပြီး သူမ၏ နောက်ကျောတွင် တောက်ပသော ခရမ်းရောင် လမင်းကြီးတစ်ခု ရစ်ဝဲလာလေ၏။ ခါးမှ ဖဲကြိုးသည်လည်း လေထဲသို့ ဝဲပျံထွက်လာကာ ခမ်းနားထည်ဝါသော ခရမ်းရောင် လရောင်များကို သွန်ချလိုက်တော့သည်။

မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် မှာ ထိတ်လန့်တုန်လှုပ်သွားရ၏။ ဒါသည် လရောင်မဟုတ်ပေ။အသားများကို လှီးဖြတ်မည့် ဓားသွားများသာ ဖြစ်ကြောင်း ထင်ရှားလှသည်။ ထိုလရောင်က သူ့ဆီ လာနေတာ မဟုတ်သည့်တိုင်အောင် အပေါ်မှ စီးဆင်းနေသော ဓာတ်ကြီးငါးပါး ချီစွမ်းအင် များကို ကြည့်ပြီး သူ ကြောက်ရွံ့နေမိသည်။

ပဉ္စမအဆင့် သိုင်းသူတော်စင် နှင့် စတုတ္ထအဆင့် သိုင်းသူတော်စင် တို့သည် အဆင့်တစ်ဆင့်တည်း ကွာခြားသော်လည်း ကွာဟချက် အကြီးမားဆုံး ဖြစ်ပေသည်။အဘယ်ကြောင့်ဆိုသော် ပဉ္စမအဆင့်သည် ဓာတ်ကြီးငါးပါး ပြီးပြည့်စုံခြင်း သို့ ရောက်ရှိထားပြီး ဖြစ်သောကြောင့်တည်း ဓာတ်ကြီးငါးပါးကို စိတ်တိုင်းကျ ပြောင်းလဲနိုင်ရုံသာမက အပြန်အလှန် အားဖြည့်ပေးနိုင်ပြီး စွမ်းအားကြီးသော နည်းလမ်းများစွာကိုလည်း ဖန်တီးနိုင်ပေသည်။

ဤ လရောင် တိုက်ခိုက်မှုသည် ထိုနည်းလမ်းများထဲမှ တစ်ခု ဖြစ်၏။

၎င်းတွင် ရွှေချီ ၏ ထက်ရှမှု ရေချီ ၏ ပျော့ပျောင်းမှု သစ်ချီ ၏ ရှင်သန်မှုတို့ ပါဝင်နေပြီး အကြောက်စရာ အကောင်းဆုံးမှာ အိပ်မက်ဆန်သော ခံစားမှုကို ပေးစွမ်းနေခြင်းပင် ဖြစ်၏။ လက်တွေ့နှင့် ထင်ယောင်ထင်မှား ကြားတွင် ဝေဝါးနေသော တိုက်ကွက်မျိုး ဖြစ်ပေ၏။

နင်ချီ မျက်ခုံးပင့်လိုက်မိသည်။

'စိတ်ဝင်စားစရာပဲ'

တာအိုဆရာ ပိုင်ရှန် က နေနီ သိုင်းသူတော်စင် မှာ စွမ်းအားကြီးသော ညီမ တစ်ယောက်ရှိတယ်လို့ သတိပေးကတည်းက သူ သတိထားနေခဲ့ခြင်း ဖြစ်၏။ မူလက သူ့အစီအစဉ်သည် တတိယအဆင့် သိုင်းသူတော်စင် အထိသာ တက်လှမ်းပြီး သူမကို ယှဉ်ပြိုင်တိုက်ခိုက်ရန် ဖြစ်သည် ယခု သူသည် စတုတ္ထအဆင့် သိုင်းသူတော်စင် သို့ ရောက်ရှိနေပြီဖြစ်ရာ သဘာဝကျစွာပင် ကြောက်ရွံ့နေမည် မဟုတ်ပေ။

လက်ရှိအချိန်တွင်မူ၊ သူသည် ဓာတ်ကြီးငါးပါး ပြီးပြည့်စုံခြင်း ၏ နက်နဲမှုကို စူးစမ်းလေ့လာနေခြင်း ဖြစ်၏။

ဝိညာဉ်နိုးထခြင်း ပြီးနောက်တွင် ရှေးဟောင်း သူတော်စင် များထဲ၌ ပဉ္စမအဆင့် သိုင်းသူတော်စင် ထက် ကျော်လွန်သော သူများ ရှိမရှိ.. နင်ချီ မသိနိုင်ပေ။ သို့သော် ပဉ္စမအဆင့် သိုင်းသူတော်စင် များသည် ထိပ်တန်းအဆင့်တွင် ရှိနေပြီး နောင်တွင် ဆက်ဆံရမည့် အခြေအနေများကို ရှောင်လွှဲနိုင်မည် မဟုတ်ဟု သူ တွက်ဆထားသည်။ ထို့အပြင် သူကိုယ်တိုင်လည်း နောက်တစ်ဆင့်တွင် ပဉ္စမအဆင့် သိုင်းသူတော်စင် သို့ တက်လှမ်းရမည်ဖြစ်ရာ ကြိုတင်လေ့လာထားခြင်းက အကျိုးယုတ်စရာ မရှိပေ။

နင်ချီ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

ထင်ယောင်ထင်မှား ချိုးဖျက် ရွှေရောင်မျက်လုံး သည် ခရမ်းရောင် လရောင်တိုက်ကွက်၏ အစစ်အမှန်နှင့် အတုအယောင်ကို ထိုးဖောက်မြင်တွေ့ပြီး ဖြစ်လေသည်။

'ဟွန်း... အရောင်အသွေးတွေကတော့ စုံနေတာပဲ... ဒါပေမယ့် ငါ့မျက်လုံးကို ကျော်လို့ရမလား'

သူ၏ ညာလက်သည် သိုင်းသူတော်စင် သွေးမိုးစက်များကို ဓားလောင်း ထံသို့ ဆက်လက် လမ်းညွှန် ပို့ဆောင်ပေးနေဆဲ ဖြစ်၏။ အလကားရသည့် ပစ္စည်းကို အသုံးချပြီး ဓားလောင်း ၏ မူလစွမ်းအားကို မြှင့်တင်ပေးနေခြင်းပင် ဖြစ်ပေတော့သည်။

All Chapters