← Chapters

ပုံပြင်လေးတစ်ပုဒ် ပြောပြပါရစေ

Vol. 27 Ch. 397

ပုံပြင်လေးတစ်ပုဒ် ပြောပြပါရစေ

Vol. 27 Ch. 397

~ကောင်းကင်သတ်သိုင်းသူတော်စင် ၏ အရှိန်အဝါသည် ယခင်ကထက် များစွာ ပိုမို အားကောင်းနေ၏။ ဤသည်မှာ သူ တမင်တကာ ထုတ်ဖော်

ပြသနေခြင်းကြောင့် မဟုတ်ဘဲ နင်ချီ၏ အာရုံခံနိုင်စွမ်းကြောင့် သတိထားမိလိုက်ခြင်းသာ ဖြစ်၏။

နင်ချီ၏ မျက်ဝန်းထဲတွင် ရွှေရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ စီးဆင်းသွားပြီး သူ့ရှေ့မှောက်ရှိ ကောင်းကင်သတ်သိုင်းသူတော်စင် ကို ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ် ကောင်းသော၊ ပြိုင်ဘက်ကင်း ဧရာမ ဓားမကြီး တစ်လက်သဖွယ် မြင်တွေ့လိုက်ရလေသည်။ ဖိနှိပ်မှု အရှိန်အဝါများ ပြည့်နှက်နေပြီး သိုင်းသူတော်စင် ဇီယွဲ့ နှင့် လုံးဝ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

‘နတ်ဘုရားစွမ်းအား နယ်ပယ် မရောက်သေးရင်တောင် သိပ်မလိုတော့ဘူးပဲ…’နင်ချီသည် သူ့ရင်ထဲတွင် တိတ်တဆိတ် သတိထားလိုက်မိသည်။

ဤခရီးစဉ်တွင် ကောင်းကင်သတ်သိုင်းသူတော်စင် သည် မိတ်ဆွေလော၊ ရန်သူလော မကွဲပြားသေးပေ။

အဘိုးအို၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးအိမ်များသည် တည်ငြိမ်စွာ လှမ်းကြည့်လာပြီး ပြောလိုက်သည်။

"ကောင်းကင်ဘုံဓား မိတ်ဆွေငယ်... သူများတွေကို ပြောင်ပြောင်တင်းတင်း ချောင်းကြည့်တာ အကျင့်ကောင်း မဟုတ်ဘူးနော်"

မည်သည့်အချိန်က ရောက်လာသည်မသိ။ ကောင်းကင်သတ်သိုင်းသူတော်စင် သည် အစစ်အမှန်သိုင်းတောင် ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဂိုဏ်းသားများ၏ နှလုံးခုန်သံများမှာ အကြောင်းပြချက်မရှိဘဲ တဒုန်းဒုန်း မြန်ဆန်လာကြ၏။

လော့ဝမ်ထျန်း နှင့် အခြားသူများ သတင်းကြားပြီး ရောက်လာကြသောအခါ သူတို့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကြ၏။ လူမမြင်ဖူးခင် နာမည်ကို အရင်ကြားဖူးပြီးသားမို့ ကောင်းကင်သတ်သိုင်းသူတော်စင် ၏ နာမည်ကို လောကတွင် မကြားဖူးသူဟူ၍ မရှိသလောက်ပင်။ သူသည် သိုင်းသူတော်စင် များကြားတွင် စည်းကမ်းထိန်းသိမ်းသူ ဟူသော ကောလာဟလများလည်း ရှိနေပေသည်။

"ဝိညာဉ်တောင်တော် က ဖြစ်ရပ်ဆန်းတွေနဲ့ ပြည့်နေတာပဲ... ကံကောင်းခြင်းတွေ ကြွယ်ဝလိုက်တာ... နေရာကောင်းလေးပဲ" သူသည် အစစ်အမှန်သိုင်းတောင် ၏ ထူးခြားမှုကို အံ့ဩစွာ ဆက်ပြောလိုက်သည်။

နင်ချီ အနည်းငယ် ဦးညွှတ်လိုက်သည်။

"ခွင့်လွှတ်ပါ စီနီယာ ကောင်းကင်သတ်..."

ထင်ယောင်ထင်မှား ချိုးဖျက် ရွှေရောင်မျက်လုံး ဖြင့် ပြောင်ပြောင်တင်းတင်း ကြည့်ရှုခြင်းသည် အမှန်တကယ်ပင် မသင့်တော်လှပေ။ ယခင်က တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို မသိရသေးသဖြင့် ပိုမို ယုံကြည်မှုရှိစေရန် အလိုအလျောက် သုံးစွဲမိခြင်း ဖြစ်၏။ ယခုမူ ကောင်းကင်သတ်သိုင်းသူတော်စင် ထံတွင် ကြီးမားသော ရန်ငြိုးမရှိကြောင်း ဝေဝါးဝါး အာရုံခံမိသဖြင့် ယဉ်ကျေးစကား အနည်းငယ် ပြောဆိုရန် ဝန်မလေးတော့ပေ။

တစ်ဖက်လူ၏ စကားများက နင်ချီသည် ရှေးဟောင်း သူတော်စင် မဟုတ်ကြောင်း သိရှိထားသည်ကို ရှင်းလင်းစွာ ပြသနေ၏။

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက... မိတ်ဆွေငယ်ကို ကျုပ်တဒင်္ဂ တွေ့လိုက်ဖူးတယ်... အဲဒီတုန်းက ကျုပ်ရဲ့ အသိစိတ်အများစုက အိပ်ပျော်နေတုန်းဆိုတော့ မိတ်ဆွေငယ်က ဒီလောက် ထူးချွန်ပြောင်မြောက်မှန်း မသိခဲ့ရဘူး... နှမြောစရာ ကောင်းလိုက်တာ" သူသည် အတိတ်က အဖြစ်အပျက်များကို ပြန်လည်အမှတ်ရနေပုံ ရ၏။

အစစ်အမှန်သိုင်းဂိုဏ်းသားများ သူတို့နှစ်ဦး အေးအေးဆေးဆေး စကားပြောနေကြသည်ကို မြင်လိုက်ရသောအခါ စိတ်သက်သာရာ ရသွားကြ၏။

ကောင်းကင်သတ်သိုင်းသူတော်စင် ဘာကြောင့် ဒီကို ရောက်လာသလဲ ဆိုတာကို သူတို့ ခန့်မှန်းမိကြ၏။ နေနီ သိုင်းသူတော်စင် နှင့် သိုင်းသူတော်စင် ဇီယွဲ့ တို့၏ သေဆုံးမှုအတွက် ရှင်းလင်းချက် လိုအပ်နေခြင်း ဖြစ်ပေမည်။

နင်ချီ ပြုံး၍ ပြန်ပြောလိုက်၏။

"အရင်တုန်းက ကျွန်တော်လည်း မျက်စိကန်းပြီး တောင်မြင့်မိုရ် ကို မမြင်ခဲ့မိဘူး... စီနီယာ့ ကို သာမန် ပုံပြောတဲ့သူ တစ်ယောက်လို့ပဲ ထင်ခဲ့တာပ်... သိုင်းသူတော်စင် လျှို့ဝှက်ချက်တွေကို အသည်းအသန် လိုက်ရှာနေတုန်းမှာ စီနီယာ က ကျွန်တော့်ကို ဉာဏ်အလင်း ဖွင့်ပေးခဲ့တာပါ... ကောင်းကင်သတ်သိုင်းသူတော်စင် ရဲ့ ဒဏ္ဍာရီက ကျွန်တော့်ကို အချိန်အကြာကြီး စိတ်ဓာတ်ခွန်အား ပေးခဲ့ပါတယ်"

ကောင်းကင်သတ်သိုင်းသူတော်စင် ခေါင်းညိတ်လိုက်ပြီး ရှားရှားပါးပါး ပြုံးလိုက်သည်။

"နောက်ပိုင်း သဲမည်း ပင်လယ် မှာ မိတ်ဆွေငယ်ကို ပြန်တွေ့တော့မှ မိတ်ဆွေငယ်ရဲ့ ပါရမီက ပြိုင်ဘက်ကင်းမှန်း သိလိုက်ရတယ်... ကံဆိုးတာက... အနှစ်တစ်ထောင်လောက် စောမွေးရင် သိပ်ကောင်းမှာ... ဒါမှမဟုတ် အနှစ်တစ်ရာလောက် စောရင်တောင် ကောင်းသေးတယ်" သူ၏ နောင်တရနေမှုသည် လူတိုင်းအတွက် ထင်ရှားနေ၏။

နင်ချီ မေးလိုက်သည်။

"ဘာလို့လဲဗျ"

ကောင်းကင်သတ်သိုင်းသူတော်စင် က ပြန်မဖြေဘဲ မေးခွန်းပြန်

ထုတ်လိုက်သည်။

"နေနီ သိုင်းသူတော်စင် နဲ့ သိုင်းသူတော်စင် ဇီယွဲ့ တို့ကို သတ်လိုက်တာ မင်းလား"

သူ့မျက်နှာပေါ်မှ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ထို ဟာလာဟင်းလင်း မျက်လုံးအိမ်များနှင့် ပေါင်းစပ်လိုက်သောအခါ အနည်းငယ် ကျောချမ်းဖွယ် ကောင်းလာသည်။

"ဟုတ်ပါတယ်" နင်ချီ တည်ငြိမ်စွာ ဖြေလိုက်သည်။

ဘာအကြောင်းကြောင့် ဆိုတာကို သူ ရှင်းမပြတော့ပေ။ အကြောင်းပြချက်က အရေးမကြီးတော့။

အရေးကြီးသည်မှာ သူသည် သိုင်းသူတော်စင် နှစ်ပါးကို အမှန်တကယ် သတ်ဖြတ်ခဲ့ပြီး တစ်ဖက်လူ၏ စည်းကမ်းကို ချိုးဖောက်ခဲ့ခြင်းပင် ဖြစ်၏။

"သိုင်းသူတော်စင် အချင်းချင်း သေရေးရှင်ရေး တိုက်ခိုက်တာကို ငါ အားမပေးဘူးဆိုတာ မင်း သိတယ်မလား"

ကောင်းကင်သတ်သိုင်းသူတော်စင် ၏ ပတ်ဝန်းကျင်တွင် ဆန်းကြယ်သော အရှိန်အဝါများ စုဝေးလာသဖြင့် လူတိုင်း စိုးရိမ်ပူပန်သွားကြ၏။ အရှိန်အဝါ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် သူတို့၏ ဝိညာဉ်များ တုန်လှုပ်သွားရသော်လည်း နင်ချီ၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။

"သူတို့ဘာသာ သေလမ်းရှာကြတာပါ"

ကောင်းကင်သတ်သိုင်းသူတော်စင် ရေရွတ်လိုက်သည်။

"ကောင်းလိုက်တဲ့ 'သူတို့ဘာသာ သေလမ်းရှာကြတာပါ' ဆိုတဲ့ စကား... အဲဒီလိုဆိုရင်... တကယ်လို့ ငါ့စွမ်းအားက မင်းထက်သာနေရင် မင်းလည်း 'မင်းဘာသာ သေလမ်းရှာတာ' ပဲပေါ့"

လော့ဝမ်ထျန်း နှင့် အခြားသူများ မကျေမနပ် ဖြစ်သွားကြ၏။

‘ရှင်းနေတာပဲ... နေနီ သိုင်းသူတော်စင် နဲ့ သိုင်းသူတော်စင် ဇီယွဲ့ တို့က လာပြီး သတ်ဖြတ်လုယက်ကြတာလေ... ဒါကို ဒီ ကောင်းကင်သတ်သိုင်းသူတော်စင် က မျက်နှာလိုက်ပြီး ပြောနေသလိုပဲ... ‘

သို့ငော်၊ သူတို့ ဝင်မပြောရဲကြပါ။ ကောင်းကင်သတ်သိုင်းသူတော်စင် အဆင့်ရှိသော လူတစ်ယောက်ကို လေးစားမှု ပေးရမည်ပဲလေ။

နင်ချီ၏ တာအိုဝတ်ရုံလေးသည် လေထဲတွင် ဖြည်းညှင်းစွာ လွင့်ပျံနေ၏။

"စီနီယာ..စမ်းကြည့်ချင်ရင် စမ်းကြည့်လို့ ရပါတယ်"

သူ့အကြည့်က လျစ်လျူရှုထားသော ပုံစံမျိုး ဖြစ်၏။

ကောင်းကင်သတ်သိုင်းသူတော်စင် ဒေါသထွက်နေပုံ ပေါက်သော်လည်း တကယ်တမ်း ဒေါသထွက်နေခြင်း မဟုတ်ကြောင်း သူ အာရုံခံမိသည်။

တာအိုဆရာ ပိုင်ရှန် ပြောဖူးသည်မှာ နေနီ သိုင်းသူတော်စင် တို့ သေဆုံးခြင်းသည် အလကား ဖြစ်သွားလေ၏။

ကောင်းကင်သတ်သိုင်းသူတော်စင် သည် ဆက်လက် အရေးယူနိုင်မည် မဟုတ်သော်လည်း နင်ချီ့ အနေဖြင့် ထိုက်တန်သော တန်ဖိုးကို ပြသနိုင်ရမည် ဆိုသော အချက်အပေါ် မူတည်နေ၏။

ကောင်းကင်သတ်သိုင်းသူတော်စင် ၏ နှလုံးသား ကန်းမသွားသရွေ့ အရေးကြီးမှု အတိမ်အနက်ကို ခွဲခြားနိုင်လိမ့်မည်ဟု ဆိုခဲ့၏။

နင်ချီ၏ ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာသည်။

သူသည် သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဓာတ်ကြီးငါးပါး နတ်ဘုရား ဓားချီ ကိုလည်း ဖော်ထုတ်ထားပြီး ဖြစ်၏။ ပြီးခဲ့သော တိုက်ပွဲက သိပ်ပြီး အားရစရာ မကောင်းခဲ့ချေ။

"ကောင်းပြီလေ"

ကောင်းကင်သတ်သိုင်းသူတော်စင် ပြန်လည် တည်ငြိမ်သွားသည်။

သို့သော် ကြည့်နေသူများအတွက်မူ သူ့ပတ်ဝန်းကျင်မှ အရှိန်အဝါသည် တဖြည်းဖြည်းနှင့် ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်မှာ ထင်ရှားနေ၏။

ဝိညာဉ်စွမ်းအား များသည် အရပ်မျက်နှာ အသီးသီးမှ စုဝေးလာကြပြီး မသိလိုက်မသိဘာသာဖြင့် အစစ်အမှန်သိုင်းတောင် တစ်ခုလုံးသည် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းခြင်း ခံလိုက်ရ၏။

အတွေးတစ်ချက်ဖြင့် ကောင်းကင်ဖြစ်စဉ်များကို ပြောင်းလဲနိုင်စွမ်းသည် ကောင်းကင်ဘုံလူသား အဆင့်ထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။ ပြင်းထန်သော ဖိနှိပ်မှုကြောင့် ဓားမ မိစ္ဆာ နှင့် အခြားသူများသည် အစစ်အမှန်သိုင်းဂိုဏ်းသားများကို ကာကွယ်ပြီး အဝေးသို့ ဆုတ်ခွာသွားရလေသည်။

ထိုကဲ့သို့သော တိုက်ပွဲမျိုးသည် သူတို့ ဝင်ရောက်စွက်ဖက်နိုင်သည့် အရာမဟုတ်ပေ။

ထို့နောက်၊

ကောင်းကင်သတ်သိုင်းသူတော်စင် လှုပ်ရှားလိုက်သည်။

သူ့လက်ထဲမှ တောင်ဝှေးကို ညင်သာစွာ ပစ်မြှောက်လိုက်ရာ ချက်ချင်းပင် လေနှင့် တိမ်တိုက်များ ပြောင်းလဲသွားကြ၏။ တောင်ဝှေးသည် အဆုံးမရှိ ကြီးထွားလာပြီး ကောင်းကင်ထိ မိုးမျှော်တိုင်ကြီး တစ်ခုအသွင် ပြောင်းလဲသွားလေသည်။

တာအိုဆရာလုံရှန်း ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ အစစ်အမှန် နက်ရှိုင်းတောင် တွင် ကောင်းကင်သတ်သိုင်းသူတော်စင် ၏ ဤတိုက်ကွက်ကို သူ မြင်ဖူးသည်။

ထိုစဉ်က လူရိုင်းဧကရာဇ် အပါအဝင် ထိပ်တန်း အားကောင်းသူ သုံးဦး၏ ခေါင်းများကို မဖော်နိုင်အောင် ဖိနှိပ်ထားခဲ့ခြင်း ဖြစ်၏။

ယခုမူ၊

ဤ ကောင်းကင်ထိ မိုးမျှော်တိုင်ကြီး သည် ယခင်ကထက် များစွာ ပိုမို အားကောင်းနေပေသည်။

လေဟာနယ်သည် တုန်ခါပြီး ကွဲအက်သွားသည်။ ဤမျှ သည်းထန်သော ဖိနှိပ်မှုကို မခံနိုင်တော့သဖြင့် 'လေဟာနယ် အပိုင်းအစ' များ ပြုတ်ကျလာရာ မြင်ကွင်းမှာ အတော်လေး ထိတ်လန့်စရာ ကောင်းလှသည်။

အစစ်အမှန်သိုင်းဂိုဏ်းသားများ မျက်လုံးပြူးကုန်ကြပြီး ဓားမ မိစ္ဆာ ၏ နက်မှောင်သော မျက်လုံးအိမ်များမှာ အကျယ်ဆုံး ပြူးကျယ်လျက် ရှိသည်။ သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"အဲဒါက..."

စကားမဆုံးလိုက်ခင်မှာပင်၊

ကြည်လင်ပြတ်သားသော တီးမှုတ်သံရှည်ကြီး တစ်ခု ထွက်ပေါ်လာပြီး မိုးမျှော်တိုင်ကြီး ထံမှ အဖြူရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

ထိုအခိုက်အတန့်၌၊ ကောင်းကင်ကို စုတ်ဖြဲပစ်မည့် အာဏာရှင် ဆန်သော ထက်ရှမှုသည် ကမ္ဘာလောကတွင် ထင်ရှားစွာ ပေါ်ထွက်လာလေသည်။

"ကြောက်စရာ ကောင်းလိုက်တဲ့ ဓားမကြီးပါလား"

ဓားမ မိစ္ဆာ လုံးဝ တုန်လှုပ်သွားပြီး မျက်လုံးများထဲတွင် နှိုင်းယှဉ် မရနိုင်သော စိတ်အားထက်သန်မှုများ ပေါ်လာသည်။

သူ့ကိုယ်သူ ဓားမ မိစ္ဆာ ဟု သတ်မှတ်ထားပြီး ရှေးဟောင်း သူတော်စင် များ ပြန်မလာခင်အချိန်ထိ ကမ္ဘာ့အကောင်းဆုံး ဓားမသမား ဟု ယူဆထားခဲ့သော်လည်း ယခုမူ ဓားမ မိစ္ဆာ အနည်းငယ် သိမ်ငယ်သွားရ၏။ ထို ကြောက်မက်ဖွယ် ဓားမစိတ်ဆန္ဒ က သူ့ကို တုန်လှုပ်သွားစေသည်။

မှန်ပေသည်။

ဤသည်မှာ မည်သည့် ကောင်းကင်ထိ မိုးမျှော်တိုင်ကြီးမျှ မဟုတ်သလို၊ မည်သည့် တောင်ဝှေးမျှလည်း မဟုတ်ပေ။ ဓားအိမ်ထဲတွင် ရှိနေသေးသော ဓားမကြီး တစ်လက်သာ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ထိုအခိုက်အတန့်တွင်၊

ဧရာမ ဓားမကြီးသည် ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်နှင့်အမျှ ၎င်း၏ ပုံသဏ္ဌာန်အမှန် ပေါ်ထွက်လာလေတော့သည်။

All Chapters