တောင်နှင့် ပင်လယ် နယ်မြေ (၂)
Vol. 27 Ch. 400
~နင်ချီ အသံတိတ် သက်ပြင်းချလိုက်မိသည်။
သေချာတာကတော့ ခရီးဆက်လေလေ အခွင့်အရေးတွေ နည်းပါးလေလေပင်။ နောက်ပိုင်း လာမည့်သူတွေအတွက် သိုင်းသူတော်စင် အဆင့်သို့ ရောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါ။
နောင်လာနောင်သားများ အတွက်မူ မတရားဟု ထင်ရသော်လည်း၊ ကမ္ဘာကြီး၏ အကျပ်အတည်းနှင့် ယှဉ်လိုက်လျှင် ဤသည်မှာ ပိုမို အရေးကြီးသော ကိစ္စ ဖြစ်နေပေသည်။
မကြာခင်မှာပင်၊ သူ နားမလည်သည့် အချက် တစ်ခုအား သတိထားမိလိုက်၏။
"စီနီယာ ၊ဒါဆို အခု ဖြစ်နေတဲ့ ဝိညာဉ်နိုးထခြင်း က ဘာသဘောလဲ... ဘာလို့ ကောင်းကင်နှင့် မြေကြီး စွမ်းအား က အရင်ခေတ်က ပုံစံအတိုင်း ပြန်ပြောင်းသွားရတာလဲဗျ"
ထိုအခါ၊ ကောင်းကင်သတ် သိုင်းသူတော်စင် ရှင်းပြလာသည်။
"အဲဒါက နောက်ထပ် ဆုံးဖြတ်ချက် တစ်ခုနဲ့ ဆိုင်တယ်... သူတော်စင် များ၏ ကတိကဝတ် ဆိုတာ အဲဒါပဲ"
"သိုင်းသူတော်စင် နည်းစနစ် တွေကို ဖျောက်ဖျက်ပြီး တာအိုအမှတ်အသား တွေ မများအောင် တားဆီးတာက အချိန်ဆွဲရုံ သက်သက်ပဲ ရှိသေးတယ်... ငါတို့ရဲ့ တွက်ချက်မှုအရ အသက်အဆိပ် ရှိနေသရွေ့ သိုင်းသူတော်စင် အသစ် တစ်ယောက်မှ မပေါ်လာရင်တောင် အချိန်ကြာလာတာနဲ့အမျှ ဒီကမ္ဘာ့လမ်းကြောင်းက ပြန်ပွင့်လာမှာပဲ"
"ငါတို့ သိတယ်... စစ်ပွဲကြီးက တစ်နေ့နေ့မှာ ပြန်ဖြစ်လာမှာပဲ ဆိုတာကို"
"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ငါတို့ နိုင်ခဲ့တာက ကမ္ဘာ့အသိစိတ်ကြောင့်... ဒါပေမယ့် အခု အဲဒီအသိစိတ်က အိပ်ပျော်သွားပြီ... ဘယ်တော့ ပြန်နိုးမလဲ မသိရဘူး... ဒါကြောင့် ဒါက အဓိက အချက်အချာ ဖြစ်လာတာပဲ"
"အကြိမ်ကြိမ် ဆွေးနွေး တွက်ချက်ပြီးတဲ့နောက်မှာ... နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ကြတယ်"
"အဲဒါကတော့... ဝိညာဉ်စွမ်းအား ကို ခွာချပြီး ကမ္ဘာကြီးရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဝှက်ထားလိုက်ဖို့ပဲ... ပြီးတော့မှ နောက်ဆုံးအချိန်ကျမှ ပေါက်ကွဲထွက်လာစေဖို့ပေါ့"
ထိုနေရာသို့ ရောက်သောအခါ၊
ကောင်းကင်သတ်သိုင်းသူတော်စင် ၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှု အရိပ်အယောင်များ ပေါ်လာသည်။ ဤ ကမ္ဘာမြေကို တုန်လှုပ်စေသော စီမံကိန်းကြီးသည် မျိုးဆက်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုများ ပါဝင်နေ၏။
နင်ချီ၏ အကြည့်သည် စူးစိုက်သွားသည်။
အရင်တုန်းက တာအိုဆရာ ပိုင်ရှန် ပြောဖူးသည်မှာ ဝိညာဉ်စွမ်းအား ပျောက်ကွယ်သွားခြင်းသည် လူလုပ်ဖန်တီးမှု ဖြစ်သည်ဟု ဆိုခဲ့ဖူးသည်။ တကယ်တမ်းကျတော့ သိုင်းသူတော်စင် များအားလုံး၏ စုပေါင်းဆုံးဖြတ်ချက် ဖြစ်နေသည်ကိုး။
"အဲဒါက ကမ္ဘာ့အသိစိတ် နိုးထလာတာနဲ့ ဘယ်လို ဆက်စပ်နေလဲဗျ"
နင်ချီ အနည်းငယ် ခန့်မှန်းမိနေပြီ။
ကောင်းကင်သတ်သိုင်းသူတော်စင် ရယ်မောလိုက်သည်။
"မင်း လေးနဲ့မြှား ပစ်ဖူးမှာပေါ့... လေးကြိုးကို အတင်းဆုံး ဆွဲထားတဲ့အချိန်မှာ လွှတ်လိုက်ရင် အားအပြင်းဆုံး ပေါက်ကွဲထွက်တာလေ... ဝိညာဉ်စွမ်းအား ကို ခွာချပြီး ဝှက်ထားလိုက်တယ်... ပြီးတော့မှ အချိန်အကြာကြီးနေမှ ပြန်လွှတ်ထုတ်လိုက်တဲ့အခါ ရိုက်ခတ်မှုက အမြင့်ဆုံး ဖြစ်သွားပြီး ကမ္ဘာ့အသိစိတ်ကို မလွဲမသွေ နိုးထလာစေမှာပဲ... အရင် အထွတ်အထိပ် အချိန်ထက်တောင် ပိုအားကောင်းလာနိုင်တယ်"
နင်ချီ ခေါင်းညိတ်လိုက်သည်။
စပရင်ကြိုးနှင့် ဥပမာပေးလျှင် ပိုမှန်မည်ဟု နင်ချီ တွေးလိုက်မိသည်။ ကမ္ဘာပေါ်က လူတို့၏ ဉာဏ်ပညာကို လျှော့တွက်၍ မရကြောင်း သူ သဘောပေါက်သွားပြီး အံ့ဩလေးစားမိသွားသည်။
"ဒါက စီမံကိန်းကြီး တစ်ခုပဲ... မျိုးဆက်ပေါင်းများစွာ ဝိညာဉ်စွမ်းအား ကို ဝှက်ထားခဲ့ကြတာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကမှ အောင်မြင်ခဲ့တာ... ဒီကာလအတွင်းမှာ ဝိညာဉ်ချီ တွေ တဖြည်းဖြည်း လျော့နည်းလာပြီး နောက်ဆုံးမှာ မင်းသိထားတဲ့ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား အဖြစ် ပြောင်းလဲသွားတာပေါ့... အဲဒီခေတ်ကို ဓမ္မ ဆုံးခန်း ခေတ် လို့လည်း ခေါ်ကြတယ်"
"ဒီစီမံကိန်းက ချက်ချင်း အကျိုးကျေးဇူး သုံးခု ရစေတယ်"
"ပထမအချက်... ဝှက်ထားတဲ့ ဝိညာဉ်စွမ်းအား ကို ကမ္ဘာ့အသိစိတ် ပြန်လည်ကုစားဖို့ သုံးလို့ရတယ်"
"ဒုတိယအချက်... ဝိညာဉ်စွမ်းအား ကို ဝှက်ထားလိုက်တဲ့အတွက် အသက်အဆိပ် ကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားနိုင်တယ်"
"တတိယအချက်... ငါတို့ရဲ့ အရင်စီမံကိန်းဖြစ်တဲ့ သိုင်းသူတော်စင် နည်းစနစ် ဖျောက်ဖျက်တာနဲ့ အံဝင်ခွင်ကျ ဖြစ်သွားတယ်... ဝိညာဉ်ချီ လုံးဝ မရှိတော့တဲ့အခါ သိုင်းသူတော်စင် နည်းစနစ် ရှိနေရင်တောင်မှ ဘယ်သူမှ သိုင်းသူတော်စင် အဆင့်ကို တက်လှမ်းလို့ မရတော့ဘူးလေ"
"ဒီစီမံကိန်းကို တုံ့ပြန်တဲ့အနေနဲ့... ငါတို့လို ခေတ်ဟောင်းက လူတွေက နည်းမျိုးစုံနဲ့ ရှင်သန်အောင် နေခဲ့ကြတယ်... တချို့က သေဆုံးကုန်ကြတယ်... တချို့က ပါရမီရှိတဲ့ မျိုးဆက်သစ်တွေ ဝင်ရောက်လာကြတယ်"
"အခု ခေတ်ရောက်မှသာ ငါတို့အားလုံး တပြိုင်နက်တည်း ပြန်လည်နိုးထလာကြတာ"
"ဒါဟာ... သူတော်စင် များ၏ ကတိကဝတ် ပဲ"
ကောင်းကင်သတ် သိုင်းသူတော်စင်၏ စကားဆုံးသွားသောအခါ၊
တာအိုရှာဖွေခြင်း ကျောင်းတော် တစ်ခုလုံး တိတ်ဆိတ်
ငြိမ်သက်သွားသည်။
နင်ချီ၏ ရင်ထဲတွင် လှိုင်းတံပိုးများ ထန်နေပြီး အမှန်တရား အားလုံး ပေါ်လာသောအခါ သူ အတော်လေး အံ့ဩသွားရ၏။
ပြင်ပရန်သူ ရှိနိုင်မည်ဟု သူ ခန့်မှန်းခဲ့ဖူးသော်လည်း.. ယခုလောက်ထိ အားကောင်းလိမ့်မည်ဟု ထင်မထားခဲ့မိချေ။
"ဒါဆိုရင်... ကမ္ဘာ့အသိစိတ် လည်း နိုးထတော့မှာလား ခင်ဗျ"
နင်ချီက မေးလိုက်သည်။
ကောင်းကင်သတ်သိုင်းသူတော်စင် ခေါင်းညိတ်လိုက်သည်။
"မှန်တယ်... ဝိညာဉ်စွမ်းအား နိုးထလာပြီး အချိန်တစ်ခု ကြာတဲ့အခါ... အခြေကျသွားတဲ့အခါ ကမ္ဘာ့အသိစိတ်က အပြည့်အဝ နိုးထလာလိမ့်မယ်... အဲဒီအချိန်ကျရင် ငါတို့အတွက် အခွင့်အရေးကောင်းကြီး တစ်ခု ဖြစ်လာမှာပါ"
နင်ချီ တုန်လှုပ်သွားသည်။ ကောင်းကင်သတ်သိုင်းသူတော်စင် ကတောင် အခွင့်အရေးဟု ပြောနေရင်တော့ သေချာပေါက် နတ်ဘုရားစွမ်းအား နယ်ပယ်နှင့်
ပတ်သက်နေမှာ သေချာသည်။
"ခဏနေရင် သိုင်းသူတော်စင် အစည်းအဝေး ခေါ်ပြီး သိုင်းသူတော်စင် အသစ်တွေကို အခြေအနေ ရှင်းပြရဦးမယ်... ဘာပဲဖြစ်ဖြစ် ငါတို့မှာ ဘုံရန်သူ ရှိနေပြီလေ"
"တောင်နှင့် ပင်လယ် နယ်မြေ"
ကောင်းကင်သတ်သိုင်းသူတော်စင် သည် ကောင်းကင်ကို ဖောက်ထွက်မြင်ချင်သကဲ့သို့ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။
နင်ချီ တိတ်ဆိတ်နေ၏။
"တောင်နှင့် ပင်လယ် နယ်မြေ ရဲ့ ကမ္ဘာ့လမ်းကြောင်းက ပြန်ပွင့်တော့မှာလားဗျ"
ကောင်းကင်သတ်သိုင်းသူတော်စင် တိုးတိုးလေး ပြောသည်။
"ဟုတ်တယ်... ငါတို့က သိုင်းသူတော်စင် တာအိုအမှတ်အသား အရေအတွက်ကို ထိန်းချုပ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် အသက်အဆိပ် ရဲ့ ကာလရှည် တိုက်စားမှုကြောင့် ကမ္ဘာ့လမ်းကြောင်းက မလွဲမသွေ ပြန်ပွင့်လာမှာပဲ... ဒါကြောင့် သိုင်းသူတော်စင် အရေအတွက်ကို ထိန်းချုပ်နေတာ အလကားပဲ ဖြစ်သွားပြီ... အဲဒါကြောင့် ဒီ ဝိညာဉ်နိုးထခြင်း မှာ ကောင်းကင်ဘုံလူသား အဆင့် ပြည့်စုံသူတိုင်းကို သိုင်းသူတော်စင် နည်းစနစ် တွေ ပေးအပ်လိုက်တာပေါ့"
"တိုက်ပွဲအတွက် ပြင်ဆင်ထားကြ"
ထိုစဉ်၊ နင်ချီက မေးလိုက်သည်။
"စီနီယာ၊ ကျွန်တော်တို့မှာ အချိန်ဘယ်လောက် ကျန်သေးပါသလဲ"
ကောင်းကင်သတ်သိုင်းသူတော်စင် ခေါင်းခါလိုက်သည်။
"ဆယ်နှစ် ဖြစ်ချင်ဖြစ်မယ်... ငါးနှစ် ဖြစ်ချင်ဖြစ်မယ်... ဒါမှမဟုတ် နောက်တစ်စက္ကန့်လည်း ဖြစ်သွားနိုင်တယ်... ဘယ်သူ သိမှာလဲ"
သူကတော့ ပေါ့ပေါ့ပါးပါး နိုင်လှသည်။
နင်ချီ၏ လေးနက်သော မျက်နှာထားကို မြင်လိုက်ရသဖြင့် သူ ပြုံးပြီး ပြောသည်။
"မပူပါနဲ့... မမျှော်လင့်တဲ့ အဖြစ်အပျက်တွေ မရှိရင် ကမ္ဘာ့အသိစိတ် နိုးထလာတဲ့အထိ ငါတို့ ခံသာပါသေးတယ်"
နင်ချီ သက်ပြင်းရှည်ကြီး ချလိုက်သည်။
သူ့ရင်ထဲ ဘယ်လို ခံစားရမှန်း မသိတော့ပေ။
သူက ထာဝရအသက်ရှင်ခြင်း ကို တောင့်တခဲ့သူ။
သို့သော် သိုင်းကမ္ဘာတွင် မျှော်လင့်ချက် မတွေ့ခဲ့ရပေ... ကောင်းကင်ဘုံ တက်လှမ်းခြင်း ဆိုသည်မှာပင် ကောလာဟလ သက်သက်ကဲ့သို့ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ယခုမူ ကောင်းကင်ဘုံ တက်လှမ်းခြင်းသည် အမှန်တကယ် ရှိကြောင်း သိရှိလိုက်ရပြီ ဖြစ်သည်... အထက်ကမ္ဘာတွင် သက်တမ်းပိုရှည်၍ ပိုမို စွမ်းအားကြီးမားသော သူများ ရှိကြောင်း သိလိုက်ရပြီ ဖြစ်သည်။
သို့သော် ခံစားချက်သည် ရှုပ်ထွေးနေပေ၏။
ထို အထက်ကမ္ဘာသည်... ရန်သူ ဖြစ်နေသောကြောင့် ဖြစ်၏။
ယခုအချိန်တွင် ထာဝရအသက်ရှင်ခြင်းကို စဉ်းစားရန်မှာ စောလွန်းနေသေးသည်။ အရေးကြီးဆုံးမှာ ရှေ့၌ ရှိနေသော အတားအဆီးများကို ကျော်ဖြတ်ရန်ပင် ဖြစ်သည်... သူ အလျင်လိုလာ၏။
နင်ချီ ပြောလိုက်သည်။
"အကြောင်းရင်းနဲ့ အကျိုးဆက်ကို နားလည်ပြီဆိုတော့... နေနီ သိုင်းသူတော်စင် နဲ့ သိုင်းသူတော်စင် ဇီယွဲ့ တို့ရဲ့ တာဝန်တွေကို ကျွန်တော် ယူပါ့မယ်"
သူက အကျိုးအကြောင်း မသိသည့် လူ မဟုတ်ပါ။
နေနီ သိုင်းသူတော်စင်နှင့် သိုင်းသူတော်စင် ဇီယွဲ့ တို့သည် ကျူးကျော်သူများကို ခုခံမည့် အဓိက အင်အားစုများ ဖြစ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သူ သတ်ဖြတ်လိုက်မိပြီး ဖြစ်ရာ မည်သို့မျှ မဖြစ်သကဲ့သို့ နေ၍ မရနိုင်တော့ချေ။ ယခုအချိန်တွင် အားလုံးသည် လှေတစ်စင်းတည်း စီးနေကြခြင်း ဖြစ်သည်... ။
တစ်ယောက် ကောင်းစားလျှင် အားလုံး ကောင်းစားမည်... တစ်ယောက် ဒုက္ခရောက်လျှင် အားလုံး ဒုက္ခရောက်ကြမည့် အခြေအနေပင် ဖြစ်လေ၏။
ကောင်းကင်သတ်သိုင်းသူတော်စင် က သက်ပြင်းချရင်း လက်ကာပြလိုက်သည်။
"မင်းအမှား မဟုတ်ဘူးဆိုတာ ငါသိပြီးသားပါ... နှမြောစရာ ကောင်းလို့ပါ... စောစောက လုပ်ခဲ့တာတွေက မင်းရဲ့ လက်ရှိ စွမ်းအားကို စမ်းသပ်ချင်ရုံ သက်သက်ပါ... စိတ်ထဲ မထားပါနဲ့"
နင်ချီ ခေါင်းခါလိုက်သည်။
ကောင်းကင်သတ်သိုင်းသူတော်စင်သည် သူ့အပေါ် မကောင်းသော စိတ်စေတနာ မရှိကြောင်း သူ အစကတည်းက သိရှိပြီးသားပင် ဖြစ်ပါသည်။ သို့မဟုတ်ပါက သူ့အား ဤမျှ ပြောပြနေမည် မဟုတ်ပါချေ။
သူတို့နှစ်ဦး တိတ်ဆိတ်စွာ ထိုင်ပြီး လက်ဖက်ရည် သောက်နေကြ၏။
ခဏ ကြာသောအခါ၊
ကောင်းကင်သတ်သိုင်းသူတော်စင် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။
"ဒီနေ့ ဉာဏ်အလင်း လက်ဖက်ရည် တိုက်တဲ့အတွက် ကျေးဇူးပါပဲ၊ မိတ်ဆွေငယ်... မင်းကို ပေးစရာ တစ်ခု ရှိတယ်"
ထိုသို့ ပြောပြီး..
ကောင်းကင်သတ်သိုင်းသူတော်စင်က လက်ညှိုးတစ်ချောင်း ထိုးလိုက်ရာ သူ့ရင်ဘတ် အိတ်ကပ်ထဲမှ လေးလံသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် အရာဝတ္ထု တစ်ခု ပျံထွက်လာသည်။
နင်ချီ ကြည့်လိုက်ရာ လက်ဖဝါး အရွယ်အစားခန့် ရှိပြီး သဘာဝအကွက်များ ပါရှိသော နက်မှောင်သော အဝါရောင် ကျောက်တုံး တစ်တုံးကို တွေ့လိုက်ရ၏။ ၎င်းထံမှ ကြွယ်ဝသော မြေချီ အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် သူ့မျက်လုံးများ တောက်ပသွားသည်။
"ဒါက မြေကမ္ဘာ သွေးကြော အနှစ်သာရကျောက်တုံး ပါ... မိတ်ဆွေငယ်အတွက် အထောက်အကူ ဖြစ်လောက်ပါတယ်" ဟု ကောင်းကင်သတ်
သိုင်းသူတော်စင်က ပြုံးရွှင်စွာ ပြောလိုက်သည်။
အမှန်ပါပင်။
ပဉ္စမအဆင့် သိုင်းသူတော်စင် တက်လှမ်းရန်အတွက် သူသည် မြေချီ လိုအပ်နေခြင်း ဖြစ်သည်။ မိမိဘာသာ ကြိုးစား ရှာဖွေရမည် ဖြစ်သော်လည်း ဤကျောက်တုံး ရှိပါက များစွာ သက်သာသွားပေမည်။
ဝိညာဉ် နိုးထခြင်း နေ့ကသာ ဤကျောက်တုံး ရှိခဲ့လျှင် ပဉ္စမအဆင့် သိုင်းသူတော်စင် အဖြစ်သို့ တစ်ခါတည်း တက်လှမ်းနိုင်ခဲ့မည်သာ ဖြစ်သည်ဟု တွေးတောမိကာ အနည်းငယ် နောင်တရမိသွားလေသည်။
သို့သော် ယခုအချိန်တွင်မူ ဤအရာသည် လိုအပ်နေသော အကူအညီပင် ဖြစ်ပေသည်။
နင်ချီ အရမ်း လိုချင်သွား၏။
ဟန်ဆောင်မနေတော့ဘဲ သူ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်... ကျွန်တော် မငြင်းတော့ဘဲ လက်ခံလိုက်ပါ့မယ်... ကျေးဇူးပါ စီနီယာ ကောင်းကင်သတ်"
ကောင်းကင်သတ်သိုင်းသူတော်စင် ရယ်မောရင်း လက်ဝှေ့ယမ်းပြလိုက်သည်။
"ဒီနေ့ ဓားနဲ့ လာလည်မိတဲ့အတွက် တောင်းပန်တဲ့အနေနဲ့ သဘောထားလိုက်ပါ"
နင်ချီ၏ ကမ္ဘာကျော်မည့် အလားအလာကို သူ အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။
ကမ္ဘာကြီးထဲသို့ နောက်ကျမှ ရောက်ရှိလာရသည့်အတွက် ဝမ်းနည်းဖွယ် ကောင်းသော်လည်း၊ ယခုအချိန်တွင်ပင် နင်ချီ၏ စွမ်းအားသည် ရှေးဟောင်း သူတော်စင် အများစုထက် သာလွန်နေပြီး သိုင်းကမ္ဘာ၏ ထိပ်ဆုံးတွင် ရပ်တည်နေပြီ ဖြစ်၏။
သူ နင်ချီအား ကူညီပေးရန် ဝန်လေးမည် မဟုတ်ချေ။
ဤသည်မှာ မိမိကိုယ်ကိုယ် ကူညီခြင်းလည်း မည်ပေသည်။
ထိုသို့ ပြောကြားပြီးနောက်၊
ကောင်းကင်သတ် သိုင်းသူတော်စင် သည် ဉာဏ်အလင်း လက်ဖက်ပင်ကြီးကို တစ်ချက် လှမ်းကြည့်ပြီးနောက် ကောင်းကင်သို့ ပျံသန်း
ထွက်ခွာသွားလေတော့သည်။
နင်ချီ လက်ထဲက မြေကမ္ဘာသွေးကြော အနှစ်သာရကျောက်တုံး ကို ကြည့်ရင်း ငေးငိုင်ကျန်ရစ်ခဲ့၏။
ကောင်းကင်သတ်သိုင်းသူတော်စင် ရောက်လာခြင်းက သူ့ကို အံ့အားသင့်စေခဲ့၏။
"တောင်နှင့် ပင်လယ် နယ်မြေ..."
သူ တစ်ယောက်တည်း ရေရွတ်လိုက်ပြီး ကျောက်တုံးကို တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။
ပဉ္စမအဆင့် သိုင်းသူတော်စင်...
ထက်မကဘဲ... ဒီထက် ပိုသန်မာသော အဆင့်ကို အမြန်ဆုံး ရောက်အောင် သွားရမည်ဟု ခံစားလိုက်ရ၏။
နင်ချီသည် သူတစ်ပါးအပေါ် မည်သည့်အခါမျှ မျှော်လင့်ချက် မထားတတ်ပေ။ ကမ္ဘာ့အသိစိတ် ဆိုသည်မှာပင် သူ့အား စိတ်မအေးစေနိုင်ချေ။
"အစစ်အမှန်သိုင်း ခန်းမဆောင် ကို အမြန်ဆုံး သွားမှ ဖြစ်မယ်"
လိပ်အိုကြီး ဘာပြောမလဲ ဆိုတာ သူ သိချင်နေတော့၏။
ကောင်းကင်သတ်သိုင်းသူတော်စင် ပြောသမျှ အကုန်လုံးကို အတည်ပြု၍ မရနိုင်သေး... သူ မသိသေးသော အချက်အလက်တွေ ရှိနေနိုင်ကြောင်း နင်ချီ.. သဘောပေါက်လိုက်သည်။