ကမ္ဘာကြီး စောင့်ကြည့်နေခြင်း၊ သူတော်စင် သုံးပါး ရတနာဆက်သခြင်း
Vol. 27 Ch. 401
~ကောင်းကင်သတ် သိုင်းသူတော်စင်သည် တောင်ပေါ်မှ ဆင်းသက်ကာ ထွက်ခွာသွားလေပြီ။
သို့သော် အစစ်အမှန်သိုင်း
ဂိုဏ်းသားများမှာမူ ယခင် တိုက်ပွဲ၏ တုန်လှုပ်မှုထဲမှ ရုန်းထွက်နိုင်ခြင်း မရှိကြသေးပေ။ သူတို့၏ နင်ချီအပေါ် လေးစားအားကျမှုသည် အတိုင်းအတာမဲ့ ဖြစ်နေချေသည်။
အကြောင်းမူကား ရှင်းလင်းလှ၏။
ကောင်းကင်သတ် သိုင်းသူတော်စင် ဆိုသည်မှာ ပြိုင်ဘက်ကင်းသော သူတစ်ယောက် ဖြစ်၏။ ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထခြင်း မတိုင်မီကတည်းက ကောင်းကင်ဘုံလူသား အဆင့် ၁ တွင် ရပ်တည်ခဲ့ပြီး နက်ရှိုင်း နားလည်ရခက်ခဲသူ တစ်ဦး ဖြစ်ပေသည်။ ဝိညာဉ်နိုးထပြီးသည့် နောက်တွင်ပင် ရှေးဟောင်း သူတော်စင်များသည် သူ၏ ရှေ့မှောက်၌ ခေါင်းမမော့ရဲလောက်အောင် ဖိနှိပ်ခံထားရသည် မဟုတ်ပါလော။
သို့သော် ယခုမူ၊
နင်ချီသည် ကောင်းကင်သတ်သိုင်းသူတော်စင်နှင့် ယှဉ်ပြိုင်နိုင်ခဲ့လေသည်။ တိုက်ကွက်တစ်ခုတည်း ဆိုသော်ငြား ဤသည်က လုံလောက်နေပြီ ဖြစ်၏။
အစစ်အမှန်သိုင်းဂိုဏ်းသားများသာ မဟုတ်ချေ။
ဤမြင်ကွင်းကို အစစ်အမှန်သိုင်းမြို့တော် အတွင်းရှိ သိုင်းပညာရှင် အများအပြားလည်း မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပေသည်။
ကောင်းကင်သတ်သိုင်းသူတော်စင် ရောက်ရှိလာစဉ်က သူ၏ အရှိန်အဝါကို ဖုံးကွယ်မထားခဲ့သဖြင့် သဘာဝကျစွာပင် အစစ်အမှန်သိုင်းမြို့တော် အတွင်းရှိ အားကောင်းသူ အချို့ အာရုံခံမိလိုက်ကြ၏။
ဝိညာဉ်နိုးထပြီးကတည်းက မြို့တော်၏ ဂုဏ်သတင်းသည် သိသိသာသာ တိုးတက်လာပြီး လေးစားအားကျသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့၏။ ဤလူများသည် အစစ်အမှန်သိုင်းဂိုဏ်း၏ ပြင်ပအင်အားစု တစ်စိတ်တစ်ပိုင်း ဖြစ်လာရန် ရည်ရွယ်ချက်များ ရှိနေကြသော်လည်း လော့ဝမ်ထျန်းက စီမံခန့်ခွဲမှု အသေးစိတ်ကို စဉ်းစားနေဆဲ ဖြစ်ပေသည်။
ထိုအခိုက်အတန့်၌၊
မြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။
အံ့ဩခြင်း၊ လေးစားခြင်းတို့ ပြည့်နှက်နေသော အကြည့်များစွာသည် မိုးထိ မြင့်မားနေသော အစစ်အမှန်သိုင်းတောင်ဆီသို့ ရောက်ရှိသွားကြ၏။
လူအများစုသည် အစစ်အမှန်သိုင်းတောင် ဟူသော ဤ အားကိုးရာ သစ်ပင်ကြီးကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားရန် ဆုံးဖြတ်လိုက်ကြ၏။
မည်သူမျှ အချည်းနှီး မိုက်မဲနေကြသည် မဟုတ်ပေ။
ရှေးဟောင်း သူတော်စင်များ ပေါ်ထွက်လာခြင်း၊ ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာခြင်းနှင့် သိုင်းပညာ လမ်းစဉ်က မကြုံစဖူး ထွန်းကားလာခြင်းတို့၏ နောက်ကွယ်တွင် ကြီးကျယ်သော စည်ပင်ဝပြောမှုနှင့်အတူ မငြိမ်မသက်မှုများ ကပ်ပါလာမည်မှာ သေချာလှသည်။ ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် အားကောင်းသော မဟာမိတ် တစ်ဦး ရရှိထားခြင်းသည် မည်သည့်အရာထက်မဆို ပို၍ အရေးကြီးပေသည်။
ထို့ပြင်၊ ကောင်းကင်သတ် သိုင်းသူတော်စင် အစစ်အမှန်သိုင်းတောင်ပေါ် တက်ရောက်သွားပြီး ကောင်းကင်ဘုံ ဓားသခင် သိုင်းသူတော်စင်နှင့် သရေကျအောင် ယှဉ်ပြိုင်ခဲ့သည် ဆိုသော သတင်းက အံ့မခန်း မြန်ဆန်သည့် နှုန်းဖြင့် ရှစ်ခွင်တိုင်း အနှံ့ ပျံ့နှံ့သွားလေတော့သည်။
ကမ္ဘာကြီးသည် ပိုမို ကျယ်ပြန့်လာပြီ ဆိုသော်ငြား ဝိညာဉ်နိုးထခြင်း နေ့တွင် မူလအမြုတေ အဆင့် သိုင်းပညာရှင် အများအပြားက အခွင့်အရေးရယူပြီး ကောင်းကင်ဘုံလူသား အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြ၏။ သိုင်းပညာရှင်များ၏ ယေဘုယျ ကျင့်ကြံခြင်း အဆင့်သည် သိသိသာသာ မြင့်တက်လာခဲ့၏။ ထို့ကြောင့် သတင်းအချက်အလက် ပျံ့နှံ့မှုနှုန်းသည် နှေးကွေးမသွားဘဲ ပို၍ပင် မြန်ဆန်လာသေးသည်။
ခဏတာအတွင်း၌ပင်၊
ကမ္ဘာကြီးက အာရုံစိုက်လာကြချေပြီ။
နေရာအနှံ့အပြားတွင် မရေမတွက်နိုင်သော ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်လာကြ၏။ အစစ်အမှန်သိုင်းတောင်သည် အချိန်တိုအတွင်း၌ အာရုံစိုက်စရာ ဗဟိုချက် ဖြစ်လာပြီး အဆုံးမရှိသော အာမေဋိတ်သံများကို ဆွဲဆောင်နိုင်ခဲ့လေသည်။
"ကောင်းကင်သတ်သိုင်းသူတော်စင် ရောက်လာတာက နေနီ သိုင်းသူတော်စင်နဲ့ သိုင်းသူတော်စင် ဇီယွဲ့တို့ ကိစ္စကြောင့်လား..."
"ကောင်းကင်ဘုံ ဓားသခင် သိုင်းသူတော်စင်က ဒီလောက် ကြမ်းမယ်လို့ မထင်ထားမိဘူးကွာ... ကောင်းကင်ဘုံ ဓားသခင်
သိုင်းသူတော်စင်တောင် မနိုင်ဘူးဆိုတော့... နေနီ သိုင်းသူတော်စင်တို့ နှစ်ယောက် သေတာ အလကား ဖြစ်သွားပြီပေါ့"
"ကောင်းကင်ဘုံ ဓားသခင် သိုင်းသူတော်စင်က ရှေးဟောင်း သူတော်စင် ဝင်စားတာ မဟုတ်ဘူးလို့ ပြောကြတယ်... ဒါ..တကယ်လား"
"အာ..မဖြစ်နိုင်တာကွာ... ရှေးဟောင်း သူတော်စင် မဟုတ်ဘဲနဲ့ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နိုင်မှာလဲ... လက်ရှိ ကမ္ဘာက လူတွေ သိုင်းသူတော်စင် အဆင့် ရောက်တာတင် အတော်ထူးဆန်းနေပြီ... ရှေးဟောင်း သူတော်စင်တွေနဲ့ ယှဉ်ဖို့ဆိုတာ အရမ်း ခက်ခဲလွန်းတာကို"
"ဒါပေမယ့် ကောင်းကင်ဘုံ ဓားသခင် သိုင်းသူတော်စင်က အခုမှ စတုတ္ထ အဆင့် သိုင်းသူတော်စင်ပဲ ရှိသေးတယ်လို့ သတင်းထွက်နေတယ်ဟ..."
...
လူတိုင်း၏ အာရုံက နင်ချီထံတွင် စုပုံနေသလောက် ဖြစ်နေ၏။
အချို့က ရှေးဟောင်း သူတော်စင် ကောင်းကင်ဘုံ ဓားသခင် ဆိုသည်မှာ အမှန်စင်စစ် အသက်နှစ်ဆယ်အောက် လက်ရှိကမ္ဘာမှ လူငယ်လေး ဖြစ်သည်ဟု ပြောဆိုကြသော်လည်း မည်သူမျှ မယုံကြည်ကြဘဲ ပေါက်ကရများဟုသာ ပယ်ချလိုက်ကြ၏။
အချို့က ကောင်းကင်ဘုံ ဓားသခင် သိုင်းသူတော်စင်သည် စတုတ္ထအဆင့် သိုင်းသူတော်စင်မျှသာ ရှိသေးသည်ဟု ပြောဆိုကြပြန်သော်လည်း လှောင်ပြောင်ခြင်း ခံရပြန်လေသည်။
ဤမျှ အဆင့်နိမ့်သူက မည်သို့လျှင် ဤမျှ စွမ်းအားကြီးနိုင်မည်နည်းဟု သံသယဝင်ကြခြင်း ဖြစ်၏။
ဤကိစ္စနှင့် ပတ်သက်၍၊
နင်ချီ အနည်းငယ် ပြုံးလိုက်ရုံသာ ရှိသည်။
တစ်ခါတစ်ရံတွင် အမှန်တရားက လွန်ကဲလွန်းပါက လူတို့ ယုံကြည်ကြမည် မဟုတ်ချေ။ လူတို့သည် သူတို့ နားလည်နိုင်သော အရာများကိုသာ ယုံကြည်တတ်ကြသည် မဟုတ်ပါလော။
အသက်နှစ်ဆယ် မပြည့်သေးသော ရှေးဟောင်း သူတော်စင် ကောင်းကင်ဘုံ ဓားသခင် ဟုတ်ပါသလော။ လူတို့သည် ဟာသဟုသာ ထင်မှတ်ကြပေလိမ့်မည်။
ထို့ကြောင့်လည်း သူသည် ကောင်းကင်ဘုံ ဓားသခင် သိုင်းသူတော်စင် ဆိုသော အထောက်အထားကို ထုတ်ဖော်ပြီးကတည်းက တမင်တကာ ဖုံးကွယ်မနေတော့ခြင်း ဖြစ်၏။ တစ်ချက်မှာ မလိုအပ်သောကြောင့် ဖြစ်ပြီး၊ နောက်တစ်ချက်မှာ မည်သို့ပင် ပြောစေကာမူ အခြားသူများက ယုံကြည်ကြမည် မဟုတ်သောကြောင့် ဖြစ်၏။
ကောင်းကင်သတ်သိုင်းသူတော်စင် ထံမှ သိုင်းကမ္ဘာ၏ လက်ရှိ အခြေအနေကို သိရှိလိုက်ရပြီးသည့်နောက်တွင်မူ ဖုံးကွယ်ထားရန် ပို၍ပင် မလိုအပ်တော့ချေ။ ယခုဆိုလျှင် အားလုံးက လှေတစ်စင်းတည်း စီးနေကြခြင်း ဖြစ်၏။ အသိဉာဏ် အနည်းငယ်ရှိသူ ဆိုပါက နင်ချီကို ဆန့်ကျင်ရန် ရွေးချယ်ကြမည် မဟုတ်ပေ။
ကမ္ဘာကြီးသည် ရှုပ်ထွေးနေ၏။
သို့သော် အချိန်တိုအတွင်း တိုက်ပွဲနှစ်ခုကြောင့် ကောင်းကင်ဘုံ ဓားသခင် သိုင်းသူတော်စင်၏ နာမည်သည် ကမ္ဘာအနှံ့ ဟိန်းထွက်နေလေပြီ။
သို့သော် လူသုံးယောက်ကမူ အခြားသူများထက် ပို၍ ဂနာမငြိမ် ဖြစ်နေကြရှာသည်။
မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင်၊ သိုင်းသူတော်စင် မြူဖြူ နှင့် သိုင်းသူတော်စင် ဟေးဇီတို့ ဖြစ်ကြ၏။
သူတို့သုံးဦးသည် တောင်းပန်ရန် မည်သည့်လက်ဆောင် ပေးရမည်နည်းဟု ခေါင်းခဲနေကြစဉ်မှာပင်၊ ကောင်းကင်သတ်သိုင်းသူတော်စင်နှင့်ပင် သရေကျအောင် တိုက်ခိုက်နိုင်သည် ဆိုသော ထိတ်လန့်ဖွယ် သတင်းကြီးကို ကြားလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ လက်ဆောင်က သေးငယ်လွန်းပါက လက်ခံမည် မဟုတ်ချေ။
ကောင်းကင်သတ်သိုင်းသူတော်စင်နှင့် တန်းတူလောက်ရှိသော အရှိန်အဝါကြီးမားသူ တစ်ဦးက မိမိကို တိတ်တဆိတ် စောင့်ကြည့်နေမည်ဟု တွေးလိုက်မိရုံဖြင့် သူတို့၏ ဦးရေပြားများ ကျဉ်တက်သွားရ၏။
—-------
အချိန်ကား ညသန်းခေါင်ယံ ၊
အမည်မသိ တောင်ကြားတစ်ခု အတွင်းတွင် ၊ သူခိုးများသဖွယ် လူသုံးယောက် စုဝေးနေကြ၏။
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး စိုးရိမ်ပူပန်နေကြသည်ကို မြင်သောအခါ အားလုံး တိတ်ဆိတ်သွားကြလေသည်။
"အခု ဘယ်လိုလုပ်ကြမလဲ"
သိုင်းသူတော်စင် ဟေးဇီက စကားစပြောလိုက်သည်။
မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင် ဒေါသကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"သောက်ကျိုးနည်းကွာ... မင်းတို့ကောင်တွေ နောက်ထပ် ရက်နည်းနည်းလောက် စောင့်ကြည့်ရအောင်လို့သာ မပြောခဲ့ရင်၊ ဖြစ်နိုင်တာက ကောင်းကင်သတ် သိုင်းသူတော်စင်က ဒီကိစ္စကို ဖြေရှင်းပေးလိုက်ပြီး ငါတို့က ဟန်ပြလောက်ပဲ လုပ်လိုက်ရင် ပြီးသွားမယ့်ဟာကို... အခုတော့ ဒီလို အခြေအနေ ရောက်နေပြီ မဟုတ်လား"
သူ၏ ရင်ထဲတွင် ဤကံဆိုးသော လူကို မိုးကြိုးပစ်ချလိုက်ချင်စိတ် ပေါက်သွားမိသည်။
သိုင်းသူတော်စင် မြူဖြူလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
မူလက သူတို့ လက်ဆောင်ပေးရန် အသင့်ဖြစ်နေပြီ ဖြစ်သော်လည်း၊ ထိုစကားတစ်ခွန်းကြောင့် နောက်ထပ် ရက်နည်းနည်း စောင့်လိုက်မိခြင်း ဖြစ်၏။
ယခုတော့ အခြေအနေများ ပြောင်းပြန်လှန်သွားခဲ့ချေပြီ။ ပြိုင်ဘက်က ပို၍ပင် အခြေအနေ ကောင်းသွားသေးသည်။ ယခုအချိန်တွင် လက်ဆောင်ကောင်းကောင်း မပေးလျှင် ပြဿနာ တက်နိုင်ပေသည်။ မည်သူမျှ လောင်းကြေးမထပ်ရဲကြပေ။
အစက နည်းနည်းသာ ပေးရမည်ကို ယခု အများကြီး ပေးရတော့မည်ဟု တွေးမိသည်နှင့်တင် သူတို့ ရင်နာလွန်းသဖြင့် သေချင်စိတ် ပေါက်နေကြပြီ ဖြစ်၏။
သိုင်းသူတော်စင် ဟေးဇီက ဝမ်းနည်းဒေါသထွက်စွာ အော်ဟစ်လိုက်သည်။
"အဲဒီနေ့က ငါတို့အားလုံး အတူတူ ဆုံးဖြတ်ခဲ့ကြတာလေ... ဘယ်လိုလုပ် ငါ့ပြဿနာ ဖြစ်သွားရတာလဲဟ"
သုံးယောက်သား တိတ်ဆိတ်သွားကြ၏။
နောက်ဆုံးတွင်၊
မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင်က မှိုင်တွေစွာ ပြောလိုက်သည်။
"တော်ပြီ... တော်ပြီ... အခုမှ လာပြောနေလို့လည်း ဘာမှ ထူးမှာ မဟုတ်တော့ဘူး... ဘာပေးရင် ပိုသင့်တော်မလဲ ဆိုတာ စဉ်းစားတာက ပိုကောင်းမယ်... လက်ဆောင်က ကောင်းကင်ဓား သိုင်းသူတော်စင်ရဲ့ ဒေါသကို ပြေစေမယ့် အရာမျိုး ဖြစ်ရမယ်... စိတ်ကူးယဉ် မနေကြနဲ့တော့... ဒီတစ်ခေါက် ငါတို့ တုံ့ဆိုင်းနေတာကို ဟိုဘက်က ရိပ်မိလောက်တယ်"
သူ့စကားအား သိုင်းသူတော်စင် ဟေးဇီနှင့် သိုင်းသူတော်စင် မြူဖြူတို့ ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်ကြ၏။
"ဒါဆိုရင်... မြေချီ ကြွယ်ဝတဲ့ ဝိညာဉ်ရတနာ ပေးရင်ရော..."
သိုင်းသူတော်စင် မြူဖြူ ရုတ်တရက် အကြံရသွားပြီး မျက်လုံးများ တောက်ပလာသည်။
သိုင်းသူတော်စင် ဟေးဇီ ချက်ချင်း သဘောပေါက်သွားသည်။
“ကောင်းတယ်... အဲဒီနေ့က ကောင်းကင်ဓား သိုင်းသူတော်စင် ထုတ်ပြတဲ့ ကျင့်ကြံခြင်းအဆင့်က စတုတ္ထအဆင့် သိုင်းသူတော်စင်ပဲ ရှိသေးတာ... ငါ့အမြင် မမှားဘူးဆိုရင် သူက သရက်ရွက် အင်္ဂါရဲ့ မြေချီ လိုအပ်နေတာ သေချာတယ်... မြေဓာတ်ပါတဲ့ ဝိညာဉ်ရတနာ ပေးလိုက်ရင် ကောင်းကင်ဓား သိုင်းသူတော်စင် သေချာပေါက် သဘောကျမှာပဲ... အဲဒါဆိုရင် ဒီကိစ္စကို သူ အငြိုးထားတော့မှာ မဟုတ်လောက်ဘူး”