← Chapters

ဝိညာဉ်နယ်မြေ၏ အင်မော်တယ် ပြိုင်ဆိုင်မှု ခေတ်၊ အင်မော်တယ်တက်လှမ်းခြင်း လေးဆင့်နှင့် နယ်ပယ်ရှစ်ခု

Vol. 27 Ch. 404

ဝိညာဉ်နယ်မြေ၏ အင်မော်တယ် ပြိုင်ဆိုင်မှု ခေတ်၊ အင်မော်တယ်တက်လှမ်းခြင်း လေးဆင့်နှင့် နယ်ပယ်ရှစ်ခု

Vol. 27 Ch. 404

~ဤ စကားတစ်ခွန်းတည်း၌ပင် အဓိပ္ပာယ်များစွာ ပါဝင်နေလေသည်။

နင်ချီသည် ယခင်ကတည်းက သံသယအချို့ ရှိနေခဲ့ဖူး၏။ သိုင်းကမ္ဘာမှ ကျန်ရစ်သူများသည် ကမ္ဘာ့အသိစိတ်နှင့် သက်ဆိုင်သော ဓမ္မနည်းလမ်းများကို ဤမျှ လျင်မြန်စွာ စူးစမ်းရှာဖွေနိုင်ခဲ့ခြင်းမှာ အနည်းငယ် မြန်ဆန်လွန်းနေသည်ဟု ထင်ခဲ့မိသည်။ ယခုမူ အနည်းငယ် နားလည်လာပြီ ဖြစ်သဖြင့် သူ၏ စိတ်ထဲတွင် အတွေးများစွာ စတင် ပေါ်ပေါက်လာတော့သည်။

နင်ချီ ဆက်လက် မတွေးတောနိုင်ခင်မှာပင်..

လိပ်အိုကြီးက ဆက်ပြောလေသည်။

"မင်းတို့ သိုင်းကမ္ဘာရဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင်... ကမ္ဘာ့အသိစိတ်ကို ပြန်လည်နိုးထအောင် လုပ်ဖို့ဆိုတာ အရမ်းခက်ခဲလွန်းတယ်"

နင်ချီ၏ မျက်လုံးများ ချက်ချင်း စူးရှသွားလေ၏။

"ကျွန်တော်တို့ သိုင်းကမ္ဘာ …. "

သူသည် အဓိကကျသော စကားလုံးများကို ဖမ်းဆုပ်လိုက်မိသည်။

လိပ်အိုကြီးက တဟားဟား ရယ်မောလိုက်ပြီး ပြောလေသည်။

"ဟုတ်တယ်... တိတိကျကျ ပြောရရင် ငါက သိုင်းကမ္ဘာမှာ နေလာတာ ကြာပြီဆိုပေမယ့်... ငါက မင်းတို့ သိုင်းကမ္ဘာက မဟုတ်ဘူးကွ... ငါ့ကိုယ်ငါ တရားဝင် မိတ်ဆက်ပေးပါရစေ... ငါက အစစ်အမှန်သိုင်းကမ္ဘာက လာတာ... အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းရဲ့ မျိုးဆက် မီးရှူးတန်ဆောင်ပဲ"

နင်ချီ၏ အသက်ရှူသံများ မသိလိုက်မသိဘာသာ ရပ်တန့်သွားလေသည်။

ရှုပ်ထွေးမှုများ အားလုံး ရုတ်တရက် ရှင်းလင်းသွားခဲ့ချေပြီ။

အစစ်အမှန်သိုင်း ခန်းမဆောင်သည် ဤကမ္ဘာနှင့် အနည်းငယ် ကင်းကွာနေပြီး၊ သိုင်းကမ္ဘာနှင့်ပင် အနည်းငယ် သဟဇာတ မဖြစ်သလို သူ အမြဲတမ်း ခံစားနေခဲ့ရသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ အစစ်အမှန်သိုင်း ခန်းမဆောင်ထဲတွင် သူ မြင်တွေ့ကြားသိခဲ့ရသမျှ အရာအားလုံးသည် သိုင်းကမ္ဘာပိုင် ပစ္စည်းများဟု မထင်မှတ်ခဲ့ရသည်မှာ ဤအကြောင်းကြောင့်ပင် ဖြစ်တန်ရာ၏။ ၎င်းသည် အခြားကမ္ဘာ တစ်ခုမှ လာခြင်း ဖြစ်ပေသည်။

"အစစ်အမှန်သိုင်း ကမ္ဘာ ဆိုတာ တောင်နှင့် ပင်လယ် နယ်မြေ လိုမျိုး အထက်ကမ္ဘာ တစ်ခုပဲလားခင်ဗျ"

နင်ချီ မေးလိုက်သည်။

လိပ်အိုကြီး၏ အကြည့်ထဲတွင် လွမ်းဆွတ်မှု အရိပ်အယောင်များ ပါဝင်နေလေသည်။

"ဟုတ်တယ်... ဒါပေမယ့် တိတိကျကျ ပြောရရင် အစစ်အမှန်သိုင်းကမ္ဘာနဲ့ တောင်နှင့် ပင်လယ် နယ်မြေဆိုတာ ကမ္ဘာ့စည်းမျဉ်းတွေ ပြီးပြည့်စုံနေတဲ့ ဝိညာဉ်နယ်မြေ တွေပဲ... မင်းတို့ရဲ့ သိုင်းကမ္ဘာကတော့ စည်းမျဉ်းတွေ မပြည့်စုံသေးတဲ့ ကမ္ဘာငယ်လေး တစ်ခုသာ ဖြစ်တယ်... တောင်နှင့် ပင်လယ် နယ်မြေက မင်းတို့ရဲ့ အထက်ကမ္ဘာ ဖြစ်ပေမယ့်... အစစ်အမှန်သိုင်းကမ္ဘာကတော့ မင်းတို့ရဲ့ အထက်ကမ္ဘာ မဟုတ်ဘူး"

ဤမျှ တိုတောင်းသော စကားတစ်ခွန်းထဲတွင် ပါဝင်နေသည့် သတင်းအချက်အလက်များက များပြားလွန်းလှပေသည်။

နင်ချီသည် ကမ္ဘာကြီး ရုတ်တရက် ကျယ်ပြန့်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ နေထိုင်ခဲ့သော ကမ္ဘာကြီးသည် ကမ္ဘာငယ်လေး တစ်ခုမျှသာ ဖြစ်နေသည်လော။

သူ၏ စိတ်ထဲတွင် လှိုင်းတံပိုးများ ထန်နေသော်လည်း လိပ်အိုကြီး၏ ရှင်းပြချက်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်လေသည်။

လိပ်အိုကြီးက ဆက်ပြောလေသည်။

"နယ်မြေပင်လယ်ကြီး က အရမ်းကျယ်ပြောလွန်းလို့ ဘယ်သူမှ ကုန်စင်အောင် မသိနိုင်ကြဘူး... အဲဒီထဲမှာ မရေမတွက်နိုင်တဲ့ ဝိညာဉ်နယ်မြေတွေ ပေါလောပေါ်နေကြတာ... အရေအတွက်က အများကြီးပဲ... ဝိညာဉ်နယ်မြေတွေရဲ့ စည်းမျဉ်းတွေက ပြီးပြည့်စုံတယ်... ကျင့်ကြံသူတွေကလည်း တိမ်တိုက်တွေလို များပြားတယ်... အသန်မာဆုံး ပုဂ္ဂိုလ်တွေက ကောင်းကင်ဘုံကို အာခံပြီး အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ကြတယ်... ဝိညာဉ်နယ်မြေ တစ်ခုစီရဲ့ အောက်မှာ မရေမတွက်နိုင်တဲ့ ကမ္ဘာငယ်လေးတွေ ရှိနေကြပြီး... တစ်ခုစီမှာ မပြည့်စုံတဲ့ စည်းမျဉ်းတွေ အမျိုးမျိုး ရှိကြတယ်... သူတို့ရဲ့ အကန့်အသတ်ကို ရောက်သွားတာနဲ့ ကမ္ဘာကြီးကို ဖောက်ထွက်ပြီး ပျံသန်းတက်ရောက်နိုင်ကြတယ်... သက်ဆိုင်ရာ အထက်ကမ္ဘာကို ရောက်သွားကြတာပေါ့"

နင်ချီ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။

"အင်မော်တယ် တဲ့လား... ဝိညာဉ်နယ်မြေ အထက်မှာ ပိုသန်မာတဲ့ ကမ္ဘာ ရှိသေးတာလား"

သူ၏ ထာဝရအသက်ရှင်ခြင်းကို လိုက်စားမှုသည် ယခုအခါ သူ၏ မျက်စိရှေ့မှောက်တွင် ရှည်လျားသော အင်မော်တယ် ပန်းချီကားချပ်ကြီး တစ်ခု ဖွင့်လှစ်ပြလိုက်သကဲ့သို့ ဖြစ်နေသဖြင့် သူ့အား အလိုအလျောက် စိတ်လှုပ်ရှားလာစေသည်။

လိပ်အိုကြီး၏ မျက်လုံးများထဲတွင်လည်း တောင့်တမှုများ ရှိနေလေသည်။

"အင်မော်တယ် နယ်မြေ ... ဝိညာဉ်နယ်မြေ အထက်က ကမ္ဘာကို အင်မော်တယ် နယ်မြေ လို့ ခေါ်တယ်... မရေမတွက်နိုင်တဲ့ ဝိညာဉ်နယ်မြေ ကျင့်ကြံသူတွေရဲ့ ရည်မှန်းချက်က အင်မော်တယ် နယ်မြေကို တက်လှမ်းပြီး စစ်မှန်သော အင်မော်တယ် အဆင့်အတန်းကို ရယူဖို့ပဲ... ဒါပေမယ့်..."

သူသည် လေသံပြောင်းသွားပြီး ဝမ်းနည်းနောင်တရစွာ ပြောလိုက်သည်။

"လွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ ခေတ်ကပ်တွေတုန်းက အင်မော်တယ် နယ်မြေက ပျောက်ဆုံးသွားခဲ့ပြီ... အဲဒီအချိန်ကစပြီး ဘယ်သူမှ အင်မော်တယ်အဖြစ် မတက်လှမ်းနိုင်ကြတော့ဘူး"

ထိုသို့ ပြောပြီးနောက် သူက နောက်ထပ် ရှင်းလင်းချက်တစ်ခု ထပ်ဖြည့်လိုက်သည်။

"ခေတ်ကပ် တစ်ခု ဆိုတာ နှစ်ပေါင်း တစ်သန်း ကို ပြောတာကွ"

နင်ချီ တိတ်ဆိတ်သွားလေသည်။

နှစ်ပေါင်း တစ်သန်း ဆိုသည်မှာ မည်မျှ ထာဝရဆန်လိုက်ပါသနည်း။

သိုင်းကမ္ဘာမှ ရှေးဟောင်း သူတော်စင်များ၏ အကြံအစည်များသည် နှစ်ပေါင်း သောင်းချီလောက်သာ ကြာမြင့်တတ်သည်။

ခေတ်ကပ် တစ်ခု၏ ရှေ့မှောက်တွင်မူ ၎င်းသည် အလွန် တိုတောင်းလှပေသည်။ မရေမတွက်နိုင်သော ခေတ်ကပ်များစွာကတည်းက ပျောက်ဆုံးသွားခဲ့သော အင်မော်တယ် နယ်မြေသည် မည်မျှ စစ်မှန်သော ထာဝရ တည်ရှိမှုမျိုး ဖြစ်နေမည်နည်း။

သူ၏ ရင်ထဲတွင် တောင့်တမှုနှင့်အတူ နှမြောတသဖြစ်မှုများကိုပါ ခံစားလိုက်ရ၏။

"အင်မော်တယ် နယ်မြေက... ဘာလို့ ပျောက်ဆုံးသွားရတာလဲဗျ"

လိပ်အိုကြီးက လျှာကို သပ်လိုက်ပြီး ပြောလေသည်။

"ဘယ်သူမှ မသိကြဘူး... ဖြစ်နိုင်တာက ခေတ်ကပ်တွေကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အလွန်နည်းပါးလှတဲ့ စစ်မှန်သော ရှေးဟောင်း သတ္တဝါကြီးတွေလောက်ပဲ နည်းနည်း သိလောက်မှာ... အင်မော်တယ် နယ်မြေ ပျောက်ဆုံးသွားပြီးတဲ့နောက်မှာ ပျံသန်းတက်ရောက်ခြင်း ခေတ်က နိဂုံးချုပ်သွားပြီး... အဲဒီနောက်မှာတော့..."

"ဝိညာဉ်နယ်မြေ အင်မော်တယ် ပြိုင်ဆိုင်မှု ခေတ် ရောက်လာတာပဲ"

နင်ချီ၏ စိတ်ဓာတ်များ တုန်လှုပ်သွားရ၏။

အင်မော်တယ် နယ်မြေက ဘယ်လောက်ပဲ ကောင်းမွန်ပါစေ၊ ယခု သူ့အတွက်မူ အလှမ်းဝေးနေဆဲ ဖြစ်၏။ လက်ငင်း ကြုံတွေ့နေရသော ကိစ္စမှာ တောင်နှင့် ပင်လယ် နယ်မြေ၏ ခြိမ်းခြောက်မှုပင် ဖြစ်၏။ ဝိညာဉ်နယ်မြေ အင်မော်တယ် ပြိုင်ဆိုင်မှု ခေတ်သည် သိုင်းကမ္ဘာ၏ လက်ရှိ အခြေအနေနှင့် ဆက်စပ်နေကြောင်း သူ ခံစားမိလိုက်သည်။

စကားလုံးတိုတိုလေး အနည်းငယ်က သူ့အား သွေးစွန်းသော ပဋိပက္ခ၏ အရသာကို ခံစားလိုက်ရစေသည်။

လိပ်အိုကြီးက သက်ပြင်းချပြီး ပြောလေသည်။

"အင်မော်တယ် နယ်မြေ ပျောက်ဆုံးသွားတော့ ဘယ်သူမှ စစ်မှန်သော အင်မော်တယ် မဖြစ်နိုင်ကြတော့ဘူး... အသန်မာဆုံး ပုဂ္ဂိုလ်တွေတောင်မှ အများဆုံး ခေတ်ကပ် တစ်ခုလောက်ပဲ အသက်ရှင်နိုင်ကြတော့တယ်... ငါတို့အတွက်တော့ ခေတ်ကပ် တစ်ခုဆိုတာ သဘာဝကျကျပဲ အလွန် ရှည်လျားလှပေမယ့်... အင်မော်တယ် ဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိတဲ့ အဲဒီ မဟာစွမ်းအားရှင်ကြီးတွေအတွက်တော့ မျှော်လင့်ချက်မဲ့တဲ့ အနာဂတ်က သေရတာထက် ပိုနာကျင်ရတယ်"

"ဒါပေမယ့် နောက်ဆုံးတော့ တစ်ယောက်ယောက်က နည်းလမ်းတစ်ခု စဉ်းစားမိသွားကြတယ်... အဲဒါက ကမ္ဘာ့အကန့်အသတ် ကို မြှင့်တင်ဖို့ပဲ... ဝိညာဉ်နယ်မြေက စစ်မှန်သော အင်မော်တယ်ကို လက်မခံနိုင်ဘူးဆိုရင်... စစ်မှန်သော အင်မော်တယ်ကို လက်ခံနိုင်တဲ့အထိ... ဒါမှမဟုတ် အဲဒီထက် ပိုသန်မာတဲ့သူတွေကို လက်ခံနိုင်တဲ့အထိ ဝိညာဉ်နယ်မြေရဲ့ အကန့်အသတ်ကို မြှင့်တင်ပစ်လိုက်ကြတာ... တစ်နေ့ကျရင် နောက်ထပ် အထွတ်အထိပ် အင်မော်တယ် နယ်မြေ တစ်ခု ဖြစ်လာနိုင်တယ်လေ"

"ကမ္ဘာ့အကန့်အသတ်ကို ဘယ်လို မြှင့်တင်မလဲ"

"အဲဒါကတော့... တခြားကမ္ဘာတွေရဲ့ မူလအစတွေကို ဝါးမြိုပစ်ခြင်းအားဖြင့်ပေါ့"

နင်ချီ၏ မျက်နှာထားသည် တဖြည်းဖြည်း တည်ငြိမ်သွားလေသည်။

ကမ္ဘာ့မူလအစကို ဝါးမြိုခြင်းဆိုသည်မှာ အပြောလွယ်သော်လည်း၊ မရေမတွက်နိုင်သော သတ်ဖြတ်မှုများ ပါဝင်နေမည်မှာ သေချာလှသည်။ ဤသည်မှာ ကမ္ဘာများကို ကျူးကျော်ခြင်းပင် ဖြစ်၏။

သူ နားလည်သွားပြီ ဖြစ်၏။ ဤသည်မှာ တောင်နှင့် ပင်လယ် နယ်မြေက သိုင်းကမ္ဘာကို ကျူးကျော်ရခြင်း၏ အခြေခံ အကြောင်းရင်းပင် ဖြစ်၏။

သူတို့သည် သိုင်းကမ္ဘာ၏ မူလအစကို ဝါးမြိုလိုကြခြင်း ဖြစ်၏။ သူတို့အတွက်မူ သိုင်းကမ္ဘာမှ ဌာနေလူသားများသည် ပုရွက်ဆိတ်များသဖွယ် မပြောပလောက်သော အရာများသာ ဖြစ်ပေသည်။

အမှားအမှန် ကိစ္စ မဟုတ်ပေ။

အားကြီးသူက အနိုင်ယူသည့် တောရိုင်းဥပဒေသ သက်သက်သာ ဖြစ်၏။

နင်ချီ မျက်မှောင်ကြုတ်လိုက်ပြီး မေးလေသည်။

"သိုင်းကမ္ဘာလို ကမ္ဘာငယ်လေး တစ်ခုရဲ့ မူလအစက ဝိညာဉ်နယ်မြေရဲ့ အကန့်အသတ်ကို မြှင့်တင်ရာမှာ ဘယ်လောက်များ အထောက်အကူ ဖြစ်နိုင်မှာမို့လို့လဲ"

ဝိညာဉ်နယ်မြေသည် ကမ္ဘာငယ်လေးနှင့် ယှဉ်လျှင် မည်မျှ ပိုမို သန်မာသည်ကို သူ မသိသော်လည်း၊ ကွာဟချက် မသေးငယ်ကြောင်း နင်ချီ ခန့်မှန်းမိသည်။

ကောင်းကင်သတ်သိုင်းသူတော်စင်က သိုင်းကမ္ဘာ၏ ကောင်းကင်

အပြင်ဘက်တွင် သိုင်းကမ္ဘာ၏ ကမ္ဘာ့အသိစိတ်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော သန်မာသူများ ရှိနေကြောင်း ပြောဖူးသည်။

လိပ်အိုကြီးက တိတ်တဆိတ် ရယ်မောလိုက်လေသည်။

"ခြင်ကောင် ဘယ်လောက်ပဲ သေးသေး အသားတော့ ပါတာပဲကွ... ပမာဏ ပြောင်းလဲမှုကနေ အရည်အသွေး ပြောင်းလဲမှုကို ဦးတည်သွားစေနိုင်တယ်... ဘာပဲပြောပြော တခြား ဝိညာဉ်နယ်မြေတွေကို ဝါးမြိုဖို့ ကြိုးစားတာက လွယ်တဲ့ကိစ္စမှ မဟုတ်တာ... ကမ္ဘာ့ တည်နေရာကို ရှာတွေ့နိုင်မလား ဆိုတာ ထားဦး... ရှာတွေ့ရင်တောင်မှ ဘယ်သူက ပိုသန်မာလဲဆိုတာ မသေချာဘူး... ခြေလှမ်းတစ်လှမ်း မှားလိုက်တာနဲ့ လှေမှောက်သွားနိုင်တယ်"

"အောက်ကမ္ဘာတွေကို ဝါးမြိုတာကတော့ အများကြီး ပိုလွယ်ကူတယ်လေ... အောက်ကမ္ဘာကနေ တက်လာတဲ့သူတွေဆီမှာ တည်နေရာတွေ ပါလာတတ်တယ်... ပြီးရင် အသက်အဆိပ်ကို လွှတ်လိုက်ပြီး ရိတ်သိမ်းဖို့ စောင့်နေရုံပဲ... အချိန်သိပ်မပေးရဘဲ အောက်ကမ္ဘာ အများကြီးမှာ တစ်ပြိုင်နက်တည်း လုပ်လို့ရတယ်... အရမ်း ဘေးကင်းပြီး ထိရောက်မှု ရှိတာပေါ့"

လိပ်အ်ုကြီး၏ ရယ်သံထဲတွင် လှောင်ပြောင်မှု အရိပ်အယောင်များ ပါဝင်နေလေသည်။

All Chapters