အခန်း (၄၀၉-၄၁၁)
Vol. 28 Ch. 409-411
အခန်း (၄၀၉) - မဟာတာအိုဆရာ ကိုးပါး (၂)
"တကယ်ကို စွမ်းတဲ့ မိန်းမပဲ..."
နင်ချီ နှုတ်ဖျားမှ ချီးကျူးစကား ဆိုလိုက်မိတော့သည်။
သူ့စိတ်ထဲ အတွေး တစ်ခု ဖြတ်သန်းသွားပြန်သည်။
'ဝိညာဉ်နယ်မြေ ဆိုတာက တကယ်ကို ကျယ်ပြန့်ပြီး ဆန်းကြယ်တာပဲ။ ကြည့်ရတာ... ငါ့တပည့် 'တစ်ဆယ်လေး' လို မူလ ဓားအရိုး ပိုင်ဆိုင်ထားတဲ့ သူမျိုးမှသာ ဒီလို နေရာမှာ ဗိုလ်စွဲနိုင်လိမ့်မယ် ထင်တယ်'
နင်ချီက ကျန်နေသေးသော စင်မြင့် ရှစ်ခုကို လှမ်းကြည့်လိုက်လေ၏။ စိတ်ထဲမှာတော့ စိုးရိမ်စိတ်လေး ဝိုးတဝါး ပေါ်လာရသည်။
'ဒီ ကိုးယောက်လုံးများ ထူးခြားဆန်းပြားတဲ့ ရုပ်ခန္ဓာတွေ ပိုင်ဆိုင်ထားကြတာလား မသိဘူး'
အသက်ရှူနှုန်းကို ပုံမှန်ဖြစ်အောင် အချိန်ခဏပေးပြီး ကြေညက်အောင် ဝါးမြိုလိုက်သည်နှင့် ထိုအသန်မာဆုံး ဆိုသည့် တာအိုဆရာ
ဆိုတွေလောက်ကတော့ နငချီ့ခြေဖဝါးအောက် ရောက်သွားမှာ အသေအချာ။
ဒုတိယ စင်မြင့်ပေါ်မှာ ရပ်နေတာကတော့ ဆံပင်ရော မုတ်ဆိတ်ပါ ကြက်သွေးရောင် တောက်နေတဲ့ လူငယ်တစ်ယောက်။
အရင်တုန်းကလိုပဲ... သူ၏ ကျင့်ကြံခြင်းအဆင့်က နင်ချီနှင့် တူညီသော "စတုတ္ထအဆင့် သိုင်းသူတော်စင်" မှာ တည်ငြိမ်နေလေ၏။
ရုတ်တရက်... "ဝုန်း" ခနဲ အသံကြီးနှင့်အတူ အဆုံးအစမဲ့သော ကြက်သွေးရောင် မီးတောက်တွေ ကောင်းကင်ပေါ် ထိုးတက်သွားတော့သည်။
"ဒီလူရဲ့ ရုပ်ခန္ဓာက မီးနဲ့ ဆက်စပ်နေတာကိုး... ကြောက်စရာကောင်းလိုက်တဲ့ မီးတောက်တွေပါလား"
နင်ချီ အာမေဋိတ် သံ ပြုလိုက်မိသည်။
သို့သော် သူ မမှုပေ။
သူက တိုက်ပွဲထဲမှာပင် ကြီးပြင်းလာရသည့် သူလေ။ တိုက်ခိုက်ရင်းနှင့်ပင်၊ ဟိုဘက်က ကြက်သွေးရောင် မီးတောက်များ၏ သဘောတရားကို လေ့လာလိုက်၏ ၊
နင်ချီသည် မီးကို နိုင်နင်းသော ရေဓာတ်၊ "ရန်ရေ နတ်ဘုရား ဓားချီ" အား ထုတ်ဖော်အသုံးပြုလိုက်ပြီး၊ ထိုဘက်မှ ကြက်သွေးရောင် လူငယ် အံ့သြမှင်သက်နေစဉ်မှာပင် ဦးခေါင်းကို ပိုင်းဖြတ်ချလိုက်လေတော့သည်။
နင်ချီ၏ တိုက်ခိုက်လိုစိတ်သည် ပိုမို ပြင်းထန်လာလေ၏။
ထို့နောက်၊ သူ၏ "ပင်းမီး နတ်ဘုရား ဓားချီ" အား အဆင့်မြှင့်တင်လိုက်သည်။
နောက်ဆုံးမှာတော့...
‘အင်မော်တယ် လမ်းစဉ်ကို လိုက်စားတယ် ဆိုတာ ကောင်းကင်ကို တိုက်မယ်၊ မြေကြီးကို တိုက်မယ်၊ လူကို တိုက်မယ်... ဒါမှ ပျော်စရာ ကောင်းတာ မဟုတ်လား။:
ကျင့်ကြံခြင်း လမ်းစဉ် စတင်ကတည်းက သူ့ကို ဒီလောက်ထိ စိတ်လှုပ်ရှားအောင် တိုက်ခိုက်နိုင်သူ ရှားပါးလှသည်။
ယခုတော့ ကိုးယောက်တောင် တန်းစီနေပါရောလား။
သူ့ခေါင်းထဲမှာတော့ ဉာဏ်အလင်းတွေက ဆူနာမီလှိုင်းလုံးတွေလို တလိမ့်လိမ့် တက်လာနေပြီး ဦးနှောက်က မကြုံစဖူး တက်ကြွ လှုပ်ရှားနေတော့သည်။
နင်ချီ စင်မြင့် တစ်ခုပြီး တစ်ခု တက်လှမ်းခဲ့သည်။
ကြောက်စရာကောင်းသည့် ပြိုင်ဘက်တွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာကြသည်။
ဆန်းကြယ်သော နည်းစနစ်တွေ၊ ထူးခြားသည့် ရုပ်ခန္ဓာတွေက နင်ချီ၏ အမြင်အာရုံကို ကျယ်ပြန့်လာစေခဲ့သည်။
တချို့က မူလခန္ဓာကိုယ်နှင့် ထပ်တူ စွမ်းအားရှိသည့် ကိုယ်ပွား သုံးခု ခွဲထုတ်နိုင်၏။ တချို့ကျတော့ တိုက်ခိုက်လိုက်တိုင်း လျှပ်စီးအဖြစ် ပြောင်းလဲသွားနိုင်၏။ နောက်တစ်ယောက်ကျတော့ ဝိညာဉ်ဓားချီတွေကို စုစည်းပြီး တိုက်ခိုက်တတ်လွန်း၍ နင်ချီတောင် မနည်း သတိထား ကိုင်တွယ်လိုက်ရသည်။
အမှန်အတ်ိုင်း ပြောရရင်... ဒီ တာအိုဆရာ ကိုးယောက်လုံးက သူတို့ အဆင့်အတန်းမှာ ပြိုင်ဘက်ကင်းတွေချည်းသာ။
သူတို့အချင်းချင်းကြားမှာ ကွာခြားချက် သိပ်မရှိလှပေ။ သို့သော်၊ နောက်ပိုင်း ရောက်လေလေ၊ ပိုပြီး သန်မာသော တာအိုဆရာတွေ ဖြစ်လာလေလေ ဆိုတာတော့ ငြင်းမရပါချေ။
အစပိုင်းတုန်းက နင်ချီ နည်းနည်း သက်တောင့်သက်သာ ရှိခဲ့သေးသည်။
နောက်ပိုင်း ပြိုင်ဘက်တွေကျတော့ နင်ချီ့မှာ ရှိသမျှ နည်းလမ်းကုန် ထုတ်သုံးမှ ရတော့မည့် အခြေအနေပင်။
နင်ချီက သာမန် "လူသား ရုပ်ခန္ဓာ" သက်သက်သာ ရှိသည်လေ။ သူ၏ ခိုင်မာလွန်းသည့် အခြေခံအုတ်မြစ်ကြောင့်သာ ဒီတာအိုဆရာတွေကြားမှာ သူ၏ မှော်စွမ်းအားက ထင်ရှားနေရခြင်း ဖြစ်သည်။
ထို့ပြင်၊ သူ၏ ကောင်းကင်ဘုံကို အာခံနိုင်လောက်သော "ဉာဏ်ရည်" ကြောင့်သာ သူ၏ လျှို့ဝှက်နည်းစနစ်တွေက ဟိုလူတွေ၏ "ထူးခြား ရုပ်ခန္ဓာ" တွေကို ယှဉ်ပြိုင်နိုင်နေခြင်း ဖြစ်သည်။
တိုက်ခိုက်ရင်း သန်မာလာတယ် ဆိုသည်က ဒါမျိုးကို ပြောသည်ပင်။
ပိုပြောတာ မဟုတ်ပါချေ... တိုက်ပွဲ အနည်းငယ် ပြီးသွားသော အချိန်မှာ နင်ချီက အရင်ကထက် ပိုပြီး သန်မာလာခဲ့ပါသည်။
"ဝီ..."
ဓားချီ တစ်ခုက ဟင်းလင်းပြင် လှိုင်းတွေကြားထဲ ဖြတ်သန်းသွားပြီး တဖက်က ထိပ်ပြောင်ပြောင် လူငယ်၏ ခေါင်းကို ဖြတ်ချလိုက်လေ၏။
ဒါက ရှစ်ခုမြောက် စင်မြင့်ပေါ်က တာအိုဆရာ။ သူ၏ ခံစစ်စွမ်းရည်က ပြိုင်ဘက်ကင်းပါပင်။
နင်ချီ၏ ဓားချက်ပေါင်းများစွာကို ဒဏ်ရာမရဘဲ တောင့်ခံနိုင်ခဲ့သည်။ သို့တိုင်၊ နောက်ဆုံးကျတော့ နင်ချီက မိမိ၏ ကြီးမားလွန်းသော ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ထိုလူကို မောပြီး သေသွားအောင် လုပ်ပစ်လိုက်ခြင်း ဖြစ်သည်။
"တကယ်ကို မာတဲ့ လူ..."
နင်ချီ တီးတိုး ရေရွတ်လိုက်မိသည်။
ဒီထိပ်ပြောင်ဆီမှ သူ အများကြီး သင်ယူလိုက်ရသည်။
ထိုလူ၏ ဖောက်ထွင်းမရနိုင်သည့် ရွှေရောင် အလင်းတန်း ခံစစ်ကြောင့် နင်ချီ၏ "စိမ်းပြာနက်နဲ ခန္ဓာ အကာအကွယ် နည်းစနစ်" သည် လည်း အဆင့်မြင့်သွားပြီး ခံစစ်စွမ်းအား သိသိသာသာ တက်လာခဲ့လေ၏။
နင်ချီ လေပူ တစ်ချက် မှုတ်ထုတ်လိုက်သည်။
နောက်ဆုံး ကျန်နေသော စင်မြင့်ကို လှမ်းကြည့်လိုက်မိ၏။
ဒီ ရှစ်ယောက်မြောက် ပုဂ္ဂိုလ်ကိုတောင် သူ့ကို ရှိသမျှ နည်းလမ်းတွေ အကုန်ထုတ်သုံးအောင် လုပ်နိုင်ခဲ့ငည်... အခု အသန်မာဆုံး ဆိုတဲ့ ကိုးယောက်မြောက် ကျန်သေး၏။
'နောက်စမ်းသပ်မှုမှာတော့ ငါ့ရလဒ်က ပထမအဆင့်တုန်းကလို ပြောင်မြောက်ချင်မှ ပြောင်မြောက်တော့မှာ... ဒါပေမဲ့ ဒီ ကိုးယောက်လုံးကို ကျော်ဖြတ်နိုင်ခဲ့ရင် အဆင့် (က) ရဖို့တော့ မခဲယဉ်းလောက်ပါဘူး'
နင်ချီက ကိုယ့်အကြောင်းကိုယ် ကောင်းကောင်း သိသည်။
ပထမအဆင့်တုန်းကတော့ သူက 'လူသား မဟုတ်သော အဆင့်' ကို ပြသနိုင်ခဲ့သည်လေ။ သူက လွဲလျှင် မည်သူမှ မလုပ်နိုင်ခဲ့ဖူးပေ။
ယခု ဒုတိယအဆင့်မှာတော့ သူ့စွမ်းဆောင်ရည် မဆိုးဘူး ဆိုသော်ငြား ကျယ်ပြန့်လှသော ဝိညာဉ်နယ်မြေကြီးထဲမှာ သူ လုပ်သလို လိုက်လုပ်နိုင်သည့် ပါရမီရှင် အနည်းငယ်တော့ ရှိဦးမည်ပင်။
အကြောင်းရင်းကတော့ ရိုးရှင်းပါ၏။ သူက သိုင်းကမ္ဘာ ဆိုသော နေရာကျဉ်းလေးမှာ မွေးဖွားခဲ့ရ၍ အားနည်းချက်တွေ ရှိနေသည်လေ။ တကယ်လို့သာ သူက အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းမှာ မွေးဖွားခဲ့ပြီး ဒီလို ဉာဏ်ရည်မျိုး ပိုင်ဆိုင်ခဲ့မည် ဆိုလျှင်... ဒီ မဟာတာအိုဆရာ ကိုးယောက်လောက်က တပြိုင်နက် ဝင်လာလျှင်တောင် နင်ချီ၏ လက်ချက်နှင့် ပြားပြားဝပ်သွား
လောက်သည်။
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့်၊
နင်ချီက ကိုးခုမြောက် စင်မြင့်ပေါ်သို့ ရောက်ရှိသွားလေပြီ။
"ဒီတစ်ခေါက် လာစစ်ဆေးတဲ့ သူက ဒီလောက် စွမ်းအားကြီးနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး... တကယ် ရှားပါးတာပဲ"
ဦးဆုံး ထွက်ပေါ်လာသော စကားသံကြောင့် နင်ချီ ခြေလှမ်းတုံ့သွားရသည်။
ဟိုဘက်က ပုံရိပ်က ပြောင်းလဲသွားပြီး... နုနယ်ပျိုမြစ်သော မျက်နှာလေးနှင့် မိန်းကလေးငယ် တစ်ယောက် ပေါ်လာကာ နင်ချီ့ကို ပြုံးပြနေလေ၏။
"မင်းက... အသက်ရှင်နေသေးတာလား"
နင်ချီ့ နှုတ်မှ အလိုလို မေးလိုက်မိသည်။
မိန်းကလေးက အရွယ်မရောက်သေးသော ပုံစံလေးနှင့် ဆိုသော်လည်း၊ နင်ချီ့ စကားကို ကြားတော့ မျက်မှောင်
ငယကြုတ်လိုက်လေသည်။
"မသိနားမလည်လိုက်တာ... ငါ့ရဲ့ အထွတ်အထိပ် ကာလတုန်းက ငါက 'တစ်သားတည်းဖြစ်ခြင်း နယ်ပယ်' ကို ရောက်ခဲ့တာဟဲ့။ အခု ငါ ကျဆုံးသွားပြီ ဆိုပေမဲ့၊ ဝိညာဉ် အမှတ်အသားလေး တစ်ခု ချန်ထားရတာ ဘာများ ခက်ခဲနေမှာမို့လဲ။ ကြည့်ရတာ...နင့်လို ကောင်လေးက နိမ့်ကျတဲ့ နောက်ခံက လာတာနဲ့ တူတယ်... နယ်ပယ် အသေးစားလေးကများလား"
သူမ၏ လေသံက ရှေးဆန်ပြီး အဘွားကြီး တစ်ယောက် လေသံပေါက်နေသည်။
နင်ချီ နည်းနည်းတော့ အံ့သြသွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
‘ဟုတ်ပါရဲ့... 'တစ်သားတည်းဖြစ်ခြင်း နယ်ပယ်’ဆိုတာက အရမ်းကို စွမ်းအားကြီးတာပဲ။ သေသွားရင်တောင်မှ ဒီလို အသိဉာဏ်ရှိတဲ့ ဝိညာဉ်အမှတ်အသား ချန်ထားနိုင်တာ မဆန်းပါဘူး။ တနည်းအားဖြင့် ပြောရရင် ဒါက "အင်မော်တယ်" (မသေမျိုး) ဖြစ်ခြင်း တမျိုးပဲ မဟုတ်လား။’
မိန်းကလေးက မျက်လုံး ပြူးသွားလေ၏။
"နယ်ပယ် အသေးစားလေးက မွေးလာတာတောင်မှ ရှေ့က လူ ရှစ်ယောက်လုံးကို အနိုင်ယူနိုင်တယ် ဆိုတော့...နင်က တကယ်ကို ထူးခြားတဲ့ ကောင်လေးပဲ။ နှမြောစရာ ကောင်းလိုက်တာလေ... ဝိညာဉ်နယ်မြေမှာသာ မွေးဖွားခဲ့ရင် နင့်ရဲ့ အောင်မြင်မှုက ဒီထက်မက ကြီးမားနေလောက်ပြီ”
အခန်း (၄၁၀) - မဟာတာအိုဆရာ ကိုးပါး (၃)
~နင်ချီ နှုတ်ဆိတ်နေလိုက်သည်။
သူ့အတွက်ကတော့ ဒါဟာ သိပ်ကြီးကျယ်သော ကိစ္စမဟုတ်ပေ။
ယခုချိန်မှာ အားနည်းချက် ရှိနေတယ် ဆိုလျှင်တောင်၊ နောင်ကျရင် ပြန်ဖြည့်ဆည်းလိုက်ရုံပဲလေ။
ဘာခက်တာ မှတ်လို့။ ကိုယ့်အားနည်းချက် ကိုယ်သိရင် ပြင်ဖို့ လွယ်တာပဲ မဟုတ်လား။
ဟိုဘက်က ကောင်မလေး၏ အသံထဲတွင်တော့ အထင်သေးသည့် အရိပ်အယောင်အချို့ ပါဝင်နေလေ၏။
"ငါ့လက်ထဲမှာ အလျှော့ပေးမယ် မထင်နဲ့နော်...၊ အစစ်အမှန်သိုင်း ခန်းမဆောင်ရဲ့ စမ်းသပ်မှုမှာ အတုအယောင် မရှိဘူး"
နင်ချီက လေးနက်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
"လာစမ်းပါ"
စကားသံ ဆုံးသည်နှင့် တပြိုင်နက်...
ဟိုဘက်က ကလေးမလေး၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားလေ၏။ ခုနကလို ကလေးကလား ပုံစံမျိုး၊ ဆော့ကစားချင်သည့် ပုံစံမျိုး မဟုတ်တော့။
ချက်ချင်းဆိုသလို အေးစက်တည်ငြိမ်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကြီးမားလေးလံလှသော ဖိအားတစ်ခု ကောင်းကင်မှ ကျဆင်းလာတော့သည်။ မိုးနှင့်မြေ တစ်ခုလုံး မှော်စွမ်းအားတွေနှင့် ပြည့်နှက်သွားသလိုမျိုးပင်။
နင်ချီ မျက်လုံးပြူးသွားရတော့သည်။
‘ဘုရားရေ... ဒါ ဘာစွမ်းအားကြီးလဲ။ ငါ့ရဲ့ မှော်စွမ်းအားထက်တောင် အဆပေါင်းများစွာ သာလွန်နေပါရောလား။’
‘ဒါ... ဘယ်လို ထူးခြား ရုပ်ခန္ဓာမျိုးလဲ’
နင်ချီ့ ရင်ထဲတွင် မကြုံဖူးလောက်အောင် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ သူ တစ်ယောက်တည်း ရင်ဆိုင်နေရသော်လည်း တောင်ကြီးတစ်လုံး ပိနေသလို ခံစားချက်မျိုး။
သူ့အတွေးကို ရိပ်မိသည့်အလား ကောင်မလေး၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။
"ငါက 'အင်မော်တယ် ယွမ် ခန္ဓာ' ပိုင်ရှင်ဟဲ့... ငါ့ရဲ့ မှော်စွမ်းအားက တူညီတဲ့ နယ်ပယ်ချင်း ယှဉ်ရင် တခြားလူတွေထက် အဆတစ်ရာ ပိုများတယ်"
နင်ချီ ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။
အဆတစ်ရာ တဲ့လား။ ဘယ်လိုတောင် မတရားတဲ့ ကိန်းဂဏန်းကြီးလဲ။
ဤမျှ များပြားလှသော မှော်စွမ်းအား ပမာဏကြောင့် သာမန်ကာ လျှံကာ အင်မော်တယ် နည်းစနစ်လေးတွေပင် သူမ လက်ထဲ ရောက်လျှင် အံ့ဖွယ်သုတ နည်းစနစ်တွေ ဖြစ်သွားမှာ မလွဲဧကန်ပင်။
ထိုသို့ ဆိုလျှင်တောင်၊ သူမက
အခြေခံအကျဆုံး နည်းစနစ်တွေကိုသာ သုံးဦးမှာ မဟုတ်ပါပေ။
"ဝုန်း"
ဧရာမ ရွှေရောင် လက်ဝါးကြီး တစ်ခု ကောင်းကင်မှ အရှိန်ပြင်းပြင်းဖြင့် ကျဆင်းလာတော့သည်။ ထိုအထဲမှာ ပါဝင်သော စွမ်းအားက ယုံချင်စရာ မကောင်းလောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
နင်ချီလည်း သူ့မှာ ရှိသမျှ မှော်စွမ်းအားကို ထုတ်သုံးလိုက်ရသည်။
"ကောင်းကင်ဘုံ ဓား" ကို ဆင့်ခေါ်ပြီး မိုးပေါ်သို့ ထိုးတက်
စေလိုက်သော်လည်း... ဟို ရွှေရောင် လက်ဝါးကြီး၏ ရိုက်ပုတ်မှုအောက်တွင် ဖန်ခွက်ကွဲသလို တစစီ ကြေမွသွားရရှာသည်။
အနိုင်ကျင့်ခံရပြီ။
တကယ့်ကို အနိုင်ကျင့်ခံလိုက်ရသည်ပင်။
နင်ချီတစ်ယောက် သူ့ပြိုင်ဘက်တွေ၏ ခံစားချက်ကို ပထမဆုံးအကြိမ် ကိုယ်ချင်းစာမိသွားရရှာသည်။
အင်အားချင်း ယှဉ်ပြီး အနိုင်ကျင့်ခံရတာ ဒီလောက်တောင် သိက္ခာကျစရာ ကောင်းမှန်း အခုမှ သိတော့သည်။ ကိုယ့်တုန်းက သူများကို လုပ်ခဲ့ပြီး အခု ကိုယ့်အလှည့်ကျမှ ခံရခက်နေမိသည်မှာ အမှန်။
သူ့မျက်ခွံတွေ တဆတ်ဆတ် တုန်သွားသော်လည်း... ကောင်မလေးကို ကြည့်နေသော သူ့မျက်လုံးတွေကတော့ တဖြည်းဖြည်း တောက်ပ
လာခဲ့လေ၏။
ကြောက်ရွံ့သွားတာ မဟုတ်ပါ။ လိုချင်တပ်မက်စိတ်တွေ ဖြစ်ပေါ်လာခြင်းပါ။
ား... ဒီကေ
အကယ်၍များ ကောင်မလေး၏ "အင်မော်တယ် ယွမ် ခန္ဓာ" ဖွဲ့စည်းပုံ သဘောတရားကိုသာ လေ့လာပြီး အတုခိုးနိုင်မည့် လျှို့ဝှက်နည်းစနစ်တစ်ခု ဖန်တီးနိုင်လိုက်လျှင်...သူ့စွမ်းအားတွေ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလာလိုက်မည်နည်း။ တွေးရင်းနှင့်တောင် သွားရည်ကျချင်စရာပင်။
"ဂျုန်း... ဒုန်း"
ဧရာမ လက်ဝါးကြီးတွေက တစ်ခုပြီး တစ်ခု မနားတမ်း ပြိုကျလာတော့သည်။
နင်ချီ ခမျာ ပြေးပေါက်မရှိ ရှောင်တိမ်းနေရ၏။
ကံကောင်းသည်မှာ ပထမဆုံး စင်မြင့်ပေါ်က အမျိုးသမီးဆီမှ "ဟင်းလင်းပြင်" သဘောတရား အချို့ကို သူ နားလည်သဘောပေါက်ထားခဲ့ခြင်းပင်။ တိုက်ပွဲ အနည်းငယ် ပြီးသွားသည့် နောက်မှာ သူ့ခန္ဓာကိုယ်က ဟင်းလင်းပြင်ထဲကို တိုးဝင်ပျောက်ကွယ်သွားနိုင်မည့် အရိပ်အယောင်လေးတွေ ရနေပြီ ဖြစ်သည်။
ကောင်မလေး၏ မျက်လုံးထဲတွင် အံ့သြရိပ်အချို့ ဖြတ်သန်းသွားလေ၏။
"နင်က 'လရိပ် ဝိညာဉ် ခန္ဓာ' ရဲ့ လျှို့ဝှက်ချက်တွေကိုတောင် သင်ယူထားတာလား... မဆိုးဘူးပဲ၊ ဒါပေမဲ့ မှတ်ထားလိုက်... ဒီအကွက်က ငါ့အတွက် အသုံးမဝင်ဆုံးပဲ"
ပြောပြောဆိုဆိုနှင့် သူမ၏ ကြီးမားလှသော မှော်စွမ်းအားကြီးက ဖိချလိုက်ရာ... ပတ်ဝန်းကျင်က ဟင်းလင်းပြင် တစ်ခုလုံး ချက်ချင်း ခဲသွားသလို ငြိမ်သက်သွားတော့သည်။
နင်ချီ မျက်လုံးပြူးသွားသည်။
ဒါက... ခုနက ဟို နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးကို သူ ပြန်လုပ်ခဲ့သည့် နည်းလမ်းလေ။ အခုတော့ ဝဋ်ပြန်လည်ပြီ။ သူများတုန်းက ကိုယ်က ဟင်းလင်းပြင်ကို ချုပ်နှောင်ပြီး အနိုင်ယူခဲ့သည်။ ယခုတော့ ကိုယ့်အလှည့်ကျမှ ဟင်းလင်းပြင်ထဲ ဝင်လို့မရတော့ဘဲ ပိတ်မိနေရပြီ။
နင်ချီ့မှာ ရွေးချယ်စရာ မရှိတော့။
ဓားချီတွေကို အသုံးပြုပြီး ပြန်လည် ခုခံတိုက်ခိုက်ရုံသာ ရှိတော့သည်။
နှစ်ဖက်စလုံးက မလျှော့တမ်း တိုက်ခိုက်နေကြသော်လည်း ဟိုဘက်က ကောင်မလေးကတော့ အေးဆေးသက်သာ ဖြစ်နေသည်ကို တွေ့ရ၏။
ဒီတိုင်း ဆက်သွားနေရင်တော့ ငါ့မှော်စွမ်းအားတွေ ကုန်ခမ်းပြီး ရှုံးတော့မှာ သေချာသည်။ သူက စွမ်းအား အဆတစ်ရာလေ... ငါက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
ဒီအချက်ကို တွေးမိလိုက်သည်နှင့် နင်ချီ ဆက်ပြီး တုံ့ဆိုင်းမနေတော့ပေ။
မပြည့်စုံသေးသော်လည်း.. သူ့မှာ ရွေးချယ်စရာ လမ်း မရှိတော့ပေ။ စွန့်စားရုံပဲ ရှိတော့သည်။
နောက်တစ်ခဏမှာတော့...
နင်ချီ့ ကိုယ်ပေါ်မှာ အစိမ်းရောင် အလင်းတန်းတွေ စုစည်းလာပြီး ခံစစ်ကို အပြည့်အဝ ပြင်ဆင်လိုက်၏။ တချိန်တည်းမှာပဲ ကြောက်မက်ဖွယ်ကောင်းသော ထက်ရှမှုတွေက သူ့ခန္ဓာကိုယ် မျက်နှာပြင်ပေါ်မှာ ပေါ်ထွက်လာတော့သည်။
“ကန်း (ရွှေ) နတ်ဘုရား ဓားချီ”
"ကျား (သစ်) နတ်ဘုရား ဓားချီ"
"ရန် (ရေ) နတ်ဘုရား ဓားချီ"
"ပင်း (မီး) နတ်ဘုရား ဓားချီ"
မတူညသည့် ဂုဏ်သတ္တိတွေ ရှိသော်လည်း ထက်ရှမှုချင်း တူညီကြတဲ့ ဓားချီ လေးမျိုးက နင်ချီ့ ဘေးပတ်လည်မှာ ဝန်းရံလာသည်။ ထို့နောက် သူ့စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်လိုက်လေ၏။
"ဝူ (မြေ) နတ်ဘုရား ဓားချီ"
နောက်ထပ် မြေဝါရောင် ဓားချီ တစ်ခု ထပ်မံ ပေါ်ထွက်လာသည်။ တောင်ကြီး တစ်လုံးလို လေးလံသော်လည်း အလွန်တရာ ထက်ရှနေလေ၏။
အသေအချာ အာရုံခံကြည့်လိုက်မည် ဆိုလျှင်တော့... ဒီနောက်ဆုံး
ထွက်လာသော ဓားချီက ကျန်သော လေးခုလောက် စွမ်းအားမပြည့်ဝမှန်း သိသာနေသည်။ အဓိက အကြောင်းရင်းကတော့ နင်ချီက "စတုတ္ထအဆင့် သိုင်းသူတော်စင်" သာ ရှိသေးတာကြောင့် "မြေ ဓာတ်"အား အပြည့်အဝ မစုစည်းနိုင်သေးခြင်းပင်။
သို့သော်လည်း...
ယခုလောက်ဆိုရင် သုံး၍ ရပါပြီ။
"ဓာတ်ကြီးငါးပါး နတ်ဘုရား ဓားချီ... ပေါင်းစပ်မယ်"
နင်ချီ မာန်ပါပါ အော်ဟစ်လိုက်ပြီး သူ့မှာ ရှိသမျှ မှော်စွမ်းအား အကုန်လုံးကို စုစည်းလိုက်တော့သည်။
သူ၏ လျှို့ဝှက်နည်းစနစ်များသည် သိမ်မွေ့နက်နဲပြီး ပြိုင်ဘက်ကင်းသည်မှာမူ မှန်ကန်လှပေသည်။ ဤသည်မှာ သူ၏ အားသာချက်ပင် ဖြစ်သည်။
သို့သော် ထိုဘက်မှ မိန်းကလေး၏ မှော်စွမ်းအားသည် အလွန်ပင် များပြားလွန်းလှသည်။ တိုက်ကွက်တစ်ခု ယှဉ်ပြိုင်လိုက်တိုင်း နင်ချီ၏ ဘက်မှ မှော်စွမ်းအား ပိုမို ထုတ်ဖော်၍ ခုခံနေရသောကြောင့် အရှုံးပေါ်နေသည်ဟု ဆိုရပေမည်။
ရောင်စုံ ဓားချီ ငါးမျိုးက ကောင်းကင်ပေါ် ထိုးတက်သွားပြီးနောက်... "ဓားအခင်းအကျင်း" တစ်ခုအဖြစ် ပြောင်းလဲကာ ဟိုဘက်က ကောင်မလေးကို လွှမ်းခြုံပိတ်လှောင်လိုက်လေ၏။
အရာအားလုံးက မျက်တောင်တစ်ခတ် အတွင်းမှာ ဖြစ်ပျက်သွားခြင်းပင်။ ကောင်မလေး သတိဝင်လာသော အချိန်မှာတော့ သူမ၏ ပတ်ဝန်းကျင် တစ်ခုလုံးသည် "ဓာတ်ကြီးငါးပါး ဓားအခင်းအကျင်း" ၏ ချုပ်နှောင်ခြင်းခံလိုက်ရပြီ ဖြစ်သည်။
၎င်းက "အစစ်အမှန်သိုင်းဓား" ဆီကနေ နင်ချီ နားလည်
သဘောပေါက်ထားခဲ့သည့် ဓားအခင်းအကျင်းပင် ဖြစ်၏။
"ဓာတ်ကြီးငါးပါး နတ်ဘုရား ဓားချီ" နှင့် "ဓာတ်ကြီးငါးပါး ဓားအခင်းအကျင်း" ပေါင်းစပ်လိုက်ခြင်းသည် လက်ရှိအချိန်တွင် နင်ချီ၏ အသန်မာဆုံး သတ်ကွက်ပင် ဖြစ်၏။ သူ၏ ဓာတ်ကြီးငါးပါး စွမ်းအားသည် မပြည့်စုံသေးသောကြောင့်သာ ဤအခင်းအကျင်းသည် အစွမ်းကုန် မထက်မြက်သေးခြင်း ဖြစ်သည်။
အထူးသဖြင့် "ဝူ မြေ ဓားချီ" တွင် အားနည်းချက်များ ရှိနေသေးသည်။
သို့သော်... လောလောဆယ်တွင်မူ ဤနည်းလမ်းသာ ရှိလေ၏။
"ဝီ... ဝီ... ဝီ"
ပျားအုံကြီးအား တုတ်ဖြင့် ထိုးလိုက်သကဲ့သို့ တဝီဝီ မြည်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရောင်စုံ ဓားချီ မိုးရေစက်များ ရွာချလိုက်လေတော့သည်။
ဓားချီ တစ်ခုချင်းစီတိုင်းသည် "မူလ နတ်ဘုရား ဓားချီ" နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စွမ်းအားများ ရှိကြပြီး ဓာတ်ကြီးငါးပါး၏ ဆန်းကြယ်မှုများနှင့်ပါ ပေါင်းစပ်ထားသေးသည်။
နုနယ်သော မိန်းကလေး၏ မျက်နှာထားသည် အလွန်တရာ လေးနက်သွားရလေ၏။
သူမ၏ မှော်စွမ်းအားများသည်လည်း ပင်လယ်ရေကဲ့သို့ လှိုင်းထလာပြီး ကြောက်မက်ဖွယ် လက်သီးမုဒြာများ ကောင်းကင်ယံထက်သို့ ပစ်လွှတ်ကာ ခုခံလေတော့သည်။
“အုန်း..အုန်း..”
ပေါက်ကွဲသံကြီးများသည် ဆက်တိုက် ဆိုသကဲ့သို့ ထွက်ပေါ်နေ၏။
နင်ချီ၏ မျက်နှာ ဖြူဖျော့သွားရသည်။
သူ၏ မှော်စွမ်းအားများ ရေပိုက်ခေါင်း ဖွင့်ချလိုက်သကဲ့သို့ ကုန်ခမ်းနေသည်ကို ခံစားနေရပေသည်။
သို့သော် အခင်းအကျင်းထဲတွင် ပိတ်မိနေသော မိန်းကလေးသည်လည်း သက်သာမည်တော့ မဟုတ်ချေ။
ယခုအချိန်တွင်မူ...
မည်သူ ပိုမို တောင့်ခံနိုင်မည်နည်း ဆိုသည်ကို အားပြိုင်ရန်သာ ရှိတော့သည်။
အချိန် မည်မျှ ကြာသွားသည်မသိ။
နင်ချီ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ခမ်းခြောက်လုနီးပါး ဖြစ်သွားသည့် အချိန်တွင်မူ... ပေါက်ကွဲသံများ ရပ်တန့်သွားလေတော့သည်။
ဓာတ်ကြီးငါးပါး ဓားအခင်းအကျင်းကြီး ပျောက်ကွယ်သွားလေ၏။
ထိုဘက်မှ မိန်းကလေးသည် သူမ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်ရင်း အံ့သြနေပုံ ရလေသည်။ ထို့နောက် နှုတ်ခမ်းကို စူလိုက်ပြီး ပြောကြားလေ၏။
"ငါ အရှုံးပေးပါတယ်... တကယ်လို့ ငါ့ရဲ့ မူလခန္ဓာ ကိုယ်တိုင်သာ ဆိုရင်တော့ ဒီလောက် လွယ်မှာ မဟုတ်ဘူးနော်"
သူမသည် မကျေနပ်သကဲ့သို့ နှာမှုတ်လိုက်ပြီးနောက်... မလှုပ်မယှက် ငြိမ်သက်နေသော အရိပ်တစ်ခု အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားလေတော့သည်။
သို့သော် သူမ၏ မျက်လုံးများထဲတွင်မူ လေးစားအားကျသည့် အရိပ်အယောင်များ ထင်ကျန်ရစ်ခဲ့သည်ကို အထင်းသား တွေ့မြင်လိုက်ရသည်။ သူမ ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သည့်အခါကမျှ ထင်မှတ်မထားခဲ့ဖူးပုံပင်။
နင်ချီ၏ မျက်နှာထားသည် ရှုပ်ထွေးသွားရလေသည်။ ခေတ္တမျှ မှင်သက်စွာ ရပ်နေမိပြီးနောက်... ခမ်းနားထည်ဝါသော အသံကြီး ထွက်ပေါ်လာမှ သတိပြန်ဝင်လာလေတော့သည်။
"ဒုတိယ စမ်းသပ်မှု အောင်မြင်သည်။ အဆင့်သတ်မှတ်ချက်... (က) အပေါင်း အဆင့်”
အခန်း (၄၁၁) - ဘဝကိုးခု သံသရာ
~ ဒွိဟ ဖြစ်စရာ မရှိပါ။
ဒုတိယအဆင့် ယှဉ်ပြိုင်မှုတွင် နင်ချီ၏ စွမ်းဆောင်ရည်သည် ပထမအဆင့်လောက် မပြောင်မြောက်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ အသန်မာဆုံး တာအိုဆရာ ကိုးဦး ချန်ထားရစ်ခဲ့သော အမှတ်အသားများကို ကျော်ဖြတ်နိုင်ခဲ့သည် ဆိုသော်လည်း၊ နောက်ဆုံးပွဲမှာမူ ကံကောင်း၍ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပါမည်။
အကယ်၍များ ထိုမိန်းကလေးသည် အသက်ရှူချိန် အနည်းငယ်ခန့် ထပ်မံ၍ တောင့်ခံထားနိုင်ခဲ့မည် ဆိုပါက နင်ချီ ရှုံးနိမ့်သွားမည်မှာ သေချာသလောက် ရှိခဲ့လေ၏။
နယ်မြေများ ပင်လယ် အတွင်း ဤကဲ့သို့သော ပါရမီရှင်မျိုးများ များစွာ ရှိနေမည်မှာ အမှန်ပင်။
ကံကောင်းသည်ဟု ဆိုရပေမည်... အနည်းဆုံးတော့ သူက (က) အဆင့် ရရှိခဲ့သေးသည်ပင်။ တတိယအဆင့်တွင်သာ နောက်ထပ် (က) အဆင့် ထပ်မံ ရရှိခဲ့မည် ဆိုပါက အစစ်အမှန်သိုင်း ခန်းမဆောင်ကို အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိလောက်ပြီ ဖြစ်သည်။
နင်ချီ၏ ရင်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာရလေသည်။
(က) အဆင့် ဆိုသည်မှာ အမြင့်ဆုံး အဆင့်ပင် ဖြစ်သည်။ ပထမ နှစ်ဆင့်၏ အကြောင်းအရာများကို ကြည့်ရှုရသည်မှာ အတော်ပင် ခက်ခဲကြောင်း သိသာလှသည်။
သိုင်းကမ္ဘာမှ သိုင်းသူတော်စင်များ၏ အင်အားနှင့် ဆိုလျှင် ဒုတိယအဆင့်တွင် ပထမဆုံး တာအိုဆရာကိုပင် နိုင်အောင် တိုက်ခိုက်နိုင်မည့်သူ ရှိမည် မဟုတ်ပေ။
နင်ချီသည် နောက်ဆုံး တာအိုဆရာမလေး၏ ဝိညာဉ်ပုံရိပ်ကို လှည့်လည် ကြည့်ရှုလိုက်မိလေသည်။
‘အင်မော်တယ် ယွမ် ခန္ဓာ .. မှတ်ထားလိုက်မယ်။
ဒါက တူညီတဲ့ ကျင့်စဉ်မှာ
ငါ့ကို အစွမ်းကုန် ထုတ်သုံးအောင် ဖိအားပေးနိုင်ခဲ့တဲ့ ပထမဆုံး လူပဲ။’
ပတ်ဝန်းကျင်က မြင်ကွင်းတွေ တဖြည်းဖြည်း မှေးမှိန်သွားလေ၏။
နင်ချီက အသက်ကို အောင့်ထားပြီး စိတ်ကို စုစည်းလိုက်သည်။
ထို့နောက် အဆုံးအစမဲ့ နက်ရှိုင်းလှသော အမှောင်ထု ကမ္ဘာကြီးထဲသို့ ထိုးကျသွားတော့သည်။ သူ၏ ဝိညာဉ်အာရုံတွေ၊ ရွှေရောင် မျက်လုံးတွေ အားလုံး အသုံးမဝင်တော့။ ပတ်ဝန်းကျင်မှာ ဘာရှိလဲ ဆိုတာကိုတောင် အာရုံမခံနိုင်တော့ချေ။
တတိယအဆင့် စတင်ကြောင်း ကြေညာမယ့် ခမ်းနားထည်ဝါသော အသံကို သူ စောင့်မျှော်နေမိသည်။ သို့သော် ဘာသံမှ ကြားမလာပေ။
ရုတ်တရက်...
အလင်းတန်း တစ်ခုက အမှောင်ထုကို ခွဲပြီး ဝင်ရောက်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို တဖြည်းဖြည်း လင်းထိန်သွားစေတော့သည်။
"အူဝဲ... အူဝဲ..."
ကျယ်လောင်သော ကလေးငိုသံကြီးကြောင့် နင်ချီ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ဒါ... ငါ့ဆီက ထွက်လာတဲ့ အသံလား။
သူ့ရင်ထဲ ထိတ်လန့်တုန်လှုပ်သွားရသည်။
သူ့ခန္ဓာကိုယ်က မွေးကင်းစ ကလေးငယ်လေး တစ်ယောက် အဖြစ် ပြန်လည် ပြောင်းလဲသွားပြီး၊ မူလက ရှိထားတဲ့ ကြံ့ခိုင်သန်မာသော ရုပ်ခန္ဓာနှင့် ကြီးမားလှသည့် မှော်စွမ်းအားတွေ အကုန်လုံး ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည် မဟုတ်ပါလား။
"သားလေး... သားလေးကွ။ ငါ့ဟဲမိသားစု မျိုးဆက် မပြတ်တော့ဘူးဟေ့"
အတိုင်းအထက်အလွန် ပျော်ရွှင်နေသော အသံ တစ်သံက နင်ချီ့ အတွေးတွေကို ဖြတ်တောက်လိုက်လေ၏။ ဘေးပတ်လည်မှ ဂုဏ်ပြုစကားသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရမှ သူ့အခြေအနေကို နင်ချီ နားလည်လိုက်တော့သည်။
ငါ... နောက်ထပ် တစ်ကြိမ် ကူးပြောင်းဝင်စားမိသွားပြန်ပြီ ထင်ပါရဲ့။
အချိန်ကာလ ဟူသည် ရေစီးသဖွယ် ညင်သာစွာ ကုန်ဆုံးသွားလေ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ခြောက်နှစ်ဟူသော အချိန်ကာလကို ဖြတ်သန်းပြီးခဲ့လေပြီ။
တောင်ကုန်းလေး တစ်ခုပေါ်တွင်... မြက်ခင်းစိမ်းစိမ်းများက စိုပြေလှပနေကြသည်။ နွားကျောင်းသားလေး တစ်ယောက်က မြက်ခင်းပေါ်တွင် အေးအေးလူလူ လှဲလျောင်းရင်း ပါးစပ်တွင် မြက်ပင်တစ်ပင်ကို ကိုက်ကာ ဇိမ်ယူနေလေ၏။
နင်ချီ စိတ်ရှုပ်ထွေးနေမိသည်။
အစစ်အမှန်သိုင်း အမွေအနှစ် ဒုတိယအဆင့်ကို အောင်မြင်ခဲ့သည်ကို သူ ကောင်းကောင်း မှတ်မိနေသေးသည်။
‘ဒါပေမဲ့ ဘာလို့များ ရုတ်တရက်ကြီး ဒီကမ္ဘာကို ရောက်လာပြီး လယ်သမား တစ်ယောက်ရဲ့သား "ဟဲယောင်ဇူ" ဖြစ်နေရတာလဲ။’
ဒီခြောက်နှစ် အတွင်းမှာ...
နင်ချီ... သို့မဟုတ် ဟဲယောင်ဇူ သည် ဒီမေးခွန်းကိုပဲ အကြိမ်ကြိမ် ပြန်မေးနေမိသည်။
ငါ စမ်းသပ်မှု လုပ်နေတုန်းလား၊ ဒါမှမဟုတ် တကယ်ပဲ ထပ်ပြီး ကူးပြောင်းလာတာလား။
နင်ချီ ဒီလို တွေးမိတာ သူ့အပြစ်တော့ မဟုတ်ပေ။
နင်ချီ့ အတွက်တော့ ဒီဘဝက အကြိမ်တစ်ရာမြောက် ဝင်စားခြင်း ဖြစ်နေပြီလေ။ အမြင့်ဆုံးသော ဉာဏ်အလင်း နိုးထလာတာလည်း မဆန်းတော့ပါ။ ထို့ကြောင့် နောက်ထပ် တစ်ကြိမ် ထပ်ပြီး ဝင်စားတယ် ဆိုတာကလည်း မဖြစ်နိုင်စရာ မရှိပါ။
သို့ရာတွင်၊ သူ လုံးဝကြီးတော့ မယုံကြည်နိုင်သေး။ ဟာကွက်ကို အမြဲတမ်း ရှာဖွေနေမိသည်။
သို့သော်လည်း... သူ့မှာ ကောင်းကင်ဘုံကို ထိုးဖောက်နိုင်သော စွမ်းအားတွေ မရှိတော့။ အထွတ်အထိပ် ဉာဏ်အလင်းတွေ မရှိတော့။ ကူးပြောင်းလာသူ တစ်ယောက်၏ မွေးရာပါ ဉာဏ်ပညာလောက်သာ ရှိတော့သည်။
လူအချင်းချင်း ပြန်လှန် နှိပ်ကွပ်နေကြသည့် ယခုလို ပဒေသရာဇ် ခေတ်ပျက်ကြီးထဲမှာ အသက် ခြောက်နှစ်အရွယ် ကလေးတစ်ယောက် အနေနှင့် သူ သိပ်ပြီး ထူးချွန်ပြလို့ မဖြစ်သေးပါ။
နင်ချီ့စိတ်ထဲမှာ ဝေဝါးဝေဝါး ခံစားနေရသည်က... သူ့မှတ်ဉာဏ် အများစုက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်စ ပြုလာခြင်းပင်။
ယခင် ဘဝတုန်းက ရောဂါဝေဒနာ ခံစားခဲ့ရသော အသေးစိတ် အချက်အလက်တွေကို မမှတ်မိတော့သလို၊ အစစ်အမှန်သိုင်းတောင်ပေါ်က ကိစ္စတချို့ကိုလည်း ရှင်းရှင်းလင်းလင်း မမြင်ယောင်တော့။
ဒါကိုတော့ သူ မဆန်းကြယ်ဘူးဟု ထင်မိသည်။
သာမန် လူသားတစ်ယောက် အနေနှင့် အချိန် ခြောက်နှစ်လောက် ကြာသွားလျှင် အတိတ်က အကြောင်းအရာ တချို့ကို မေ့လျော့သွားတတ်သည်က သဘာဝပဲလေ။
တဖြည်းဖြည်းနှင့်...
သူ့ပတ်ဝန်းကျင်က အရာအားလုံးဟာ အစစ်အမှန်တွေ ဖြစ်ကြောင်း ဟဲယောင်ဇူ တွေ့ရှိလာရသည်။
သူ့အဖေ "ဟဲတာနျူ"က တကယ်ကို ရိုးသားကြိုးစားတဲ့ လယ်သမားကြီး တစ်ယောက် ဖြစ်ပြီး၊ သူ့အထက်မှာ အစ်မ သုံးယောက် ရှိသည်။ အစ်မကြီးက အိမ်ထောင်ကျသွားပြီ ဖြစ်ပြီး၊ ဒုတိယ အစ်မနှင့် တတိယ အစ်မကတော့ အိမ်မှုကိစ္စတွေကို
ကူညီလုပ်ကိုင်ပေးနေကြသည်။ မကြာသေးခင်ကမှ ဒုတိယ အစ်မအတွက် အောင်သွယ်
လာာစကားပြောထားကြသေးသည်။
သူ့အမေကတော့ သူ့ကို မွေးပြီး လဝက်လောက် အကြာမှာပဲ ဖျားနာပြီး ဆုံးပါးသွားခဲ့ရှာသည်။
‘ကြည့်ရတာ ငါ တကယ်ပဲ ထပ်ပြီး ဝင်စားမိပြီ ထင်ပါရဲ့။ နှမြောစရာ ကောင်းလိုက်တာ... အရင်ဘဝတုန်းက 'ထာဝရအသက်တာ လမ်းစဉ်' ကိုတောင် လျှောက်လှမ်းခွင့် မရလိုက်ဘူး။ အင်မော်တယ် ရတနာကြီးက ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာလည်း မသိလိုက်ရဘူး။ ငါ့ဆရာနဲ့ တခြားလူတွေ 'တောင်နှင့် ပင်လယ် နယ်မြေ' ရဲ့ ကျူးကျော်မှုကို ခုခံနိုင်ပါ့မလား ဆိုတာလည်း မသိရတော့ဘူး။’
ဟဲယောင်ဇူ ခမျာ နောင်တတွေ၊ သံယောဇဉ်တွေနှင့် ပူဆွေးနေရရှာသည်။ သို့သော် ဖြစ်ပြီးသော ကိစ္စကို သူ ဘာမှ ပြုပြင်၍ မရတော့ပေ။
နောက်ဆုံးတော့...နင်ချီ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ ဒီဘဝကို ပေါ့ပေါ့တန်တန် ဖြတ်သန်းမသွားဘဲ ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်သွားတော့မည် ဟူ၍။
ဒီဘဝမှာ အထွတ်အထိပ် ဉာဏ်အလင်း မရှိတော့သော်လည်း... လူကြီးတစ်ယောက်၏ ဉာဏ်ပညာနှင့် ဆိုရင်တော့ သူ့မိသားစု၏ ကံကြမ္မာကို ပြောင်းလဲပေးဖို့ ဆိုတာ မခဲယဉ်းလောက်ပါ။
သူ့အပေါ် ထားသော အဖေနှင့် အစ်မ သုံးယောက်၏ မေတ္တာတရားကို တွေးမိလိုက်တော့ နှုတ်ခမ်းထောင့်လေးများ ကွေးညွတ်သွားပြီး ပြုံးမိလိုက်လေ၏။
ဟဲယောင်ဇူက ပါးစပ်ထဲ ကိုက်ထားသော မြက်ပင်လေးကို ထွေးထုတ်လိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ အော်ဟစ်လိုက်တော့သည်။
"ငါ ဟဲယောင်ဇူ... သာမန်လူ မဖြစ်စေရဘူးကွ"
အဝေးဆီက နွားအိုကြီးက သူ့ကို ထောက်ခံသလို "ဝူ" ဟု အော်မြည်လိုက်ရာ နွားကျောင်းသားလေးခမျာ သဘောကျပြီး တဟားဟား ရယ်မောလိုက်မိလေ၏။
ထိုနေ့က စပြီး...
ဟဲယောင်ဇူသည် သူ၏ လက်ရှိ ဘဝအသစ်ကို အပြည့်အဝ လက်ခံလိုက်တော့သည်။
သူ့ဘဝ ရပ်တည်ရေးအတွက် စတင် စဉ်းစားလေပြီ။
ပတ်ဝန်းကျင် အခြေအနေအရ... ဒီဘဝက ပဒေသရာဇ် ခေတ်ကာလ တစ်ခု ဖြစ်ကြောင်း သူ နားလည်လိုက်သည်။
သူ့မိသားစုကတော့ လူမှုအဆင့်အတန်း နိမ့်ပါးသည့် အခြေခံ လယ်သမား လူတန်းစား ဖြစ်ပြီး တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရရှာသည်။ ရာသီဥတု ကောင်းရင်တော့ အခွန်ဆောင်ပြီးတာနှင့် ဝဝလင်လင် စားရရုံလောက် ကျန်မည်။ ကပ်ဘေး တစ်ခုခု ကျရောက်ခဲ့လျှင်တော့ ငတ်ဖို့သာ ပြင်ထားပေရော့။
တိုက်တိုက်ဆိုင်ဆိုင်... "သိုင်းပညာရှင်" တွေ ရှိကြောင်း သူ သိလိုက်ရသည်။
ကံကြမ္မာကို ပြောင်းလဲဖို့ ဆိုလျှင် သိုင်းသင်မှ ဖြစ်မည်။
ဟဲယောင်ဇူ၏ မျက်လုံးများတွင် ပြတ်သားမှု အရောင်များ တောက်ပလာ၏။
သို့သော် လယ်သမား သားတစ်ယောက် အနေနှင့် သိုင်းသင်မယ် ဆိုတာက ရယ်စရာ ကောင်းနေသလို ဖြစ်နေသည်။ သင်ဖို့ နည်းလမ်း မရှိတာကို ထားလိုက်ဦး... "ဆင်းရဲသား စာပေ၊ ချမ်းသာသူ သိုင်းပညာ" ဆိုသော စကားက အလကား ပြောထားတာ မဟုတ်။ သိုင်းလေ့ကျင့်ဖို့ လိုအပ်သော အသားဟင်း ဖိုးလောက်နဲ့တင် လယ်သမား တစ်ယောက် မွဲသွားနိုင်သည်လေ။
သို့သော်၊ ဟဲယောင်ဇူ လက်မလျှော့ခဲ့ပေ။
ရွယ်တူတွေထက် သာလွန်သော ဉာဏ်ရည်နဲ့ သူက ရွာကျောင်း ဆရာအိုကြီး လျူ ၏ အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့သည်။
နောက်ပိုင်းမှာ ဆရာကြီး လျူကို ကူညီလုပ်ကိုင်ပေးရင်း စာပေကို ကြိုးကြိုးစားစား လေ့လာ
သင်ယူခဲ့တော့သည်။
တဖြည်းဖြည်းနှင့်...
ရွာထဲက လူတချို့က စာရေးစာဖတ် ကိစ္စတွေအတွက် ဟဲယောင်ဇူကို လာပြီး အကူအညီ တောင်းခံလာကြသည်။ မိသားစု၏ စီးပွားရေး အခြေအနေလည်း တဖြည်းဖြည်း ပြေလည်လာခဲ့လေ၏။
ရွာသားတွေက ‘ဟဲ မိငားစုထဲမှာ ပါရမီရှင်လေး တစ်ယောက် ပေါ်ထွက်လာပြီ၊ တစ်နေ့ကျရင် အရာရှိကြီး ဖြစ်လာမှာ သေချာတယ်’ ဆိုပြီး ချီးကျူးပြောဆိုလာကြသည်။
အဖေ ဖြစ်သူ ဟဲတာနျူ တစ်ယောက် ပေါက်ပြား ကိုင်ရတာ ပိုပြီး အားရှိလာသလို၊ နေ့တိုင်း ပြုံးပျော်နေတော့သည်။