← Chapters

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း (၄၁၈) - ဉာဏ်အလင်း၏ မူလဇာစ်မြစ်နှင့် အစစ်အမှန်သိုင်း ခန်းမဆောင်သခင်ကို ဂါရဝပြုခြင်း (၃)

~တွေးတောကြည့်ရုံမျှဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းနေပေပြီ။ ဤလမ်းစဉ်သည် အမှန်တကယ်ပင် ပြောင်းပြန် အချိုးကျနေသကဲ့သို့ ဖြစ်နေသည်။ တူညီသော အဆင့်အတန်းချင်း ယှဉ်ပြိုင်လျှင် ပြိုင်ဘက်ကင်း ဖြစ်ရုံမျှမက၊ အဆင့်ကျော်လွန်၍ပင် အလွယ်တကူ သတ်ဖြတ်နိုင်ဦးမည်ပင်။

အစစ်အမှန်သိုင်း ဘိုးဘေး၏ စိတ်ကူးအတိုင်းသာ ဆိုလျှင်... "တစ်သားတည်းဖြစ်ခြင်း နယ်ပယ်" သို့ ရောက်ရှိသည့် အချိန်တွင် ကမ္ဘာလောကနှင့် ပေါင်းစည်းလိုက်မည် ဆိုပါက "အစစ်အမှန် အင်မော်တယ်"ကိုပင် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ဆိုပါ၏။

ဤမျှသာ မည်သို့ ဖြစ်မည်နည်း...။

ပိုမို၍ အံ့သြဖွယ် ကောင်းသည်မှာ ကမ္ဘာလောကနှင့် တစ်သားတည်း ဖြစ်သွားသည့်အတွက် ကမ္ဘာမပျက်သရွေ့ မိမိလည်း သေဆုံးတော့မည် မဟုတ်ခြင်းပင် ဖြစ်သည်။

ဤသည်မှာ "တစ်သားတည်းဖြစ်ခြင်း နယ်ပယ်" သက်တမ်းထက် များစွာ ပိုမို ရှည်ကြာပေသည်။ ဝိညာဉ်နယ်မြေ ဆိုသည်မှာ ထာဝရ တည်တံ့သည် မဟုတ်စေကာမူ ခေတ်ကာလပေါင်း သောင်းချီ၍ နေနိုင်ပေသည်။

ဤလမ်းစဉ်သည် အကျိုးကျေးဇူးများ များပြားလွန်းလှပေသည်။

ဤသည်မှာ သေချာပေါက် "အထွတ်အထိပ် ဓမ္မနည်းလမ်း" ပင် ဖြစ်ရပေမည်။

နင်ချီ၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများ ပေါ်လွင်နေလေသည်။

သို့သော်... အကျိုးကျေးဇူးများ များပြားသကဲ့သို့ အားနည်းချက်များလည်း မရှိသည်တော့ မဟုတ်ချေ။

ပထမဆုံး တစ်ချက်မှာ... အောင်မြင်ရန် အလွန် ခက်ခဲခြင်းပါပင်။ ကမ္ဘာလောကနှင့် ပေါင်းစည်းရန် ဆိုသည်မှာ ကမ္ဘာနှင့် ရင်းနှီးကျွမ်းဝင်မှု အတိုင်းအတာ တစ်ခုအထိ ရှိရန် လိုအပ်ပေသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ကမ္ဘာ့မူလအစ ကို ဉာဏ်အလင်းပွင့်ထားရပါမည်။

ဝိညာဉ်နယ်မြေကို ဥပမာထား ဆိုရလျှင် စည်းမျဉ်းများကို အတိုင်းအတာ တစ်ခုအထိ တတ်မြောက်ထားရန် လိုအပ်ပေသည်။

ပုံမှန် "တစ်သားတည်းဖြစ်ခြင်း နယ်ပယ်" ကျင့်ကြံသူများပင်လျှင် စည်းမျဉ်း တစ်ခုလောက်ကိုသာ ပိုင်နိုင်ကြခြင်း ဖြစ်သည်။

စည်းမျဉ်း များစွာကို ပိုင်နိုင်ရန်မှာ အချိန်များစွာ ပေးဆပ်ရဦးမည် ဖြစ်သည်။ အစစ်အမှန်သိုင်း ဘိုးဘေးကြီး နှစ်ပေါင်း သိန်းချီ၍ တံခါးပိတ် ကျင့်ကြံခဲ့သည်တိုင် မအောင်မြင်ခဲ့ခြင်းမှာ မဆန်းကျယ်လှပါချေ။

ဝိညာဉ်နယ်မြေကြီးနှင့် ပေါင်းစည်းရန် ဆိုသည်မှာ "တစ်သားတည်းဖြစ်ခြင်း နယ်ပယ်" သို့ ရောက်ရှိမှသာ ဖြစ်နိုင်ပေမည်။

သို့သော် နင်ချီ့အမြင်တွင်မူ... ဤနည်းလမ်းသည် ကမ္ဘာငယ်လေးများနှင့် ပေါင်းစည်းရန် ပိုမို သင့်လျော်သည်ဟု ထင်မြင်မိသည်။

ကမ္ဘာငယ်လေးများသည် အဆင့်နိမ့်ကျသည်။ စည်းမျဉ်းများ မပြည့်စုံချေ။ သို့သော် တစ်ပြိုင်နက်တည်းမှာပင် ကမ္ဘာနှင့် ရင်းနှီးကျွမ်းဝင်မှု ရရှိရန် ပိုမို လွယ်ကူပါ၏။

"စည်းမျဉ်းစွမ်းအား" အား တတ်မြောက်စရာ မလိုဘဲ "ကမ္ဘာ့မူလအစ" ၏ လမ်းကြောင်းများကို နားလည်ရုံမျှနှင့် ရရှိနိုင်ပေသည်။ အခြား "မှော်နယ်ပယ်" ကျင့်ကြံသူများ အတွက်မူ ဤအရာသည် ခက်ခဲကောင်း ခက်ခဲပေလိမ့်မည်။ သို့သော် သူ့အတွက်မူ... သိပ်မခက်ခဲလှချေ။

နင်ချီ့ ရင်ထဲမှာ စိတ်လှုပ်ရှားမှုတွေ လှိုင်းထလာသည်။ ဒီနည်းလမ်းက သူ့အတွက် သီးသန့် ဖန်တီးပေးထားသလို ခံစားနေရသည်လေ။

တိုက်ဆိုင်မှု တစ်ခု ဆိုတာတော့ သေချာပါသည်။

တကယ်တမ်းကျတော့... နင်ချီက အစစ်အမှန်သိုင်း ဘိုးဘေးကြီး ဖန်တီးခဲ့သော နည်းလမ်းကို အခြေခံပြီး ကမ္ဘာငယ်လေးတွေနှင့် ကိုက်ညီအောင် ပြန်လည် မွမ်းမံလိုက်ခြင်းသာ ဖြစ်သည်။

စဉ်းစားလေ... ပိုပြီး ဖြစ်နိုင်ချေ ရှိလေပါပင်။

ဘိုးဘေးကြီးသည် ဘာမျှမရှိသော အခြေအနေမှ စမ်းသပ်ရှာဖွေခဲ့ရသဖြင့် နှစ်ပေါင်း သိန်းချီ ကြာမြင့်ခဲ့ရခြင်း ဖြစ်သည်။ နင်ချီကမူ ဘိုးဘေး ရှာဖွေထားပြီးသည်များ အပေါ်၌ လျှောက်လှမ်းလိုက်ရုံမျှသာ ဖြစ်ပေသည်။

အခက်ခဲဆုံး အပိုင်းကို နင်ချီ ဖြတ်ကျော်ပြီး ဖြစ်သည်။ သူ၏ ဉာဏ်အလင်းဖြင့် ဆိုလျှင် ဤအရာကို ရိုးရှင်းအောင် ပြုလုပ်ရန်မှာ ခက်ခဲမည် မဟုတ်ချေ။

"သိုင်းကမ္ဘာနဲ့ ပေါင်းစည်းခြင်း... ဒါက ထွက်ပေါက် တစ်ခု ဖြစ်နိုင်တယ်"

‘တကယ်လို့ ငါသာ သိုင်းကမ္ဘာရဲ့ 'ကမ္ဘာ့ဆန္ဒ'နဲ့ ပေါင်းစည်းနိုင်ခဲ့ရင်... ငါ့စွမ်းအားတွေက အဆမတန် တက်လာလိမ့်မယ်။ အဲဒီအခါကျရင် 'တောင်နှင့် ပင်လယ် နယ်မြေ' က လွှတ်လိုက်တဲ့ စွမ်းအားရှင်တွေ ဘယ်လောက်ပဲ များများ ငါ ဂရုစိုက်စရာ မလိုတော့ဘူး။ အစစ်အမှန်သိုင်း ခန်းမဆောင်ကြီးကို မသုံးရင်တောင်မှ ငါ့မှာ ခုခံနိုင်တဲ့ အရင်းအနှီး ရှိနေပြီ။ ပြီးမှ ဒီလှောင်အိမ်ထဲက လွတ်မြောက်ဖို့ ဖြည်းဖြည်းချင်း ကြိုးစားရုံပဲ။’

မကြုံစဖူး မျှော်လင့်ချက် ရောင်ခြည်တွေ နင်ချီ့ ရင်ထဲ ဖြာဆင်းလာတော့သည်။

အခက်အခဲ ဆိုတာက သူ့အတွက်တော့ အားနည်းချက် မဟုတ်ပါလေ။

သို့သော်... ဒုတိယ ပြဿနာ တစ်ခု ရှိနေသေးသည်။ ကမ္ဘာနှင့် ပေါင်းစည်းလိုက်ပြီ ဆိုသည်နှင့် ကံကြမ္မာချင်းပါ ဆက်နွှယ်သွားပြီ ဖြစ်သည်။ ကမ္ဘာပျက်စီးလျှင် မိမိလည်း လိုက်ပါ သေဆုံးရတော့မည် ဖြစ်သည်။ ထွက်ပြေးတိမ်းရှောင်၍ မရနိုင်တော့ချေ။

ထို့ပြင် လွတ်လပ်ခွင့်လည်း ဆုံးရှုံးသွားပေမည်။

ကမ္ဘာထဲ၌သာ ပိတ်မိနေတော့မည် ဖြစ်၏။

တတိယ ပြဿနာလည်း ရှိနေသေးသည်။ ကမ္ဘာကို အခြေခံအုတ်မြစ် အဖြစ် ရယူလိုက်သည့်အတွက် အလားအလာ ကောင်းမွန်သွားသည်မှာ မှန်သော်လည်း၊ ရှေ့ဆက် တိုးတက်ရန်အတွက်မူ အလွန် ခက်ခဲသွားပေလိမ့်မည်။

မိမိကိုယ်ကိုယ် ကျင့်ကြံခြင်း မဟုတ်တော့ဘဲ ကမ္ဘာကြီးကိုပါ ဆွဲတင်ပေးရတော့မည် ဖြစ်ပေသည်။ ဥပမာအားဖြင့်... "ခရမ်းရောင် နန်းတော် နယ်ပယ်"သို့ ရောက်ရှိလျှင် သာမန် ကျင့်ကြံသူများသည် သူတို့၏ ဝမ်းဗိုက်အတွင်း၌ နန်းတော် တည်ဆောက်ကြသည်။

သူ့အတွက်မူ ကမ္ဘာကြီး တစ်ခုလုံးကို နန်းတော် အဖြစ် ပြုလုပ်ရတော့မည် ဖြစ်သည်။ ကွာခြားချက်မှာ အလွန် များပြားလှပေသည်။

နင်ချီ မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီပြဿနာ နှစ်ခုကတော့ နည်းနည်း စိုးရိမ်စရာပါ။

နင်ချီ.. မျက်လုံးမှိတ်ပြီး လေးလေးနက်နက် စဉ်းစားလိုက်သည်။ ဉာဏ်အလင်းတွေက လျှပ်စီးလက်သလို တဖျပ်ဖျပ် ပေါ်လာပြီးနောက်... သူ့မျက်နှာထား ပြန်လည် ပြေလျော့သွားတော့သည်။

ဒုတိယ ပြဿနာမှာ ဖြေရှင်းရန် လွယ်ကူလှပေသည်။ နည်းလမ်းကို ထပ်မံ၍ မွမ်းမံလိုက်လျှင် ရနိုင်ပြီ ဖြစ်သည်။ ပေါင်းစည်းလိုက်၊ ပြန်လည် ခွဲထုတ်လိုက် ပြုလုပ်နိုင်စေရန် ဖန်တီးနိုင်ပါက ပြီးမြောက်ပေမည်။

တတိယ ပြဿနာ အတွက်မူ... လောလောဆယ်တွင် အဖြေမရှိသေးချေ။

သို့သော် သက်ရှိသတ္တဝါ အားလုံး၏ စွမ်းအားကို စုစည်းပြီး ကမ္ဘာကြီးကို ပြန်လည် အားဖြည့်ပေးသည့် နည်းလမ်းမှာမူ မဆိုးလှပေ။

နင်ချီ အသက်ပြင်းပြင်း ရှူလိုက်လေသည်။

မည်သို့ပင်ဆိုစေကာမူ...

ဤ "ကမ္ဘာလောက ဟူသည် ငါသာလျှင်တည်း" ဟူသော နည်းလမ်းသည် အချိန်ကိုက် ရောက်ရှိလာသည့် အကူအညီပင် ဖြစ်ပေသည်။ အားနည်းချက်များကို နောင်တွင်မှ ဖြည်းညှင်းစွာ ဖြေရှင်း၍ ရနိုင်ပေသည်။ ယခု အရေးကြီးသည်မှာ 'တောင်နှင့် ပင်လယ် နယ်မြေ' ၏ ကျူးကျော်မှုကို ကာကွယ်ရန်ပင် ဖြစ်သည်။

နင်ချီ အညောင်းဆန့်ရင်း ပြုံးလိုက်၏။

"ဒီတစ်ခေါက် ရလိုက်တာတွေက တကယ် မနည်းပါလား။ ကဲ... ပြန်ထွက်ပြီး စီနီယာ လိပ်အိုကြီးကို သတင်းကောင်း သွားပြောလိုက်ဦးမှ။ ကြာနေရင် စိတ်ပူနေရှာတော့မယ်"

သူက ကြယ်ရောင်တွေ လင်းလက်နေသည့် အမွေအနှစ် နယ်မြေကြီးကို နောက်ဆုံးတစ်ခေါက် လှည့်ကြည့်လိုက်၏။

‘နောက်မှ အေးဆေး လာကြည့်တော့မယ်။’

...

ခန်းမဆောင်ကြီး၏ အပြင်ဘက်တွင်...

စီနီယာ လိပ်အိုကြီး ခမျာ မနေနိုင် မထိုင်နိုင် ဖြစ်နေရှာသည်။

နင်ချီ ဝင်သွားကတည်းက ရွှေရောင် တံခါးပေါက်ကြီးက ဘာမှ မတုံ့ပြန်တော့ပေ။ အထဲမှာ ဘာဖြစ်နေလဲ ဆိုတာ သူ လုံးဝ မသိရ။

ယခင်တုန်းက ပါရမီရှင်တွေ ဝင်သွားတုန်းကဆိုရင် တံခါးပေါက်က တုန့်ပြန်မှု မြန်သည်။

ယခုကျတော့... ထူးဆန်းနေသလိုပင်။

"ရလဒ်ကောင်း ထွက်လာဖို့ မျှော်လင့်ပါတယ်ကွာ။ နင်ချီ့ရဲ့ ပါရမီနဲ့ ဉာဏ်အလင်း ဆိုရင် ဒီလောက် မြန်မြန် ပြီးသွားစရာ အကြောင်း မရှိပါဘူး။ တုန့်ပြန်မှု မရှိတာက လက္ခဏာကောင်း ဖြစ်မှာပါ"

လိပ်အိုကြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်နေမိသည်။ နှစ်ပေါင်း သောင်းချီပြီး တည်ငြိမ်ခဲ့သော နှလုံးသားက အခုမှ စိတ်လှုပ်ရှားနေရသည်။

သူက အစစ်အမှန်သိုင်း ခန်းမဆောင်၏ မီးရှူးတန်ဆောင် ဆက်ခံသူ ဖြစ်သော်ငြား၊ အခုချိန်မှာတော့ ဘာအာရုံခံစားမှုမှ မရတော့ပေ။

မည်သည့်အချိန်တုန်းက ရောက်လာကြမှန်း မသိရ...။

ခန်းမဆောင် အပြင်ဘက်မှ နောက်ထပ် ပုံရိပ်အချို့ ဝင်ရောက်လာကြသည်။ သူတို့က ဝိညာဉ်သားရဲတွေပင်။

"အင်မော်တယ် ကြိုးကြာဖြူ"၊ "ကျောက်စိမ်းမျက်လုံး ရွှေခြင်္သေ့" ၊ "မိုးကြိုး နဂါးပျံ" ၊"ဝိညာဉ်ရတနာ ကြွက်ကလေး" ... စုစုပေါင်း ဆယ်ကောင် မပြည့်ပေသော်ငြား၊ သူတို့၏ အရှိန်အဝါတွေက အားကောင်းလွန်းလှသည်။

"ပဉ္စမအဆင့် သိုင်းသူတော်စင်" အဆင့်တွေချည်း ဖြစ်ကြသည်။ သူတို့မျက်လုံးတွေထဲမှာ လွတ်လပ်မှုကို တောင့်တသည့် ဆန္ဒတွေ ပြည့်နှက်နေလေ၏။

လိပ်အိုကြီးက မီးရှူးတန်ဆောင် ဆက်ခံသူမို့ အပြင်လောကကို ထွက်သွား၍ ရသော်လည်း ၊သူတို့ကတော့ ခန်းမဆောင် ပတ်ဝန်းကျင်မှာသာ နေရခြင်းပါလေ။

ကြိုးကြာဖြူ၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။

"လိပ်ကြီး... ဒီကောင်လေး အောင်မြင်ပါ့မလား"

မျှော်လင့်ချက် အပြည့်နှင့် မျက်လုံးတွေက လိပ်အိုကြီးဆီ ရောက်လာကြသည်။

အဖြေကောင်း တစ်ခုကို လိုချင်နေကြပါ၏။

လိပ်အိုကြီးက ခေါင်းခါရင်း လေးလေးနက်နက် ပြောလိုက်၏။

"စိတ်ရှည်ရှည်ထားပြီး စောင့်ကြပါ"

စကားဆုံးသည်နှင့်၊ တပြိုင်နက်...

အကြာကြီး ငြိမ်သက်နေသည့် ရွှေရောင် တံခါးပေါက်ကြီးက ရုတ်တရက် တောက်ပသော အလင်းရောင်တွေ ဖြာထွက်လာတော့သည်။

ဝိညာဉ်သားရဲတွေ အားလုံး လန့်ဖျပ်သွားကြပြီး လှမ်းကြည့်လိုက်ကြရာ... ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ လမ်းလျှောက် ထွက်လာတာကို တွေ့လိုက်ရသည်။ နင်ချီ မှတပါး အခြားသူ မဖြစ်နိုင်။

လိပ်အိုကြီး စကားစဖို့ ပြင်လိုက်တုန်းမှာပဲ... နင်ချီ့ဆီမှာ ပါလာသော အမှတ်အသား တစ်ခုကို အာရုံခံမိလိုက်သည်။ သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး အိုမင်းနေသော မျက်နှာ တုန်ရီသွားတော့သည်။

"တာဝန် ပြီးဆုံးပါပြီ..."

နင်ချီ စကားတောင် မဆုံးသေး..၊

ဝိညာဉ်သားရဲ တစ်သိုက်လုံး ပြိုင်တူ ဒူးထောက်ချလိုက်ကြပြီး လေးစားခြင်း၊ အားကိုးခြင်း အပြည့်ပါသော မျက်လုံးများဖြင့် ကြွေးကြော်လိုက်ကြလေ၏။

"အစစ်အမှန်သိုင်း ခန်းမဆောင် သခင်ကြီးကို ဂါရဝပြုပါတယ်”

အခန်း (၄၁၉) - ပဉ္စမအဆင့် သို့ ချိုးဖြတ် ဝင်ရောက်ခြင်း

~နင်ချီ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

ဝိညာဉ်သားရဲတွေ အကုန်လုံးက သူ့ကို အရမ်း ရိုသေလေးစားနေကြသည်။ အထူးသဖြင့် စီနီယာ လိပ်အိုကြီး။

အသက်အရွယ် ကြီးရင့်နေသည့် အပြင် ဂုဏ်သရေလည်း ရှိလှတဲ့ ဤစီနီယာက ဒူးထောက်နေတာ မြင်ရတော့ သူ နေရခက်သွားသည်။

သူက လိပ်အိုကြီးကို အမြန် တွဲထူလိုက်၏။

"စီနီယာ... ဒီလို မလုပ်ပါနဲ့ဗျာ"

သို့သော် လိပ်အိုကြီးက ခေါင်းမာလိုက်လေခြင်း။

မတ်တတ်မရပ်ဘဲ ခါးကို ကိုင်းထားဆဲ။

"ခန်းမဆောင် သခင်ကြီး... ကျင့်ဝတ်စည်းကမ်း ဆိုတာ ဖောက်ဖျက်လို့ မရပါဘူး။ အခု သခင်ကြီးက စမ်းသပ်မှုတွေကို အောင်မြင်ပြီး အစစ်အမှန်သိုင်း ခန်းမဆောင်ရဲ့ ပိုင်ရှင် ဖြစ်လာပြီလေ။ ကျွန်တော်တို့ရဲ့ တာဝန်က အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းကို ပြန်လည် တည်ထောင်ရာမှာ သခင်ကြီးကို ကူညီပေးဖို့ပါပဲ"

လိပ်အိုကြီး၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုများအပြင် တုန်လှုပ်အံ့သြမှုများပါ ရောယှက်နေလေ၏။

သူ့စိတ်ထဲမှာတော့ နင်ချီ စမ်းသပ်မှုကို အောင်မြင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့၏။ အဆင့်မြင့်မြင့် ရမည် ဟူ၍လည်း မှန်းထားခဲ့သည်။

သို့တိုင်၊ ခန်းမဆောင်ကြီး တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ခွင့် ရလိမ့်မည် ဟူ၍တော့ အိပ်မက်တောင် မမက်ရဲခဲ့ပေ။ နင်ချီ ရွှေရောင် တံခါးပေါက်မှ ပြန်ထွက်လာသော အချိန်မှာပဲ သူ့ကိုယ်ပေါ်က ထူးခြားသည့် အမှတ်အသားကို သူ အာရုံခံလိုက်မိခဲ့သည်။

၎င်းအမှတ်အသားက သူတို့ မီးရှူးတန်ဆောင် ဆက်ခံသူတွေမှာ မရှိနိုင်သော အရာတည်း။

ခဏလောက်တော့...

လိပ်အိုကြီး ဘာပြောရမှန်း မသိအောင် ဖြစ်သွားရရှာသည်။

သူ့မျှော်လင့်ချက်တွေ အကုန် ပြည့်သွားသလိုမျိုး။ မူလက သူ မျှော်လင့်ခဲ့သည်က နင်ချီ့ အနေနှင့် အမွေအနှစ်ထဲက အသုံးဝင်မယ့် ပစ္စည်းတချို့ ရလာပြီး သိုင်းကမ္ဘာ၏ အကြပ်အတည်းကို ကူညီဖြေရှင်းပေးဖို့လောက်ပါပင်။ အခုတော့... ခေါင်းဆောင်ကြီး ကိုယ်တိုင် ရောက်လာသလို ဖြစ်နေလေပြီ။

ကျန်သည့် ဝိညာဉ်သားရဲတွေကတော့ ပိုလို့တောင် ပျော်ရွှင်နေကြသေးသည်။

နင်ချီ ခန်းမဆောင် သခင် ဖြစ်လာပြီ ဆိုတော့... သူတို့လည်း ဒီကျဉ်းမြောင်းသည့် နေရာလေးထဲမှာ ပိတ်လှောင်ခံထားရသော ဘဝမှ လွတ်မြောက်ခွင့် ရတော့မည်လေ။ လွတ်လပ်မှု အရသာကို ခံစားရတော့မည်။

လိပ်အိုကြီးက သဘောထား တင်းမာလွန်းနေသဖြင့် နင်ချီလည်း ဆက်ပြီး ငြင်းမနေတော့ပေ။

သူက ဝိညာဉ်သားရဲတွေကို ပြုံးပြလိုက်သည်။

"အားလုံးပဲ ပြန်နားလို့ ရပါပြီ။ အချိန်တန်ရင် အားလုံးကို လွတ်လပ်ခွင့် ပေးပါ့မယ်"

သူ့အကြည့်တွေက ဝိညာဉ်သားရဲတွေအပေါ် ဖြတ်သန်းသွားသည်။

မည်သူမျှ အားမနည်းကြပါ။ အားလုံးက "ပဉ္စမအဆင့် သိုင်းသူတော်စင်" တွေနှင့် တန်းတူ စွမ်းအားတွေ ရှိနေကြသည်။ ဒါက အင်အားစု အသစ်တစ်ခု ဖြစ်ပါ၏။

ပြီးတော့ ဒါက ထိုသားရဲတို့၏ အကန့်အသတ်ပင် မဟုတ်သေး။ နောင်ကျလို့ ကမ္ဘာကြီး အဆင့်မြင့်လာလျှင် သူတို့လည်း ပိုပြီး စွမ်းအားကြီးလာဦးမည်ပင်။

ဝိညာဉ်သားရဲများက တညီတညွတ်တည်း ပြန်ဖြေကြ၏။

"ခန်းမဆောင် သခင်ကြီးရဲ့ အမိန့်အတိုင်းပါ”

မကြာမီ...၊

ခန်းမဆောင် အပြင်ဘက်တွင် တိတ်ဆိတ်သွားလေ၏။ နင်ချီနှင့် လိပ်အိုကြီး နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

လိပ်အိုကြီးက သက်ပြင်းချလိုက်သည်။

"ကောင်းကင်ဘုံက အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းကို မစွန့်ပစ်သေးဘူး ထင်ပါရဲ့ဗျာ။ ဒီလို မဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာ သခင်ကြီးလို ပြိုင်ဘက်ကင်း ပါရမီရှင်ကို စေလွှတ်ပေးလိုက်တာ... တကယ့် ကံကောင်းခြင်းပါပဲ"

နင်ချီက လက်ကာပြရင်း ရယ်မောလိုက်သည်။

"ကံကောင်းတာ သက်သက်ပါဗျာ... ဒါနဲ့ စီနီယာ လိပ်အိုကြီးကို မေးစရာ ရှိလို့.."

လိပ်အိုကြီးက ချက်ချင်း တည်ငြိမ်သွားပြီး လေးစားစွာ ပြန်ပြော၏။

"မေးပါ သခင်ကြီး"

"သိုင်းကမ္ဘာရဲ့ 'ကမ္ဘာ့ဆန္ဒ' က ဘယ်နားမှာ ရှိတာလဲဗျ"

နင်ချီက မေးခွန်းထုတ်လိုက်သည်။

အစစ်အမှန်သိုင်း ဘိုးဘေးရဲ့ "အထွတ်အထိပ် ဓမ္မနည်းလမ်း" ကို ရရှိထားပြီးပြီ ဆိုတော့... သူ ဒီလမ်းစဉ်ကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ထားပြီးသား။ အပြည့်အဝ နားမလည်သေးသော်လည်း၊ ကြိုတင် ပြင်ဆင်ထားချင်သည်။

လိပ်အိုကြီးက အများကြီး မမေးမြန်းဘဲ လက်ညှိုးကို အပေါ်သို့ ထိုးပြလိုက်လေ၏။

"ကောင်းကင်ဘုံ အထက်မှာလား"

နင်ချီ မအံ့သြမိ။ တကယ်တော့ သူ ရိပ်မိပြီးသားပါ။

"မိုးကြိုးမုန်တိုင်း တားမြစ်နယ်မြေ" အတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက် စူးစမ်းဖူးကတည်းက သူ သံသယ ဝင်နေခဲ့ပါ၏။

ယခုတော့ အတည်ပြုလိုက်နိုင်လေပြီ။

"ဟုတ်ပါတယ်... ဒါပေမဲ့ အခုလောလောဆယ် ကောင်းကင်ဘုံ အထက်မှာ မိုးကြိုးမုန်တိုင်း တားမြစ်နယ်မြေက ပိတ်ဆို့ထားတယ်။ 'နတ်ဘုရား စွမ်းအား နယ်ပယ်' အဆင့် ရှိတဲ့ ကျွမ်းကျင်သူတွေမှသာ ဖြတ်သန်းနိုင်မှာပါ။ ကမ္ဘာ့ဆန္ဒ အပြည့်အဝ နိုးထလာပြီး တားမြစ်နယ်မြေရဲ့ စွမ်းအားတွေ လျော့ကျသွားမယ့် အချိန်ကို စောင့်ရဦးမယ်။ အဲဒီကျမှ ' တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ် ' အဆင့် ရှိတဲ့ ကျွမ်းကျင်သူ အချို့က ‘သိုင်းသူတော်စင် ညီလာခံ’ ခေါ်ယူပြီး ကမ္ဘာ့ဆန္ဒကို ဝိုင်းဝန်း နှိုးဆွကြမှာပါ"

နင်ချီ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

လိပ်အိုကြီး စကားထဲမှာ အရေးကြီးသော အချက်အလက်တွေ အများကြီး ပါနေလေ၏။

"နတ်ဘုရား စွမ်းအား နယ်ပယ် အဆင့် ရှိမှ ဖြတ်သန်းလို့ ရမယ် ဟုတ်လား"

နင်ချီ တွေးလိုက်သည်။

‘အခုချိန်မှာ ငါက 'ကောင်းကင်သတ် သိုင်းသူတော်စင်' နဲ့ ယှဉ်နိုင်နေပြီ။ တကယ်လို့များ ငါသာ 'ပဉ္စမအဆင့် သိုင်းသူတော်စင်' အဆင့်ကို ရောက်သွားမယ်၊ ဒါမှမဟုတ် 'ဓာတ်ကြီးငါးပါး ပြည့်ဝခြင်း' အဆင့် ရောက်သွားမယ် ဆိုရင်... နတ်ဘုရား စွမ်းအား နယ်ပယ် အဆင့်ကို ရောက်ဖို့ မခဲယဉ်းလောက်ဘူး။ အဲဒီကျရင် တားမြစ်နယ်မြေ အားလျော့တာကို ထိုင်စောင့်နေစရာ မလိုတော့ဘူးပေါ့။ ငါ့ဖာသာ တက်သွားပြီး ကမ္ဘာ့ဆန္ဒနဲ့ ဆက်သွယ်လို့ ရပြီ။’

စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်သော်လည်း၊ နှုတ်ကတော့ ဘာမှ မပြောဘဲ ဆက်နားထောင်နေလိုက်သည်။

လိပ်အိုကြီးက ဆက်ရှင်းပြသည်။

"ပထမအကြိမ် 'တောင်နှင့် ပင်လယ် နယ်မြေ' ကျူးကျော်လာတုန်းက ကမ္ဘာ့ဆန္ဒ နိုးထခဲ့ဖူးတယ်။ အဲဒီတုန်းက ကျုပ်တို့ လူအိုကြီး တချို့က ကမ္ဘာ့ဆန္ဒရဲ့ မျက်နှာသာပေးမှုကို ရယူနိုင်ခဲ့ပြီး 'နတ်ဘုရား စွမ်းအား နယ်ပယ် ဝက်' အဆင့်ကို ရောက်ခဲ့ကြတယ်။ ဆိုလိုတာက... နတ်ဘုရား နည်းစနစ် တစ်ခုကို ပိုင်နိုင်ထားပေမဲ့၊ ကိုယ်ပိုင် 'ဒန်တျန် ကမ္ဘာ'ကို မဖွင့်လှစ်နိုင်သေးလို့ ဝိညာဉ်စွမ်းအားကို ဆက်ပြီး မမြှင့်တင်နိုင်ကြတာပါ"

"အဲဒီနောက်ပိုင်း ကျုပ်တို့ ဒီစီမံကိန်းကို ချမှတ်ခဲ့တာ။ အခု 'ဝိညာဉ်စွမ်းအား နိုးထခြင်း' ကို အသုံးပြုပြီး ကမ္ဘာ့ဆန္ဒကို အထွတ်အထိပ် ရောက်အောင် ပြန်လုပ်မယ်။ ပြီးရင် သူ့ရဲ့ အကူအညီနဲ့ 'နတ်ဘုရား စွမ်းအား နယ်ပယ်' အစစ်အမှန်ကို ချိုးဖျက် ဝင်ရောက်ကြမယ်။ အဲဒီအခါကျရင် ကျုပ်တို့ဘက်မှာ နတ်ဘုရား စွမ်းအား နယ်ပယ် အဆင့် ကျွမ်းကျင်သူ အနည်းငယ် ရှိလာမယ်။ သိုင်းသူတော်စင်တွေ အားလုံးလည်း ကမ္ဘာ့စွမ်းအားနဲ့ အဆင့်မြှင့်တင်ခံရမယ်။ ဟိုဘက်က ကျူးကျော်သူတွေရဲ့ အမြင့်ဆုံး အဆင့်က သိုင်းသူတော်စင် အဆင့်လောက်ပဲ ရှိတာဆိုတော့... ကျုပ်တို့မှာ ပြန်တိုက်နိုင်မယ့် အခွင့်အရေး ရှိလာပြီပေါ့"

နင်ချီ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

ဒါက လက်တွေ့ကျသည့် လမ်းစဉ် တစ်ခုပါပဲ။

သူတို့ အနေနှင့် ရွေးချယ်နိုင်သော အကောင်းဆုံး လမ်းစဉ်ဟု ပြော၍ ရပါသည်။

အောင်မြင်ဖို့လည်း နီးစပ်နေပါပြီ။

သို့သော်... သူ ရောက်လာပြီ ဆိုတော့... ပိုပြီး သေချာသည့်၊ ပိုပြီး အောင်မြင်နိုင်ချေ ရှိသော လမ်းစဉ်ကို ရွေးရမည်ပေါ့။

"သဘောပေါက်ပါပြီ"

နင်ချီက စပ်စုချင်စိတ်ဖြင့် မေးလိုက်ပြန်သည်။

"လက်ရှိ သိုင်းကမ္ဘာမှာ တစ်ဝက် 'နတ်ဘုရား စွမ်းအား နယ်ပယ်' အဆင့် ရှိနေတဲ့သူတွေက ဘယ်သူတွေလဲဗျ"

သူတို့က သိုင်းကမ္ဘာ၏ အထွတ်အထိပ် ခေါင်းဆောင်များ ဖြစ်ကြသည် မဟုတ်ပါလော။

သိထားတာ မမှားပါ။

လိပ်အိုကြီးက ခဏလောက် စဉ်းစားပြီး ဖြေလေ၏။

"ကျုပ်ရယ်၊ ဟို ကောင်းကင်သတ် အဖိုးကြီးရယ်၊ လီယန်ဝူ ရယ် ပါမယ်။ ပြီးတော့ နောက်ထပ် လူအိုကြီး နှစ်ယောက် ရှိသေးတယ်။ တစ်ယောက်က 'သွေးမည်း မိစ္ဆာ ဘုရင်' ၊ နောက်တစ်ယောက်က 'တောင်ပင်လယ် ဘုန်းတော်ကြီး' ပေါ့ဗျာ၊ ဒီနှစ်ယောက်ကတော့ နည်းနည်း ထူးဆန်းတယ်။ ဟို မိစ္ဆာကောင်က စိတ်မြန်လက်မြန် လုပ်တတ်တယ်။ ဘုန်းတော်ကြီးကတော့ ပင်လယ်နက်ထဲမှာပဲ နေပြီး လူမြင်ကွင်း ထွက်ခဲပါတယ်"

နင်ချီ မှတ်သားထားလိုက်သည်။

ယခုလို တွက်ကြည့်မယ် ဆိုလျှင်တော့... သူ၏ လက်ရှိ တိုက်ခိုက်စွမ်းရည်က ကမ္ဘာ့ ထိပ်တန်း (၆) ယောက် စာရင်းဝင်နေပြီ ဖြစ်၏။ အတိအကျ ဘယ်အဆင့်လဲ ဆိုတာတော့ မပြောတတ်သေးပါ။ သေရေးရှင်ရေး တိုက်ပွဲ မနွှဲဖူးသေး၍လေ။

သို့ရာတွင်၊ သူ၏ "ဓာတ်ကြီးငါးပါး နတ်ဘုရား ဓားချီ" နှင့် "ဓားအခင်းအကျင်း" ကိုတော့ နင်ချီ အတော်လေး ယုံကြည်မှု ရှိပါသည်။

နောက်ထပ် သူ သိချင်နေသော မေးခွန်းတစ်ခုကို မေးလိုက်ပြန်သည်။

"သိုင်းကမ္ဘာက သိုင်းသူတော်စင်တွေ ဆိုတာ ဝိညာဉ်နယ်မြေရဲ့ 'မှော်နယ်ပယ်' အဆင့်လောက်ပဲ ရှိသေးတာလေ။ ဒီလောက် နိမ့်ကျတဲ့ အဆင့်နဲ့ ဘယ်လိုလုပ်ပြီး အကြိမ်ကြိမ် ဝင်စား နိုင်ကြတာလဲဗျ"

အစစ်အမှန်သိုင်း အမွေအနှစ်တွေထဲမှာ သူ ဖတ်ဖူးတာက... ဝိညာဉ်နယ်မြေမှာတောင် အနည်းဆုံး "မူလဝိညာဉ် နယ်ပယ်" ရောက်မှ "မူလဝိညာဉ် ထွက်ခွာခြင်း" လုပ်ပြီး သူများခန္ဓာကိုယ်ကို ဝင်ပူးတာတို့၊ ဝင်စားတာတို့ လုပ်နိုင်သည် ဟူ၍။

သိုင်းကမ္ဘာမှာကျတော့ မှော်နယ်ပယ် အဆင့်လေးတွေက ဝင်စားနိုင်နေကြသည်လား။ ဒါက ထူးဆန်းလွန်း၏။

ထိုအခါ၊လိပ်အိုကြီးက ထပ်မံ ရှင်းပြလေ၏။

"အဲဒါကလည်း ဟိုတုန်းက ကမ္ဘာ့ဆန္ဒ နိုးထခဲ့တာနဲ့ ဆက်စပ်နေတာပါပဲ၊ သခင်.. အဲဒီနောက်ပိုင်းမှာ ထူးခြားတဲ့ ကမ္ဘာ့စွမ်းအား တချို့ ကျန်ရစ်ခဲ့ပြီး သိုင်းသူတော်စင်တွေနဲ့ ပေါင်းစပ်သွားတာလေ။ အဲဒီစွမ်းအားက သူတို့ရဲ့ ဝိညာဉ်အာရုံကို နည်းနည်း ပြောင်းလဲပေးလိုက်တယ်။ ဒါကြောင့် ဝင်စားလို့ ရသွားတာ။ ဒါပေမဲ့... ဒီဖြစ်စဉ်က ပြီးပြည့်စုံတာတော့ မဟုတ်ပါဘူး”

အခန်း (၄၂၀) - ပဉ္စမအဆင့် သို့ ချိုးဖြတ် ဝင်ရောက်ခြင်း (၂)

~"ပထမအချက်က... ဒီဝင်စားခြင်း ဖြစ်စဉ်ဟာ သိုင်းကမ္ဘာထဲမှာပဲ ဖြစ်ပျက်နိုင်တာပါ။ ဒုတိယအချက်ကတော့... ဝင်စားလိုက်တိုင်းမှာ အရင်ဘဝက မှတ်ဉာဏ်တွေ ပြန်နိုးထလာပြီး ပေါင်းစပ်သွားတတ်တယ်။ အကြိမ်ကြိမ် ဝင်စားပြီးတဲ့ နောက်ပိုင်းကျတော့... လက်ရှိလူက မူလ ပထမလူ ဟုတ်သေးရဲ့လား ဆိုတာ မသေချာတော့ဘူး။ အခု တွေ့နေရတဲ့ 'ရှေးဟောင်း သူတော်စင်'တွေဟာ သူတို့ရဲ့ ဟိုအရင်က ဘွဲ့ထူးတွေကို ဆက်ခံထားကြတာ မှန်ပေမဲ့၊ သူတို့ဟာ အရင်လူတွေ ဟုတ်ချင်မှ ဟုတ်တော့မှာပါ"

လိပ်အိုကြီးက သူ့ စကားအဆုံးမှာ၊ သက်ပြင်းချလိုက်သည်။

နင်ချီ သဘောပေါက်သွားရသည်။

"မူလဝိညာဉ် နယ်ပယ်" က "အစစ်အမှန် ဧကရာဇ်" တွေ သူများခန္ဓာကိုယ် ဝင်ပူးတာက လုံးဝ ဥသုံ ဝင်ပူးတာလေ။ ခန္ဓာကိုယ် ပိုင်ရှင်ရဲ့ အသိစိတ်က ဧည့်သည်ရဲ့ အသိစိတ်ကို လွှမ်းမိုးလို့ မရဘူး။ အဲဒီနည်းလမ်းက ပိုကောင်းတာပေါ့။ နင်ချီကတော့ ဒီသိုင်းကမ္ဘာက လူတွေလို ဝင်စားရတာမျိုး မလိုချင်ပါဘူး။ နောက်ဆုံးကျတော့ ငါဟာ ငါ ဟုတ်သေးရဲ့လား ဆိုတာတောင် မသေချာတော့တဲ့ ဘဝမျိုးက ဘာအဓိပ္ပာယ် ရှိမှာလဲ။

"ဝင်စားတဲ့ နည်းလမ်းအပြင် ကမ္ဘာလောကကို ရှောင်တိမ်းဖို့ တခြား ဓမ္မ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဥပမာ... ကိုယ့်ကိုယ်ကို အေးခဲထားတာမျိုး၊ ဒါမှမဟုတ် သွေးမျိုးဆက်ကနေ တဆင့် အမွေဆက်ခံတာမျိုးပေါ့"

ဤနေရာ ရောက်သောအခါ ...

၊ လိပ်အိုကြီးက စကားကို ခဏ ရပ်လိုက်သည်။

"သွေးမျိုးဆက် အမွေဆက်ခံခြင်း နည်းလမ်းက လိုအပ်ချက် အရမ်းမြင့်မားသလို၊ အဲဒီထဲမှာမှ အခွဲတွေ ထပ်ရှိသေးတယ်။ အထင်ရှားဆုံး ပုဂ္ဂိုလ် နှစ်ယောက်ကတော့ 'ကောင်းကင်သတ် သိုင်းသူတော်စင်' နဲ့ 'လီယန်ဝူ' တို့ပါပဲ"

နင်ချီ စိတ်ဝင်စားသွားသည်။

လက်ရှိ သိုင်းကမ္ဘာရဲ့ " တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ်" အဆင့်ရှိသည့် ထိပ်သီး နှစ်ယောက် အကြောင်း မဟုတ်ပါလော။

လိပ်အိုကြီးက ဆက်ရှင်းပြ၏။

"ကောင်းကင်သတ် သိုင်းသူတော်စင် ဆိုတာ ဝမ်းနည်းစရာ ကောင်းတဲ့ ဇာတ်ကောင် တစ်ယောက်ပါ။ သူ့ရဲ့ အထွတ်အထိပ် အချိန်တုန်းက သိုင်းကမ္ဘာရဲ့ အသန်မာဆုံးလို့ အသိအမှတ်ပြုခံခဲ့ရပေမဲ့၊ သူက ဝင်စားဖို့ ဆန္ဒ မရှိခဲ့ဘူး။ အဲဒီတုန်းက သူတော်စင်တွေ စီမံကိန်း ချပြီးတဲ့နောက် စောင့်ကြည့်ထိန်းသိမ်းမယ့်သူ တစ်ယောက် လိုအပ်လာတော့... ဒီတာဝန်က သူ့ပခုံးပေါ် ကျရောက်လာတာပေါ့"

"လက်ရှိ ကောင်းကင်သတ် သိုင်းသူတော်စင်က ဘွဲ့ထူးကို ဆက်ခံထားရုံပဲ ရှိတာပါ။ မူလ ပထမ ကောင်းကင်သတ် သိုင်းသူတော်စင် မဟုတ်တော့ဘူး။ ဟိုတုန်းက သူ ရွေးချယ်ခဲ့တဲ့ လမ်းစဉ်က... သူ့ရဲ့ စွမ်းအားတွေကို သွေးမျိုးဆက်ကနေတဆင့် လက်ဆင့်ကမ်း ပေးသွားမယ်၊ ဒါပေမဲ့ သူ့ရဲ့ အသိစိတ်ကိုတော့ စွန့်လွှတ်လိုက်မယ်... ဆိုတဲ့ လမ်းစဉ်ပါပဲ"

စီနီယာ၏ စကားကို နားထောင်ရင်း၊နင်ချီ မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်၏။

"ဆိုလိုတာက... စွမ်းအားကိုပဲ လက်ဆင့်ကမ်းပြီး၊ မှတ်ဉာဏ်တွေကို လက်ဆင့်မကမ်းဘူးပေါ့"

လိပ်အိုကြီး ခေါင်းညိတ်သည်။

"မှန်ပါတယ်... မျိုးဆက် တစ်ခုပြီး တစ်ခု၊ ကောင်းကင်သတ် သိုင်းသူတော်စင်တွေက အဲဒီလိုပဲ ဖြစ်တည်လာကြတာ။ ခုနက ကျုပ် ပြောခဲ့သလို သူက ဝမ်းနည်းစရာ ကောင်းတဲ့ ဇာတ်ကောင်ပါလို့ ပြောတာထက်၊ ကောင်းကင်သတ် မျိုးဆက် တစ်ခုလုံးက ဝမ်းနည်းစရာ ကောင်းတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်"

"အသက်အဆိပ် တွေ ပြည့်နှက်နေတဲ့ အောက်မှာ ဒီလောက် ကြီးမားတဲ့ စွမ်းအားတွေကို လက်ဆင့်ကမ်းရတာ ဘယ်လိုလုပ် ဘေးထွက်ဆိုးကျိုး မရှိဘဲ နေမှာလဲဗျာ။ ကောင်းကင်သတ် မျိုးဆက် ဆိုတာ မျိုးဆက်တိုင်းမှာ တစ်ယောက်တည်းပဲ ထွန်းကားတာပါ။ သူတို့တွေ သိုင်းသူတော်စင် အဖြစ် လောကမှာ ကျင်လည်နိုင်ကြပေမဲ့... ပေးဆပ်ရတဲ့ တန်ဖိုးကတော့ ကြီးမားလွန်းပါတယ်။ သူတို့က ကောင်းကင်ကိုရော၊ မြေကြီးကိုရော၊ ကိုယ့်ကိုယ်ကိုပါ အနိုင်ယူ ကျော်ဖြတ်ရတာလေ။ ကောင်းကင်သတ် မျိုးဆက်တိုင်းဟာ မွေးဖွားလာကတည်းက မိခင်ကို ဆုံးရှုံးရတယ်၊ မွေးရာပါ မျက်စိကွယ်ကြတယ်၊ ပြီးတော့ တကောင်ကြွက် ဘဝနဲ့ပဲ အထီးကျန်စွာ ရှင်သန်ကြရတယ်"

လိပ်အိုကြီး၏ မျက်လုံးများထဲတွင် လေးစားမှု အရိပ်အယောင်များ ပေါ်လွင်နေသည်။

သူတော်စင်များ၏ သဘောတူညီချက် စီမံကိန်းကြီး အောင်မြင်ဖို့အတွက် ဒီမျိုးဆက်က အများကြီး ပံ့ပိုးပေးခဲ့သည်လေ။ အခက်အခဲ များစွာကို သူတို့ပင် ဖြေရှင်းပေးခဲ့ကြခြင်း ဖြစ်ပါသည်။

နင်ချီလည်း သက်ပြင်းချလိုက်မိသည်။

‘သိုင်းကမ္ဘာရဲ့ ကံကြမ္မာအတွက် ဒီမျိုးဆက်က တော်တော်လေး ပေးဆပ်ခဲ့ရပါလား။’

"နောက်တစ်ယောက်ကတော့ လီယန်ဝူ... သူက ကောင်းကင်သတ် သိုင်းသူတော်စင်နဲ့ ဆန့်ကျင်ဘက်ပဲ။ သူက စွမ်းအားတင် မကဘူး၊ သူ့ရဲ့ 'ကိုယ်ပိုင် အသိစိတ်' ကိုပါ ထိန်းသိမ်းထားချင်တာ။ ဒါမှ အသုံးဝင်ဆုံး နည်းလမ်းလို့ သူ ယုံကြည်ထားတာကိုး"

"သူ့ရဲ့ နည်းလမ်းကတော့... မျိုးဆက်တိုင်းမှာ သူ့နဲ့ အကိုက်ညီဆုံး သားမြေး တစ်ယောက်ကို ရွေးချယ်တယ်၊ ပြီးရင် သူ့ရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေရော၊ အသိစိတ်တွေရော အကုန်လုံးကို အဲဒီ သားမြေးဆီ လွှဲပြောင်းပေးလိုက်တယ်။ ခန္ဓာကိုယ်တွေ လဲလှယ်ပြီး အသက်အဆိပ်ရဲ့ တိုက်စားမှုကို ရှောင်တိမ်းတာပေါ့။ သူကလည်း သိုင်းသူတော်စင် စွမ်းအားကို သယ်ဆောင်ထားပြီး နောက်ပိုင်းမှာ 'မဟာယန် မင်းဆက်' ကို တည်ထောင်ခဲ့တယ်"

"သူ့ရဲ့ မူလ နာမည်ရင်းက လီယန်ဝူ မဟုတ်ပါဘူး။ ခန့်မှန်းရသလောက်... ဒီတစ်ခေါက် သူ ပြောင်းယူလိုက်တဲ့ ခန္ဓာကိုယ်က မဟာယန် မင်းဆက်ရဲ့ 'မီးလျှံသိုင်း စစ်သူကြီးချုပ် လီယန်ဝူ' ဖြစ်လိမ့်မယ်။ အကြောင်း တစ်စုံတစ်ရာကြောင့် သူ့နာမည်ကို လီယန်ဝူ လို့ ပြောင်းလိုက်တာ ဖြစ်မယ်"

လိပ်အိုကြီးက လူသိနည်းလှသော သိုင်းကမ္ဘာ့ လျှို့ဝှက်ချက်များကို တစ်ခုချင်း ပြောပြနေလေ၏။

နင်ချီ အံ့သြသွားရသည်။

သို့သော်၊ သူတို့ ရွေးချယ်မှုတွေ မှန်သည်၊ မှားသည် ဆိုတာကိုတော့ နင်ချီ ဝေဖန်မနေချင်ပါ။

သူတို့အားလုံးက ထူးချွန်သော

ပါရမီရှင်တွေချည်းပါပင်။

အကယ်၍၊ ဝိညာဉ်နယ်မြေကိုသာ တက်လှမ်းနိုင်ခဲ့လျှင် သူတို့ သေချာပေါက် စွမ်းအားကြီးသော ပုဂ္ဂိုလ်တွေ ဖြစ်လာကြမည်။

အထူးသဖြင့် ယခုလို အခြေအနေမျိုးမှာ သူတို့ရဲ့ အလားအလာများက အဆုံးအစမရှိ ပိုမို ကြီးမားလာနေလေ၏။ နောက်ဆုံးအထိ တောင့်ခံနိုင်မည် ဆိုလျှင် အနာဂတ်မှာ ထိပ်သီးတွေ ဖြစ်လာဖို့ သေချာသလောက် ရှိသည်။

လိပ်အိုကြီး၏ မျက်ဝန်းများက နက်ရှိုင်းနေပြီး အတိတ်ကို ပြန်လည် တမ်းတနေသယောင်။

"အဲဒီ ခေတ်ကာလတုန်းက တကယ်ကို ခမ်းနားကြီးကျယ်ပြီး လှုပ်ရှားရုန်းကန်မှုတွေ ပြည့်နှက်နေခဲ့တာဗျ။ ပါရမီရှင်တွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာကြတယ်... အားလုံးက သိုင်းကမ္ဘာရဲ့ အနာဂတ်အတွက် တညီတညွတ်တည်း ကြိုးပမ်းခဲ့ကြတာ။ ဒါပေမဲ့ အချိန်တွေ အကြာကြီး ဖြတ်သန်းပြီးတဲ့နောက်မှာတော့... ဘယ်နှယောက်က သူတို့ရဲ့ မူလ ရည်ရွယ်ချက်ကို ထိန်းသိမ်းထားနိုင်ဦးမလဲ ဆိုတာ မသေချာတော့ဘူး"

နင်ချီ့ ရင်ထဲ တစ်ချက် လှာပ်ခါသွားသည်။

"စီနီယာ ဆိုလိုတာက..."

"ဟုတ်တယ်... တချို့လူတွေက သစ္စာဖောက်ပြီးသား ဖြစ်နေလောက်ပြီ။ အသက်ရှင်ရပ်တည်ခွင့် တစ်ခု ရဖို့အတွက် သိုင်းကမ္ဘာကို ရောင်းစားချင်နေကြတဲ့သူတွေ ရှိကောင်းရှိနေလိမ့်မယ်။ ဒါကြောင့်... ခန်းမဆောင် သခင်ကြီး... နောက်ပိုင်း လှုပ်ရှားတဲ့အခါ သတိထားပါ။ သခင်ကြီးမှာ အကြွင်းမဲ့ စွမ်းအား ရှိနေရင်တောင်မှ ထုတ်မပြတာ အကောင်းဆုံးပါပဲ"

လိပ်အိုကြီး၏ မျက်နှာထားက အလွန် လေးနက်နေသည်။ စကားပလ္လင် အကြာကြီး ခင်းပြီးမှ သူ တကယ် ပြောချင်တဲ့ အဓိက အချက်ကို ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

နင်ချီ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် နားလည်ပါပြီ"

ကူနတ်ဘုရားကိစ္စကို နင်ချီ ပြန်သတိရလိုက်သည်။ တစ်ယောက်ယောက်က ကူ နတ်ဘုရားကို စမ်းသပ်ပစ္စည်း အဖြစ် အသုံးချပြီး တစ်ခုခုကို စမ်းသပ်နေခဲ့တာ သေချာ၏။

ထိုစမ်းသပ်မှုထဲမှာ "သွေးမျိုးဆက် အမွေဆက်ခံခြင်း နည်းလမ်း" ၏ သဘောတရားတွေ ပါဝင်နေခဲ့သည်ကို သူ သတိထားမိသည်။

နင်ချီ့ ခေါင်းထဲမှာ နာမည် နှစ်ခု အလိုလို ပေါ်လာသည်။

မီးလျှံသိုင်း စစ်သူကြီးချုပ်နှင့် ကောင်းကင်သတ် သိုင်းသူတော်စင်။

လိပ်အိုကြီး ပြောတာ မှန်လေသည်။

ပဉ္စမအဆင့် သိုင်းသူတော်စင် အဆင့်ကို ရောက်သွားလျှင်တောင်မှ သူ၏ စွမ်းအားကို ထုတ်မပြဘဲ တိတ်တဆိတ် စုဆောင်းထားတာ ပိုကောင်းမည်။

ဒီစကားဝိုင်းမှ နင်ချီ တစ်ယောက် သိုင်းကမ္ဘာ၏ လက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ချေပြီ။

သူ့ရည်မှန်းချက်တွေလည်း ပိုပြီး ပြတ်သားသွားရ၏။

ပဉ္စမအဆင့် ကို အမြန်ဆုံး ရောက်အောင် လုပ်ရမည်။

"ကမ္ဘာလောက ဟူသည် ငါသာလျှင်တည်း" နည်းလမ်းကို ပြီးပြည့်စုံအောင် လုပ်ရမည်။ ပြီးလျှင် "သိုင်းသူတော်စင် ညီလာခံ" မတိုင်မီ "မိုးကြိုးမုန်တိုင်း တားမြစ်နယ်မြေ" ကို ဖြတ်ကျော်ပြီး ကမ္ဘာ့ဆန္ဒနှင့် ဆက်သွယ်နိုင်လျှင် အကောင်းဆုံးတည်း။

အထူးသဖြင့် သိုင်းကမ္ဘာထဲမှာ "အတွင်းလူ" ရှိနေနိုင်ကြောင်း သိလိုက်ရတော့... သူ့စိတ်ထဲမှာ အရေးတကြီး လိုအပ်ချက်က ပိုပြီး ကြီးမားလာသည်။

"ကံကောင်းတာက... အခု ငါ့လက်ထဲမှာ အစစ်အမှန်သိုင်း ခန်းမဆောင်ကြီး ရှိနေပြီ။ ပဉ္စမအဆင့်ကို ရောက်ဖို့အတွက် ကောင်းကင်ဘုံ အထိ တက်သွားစရာ မလိုတော့ဘူး။ ခန်းမဆောင်ကြီးရဲ့ စွမ်းအားနဲ့တင် ငါ့ဝိညာဉ်စွမ်းအား တိုးတက်ဖို့ လုံလောက်နေပြီ။ ပြီးတော့ အချိန် ဆယ်ဆ အရှိန်မြှင့်လို့ ရသေးတယ်လေ"

ဒီအချက်ကို တွေးမိသည်နှင့်..

နင်ချီ ချက်ချင်း ကျင့်ကြံချင်စိတ်တွေ ပေါက်လာတော့သည်။

"စီနီယာ လိပ်အိုကြီး... ကျွန်တော်နဲ့အတူ အစစ်အမှန်သိုင်းတောင်ကို လိုက်ခဲ့မလားဗျ"

လိပ်အိုကြီးက ရယ်မောလိုက်သည်။

"ဒါပေါ့ဗျာ... သခင်ကြီး ရှိတဲ့နေရာမှာ ကျုပ်.. ရှိနေမှာပါ"

နင်ချီ ပြုံးလိုက်သည်။

အချိန် ဆွဲမနေတော့ပါ။

အလျင်အမြန်ပင်၊ ကောင်းကင်ပေါ်သို့ ပျံတက်လိုက်သည်။

ထိုအချိန်တွင်... ဧရာမ လိပ်အိုကြီးသည် သမုဒ္ဒရာ ရေပြင်ထက်၌ ကျွန်းကြီးတစ်ကျွန်းအလား ပေါလောပေါ်နေဆဲ။

သူ့ကျောကုန်းပေါ်တွင်တော့ မြူခိုးဖြူများ ဖုံးလွှမ်းနေပြီး အင်မော်တယ် နန်းတော်ကြီး၏ အစိတ်အပိုင်း တစ်ခုကို ဝိုးတဝါး လှမ်းမြင်နေရလေ၏။

All Chapters