← Chapters

အပိုင်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အပိုင်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အပိုင်း ( 319 )

ဆယ်နှစ်တာ အကြံအစည်၊ လနတ်ဘုရားကို သတ်ဖြတ်ခြင်း ၃

ကြာပန်း၏ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားများ ပေါ်ထွက်လာခဲ့ပြီး၊ ဖိနှိပ်နေသည့် အားတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရွှေရောင်ပုံရိပ်အား အောက်ဘက်သို့ လုံးလုံးလျားလျား ဖိချပစ်လိုက်သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သန့်စင်သောကြာပန်းဖြူသည် အဆိုပါ ရွှေရောင်ပုံရိပ်၏ ခေါင်းပေါ်တွင် ဖိနှိပ်နေခဲ့သည်၊ ၎င်း၏မျက်နှာပေါ်တွင် တည်ရှိနေသည့် ထူးဆန်းသော အပြုံးမှာလည်း ပျောက်ကွယ်သွားပြီဖြစ်ကာ၊ ထိုနေရာတွင် မကျေမနပ် ဖြစ်သွားသည့် အမူအရာတစ်ခုက အစားထိုးဝင်ရောက်လာခဲ့သည်။

“ ဒီစိတ်ဝိညာဥ်ခန္ဓာကိုယ်မှာ မကောင်းမှု အရိပ်အငွေ့ တွေ ရှိနေတယ် “

ရှုကျိုးသည် သူ၏မေးစေ့ကို ပွတ်နေကာ၊ ဤစိတ်ဝိညာဥ်ခန္ဓာကိုယ်က လနတ်ဘုရားဂိုဏ်းနှင့် သေချာပေါက် ဆက်စပ်နေသည်ဟု တွေးတောနေတော့သည်။

ဤစိတ်ဝိညာဥ်ခန္ဓာကိုယ်၏ ဖြစ်တည်မှုကပင် လနတ်ဘုရား၏ စိတ်ဝိညာဥ်စွမ်းအင်မှ အစပျိုးလာခဲ့ခြင်းဖြစ်သည်။

အကယ်၍ သင်ကသာ မည်သည့်အရာမှ မမှားဘူးဟုပြောလာခဲ့မည်ဆိုပါက၊ ရှုကျိုးသည် ထိုစကားကို အရင်ဦးဆုံး ကန့်ကွက်ချေပလာမည့် လူတစ်ဦး ဖြစ်နေလိမ့်မည် ဖြစ်သည်။

“ ဒီစိတ်ဝိညာဥ် ခန္ဓာကိုယ် ဆွဲအားဆိုတာက အမှတ်အသား လုပ်ထားတဲ့ လူတွေက ဘယ်နေရာကို ရောက်ရောက် ငါ့ဘက်ကို အတင်းအကြပ် ပြန်ဆွဲခေါ်နိုင်တာကို ပြောတာထင်တယ် “

ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည် “ စတုတ္ထအဆင့်ဆိုတော့ စတုတ္ထအဆင့်က အစွမ်းထက် ပညာရှင်တွေကိုပါ ဆွဲခေါ်နေနိုင်ပြီလို့ ပြောနေတာလား? “

မကြာခင်မှာပင် ရှုကျိုးသည် ခေါင်းတခါခါ ဖြစ်သွားတော့သည်။

အကယ်၍ သူကသာ စတုတ္ထအဆင့် ရန်သူနှင့် ရင်ဆိုင်ရမည်ဆိုပါက ထိုလူ့အား သူ့ဘက်သို့ ဆွဲခေါ်ခြင်းသည် ကိုယ့်ကိုကိုယ် သေကြောင်းကြံနေသကဲ့သို့သာ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

“ ဒါပင်မဲ့ တကယ်လို့ ဒီစိတ်ဝိညာဥ် ခန္ဓာကိုယ်ရဲ့ ဆွဲအားက သက်ရှိသတ္တဝါတွေပေါ်မှာပဲ ကန့်သတ်မထားဘူးဆိုရင်တော့၊ ဒီကောင့်ရဲ့ အသုံးဝင်မှုက တော်တော်လေးကို ကောင်းသွားပြီ “

ရှုကျိုး၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။

ဤစိတ်ဝိညာဥ် ခန္ဓာကိုယ်ထံတွင် သူ၏မူလကိုယ်နှင့် ဖျော့တော့သော ချိတ်ဆက်မှုတစ်ခုရှိနေခဲ့သည်၊ သို့သော် ရှုကျိုးသည် ၎င်းကို အနည်းငယ်မျှသာ ထိန်းချုပ်ထားနိုင်ပြီး၊ ကိုယ်ပွားကမူ အပတ်တကုတ် ကြိုးစားခဲ့သော်လည်း မည်သို့မျှ မထိန်းချုပ်နိုင်ခဲ့ပေ။

၎င်းသည် အဆိုပါ စိတ်ဝိညာဥ် ခန္ဓာကိုယ်ထံတွင် ပြဿနာ တစ်ခုခုရှိနေသည်ဟု သူသံသယဝင်သွားရသည့် အကြောင်းအရင်းတစ်ခုပင် ဖြစ်သည်။

အကယ်၍ သူကသာ ၎င်းကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူးဆိုပါက၊ ၎င်းအား မည်ကဲ့သို့ ယုံကြည်နိုင်လိမ့်မည်နည်း?

ထိုအချိန်၌ ရွှေရောင်ပုံရိပ်သည် ရှုကျိုး၏ အရှေ့တွင် ပေါ်လာခဲ့ပြီး၊ ၎င်း၏ လက်ကို မြှောက်လာခဲ့ရာ၊ ရွှေရောင်အလင်းတန်းတစ်ခုသည် လှိုဏ်ဂူအပြင်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်ကို ထိမှန်သွားခဲ့သည်။

ရှုကျိုးသည် သတိကြီးကြီးထားကာ အဆိုပါဖြစ်စဥ်ကို မျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်။

“ ဟမ်? “

စိတ်ဝိညာဥ် ခန္ဓာကိုယ်က သစ်ပင်ကြီးဆီသို့ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်ကို မြင်လိုက်ရသောအခါတွင် ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။

သူ၏စိတ်ထဲတွင် သစ်ပင်ကြီး၏ ပုံရိပ် အမှန်တကယ် ပေါ်လာခဲ့သည်။

တစ်ချက်မျှ တွေးလိုက်ရုံဖြင့် အဆိုပါ သစ်ပင်ကြီးက သူ့ဆီသို့ ဆွဲခေါ်ခံရလိမ့်မည်ဟု ခံစားသွားခဲ့ရသည်။

“ စုစည်းစမ်း !!! “

ရှုကျိုးမှ အမိန့်ပေးလိုက်သည်။

ခရက် !!

ခရက် !!

ချက်ချင်းဆိုသလိုပင် သစ်ပင်အောက်ရှိ မြေပြင် ကွဲအက်သွားကာ၊ သစ်ပင်သည် ကြီးမားသော လက်တစ်စုံ၏ အမြစ်ချွတ်ခြင်းကို ခံလိုက်ရသကဲ့သို့ လေပေါ်သို့ မြောက်တက်လာခဲ့သည်။

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး၊ ၎င်းကို ရပ်တန့်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်၌ သူသည် အဆိုပါ ရွှေရောင်ပုံရိပ်ဆီမှ လိုအင်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်ဆိုသည်ကို အာရုံခံမိသွားခဲ့သည်။

“ စားချင်တာလား? “ ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ခေါင်းငြိမ့်၍ လက်ခံပေးလိုက်သည်။

“ ဝှစ် !!! “

ရွှေရောင်ပုံရိပ်လေးမှ ၎င်း၏ ပါးစပ်သေးသေးလေးကို ဖွင့်လိုက်ရာ သစ်ပင်သည် လျင်မြန်စွာ ညှိုးနွမ်းခြောက်ကပ်သွားပြီး၊ အသက်ဓာတ်သည် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အဆိုပါ သစ်ပင်သည် ဆွေးမြေ့နေသော သစ်သားတုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရွှေရောင်ပုံရိပ်လေးသည် ရှုကျိုးကို လှည့်ကြည့်ကာ စကားပြောလာခဲ့သည် “ အရသာ မရှိဘူး “

ရှုကျိုးသည် သူ၏မေးစေ့ကို ပွတ်ကာ တွေးတောစဥ်းစားနေတော့သည် “ စတုတ္ထအဆင့်ဆိုတာက စတုတ္ထအဆင့်ကလူကို ဆွဲခေါ်နိုင်ရုံတင် မဟုတ်ဘဲ ဝါးပါဝါးမြိုနိုင်တယ်လို့ ပြောနေတာလားဟ? “

သူ အံ့အားသင့်သွားတော့သည်။

အကယ်၍ ၎င်းကသာ စတုတ္ထအဆင့် ပညာရှင်ကို အမှန်တကယ် ဝါးမြိုနိုင်မည်ဆိုပါက မည်သည့်အရာများ ဖြစ်ပျက်လာမည်နည်း?

၎င်းမှာ ထိုစိတ်ဝိညာဥ် ခန္ဓာကိုယ်အား ထိန်းချုပ်၍ ရနိုင်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

“ ဝှစ် !! “

ရှုကျိုးမှ သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ၊ အဆိုပါ ရွှေရောင်ပုံရိပ်လေးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းခံလိုက်ရပြီး၊ ကြာပန်းမှာလည်း ၎င်းအား ထပ်မံ၍ ဖိနှိပ်လာပြန်သည်။

အဆိုပါ အရာဝတ္ထုသည် ခြောက်ခြားဖွယ်ကောင်းနေခဲ့ပြီး၊ သူ့အား စိတ်မသက်မသာဖြစ်စေသည့် ခံစားချက်မျိုးကို အဆက်မပြတ် ခံစားရစေလျက်ရှိသည်။

သို့သော် ယခု၌ ၎င်းကို သူ၏ခန္ဓာကိုယ်ထဲမှ ဖယ်ရှားရန် နည်းလမ်းမရှိသောကြောင့် သူသည် ကြာပန်း၏ ဖိနှိပ်မှုကိုသာ ယာယီအားဖြင့် အားကိုးနေရတော့မည် ဖြစသည်။

ရှုကျိုးက ၎င်းကို တွေးတောစဥ်းစားနေသည့် အချိန်တွင် လှိုဏ်ဂူအပြင်ဘက်မှ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ ဝုန်းးးးး !!! “

ကောင်းကင်ယံမှ အလင်းတန်းများ ဆင်းသက်လာခဲ့ပြီး၊ မီတာရာနှင့်ချီ၍ ကွာဝေးသော နေရာတစ်ခုဆီသို့ ကျရောက်သွားခဲ့သည်။

“ ဟမ်? “

ရှုကျိုး၏ မျက်ခုံးများ မြင့်တက်သွားပြီး၊ ထိုနေရာသို့ ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် အံ့ဩသွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

“ သူမလား? သူမက နဝမအဆင့် အထွတ်အထိပ် ပညာရှင်လေးယောက်ရဲ့ လက်ထဲကနေ တကယ်ကြီး လွတ်လာခဲ့တာလား? “

ကောင်းကင်ထက်မှ ပြုတ်ကျလာခဲ့သော လူသည် လနတ်ဘုရားဂိုဏ်း၏ ကျောင်းကျိုးခန်းမသခင် ယွဲ့ဟွာရုံသာလျှင် ဖြစ်သည်။

…

ယွဲ့ဟွာရုန်၏ အငွေ့အသက်သည် အလွန်တရာ အားနည်းနေခဲ့ပြီး၊ ပြင်းထန်သော ဒဏ်ရာများကို ခံစားနေရသည်မှာ သိသာလွန်းနေခဲ့သည်။

“ ရာစုနှစ်တစ်ခုကြာ စီစဥ်ခဲ့ရတဲ့ အစီအစဥ်က တစ်ခဏလေးအတွင်းမှာပဲ ပျက်စီးသွားခဲ့ပြီ “

ယွဲ့ဟွာရုံသည် မြေပြင်ပေါ်တွင်သာ ထိုင်နေလျက်ရှိသည်၊ လှပသေသပ်သည့် သူမ၏ မျက်နှာလေးပေါ်တွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေလျက်ရှိသည်။

နဝမအဆင့် အထွတ်အထိပ် ပညာရှင်လေးဦးက လနတ်ဘုရား၏ ကိုယ်ပွားနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေလျက်ရှိပြီး၊ သူမကို အာရုံစိုက်ရန် အချိန်မရှိပေ၊ သို့သော ထိုအချိန်၌ ဝုချင်းရှန်၊ ချန်ဝမ်ဂျန်နှင့် တစ်ခြားလူများသည် အနီးအနားတွင် စောင့်ကြည့်နေစဲဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူမသည် သွေးလွတ်မြောက်ခြင်း နည်းစနစ်ကို တတ်မြောက်ထားခဲ့သောကြောင့်၊ သူမ၏မူလခန္ဓာကိုယ်ကို ဖောက်ခွဲ၍ စတေးလိုက်ပြီး၊ ထို့နောက်တွင် သူမ၏သွေးအဆီအနှစ်ကို တစ်ဝက်တိတိ အသုံးပြုကာ ကိုယ်ပွားအသစ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

လနတ်ဘုရားဂိုဏ်း၏ အဆင့်အမြင့်ဆုံး လျှို့ဝှက် နည်းစနစ်ကို အသုံးပြုခြင်းဖြင့် သူမသည် ကြောက်မက်ဖွယ်ကောင်းသည့် စစ်မြေပြင်ထဲမှ လွတ်အောင် ထွက်လာနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏ ကိုယ်ပွားမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး၊ ယခုလက်ရှိ အချိန်၌ စတုတ္ထအဆင့် ပညာရှင်တစ်ဦး၏ စွမ်းအားကိုသာ ပိုင်ဆိုင်ထားတော့သည်။

“ ငါက လနတ်ဘုရားဂိုဏ်းရဲ့ အပြစ်သားပဲ …… “ ယွဲ့ဟွာရုန်သည် ဝမ်းနည်းစွာ တွေးတောစဥ်းစားနေတော့သည်။

ဟမ်??

ရုတ်တရက်ဆိုသလိုပင် သူမသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး၊ ခေါင်းကို မော့ကာ လှိုဏ်ဂူဘက်သို့ ငေးကြည့်လာခဲ့သည်။

“ သူလား? “

ယွဲ့ဟွာရုန်၏ မျက်နှာပေါ်တွင် အံ့ဩသွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်၊ သူမသည် ထိုလူကို မှတ်မိနေခဲ့သည်၊ လူသားတို့၏ ပြိုင်ဘက်ကင်းလမ်းကြောင်းအတွက် ပါရမီရှင်များကြားထဲမှ ပါရမီရှင်၊ နှောင်းပိုင်း ဒုတိယအဆင့်ဖြင့် နှောင်းပိုင်း တတိယအဆင့် ပညာရှင်များကို သတ်ဖြတ်ခဲ့သည့် ကမ္ဘာ့အဆင့် ပါရမီရှင်တစ်ဦးဖြစ်သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူမ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူမက စတုတ္ထအဆင့်နယ်ပယ်၏ စွမ်းအားကိုသာ ပိုင်ဆိုင်ထားသော်လည်း၊ ရှုကျိုးကို သတ်ဖြတ်ရန်မှာ အသေးအမွှား ကိစ္စလေးတစ်ခုမျှသာ ဖြစ်သည်၊ သို့သော် သူမ၏ ယခုလက်ရှိ အခြေအနေအရ သူမသည် မည်သူနှင့်မှ မတိုက်ခိုက်ချင်ဘဲ၊ ပြန်၍အားမွေးခြင်းကိုသာ ပြုလုပ်ချင်နေခဲ့သည်။

ယွဲ့ဟွာရုန်၏ အမူအရာသည် အဆက်မပြတ် ပြောင်းလဲသွားခဲ့သည်၊ ထို့နောက်တွင် သူမသည် သူ၏မျက်နှာကို ဖုံးအုပ်လိုက်ကာ ချိုသာစွာ ပြောလာခဲ့သည် “ မောင်ငယ်လေး၊ အခုနင်က ငါ့ကို တွေ့သွားပြီပေါ့၊ အပြင်ထွက်လာပြီး မမကို ဘာလို့ လာမတွေ့ရတာလဲ? မမကို ကြောက်လို့လား? “

“ မမရဲ့ ကျင့်ကြံရေး နယ်ပယ်က စတုတ္ထအဆင့်အထိ ကျသွားပါပြီ၊ အခုဆိုရင် မမက ဘယ်သူ့ကိုမှ ဘာမှ မလုပ်နိုင်တော့ဘူး “

သူမသည် သနားဖွယ်ကောင်းအောင် ငိုကြွေးမြည်တမ်းနေတော့သည် “ မမက လနတ်ဘုရားဂိုဏ်းရဲ့ အပြစ်သား ဖြစ်သွားပြီ၊ အဖွဲ့ချုပ်ကလည်း မမကို ဖမ်းချင်နေတယ်၊ မမမှာ သွားစရာ နေရာမရှိတော့ဘူး၊ မောင်ငယ်လေး၊ မမကို အထဲခေါ်သွားပေးလို့ ရမလားဟင်? မမက ဘာမဆို လုပ်ဖို့ဆန္ဒရှိပါတယ် “

ယွဲ့ဟွာရုန်မှာ ငိုကြွေးနေပြီး၊ သူမ၏ ခန္ဓာကိုယ် တုန်ရင်သွားခဲ့ရာ၊ မရည်ရွယ်ဘဲ ဖြစ်သွားသကဲ့သို့ သူမ၏ အဖြူရောင်ဂါဝန်သည် အနည်းငယ် လှစ်ဟသွားပြီး၊ ဖြူဖွေးသော ပခုံးသားလေးများ ပေါ်လာခဲ့သည်။

ရှုကျိုးသည် လှိုဏ်ဂူအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။

သူ့ကို မြင်လိုက်ရသောအခါတွင် ယွဲ့ဟွာရုန်၏ ငိုကြွေးမှုသည် ပို၍ပင် ပြင်းထန်သွားပြီး၊ သူမ၏မျက်နှာပေါ်မှ မျက်ရည်များပင် စီးကျလာခဲ့သည်။

အစတွင် အဆိုပါ အမျိုးသမီးသည် အဖိုးဖြတ်၍မရသော အလှလေးတစ်ဦးဖြစ်သည်၊ ယခုတွင်ကား ငိုကြွေးနေသည့် မင်းသမီးလေးတစ်ပါးကဲ့သို့ ကိုယ်ချင်းစာစိတ်များကို တဖွားဖွား ဖြစ်ပေါ်သွားအောင် ညှို့ပင်နေခဲ့သည်။

ရှုကျိုးကပင် မနေနိုင်တော့ဘဲ၊ အနည်းငယ် သနားမိသွားခဲ့သည်။

“ ဟမ်? “

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားပြီး၊ အမူအရာ ပြောင်းလဲသွားသည် “ လနတ်ဘုရားဂိုဏ်းကတော့ ထင်ထားတဲ့အတိုင်းပဲ၊ ဒီလို အစွမ်းထက် စိတ်ဝိညာဥ်ဆိုင်ရာ လျှို့ဝှက်နည်းစနစ်တစ်ခုက ငါ့ကိုတောင် အရူးလုပ်နိုင်တော့မလို့ပဲ …….. “

သူသည် ယွဲ့ဟွာရုန်ကို ကြည့်ကာ အကြည့်များ အေးစက်သွားတော့သည်။

ယွဲ့ဟွာရုန်သည် ၎င်းကို သတိမထားမိဘဲ ဆက်၍ ဟန်ဆောင်နေသေးသည် “ အထဲကိုသာ ခေါ်သွားပေးမယ်ဆိုရင်၊ မင်းရဲ့ အစေ ဒါမှမဟုတ် ကျွန်အဖြစ် ဝန်ဆောင်မှုပေးဖို့ ဆန္ဒရှိပါတယ်၊ မမက မင်းကို အဆင်ပြေသွားအောင် လုပ်ပေးမှာပါ “

သူမသည် ထိုအတိုင်းအတာအထိ မြှူဆွယ်ဖြားယောင်းလာခဲ့သည်၊ ရှုကျိုးက ငြိမ်သက်နေသည်ကို မြင်တွေ့သွားသောအခါတွင် သူမသည် ချိုသာစွာ ထပ်ပြောလာခဲ့သည် “ မောင်ငယ်လေး၊ မမကို ထူပေးလို့ရမလား? မမရဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်၊ မမက မတ်တပ် …….. “

သို့ရာတွင် ရှုကျိုးသည် မည်သည့်စကားမှ မပြောဘဲ၊ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် အနောက်သို့ ဆုတ်ခွာသွားခဲ့သည်။

သူသည် ယွဲ့ဟွာရုန်နှင့် ပတ်သက်၍ မည်သည့်ရည်ရွယ်ချက်မှ မရှိပေ။

သူမ၏ ကျင့်ကြံရေးအဆင့်က စတုတ္ထအဆင့်အထိ လျော့ကျသွားခဲ့သော်လည်း၊ နဝမအဆင့် အထွတ်အထိပ် ပညာရှင်လေးဦးလက်ထဲမှ ထွက်ပြေးလာနိုင်ခဲ့သည့် သူမ၏ စွမ်းရည်သည် သူမထံတွင် တစ်ခြားသော နည်းလမ်းများ ရှိနေသည်ဟု ဖော်ပြနေခဲ့သည်။

ရှုကျိုးထံတွင် အင်မော်တယ်စွမ်းရည် ရှိနေသော်လည်း သူသည် မဆင်မခြင် စွန့်စားမည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင်

ရှုကျိုး ပြေးသွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ယွဲ့ဟွာရုန်၏ မျက်နှာပေါ်တွင် ရှိနေသည့် သနားဖွယ်ကောင်းသော အမူအရာသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

၎င်း၏နေရာတွင် အေးစက်စက် အကြည့်တစ်ခုက အစားထိုးဝင်ရောက်လာခဲ့သည်။

“ နင်ပြေးလို့ မလွတ်ပါဘူး “ သူမမှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည်။

အကယ်၍ သူမကသာ ရှုကျိုးကို လွှတ်ပေးလိုက်မည်ဆိုပါက၊ သူမ အသက်ရှင်နေသည့် သတင်းက ပေါက်ကြားသွားမည်ဖြစ်ပြီး၊ အဖွဲ့ချုပ်မှာလည်း အင်ပြည့်အားပြည့် အသုံးပြုကာ သူမကို အမဲလိုက်လာလိမ့်မည် ဖြစ်သည်။

ထိုကြောင့် ရှုကျိုး သေကိုသေရမည် ဖြစ်သည်။

ယွဲ့ဟွာရုန်သည် လျင်မြန်စွာ မတ်တပ်ထရပ်၍ ရှေ့သို့ ပြေးတက်လာခဲ့သည်၊ တစ်ချိန်တည်းမှာပင် သွေးဓားတစ်လက်သည် လေထုထဲမှ ဖြတ်သန်းလာကာ ရှုကျိုးဆီသို့ ကမူးရှူးထိုး ပြေးဝင်လာခဲ့သည်။

……………………………………………………………………………………………………………………………………….

အပိုင်း ( 320 )

ယွဲ့ဟွာရုန်ကို ဝါးမြိုခြင်း

“ မကောင်းတဲ့ ရည်ရွယ်ချက် တကယ်ရှိနေတာပဲ “

သူ့နောက်ရှိ လေထုကို တစ်ခုခုမှ ခုတ်ပိုင်းလာသည့် အသံကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ အကြည့်များ အေးစက်သွားခဲ့သည်။

အဆိုပါ ယွဲ့ဟွာရုန်သည် အပြစ်ကင်းစင်ဟန်ဆောင်ကာ သူ၏ သနားညှာတာစိတ်ကို ရယူရန် ကြိုးပမ်းခဲ့ပြီး၊ သူသတိကင်းမဲ့နေသည့် အချိန်တွင် သေစေနိုင်သည့် တိုက်ခိုက်မှုကို ပြုလုပ်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် သတိအပြည့် ရှိနေခဲ့သည်။

ဇွီ !!!

ရှုကျိုး၏ ချီ-သွေးများ အရူးအမူး မြင့်တက်လာခဲ့ကာ၊ သူ၏သွေးကြောမှတ်များ ကျယ်ဝန်းလာခဲ့သည်။

သူသည် သူ၏ခွန်အားကို အကုန်အစင် ထုတ်သုံးကာ နောက်သို့ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ခွမ်း !!!

အဖြူရောင် အလင်းတန်းသည် သွေးနီရောင် ဓားအလင်းတန်းနှင့် တိုက်မိသွားပြီး၊ ကျယ်လောင်သော ဆူညံသံတစ်ခုကို ထုတ်လွှတ်လာခဲ့သည်၊ သို့သော် သွေးနီရောင် ဓားအလင်းတန်းသည် ရှုကျိုးဆီသို့ ဆက်လက်၍ တိုးဝင်လာခဲ့သည်။

ရှုကျိုး၏ မျက်လုံးများ ကျဥ်းမြောင်းသွားတော့သည်၊ နှောင်းပိုင်း တတိယအဆင့် ပညာရှင်တစ်ဦးကပင် သူ၏အင်ပြည့်အားပြည့် တိုက်ခိုက်မှုကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ယွဲ့ဟွာရုန်ကမူ ကျင့်ကြံရေး အဆင့်များ လျော့ကျသွားပြီး၊ ဒဏ်ရာ အပြင်းအထန် ရရှိထားခဲ့သော်လည်း၊ သူမ၏ ပေါ့ပေါ့ပါးပါး တိုက်ကွက်တစ်ခုသည် ရှုကျိုး၏ လုပ်နိုင်စွမ်းထပ် ကျော်လွန်နေစဲသာဖြစ်သည်။

တတိယအဆင့်နှင့် စတုတ္ထအဆင့်တို့ကြားရှိ ကွာဟချက်သည် ချောက်နက်တစ်ခုနှင့် တူညီနေလျက်ရှိသည်။

“ ဘမ်းးးး !!! “

ရှုကျိုးမှ မြေပြင်ပေါ်သို့ ခြေဆောင့်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ ပုံရိပ်သည် အကြိမ်ပေါင်းများစွာ တောက်ပနေခဲ့ပြီး၊ ထင်သာမြင်သာ ရှိသည့် အရိပ်များကိုပင် လေထုထဲတွင် ချန်ရစ်ထားခဲ့သည်။

သူ၏ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းသည် ပဥ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ၎င်းးအား သူ၏ ဟင်းလင်းပြင် စွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါတွင် ရှုကျိုးသည် သေးငယ်သော ဧရိယာတစ်ဝိုက်တွင် အကြိမ်ပေါင်းများစွာ တည်နေရာကူးပြောင်းနိုင်ခဲ့ပြီး၊ ၎င်းကို အသုံးပြုကာ ပြင်းထန်သော တိုက်ကွက်များကို ရှောင်တိမ်းနေခဲ့သည်။

“ ဝုန်းးးး !!! “

သွေးနီရောင် ဓားအလင်းတန်းသည် ၎င်း၏ပစ်မှတ်ကို ဆုံးရှုံးသွားပုံရကာ၊ ကျောက်တုံးတစ်ခုကို ထိမှန်သွားခဲ့သည်၊ ကျောက်တုံးသည် ဝုန်းဟူသော အသံနှင့်အတူ အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့သည်။

ဗွီ !!

တစ်ချိန်တည်းမှာပင် ရှုကျိုးမျက်လုံးများထဲတွင် ခရမ်းရောင် အလင်းတန်းတစ်ခု တောက်ပလာခဲ့ပြီး၊ ယွဲ့ဟွာရုန်၏ စိတ်ကို စတင်၍ တိုက်ခိုက်လာတော့သည်။

သို့သော် ဤတစ်ကြိမ်၌ သူ၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုသည် အစရှာမရဘဲ ပျောက်ဆုံးသွားပုံရသည်။

“ စိတ်ဝိညာဥ်တိုက်ခိုက်မှုလား? “

ယွဲ့ဟွာရုန်၏ တအံ့တဩဖြစ်နေသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည် “ ဒုတိယအဆင့်နယ်ပယ်မှာတင် ဒီလို စိတ်ဝိညာဥ်စွမ်းအားမျိုး ပိုင်ဆိုင်ထားတာလား? “

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူမ၏ ကျင့်ကြံရေး နယ်ပယ်က လျော့ကျသွားခဲ့သော်လည်း သူမ၏ စိတ်ဝိညာဥ် စွမ်းအားကမူ မြင့်မားအားကောင်းနေစဲပင် ဖြစ်သည်။

သူမ၏ စိတ်ထဲသို့ တိုးဝင်သွားသည့် သူ၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုသည် ပင်လယ်တစ်စင်းထဲ နစ်မြုပ်သွားပုံရကာ မည်သည့် အကျိုးသက်ရောက်မှုမှ မဖြစ်ပေါ်လာခဲ့ပေ။

သွေးကြောမှတ် လည်ပတ်မှုကို အသက်မသွင်းထားသည့် သူ၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုသည် အချည်းနှီးသာ ဖြစ်သွားပုံရသည်။

“ နင်က အမြင့်ပိုင်းအဆင့်တွေအတွက် ပြိုင်ဘက်ကင်း မျိုးစေ့တစ်ခု ဖြစ်နေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူး၊ ငါတော့ နင့်ကို ပိုပိုပြီး သဘောကျလာမိပြီ “ ယွဲ့ဟွာရုန်သည် ဖြားယောင်းဆွေးဆောင်နေသည့် အရိပ်အငွေ့များဖြင့် ချိုသာစွာ ပြောလာခဲ့သည်။

သူမ၏လေသံသည် နူးညံ့ငြင်သာနေခဲ့သော်လည်း၊ သူမ၏ လုပ်ရပ်များမှာ ရက်စက်ကြမ်းတမ်းနေခဲ့သည်။

သူမမှ သူမ၏ လက်ကို မြှောက်ကာ မီးခိုးရောင် အလင်းတန်းတစ်ခုကို ဖော်လိုက်သည်၊ ထို့နောက်တွင် ၎င်းအား သူမ၏လက်နှစ်ဖက်စလုံးဖြင့် မုန့်နှစ်ကို နယ်နေသကဲ့သို့ ဖိညှစ်လိုက်ရာ အလင်းရောင်သည် ထူးဆန်းသော အရုပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

အရုပ်ထံတွင် ခြောက်ခြားဖွယ်ကောင်းသည့် မျက်နှာတစ်ခု ရှိနေခဲ့သော်လည်း၊ ၎င်း၏ အမူအရာကမူ အသက်ဝင်နေခဲ့သည်။

အကယ်၍ ၎င်း၏ အရွယ်အစားကြောင့်သာ မဟုတ်ဘူးဆိုပါက၊ ၎င်းအား သက်ရှိ လူသားတစ်ဦးဖြင့်ပင် အထင်မှားသွားနိုင်ပေသည်။

“ ကျွန်ုပ်ရဲ့ ချီ-သွေးနဲ့ သင့်ရဲ့ ဝိညာဥ်ကို ဆင့်ခေါ်ပါတယ် ……… “

ယွဲ့ဟွာရုန်သည် မန္တာန်တစ်ခုကို ရွတ်ဖတ်နေသကဲ့သို့ တီးတိုးပြောဆိုနေတော့သည်၊ ထို့နောက်တွင် အရုပ်ထံမှ အနက်ရောင် မြူမှုန်များ ပေါ်ထွက်လာခဲ့ကာ၊ ၎င်း၏ မျက်လုံးများ ပွင့်ဟလာခဲ့သည်၊ ၎င်းသည် အသက်ဝင်လာပုံရသည်။

၎င်းသည် လနတ်ဘုရားဂိုဏ်း၏ လှည့်စားခြင်း ရုပ်သေးနည်းပညာဖြစ်သည်။

အရိုးရှင်းဆုံးပြောရမည်ဆိုပါက ၎င်းသည် ယဇ်ပူဇော်ပွဲ ကျင်းပကာ သက်ရှိလူသားတစ်ဦးအား ဖယောင်းရုပ်ထုတစ်ခု အဖြစ် သန့်စင်လိုက်ပြီး၊ ထို့နောက်တွင် ၎င်းအား ရှေးဟောင်းနည်းစနစ်တစ်ခုဖြင့် ပြုပြင်မွမ်းမံကာ လက်ဝါးအရွယ်ရှိသည့် အရုပ်တစ်ရုပ်အဖြစ် ပုံဖော်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ရှေးဟောင်း နည်းစနစ်၏ အရက်စက်ဆုံး အပိုင်းသည် ထိုနည်းစနစ်ကိုယ်တိုင် မဟုတ်ဘဲ၊ သန့်စင်ခံရမည့် လူက သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒအရ အရှုံးပေးလာရခြင်းပင် ဖြစ်သည်။

ဤအချိန်၌ ယွဲ့ဟွာရုန် လက်ထဲရှိ အရုပ်သည် သူမ၏ ညှို့ယူခြင်းကို ခံလိုက်ရကာ သူမထောက်ချောက်အတွင်းသို့ ဆင်းသက်လာပြီး၊ အရုပ်တစ်ရုပ်အဖြစ် ရက်ရက်စက်စက် သန့်စင်ခံလိုက်ရသည့် အမျိုးသားတစ်ဦးဖြစ်သည်။

“ သွား !! “

ယွဲ့ဟွာရုန်မှ ခြေဟန်လက်ဟန်ပြကာ ညွှန်ကြားနေတော့သည်။

ချက်ချင်းဆိုသလိုပင် အရုပ်သည် လေတိုက်တိုင်း ကြီးထွားလာသကဲ့သို့ တစ်မီတာကျော်သည့် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှုကျိုးကို ဒေါသတကြီး စိုက်ကြည့်၍ လက်သီးထိုးချက်တစ်ခု ပစ်သွင်းလာခဲ့သည်။

“ ခရက် ခရက် “

လက်သီးထိုးချက်သည် ပတ်ပတ်လည်ရှိ လေထုကိုပင် တဝီဝီ အော်မြည်သွားစေပြီး၊ ဥက္ကာပျံတစ်ခုကဲ့သို့ ရင်သပ်ရှုမောဖွယ်ကောင်းနေခဲ့သည်။

ဆွစ်ရှ်၊ ဆွစ်ရှ်၊ ဆွစ်ရှ် !!

ရှုကျိုးသည် ဆက်တိုက် တည်နေရာ ကူးပြောင်းနေခဲ့သည်၊ သို့သော် ပြိုင်ဘက်သည် သူ့အား လျင်မြန်စွာ ဖမ်းမိသွားခဲ့သည်။

“ ဒီလို အမြန်နှုန်းက !!! “

ရှုကျိုး၏ မျက်နှာသည် အလွန်တရာ‌ အေးစက်သွားခဲ့သည်၊ သူသည် ဤအရုပ်က အလွန်ယုတ်မာပက်စက်ကာ ယုတ်ညံ့သည့် နည်းလမ်းတစ်ခုကြောင့် သန့်စင်ခံလိုက်ရသည်ဆိုသည်ကို သိနေခဲ့သည်။

ထိုအရုပ်၏ လူဘဝမှ ကျင့်ကြံရေး အဆင့်သည် စတုတ္ထအဆင့် ဝန်းကျင်တွင် ရှိနေမည် ဖြစ်သည်။

သို့ရာတွင် ယွဲ့ဟွာရုန်သည် အပြင်းအထန် ဒဏ်ရာရထားသောကြောင့်၊ သူမ၏ စွမ်းအားကို အကုန်အစင် မထုတ်သုံးနိုင်ခဲ့ပေ။

“ ဗွီ !!! “

ရှုကျိုးမှ စည်းတံဆိပ်တစ်ခုကို ရေးဆွဲလိုက်ရာ လျှို့ဝှက်ဆန်းကြယ်သည့် လှိုင်းလုံးတစ်ခု ထွက်ပေါ်လာခဲ့သည် “ လူသားဧကရာဇ် စည်းတံဆိပ် !! “

အဆုံးမဲ့ ရှေးဟောင်းအငွေ့အသက်များ ထုတ်လွှင့်နေသည့် ကြီးမားသော စည်းတံဆိပ်တစ်ခု ပေါ်လာခဲ့ကာ၊ ပြိုင်ဘက်ကို ဖိနှိပ်နေတော့သည်။

ဝုန်းးးးး !!

ရွှေရောင်စည်းတံဆိပ်သည် အရုပ်နှင့် တိုက်မိသွားကာ ထောင်ပေါင်းများစွာသော ရွှေရောင်အလင်းတန်းအဖြစ် ပေါက်ကွဲထွက်သွားပြီး၊ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။

လူသားဧကရာဇ် စည်းတံဆိပ်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်၊ ၎င်း၏ အရှိန်အဟုန်သည် တစ်လွှာပြီး တစ်လွှာ မြင့်တက်လာခဲ့ကာ အားအကောင်းဆုံး အခြေအနေအထိ ရောက်ရှိသွားပြီး၊ ကောင်းကင်ဘုံကို ဖိနှိပ်နေသကဲ့သို့ တိုက်ချလာခဲ့သည်။

သို့ရာတွင် အရုပ်မှာလည်း အံ့ဖွယ်ကောင်းလောက်အောင် သန်မာနေခဲ့ပြီး၊ ဟိန်းဟောက်ရင်းဖြင့် လက်သီးချက်များ ဆက်တိုက် ပစ်လွှတ်နေခဲ့ရာ အဆုံးမဲ့ အနက်ရောင် အလင်းတန်းများ ပေါက်ထွက်လာခဲ့သည်။

“ ခရက် ခရက် !!! “

ပြင်းထန်သော ထိတွေ့မှုကြောင့် ၎င်းတို့နှစ်ခုစလုံး၏ မျက်နှာပြင်များပေါ်တွင် အက်ကွဲကြောင်းများ တစ်ပြိုင်နက် ဖြစ်ပေါ်လာခဲ့သည်။

ဝုန်းးးးး !!!

နောက်ဆုံးအခိုက်အတန့်တွင် နှစ်ခုစလုံး ပေါက်ကွဲထွက်သွားကာ များပြားသော အလင်းတန်းများအဖြစ် ပြိုကွဲသွားကာ ပြန့်ကျဲသွားခဲ့သည်။

ပေါက်ကွဲမှု၏ တုန်ခါမှု လှိုင်းလုံးများသည် အပြင်ဘက်သို့ ပျံ့လွင့်သွားခဲ့သည်။

“ မဖြစ်နိုင်ဘူး ……….. “

အဆိုပါ မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့နေရသည့် ယွဲ့ဟွာရုန်သည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

အဆိုပါ ရုပ်သေးရုပ် လျှို့ဝှက်နည်းစနစ်သည် သူမကိုယ်ပွား၏ ဝှက်ဖဲဖြစ်သည်။

သူမက ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး၊ စတုတ္ထအဆင့် စွမ်းအားကိုသာ ပိုင်ဆိုင်ထားသောကြောင့် ၎င်း၏ တစ်စိတ်တစ်ပိုင်းကိုသာ အသုံးပြုနိုင်ခဲ့သည်။

သို့တိုင်အောင် စတုတ္ထအဆင့်နယ်ပယ်သည် စတုတ္ထအဆင့် နယ်ပယ်ဖြစ်နေစဲပင် ဖြစ်သည်၊ အလယ်အလတ် တတိယအဆင့်၏ စွမ်းအားသည် အဆင့်နိမ့် တတိယအဆင့်၏ စွမ်းအားက လှုပ်ခါနိုင်သော အရာမဟုတ်ပေ။

( ပမထအဆင့်ကနေ တတိယအဆင့်အထိက အဆင့်နိမ့် တတိယအဆင့်၊ စတုတ္ထကနေ ဆဌမအထိက အလယ်အလတ် တတိယအဆင့်၊ သတ္တမကနေ နဝမအဆင့်အထိက အဆင့်မြင့် တတိယအဆင့်ပါ၊ အခေါ်အဝေါ်ပါ၊ အရှေ့က အပိုင်းတွေမှာလည်း ပြောခဲ့ဖူးပါတယ် )

သို့သော် ရှုကျိုး၏ လူသားဧကရာဇ် စည်းတံဆိပ်သည် သူမ၏ အတွေးအမြင်များကို တိုက်ရိုက်ပြောင်းပြန်လှန်သွားခဲ့သည်။

“ ဒီလူငယ်လေးက တကယ်ကိုထူးချွန်တာပဲ …… “

ယွဲ့ဟွာရုန်၏ လှပသော မျက်လုံးလေးများသည် အံ့အားသင့်မှုများနှင့်အတူ တောက်ပသွားခဲ့သည်၊ ဒုတိယအဆင့်နယ်ပယ်မှာတင် ဤကဲ့သို့သော စွမ်းအားမျိုး ပိုင်ဆိုင်ထားခြင်း !!! သူသည် နောင်အနာဂတ်တွင် အမြင့်ပိုင်း အဆင့်များ၏ ပြိုင်ဘက်ကင်း လမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းနိုင်မည် ဖြစ်သည်။

ထိုအချိန်၌ သူမသည် သူမကိုယ်တိုင် အရှုံးပေးလိုစိတ်ပင် ပေါက်သွားခဲ့သည်။

အကယ်၍ သူမကသာ ဤကဲ့သို့သော ပါရမီရှင်မျိုးကို အမိဖမ်းနိုင်မည်ဆိုပါက၊ ကျွန် (သို့) အစေခံတစ်ဦးအဖြစ် သူမကိုယ်သူမ ယာယီစတေးလိုက်ရမည်ဆိုလျှင်တောင်မှ ထိုက်တန်နေလိမ့်မည် ဖြစ်သည်။

“ တကယ်လို့ ငါကသာ သူ့ကို ရုပ်သေးအဖြစ် သန့်စင်နိုင်မယ်ဆိုရင်၊ အဲ့တာရဲ့ အသုံးဝင်မှု အကန့်အသတ် မဲ့သွားမှာပဲ၊ ဒါပင်မဲ့ နှမြောစရာပဲ ……. “

ယွဲ့ဟွာရုန်သည် အသာအယာ သက်ပြင်းချနေတော့သည်၊ ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းကို ခံထားရသည့် ဤကဲ့သို့သော ကောင်းကင်ဘုံ ရင်သွေးငယ်တစ်ဦးကို အမိဖမ်းရန်မှာ မည်သို့မျှ မဖြစ်နိုင်ဘူးဆိုသည်ကို သူမ သိနေခဲ့သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 321 )

ယွဲ့ဟွာရုန်ကို ဝါးမြိုခြင်း ၂

အဲ့လိုဖြစ်လာပြီဆိုတော့ သတ်ဖို့ပဲရှိတော့တယ် !!!

သူမလက်ထဲရှိ စည်းတံဆိပ်သည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

“ ဘုမ်းးးး !!! “

အဆုံးမဲ့ ကန်းချီများသည် သူမ၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် အလင်းတန်းတစ်ခုသည် သူမ၏ မျက်ခုံးများကြားတွင် ပေါ်လာခဲ့ကာ ကြက်သွေးရောင် ဖီးနစ်ငှက်တစ်ကောင် ပျံထွက်လာခဲ့သည်။

အဆုံးမဲ့ ကန်းချီများသည် ဖီးနှစ်ငှက်ဆီသို့ တိုးဝင်သွားသည်။

ချက်ချင်းဆိုသလိုပင် အနီရောင် အလင်းတန်းများ တောက်ပလာခဲ့ပြီး၊ ဖီးနစ်ငှက်၏ မျက်လုံးများမှာလည်း ပို၍အသက်ဝင်လာခဲ့သည်။

“ ခရီးးးးး !!! “

၎င်းသည် ကျယ်လောင်စွာ တွန်မြည်လာခဲ့သည်၊ ၎င်း၏ခန္ဓာကိုယ်သည် လေတိုက်တိုင်း ကြီးမားလာခဲ့ပြီး၊ မီတာ ၁၀၀ရှည်လျားသည့် အနီရောင် နတ်ဖီးနစ်အဖြစ် ပြောင်းလဲသွားကာ တောင်ပံများကို ခတ်၍ ရှုကျိုးဆီသို့ ဦးတည်လာခဲ့သည်။

နတ်ဖီးနစ်ကြီးမှ ၎င်း၏ အတောင်ပံများကို အသာအယာ ခတ်ကာ အဆုံးမဲ့ မီးလျှံများကို ထုတ်လွှတ်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ ၁၀၀၀ဧရိယာအတွင်းရှိ အပူချိန်သည် သိသိသာသာ မြင့်တက်လာခဲ့ပြီး၊ မီးလျှံများဖြင့် ပြည့်နှက်နေသည့် ငရဲတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

“ နတ်စွမ်းရည်လား? “

ရှုကျိုး၏ အမူအရာ လေးနက်သွားခဲ့သည်၊ မီးတောက်များသည် အဝေးရှိ သူ၏နံရိုးများကိုပင် လောင်ကျွမ်းသွားစေခဲ့သည်။

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ထိုကဲ့သို့ ပြောင်းလဲသွားစေနိုင်သည်မှာ စတုတ္ထအဆင့်အထက်မှ ပညာရှင်များသာ ပိုင်ဆိုင်ထားသည့် နတ်စွမ်းရည်များ ဖြစ်သည်။

“ နင်သိတာလား? “

ယွဲ့ဟွာရုန်သည် အနည်းငယ် အံ့ဩသွားပြီး အသာအယာ ရယ်မော၍ ပြောလာခဲ့သည် “ အဲ့တာက ငါ့ရဲ့ မွေးရာပါစွမ်းရည်၊ ကောင်းကင်ဘုံ ဖီးနစ် နတ်မီးတောက် “

“ ဒီမီးတောက်ကို ထိမိတဲ့လူတွေ၊ ဆဌမအဆင့် ပညာရှင်ဆိုရင်တောင်မှ အဆုံးမဲ့ ငရဲဘုံထဲကို ရောက်သွားပြီး အဆုံးသတ်သွားလိမ့်မယ် “

အဆိုပါ ကောင်းကင်ဘုံ ဖီးနစ် နတ်မီးတောက်သည် သူမ၏မူလကိုယ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

လိပ်ပြာကဲ့သို့ ပြန်လည် မွေးဖွားခဲ့သည့် အချိန်တွင် သူမသည် အဆိုပါ စွမ်းရည်ကိုပါ သူမ၏ကိုယ်ပွားဆီသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့ကြောင့် အကယ်၍ ဤခန္ဓာကိုယ်က ကျင့်ကြံရေး အဆင့် မမြင့်မားဘူးဆိုလျှင်တောင်မှ ၎င်းသည် ဆဌမအဆင့် စွမ်းအားကို ထုတ်လွှတ်ပေးနိုင်စဲပင် ဖြစ်သည်။

၎င်းသည် မမျှော်လင့်ထားသော အခြေအနေများအတွက် သူမ၏ ဝှက်ဖဲအဖြစ် သတ်မှတ်ထားခဲ့ဖူးသည်၊ ၎င်းအား အများဆုံးအနေဖြင့် နှစ်ကြိမ်သာ အသုံးပြုနိုင်ပေသည်၊ သို့သော် သူမသည် ရှုကျိုးအပေါ်တွင် တစ်ကြိမ် အသုံးပြုလိုက်ရပြီ ဖြစ်သည်။

ရှုကျိုး ရှင်သန်နေခြင်းသည် သူမအား စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။

ထို့ကြောင့် မည်သည့်အရာကိုပင် ပေးဆပ်ရပါစေ၊ သူမသည် ရှုကျိုးကို အသေသတ်မည် ဖြစ်သည်။

“ သတ် !! “

ယွဲ့ဟွာရုန်မှ လေသံတိုးတိုးလေးဖြင့် ဟိန်းဟောက်လိုက်ရာ၊ အနီရောင် နတ်ဖီးနစ်သည် ၎င်း၏ တောင်ပံများကို အားပါးတရ ခတ်ကာ ရှုကျိုးထံသို့ မီးတိုင်တစ်လုံး ပစ်လွှတ်လာခဲ့သည်။

မီးတိုင်သည် ၎င်း၏ လမ်းကြောင်းတစ်လျှောက်လုံး ဖုံးလွှမ်းသွားခဲ့ပြီး၊ ပတ်ပတ်လည်ရှိ လေထုကိုပင် တဝီဝီ အော်မြည်သွားစေခဲ့သည်၊ ချက်ချင်းဆိုသလိုပင် မြေပြင်ကို ကွဲအက်သွားစေခဲ့ကာ အက်ကွဲကြောင်းများကို မီတာပေါင်းနှင့် ရာနှင့်ချီသည်အထိ ပျံ့နှံ့သွားစေခဲ့သည်။

သစ်ပင်များ၊ ကျောက်တုံးများနှင့် လမ်းတစ်လျှောက်လုံးရှိ အရာအားလုံးသည် ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းသည် ဆဌမအဆင့်၏ စွမ်းအားဖြစ်သည်။

ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်ကပင် အဆိုပါစွမ်းအားကို ခုခံနိုင်မည် မဟုတ်ပေ။ ရှုကျိုးကဲ့သို့ ဒုတိယအဆင့်နယ်ပယ်မှ လူတစ်ဦးသာဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။

ရှုကျိုးသည် အသာအယာ သက်ပြင်းချကာ သူ၏လက်ဝါးကို ယွဲ့ဟွာရုန်ရှိရာဘက်သို့ ချိန်ရွယ်ကာ အသာအယာ ဆုပ်ခဲလိုက်သည်။

များပြားသော ဟင်းလင်းပြင် စွမ်းအင်များ စုစည်းလာတော့သည်။

ဟင်းလင်းပြင် တုန်ခါမှု !!!

ချက်ချင်းဆိုသလိုပင် ယွဲ့ဟွာရုန်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ သူမ၏ ကိုယ်ဟန်အနေအထားမှာ တည်ငြိမ်မှုပျောက်ဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။

နတ်ဖီးနစ်ကြီးကပင် ၎င်း၏ ဦးတည်ချက် ပျောက်ဆုံးသွားခဲ့သည်။

ထိုအချိန်၌ ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် ကြာပန်းသည် ၎င်း၏ ပွင့်ဖတ်များကို ဖြန့်ကာ ရွှေရောင်လူလေးအား ဖိနှိပ်ထားခြင်းကို ပြေလျော့ပေးလိုက်သည်။

ရွှေရောင် လူကလေးသည် အပျင်းကြော ဆန့်ကာ၊ ထူးဆန်းသော အပြုံးတစ်ခုကို ဆင်မြန်း၍ အပြင်ဘက်ကမ္ဘာထဲသို့ လျှောက်လှမ်းလာခဲ့သည်။

၎င်းမှ ၎င်း၏ လက်ကို ချက်ချင်းမြှောက်ကာ လှုပ်ရှားမှုတစ်ခုဖြင့် ယွဲ့ဟွာရုန်ကို အမှတ်အသား ပြုလုပ်လိုက်သည်။

“ ဖမ်းဆုပ် !! “

ရွှေရောင်လူလေးသည် ၎င်း၏လက်ဝါးကို ယွဲ့ဟွာရုန်ရှိရာဘက်သို့ ချိန်ရွယ်ကာ လက်သီးဆုပ်လိုက်ပြီး၊ စကားပြောလာခဲ့သည်။

ထိုအချိန်တွင် ယွဲ့ဟွာရုန်သည် ဟင်းလင်းပြင် တုန်ခါမှုမှ ရုန်းထွက်ကာ ရှုကျိုးကို ထပ်မံ၍ တိုက်ခိုက်ရန် ပြင်နေခဲ့သည်။

သို့သော် ရုတ်တရက်ဆိုသလိုပင် သူမ၏ အမူအရာသည် ထပ်မံ၍ ပြောင်းလဲသွားရပြန်သည်။

“ မဟုတ်ဘူး ………. ဘာတွေ ဖြစ်နေတာလဲ? “

ယွဲ့ဟွာရုန်၏ ပုံရိပ်သည် မတည်မငြိမ် ဖြစ်လာခဲ့ပြီး၊ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူမသည် ရှုကျိုးဆီသို့ အတင်းအကြပ် ဆွဲခေါ်ခံလိုက်ရသည်။

ဤဖြစ်စဥ်အတွင်း၌ သူမသည် သူမ၏ ရင်ခုန်သံက မြန်ဆန်စွာ ပျောက်ကွယ်သွားပြီး၊ ထိုကဲ့သို့ ဖြစ်သွားသည်နှင့်အမျှ သူမ၏ အသားအရေက သာမန်မျက်လုံးများဖြင့် မြင်နိုင်သည်အထိ မွဲခြောက်ညှိုးနွမ်းသွားသည်ဆိုသည်ကို ခံစားနေခဲ့ရသည်။

သူမ၏ အသက်ဓာတ်သည် မြန်ဆန်စွာ လျော့ကျသွားခဲ့သည်။

“ ဒါက ဘယ်လိုမှော်ပညာမျိုးလဲ? မဟုတ်ဘူး !!! “

ယွဲ့ဟွာရုန့်သည် ကြောက်လန့်တကြား အော်ဟစ်လာခဲ့သော်လည်း၊ ၎င်းကို မရပ်တန့်နိုင်ခဲ့ပေ။

သူမ၏ စွဲမက်ဖွယ်ကောင်းသည့် ခန္ဓာကိုယ်သည် လေထုထဲတွင် မျောလွင့်နေကာ၊ သူမ၏ ဆံပင်၊ အသွေးအသားနှင့် အရေပြားတို့သည် လျင်မြန်စွာ ညှိုးနွမ်း‌ခြောက်သွေ့သွားခဲ့သည်။

ကိုယ်ပွားဖြစ်နေခဲ့သော်လည်း၊ သတ္တမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ ဖြစ်သည့် သူမ၏ အသက်ဓာတ်သည် အလွန်တရာ အားကောင်းနေစဲဖြစ်သည်။

သို့သော် ၎င်းကပင် သူမကို မကယ်နိုင်ခဲ့ပေ၊ ထို့အစား ၎င်းသည် ရွှေရောင်လူလေးကို စိတ်ကျေနပ်သွားစေခဲ့ပြီး၊ ၎င်း၏ နှုတ်ခမ်းများကို ကြီးကြီးမားမားကွေးညွတ်သွားစေခဲ့သည်။

“ ဝှစ် ~~~ “

ရွှေရောင်လူလေးသည် ၎င်း၏ ပါးစပ်ကို ကျယ်ကျယ်ဟကာ ယွဲ့ဟွာရုန်၏ အသက်ဓာတ်အားလုံးကို ဝါးမြိုလိုက်သည်။

ယွဲ့ဟွာရုန်က ရှုကျိုး၏ ခြေထောက်ဆီသို့ ရောက်လာခဲ့သည့် အချိန်တွင် သူမသည် ညှိုးနွမ်းခြောက်သွေ့နေသည့် အလောင်းတစ်လောင်းဖြစ်သွားခဲ့ပြီဖြစ်ကာ ပိန်ချုံးနေသော သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အရေပြားတစ်ခုမှလွဲ၍ တစ်ခြားသော အရာများ ရှိမနေတော့ပေ။

ကောင်းကင်ယံရှိ နတ်ဖီးနစ်မှာလည်း ၎င်း၏ စွမ်းအား အရင်းအမြစ် မရှိတော့သောကြောင့် လေပြေလေညင်းတို့နှင့်အတူ ချက်ချင်းမျောလွင့်ပျောက်ကွယ်သွားတော့သည်။

“ ငါက ဒီတစ်ကွက်ကို တကယ် မသုံးချင်ခဲ့ဘူး …….. “

ရှုကျိုးသည် သူ့ခြေထောက်အောက်ရှိ ‌ခြောက်သွေ့နေသော အလောင်းကို ကြည့်ကာ အသာအယာ သက်ပြင်းချနေတော့သည်။

သူသည် အဆိုပါ တိုက်ကွက်ကို အမှန်တကယ် အသုံးမပြုချင်ပေ၊ ရွှေရောင် စိတ်ဝိညာဥ်ခန္ဓာကိုယ်သည် အလွန်ထူးဆန်းလွန်းနေပြီး၊ နည်းလမ်းတစ်ခုခု ရှိနေဦးမည်ဆိုပါက သူသည် ၎င်းကို အသုံးပြုမည် မဟုတ်ပေ။

သို့သော် ယွဲ့ဟွာရုန်သည် သူ့အား တစ်ဆင့်ချင်း ဖိအားပေးလာခဲ့သည်။

“ ကြည့်ရတာတော့ ယွဲ့ဟွာရုန်က ငါ့ရဲ့ စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို မမြင်နိုင်တဲ့ပုံပဲ “

ရှုကျိုး အတွေးနက်သွားတော့သည်၊ ယွဲ့ဟွာရုန်သည် သတိတကြီးသာ ဖြစ်သွားခဲ့ပြီး၊ စိတ်ဝိညာဥ်ခန္ဓာကိုယ်ရှိရာဘက်သို့ လုံးဝမကြည့်ခဲ့ပေ၊ သူမက ၎င်း၏ တည်ရှိမှုကို မမြင်နိုင်ဘူးဆိုသည်မှာ သိသာလွန်းနေခဲ့သည်။

အဆိုပါ စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို ရှုကျိုးတစ်ဦးတည်းကသာ မြင်နေနိုင်သည့်ပုံပင်။

“ ဟမ်? “

ထိုအချိန်တွင် ရှုကျိုး၏ အကြည့်များ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ သူသည် ယွဲ့ဟွာရုန်၏ အလောင်းပေါ်တွင် ရှိနေသည့် ဖျော့တော့သော အလင်းတန်းတစ်ခုကို သတိပြုမိသွားသည်။

ဆွပ် !!

ရှုကျိုးသည် သူ၏ဓားရှည်ကို လွှဲရမ်း၍ အဆိုပါ အလောင်းထံသို့ ထိုးသွင်းကာ အထဲရှိ တောက်ပသော သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။

“ ဒါက ……. ???? “

၎င်းသည် အလွန်တရာ ကြည်လင်သည့် ဆဠဂံပုံဏ္ဍာန် အရာဝတ္ထုတစ်ခုဖြစ်ပြီး၊ လူသားတို့၏ ဖန်တီးမှုဟုတ်ပုံမရပေ။

ရှုကျိုးသည် ၎င်းကို ကြည့်ရှုစစ်ဆေးနေရင်းဖြင့် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားကာ မျက်လုံးများ တောက်ပသွားသည် “ ဒါက ကမ္ဘာ့ကြယ် သလင်းကျောက်လား? “

သူက ၎င်းကို အသေအချာ မစစ်ဆေးရသေးခင် အချိန်မှာပင် အံ့ဩတကြီးဖြစ်နေသည့် အသံတစ်သံသည် အဝေးမှ ပေါ်ထွက်လာခဲ့သည်။

“ ယွဲ့ဟွာရုန်လား? “

ပုံရိပ်တစ်ခု ရောက်ရှိလာခဲ့ပြီး၊ မြေပြင်ပေါ်ရှိ ခြောက်သွေ့နေသော အလောင်းကို အံ့ဩတကြီး စိုက်ကြည့်နေတော့သည်။

“ မြို့သခင်ကျောင်းလား? “

ရှုကျိုးသည် ဤလူကို မှတ်မိနေခဲ့သည်၊ လင်းဂျန်မြို့၏ မြို့သခင် ကျောင်းချန်၊ သူသည် ယခင်က တီဗီထဲတွင် သူမြင်ခဲ့ဖူးသည့် လူတစ်ဦးဖြစ်သည်။

ကျောင်းချန်သည် ရှုကျိုးကို ကြည့်ကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ မင်းလား? ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ အထူးခေါ်ယူခွင့်ကို ရသွားတဲ့ ပါရမီရှင်လေးလား? “

အထက်တန်းကျောင်း ပထမနှစ်မှာပင် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်၏ အထူးခေါ်ယူခွင့်ကို ရရှိသွားခြင်းသည် တစ်နိုင်ငံလုံးကို အုံ့အောသောင်းနင်းဖြစ်သွားစေခဲ့သည်။

မြို့သခင်တစ်ဦးဖြစ်သည့် သူမှာလည်း ထိုကိစ္စကို သိနေခဲ့သည်။

“ မင်းက ယွဲ့ဟွာရုန်ကို သတ်လိုက်တာလား? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

ဟူးးးးးး !!!

ကျောင်းချန်သည် မနေနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းမိသွားခဲ့သည်။

အစပိုင်းတွင် သူသည် အသေခံရန်အတွက် ဤခရီးစဥ်ကို စတင်ခဲ့သော်လည်း၊ လမ်းတစ်ဝက်မှာပင် နဝမအဆင့် အထွတ်အထိပ် ပညာရှင်လေးဦးနှင့် ဆုံတွေ့ခဲ့ရပြီး၊ ပြန်၍ ထွက်ခွာလာခဲ့ရကာ၊ ကံအားလျော်စွာဖြင့် ယခုအဖြစ်အပျက်ကို ထပ်မံ၍ ကြုံတွေ့ရပြန်သည်။

All Chapters