← Chapters

အပိုင်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အပိုင်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အပိုင်း ( 322 )

ယွဲ့ဟွာရုန်ကို ဝါးမြိုခြင်း ၃

တိတိကျကျပြောရမည်ဆိုပါက သူသည် တိုက်ပွဲတစ်ခု၏ အတက်အကျလှိုင်းများကို ဆယ်မိုင်အကွာမှ အာရုံခံမိခဲ့ကာ၊ တိုက်ခိုက်နေသည့် လူများထဲမှ တစ်ဦးက လနတ်ဘုရားဂိုဏ်း၏ ကျောင်းကျိုးခန်းမသခင် ယွဲ့ဟွာရုန်ဆိုသည်ကို အတည်ပြုနိုင်ခဲ့သည်။

သူသည် ယွဲ့ဟွာရုန်၏ ပြိုင်ဘက်က အသက်၁၈နှစ်ပင် မပြည့်သေးသည့် လူငယ်လေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

တကယ်လို့ သူက တက္ကသိုလ်ကို မရောက်သေးဘူးဆိုရင်တောင်မှ အထက်တန်းကျောင်းသား တစ်ယောက်ပဲ ဖြစ်နေဦးမှာမလား?

အထက်တန်းကျောင်းသားတစ်ယောက်က သတ္တမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ယောက်ကို သတ်လိုက်တာလား?

ဒါကြီး …………

ကျောင်းချန်၏ မျက်နှာပေါ်တွင် အံ့ဩတကြီးဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

ရှုကျိုးကမူ များများစားစား တွေးတောမနေဘဲ လက်ဆန့်တန်းကာ ရွှေရောင်လူလေးအား သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ဆူနာမီကဲ့သို့ ကသောင်းကနင်း ဖြစ်နေသည့် စိတ်ဝိညာဥ်စွမ်းအင်များသည် သူ၏စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။

စနစ်၏ မျက်နှာပြင်ပေါ်ရှိ စိတ်ဝိညာဥ် ခန္ဓာကိုယ်၏ နယ်ပယ်သည် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

[ စိတ်ဝိညာဥ် ခန္ဓာကိုယ် ဆွဲအား : စတုတ္ထအဆင့် ၁၅% ၂၀% ၃၅% ၄၀% ……. ]

“ ဝုန်းးးးး !! “

ရှုကျိုး၏ စိတ်အာရုံတစ်ခုလုံး လှုပ်ခါသွားတော့သည်၊ အမှောင်ထုထဲ၌ သူသည် ကြောက်မက်ဖွယ်ကောင်းသည့် မျက်လုံးကြီးတစ်စုံကို မြင်နေပုံရပြီး၊ အလွန်တရာ ဆိုးယုတ်သော နတ်ဆိုးစိတ်န္ဒသည် သူ၏စိတ်ကို တိုက်ခိုက်လာခဲ့သည်။

သူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားတော့သည်၊ ဒီစိတ်ဝိညာဥ် ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ ပြဿနာတစ်ခု တကယ်ရှိနေတယ် !!

“ ရှုကျိုး၊ ဘာဖြစ်လို့လဲ? “

ကျောင်းချန်သည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရကာ၊ သူ့အား သံသယတကြီး ငေးကြည့်လာခဲ့သည်။

ပဥ္စမအဆင့် ပညာရှင်တစ်ဦး အနေဖြင့် သူက စိတ်ဝိညာဥ်ဆိုင်ရာ ညစ်နွမ်းမှုကို အာရုံခံမိနေခဲ့ပြီဖြစ်သည်။

ရှုကျိးသည် ခေါင်းခါပြလိုက်ပြီး၊ လေးလေးနက်နက် ပြောလိုက်သည် “ မြို့သခင်ကျောင်း၊ တိုက်ပွဲကြီးပြီးသွားတဲ့နောက်မှာ ကျွန်တော်က သိပ်ပြီးတော့ နေလို့မကောင်းဘူး ဖြစ်သွားတယ်၊ အဲ့တာကြောင့် ဒီကို အရင်လာခဲ့တာ “

ပြောခဲ့ပြီးသည့်နောက်တွင် သူသည် လေပေါ်သို့ တက်လှမ်းကာ ဤနေရာမှ ထွက်ခွာသွားတော့သည်။

ယခုတွင် သူသည် အလွန်ထူးဆန်းသော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

အကယ်၍ လနတ်ဘုရား၏ လွှမ်းမိုးမှုကို အမှန်တကယ် ခံလိုက်ရမည်ဆိုပါက ပြဿနာတက်သွားမည် ဖြစ်သည်။

ရှုကျိုးသည် သူက ပုံမှန်မဟုတ်ဘူးဆိုသည်ကို တစ်ခြားလူများကို မမြင်စေချင်ခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် ယခင်က သူမှလွဲ၍ တစ်ခြားသူများက ချိုင့်ဝှမ်းအတွင်းသို့ ဆွဲခေါ်ခံခဲ့ရသောကြောင့် ဖြစ်သည်။

ယခုလက်ရှိ အခြေအနေဖြင့် ပေါင်းစပ်လိုက်မည်ဆိုပါက ရှုကျိုးသည် သူက တစ်ခဏခန့် သိုသိုသိပ်သိပ် နေသင့်သည်ဟု ခံစားသွားခဲ့ရသည်။

အနည်းဆုံးအနေဖြင့် သူသည် သူ၏ယခုလက်ရှိ အခြေအနေကို အရင်ဦးဆုံး ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။

…

ဖီးနစ်ချိုင့်ဝှမ်းအတွင်း၌

နဝမအဆင့် အထွတ်အထိပ် ပညာရှင်လေးဦးနှင့် လနတ်ဘုရားကိုယ်ပွားတို့၏ တိုက်ပွဲသည် နောက်ဆုံး အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကြီးမားသော ပုံရိပ်တစ်ခုသည် မီတာ ၁သောင်းကျော် ကျယ်ဝန်းသည့် ဧရာမ မိုးပြာရောင် ကျောက်တုံးကြီးအဖြစ် ပြောင်းလဲသွားကာ လနတ်ဘုရားကိုယ်ပွားကို ဖိချေလာခဲ့သည်။

“ ရားးးးးး !!! “

လနတ်ဘုရားသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်။

နဝမအဆင့် အထွတ်အထိပ် ပညာရှင်လေးဦး၏ ဝိုင်းရံခြင်းကို ခံလိုက်ရသောကြောင့် ဤကိုယ်ပွားသည် အသက်ရှင်လျက် ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။

ဘမ်း၊ ဘမ်း၊ ဘမ်းးး !!!

လနတ်ဘုရား၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် တစ်လက်မချင်းစီ ကွဲအက်သွားကာ ပြိုကွဲလုနီးပါးဖြစ်သွားခဲ့သည်။

လူလေဦးစလုံးမှ သူတို့၏ လက်ဝါးများကို အောက်ဘက်သို့ ဖိကပ်လာခဲ့ရာ၊ ကျောက်တုံးကြီးသည် လနတ်ဘုရား၏ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးလုံးလျားလျား ချေမွသွားတော့သည်။

“ မင်းတို့ ……. မင်းတို့အားလုံးကို ငါဒီတိုင်း မထားဘူး “

ကမ္ဘာကြီးပေါ်၌ လနတ်ဘုရား၏ ကြွေးကြော်မှုသာ ကျန်နေခဲ့လေသည်။

ရွှေရောင်ဝတ်စုံဝတ် အကြီးအကဲသည် အသာအယာ ပြုံး၍ ပြောလာခဲ့သည် “ ငါတို့က မင်းကို လာရှာမှာ၊ စုစည်း !!! “

သူ၏လက်ကို ရှေ့သို့ ဆန့်တန်း၍ သူ့လက်ထဲရှိ အပိုင်းအစများကို အလင်းတန်းများအဖြစ် စုစည်းလိုက်သည်။

၎င်းဆို့သည် လနတ်ဘုရားကိုယ်ပွား၏ အပိုင်းအစများဖြစ်ပြီး၊ လနတ်ဘုရား၏ အသက်ဓာတ်သည် ပြင်းထန်အားကောင်းလွန်းနေခဲ့ကာ၊ ကိုယ်ပွားက ပြိုကွဲသွားပြီဖြစ်သော်လည်း အဆိုပါ အပိုင်းအစများထံတွင် အသက်ဓာတ်များ ကျန်ရှိနေစဲဖြစ်သည်။

ထို့ကြောင့် သူတို့သည် ၎င်းတို့ကို လုံးဝဖယ်ရှားပစ်ရမည် ဖြစ်သည်။

ချိုင့်ဝှမ်းအတွင်း၌

အားလုံးသည် ကောင်းကင်ထက်သို့ မော့ကြည့်ရာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများ ချနေကြတော့သည်။

ဒီကပ်ဆိုးကြီးက တကယ်ပြီးသွားပြီပဲ။

လူအုပ်ထဲရှိ ကျန်းခိုင်သည် ဇဝေဇဝါ ဖြစ်သွားခဲ့သည် “ ခေါင်းဆောင်ရှုက ဘယ်မှာလဲ? သူက ဒီနေရာမှာ ဘာလို့ ရှိမနေရတာလဲ? “

၎င်းကိုကြားလိုက်ရသောအခါတွင် ပတ်ပတ်လည်ရှိ အဖွဲ့ဝင်များကလည်း စိတ်ရှုပ်ထွေးနေသည့် အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး လှည့်ကြည့်နေကြတော့သည်။

ဟုတ်သားပဲ၊ ရှုကျိုးက ဘယ်ရောက်နေတာလဲ?

ရှားလီယွဲ့သည် အနည်းငယ် သိထားသည်၊ သို့သော် ယခု၌ သူမကပင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ အဲ့ဒီအချိန်တုန်းက ငါတို့အားလုံးက ဆွဲခေါ်ခံခဲ့ရတယ်လေ၊ ဒါပင်မဲ့ အဲ့တာက သူ့အပေါ်မှာ အကျိုးသက်ရောက်မှု မရှိတဲ့ပုံပဲ “ ရှားလီယွဲ့သည် ပြန်လည်အမှတ်ရသွားကာ အတော်လေး ထူးဆန်းသည်ဟု ခံစားနေရတော့သည်။

ထိုအချိန်က သူမသည် များများစားစား တွေးတောနေရန် အချိန်မရခဲ့ပေ၊ သို့သော် ယခု၌ ၎င်းသည် အတော်ထူးဆန်းနေလျက်ရှိသည်။

အားလုံးက အဆွဲခေါ်ခံခဲ့ရပြီးတော့ ရှုကျိုးက ဘာလို့ ချွင်းချက်ဖြစ်နေခဲ့ရတာလဲ??

တစ်ခြားတစ်ဖက်ရှိ ရှန့်ဝမ်ချန်းမှာလည်း အနည်းငယ် မျက်မှောင်ကြုတ်သွားကာ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

သိုင်းပညာရှင်များ၊ အထူးသဖြင့် သူကဲ့သို့သော အဆင့်မြင့် သိုင်းပညာရှင်များထံရှိ အလိုလို သိစိတ်သည် အတော်လေး စူးရှထက်မြက်နေခဲ့သည်။

ဤနေရာတွင် ရှုကျိုး မရှိသောကြောင့် ရှန့်ဝမ်ချန်းသည် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ဘဲ၊ ကြီးမားသော တစ်စုံတစ်ခု ဖြစ်ပေါ်လာတော့မည်ဟု ခံစားနေခဲ့ရသည်။

“ ဝှစ် !!! “

ကောင်းကင်ထက်ရှိ ရွှေရောင်ဝတ်စုံဝတ် အကြီးအကဲနှင့် တစ်ခြားသော နဝမအဆင့် အထွတ်အထိပ် ပညာရှင်များသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

ဝုချင်းရှန်သည် ရှေ့သို့တက်ကာ စကားပြောလိုက်သည် “ ကြိုးစားအားထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲဂျင် “

ရွှေရောင်ဝတ်စုံနှင့် အကြီးအကဲသည် သူ့ကို ခေါင်းငြိမ့်ပြကာ အပြုံးဖြင့် ပြောလာခဲ့သည် “ ငါတို့က ဒီနေ့အတွက် နှစ်တွေနဲ့ချီပြီးတော့ကို စီစဥ်နေခဲ့ရတာ၊ အခုတော့ ငါတို့ ထိုက်တန်တဲ့ ဆုလဒ်ကို တကယ်ရခဲ့ကြတယ် “

ထို့နောက်တွင် သူ၏လေသံပြောင်းလဲသွားခဲ့သည် “ ဒါပင်မဲ့ ယွဲ့ဟွာရုန်ကတော့ လွတ်သွားတယ်၊ အဲ့တာက ပြဿနာဖြစ်လာစေနိုင်တယ် “

“ ဟမ်??? “

ဝုချင်းရှန်၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ သူမက လွတ်သွားတာလား? “

ယွဲ့ဟွာရုန်ကို ငါကိုယ်တိုင် အရေခွံဆုတ်လိုက်တာလေ၊ ဘယ်လိုလုပ် လွတ်သွားရတာလဲ?

ရွှေရောင်ဝတ်စုံနှင့် အကြီးအကဲမှ လေးလေးနက်နက် ပြောလာခဲ့သည် “ အဲ့နတ်ဆိုးမက အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးသွားတာလေ၊ ကိုယ့်ကိုကိုယ် ဖောက်ခွဲပြီးတော့ သူ့ရဲ့ သွေးအဆီအနှစ် တစ်ဝက်နဲ့ ကိုယ်ပွားအသစ် ဖန်တီးတော့ ထွက်ပြေးသွားတာ၊ ဆိုတော့ မင်းမသိဘူးဆိုတာက ပုံမှန်ပါပဲ “

ယွဲ့ဟွာရုန်၏ တစ်ချို့သော နည်းလမ်းများသည် ဝုချင်းရှန်၏ ထောက်လှမ်းမှုကို ရှောင်တိမ်းနိုင်ပေသည်၊ သို့သော် နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးအတွက်မူ သူသည် တစ်ချက်မျှကြည့်ရုံဖြင့် ၎င်းကို မြင်နိုင်နေခဲ့သည်။

သို့ရာတွင် သူတို့သည် လနတ်ဘုရားကိုသာ အပြည့်အဝ အာရုံစိုက်နေခဲ့ရသောကြောင့် တစ်ခြားလူများကို အသိပေးရန် အချိန်မရခဲ့ပေ။

“ ကိစ္စမရှိဘူး၊ တကယ်လို့ သူမလွတ်သွားမယ်ဆိုရင်တောင်မှ သူမဆီမှာ စတုတ္ထအဆင့် စွမ်းအားပဲ ကျန်တော့တယ်၊ အဲ့တော့ သူမက ပြဿနာ အများကြီး မရှာနိုင်ဘူး “

ရွှေရောင်ဝတ်စုံ အကြီးအကဲသည် တဟားဟား ရယ်မောနေတော့သည် “ ငါ့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် သူမကို ရှာဖို့က ကိတ်မုန့်စားရသလောက် လွယ်ပါတယ်ကွာ “

၎င်းကို ‌ပြောခဲ့ပြီးသည့်နောက်တွင် သူမှ စည်းတံဆိပ် တစ်ခု ရေးဆွဲလိုက်ရာ အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။

ယွဲ့ဟွာရုန်က သတ္တမအဆင့် အထွတ်အထိပ်တွင်ရှိခဲ့သည့် အချိန်တွင် သူမကို ဖမ်းဆီးရန် ခက်ခဲမည် ဖြစ်သော်လည်း၊ ယခုတွင် သူမသည် စတုတ္ထအဆင့်သို့ အဆင့်ကျသွားခဲ့ပြီဖြစ်သောကြောင့် သူမကို ဖမ်းဆီးခြင်းသည် များစွာလွယ်ကူသွားပြီဖြစ်သည်။

ဆွစ်ရှ် !!!

ရွှေရောင်အလင်းတန်းတစ်ခုသည် ဦးတည်ချက် တစ်ဘက်သို့ ပြေးထွက်သွားတော့သည်။

“ ဟိုဘက်မှာ “ ရွှေရောင်ဝတ်စုံဝတ် အကြီးအကဲမှ ပြောလာခဲ့သည်။

“ ကျေးဇူးတင်ပါတယ် အကြီးအကဲဂျင် “ ဝုချင်းရှန်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ထိုဘက်သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

ယွဲ့ဟွာရုန်သည် သူ့လက်ထဲမှ လွတ်သွားခြင်းဖြစ်သောကြောင့် သူသည် ၎င်းကို တာဝန်ယူရမည် ဖြစ်သည်။

တစ်ပြိုင်နက်ဆိုသလိုပင် ရှန့်ဝမ်ချန်း၊ ရှားလီယွဲ့နှင့် တစ်ခြားလူများကလည်း လျင်မြန်စွာ ပြေးလိုက်သွားကြသည်။

အားလုံးသည် ရွှေရောင်အလင်းတန်းနောက်သို့ လိုက်ကာ အရှေ့သို့ ဆက်တိုက် ရွေ့လျားနေကြသည်။

တစ်ခဏခန့် အကြာတွင် ရွှေရောင်အလင်းတန်းသည် မိုင် ၁၀၀အကွာရှိ တောအုပ်ထဲတွင် တစ်ခဏခန့် ရပ်တန့်သွားခဲ့သည်။

မြေပြင်ပေါ်တွင် ရှိနေသည့် ခြောက်သွေ့နေသော အလောင်းကို မြင်လိုက်ရသောအခါတွင် ဝုချင်းရှန် တိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။

တစ်ခြားလူများမှာလည်း အကြည့်များ ဖလှယ်မိသွားကြသည်။

ရက်စက်လှချည်လား !!! လူတစ်ယောက်ကို ခြောက်ကပ်သွားအောင် လုပ်လိုက်တယ် !!!

ဒါကို ဘယ်သူလုပ်ခဲ့တာလဲ?

“ ကြည့်ရတာတော့ တိုက်ပွဲလက္ခဏာတွေ ရှိနေတဲ့ပုံပဲ “ ရှားလီယွဲ့သည် ပတ်ဝန်းကျင်ကို ညွှန်ပြလိုက်သည်။

ရှန့်ဝမ်ချန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားကာ စကားပြောလာခဲ့သည် “ အဲ့ဒီအငွေ့အသက်က ရှုကျိုးနဲ့ တော်တော်လေးတူနေတယ် “

လူတိုင်း အံ့ဩသွားတော့သည်။

ရှုကျိုးလား?

ယွဲ့ဟွာရုန်နဲ့ တိုက်ခိုက်ခဲ့တာလား?

ယွဲ့ဟွာရုန်ကို ဒီလို သနားစရာအခြေအနေ ရောက်သွားအောင် လုပ်ခဲ့တဲ့လူက ရှုကျိုးများလား?

“ မဖြစ်နိုင်ဘူး “ ရှားလီယွဲ့ မျက်မှောင်ကြုတ်သွားတော့သည် “ ယွဲ့ဟွာရုန်က စတုတ္ထအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားတာ မဟုတ်ဘူးလား? ရှုကျိုးက သူမရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး “

ဝုချင်းရှန်မှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်။

စတုတ္ထအဆင့်နှင့် တတိယအဆင့်ကြားရှိ ကွာဟချက်က အဆင့်တစ်ဆင့်မျှသာ ရှိနေပုံရသော်လည်း၊ အလယ်အလတ်အဆင့်နယ်ပယ်နှင့် တတိယအဆင့်နယ်ပယ်ကြားရှိ ကွာဟချက်သည် အလွန်တရာ ကြီးမားလွန်းနေခဲ့သည်။

ရှုကျိုး၏ တိုက်ခိုက်ရေးစွမ်းအားသည် နှောင်းပိုင်း တတိယအဆင့်တွင်သာ ရှိနေခဲ့ဖြစ်ပြီး၊ တတိယအဆင့် အထွတ်အထိပ်ပင် မရောက်ခဲ့ချေ။

တကယ်လို့ ရှုကျိုး မဟုတ်ဘူးဆိုရင် ဘယ်သူလဲ?

ပြီးတော့ …….

ရှုကျိုးက ဘယ်ရောက်သွားတာလဲ?

ရှားလီယွဲ့၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ ရှုကျိုးက တကယ်ကြီး ဒုက္ခရောက်နေတာလား?

သူမသည် ထိုလူကို ကာကွယ်ပေးမည်ဟု သူမ၏ ဘိုးဘိုးကြီးကို ကတိပေးထားခဲ့သည်။

“ ကျောင်းအုပ်ဝု “

ထိုအချိန်တွင် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ကျဆင်းလာခဲ့ပြီး၊ သက်လတ်ပိုင်း လူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်၊ ၎င်းသည် လင်းဂျန်မြို့၏ မြို့သခင် ကျောင်းချန်မှတစ်ပါး တစ်ခြားလူ မဟုတ်ပေ။

…………………………………………………………………………………………………………………………………..

အပိုင်း ( 323 )

ကြီးမားသော ရိတ်သိမ်းမှု !!!

“ မြို့သခင်ကျောင်းလား? “ ဝုချင်းရှန်သည် ခေါင်းငြိမ့်ပြကာ ပြောလိုက်သည် “ ဘယ်အရာက ခင်ဗျားကို ဒီနေရာဆီ ခေါ်လာခဲ့တာလဲ? “

“ တစ်နေရာရာမှ တစ်ခုခု ဖြစ်နေတာ မြင်လိုက်လို့၊ ကျွန်တော် လာကြည့်ခဲ့တာပါ “

ကျောင်းချန်သည် အပြုံးဖြင့် ခေါင်းခါပြလိုက်ပြီး၊ များများစားစား သိပ်မပြောခဲ့ပေ။

သူသည် အားလုံးကို လှည့်ကြည့်လိုက်ပြီး၊ အနည်းငယ် အံ့ဩသွားကာ မေးမြန်းလာခဲ့သည် “ ရှုကျိုးက ခင်ဗျားတို့နဲ့ ပူးပေါင်းခဲ့တာ မဟုတ်ဘူးလား? “

“ ရှုကျိုးလား? “ ဝုချင်းရှန်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားတော့သည် “ မင်းက ရှုကျိုးကို တွေ့ခဲ့တာလား? “

ကျောင်းချန်သည် ခေါင်းငြိမ့်ပြကာ ပြောလိုက်သည် “ ကျွန်တော် ခုနတုန်းက ဒီနေရာကနေ ဖြတ်သွားပြီးတော့ သူနဲ့ တွေ့ခဲ့တာလေ။ သူက ယွဲ့ဟွာရုန်နဲ့ တိုက်ခဲ့ပြီးတော့ ဒဏ်ရာအပြင်းအထန် ရသွားပုံရတယ်၊ ကုသဖို့အတွက် အလောတကြီး ထွက်သွားတာပဲ။ ကျွန်တော်က သူက ခင်ဗျားတို့အားလုံးကို သွားရှာတယ်လို့ ထင်နေခဲ့တာ “

ဝုချင်းရှန်နှင့် တစ်ခြားလူများ၏ မျက်နှာများပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ ဆိုတော့ ရှုကျိုးက ယွဲ့ဟွာရုန်ကို တကယ်ကြီး သတ်ခဲ့တာလား? “

အားလုံးသည် ခြောက်ကပ်နေသော အလောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်တွင် လှဲလျောင်းနေသည့် ယွဲ့ဟွာရုန်ကို ကြည့်ပြီး၊ ကျောချမ်းသွားကြသည်။

၎င်းက ယွဲ့ဟွာရုန်၏ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်လည်း၊ စတုတ္ထအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားစဲပင် ဖြစ်သည်။

နှောင်းပိုင်း ဒုတိယအဆင့်မှာပဲ ရှိသေးတဲ့ ရှုကျိုးက စတုတ္ထအဆင့် ပညာရှင်ကို သတ်နိုင်ခဲ့တာလား???

“ ရှုကျိုးက ဘယ်ကို သွားတာလဲ? “ ရှားလီယွဲ့မှ ရုတ်တရက် ဝင်မေးလာခဲ့သည်။

ရှန့်ဝမ်ချန်းမှာလည်း တလေးတနက် ပြောဆိုလိုက်သည် “ မြို့သခင်ကျောင်း၊ ရှုကျိုးက ဘယ်ဘက်ကို ဦးတည်သွားလဲဆိုတာကို ခင်ဗျား မြင်လိုက်လား? “

အဆိုပါ ယွဲ့ဟွာရုန်ထံတွင် ထူးဆန်းလွန်းသော နည်းလမ်းများ ရှိနေခဲ့သည်၊ ရှုကျိုး၏ စွမ်းရည်ဖြင့် သူမကို သတ်နိုင်ခဲ့ခြင်းသည် သူက ဒဏ်ရာ အပြင်းအထန် ရရှိသွားသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်၊ အသက်အန္တရာယ်ပင် ရှိနေနိုင်ပေသည်။

ကျောင်းချန်သည် ဤကိစ္စ၏ အတိမ်အနက်ကို နားလည်နေခဲ့ပြီး၊ လျင်မြန်စွာ ပြောလာခဲ့သည် “ သူက အရှေ့တောင်ဘက်ကို ဦးတည်သွားတာပါ “

ရှန့်ဝမ်ချန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ အရှေ့တောင်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

…

ဤဖြစ်ရပ် မတိုင်ခင် အစောပိုင်း အချိန်များအတွင်းက

ရှုကျိုးသည် လျှို့ဝှက် လှိုဏ်ဂူတစ်လုံးထဲတွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။

ယွဲ့ဟွာရုန်၏စွမ်းအင်များကို စုပ်ယူခဲ့သောကြောင့် စိတ်ဝိညာဥ်ခန္ဓာကိုယ်၏ အဆင့်သည် အတိုင်းအတာ တစ်ခုအထိ မြင့်တက်လာခဲ့သည်။

ကြာပန်းသည် အဆက်မပြတ် လှုပ်ရမ်းနေခဲ့ပြီး၊ ရွှေရောင်လူလေးကို ဖိနှိပ်နိုင်စွမ်း မရှိတော့သည့်ပုံပင်။

ကြီးမားသော စိတ်ဝိညာဥ် လှိုင်းလုံးလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆိုပါ စိတ်ဝိညာဥ်စွမ်းအားသည် သန့်စင်မနေခဲ့ပေ၊ ထို့အစား အတော်လေး ရှုပ်ထွေးနေကာ ကြောက်မက်ဖွယ်ကောင်းသည့် အမိုက်မှောင်များကို သယ်ဆောင်ထားခဲ့သည်။

၎င်း၏ လွှမ်းမိုးမှုအောက်တွင် ရှုကျိုး၏ အတွေးများသည် ရှုပ်ထွေးပြီး ကမောက်ကမဖြစ်သွားကာ၊ သူ၏စိတ်အာရုံတစ်ခုလုံး လုံးဝဗလာဖြစ်သွားခဲ့ကာ မည်သည့်အရာကိုမှ မတွေးတောနိုင်တော့ပေ။

ထိုအချိန်၌ စနစ်၏ မျက်နှာပြင်တစ်ခု ပေါ်လာခဲ့ကာ၊ ၎င်းမှတစ်ဆင့် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

မိုင်တစ်သောင်းအကွာရှိ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲ၌

“ ဝေါင်းးးးး ~~~~ “

မသေမျိုးနတ်နဂါးသားရဲကြီးမှ ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့ရာ၊ ကြောက်မက်ဖွယ်ကောင်းသည့် စိတ်ဝိညာဥ်စွမ်းအင်များသည် ၎င်း၏ မူလကိုယ်ဆီသို့ စီးဆင်းသွားတော့သည်။

၎င်းသည် အဆိုပါ နတ်ဆိုးစိတ်ဝိညာဥ်ဖိအားကို တက်တက်ကြွကြွ ခုခံနေတော့သည်။

ကိုယ်ပွားက ၎င်းကို ခုခံနေသောကြောင့် ရှုကျိုးအပေါ်သို့ ရောက်ရှိနေသည့် ဖိအားများ အတော်အတန် လျော့ကျသွားခဲ့သည်။

ရေစီးလှိုင်းကဲ့သို့ ကြီးမားသော စိတ်ဝိညာဥ်လှိုင်းလုံးကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ ဖူးးးးး “

“ ကိုယ်ပွားက ဒီနတ်ဆိုး စိတ်ဝိညာဥ်ကို ငါ့အတွက် ခုခံပေးလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “ ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။

ကိုယ်ပွား၏ အကူအညီသာ မရှိဘူးဆိုပါက၊ သူ၏မူလကိုယ်သည် ပို၍ သက်တောင့်သက်သာ ရှိသွားခဲ့သည်။

သို့သော် သူ၏မျက်လုံးများကို ဖွင့်လိုက်သည့်အချိန်တွင် သူသည် ရုတ်တရက် အေးခဲတောင့်တင်းသွားရတော့သည်။

သူ၏အရှေ့တွင် အမှောင်ထုတစ်ခု ရှိနေခဲ့ပြီး၊ အဆိုပါအမှောင်ထုထဲတွင် သူ့ကို စိုက်ကြည့်နေသည့် အလွန်တရာ ကြီးမားသော မျက်ဝန်းတစ်စုံ ရှိနေခဲ့သည်။

“ ကြီးကျယ်မြင့်မြတ်သော လနတ်ဘုရား၊ အသက်များ၏ မြင့်မြတ်သော အရှင်သခင် ……….. “

ရှုကျိုး၏ ပါးစပ်ထဲမှ ကလေးတစ်ဦး၏ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ထိုအခါမှသာလျှင် ရှုကျိုးသည် ၎င်းက သူမဟုတ်ဘဲ ယွဲ့ဟွာရုန်ဖြစ်သည်ဆိုသည်ကို နားလည်သွားခဲ့သည်။

ယွဲ့ဟွာရုန်က လနတ်ဘုရားကို ရှိခိုးပူဇော်နေသည့် အချိန်တွင် သူက တစ်ခြားလူတစ်ဦးဦး၏ ရှုထောင့်မှ စောင့်ကြည့်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

“ ဒါတွေက ယွဲ့ဟွာရုန်ရဲ့ မှတ်ဉာဏ်တွေလား? “

ရှုကျိုးမှ တစ်ကိုယ်တည်း တွေးတော စဥ်းစားနေတော့သည်။

ထိုအချိန်တွင် ယွဲ့ဟွာရုန်သည် အလွန်ငယ်ရွယ်နေခဲ့ပြီး၊ ခုနစ်၊ ရှစ်နှစ် အရွယ်မျှသာ ဖြစ်နေခဲ့သည်၊ သို့သော် အဖိုးမဖြတ်နိုင်လောက်သော အလှလေးတစ်ဦး ဖြစ်နေခဲ့ပြီဖြစ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်၍ ကြောက်မက်ဖွယ်ကောင်းသည့် ကြီးမားသော မျက်ဝန်းတစ်စုံကို ရှိခိုးပူဇော်နေခဲ့သည်။

ဇွီ !!!

အဆိုပါ မျက်ဝန်းတစ်စုံထဲမှ အလင်းတန်းတစ်ခု ပြေးထွက်လာခဲ့ပြီး၊ ယွဲ့ဟွာရုန်၏ မျက်ခုံးများကြားထဲသို့ တိုးဝင်သွားခဲ့သည်။

“ စိတ်ဝိညာဥ် ဆက်သွယ်မှု အခမ်းအနားလား? “ ရှုကျိုးသည် အဆိုပါ မြင်ကွင်းကို စောင့်ကြည့်ကာ အတွေးနက်သွားတော့သည်။

လနတ်ဘုရားဂိုဏ်း၏ ပင်မအဖွဲ့ဝင်တိုင်းက စိတ်ဝိညာဥ် ဆယ်သွယ်မှု အခမ်းအနားမှတစ်ဆင့် လနတ်ဘုရားနှင့် ဆုံတွေ့ရသည်ဟု ဆိုလေ့ရှိသည်။

ယွဲ့ဟွာရုန်က အလွန်ငယ်ရွယ်သော အသက်အရွယ်မှာပင် ဤအခမ်းအနားကို ပြုလုပ်ခဲ့ရသောကြောင့်၊ ၎င်းသည် သူမက လနတ်ဘုရားဂိုဏ်းတွင် ကြီးပျင်းခဲ့သည်ဆိုသည်ကို မီးမောင်းထိုးပြနေခဲ့သည်။

ထို့နောက်တွင် မြင်ကွင်းပြောင်းလဲသွားခဲ့သည်။

ယွဲ့ဟွာရုန်သည် ခြံဝန်းထဲတွင် လေ့ကျင့်နေခဲ့သည်၊ ၎င်းသည် လနတ်ဘုရားဂိုဏ်း၏ အဓိက ကျင့်ကြံရေး နည်းစနစ်ကို ပထမဦးဆုံး အကြိမ်အဖြစ် လေ့ကျင့်ဖူးခြင်း ဖြစ်သည်၊ သူမ၏ အပြစ်ကင်းစင်သော မျက်နှာလေးပေါ်တွင် နာကျင်မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

“ ငါက ယွဲ့ဟွာရုန်၏ ဘဝဇာတ်လမ်းကို ကြည့်နေရတာလားဟ? “ ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည်။

သူ၏သံသယများသည် အမှန်တကယ် မှန်ကန်နေခဲ့သည်။

နောက်ပိုင်းတွင် ပေါ်လာသည့် မြင်ကွင်းများကလည်း ယွဲ့ဟွာရုန်၏ ကလေးဘဝမှ အရွယ်ရောက်လာသည်အထိ ဖြစ်ပျက်ခဲ့သော အရေးကြီး အဖြစ်အပျက်များ ဖြစ်နေခဲ့သည်။

ရှုကျိုးသည် တစ်ခုပြီးတစ်ခု စောင့်ကြည့်နေခဲ့သည်၊ သူသည် ယွဲ့ဟွာရုန်လေ့ကျင့်ခဲ့သည့် ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်စွမ်းရည် အကုန်လုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရသည်။

ကလေးငယ်များအတွက် မဟုတ်သည့် လူကြီးမြင်ကွင်းတစ်ချို့လည်း ပါရှိနေခဲ့သည်။

ယွဲ့ဟွာရုန်သည် လူသားသန့်စင်ရေး နည်းစနစ်ကို လေ့ကျင့်ခဲ့ပြီး၊ သန့်စင်မှုအတွက် ကိုယ်ပိုင်ဆန္ဒအလျောက် ပေးဆပ်လိုသည့် သက်ရှိများကို လိုအပ်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူမ၏ အလှအပက ပြိုင်ဘက်ကင်းနေခဲ့ပြီး၊ သူမ၏ စွဲမက်ဖွယ်ကောင်းသည့် စွမ်းရည်များနှင့် ပေါင်းစပ်လိုက်သောအခါတွင် ရိုးရှင်းသော အကြည့်လေး အနည်းငယ်ကပင် အမျိုးသားတို့၏ စိတ်ဝိညာဥ်များကို မိန်းမောသွားစေခဲ့သည်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်တွင် သူမသည် ရုပ်သေးရုပ် တစ်ဒါဇင်ကျော် သန့်စင်ခဲ့ပြီး၊ ၎င်းတို့အားလုံးသည် အမျိုးသားများသာ ဖြစ်နေခဲ့သည်။

ထူးဆန်းစွာဖြင့် သူမသည် သူမ၏ပထမဦးဆုံး အကြိမ်ကို ယနေ့အထိ ထိန်းသိမ်းထားခဲ့သည်။

“ တကယ်ကို သနားဖို့ကောင်းတာပဲ “

ရှုကျိုးသည် တိတ်တဆိတ် ခေါင်းခါမိနေတော့သည်၊ အရူးတွေ သူတို့ကိုယ်တိုင်က ဒီလိုဖြစ်အောင် လုပ်ခဲ့ကြတာ။

တဏှာ၏ ဆွဲဆောင်မှုကြောင့် သူတို့သည် အဆုံးတွင် သူတို့သည် သူမကို လက်များကိုသာ ကိုင်ခဲ့ရပြီး၊ သက်ရှိ ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ မည်သည့်အတွက်ကြောင့် စာနာသနားသင့်မည်နည်း?

…

ရှုကျိုးသည် ယွဲ့ဟွာရုန်၏ ဘဝအတွေ့အကြုံများကို စောင့်ကြည့်ကာ အရာအားလုံးကို ဆင်ခြင်သုံးသပ်နေတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌

ရှုကျိုးမှ သူ၏မျက်လုံးများကို ထပ်ဖွင့်လာခဲ့ရာ သူသည် အပြင်ဘက် ကမ္ဘာကြီးဆီသို့ ပြန်ရောက်လာတော့သည်။

စူးစမ်းကြည့်ရှုလိုက်ရာ အစွန်းအထင်းမရှိသည့် ကြာပန်း၏ အောက်တွင် ရွှေရောင်ပုံရိပ်လေးက မလှုပ်မယှက်ငြိမ်သက်နေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ဖူးးးးး ~~~ “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှရှူသွင်းကာ စိတ်သက်သာရာ ရသွားတော့သည်။

“ ဒီစိတ်ဝိညာဥ်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု မှားနေတာ လုံးဝ သေချာတယ် “

ဤတစ်ကြိမ်၌ ကိုယ်ပွားက သူ့ကို ကူညီပေးလာသည့်အတွက် ကံကောင်းသွားရမည်ဟု ပြောရပေမည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို မည်သူက သိနိုင်မည်နည်း?

ရှုကျိုးသည် စိတ်ဝိညာဥ် ခန္ဓာကိုယ်ကို ကြည့်ကာ ၎င်းကို အပြင်သို့ ထပ်မလွှတ်ရန် စိတ်ထဲတွင် မှတ်ထားလိုက်သည်။

အကယ်၍ ကိုယ်ပွားကပါ ၎င်းကို မခုခံနိုင်တော့သည့် နေ့ရက်သို့ ရောက်လာမည်ဆိုပါက ပြဿနာတက်သွားလိမ့်မည် ဖြစ်သည်။

( ဒီစိတ်ဝိညာဥ် ခန္ဓာကိုယ် ပေါ်လာတာက စနစ်နှင့်ဆိုင်နေမယ်လို့ထင်တယ် “

ရှုကျိုး အတွေးနက်သွားတော့သည် “ အဲ့ဒီအချိန်တုန်းက ယွဲ့ဟွာရုန်က လူတိုင်းကို အမှတ်အသား လုပ်ခဲ့တယ်၊ အဲ့တာကြောင့် လနတ်ဘုရား ပေါ်လာတဲ့အချိန်တုန်းက အားလုံးက ချိုင့်ဝှမ်းထဲကို ပြန်ဆွဲခေါ်ခံလိုက်ရတာ “

“ ဒါပင်မဲ့ ငါက အဲ့ဒီစွမ်းရည်ကို စုပ်ယူမိသွားတယ်၊ အဲ့တာကြောင့် ငါ့ဆီမှာ ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့တာပဲ “

……………………………………………………………………………………………………………………………

အပိုင်း ( 324 )

ကြီးမားသော ရိတ်သိမ်းမှု !!! ၂

“ အဲ့တာကို စနစ်က စုပ်ယူသွားတာတော့ ငါ့ကို ဒုက္ခမပေးသင့်ဘူးလေ၊ ဒါပင်မဲ့ ဒီဟာက လနတ်ဘုရားနဲ့ဆိုင်နေတယ်၊ လနတ်ဘုရားရဲ့ စိတ်ဆန္ဒကလည်း ဒီထဲမှာ ရှိနေနိုင်တယ်၊ အဲ့တာကြောင့် သတိထားတာက အကောင်းဆုံးပဲ “

လနတ်ဘုရား၏ အဆိုပါ စိတ်ဆန္ဒသည် သူ့အတွက် ကောင်းသော အရာတစ်ခု မဟုတ်သော်လည်း၊ သူ၏စိတ်ဝိညာဥ်စွမ်းအားကို မြှင့်တင်ပေးနိုင်လေသည်။

ထို့ကြောင့် စနစ်သည် ၎င်းအား လုံးလုံးလျားလျား ရှင်းမထုတ်ခဲ့ပေ။

သို့သော် အဆိုပါ စိတ်ဆန္ဒက အတော်လေး အားကောင်းနေခဲ့သော်ကြောင့်၊ ရှုကျိုးကသာ ၎င်းကို မဆင်မခြင် အသုံးပြုလိုက်မည်ဆိုပါက ချက်ချင်း ရူးသွပ်သွားလိမ့်မည် ဖြစ်သည်။

ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

ချီ-သွေး : ၇၃၄၅.၅ ကယ်လိုရီ

စိတ်ဝိညာဥ်စွမ်းအား : 675 Hz

မူလကိုယ် စွမ်းရည် : စိတ်ဝိညာဥ် ခန္ဓာကိုယ် ဆွဲအား : စတုတ္ထအဆင့် ၈၀%

ကိုယ်ပွား : မသေမျိုး နတ်နဂါးသားရဲ

အဆင့် : ဒုတိယအဆင့် အဆင့်၈ ( ၈၀% )

အသားတင် အလေးချိန် : ၁၇၃၂၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ကီလိုဂရမ် ၃၀၀ ရရှိခြင်း( အကန့်အသတ် )၊ အရာအားလုံးကို ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း( ac )၊ ခုန်ဆင်းခြင်း( pas )၊ အင်မော်တယ်၊ ဟင်းလင်းပြင်

ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ကုဗမီတာ ၁သန်း

ယွဲ့ဟွာရုန်ကို ဝါးမြိုပြီးသည့်နောက်တွင် စိတ်ဝိညာဥ် ခန္ဓာကိုယ်၏ အဆင့်သည် ၁၀%မှ ၈၀%အထိ တိုက်ရိုက်မြင့်တက်သွားခဲ့သည်။

“ ဟမ်? “ ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏ အမူအရာ ပြောင်းလဲသွားခဲ့သည် “ ငါ့ရဲ့ စိတ်ဝိညာဥ်စွမ်းအားက တော်တော်ကြီးကို မြင့်လာပါလားဟ? “

သူသည် ယခင်က သူ၏ စိတ်ဝိညာဥ် စွမ်းအားက Hz လေးရာကျော်မျှသာ ရှိသည်ဆိုသည်ကို မှတ်မိနေခဲ့သည်။

ယခုတွင်ကား ၆၇၅ Hzအထိ တိုက်ရိုက် မြင့်တက်သွားခဲ့သည်။

၎င်းမှာ အံ့ဖွယ်ကောင်းသည့် တိုးတက်မှုတစ်ခုဖြစ်သည်။

ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်ကာ စိတ်ဝိညာဥ် လှိုင်းများကို ထုတ်လွှတ်လိုက်သည်။

တစ်မိုင်၊ ငါးမိုင် …….

ဆယ်မိုင် …….

မိုင် နှစ်ဆယ် …..

ချက်ချင်းဆိုသလိုပင် မိုင်၂၀အတွင်းရှိ မြေမျက်နှာသွင်ပြင် အနေအထားသည် သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။

“ စိတ်ဝိညာဥ် စွမ်းအားက မိုင်၂၀အထိ ဖုံးလွှမ်းနေပြီ၊ လေထဲက လှုပ်ရှားမှုတွေ အကုန်လုံးနဲ့ မြက်ပင် ……. “

ရှုကျိုးသည် မျက်လုံးများ ဖွင့်လာခဲ့သည် “ ဒီလို စိတ်ဝိညာဥ်စွမ်းအားမျိုးက ပဥ္စမအဆင့်က ပညာရှင်တွေထပ်တောင် မနိမ့်လောက်ဘူး၊ ပိုပြီးတော့ မြင့်နေနိုင်တယ် “

သိုင်းပညာရှင်များသည် တတိယအဆင့်သို့ ရောက်သွားခဲ့သည့်နောက်တွင် စိတ်ဝိညာဥ် စွမ်းအားကို စတင်၍ ကျင့်ကြံနိုင်ပြီဖြစ်သည်။

စိတ်ဝိညာဥ် စွမ်းအားက ခန္ဓာကိုယ်ထဲက ထွက်လာသည့်အချိန်၌ ၎င်းထံတွင် ထိုးဖောက်ဝင်ရောက်နိုင်စွမ်းပင်ရှိပြီး၊ သာမန်အတားအဆီး(သို့) အကာအရံတို့သည် ၎င်းကို တားဆီးနိုင်မည် မဟုတ်ပေ။

စတုတ္ထအဆင့်သို့ ရောက်လာခဲ့သည့်နောက်တွင်မူ အသက်စွမ်းအားပါ ပါဝင်လာပြီဖြစ်ပြီး၊ အသက်စွမ်းအားသည် နှစ်နှစ်ရာကျော်အထိ ရောက်ရှိသွားကာ၊ စိတ်ဝိညာဥ် စွမ်းအားမှာလည်း မြင့်တက်လာမည် ဖြစ်သည်။

ရှုကျိုး၏ စိတ်ဝိညာဥ် စွမ်းအားသည် သူ၏ နယ်ပယ်ထပ်တွင် များစွာသာလွန်နေခဲ့ပြီဖြစ်သည်၊ ယခု၌ အဆိုပါ စိတ်ဝိညာဥ် ခန္ဓာကိုယ်သည် ယွဲ့ဟွာရုန်၏ အသက်စွမ်းအားကို စုပ်ယူခဲ့ပြီး၊ ကြီးမားသော စိတ်ဝိညာဥ် စွမ်းအား ပမာဏကို မူလကိုယ်ဆီသို့ ပြန်လည် ထောက်ပံ့ပေးခဲ့သည်။

လနတ်ဘုရား၏ စိတ်ဆန္ဒကို သန့်စင်ခြင်းနှင့် ပေါင်းစပ်လိုက်သောအခါတွင် ရှုကျိုး၏ စိတ်ဝိညာဥ် စွမ်းအားသည် မထင်မှတ်ထားသော အမြင့်တစ်နေရာအထိ ရောက်ရှိလာခဲ့သည်။

“ ဝုန်းးး !! “

ခရမ်းရောင် အလင်းတန်းတစ်ခုသည် လေဟာနယ်ထဲတွင် မိုးကြိုးပစ်ချနေသကဲ့သို့ ရှုကျိုး၏ မျက်လုံးများထဲတွင် ပေါ်လာခဲ့သည်။

“ စိတ်ဝိညာဥ် စွမ်းအား မြင့်တက်လာခဲ့ပြီးသည့်နောက်မှာ ချန်းရှင် ငါ့ကို ပေးခဲ့တဲ့ စိတ်ဝိညာဥ် ကျင့်ကြံရေး နည်းစနစ်ကလည်း ကြီးမားသော အောင်မြင်မှု နယ်ပယ်အထိ ရောက်သွားတယ် “

ရှုကျိုး အတွေးနက်နေတော့သည် “ အခုဆိုရင် စတုတ္ထအဆင့် အထက်က လူတွေကတောင် ငါ့ရဲ့ စိတ်ဝိညာဥ် တိုက်ခိုက်မှုကြောင့် ခဏလောက် အာရုံလွင့်သွားတော့မှာ ”

ချန်းရှင် ပေးခဲ့သည့် စိတ်ဝိညာဥ် တိုက်ခိုက်မှုသည် အမြင့်ဆုံးအနေဖြင့် စတုတ္ထအဆင့်သို့သာ ရောက်ရှိနိုင်ပေသည်။

အကယ်၍ ရှုကျိုးကသာ ပို၍ အဆင့်မြင့်မားသော နည်းစနစ်တစ်ခုကို ရရှိခဲ့မည်ဆိုပါက၊ ပဥ္စမအဆင့်မှ ပညာရှင်များကပင် သူ၏ စိတ်ဝိညာဥ် တိုက်ခိုက်မှုကို ဖြေရှင်းနိုင်တော့မည် မဟုတ်ပေ။

“ ကြည့်ရတာတော့ ဒီတစ်ခါ တိုးတက်မှုက တကယ်ကို ကြီးနေတာပဲ၊ တကယ်တော့ ရုပ်ဖျက်ထားတဲ့ ကောင်းချီးတစ်ခု ဖြစ်နေတာပဲ “

ရှုကျိုးသည် စိတ်ထဲတွင် တွေးတောမိနေခဲ့သည်။

ထိုအရာများအပြင် ယွဲ့ဟွာရုန်၏ အမှတ်တရာများကလည်း သူ့အား အတော်အတန် အံ့အားသင့်သွားစေခဲ့သည်။

ဥပမအားဖြင့် နယ်ပယ်သေးတစ်ခုကို ယာယီတိုးတက်စေနိုင်သည့် လနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ဖြစ်သော လစိတ်ဝိညာဥ် နည်းစနစ်ပင် ဖြစ်သည်။

တစ်ခြားသော နတ်ဆိုး နည်းစနစ်များနှင့် ယှဥ်လိုက်မည်ဆိုပါက၊ အဆိုပါ နည်းစနစ်သည် များစွာသာမန်ဆန်နေခဲ့ကာ ရှုပ်ထွေးသော မည်သည့်ယဇ်ပူဇော်မှုမျိုးကိုမှ မလိုအပ်ခဲ့ပေ။

အဆိုပါ နည်းစနစ်ကို ရိုးရိုးရှင်းရှင်း အသက်သွင်းလိုက်ခြင်းဖြင့် လူတစ်ဦး၏ နယ်ပယ်သည် အဆင့်သေးတစ်ခုအထိ ၁၀မိနစ်တိတိ မြင့်တက်သွားမည် ဖြစ်သည်။

အကယ်၍ ပထမအဆင့် အထွတ်အထိပ်တွင် ရှိနေမည်ဆိုပါက အစောပိုင်း ဒုတိယအဆင့်သို့ တိုက်ရိုက် မြင့်တက်သွားမည် ဖြစ်သည်။

သို့သော် သတ္တမအဆင့် ပညာရှင်ကမူ အဌမအဆင့်သို့ ရောက်ရှိသွားလိမ့်မည် မဟုတ်ပေ၊ ကြီးမားသော ကွာဟချက်ကြောင့် အဌမ တစ်ပိုင်းအဆင့်အထိသာ ရောက်ရှိသွားစေမည် ဖြစ်သည်။

“ ဒီလစိတ်ဝိညာဥ် နည်းစနစ်က လနတ်ဘုရားဂိုဏ်းကဆိုတော့ ဆိုးကျိုး တစ်ခုခုတော့ ရှိနေလောက်တယ် “ ရှုကျိုးမှ တွေးတောစဥ်းစားနေလျက်ရှိသည် “ ရွေးစရာ လမ်းမရှိတော့တဲ့ အချိန်ရောက်မှ ဒါကိုသုံးရမယ်၊ အခုတော့ မေ့ထားလိုက်မယ် “

“ အို့ ပြီးတော့ ဒီဟာလည်း ရှိနေသေးတယ် ……….. “

ရုတ်တရက် ဆိုသလိုပင် ရှုကျိုးသည် သူ့ရင်ဘတ်ထဲတွင် ထည့်ထားသည့် လက်ဝါးအရွယ်မျှ သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။

အဆိုပါ သလင်းကျောက်သည် ဆဠဂံပုံသဏ္ဍာန်ရှိပြီး၊ ကြည်လင် သန့်စင်နေကာ နေရောင်အောက်တွင် တလက်လက် တောက်ပနေခဲ့သည်။

“ ကမ္ဘာ့ကြယ် သလင်းကျောက် “

ရှုကျိုးသည် ပြုံးနေမိတော့သည်၊ ကြိုးစားအားထုတ်မှု နည်းနည်းလေးနဲ့ တကယ်ကြီးကို ရွှေတုံး ကောက်ရခဲ့တာပဲ။

ယွဲ့ဟွာရုန်၏ မှတ်ဉာဏ်များမှတစ်ဆင့် သူသည် ၎င်းက လနတ်ဘုရားကို ဆင့်ခေါ်ရာတွင် လနတ်ဘုရားဂိုဏ်းက အသုံးပြုသည့် ထူးဆန်းသော ပစ္စည်း၊ ကမ္ဘာ့ကြယ် သလင်းကျောက်ဖြစ်ကြောင်းကို သိရှိထားခဲ့သည်။

၎င်းသည် ကမ္ဘာ့ကြယ်၏ အထူးပစ္စည်းတစ်ခုဖြစ်ကာ ကြယ်ပြာဂြိုဟ်တွင် ရှိသည့် အရာ မဟုတ်ပေ။

ထို့အပြင် ၎င်းသည် အလွန်တရာ အားကောင်းသည့် ဖျက်ဆီးခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်၊ ၎င်းသည် အမျိုးမျိုးသော စွမ်းအင်များကို ဖြိုခွင်းနိုင်ပြီး၊ စိတ်စွမ်းအားကိုပင် ဖြိုခွင်းနိုင်လေသည်။

လနတ်ဘုရားဂိုဏ်းသည် အဆိုပါ ပစ္စည်းကို အသုံးပြုကာ ယဇ်ကောင်များနှင့် လျှို့ဝှက်နည်းစနစ်တို့၏ အကူအညီဖြင့် ကောင်းကင်ဘုံကို ဖွင့်ကာ လနတ်ဘုရားကို ဆင့်ခေါ်လေ့ရှိသည်။

အစောပိုင်းအချိန်များအတွင်းက ယွဲ့ဟွာရုန်က တိုက်ပွဲမြေပြင်ထဲမှ ပြေးလာခဲ့သည့် အချိန်တွင် သူမသည် ဤပစ္စည်းကို သူမနှင့်အတူ ယူဆောင်လာခဲ့သည်။

သူမသည် တစ်ခြား အရာများကို စွန့်ပစ်နိုင်သော်လည်း၊ တန်ဖိုးကြီးလွန်းလှသည့် ဤအရာကို မစွန့်ပစ်နိုင်ခဲ့ပေ။

မထင်မှတ်ထားစွာဖြင့် ရှုကျိုးသည် ကြားထဲမှ အကျိုးအမြတ်များ ရိတ်သိမ်းနိုင်သွားခဲ့သည်။

“ ဒီကမ္ဘာ့ကြယ် သလင်းကျောက်နဲ့ဆိုရင် ဘိုးဘေးနဂါးခြင်ဆီရဲ့ ကိစ္စက ပြဿနာမဖြစ်သင့်တော့ဘူး “

ရှုကျိုးသည် တိတ်တဆိတ် မျှော်လင့်မိနေတော့သည်။

ဤပစ္စညးသည် တတိယအဆင့်သို့ သွားမည့် သူ၏လမ်းကြောင်းကို ဖောက်လုပ်ပေးနိုင်ရုံတင် မဟုတ်ဘဲ၊ နတ်စွမ်းရည်မျိုးစေ့များကိုပါ စုစည်းပေးနိုင်ပြီး၊ စတုတ္ထအဆင့်သို့ မရောက်ခင် အချိန်မှာပင် နတ်စွမ်းရည်များကို ပိုင်ဆိုင်စေနိုင်လေသည်။

ရှုကျိုး၏ မျက်လုံးများ ပိုမိုတောက်ပလာခဲ့သည်၊ မရေရာ မသေချာဘဲ ပိတ်ဆို့နေပုံရသည့် အနာဂတ်လမ်းကြောင်းက ရုတ်တရက် ကြည်လင် တောက်ပလာခဲ့လေပြီ။

“ ဝှစ် ဝှစ် ဝှစ် !!! “

ထိုအချိန်တွင် အပြင်ဘက်မှ လေတိုးသံများ ပေါ်ထွက်လာခဲ့သည်။

ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ ထို့နောက်တွင် သူသည် မတ်တပ်ထရပ်ကာ လှိုဏ်ဂူ အပြင်ဘက်သို့ ထွက်သွားတော့သည်။

ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် အပြင်သို့ ချက်ချင်းရောက်ရှိလာခဲ့သည်၊ အသစ်ရောက်လာကြသည့် လူများမှာ ရှန့်ဝမ်ချန်း၊ ကျောင်းချန်နှင့် တစ်ခြားလူများ ဖြစ်သည်။

“ မင်းက ဒီလောက်အဝေးကြီးအထိ ဘာလို့ ရောက်နေရတာလဲ? “ ရှန့်ဝမ်ချန်းမှ ပြစ်တင်ကြိမ်းမောင်းလာတော့သည်။

ကျောင်းချန်ကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် ဤလူများက ယွဲ့ဟွာရုန်၏ ဖြစ်ရပ်အကြောင်း သတိပြုမိသွားပြီဆိုသည်ကို နားလည်သွားကာ ချက်ချင်း ပြန်ဖြေလိုက်သည် “ ကျွန်တော်က ယွဲ့ဟွာရုန်နဲ့ တိုက်ခဲ့တယ်လေ၊ ပြီးတော့ နည်းနည်းလေး အဆင်မပြေဖြစ်လာလို့၊ ကိုယ့်ကိုကိုယ် ချိန်ညှိဖို့ နေရာတစ်ခု ရှာလိုက်တာပါ “

“ မင်း အဆင်ပြေလား? “ ရှန့်ဝမ်ချန်းမှ မေးမြန်းလာခဲ့သည်။

ရှုကျိုးမှ ခေါင်းခါပြလိုက်သည်။

ရှန့်ဝမ်ချန်းသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ အာရုံခံကြည့်ရှုနေလိုက်ရာ ရှုကျိုးနှင့် ပတ်သက်၍ မည်သည့်အရာမှ မှားယွင်းမနေဘူးဆိုသည်ကို သိရှိသွားတော့သည်။

တစ်ဖက်ရှိ ဝုချင်းရှန်သည် သူ့ကို စိုက်ကြည့်ကာ ရုတ်တရက် စကားပြောလာခဲ့သည် “ မင်းက အဲ့ဒီအချိန်တုန်းက ဖီးနစ်ချိုင့်ဝှမ်းထဲကို ဘာလို့ အဆွဲခေါ်မခံခဲ့ရတာလဲ? “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်အတူ ရှားလီယွဲ့နှင့် တစ်ခြားလူများကပါ သူ့ကို စိုက်ကြည့်လာခဲ့သည်။

သူတို့မှာလည်း ထိုကိစ္စနှင့် ပတ်သက်၍ အတော်လေး သိချင်နေကြသည်။

All Chapters