အပိုင်း (၃၂၅-၃၂၇)
Vol. 22 Ch. 325-327
အပိုင်း ( 325 )
ကြီးမားသော ရိတ်သိမ်းမှု !!! ၃
ရှုကျိုးသည် နှစ်စက္ကန့်မျှ တွေးတော စဥ်းစား၍ ပြန်ဖြေလိုက်သည် “ ကျွန်တော်လည်း အဲ့တာကို သေချာမသိဘူး။ ကျွန်တော်က အဲ့ဒီအချိန်တုန်းက ဘာကိုမှ မခံစားခဲ့ရဘူး၊ သွေးကြောမှတ် လည်ပတ်မှုကြောင့် ဖြစ်နေမလား? “
“ သွေးကြောမှတ် လည်ပတ်မှုလား? “
ဝုချင်းရှန်သည် ၎င်းကို ကြားလိုက်ရသောအခါတွင် မှင်သက်သွားခဲ့သည်။
အဲ့တာက တကယ်ကို ဖြစ်နိုင်ခြေရှိတယ် !!
သွေးကြောမှတ် လည်ပတ်မှုဆိုသည်မှာ ဒဏ္ဍာရီလာ သွေးကြောမှတ် တစ်ခုဖြစ်သည်ဆိုသည်ကို လူတိုင်း သိထားကြသည်။
၎င်းသည် လနတ်ဘုရား၏ လွှမ်းမိုးမှုကို အမှန်တကယ် ဆန့်ကျင်နိုင်ပေသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
သူသည် ဤကိစ္စအား မည်ကဲ့သို့ ရှင်းပြရမလဲဆိုသည်ကို မသိပေ၊ ထို့ကြောင့် သူသည် သွေးကြောမှတ် လည်ပတ်မှုအား ဆင်ခြေတစ်ခုအဖြစ် အသုံးပြုရုံသာ တတ်နိုင်တော့သည်။
ကံကောင်းထောက်မစွာဖြင့် အားလုံး၏ အမူအရာများကို အကဲခတ်ကြည့်ရခြင်းဖြင့်၊ သူတို့သည် ၎င်းကို ယုံကြည်သွားပုံရသည်။
“ သွေးကြောမှတ် လည်ပတ်မှုကြောင့်ဆိုတော့ အဲ့တာက ကောင်းတယ် “ ဝုချင်းရှန်မှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ ငါကလည်း ဒီကိစ္စကို အထက်လူကြီးတွေဆီ ရှင်းပြလို့ရပြီ “
ရှုကျိုး၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
ဝုချင်းရှန်မှ အပြုံးဖြင့် ပြောလာခဲ့သည် “ အဲ့ပြိုင်ပွဲပြီးသွားတဲ့နောက်မှာ ထိပ်တန်းအရာရှိ တော်တော်များများက မင်းကို သတိပြုမိသွားကြတယ်လေ။ တကယ်လို့ ဒီနေ့ကိစ္စသာ ပြန့်သွားမယ်ဆိုရင်၊ မင်းက လနတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းထားတယ်လို့ လူတွေ ထင်သွားကြလိမ့်မယ် “
သူသည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ဒီဖြေရှင်းချက်နဲ့ဆိုရင် ငါက ကောလဟာလတွေ ပြန့်မှာကို ကြောက်နေဖို့ မလိုတော့ဘူး “
“ ကျွန်တော် နားလည်ပါပြီ “
ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် သူ၏စိတ်ထဲတွင်မူ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
နတ်သိုင်းဌာန ပြင်ဆင်ခံလိုက်ရခြင်းသည် လူတော်တော်များများ၏ အကျိုးစီးပွားကို ထိခိုက်သွားပုံရသည်။
သူသည် ထိုကိစ္စ၏ ခေါင်းဆောင် မဟုတ်သော်လည်း၊ ၎င်းသည် အစစ်အမှန် သိုင်းပညာဌာန၏ အနာဂတ် ကံကြမ္မာနှင့် ဆက်စပ်နေခဲ့သည်။
အေးချမ်းတည်ငြိမ်နေပုံရသည့် ရန်ပြည်ထောင်တွင် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေလျက်ရှိပြီး၊ လူတော်တော်များများသည် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေကြကာ အခါအခွင့်သင့်ပါက ထိုးနှက်ရန် စောင့်ဆိုင်းနေပုံရသည်။
“ ငါက မြန်မြန်ဆန်ဆန် ပိုသန်မာလာဖို့ လိုအပ်နေပြီ “ ရှုကျိုးသည် ထိုကဲ့သို့ ဖြစ်လာရန် မဖြစ်မနေလိုအပ်နေပြီဟု ခံစားသွားခဲ့ရသည်။
သူသည် တစ်ကြိမ်တစ်ခါမှ မဖြစ်ပွားခဲ့သော အပြောင်းအလဲကြီးတစ်ခု ဖြစ်လာတော့မည်ဟု အာရုံရနေခဲ့သည်။
ပို၍ သန်မာအားကောင်းလာမှသာလျှင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် ယုံကြည်ချက် ရှိနေမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ဤတိုက်ပွဲထံမှ အကျိုးအမြတ် များစွာ ရိတ်သိမ်းနိုင်ခဲ့သည်၊ တတိယအဆင့်သို့ တက်ရောက်နိုင်မည့် အခွင့်အလမ်းနှင့် နတ်စွမ်းရည်မျိုးစေ့များ စုစည်းသိပ်သည်းစေနိုင်သည့် အခွင့်အလမ်းများ ပိုင်ဆိုင်သွားခဲ့သည်။
သူကသာ တတိယအဆင့်သို့ ရောက်သွားမည်ဆိုပါက သူသည် စတုတ္ထအဆင့် ပညာရှင်ကိုပင် ယှဥ်တိုက်နိုင်တော့မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် စိတ်သက်သာရာ ရသွားခဲ့သည်။
“ ကောင်းပြီလေ၊ ပြန်ကြစို့ “ ဝုချင်းရှန်သည် ရှုကျိုး အဆင်ပြေနေသည်ကို မြင်လိုက်ရသောအခါတွင် စိတ်သက်သာရာရသွားကာ တဟားဟား ရယ်မောနေတော့သည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ဝုချင်းရှန်သည် သူ့ကို မချီကာ မီတာဒါဇင်နှင့်ချီသော အကွာအဝေးသို့ ချက်ချင်း ရောက်ရှိသွားကာ ဖီးနစ်ချိုင့်ဝှမ်းဆီသို့ ပျံသန်းသွားတော့သည်။
…
ဖီးနစ်ချိုင့်ဝှမ်းအတွင်း၌ နဝမအဆင့် အထွတ်အထိပ် ပညာရှင်လေးဦးသည် အစောပိုင်းအချိန်များကတည်းက ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
ချန်ဝမ်ဂျန်နှင့် တစ်ခြားလူများကသာလျှင် ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့ကြသည်။
မကြာခင်မှာပင် ဝုချင်းရှန်နှင့် တစ်ခြားလူများသည် ရှုကျိုးနှင့်အတူ ပြန်ရောက်လာကြသည်။
“ အခုဆိုရင် ဒီစစ်ဆင်ရေးက ပြီးသွားပြီ “
ဝုချင်းရှန်မှ ကျယ်လောင်စွာ ကြေညာလာခဲ့သည် “ တော်ဝင်သိုင်းပညာ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေကို ပညာရှင်ချန်က ပို့ဆောင်ပေးမှာဖြစ်ပြီးတော့ ကျန်တဲ့လူတွေကတော့ ဒီအဘိုးကြီးနဲ့အတူ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို ပြန်လိုက်လာခဲ့ကြပါ “
အောက်ဘက်ရှိ ကျောင်းသားတစ်ဦးမှ အော်ပြောလာခဲ့သည် “ ကျောင်းအုပ်ဝု၊ ကျွန်တော်တို့ရဲ့ သတ်ဖြတ်မှုစာရင်းကရော အကျုံးဝင်သေးလားဗျ? “
“ သေချာပေါက် အကျုံးဝင်တာပေါ့ “
ဝုချင်းရှန်မှ အပြုံးဖြင့် ပြောလာခဲ့သည် “ ကောင်းပြီလေ၊ မင်းတို့က စိတ်အားထက်သန်နေကြတယ်ဆိုတော့လည်း ဒီနေရာမှာတင် ရှင်းလိုက်ကြတာပေါ့ “
ပြောနေရင်းဖြင့် သူသည် သူ့ဘေးဘက်ရှိ ရှန့်ဝမ်ချန်းကို လှည့်ကြည့်လိုကသည်။
ရှန့်ဝမ်ချန်းသည် ခေါင်းငြိမ့်ပြလာခဲ့ကာ၊ ချက်ချင်း ရှေ့ထွက်၍ အော်ပြောလာခဲ့သည် “ ဒါက သတ်ဖြတ်မှုစာရင်းပါ၊ အမြင့်ဆုံးကနေ အနိမ့်ဆုံးအထိ စီစဥ်ထားပါတယ် “
“ ပထမ၊ ရှုကျိုး၊ အဆင့်၄ ပညာရှင်တစ်ယောက်၊ နှောင်းပိုင်း အဆင့်၃ ပညာရှင်နှစ်ယောက်၊ အစောပိုင်း အဆင့်၃ ပညာရှင် လေးယောက်နဲ့ အဆင့်၂ အထွတ်အထိပ် ပညာရှင် ၉ယောက်ကို သတ်ဖြတ်ခဲ့တယ် “
( စကားပြောတွေဆို အဆင့်၁၊ ၂၊ ၃လို့ သုံးသွားပါမယ်၊ ကျန်တာတွေကိုတော့ ပထမအဆင့်၊ ဒုတိယအဆင့်လို့ပဲ သုံးသွားပါမယ်၊ အခေါ်အဝေါ်လေးပဲ ကွဲသွားတာပါ )
“ ဆုကြေး : အကျိုးပြုအမှတ် ၂၄၅၀၀ ရပါမယ် “
ချိုင့်ဝှမ်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ရှန့်ဝမ်ချန်း၏ စကားလုံးများသည် လူတော်တော်များများကို မှင်သက်သွားစေခဲ့သည်။
ဘယ် …. ဘယ်လောက်တောင်လဲ?
အကျိုးပြုအမှတ် ၂သောင်းကျော်လား???
သို့သော် သူတို့ကို ပို၍ အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ရှုကျိုး၏ မှတ်တမ်းပင် ဖြစ်သည်။
“ အဆင့်၄ ပညာရှင်ကို သတ်ခဲ့တာလား? “
“ ရှုကျိုးက နှောင်းပိုင်း အဆင့်၂ ပညာရှင်ပဲ ရှိနေသေးတာ မဟုတ်ဘူးလား? အဆင့်၃ ပညာရှင်တွေကို သတ်နိုင်တာက ပုံမှန်ပါပဲ၊ အဆင့်၄ ပညာရှင်ကိုပါ သတ်နိုင်ခဲ့တာလားဟ? “
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? “
ယခု ဤနေရာတွင် ရှိနေကြသည့် လူများသည် အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်းရှိကြသည့် ထိပ်တန်းပါရမီရှင်များသာဖြစ်သည်။
သို့သော် ဒုတိယအဆင့်ဖြင့် စတုတ္ထအဆင့်မှ ပညာရှင်တစ်ဦးကို သတ်နိုင်ခဲ့ခြင်းမှာ ကြယ်ပြာဂြိုဟ်ပေါ်တွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးချေ။
အားလုံး၏ မျက်နှာများပေါ်တွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ရှုကျိုးဘေးနားရှိ ရှားလီယွဲ့မှာလည်း သူ့အား သံသယများဖြင့် စိုက်ကြည့်လာခဲ့သည်။
“ နင်က နှောင်းပိုင်း အဆင့်၂ဆိုတာ တကယ်ဟုတ်ရဲ့လား? “ သူမသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။
“ ဟုတ်ပါသေးတယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ဒါပင်မဲ့ နောက်ဆိုရင်တော့ အဆင့်၃ကို ရောက်နေလောက်ပြီ “
“ အဆင့်၃ ….. “ ရှားလီယွဲ့ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ဒီကောင်က နှောင်းပိုင်း အဆင့်၂မှာတောင် ဒီလောက်ကြမ်းနေတာ၊ အဆင့်၃ကို ရောက်သွားရင် ဘာတွေ ဖြစ်လာမှာလဲ??
“ နင်က ယွဲ့ဟွာရုန်ကို သတ်ဖို့အတွက် ပြင်ပအကူအညီတွေကိုတော့ သုံးခဲ့ရမှာပဲလေ၊ ဟုတ်တယ်မလား? “ ရှားလီယွဲ့သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ကာ၊ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။
ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ခေါင်းငြိမ့်ပြလိုက်သည် “ အဲ့လိုပဲ “
အဆိုပါ စိတ်ဝိညာဥ် ခန္ဓာကိုယ်အား ပြင်ပ အကူအညီအဖြစ် သတ်မှတ်၍ ရပေသည်။
ရှားလီယွဲ့သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ၊ စုပ်လုံးကို ထုတ်ယူ၍ ကိုက်ဝါးနေတော့သည်။
ငါထင်တာ မှန်တယ် !!
သူမသည် ရှုကျိုးက စတုတ္ထအဆင့် ပညာရှင်အား သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် မယှဥ်နိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။
သူမကိုယ်တိုင်ကပင် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သောကြောင့်၊ သူမသည် စတုတ္ထအဆင့်နှင့် တတိယအဆင့်ကြားရှိ ကွာဟချက်များကို ကောင်းစွာသိနေခဲ့သည်။
၎င်းမှာ နယ်ပယ်လေးတစ်ခုသာလျှင် ကွာခြားနေခြင်း မဟုတ်ပေ၊ ၎င်းမှာ အဆင့်နိမ့် တတိယအဆင့်နှင့် အလယ်အလတ် တတိယအဆင့်တို့ကြားရှိ ကွာဟချက် တစ်ခုပင်ဖြစ်ပြီး၊ ဘဝတစ်ခုစာမျှ ကွာခြားနေခြင်းဖြစ်သည်။
တတိယအဆင့် ပညာရှင်က မည်သည့်ပြင်ပအကူအညီကိုမှ မယူဘဲ စတုတ္ထအဆင့် ပညာရှင်တစ်ဦးကို သတ်နိုင်ခဲ့သည်ဆိုသည်မှာ ယုတ္တိရှိသော ဖြစ်ရပ်တစ်ခုဖြစ်သည်။
“ ဘာပဲဖြစ်ဖြစ်ပါလေ၊ နင်က အထင်ကြီးဖို့ကောင်းပါတယ် “ ရှားလီယွဲ့သည် ချိုသာစွာ ပြုံးလိုက်ပြီး၊ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့သည် “ အရင်တုန်းကတော့ ငါနင့်ကို အထင်မှားခဲ့ဖူးတယ် “
ယခင်က သူမသည် ရှုကျိုးက နှောင်းပိုင်း တတိယအဆင့်ကို မကိုင်တွယ်နိုင်ဘူးဟုသာ ထင်နေခဲ့သည်၊ သို့သော် အမှန်တရားသည် သူမ၏မျက်နှာကို ဖြတ်ရိုက်သွားခဲ့သည်။
“ အဆင့်မြင့် ပြိုင်ဘက်ကင်း မျိုးစေ့ ………… “
ဤအချိန်တွင် သူမသည် သူမ၏ အဘိုးက ထိုစကားကို မည်သည့်အတွက်ကြောင့် ပြောခဲ့လဲဆိုသည်ကို နားလည်သွားတော့သည်။
ဒီလူက ဒုတိယအဆင့်နယ်ပယ်မှာတင် ဒီလို အရည်အချင်းမျိုးကို ပြနေတယ်၊ တကယ်လို့ နောင်အနာဂတ်မှာ သူကသာ အမြင့်ပိုင်းအဆင့်တွေကို ရောက်သွားမယ်ဆိုရင် သူ့ရဲ့ လမ်းကြောင်းက အားလုံးထင်ထားထပ် ပိုပြီးတော့ ရှည်လျားနေလောက်တယ် !!
…
မကြာခင်မှာပင် ရှန့်ဝမ်ချန်းသည် အားလုံး၏ အဆင့်များနှင့် ဆုလဒ်များကို အပြီးသတ် ကြေညာပေးခဲ့သည်။
ရှုကျိုးမှတစ်ပါး တစ်ခြားမည်သူကမှ အကျိုးပြု အမှတ် ၁သောင်းကျော် မရရှိခဲ့ပေ။
အံ့ဖွယ်ကောင်းလောက်အောင်ပင် ရှားလီယွဲ့မှာလည်း အကျိုးပြုအမှတ် ရာဂဏန်း အနည်းငယ်မျှသာ ရရှိခဲ့သည်။
ဤတိုက်ပွဲတွင် သူမသည် ချန်းထျယ်ကျူနှင့် တစ်ချိန်လုံး တိုက်ခိုက်နေခဲ့သော်လည်း၊ ထိုမိန်းမကြီးကို သတ်ဖြတ်ခဲ့သည့် လူသည် နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးသာ ဖြစ်သွားခဲ့သည်။
ထို့ကြောင့် သူမသည် အကျိုးပြုအမှတ် များများစားစား မရရှိခဲ့ပေ။
ရှားလီယွဲ့သည် အတော်လေး ဒေါသထွက်သွားခဲ့သည် “ အဲ့ဒီ အဘိုးကြီးကတော့ကွာ၊ နဝမအဆင့် အထွတ်အထိပ်ကို ရောက်နေပြီဟာကို ငါ့ရဲ့အမှတ်လေးတွေကို ခိုးသွားသေးတယ် “
ဝုချင်းရှန်သည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ မင်းရဲ့အဘိုးဆီကို ဆက်သွယ်လိုက်လေ၊ ဒါဆိုရင် သူစာရင်းရှင်းပေးလိမ့်မယ် “
“ ထားလိုက်ပါတော့၊ ထားလိုက်ပါတော့ “ ရှားလီယွဲ့မှာ ညီးညူနေတော့သည် “ အဲ့လောက် အမှတ်နည်းနည်းလေးကို ဂရုမစိုက်ပါဘူးနော်၊ ဘာပဲဖြစ်ဖြစ်ပါလေ၊ ကျွန်မရဲ့ စစ်ဆင်ရေးက အောင်အောင်မြင်မြင် ပြီးသွားတယ်လို့ သတ်မှတ်လို့ရတယ် “
၎င်းကို ပြောနေရင်းဖြင့် သူမ၏ပါးပြင်လေးများ အနည်းငယ် နီရဲသွားခဲ့သည်။
အဘိုးဖြစ်သူမှ ရှုကျိုးကို ကာကွယ်ပေးရန် တောင်းဆိုခဲ့သော်လည်း၊ သူမသည် များများစားစား မလှုပ်ရှားခဲ့ရပေ။
ထို့အစား ရှုကျိုးက အန္တရာယ်များနှင့် အကြိမ်ကြိမ် အခါခါ ရင်ဆိုင်နေခဲ့ရသည့် အချိန်များတွင် သူမသည် ကိုယ့်ကိုကိုယ် လွတ်မြောက်အောင်ပင် မလုပ်နိုင်ခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် ရှုကျိုးသည် ကံကြမ္မာ၏ မျက်နှာသာပေးမှုကို ခံနေခဲ့ရပြီး၊ ယခုအချိန်အထိ ဘေးကင်းလုံခြုံနေခဲ့ကာ ပြန်သွားသည့် အချိန်တွင် သူမ မျက်နှာပျက်ရတော့မည် မဟုတ်ပေ။
“ ထားလိုက်ပါလေ၊ ဘာပဲဖြစ်ဖြစ်၊ ဒီကိစ္စပြီးသွားရင် ငါက ကွမ်ဟန်ကို သွားတော့မှာလေ။ ဆိုတော့ ဒီလူနဲ့ ငါနဲ့က အချိန်တိုအတွင်းမှာ ပြန်တွေ့ရမှာ မဟုတ်ဘူး “ ရှားလီယွဲ့သည် သူမကိုယ်သူမ နှစ်သိမ့်ပေးနေတော့သည်။
သူမသည် ရှုကျိုး၏ စွမ်းရည်ကို လေးစားနေခဲ့သည်၊ သို့သော် သူမသည် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေကာ၊ ပဥ္စမအဆင့်သို့ အချိန်မရွေး ထိုးဖောက်ဝင်ရောက်နိုင်ပေသည်။
ရှုကျိုးကမူ ဒုတိယအဆင့်တွင်သာ ရှိနေသေးပြီး၊ အကယ်၍ သူကသာ တတိယအဆင့်သို့ ရောက်လာခဲ့မည်ဆိုလျှင်တောင်မှ သူမနှင့် အတော်လေး ကွာဟနေဦးမည် ဖြစ်သည်။
ရှုကျိုးသည် သူမနှင့် အချိန်အတိုင်းအတာ တစ်ခုလောက်အထိ မစ်ရှင်များ ပြုလုပ်နိုင်မည် မဟုတ်ပေ။
သူမတို့ကြားရှိ ကွာဟချက်မှာ အလွန်တရာ ကြီးမားနေခဲ့သည်။
ဝုချင်းရှန်သည် သူမကို အချိန်ကြာကြာ အာရုံစိုက်မနေတော့ပေ။
အဆင့်စာရင်အား ကြေညာခြင်းနှင့် အတူ ဤဂိုဏ်းခွဲရှင်းလင်းရေး မစ်ရှင် တရားဝင် ပြီးဆုံးသွားခဲ့သည်။
တစ်ဖက်ရှိ ကျောင်းချန်သည် ရှုကျိုးကို ကြည့်ကာ အပြုံးဖြင့် မေးလာခဲ့သည် “ ရှုကျိုး၊ နှစ်သစ်ရောက်တော့မယ်နော်၊ မင်းက လင်းဂျန်မြို့ကို အလည်လာဦးမှာလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကျွန်တော်က အိမ်ပြန်ပြီး သွားလည်ဦးမှာပါ “
ဤနေရာသည် လင်းဂျန်မြို့နှင့် အတော်လေး နီးကပ်နေလျက်ရှိပြီး၊ နှစ်သစ်မှာလည်း ချဥ်းကပ်ရောက်ရှိလာပြီဖြစ်သောကြောင့် အိမ်သို့ အလည်ပြန်ခြင်းသည် ကောင်းမွန်သော အရာတစ်ခုဖြစ်ည်။
ကျောင်းချန်သည် ရယ်မော၍ ပြောလာခဲ့သည် “ ကောင်းပြီလေ၊ ဒါဆိုရင် ငါမင်းကို ပြန်ခေါ်သွားပေးမယ် “
“ မြို့သခင်ကျောင်းက ဒုက္ခခံစရာ မလိုပါဘူးဗျာ “ ရှန့်ဝမ်ချန်းမှ အေးအေးလူလူ ပြောလာခဲ့သည် “ ကျွန်တော်က သူနဲ့လိုက်သွားမှာပါ၊ ပြီးမှ ကျောင်းကို အတူတူ ပြန်ကြမှာ “
ရှုကျိုးအကြောင်း ပြောရမည်ဆိုပါက သူသည် သူကိုယ်တိုင် လိုက်ပို့သင့်သည်ဟု ခံစားနေခဲ့ရသည်။
နှစ်သစ်ကူးတော့မည့် အချိန်သည် အရှုပ်ထွေးဆုံး အချိန်အခါ ဖြစ်သည်။
သူသည် ရှုကျိုး၏ အိမ်ပြန်လမ်း(သို့) ကျောင်းသို့ ပြန်ရာလာလမ်းတွင် မည်သည့်အရာမှ ဖြစ်ပျက်ခွင့်ပြုမည် မဟုတ်ပေ။
ရှန့်ဝမ်ချန်း၏ ရပ်တည်မှုကို မြင်လိုက်ရသောအခါတွင် ရှုကျိုးမှာလည်း စိတ်သက်သာရာရသွားခဲ့သည်။
သူသည် တတိယအဆင့်သို့ တတ်နိုင်သမျှ အမြန်ဆုံး အဆင့်ထိုးဖောက်ချင်နေခဲ့သည်။
အိမ်သို့ ပြန်ခြင်းသည့် သူ့အား အနည်းငယ် နှောင့်နှေးသွားစေမည် ဖြစ်သည်၊ သို့သော် သူ၏ ဆရာဘိုးဘိုးပါ လိုက်လာမည်ဆိုပါက မည်သည့်အရာကိုမှ စိုးရိမ်ပူပန်နေရန် မလိုတော့ပေ။
ယခု၌ အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ကာ၊ အိမ်သို့ အလည်ပြန်ခဲ့ပြီးသည့်နောက်တွင် သူသည် အဆင့်ထိုးဖောက်ရန် ကြိုးပမ်းနိုင်ပြီဖြစ်သည်။
………………………………………………………………………………………………………………………………………..
အပိုင်း ( 326 )
သွေးကြောမှတ်များ ပေါင်းစည်းခြင်းနှင့် စိတ်ဝိညာဥ်ခန္ဓာကိုယ် ပြောင်းလဲခြင်း
လင်းဂျန်မြို့၊ မြို့အတွင်းရှိ ကျေးရွာတစ်ခု၌
ဤနေရာသည် ကျေးလက်ဒေသနှင့် များစွာတူညီနေလျက်ရှိပြီး၊ အများဆုံး မြင်တွေ့ရသည်မှာ ခြံဝန်းကျယ်ကြီးများနှင့် တစ်ထပ်တိုက်လေးများသာ ဖြစ်သည်။
နှစ်သစ်ချဥ်းကပ်လာပြီဖြစ်သောကြောင့် အိမ်တိုင်းတွင် မီးပုံများ ချိတ်ဆွဲထားကာ နှစ်သစ်ကို ကြိုဆင်ရန် ပြင်ဆင်ထားကြသည်။
ရှန့်ဝမ်ချန်းသည် ရှုကျိုးကို သူ့အိမ်သို့ လိုက်ပို့ပေးခဲ့သည်၊ ထို့နောက်၌ အနီးအနား တစ်နေရာတွင် ပုန်းအောင်းနေရန်အတွက် ပတ်ဝန်းကျင်ကိုတိတ်တဆိတ် စူးစမ်းလေ့လာနေတော့သည်။
ရှုကျိုးသည် အိမ်ထဲသို့ ဝင်သွားပြီး၊ နှစ်သစ်ကူးပွဲတော် ကျင်းပနေသည့် လူများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသောကြောင့် သူ အံ့ဩသွားရတော့သည်။
“ အို့ !! ဒါက ကျိုးလေးမလား? “
“ ယန်ဖင်းရေ၊ နင့်ရဲ့ကလေး အိမ်ပြန်လာတယ်ဟေ့ “
ရှုကျိုးကို မြင်လိုက်ရသောအခါတွင် တစ်အိမ်လုံး လှုပ်လှုပ်ရွရွ ဖြစ်သွားတော့သည်။
အကြည့်အားလုံးသည် ရှုကျိုးဆီသို့ ရောက်ရှိလာခဲ့သည်။
ရှုကျိုးသည် မအံ့ဩသွားခဲ့ပေ၊ ထိုလူများထဲမှ လူအများစုသည် သူ၏မိထွေးဖြစ်သူ လီယန်ဖင်းဘက်မှ ဆွေမျိုးများဖြစ်ပြီး၊ တစ်ခြားလူနည်းစုကမူ ရှုတျန်ဟိုင်ဘက်မှ ဆွေမျိုးများဖြစ်သည်။
ဘိုးဘွားများခေတ်တွင် ရှုတျန်ဟိုင်သည် တစ်ဦးတည်းသော သားဖြစ်ပြီး၊ သူ၏အဘိုးဖြစ်သူ ကွယ်လွန်ခဲ့ပြီးသည့်နောက်တွင် ရှုတျန်ဟိုင်သည် ဆွေမျိုးများနှင့် အဆက်အသွယ် နည်းပါးသွားခဲ့သည်။
နှစ်စဥ်နှစ်တိုင်းတွင် ရှုကျိုးတို့အိမ်သို့ အလည်ရောက်လာကြသူများမှာ လီယန်ဖင်းဘက်မှ ဆွေမျိုးများသာဖြစ်သည်။
“ ဦးလေး၊ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ “
“ အန်တီ၊ ဟယ်လို “
“ ဒုတိယဦးလေး၊ ဟယ်လို “
“ … “
ရှုကျိုးသည် သူတို့အား တစ်ဦးပြီးတစ်ဦး လိုက်၍ နှုတ်ဆက်နေခဲ့ပြီး၊ ဧည့်ခန်းထဲရှိ လူတစ်ဦးကို မြင်တွေ့လိုက်ရသောကြောင့် အံ့ဩသွားခဲ့သည် “ အစ်မ၊ နင်ရော ပြန်လာတာလား? “
လီရို့ရှီမှ အသာအယာ ပြုံးပြလာခဲ့သည် “ နင်က ဒီအနီးအနားမှာ မစ်ရှင်လုပ်နေတယ်လို့ ငါကြားခဲ့ရတယ်လေ၊ ပြီးတော့ နှစ်သစ်ကူးတော့မယ်ဆိုတော့ ငါလည်း စောစောပြန်လာလိုက်တာ “
ရှုကျိုးသဘောပေါက်သွားတော့သည်။
ထိုအချိန်တွင် ဧည့်ခန်းအတွင်းရှိ ဆွေမျိုးများမှာလည်း ရှုကျိုးနှင့် လီရို့ရှီတို့ကို လှည့်ကြည့်လာကြသည်။
“ ငါကြားတာတော့ မင်းတို့ နှစ်ယောက်လုံးက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ထဲကို ဝင်နိုင်ခဲ့တယ်ဆို?? အဲ့တာက အထင်ကြီးဖို့ကောင်းတာပဲ၊ အဲ့တာက နိုင်ငံထဲမှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်နှစ်ခုထဲက တစ်ခုတဲ့ “
“ ရို့ရှီ၊ အခုဆိုရင် နင်က တက္ကသိုလ်ကျောင်းသူ ဖြစ်သွားပြီလေ၊ ချိန်းတွေ့ဖို့ စဥ်းစားနေပြီလား? “
“ ဟုတ်သားပဲ၊ ဝမ်အဘိုးကြီးရဲ့ တူ၊ သူက တော်ဝင်သိုင်းပညာ တက္ကသိုလ်မှာ ပညာသင်နေတာ မဟုတ်ဘူးလား? သူ့ကို ရို့ရှီနဲ့ ပေးတွေ့သင့်လား? “
“ သူ့နာမည်က ဘာလဲ? အို့ ဟုတ်သားပဲ၊ ကျန်းခိုင်လေ “
“ အဲ့ကလေးက တစ်ခုခုတော့ တစ်ခုခုပဲ၊ အဆင့်၃ သိုင်းပညာရှင်တောင် ဖြစ်နေပြီ။ သူက တော်ဝင်သိုင်းပညာ တက္ကသိုလ်ရဲ့ ပါရမီရှင်ကျောင်းသားလို့ ပြောကြတယ်။ ဘွဲ့ရပြီးတဲ့နောက်မှာ အနည်းဆုံးအနေနဲ့ သူက နိုင်ငံပိုင် လုပ်ငန်းတစ်ခုရဲ့ အဓိကပုဂ္ဂိုလ် ဖြစ်လာမှာပဲ “
“ အဲ့တာဆိုရင် ကောင်းတာပေါ့၊ တကယ်လို့ ရို့ရှီကသာ သူနဲ့အတူရှိနိုင်မယ်ဆိုရင်၊ သူမ ကံကောင်းသွားမှာ ……… “
ဆိုဖာပေါ်ရှိ အန်တီကြီးများသည် စကားပြောဆိုနေကြတော့သည်။
လူတော်တော်များများသည် လီရို့ရှီ၏ အဓိက ဘဝဖြစ်စဥ်များကို ဆွေးနွေးပြောဆိုနေကြသည်။
ယနေ့ခေတ်တွင် အစိုးရသည် ကလေးမွေးဖွားခြင်းကို အားပေးထောက်ခံသည့် မူဝါဒများနှင့် အမျိုးမျိုးသော ထောက်ပံ့မှုများကို ပြုလုပ်ပေးလျက်ရှိသည်၊ ထို့ကြောင့် လက်ထက်ခြင်းဆိုင်ရာ ဆွေးနွေးပြောဆိုမှုများသည် ပြင်ပခရိုင်ရှိ လင်းဂျန်မြို့ကဲ့သို့ မြို့သေးသေးလေးများတွင် စောစီးစွာ ဖြစ်ပွားလေ့ရှိသည်။
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ကျန်းခိုင်လား?
ငါသိတဲ့ ကျန်းခိုင်လား??
သူ့ဘေးနားရှိ လီရို့ရှီမှာလည်း ကူရာကယ်ရာမဲ့စွာ စကားပြောလာခဲ့သည် “ ကျွန်မက ပထမနှစ်လေးပဲရှိသေးတာပါ၊ အဲ့တာကြီးက စောလွန်းပါသေးတယ် “
“ ပထမနှစ်က လုံးဝမစောပါဘူးအေ “
အန်တီကြီးတစ်ဦးမှ ခေါင်းခါပြလာခဲ့သည် “ ငါကြားတာတော့ ဒီနေ့ခေတ်မှာ ကျောင်းသူကျောင်းသားတွေက တက္ကသိုလ်ကို ရောက်တာနဲ့ စပြီးတော့ ရီးစားထားနေကြပြီတဲ့။ တကယ်လို့ စောစောစီးစီး မလှုပ်ရှားဘူးဆိုရင်၊ လူကောင်းတွေကို တစ်ခြားလူတွေ လုသွားလိမ့်မယ် “
“ ငါထင်တာတော့ ဝမ်အဘိုးကြီးရဲ့ တူလေးက ကောင်းပါတယ်ဟယ်၊ နင်က သူနဲ့ တစ်ရက်တော့ တွေ့သင့်တယ် “
လီယန်ဖင်းသည် လက်ဖက်ရည်များကို ယူဆောင်ရင်း လျှောက်လှမ်းလာကာ အပြုံးဖြင့် ပြောလာခဲ့သည် “ ဟုတ်တယ်၊ သူ့ကို အရင်သိထားတာက ကောင်းတယ်လေ၊ တစ်ခုခုဖြစ်၊ မဖြစ်ဆိုတာကတော့ နောက်မှ ဆုံးဖြတ်လို့ရတာပဲ “
“ သမီးက ငယ်ငယ်လေးကတည်းက ကောင်လေးတွေနဲ့ အဆက်အဆံ လုပ်တာရှားတယ်၊ ကျိုးလေးအနားမှာပဲ အမြဲရှိနေတာ၊ သူနဲ့ပဲ အမြဲနေလို့ မရဘူးလေ၊ ဟုတ်တယ်မလား? “
လီရို့ရှီသည် ရှက်သွေးဖြာသွားပြီး၊ ပြန်လည်ချေပလိုက်သည် “ သူနဲ့အတူ အမြဲရှိနေတာက ဘာမှားနေလို့လဲ? “
“ ဒီကလေးကတော့ “ လီယန်ဖင်းမှ ဆူပူကြိမ်းမောင်းလာတော့သည် “ သူက သမီးရဲ့ မောင်လေးလေ၊ သွေးသားတော်စပ်မှု မရှိဘူးဆိုရင်တောင်မှ၊ ဒါပင်မဲ့ ……. “
လီယန်ဖင်းသည် အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားပြီး၊ မည်ကဲ့သို့ ဆက်ပြောရမလဲဆိုသည်ကို မသိတော့ချေ။
သူမသည် ရှုကျိုးကို လှည့်ကြည့်ကာ တိုက်တွန်းနှိုးဆော်လာခဲ့သည် “ ကျိုးလေး၊ မင်းက မင်းရဲ့ အစ်မနဲ့ စကားပြောသင့်တယ်၊ အဲ့တာက သူမဘဝရဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုလေ “
ရှုကျိုးသည် တစ်ကြိမ်မျှ ချောင်းဟန့်၍ စကားပြောရန်ပြင်လိုက်သည်။
ထိုအချိန်၌ မလှမ်းမကမ်းရှိ ဝမ်အဘိုးကြီးမှ ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ ငါ့တူက ထမင်းလာစားမယ်လို့ အခုပဲ ပြောလာခဲ့တယ်၊ ရို့ရှီ၊ ဒါက မင်းတို့နှစ်ယောက်တွေ့ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ “
“ နင့်ရဲ့ တူက တော်ဝင်သိုင်းပညာ တက္ကသိုလ်မှာ ရှိနေရမှာ မဟုတ်ဘူးလား? ဘာလို့ ဒီကို ရောက်နေရတာလဲ? “ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးမှ တအံ့တဩဖြင့် မေးလာခဲ့သည်။
“ ဟဲဟဲ၊ သူက ဒီမှာ မစ်ရှင်တစ်ခု လုပ်နေတာလေ။ ငါတို့က နှစ်ကူးပွဲလုပ်နေတာကြောင့် သူလည်း လာမှာပေါ့ “ ဝမ်အဘိုးကြီးသည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ အဲ့တာက တိုက်ဆိုင်တာ မဟုတ်ဘူးလား? “
လီယန်ဖင်းမှာလည်း ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ရေစက်ကြောင့်လည်း ဖြစ်နိုင်တယ် “
လီရို့ရှီကမူ အေးစက်စက် မျက်နှာထားဖြင့် အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။
သူမဘေးနားရှိ ရှုကျိုး၏ အမူအရာမှာလည်း အနည်းငယ် ထူးဆန်းနေခဲ့သည်။
နာမည်က ကျန်းခိုင်လို့ ခေါ်ပြီးတော့ ဒီနားမှာ မစ်ရှင်လုပ်နေတာလား?
တကယ်ကြီးကို ငါသိတဲ့တစ်ယောက် ဖြစ်နေတာလား?
သူတွေးနေသည့် အချိန်မှာပင် ခြံဝန်းထဲမှ ဆူညံသံများ ပေါ်ထွက်လာခဲ့သည်။
“ ဝမ်အဘိုးကြီးရဲ့ တူ ရောက်လာပြီဟေ့ !! “
တစ်စုံတစ်ဦးမှ အော်ပြောလာခဲ့ရာ၊ အားလုံးသည် မတ်တပ်ထရပ်၍ အပြင်သို့ ထွက်သွားကြသည်။
ရှုကျိုးမှာလည်း အိမ်ရှေ့သို့ လှည့်ကြည့်လိုက်သည်။
အရပ်ရှည်ကာ ပခုံးကျယ်ပြီး၊ မျက်ခုံးကောင်းကာ ကြီးမားသော မျက်ဝန်းများ ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးသည် တံခါးဝမှ လျှောက်လှမ်းလာခဲ့သည်။
သူ၏ အကြည့်သည် စူးရှထက်မြက်နေခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ထဲတွင် အစွမ်းထက် အငွေ့အသက်တစ်ခု သယ်ဆောင်ထားပုံရသည်။
သူချဥ်းကပ်လာသည်နှင့်အမျှ လူအုပ်ကြီးသည် ဘေးသို့ကပ်ကာ သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
ဝမ်အဘိုးကြီးသည် ရှေ့သို့တက်ကာ အပြုံးဖြင့် စကားပြောလိုက်သည် “ ရှောင်ခိုင်၊ တော်ဝင်သိုင်းပညာ တက္ကသိုလ်မှာ ထူးခြားတဲ့ လူတစ်ယောက်ကို ရှာတွေ့ခဲ့ပြီလား? “
“ လေ့ကျင့်ရင်းနဲ့ အလုပ်များနေခဲ့လို့၊ အဲ့တာအတွက် အချိန်မရှိပါဘူးဗျာ “ ကျန်းခိုင်သည် အပြုံးဖြင့် ခေါင်းခါပြလိုက်သည်။
“ အခု မင်းရဲ့အဆင့်က ဘယ်ကို ရောက်နေပြီလဲ? “ ဝမ်အဘိုးကြီးသည် သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည်။
“ အလယ်အလတ် အဆင့်၃ပါ “ ကျန်းခိုင်မှ ပြုံးပြလိုက်သည် “ နှစ်သစ်ကူးပြီးရင်တော့ နှောင်းပိုင်း အဆင့်၃ကို ရောက်သွားလောက်တယ် “
“ နှောင်းပိုင်း အဆင့်၃လား? ဒါဆိုရင် မင်းက အဆင့်၄နဲ့ နီးနေပြီပေါ့ “ ဝမ်အဘိုးကြီးသည် ဝမ်းသာအားရ အော်ပြောမိသွားခဲ့သည်။
လူအုပ်ကြီးမှာလည်း တအံ့တဩဖြစ်သွားကြသည်။
“ အဆင့်၄ သိုင်းပညာရှင်လား? လင်းဂျန်မြို့ရဲ့ လုံခြုံရေး ခေါင်းဆောင်ကတောင် အဲ့အဆင့်မှာပဲ ရှိနေသေးတယ်လေ “
“ ဒီလောက်ငယ်ငယ်လေးနဲ့၊ အဆင့်၄ သိုင်းပညာရှင်ဖြစ်တော့မယ်ပေါ့၊ တကယ် တော်တာပဲ “
“ ဒီကလေးက အကောင်ကြီးဖြစ်ဖို့ ကံပါလာတဲ့ပုံပဲ “
“ ဝမ်အဘိုးကြီးရဲ့ မိသားစုက ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ “
“ … “
ဆွေမျိုးများ၏ မျက်နှာများပေါ်တွင် လေးစားမှုများနှင့် ပြည့်နှက်သွားကြသည်။
ဤကမ္ဘာကြီးထဲတွင် သိုင်းပညာရှင်များသာ အလေးစားခံကြရပြီး၊ သူတို့သည် သိုင်းပညာရှင်များကြားရှိ အဆင့်ကွာဟချက်များကို ရှင်းရှင်းလင်းလင်းနားလည်ထားကြသည်။
အဆင့်၄ ပညာရှင်တစ်ဦးသည် နိုင်ငံတော်၏ ထောက်တိုင်တစ်ခုအဖြစ် သတ်မှတ်၍ ရနေပြီဖြစ်သည်။
လင်းဂျန်မြို့ကဲ့သို့ မြို့သေးသေးလေးအတွက်မူ ၎င်းသည် ထင်ရှားသော ပုံရိပ်တစ်ခုဖြစ်သည်။
ဝမ်အဘိုးကြီးသည် အာရုံစိုက်ခံနေရခြင်းကို သဘောကျနေလျက်ရှိကာ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ရှောင်ခိုင်၊ ယန်ဖင်းရဲ့ သမီးလေးကလည်း မင်းလိုမျိုး ထိပ်တန်းသိုင်းပညာ တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသူတစ်ယောက်ပဲလေ၊ သူမက တော်တော်လေးကို ဆွဲဆောင်မှုရှိတယ်၊ မင်းက သူမနဲ့ မတွေ့ဖူးသေးဘူးမလား? “
………………………………………………………………………………………………………………………………………..
အပိုင်း ( 327 )
သွေးကြောမှတ်များ ပေါင်းစည်းခြင်းနှင့် စိတ်ဝိညာဥ်ခန္ဓာကိုယ် ပြောင်းလဲခြင်း ၂
ကျန်းခိုင်မှ ခေါင်းခါပြလာခဲ့သည်၊ သူသည် ဤနေရာသို့ လာခဲလှသည်။
ဝမ်အဘိုးကြီးသည် သူ့ကို အထဲသို့ ခေါ်လာခဲ့ကာ အပြုံးဖြင့် ပြောနေခဲ့သည် “ လာ၊ မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိထားသင့်တယ်။ ဘယ်သူသိမှာလဲ၊ မင်းက ဟပ်ထိသွားနိုင်တာပဲ “
ကျန်းခိုင်သည် အခန်းထဲသို့ ဝင်လာခဲ့ပြီး၊ ချက်ချင်း အစွဲဆောင်ခံလိုက်ရတော့သည်။
လီရို့ရှီ၏ အလှသည် တကယ်ပင် အံ့မခန်းဖြစ်နေခဲ့ပြီး၊ သူမ၏ အေးစက်စက် ကိုယ်ဟန်အနေအထားဖြင့် ပေါင်းစပ်လိုက်သောအခါတွင် သူမသည် လူအများ၏ အာရုံများကို ဆွဲဆောင်ရန်အတွက် မည်သည့်အရာကိုမှ ထူးထူးခြားခြား လုပ်နေရန် မလိုတော့ပေ။
“ ဒါက လီရို့ရှီပဲ။ သူမက ဒီနှစ်မှ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ကို ရောက်တာ “ ဝမ်အဘိုးကြီးသည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ ကျောင်းသူတစ်ယောက်၊ သူမက အထူးဝင်ခွင့်ကို ရခဲ့တာလို့ ငါကြားခဲ့ရတယ် “
ကျန်းခိုင်သည် ခေါင်းငြိမ့်ပြလိုက်ကာ လီရို့ရှီဆီသို့ သူ၏လက်ကို ယုံကြည်ချက်ရှိရှိ ကမ်းပေးလာခဲ့သည် “ ဂျူနီယာ၊ တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ကျန်းခိုင်ပါ၊ တော်ဝင်သိုင်းပညာ တက္ကသိုလ်ရဲ့ စတုတ္ထနှစ် ကျောင်းသားပါ “
“ ဟယ်လို၊ စီနီယာ “
လီရို့ရှီသည် လက်ကိုဆန့်မထုတ်ဘဲ အေးစက်စက်သာ ပြန်ပြောလိုက်ပြီး၊ ရုတ်တရက် ထရပ်ကာ စကားပြောလိုက်သည် “ ကျွန်မက နည်းနည်းနေလို့ မကောင်းလို့ အခန်းထဲ ပြန်သွားတော့မယ် “
ထို့နောက်တွင် သူမသည် သူမ၏အခန်းဆီသို့ ဦးတည်သွားတော့သည်။
“ ဒီကောင်မလေးကတော့ !!! “
လီယန်ဖင်းသည် ကျန်းခိုင်ကို အလောတကြီး စကားပြောလာခဲ့သည် “ အန်တီတောင်းပန်ပါတယ်ကွယ်၊ အန်တီ့ကလေးက အဲ့လိုပဲ “
ကျန်းခိုင်သည် မည်သို့မျှ မတုံ့ပြန်လာခဲ့ဘဲ နေရာတစ်ခုကိုသာ စိုက်ကြည့်နေခဲ့သည်။
လီရို့ရှီ မတ်တပ်ထရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ယခင်က သူမတွေ့ခဲ့သည့် ရှုကျိုးသည် သူ၏အမြင်အာရုံထဲသို့ ရောက်ရှိလာခဲ့သည်။
ရှုကျိုးကို မြင်လိုက်ရသောအခါတွင် ကျန်းခိုင်သည် လုံးဝမှင်သက်သွားတော့သည်။
လီယန်ဖင်းသည် ၎င်းကို လုံးဝ သတိမပြုမိဘဲ၊ ကျန်းခိုင်က မိန်းမောနေသည်ကို မြင်လိုက်ရသောအခါတွင် သူက ဒေါသထွက်သွားသည်ဟုသာ ထင်သွားခဲ့သည်။
သူမသည် ရှုကျိုးကို အလောတကြီး ဆွဲခေါ်ကာ စကားပြောလိုက်သည် “ ကျိုးလေး၊ မြန်မြန်သွား၊ မင်းအစ်မကို ဖြောင်းဖြလိုက် “
ရှုကျိုးသည် လည်ချောင်းကိုရှင်းကာ အံ့ဩတကြီးဖြစ်နေသည့် ကျန်းခိုင်ကို ကြည့်လိုက်သည်။
လီယန်ဖင်းသည် ရှုကျိုး ငြိမ်နေသည်ကို မြင်လိုက်ရသောအခါတွင် အလျင်စလို တိုက်တွန်းလာခဲ့သည် “ သွားလေ “
“ ဟုတ်ပါပြီ၊ မှတ်ထားလိုက်ပါပြီ “
ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြုံးကာ ထရပ်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ကျန်းခိုင်သည် ရုတ်တရက် သတိပြန်ဝင်သွားခဲ့သည်။
“ ခေါင်းဆောင်ရှု !! “
သူသည် တအံ့တဩဖြင့် အော်ပြောကာ၊ တလေးတစား မေးလာခဲ့သည် “ မင်းက ဒီမှာ ဘာလုပ်နေတာလဲ? “
ဇွီ !!
ခြံဝန်းတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။
ဆွေမျိုးအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်၊ ငါတို့က နားကြားမှားသွားတာလား?
ကျန်းခိုင်က ရှုကျိုးကို ခေါင်းဆောင်ရှုလို့ ခေါ်လိုက်တာလား?
ပြီးတော့ သူ့ရဲ့ မျက်နှာပေါ်မှာလည်း လေးစားမှု အရိပ်အယောင်တွေနဲ့ !!
ဝမ်အဘိုးကြီးမှာ ပို၍ပင် မှင်သက်သွားခဲ့သည်။
သူ၏ တူသည် တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး၊ တော်ဝင်သိုင်းပညာ တက္ကသိုလ်၏ ထိပ်တန်းကျောင်းသားတစ်ဦးအဖြစ် သတ်မှတ်၍ရပေသည်။
အဲ့လိုလူက ရှုကျိုးကို ခေါင်းဆောင်ရှုလို့ တကယ်ကြီး ခေါ်နေတာလားဟ?
တကယ်လို့ ငါ့မှတ်ဉာဏ်တွေကသာ ကောင်းနေမယ်ဆိုရင်၊ ရှုကျိုးက ဒီနှစ်မှ တက္ကသိုလ်ကျောင်းကို ရောက်သွားတာလေ၊ သူက အမြင့်ဆုံးအနေနဲ့ အဆင့်၁ သိုင်းပညာရှင်လောက်ပဲ ဖြစ်နေဦးမှာမလား?
ဘာတွေ ဖြစ်နေတာလဲဟ?
လီယန်ဖင်းမှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး၊ ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။
ဝမ်အဘိုးကြီးရဲ့ ကောင်လေးက ဘာလို့ ရှုကျိုးကို ဒီလောက်တောင် လေးစားနေရတာလဲ?
ရှုကျိုးရဲ့ အဆင့်အတန်းက ကျန်းခိုင်ထပ် ပိုမြင့်နေတာများလား?
အားလုံး တအံ့တဩဖြစ်နေကြသည့် အချိန်မှာပင် ရှုကျိုးသည် အပြုံးဖြင့် ပြောလာခဲ့သည် “ စီနီယာ၊ အဖွဲ့က ဖျက်လိုက်ပါပြီ။ ငါ့ကို ခေါင်းဆောင်ရှုလို့ ထပ်ခေါ်နေဖို့ မလိုတော့ပါဘူး “
“ ဖူးးး “
ကျန်းခိုင်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ ခေါင်းခါပြလာခဲ့သည် “ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ခေါင်းဆောင်ရှုလို့ အခေါ်ခံရဖို့ ထိုက်တန်ပါတယ် “
ရှုကျိုးသည် ကူရာကယ်ရာမဲ့သွားတော့သည်၊ အဲ့လိုဆိုရင်လည်း ထားလိုက်တော့ကွာ။
“ ဒါနဲ့ ခေါင်းဆောင်ရှု၊ မင်းက ဒီနေရာမှာ ဘာလို့ရှိနေတာလဲ? “ကျန်းခိုင်သည် မအောင့်ထားတော့ဘဲ သိလိုစိတ်များဖြင့် မေးမြန်းလာခဲ့သည်။
“ ဘာလို့လဲဆိုတော့ ဒါက ငါ့အိမ်လေ “ ရှုကျိုးမှ ပြန်ဖြေလိုက်ကာ ဆွံ့အသွားတော့သည်။
ကျန်းခိုင်သည် ရုတ်တရက် သဘောပေါက်သွားတော့သည် “ မင်းရဲ့အိမ် …… လီရို့ရှီက မင်းအစ်မလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
အနားရှိ လီယန်ဖင်းသည် ထပ်မံ၍ သည်းမခံနိုင်တော့ဘဲ သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ ခိုင်လေး၊ မင်းက ကျိုးလေးကို ခေါင်းဆောင်လို့ ဘာလို့ ခေါ်နေရတာလဲ? “
ကျန်းခိုင်သည် ကို့ရို့ကားရားဖြစ်သွားသော အပြုံးဖြင့် ပြောလာခဲ့သည် “ မစ်ရှင်လုပ်နေတာလို့ ခုနက ကျွန်တော် ပြောခဲ့တယ်မလား? အဲ့ဒီမစ်ရှင်က ခေါင်းဆောင်ရှုနဲ့ အတူလုပ်ခဲ့တာလေ၊ သူက ကျွန်တော်တို့အဖွဲ့ရဲ့ ခေါင်းဆောင်လေ “
အားလုံးသည် ရှုကျိုးကို အံ့ဩတကြီးဖြင့် ကြည့်လာကြသည်။
ဆိုတော့ ရှုကျိုးက ကျန်းခိုင်ရဲ့ အထက်လူကြီးလားဟ??
ထိုအချိန်၌ ကျန်းခိုင်သည် ခေါင်းတခါခါဖြင့် ကိုယ့်ကိုကိုယ် နှိမ့်ချပြောဆိုလာခဲ့သည် “ အန်တီတို့အကုန်လုံးက ကျွန်တော့်ကို အလယ်အလတ် အဆင့်၃ ပညာရှင်အဖြစ် မြင်ကြလိမ့်မယ်၊ ဒါပင်မဲ့ ခေါင်းဆောင်ရှုရဲ့ အရှေ့မှာဆိုရင်တော့ ကျွန်တော်က တစ်ကွက်တောင် တောင့်မခံနိုင်လောက်ဘူး “
“ ခေါင်းဆောင်ရှုက သူတစ်ယောက်တည်းနဲ့ နှောင်းပိုင်း အဆင့်၃ ပညာရှင်နှစ်ယောက်ကို သတ်ခဲ့တာ၊ ပြီးတော့ အဆင့်၄ ပညာရှင်တစ်ယောက်ကိုတောင် သတ်နိုင်ခဲ့တယ် “
“ သူနဲ့ယှဥ်လိုက်မယ်ဆိုရင်တောင် ပါရမီရှင်ဆိုတဲ့ ကျွန်တော်က ဘာမှ မဟုတ်ပါဘူး “
လူတိုင်း အံ့ဩတုန်လှုပ်သွားကြတော့သည်။
ရှုကျိုးက အဆင့်၄ ပညာရှင်ကို တကယ်ကြီး သတ်နိုင်ခဲ့တာလားဟ?
လင်းဂျန်ကဲ့သို့ မြို့သေးသေးလေးတစ်ခုတွင် စတုတ္ထအဆင့် ပညာရှင်သည် အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်နိုင်ပေသည်။
ရှုကျိုးက စတုတ္ထအဆင့် ပညာရှင်ကို သတ်ခဲ့ခြင်းသည် သူ၏ စွမ်းအားက စတုတ္ထအဆင့်ထပ် ကျော်လွန်နေသည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
အရေးအကြီးဆုံး အရာမှာ ရှုကျိုးသည် ကျန်းခိုင်ထပ် နှစ်အတော်ကြာ ငယ်နေခြင်းပင် ဖြစ်သည်။
“ အမွေဆက်ခံထိုက်တဲ့ တကယ့် ပညာရှင်တစ်ယောက်ပဲ “ ဝမ်အဘိုးကြီးသည် မနေနိုင်တော့ဘဲ ချီးကျူးလာခဲ့သည်။
သူ၏ အမြင်တွင် သူ၏ တူဖြစ်သူကပင် အတော်လေး ထူးချွန်နေပြီဖြစ်သည်၊ သို့သော် ရှုကျိုး၏ အောင်မြင်မှုများကို သိလိုက်ရသောအခါတွင် ကျန်းခိုင်က ဘာမှမဟုတ်ဘူးဟုသာ ခံစားသွားခဲ့ရသည်။
“ ကျိုးလေးက ၁၈နှစ်တောင် မပြည့်သေးဘူးလေ၊ ဟုတ်တယ်မလား? သူက ဒီလို အဆင့်အတန်းမျိုးနဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေပြီလား? “
“ သူ့ရဲ့ အနာဂတ်ကတော့ အကန့်အသတ် မရှိတော့ဘူးပဲ “
“ အားရား၊ တကယ်လို့ ငါ့ကောင်စုတ်လေးကသာ သူ့ရဲ့ ဆယ်ပုံပုံတစ်ပုံစာလောက် စွမ်းဆောင်နိုင်မယ်ဆိုရင်၊ သူက ဒီလို အခြေအနေမျိုးမှာ ရှိနေမှာ မဟုတ်ဘူး “
“ ရို့ရှီရဲ့ စံနှုန်းတွေ မြင့်နေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။ ကျိုးလေးလို မောင်တစ်ယောက် ရှိနေမယ်ဆိုရင်၊ သူမရဲ့ စံနှုန်းတွေက ဘယ်လိုလုပ် မမြင့်ပဲ နေတော့မှာလဲ? “
ဆွေမျိုးအားလုံးသည် သက်ပြင်းတချချ ဖြစ်သွားကာ လီရို့ရှီကို ပို၍ နားလည်သွားကြသည်။
အစပိုင်းတွင် လီရို့ရှီသည် သူမ၏ အခန်းသို့ ပြန်သွားရန် ရည်ရွယ်ခဲ့သော်လည်း၊ ထိုဖြစ်ရပ်ကို ကြားလိုက်ရသောအခါတွင် သူမသည် ဧည့်ခန်းထဲတွင်သာ ဆက်နေနေခဲ့သည်။
သူမမှာလည်း ရှုကျိုးကို ငေးကြည့်နေခဲ့ပြီး၊ လှပသော မျက်လုံးလေးများ တလက်လက် တောက်ပသွားခဲ့သည်။
ဒီကောင်က ရက်ပိုင်းလေးအတွင်းမှာပဲ ထပ်ပြီးတော့ အများကြီး သန်မာလာပြန်ပြီ။
ရှုကျိုးကမူ အားလုံး၏ အကြည့်များကို လျစ်လျူရှုထားပြီး၊ ကျန်းခိုင်ကို ကြည့်ကာ လျှို့ဝှက်ဆန်းကြယ်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည် “ မင်းက ငါ့အစ်မကို စိတ်ဝင်စားနေတာလား? “
“ အမ်၊ မဟုတ်ဘူး၊ မဟုတ်ဘူး “
ကျန်းခိုင်သည် ထပ်ခါတလဲလဲ လက်ဝေ့ယမ်းပြလာခဲ့သည်။
အရိုးသားဆုံး ပြောရမည်ဆိုပါက ယခင်က သူ့ထံတွင် အတွေးတစ်ချို့ ရှိခဲ့ဖူးသည်။
သို့သော် ယခု၌ လီရို့ရှီထံတွင် ဤမျှကြောက်မက် ဖွယ်ကောင်းသည့် မောင်တစ်ဦး ရှိနေသည်ကို သိလိုက်ရသောကြောင့် သူမလှုပ်ရှားရဲတော့ပေ။
သူ့ထံတွင် ရည်းစား မရှိဘူးဟု ပြောခဲ့သော်လည်း၊ သူ၏စွမ်းရည်များဖြင့်ဆိုပါက တော်ဝင်သိုင်းပညာ တက္ကသိုလ်တွင် ချစ်မှုရေးရာ ကိစ္စလေးများ မရှိဘူးဆိုသည်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း?
ချီ-သွေးစွမ်းအင်များနှင့် တိုးတက်ခြင်းက ပို၍ အရေးကြီးသော်လည်း၊ ထိုကဲ့သို့သော ကိစ္စလေးများကို ရံဖန်ရံခါတွင် လိုအပ်နေစဲပင် ဖြစ်သည်။
အကယ်၍ ရှုကျိုးကသာ သူခြေရှုပ်နေပြီး၊ လီရို့ရှီအား လှည့်စားနေဆိုသည်ကို ရှာတွေ့သွားမည်ဆိုပါက၊ သူ့ဘဝပျက်သွားမည် ဖြစ်သည်။
ထို့ကြောင့် ကျန်းခိုင်သည် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
“ စိတ်ချထားလိုက်ပါ၊ ခေါင်းဆောင်ရှုရာ “ ကျန်းခိုင်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလာခဲ့သည် “ ငါက မင်းရဲ့စွမ်းအားကို မကျော်နိုင်မချင်း၊ အဲ့လို အတွေးမျိုး တွေးမှာ မဟုတ်ဘူး “
“ ဒါဆိုရင်တော့ မင်းဆီမှာ အခွင့်အရေး မရှိလောက်တော့ဘူး “ ရှုကျိုးသည် သူ့အား ဘေးတစ်စောင်း ကြည့်လိုက်သည်။
ကျန်းခိုင်သည် မည်သို့မျှ ပြန်မငြင်းခဲ့ပေ၊ သူသည် ရှုကျိုး၏ စွမ်းအားကို အသိအမှတ်ပြုထားခဲ့ပြီ ဖြစ်သောကြောင့် သူက သူ့အား မဖိနှိပ်နိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။