← Chapters

အပိုင်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အပိုင်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အပိုင်း ( 328 )

သွေးကြောမှတ်များ ပေါင်းစည်းခြင်းနှင့် စိတ်ဝိညာဥ်ခန္ဓာကိုယ် ပြောင်းလဲခြင်း ၃

ဘေးနားရှိ လီယန်ဖင်းမှာလည်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည်၊ သို့သော် မည်သည့်စကားမှ ထပ်မပြောလာခဲ့ပေ။

သူမသည် ရှုကျိုးကို ငေးကြည့်ကာ အတွေးနက်သွားတော့သည်၊ ရို့ရှီကို ကျိုးလေးနဲ့ပဲ တစ်သက်လုံး နေခွင့်ပြုလိုက်ရမှာလား?

ဥပဒေရေးရာတွေ၊ ကျင့်ဝတ်ဆိုင်ရာ ပြဿနာတွေ မရှိပင်မဲ့ …..

ကျိုးလေးကရော အဲ့လိုလုပ်ချင်ပါ့မလား???

…

ပြန်လည်တွေ့ဆုံကြသည့် ညစာစားပွဲကို ကျင်းပခဲ့ပြီးသည့်နောက်တွင် အားလုံးလမ်းခွဲသွားကြတော့သည်၊ ကျန်းခိုင်သည် ဝမ်အဘိုးကြီး၏ အိမ်သို့ လိုက်သွားခဲ့သည်။

ထိုအချိန်တွင် ရှုကျိုးသည် သူ၏အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

“ နောက်ဆုံးတော့ အေးအေးဆေးဆေး ကျင့်ကြံလို့ရပြီပဲ “ ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်သည်။

သူသည် ဤနေရာမှာပင် အဆင့်ထိုးဖောက်ရန် ပြင်ဆင်ထားခဲ့သည်။

ရှန့်ဝမ်းချန်မှ တိတ်တဆိတ် စောင့်ကြပ်ပေးနေသောကြောင့် မည်သည့်အန္တရာယ်မှ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။

ဤအချိန်တွင် ရှုကျိုးသည် သူ့ခန္ဓာကိုယ်ထဲရှိ ဘိုးဘေးနဂါးခြင်ဆီကို ဖြေရှင်းရန် စိတ်အားထက်သန်နေလျက်ရှိသည်။

သူသည် တင်ပျဥ်ခွေထိုင်လိုက်ကာ ကြည်လင် သန့်ရှင်းနေသည့် ဆဠဂံပုံစံ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

ကမ္ဘာ့ကြယ် သလင်းကျောက် !!!

၎င်းကို မည်ကဲ့သို့ အသုံးပြုရမလဲဆိုသည်ကို သူသည် ယွဲ့ဟွာရုန်၏ မှတ်ဉာဏ်များမှတစ်ဆင့် သင်ယူခဲ့ပြီးပြီ ဖြစ်သည်။

အစပိုင်းတွင် လနတ်ဘုရားဂိုဏ်းက အဆိုပါ သလင်းကျောက်ကို ရရှိခဲ့သည့် အချိန်တွင် သူတို့သည် ၎င်း၏ အတွင်းပိုင်းတွင် ရှိနေသည့် စွမ်းအင်ကို ထိန်းချုပ်နိုင်မည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ သုတေသန လုပ်ခဲ့ကြသည်။

“ ဗွီ !! “

ရှုကျိုးမှ လက်တစ်ဖက်ဖြင့် စည်းတံဆိပ်တစ်ခုကို ရေးဆွဲလိုက်ပြီး၊ သင်္ကေတတစ်ခုကို အသက်သွင်းလိုက်ရာ ကမ္ဘာ့ကြယ် သလင်းကျောက်သည် လင်းလက်တောက်ပလာခဲ့သည်။

“ ဝရုန်းးး !! “

ကမ္ဘာ့ကြယ် သလင်းကျောက်မှ အနည်းငယ် လှုပ်ခါသွားခဲ့ရာ၊ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကပင် အနည်းငယ် ခါယမ်းသွားခဲ့သည်။

ရှုကျိုးသည် သူ၏နောက်လက်တစ်ဖက်ဖြင့် စည်းတံဆိပ်တစ်ခုကို ရေးဆွဲပြီး၊ လျှို့ဝှက်နည်းစနစ်တစ်ခုကို အသက်သွင်းကာ ကမ္ဘာ့ကြယ် သလင်းကျောက်နှင့် ဆက်သွယ်ရန် ကြိုးပမ်းလိုက်သည်။

ဇွီ !!

မကြာခင်မှာပင် ကမ္ဘာ့ကြယ် သလင်းကျောက်သည် ရှုကျိုး၏ ရင်အုပ် အရှေ့ဘက်သို့ မျောလွင့်လာခဲ့ကာ သူ၏အတွေးတစ်ချက်ဖြင့်ပင် စွမ်းအားများ ထုတ်လွှင့်ရန် အသင့်ဖြစ်နေခဲ့သည်။

“ စကြတာပေါ့ကွာ “ ရှုကျိုးသည် မျှော်လင့်ချက်များနှင့်အတူ မျက်လုံးများ မှိတ်လိုက်သည်။

သူ၏ခန္ဓာကိုယ် အတွင်းပိုင်းသို့ ကြည့်လိုက်ရာ အဖြူရောင် ကြာပန်းအပေါ်တွင် ရှိနေသည့် ရွှေရောင် အကာအရံတစ်ခုကို မြင်တွေ့သွားခဲ့သည်။

အဆိုပါ ရွှေရောင် အတားအဆီးသည် ဘိုးဘေးနဂါးခြင်ဆီသွေးထံမှ ဖြစ်တည်လာခြင်းဖြစ်ပြီး၊ ရှုကျိုး၏ သွေးကြောမှတ်များကို ပေါင်းစည်းခြင်းကို တားဆီးသည့် တရားခံလည်း ဖြစ်နေခဲ့သည်။

အစပိုင်းတွင် ရှုကျိုးထံ၌ ၎င်းကို ကိုင်တွယ်ရန် မည်သည့်နည်းလမ်းမှ ရှိမနေခဲ့ချေ။

သို့သော် ယခုတွင်မူ …..

အတွေးတစ်ချက်ဖြင့်ပင် ကမ္ဘာ့ကြယ် သလင်းကျောက်သည် အလင်းတန်းများ တောက်ပလာခဲ့ကာ ဖရိုဖရဲချီမျှင်များကို ထုတ်လွှင့်၍ ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။

အဆိုပါ ဖရိုဖရဲ ချီမျှင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်သွားလာနေခဲ့ပြီး၊ သူ၏ကြာပန်းဆီသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက်၌ ၎င်းသည် ရန်သူတော်ဟောင်းကြီးတစ်ဦးကို မြင်လိုက်ရသကဲ့သို့ ရွှေရောင်အတားအဆီးထံသို့ တိုက်ရိုက်ပြေးဝင်သွားတော့သည်။

“ ဝုန်းးးး !! “

ချက်ချင်းဆိုသလိုပင် စွမ်းအင်နှစ်ခု တိုက်မိသွားခဲ့သည်။

“ ရှဲ ရှဲ ရှဲ ~~~ “

ဖရိုဖရဲချီနှင့် ရွှေရောင် အတားအဆီးတို့သည် ဆီနှင့်ရေကဲ့သို့ ဖြစ်နေခဲ့ကာ၊ ကြမ်းတမ်းစွာ စီးချင်းထိုးနေလျက်ရှိပြီး၊ မီးပွားများကို ဆက်တိုက် ဖန်တီးနေခဲ့သည်။

ဖရိုဖရဲချီသည် ရွှေရောင် အတားအဆီးကို ဖြည်းဖြည်းချင်း ဖျက်ဆီးနေခဲ့သည်။

ဤဖြစ်စဥ်ကာလအတွင်း၌ ရွှေရောင်အရည်များသည် အဆိုပါ အတားအဆီးထံမှ ခွဲထွက်လာခဲ့ကာ သွေးကြောမှတ် လည်ပတ်မှုဆီသို့ တိုးဝင်လာခဲ့သည်။

အဆိုပါ ရွှေရောင်အရည်သည် ဘိုးဘေးနဂါး ခြင်ဆီသွေးဖြစ်ပြီး၊ အလွန်တရာ ရန်မူတတ်သည့် သဘာဝကို သယ်ဆောင်ထားကာ ရှုကျိုး၏ ကိုယ်တွင်းအဂ်ါများကို နဂါးတစ်ကောင်၏ ကိုယ်တွင်း အဂ်ါများအဖြစ် ပြောင်းလဲရန် ကြိုးပမ်းလာခဲ့သည်။

“ ဝုန်းးးး !!! “

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ကလီစာငါးခု၏ တံခါးပေါက်များ ပွင့်လာခဲ့သည်။

နှလုံးသားထံမှ ထွက်ပေါ်လာသည့် လျှို့ဝှက်စွမ်းအားများသည် ဘိုးဘေးနဂါးခြင်ဆီသွေးများနှင့် ရောစပ်သွားကာ ရွှေရောင်မီးခိုးမှုန်များကို ထုတ်လွှင့်လာခဲ့သည်။

“ အရင်ကလည်း အဲ့လို ဖြစ်ခဲ့တာပဲ “ ရှုကျိုး အတွေးနက်သွားတော့သည် “ နှလုံးရဲ့ လျှို့ဝှက်စွမ်းအားက ဘိုးဘေးနဂါးခြင်ဆီသွေးတွေကို သန့်စင်နိုင်တယ်၊ အဲ့တာရဲ့ ပြောင်းလဲနိုင်စွမ်းကို ဖဘ်ထုတ်ပြီးတော့ ခွန်အားတိုးစေမဲ့ စွမ်းအင်တွေကိုပဲ ချန်ထားပေးခဲ့တယ် “

သန့်စင်ခံလိုက်ရသည့် ရွှေရောင်အရည်များသည် နှလုံးဆီသို့ ပြန်ဝင် တိုးဝင်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် နှလုံးသားသည် ပြင်းပြင်းထန်ထန် ခုန်ပေါက်လာခဲ့သည်။

နှလုံးတံခါးပေါက်ထဲတွင် ရှိနေသည့် နတ်စွမ်းရည် မျိုးစေ့၏ အရိပ်သည် အဆိုပါ ရွှေရောင် အရည်များကို ဆက်တိုက် စုပ်ယူသွားပြီး၊ တဖြည်းဖြည်း ထင်ရှား ပုံပေါ်လာခဲ့သည်။

“ တော်တော်ြမန်တာပဲဟ “

ရှုကျိုးသည် နတ်စွမ်းရည်မျိုးစေ့ကို ကြည့်ကာ အံ့ဩကျေနပ်သွားခဲ့သည်။

အဆိုပါ အရည်သည် ယခင်က မြင်ခဲ့ရသည့် ရွှေရောင်အရည်ထပ် ပို၍ အကျိုးသက်ရောက်မှု ရှိနေသည့်ပုံပင်။

တစ်ခဏအတွင်းမှာပင် နတ်စွမ်းရည် မျိုးစေ့၏ အရိပ်သည် ခိုင်မာထင်ရှားလာသည့် လက္ခဏာရပ်များ ပြသလာခဲ့သည်။

“ ဆက်လုပ်မယ် !! “

ရှုကျိုးမှ လျှို့ဝှက်နည်းစနစ်ကို ထပ်မံ၍ အသက်သွင်းလိုက်ရာ၊ ကမ္ဘာ့ကြယ် သလင်းကျောက်မှ စွမ်းအင်များ ထပ်မံ၍ ပေါ်ပေါက်လာခဲ့သည်။

ရွှေရောင်အရည်စီးကြောင်းလေးများသည် သွေးကြောမှတ် လည်ပတ်မှုနှင့် ပေါင်းစည်းသွားကာ နတ်စွမ်းရည်မျိုးစေ့ကို ဆက်တိုက်အားဖြည့်ပေးနေတော့သည်။

၁၀မိနစ်

မိနစ် ၂၀

နာရီဝက်ကြာခဲ့ပြီးသည့်နောက်၌

“ ခရက် !!! “

ရုတ်တရက်ဆိုသလိုပင် ရွှေရောင်အကာအရံပေါ်တွင် အက်ကွဲကြောင်း တစ်ခုပေါ်လာခဲ့ပြီး၊ မကြာခင်အချိန်မှာပင် ရေကာတာကဲ့သို့ ကျိုးပေါက်သွားပုံရသည်။

ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဖရိုဖရဲချီသည် ရွှေရောင်အတားအဆီးကို လုံးဝဖြိုခွဲလိုက်သည်။

ရွှေရောင်အတားအဆီးသည် ရွှေရောင်အရည်များအဖြစ် ပြောင်းလဲသွားကာ သွေးကြောမှတ် လည်ပတ်မှုထဲသို့ တိုးဝင်သွားတော့သည်။

ကြာပန်းပေါ်ရှိ အတားအဆီး ကျိုးပျက်သွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် ရှုကျိုးသည် နတ်စွမ်းရည်မျိုးစေ့ကိုပင် အာရုံမစိုက်နိုင်တော့ဘဲ၊ ဒုတိယအဆင့် အထွတ်အထိပ်သို့ ထိုးဖောက်ရန် ကြိုးပမ်းနေတော့သည်။

“ ပေါင်းစပ် !! “ ရှုကျိုးမှ လေသံတိုးတိုးလေးဖြင့် အော်ပြောလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပွင့်ဖတ်ဆယ့်နှစ်ခုသည် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားခဲ့သည်။

ယခုတွင် ဘိုးဘေးနဂါးခြင်ဆီသွေး၏ နှောင့်ယှက်မှု မရှိတော့သောကြောင့် သွေးကြောမှတ် အခု၃၆၀ပါရှိသည့် ပွင့်ဖတ်ဆယ့်နှစ်ခုသည် လွယ်ကူချောမွေ့စွာ ပေါင်းစည်းနေပြီဖြစ်သည်။

ဝုန်းးး !!

ကျယ်လောင်သော အသံတစ်သံနှင့်အတူ ပွင့်ဖတ်ဆယ့်နှစ်ခုသည် တစ်ခုတည်းအဖြစ် အပြည့်အဝ ပေါင်းစပ်သွားခဲ့သည်။

အဖြူရောင် ကြာပန်းမှာလည်း အပြည့်အဝ ပိတ်ဆို့သွားပြီး၊ ပွင့်ဖတ်ဆယ့်နှစ်ခုနှင့်အတူ သွေးကြောမှတ် လည်ပတ်မှုနှင့် ပေါင်းစည်းသွားတော့သည်။

သွေးကြောမှတ် အခု ၃၆၀မှာလည်း စတင်၍ ပေါင်းစပ်လာကြလေသည်။

၁၈၀၊ ၆၀၊ ၃၀၊ ၁၅ ……….

အဆုံးတွင် သွေးကြောမှတ် တစ်ခုသာလျှင် ကျန်ရှိနေခဲ့သည်။

“ ဘုမ်းးး !! “

ရှုကျိုး၏ အရှိန်အဝါ ထောင်တက်သွားကာ ဒုတိယအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆင့်ထိုးဖောက်မှုကြောင့် ရရှိလာခဲ့သည့် လျှို့ဝှက်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းနေတော့သည်၊ ချီ-သွေးစွမ်းအင်များသည် အဆုံးမဲ့ ခွန်အားများကို သယ်ဆောင်ကာ သူအလိုရှိသည့်အတိုင်း ရွေ့လျားနေခဲ့ပြီး၊ သူ၏အမိန့်အောက်သို့ ရောက်ရှိနေခဲ့သည်။

“ နောက်ဆုံးတော့ အဆင့်၂ အထွတ်အထိပ်ကို ရောက်လာပြီပဲ “

ရှုကျိုးမှ မျက်လုံးများ ဖွင့်လာခဲ့ပြီး လက်သီးဆုပ်လိုက်ရာ ယခင်ကထပ် အဆပေါင်းများစွာ သာလွန်နေသည့် စွမ်းအားကို ခံစားလိုက်ရသည်။

တစ်ခြားလူများက ဒုတိယအဆင့် အထွတ်အထိပ်တွင် ရှိနေသည့် အချိန်၌ အမြင့်ဆုံးအနေဖြင့် သွေးကြောမှတ် ၁၀ခုအဖြစ်သာ ပေါင်းစပ်နိုင်ကြသည်။

သို့သော် ရှုကျိုးကမူ သွေးကြောမှတ် အခု ၃၆၀လုံးကို သွေးကြောမှတ် တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့သည်။

အရာအားလုံးသည် သွေးကြောမှတ် လည်ပတ်မှုကြောင့်ပင်ဖြစ်သည်။

သွေးကြောမှတ် အားလုံးပေါင်းစည်းသွားဖြင်းသည် ထင်သာမြင်သာ ရှိသော တိုးတက်မှုများကို ယူဆောင်ပေးလာသည်၊ သူ၏ချီ-သွေးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကယ်လိုရီပေါင်း ရာပေါင်းများစွာအထိ ထောင်တက်လာခဲ့သည်။

“ မပြီးသေးဘူးပဲ ……. “

ရှုကျိုးမှ သူ၏ခန္ဓာကိုယ် အတွင်းပိုင်းသို့ ကြည့်လိုက်ရာ

သွေးကြောမှတ်များ ပေါင်းစပ်သွားသည့်နောက်တွင် ကြာပန်းဖြူသည် ကြည်လင်တောက်ပပြီး အင်မော်တယ် အငွေ့အသက်များ ထုတ်လွှတ်နေသည့် လက်သီးဆုပ်အရွယ်မျှ ပန်းဖူးလေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ပန်းဖူး၏ အပေါ်ဘက်တွင် ယင်ယန်ငါးနှစ်ကောင်ကဲ့သို့ လည်ပတ်နေသည့် စွမ်းအင်ချိုင့်ဝှမ်းတစ်ခု ပေါ်လာခဲ့ကာ၊ ၎င်းသည် ရှုကျိုး၏ တစ်ခုတည်းသော သွေးကြောမှတ်ဖြစ်သည်။

ပန်းဖူး၏အောက်ဘက်ရှိ ရွှေရောင်လူသေးသေးလေးသည် ထပ်မံ၍ ဖိနှိပ်ခံထားရစဲပင် ဖြစ်သည်။

အဆိုပါ ပုံရိပ်လေးသည် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် အပေါ်သို့ မော့ကြည့်နေခဲ့သည်။

တစ်ချို့သော အကြောင်းပြချက်များကြောင့် သွေးကြောမှတ်များ ပေါင်းစပ်သွားခဲ့သည့်နောက်တွင် စိတ်ဝိညာဥ် ခန္ဓာကိုယ်သည် သွေးကြောမှတ် လည်ပတ်မှုကို လွန်စွာကြောက်ရွံ့သွားသည်ဟု ခံစားနေခဲ့ရသည်။

၎င်းသည် ၎င်း၏အတွင်းပိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသည့် သားရဲတစ်ကောင်ကို မြင်တွေ့နေရသကဲ့သို့ ဖြစ်နေခဲ့သည်။

၎င်းကို ကြည့်နေရင်းဖြင့် ရှုကျိုးသည် ရုတ်တရက် အတွေးတစ်ခု ရသွားခဲ့သည် “ တကယ်လို့ ငါက အဲ့ကောင်ကို သွေးကြောမှတ် လည်ပတ်မှုနား ကပ်ခိုင်းလိုက်မယ်ဆိုရင်၊ ဘာတွေ ဖြစ်လာလောက်မလဲ? “

သွေးကြောမှတ် လည်ပတ်မှုသည် သူ့ ခန္ဓာကိုယ်၏ အလျှို့ဝှက် အဆန်းကြယ်ဆုံး အစိတ်အပိုင်းဖြစ်သည်။

၎င်းသည် ကြာပန်း၏ အဖြူရောင် အုတ်မြစ်လည်း ဖြစ်သည်။

စိတ်ဝိညာဥ် ခန္ဓာကိုယ်ကို ဖိနှိပ်ထားသည့် စွမ်းအားသည် သွေးကြောမှတ် လည်ပတ်မှုထံမှ ရောက်ရှိလာခြင်းဖြစ်သည်။

ရှုကျိုးသည် နှစ်စက္ကန့်မျှ တွေးတောစဥ်းစားနေခဲ့ပြီး၊ ထို့နောက်တွင် ကြာပန်းဖူးကို ထိန်းချုပ်၍ လည်ပတ်စေလိုက်ကာ သွေးကြောမှတ် လည်ပတ်မှုအား စိတ်ဝိညာဥ် ခန္ဓာကိုယ်ဆီသို့ စေလွှတ်လိုက်သည်။

“ ဇွီ !!! “

စိတ်ဝိညာဥ် ခန္ဓာကိုယ်သည် သွေးကြောမှတ် လည်ပတ်မှုနှင့် နီးကပ်လာသည်နှင့်အမျှ ၎င်းသည် ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

သံလိုက်တုံးများ၏ ဓာတ်တူ ဝင်ရိုးများ တွန်းကန်နေသကဲ့သို့ အားကောင်းပြင်းထန်နေခဲ့သည်။

“ ငါ့ရဲ့ သွေးကြောမှတ် လည်ပတ်မှုက စိတ်ဝိညာဥ် ခန္ဓာကိုယ်ကို တွန်းလှန်နေတဲ့ပုံပဲ “ ရှုကျိုးသည် အတော်အတန် အံ့ဩသွားခဲ့သည်။

၎င်းသည် မထင်မှတ်ထားသော အရာဖြစ်သည်။

သွေးကြောမှတ် လည်ပတ်မှုသည် သတိတကြီးဖြစ်နေပုံရကာ တက်တက်ကြွကြွ တွန်းလှန်နေခဲ့သည်။

သွေးကြောမှတ် လည်ပတ်မှုသည် စိတ်ဝိညာဥ် ခန္ဓာကိုယ်ကို ကန့်ကွက်နေရုံတင် မဟုတ်ဘဲ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုပါ တွန်းလှန်နေခဲ့သည်။

အဆိုပါ ပုန်ကန်မှုသည် အနည်းငယ် ညင်သာနေသောကြောင့်၊ ရှုကျိုးသည် ၎င်းကို ယခင်က သတိမပြုမိခဲ့ပေ။

သို့သော် ယခုတွင် စိတ်ဝိညာဥ် ခန္ဓာကိုယ်၏ နယ်ချဲ့မှုကြောင့် သူသည် သွေးကြောမှတ် လည်ပတ်မှုက သူ၏ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျမဖြစ်ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။

ရှုကျိုးသည် ယခင်က ရှန့်ဝမ်ချန်း ပြောပြခဲ့ဖူးသည့်စကားများကို ပြန်၍ အမှတ်ရသွားခဲ့သည် “ ဒုတိယအဆင့် နယ်ပယ်ရဲ့ ကျင့်ကြံရေးက သွေးကြောမှတ်တွေနဲ့ ခန္ဓာကိုယ်ကြားမှာ ချိတ်ဆက်မှုတစ်ခု တည်ဆောက်ပြီးတော့ သွေးကြောမှတ်တွေကို ကိုယ့်ရဲ့ ကိုယ်ပိုင်ပစ္စည်း ဖြစ်သွားအောင် လုပ်ရတာပဲ “

“ အရင်တုန်းက သွေးကြောမှတ်တွေကို သုံးခဲ့တဲ့ အချိန်တိုင်းမှာ မောပန်းနေခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “

“ ကြည့်ရတာတော့ အဲ့တာတွေက ငါနဲ့ အပြည့်အဝ မပေါင်းစည်းသေးတဲ့ပုံပဲ “

“ တကယ်လို့ အဲ့တာနဲ့ ငါ့ကိုယ်ငါ အပြည့်အဝ ပေါင်းစပ်နိုင်မယ်ဆိုရင် ထပ်သုံးတဲ့အခါကျရင် မောပန်းနေတော့မှာ မဟုတ်ဘူး “

“ ဒါပင်မဲ့ ……. အဲ့တာကို ခန္ဓာကိုယ်နဲ့ ဘယ်လို ပေါင်းစည်းပေးရမှာလဲ? “

ရှုကျိုး မျက်မှောင်ကြုတ်သွားတော့သည်။

သူသည် ထိုကဲ့သို့သော ပြဿနာမျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်းဖြစ်သည်။ ၎င်းမှာ အတော်အတန် ကရိကထများနေသည့်ပုံပင်။

“ ငါက အဲ့တာတွေကို အတင်းအကြပ် ပေါင်းစည်းပေးလိုက်ရမှာလား? “ ရှုကျိုး အတွေးနက်သွားတော့သည် “ ဒီစိတ်ဝိညာဥ် ခန္ဓာကိုယ်နဲ့ အရင်စမ်းကြည့်လိုက်တာက ကောင်းမယ်လို့ထင်တယ် “

ယခုလက်ရှိ အချိန်တွင် ၎င်းသည် အသင့်တော်ဆုံး အစမ်းသပ်ခံ ပစ္စည်းဖြစ်သည်။

သွေးကြောမှတ် လည်ပတ်မှုက စိတ်ဝိညာဥ် ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ပုန်ကန်နေသော်လည်း၊ သူသည် အဆိုပါ စိတ်ဝိညာဥ် ခန္ဓာကိုယ်အား သွေးကြောမှတ် လည်ပတ်မှုနားသို့ ရွေ့လျားသွားစေရန် ထိန်းချုပ်နေနိုင်ခဲ့သည်။

ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစား၍ ဆုံးဖြတ်ချက် တစ်ခုချလိုက်သည်။

သူသည် စိတ်ဝိညာဥ် ခန္ဓာကိုယ်ကို စတင်၍ စမ်းသပ်မည်ဖြစ်သည်။

စိတ်ဝိညာဥ် ခန္ဓာကိုယ် ထိခိုက်သွားခြင်းသည် သူ့အတွက် များစွာအကျိုးရှိနေမည် ဖြစ်သည်။

“ သွား !! “

သူသည် ရွှေရောင်လူသေးသေးလေး အပေါ်တွင် ရှိနေသည့် ဖိအားကို ဖြေလျော့လိုက်ပြီး၊ ၎င်းအား သွေးကြောမှတ် လည်ပတ်မှုဆီသို့ ပစ်လွှတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကြီးမားသော တွန်းအားတစ်ခုကို ခံစားလိုက်ရသည်။

သို့သော် ရွှေရောင် စိတ်ဝိညာဥ် ခန္ဓာကိုယ်သည် သွေးကြောမှတ် လည်ပတ်မှုနှင့် တစ်လှမ်းပြီးတစ်လှမ်း နီးကပ်သွားခဲ့သည်။

ခြေတစ်ခါလှမ်းခဲ့ပြီးသည့် အချိန်တိုင်းတွင် တွန်းအားသည် သိသိသာသာ မြင့်တက်လာခဲ့သည်။

ငါးလှမ်းမျှ လှမ်းခဲ့ပြီးသည့်နောက်တွင် တွန်းအားသည် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်မျိုးအထိ ရောက်ရှိလာခဲ့သည်။

ဆယ်လှမ်းမျှ လှမ်းခဲ့ပြီးသည့်နောက်တွင်မူ စိတ်ဝိညာဥ် ခန္ဓာကိုယ်၏ ကိုယ်ပေါ်တွင် အက်ကြောင်းများ ပေါ်လာခဲ့ပြီး၊ လဲကျလုနီးပါးဖြစ်သွားခဲ့သည်။

“ ရှေ့ဆက်သွားမယ် !! “

စိတ်ဝိညာဥ် ခန္ဓာကိုယ်သည် ရှုကျိုး၏ စိတ်ဆန္ဒကြောင့် တိုးညှင်းစွာ ဟိန်းဟောက်ပြီး ရှေ့ဆက်သွားနေတော့သည်။

ဆယ့်ငါးလှမ်း !!

ထိုအချိန်၌ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ ခရက် !! ခရက် !! “

ဆယ့်ငါးလှမ်း လှမ်းခဲ့ပြီးသည့်နောက်တွင် အက်ကွဲကြောင်းများသည် စိတ်ဝိညာဥ် ခန္ဓာကိုယ်တစ်ခုလုံးပေါ်သို့ ပျံ့နှံ့သွားခဲ့သည်။

ထို့နောက်တွင် စိတ်ဝိညာဥ် ခန္ဓာကိုယ်သည် ခွမ်းဟူသော အသံနှင့်အတူ ကြွေပုလင်းတစ်လုံး ကွဲကျသွားသကဲ့သို့ ပြိုကွဲသွားခဲ့သည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 329 )

ဝိညာဥ်ဝါးမြိုခြင်း၊ အသက်ဓာတ်ကို သိမ်းပိုက်ခြင်း

ရှုကျိုး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ပြဿနာရှာနေခဲ့တဲ့ စိတ်ဝိညာဥ် ခန္ဓာကိုယ်က ဒီလိုမျိုး ပျောက်သွားတာလားဟ??

တွန်းကန်အား၏အောက်တွင် စိတ်ဝိညာဥ် ခန္ဓာကိုယ်သည် လုံးဝ ပြိုကွဲသွားခဲ့သည်၊ များပြားသော အစိတ်အပိုင်းများအဖြစ် ကွဲအက်သွားကာ၊ ပျောက်ကွယ်သွားမည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ ဟမ်? “

ထိုအချိန်၌ ရှုကျိုးသည် ငြင်သာသော အပြောင်းအလဲတစ်ခုကို ရုတ်တရက် အာရုံခံမိသွားသည်။

စိတ်ဝိညာဥ် ခန္ဓာကိုယ် ပြိုကွဲသွားခဲ့ပြီးသည့်နောက်တွင် သွေးကြောမှတ် လည်ပတ်မှု၏ တွန်းကန်အားသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

စိတ်ဝိညာဥ် ခန္ဓာကိုယ်၏ အပိုင်းအစများသည် သွေးကြောမှတ် လည်ပတ်မှုထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်၊ သို့သော် ဤတစ်ကြိမ်တွင်မူ မည်သည့်ခုခံမှုမှ မရှိတော့ပေ။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် စိတ်ဝိညာဥ် ခန္ဓာကိုယ် အပိုင်းအစများသည် သွေးကြောမှတ် လည်ပတ်မှုဆီသို့ ရောက်ရှိသွားခဲ့သည်။

“ ဗွီ !! “

ကြာဖူးသည် ပြင်းပြင်းထန်ထန် လှုပ်ခါလာတော့သည်။

သွေးကြောမှတ် လည်ပတ်မှုသည် ကြိတ်စက်တစ်ခုကဲ့သို့ ပြုမူကာ စိတ်ဝိညာဥ် ခန္ဓာကိုယ် အပိုင်းအစများကို လုံးဝကြိတ်ချေကာ အစိတ်စိတ် အမြွှာမြွှာကွဲသွားစေခဲ့သည်။

“ သွေးကြောမှတ် လည်ပတ်မှုက စိတ်ဝိညာဥ် ခန္ဓာကိုယ်ကို ဝါးမြိုလိုက်တာလား? “ ရှုကျိုးသည် အဆိုပါ မြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်ကာ အံ့ဩတကြီးဖြစ်သွားတော့သည်။

သူမှ ဂရုတစိုက် အာရုံခံကြည့်နေရင်းဖြင့် သံသယဖြစ်သွားခဲ့သည် “ ငါက စိတ်ဝိညာဥ် ခန္ဓာကိုယ်ရဲ့ တည်ရှိမှုကို ခံစားနေရတုန်းပဲ “

စိတ်ဝိညာဥ် ခန္ဓာကိုယ် မွေးဖွားလာခဲ့သည့် အချိန်တွင် ၎င်းသည် သူနှင့် များပြားသော ဆက်ဆံမှုများ ဖန်တီးခဲ့သည်။

အကယ်၍ စိတ်ဝိညာဥ် ခန္ဓာကိုယ်ထံတွင် အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်လာမည်ဆိုပါက ရှုကျိုးသည် ၎င်းကို သေချာပေါက် ခံစားသိရှိလိမ့်မည် ဖြစ်သည်။

“ ဇွီ !! “

ထိုအချိန်၌ သွေးကြောမှတ် လည်ပတ်မှုထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။

ရှုကျိုးသည် အပိုင်းပိုင်းအစစ ဖြစ်သွားသည့် စိတ်ဝိညာဥ် ခန္ဓာကိုယ်က ရွှေရောင်စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲသွားကာ၊ သွေးကြောမှတ် လည်ပတ်မှုကို ပေါင်းစည်းနေသည်ကို ဝေဝေဝါးဝါး မြင်တွေ့နေခဲ့ရသည်။

ရွှေရောင် အလင်းတန်း လှုပ်ခတ်လာခဲ့ပြီး၊ သွေးကြောမှတ် လည်ပတ်မှုမှာလည်း ပိုပို၍ တောက်ပလာခဲ့သည်။

နောက်ဆုံးတွင် စိတ်ဝိညာဥ် ခန္ဓာကိုယ်သည် သွေးကြောမှတ် လည်ပတ်မှုနှင့် လုံးလုံးလျားလျား ပေါင်းစည်းသွားခဲ့သည်။

“ ဝုန်းးးး !! “

ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ ကြီးမားသော အချက်အလက် ရေးစီးကြောင်းကြီးတစ်ခုသည် ရှုကျိုး၏ စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။

“ စိတ်ဝိညာဥ် ဝါးမြိုခြင်းလား? “

သူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို ရုတ်တရက် သင်ယူမိသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

“ စိတ်ဝိညာဥ် ဝါးမြိုခြင်း၊ အသက်ဓာတ်ကို သိမ်းပိုက်ခြင်း၊ ၎င်းကို မိမိ၏ အာဟာရအဖြစ် ပြောင်းလဲခြင်း၊ နတ်စွမ်းအင် သိမ်းပိုက်ခြင်း၊ ယင်ဝိညာဥ်များကို ဝါးမြိုခြင်း၊ ကမ္ဘာကြီး၏ များပြားလှသော ဝိညာဥ်များဖြင့် မိမိကိုယ်ကို အားဖြည့်ခြင်း “

ရှုကျိုး၏ မျက်နှာပေါ်တွင် အံ့ဩတကြီးဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်၊ အဲ့တာက စိတ်ဝိညာဥ် ခန္ဓာကိုယ်ရဲ့ စွမ်းရည်မလား?

အခုကြည့်ရသလောက်အရဆိုရင်တော့ ငါက အဲ့တာကို တတ်သွားတဲ့ပုံပဲ။

ထို့အပြင် ၎င်းသည် လျှို့ဝှက်နည်းစနစ်တစ်ခုထပ် သူ၏ ကိုယ်ပိုင် မွေးရာပါ စွမ်းရည်နှင့် ပိုတူနေခဲ့ပြီး၊ အလိုရှိသလို ထိန်းချုပ်ကိုင်တွယ်နေနိုင်ခဲ့သည်။

“ သွေးကြောမှတ် လည်ပတ်မှုက စိတ်ဝိညာဥ် ခန္ဓာကိုယ်နဲ့ အပြည့်အဝ ပေါင်းစပ်သွားလို့ ငါက အဲ့တာရဲ့ စွမ်းရည်ကို အမွေဆက်ခံမိသွားတာလား? “

၎င်းမှာ သတင်းကောင်းတစ်ခုဖြစ်သည်။

အစပိုင်းတွင် သူသည် စိတ်ဝိညာဥ် ခန္ဓာကိုယ်ထံတွင် ပုန်းကွယ်နေသော အန္တရာယ်များ ရှိနေသည်ဟု ခံစားနေခဲ့ရသည်၊ သို့သော် ယခုတွင်ကား မည်သည့် အရာကိုမှ စိုးရိမ်ပူပန်နေရန် မလိုတော့သည့်ပုံပင်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

သူထင်နေသည့်အတိုင်းပင် မူလကိုယ်၏ မွေးရာပါ စွမ်းရည်များနေရာတွင် ယခင်က ရခဲ့သည့် စိတ်ဝိညာဥ် ခန္ဓာကိုယ်ဆွဲအား ပျောက်ကွယ်သွားခဲ့သည်။

၎င်း၏ နေရာတွင် တစ်ခြားသော စွမ်းရည်တစ်ခု ရှိနေခဲ့သည်။

[ စိတ်ဝိညာဥ် ဝါးမြိုခြင်း : မိမိထပ် အားနည်းသူများ၏ စိတ်ဝိညာဥ်များကို ဝါးမြိုနိုင်သည်၊ သူတို့၏ အသက်ဓာတ်ကို သိမ်းပိုက်ကာ မိမိ၏ စိတ်ဝိညာဥ်ကို အားဖြည့်ပေးနိုင်သည် ]

…

“ စိတ်ဝိညာဥ်ကို အားဖြည့်ပေးတာလား? “ ရှုကျိုး မှင်သက်သွားတော့သည် “ အဲ့တာက ငါ့ခွန်အား မြှင့်တင်ပေးတာလား? “

ယခုလက်ရှိ သူ၏ကျင့်ကြံရေး နယ်ပယ်တွင် တိုးတက်မှုဖြစ်စဥ်သည် ချီ-သွေးနှင့် စိတ်ဝိညာဥ်တို့ကို အဓိက အလေးထားပြီး၊ သူသည် စိတ်ဝိညာဥ် အားဖြည့်ခြင်း အကြောင်းကို ယခင်က လုံးဝမကြားဖူးခဲ့ချေ။

“ ဒါပင်မဲ့ လူတစ်ယောက်ရဲ့ အသက်ဓာတ်ကို သိမ်းပိုက်တယ်ဆိုတာက နတ်ဆိုးပညာရပ်ဆိုတာကို ကလေးတောင် သိနိုင်တယ် “

ရှုကျိုး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ တကယ်လို့ ငါက အဲ့လိုလုပ်လိုက်မယ်ဆိုရင်၊ ငါက လနတ်ဘုရားဂိုဏ်းရဲ့ အမှောင်သိုင်းပညာရှင်တွေမျိုး ဖြစ်သွားမှာ မဟုတ်ဘူးလား? “

သို့သော် လနတ်ဘုရားဂိုဏ်းကပင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းရည်မျိုးကို မပိုင်ဆိုင်ထားပေ။

အကယ်၍ ၎င်းကိုသာ ပိုင်ဆိုင်ထားမည်ဆိုပါက လနတ်ဘုရားဂိုဏ်းရှိ လူများသည် ဟိုးယခင်အချိန်များကတည်းက နဂါးများ ဖြစ်နေကြလိမ့်မည် ဖြစ်သည်။

အဆိုပါ စိတ်ဝိညာဥ် ခန္ဓာကိုယ်သည် လနတ်ဘုရားဆီမှ ရရှိလာခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ၎င်းအား လနတ်ဘုရားဂိုဏ်း၏ ပိုင်ဆိုင်မှုဖြစ်သည်ဟု သတ်မှတ်၍ ရပေသည်။

“ လနတ်ဘုရားဆီကဟာလား? အဲ့တာက နားလည်လို့ရပါတယ် “

လနတ်ဘုရားဂိုဏ်းသည် နတ်ဆိုးသွေးယဇ်ပူဇော်ပွဲများကို မကြာခဏ ကျင်းပလေ့ရှိပြီး၊ အဆိုပါ စတေးခံလိုက်ရသည့် အပြစ်မဲ့ယဇ်ကောင် အကုန်လုံးသည် လနတ်ဘုရား၏ အစာများ ဖြစ်သွားပုံရသည်။

“ ဒီစွမ်းရည်ကို လူတွေ ရှေ့မှာ မသုံးသင့်ဘူး “ ရှုကျိုးမှ တွေးတောဆင်ခြင်နေတော့သည် “ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါ့ကို အမှောင်သိုင်းပညာရှင်လို့ ထင်သွားပြီးတော့ ပြဿနာတက်သွားလိမ့်မယ် “

အဆိုပါ စွမ်းရည်ကို လူမျာရှေ့တွင် ထုတ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် တံတွေးခွက်ထဲ ပက်လက်မျောသွားရမည် ဖြစ်သည်။

“ အခုတော့ အဲ့ကိစ္စတွေကို မတွေးတာတာက ပိုကောင်းပါတယ် …… “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး၊ တွေးတော စဥ်းစားနေတော့သည် “ သွေးကြောမှတ် လည်ပတ်မှုနဲ့ စိတ်ဝိညာဥ် ခန္ဓာကိုယ် ပေါင်းစပ်သွားပြီးတော့၊ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ တွန်းကန်အားက သိသိသာသာ လျော့ကျသွားသလိုပဲ “

၎င်းသည် သူက သွေးကြောမှတ် လည်ပတ်မှုနှင့် အပြည့်အဝ ပေါင်းစပ်နိုင်တော့မည်ဟု မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။

ဒါပင်မဲ့ အဲ့လိုဖြစ်အောင် ဘယ်လိုလုပ်ရမှာလဲဟ???

ရှုကျိုးထံတွင် မည်သည့်သဲလွန်စမှ မရှိပေ။

“ နောက်မှ ဆရာဘိုးဘိုးကို မေးလိုက်တာပဲ ပိုကောင်းပါတယ်လေ “

ထို့နောက်တွင် ရှုကျိုးသည် သူ့နှလုံးသား တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်၊ သူသည် အဆင့်ထိုးဖောက်ရန် စိတ်စောနေခဲ့သောကြောင့် နတ်စွမ်းရည်မျိုးစေ့၏ အခြေအနေကို မစစ်ဆေးနိုင်ခဲ့ပေ။

ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

“ နတ်စွမ်းရည်မျိုးစေ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီ !! “

နှလုံး၏ တံခါးပေါက်ထဲတွင် ပလက်တီနမ်ကဲ့သို့သော အစေ့တစ်စေ့ မျောလွင့်နေလျက်ရှိကာ၊ အဖြူထဲတွင် မီးခိုးရောင် သမ်းနေသည့် အလင်းတန်းတစ်ခုဖြင့် တောက်ပနေခဲ့ပြီး၊ ပြိုင်ဘက်ကင်း အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေခဲ့သည်။

၎င်းသည် တကယ့်နတ်စွမ်းရည် မျိုးစေ့ဖြစ်သည်။

ရွှေရောင်နဂါးခြင်ဆီသွေးနှင့် ပေါင်းစပ်သွားကာ ၎င်းသည် စစ်မှန်သည့် နတ်စွမ်းရည် မျိုးစေ့အဖြစ် သိပ်သည်းသွားကာ နတ်စွမ်းရည်များ၏ အခြေခံလုပ်ဆောင်မှုများကို ပိုင်ဆိုင်နေခဲ့ပြီဖြစ်သည်။

“ နတ်စွမ်းရည်မျိုးစေ့က တကယ့်နတ်စွမ်းအား မဟုတ်ပင်မဲ့၊ တစ်ချို့ နတ်စွမ်းရည်တွေကိုတောင် ပိုင်နေပြီ “

အတွေးတစ်ချက်ဖြင့် ရှုကျိုးသည် သူ့နှလုံးသား တံခါးပေါက်ထဲရှိ နတ်စွမ်းရည် မျိုးစေ့ကို ထုတ်ယူလိုက်သည်။

ဇွီ !!

နတ်စွမ်းရည်မျိုးစေ့သည် လေထဲတွင် မျောလွင့်ကာ ပလက်တီနမ်ရောင် တောက်ပနေခဲ့ပြီး၊ အဆုံးမဲ့စွမ်းအားများ ပါဝင်နေသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှင့်နေခဲ့သည်။

“ ဒီလို အငွေ့အသက်မျိုးက …. “

ရှုကျိုး၏ မျက်နှာပေါ်တွင် အံ့ဩတကြီးဖြစ်သွားသည့် အမူအရာတစ်ခုဖြစ်တည်လာခဲ့သည် “ ဒီဟာက ငါ့ရဲ့ လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ ပေါက်ကွဲမှု စွမ်းအားနဲ့တောင် ယှဥ်နေနိုင်တယ် “

သိုင်းပညာရှင်တစ်ဦး၏ နတ်စွမ်းရည်၏ ရှေ့ပြေးပုံစံသည် ပြီးပြည့်စုံသော စွမ်းအားတစ်ခု မဟုတ်ဘူးဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

နောင်အနာဂတ်၌ မျိုးစေ့များ ရင့်မှည့်လာသည့် အချိန်တွင် စစ်မှန်သော နတ်စွမ်းရည်တစ်ခု မွေးဖွားလာမည်ဖြစ်သည်၊ ၎င်း၏ စွမ်းအားက မည်မျှကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း?

“ နောက်ပြီးတော့ ဒီမျိုးစေ့ကို ကြီးထွားလာစေပြီးတော့၊ တကယ့်နတ်စွမ်းရည်တစ်ခု ဖြစ်လာတဲ့ အချိန်အထိ အားဖြည့်ပေးရမယ် “

ရှုကျိုးမျက်မှောင်ကြုတ်သွားတော့သည် “ ဘိုးဘေးနဂါးခြင်ဆီသွေးက လုံးဝကုန်သွားပြီတော့၊ အဲ့တာကို အားဖြည့်ပေးဖို့က နှေးသွားလောက်တယ် …… “

သူက အဆိုပါမျိုးစေ့ကို လျင်မြန်စွာ သိပ်သည်းနိုင်ခဲ့ရခြင်းမှာ ဘိုးဘေးနဂါးခြင်ဆီသွေး၏ တည်ရှိမှုကြောင့်ပင် ဖြစ်သည်။

အဆိုပါ ဘိုးဘေးနဂါးခြင်ဆီသွေးသည် သူ၏ နဂါးအသွင်ပြောင်းခြင်း စွမ်းရည်ထံမှ ဖြစ်တည်လာခြင်းဖြစ်သည်။

၎င်းဖြစ်တည်လာသည့်အချိန်တွင် ၎င်းသည် ရှုကျိုး၏ အဆင့်ထိုးဖောက်မှုကို တားဆီးသည့် အကာအရံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ယခုတွင်ကား ရှုကျိုးမှ ၎င်းကို စုပ်ယူလိုက်ပြီ ဖြစ်သောကြောင့် ၎င်းသည် ထပ်မံ၍ ပေါ်ပေါက်လာတော့မည် မဟုတ်ပေ။

…………………………………………………………………………………………………………………………………..

အပိုင်း ( 330 )

ဝိညာဥ်ဝါးမြိုခြင်း၊ အသက်ဓာတ်ကို သိမ်းပိုက်ခြင်း ၂

“ ကိစ္စ မရှိပါဘူး “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ ဒုတိယအဆင့်နယ်ပယ်မှာပဲ နတ်စွမ်းရည်မျိုးစေ့ကို သိပ်သည်းနိုင်ခဲ့တယ်ဆိုတာကပဲ အံ့ဩဖို့ကောင်းတဲ့ အောင်မြင်မှုတစ်ခု ဖြစ်နေပြီ “

နတ်စွမ်းရည် မျိုးစေ့ကို ဖွဲ့တည်ရန်အတွက် ကံတရားနှင့် ပါရမီနှစ်ခုစလုံး မရှိမဖြစ်လိုအပ်သည်ကို သိကြရမည် ဖြစ်သည်။

စတုတ္ထအဆင့် ပညာရှင်တစ်ချို့ကပင် ၎င်းကို အောင်မြင်စွာ မဖွဲ့တည်နိုင်ကြပေ။

ယခုတွင် ရှုကျိုးသည် နတ်စွမ်းရည် မျိုးစေ့ကို ပိုင်ဆိုင်ထားပြီဖြစ်သည်။

ထို့နောက်တွင် သူသည် စိတ်ရှည်ရှည်ဖြင့် အားဖြည့်ပေးရန်သာ လိုအပ်ပြီး၊ ၎င်းသည် မကြာခင် အချိန်မှာပင် တကယ့် နတ်စွမ်းရည်တစ်ခုအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

“ ဒါပင်မဲ့ နတ်စွမ်းရည်မျိုးစေ့ကို အားဖြည့်ပေးဖို့ဆိုတာက နတ်စွမ်းရည် စိတ်ဝိညာဥ်တွေကို လိုအပ်နေတုန်းပဲ “

နတ်စွမ်းရည် အမျိုးအစားပေါင်းများစွာ တည်ရှိနေခဲ့သည်။

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေမိုးကြိုးရေကန်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ဘုံအောက်ရှိ အရာအားလုံးကို ဖိနှိပ်နိုင်သော မိုးကြိုးတာအိုနတ်စွမ်းရည်များ ရှိသည်။

ယာမငရဲဘုံအဖြစ် ပြောင်းလဲသွားကာ နတ်မီးတောက်ဖြင့် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကိုပါ ပြာကျစေနိုင်သည့် မီးတာအိုနတ်စွမ်းရည်များလည်း ရှိသည်။

ရှေးဟောင်းတောင်တန်းများဖြင့် ခိုင်မာသည့် မြေပြင်အဖြစ် ပြောင်းလဲသွားကာ တောရိုင်းဒေသရှစ်ခုကို ဖိနှိပ်နိုင်သည့် မြေတာအိုနတ်စွမ်းရည်များလည်း ရှိသည်။

အဆိုပါ နတ်စွမ်းရည်မျိုးစေ့ အမျိုးအစားများကို နတ်စွမ်းရည် စိတ်ဝိညာဥ်ဖြင့် ခွဲခြားထားခြင်း ဖြစ်သည်။

နောင်အနာဂါတ်တွင် စစ်မှန်သည့် နတ်စွမ်းရည်မျိုးစေ့အဖြစ် ပြောင်းလဲသွားရန်အတွက် သက်ဆိုင်ရာင် နတ်စွမ်းရည် စိတ်ဝိညာဥ်များကို မျိုးစေ့နှင့် ပေါင်းစည်းပေးရမည် ဖြစ်သည်။

ဥပမာအားဖြင့် မိုးကြိုးတာအိုနတ်စွမ်းရည်အတွက် အသုံးအများဆုံး စိတ်ဝိညာဥ်သည် နှစ်တစ်ရာမိုးကြိုးသစ်သားပင် ဖြစ်သည်။

( နှစ်တစ်ရာတိတိ မိုးကြိုးပစ်ခံရတဲ့ သစ်သားပါ )

“ အများကြီး ပူနေဖို့ မလိုပါဘူး၊ ကျောင်းမှာလည်း စိတ်ဝိညာဥ်တွေ ရောင်းတာပါပဲ “

ရှုကျိုး၏ စိတ်နှလုံးသား တည်ငြိမ်သွားခဲ့သည်။

သူ၏ နတ်စွမ်းရည်မျိုးစေ့မှာ ဖွဲ့တည်ခဲ့ပြီးပြီဖြစ်သည်။

သူသည် စိတ်ဝိညာဥ်များနှင့် မျိုးစေ့ကို တတ်နိုင်သမျှ အမြန်ဆုံး ပေါင်းစည်းရမည် ဖြစ်သည်၊ ပိုစောလေ၊ ပိုကောင်းလေဖြစ်သည်၊ ထို့ကြောင့် သူသည် ကျောင်းသို့ အမြန်ပြန်ရမည် ဖြစ်သည်။

“ မနက်ဖြန်ကျရင် ပြန်တာပေါ့ကွာ “

ရှုကျိုးသည် ဆုံးဖြတ်ချက်ချလိုက်ပြီး၊ မျက်လုံးများကို အသာအယာမှိတ်ကာ အေးချမ်းတည်ငြိမ်မှုကို အရသာခံနေတော့သည်။

…

ရှုကျိုး အနားယူနေသည့် အချိန်၌

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင်

၁၈မီတာကျော် ရှည်လျားသည့် ရွှေရောင် သားရဲကြီးတစ်ကောင်သည် ထောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်။

ဤရက်ပိုင်းအတွင်းတွင် မသေမျိုးနတ်နဂါးသားရဲကြီးသည် ဒုတိယအဆင့် အဆင့်၈အထိ တိုးတက်ကြီးပျင်းလာခဲ့သည်။

၎င်းသည် တတိယအဆင့်အောက်တွင် ပြိုင်ဘက်ကင်းသွားပြီဖြစ်သည်။

“ ငါ့ရဲ့ အလေးချိန်ကလည်း ကီလိုဂရမ် ၁၇၀၀၀ကို ရောက်တော့မယ် “

နတ်နဂါးသားရဲကြီး၏ မျက်လုံးများထဲတွင် လူသားတစ်ယောက်က တွေးတောနေသကဲ့သို့ ဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ အဲ့တာက နည်းနည်းနှေးနေတယ်၊ နောက်တစ်ကြိမ် ဆင့်ကဲ့ပြောင်းလဲမှုက ကီလိုဂရမ် ၅သောင်းရောက်မှ ဖြစ်လာမှာ “

အမှန်တိုင်း ပြောရမည်ဆိုပါက ၎င်း၏ တိုးတက်မှု အမြန်နှုန်းကပင် အတော်လေး ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီဖြစ်သည်။

နေ့ရက်တိုင်းတွင် ကီလိုဂရမ် ၃၀၀တိတိ မြင့်တက်လာခြင်း၊ နတ်သားရဲ သွေးမျိုးဆက် ပိုင်ဆိုင်ထားသည့် ဗီဇပြောင်းသားရဲများကို စားသောက်ခြင်း၊ ထို့ကြောင့် ၎င်း၏ တိုးတက်မှု နေ့စဥ်နေ့တိုင်းတွင် ၂၀%အထိ တိုးတက်လာလေ့ရှိသည်။

ထိုကဲ့သို့သော ကြီးထွားမှု အမြန်နှုန်းကို သန့်စင်သော နတ်သားရဲသွေးမျိုးဆက် ပိုင်ရှင်များကပင် မနာလိုအားကျဖြစ်သွားလိမ့်မည် ဖြစ်သည်။

သို့သော် ရှုကျိုးကမူ ၎င်းက မလုံလောက်သေးဘူးဟု ခံစားနေခဲ့ရသည်။

သူသည် အဆင့်တက်မြန်နေခြင်းက သူ၏ ယခုလက်ရှိအဆင့်က နိမ့်ကျနေသောကြောင့် ဆိုသည်ကို သိနေခဲ့သည်။

တတိယအဆင့်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ တိုးတက်မှု အမြန်နှုန်းက လျော့ကျသွားမည် ဖြစ်သည်။

“ ကိုယ်ပွားက ထောက်ပံ့ပေးတဲ့ တိုးတက်မှုက တဖြည်းဖြည်း နှေးလာပြီ “

မူလကိုယ်က ဒုတိဘအဆင့်သို့ မရောက်ခင် အချိန်တွင် အဆင့်တိုးတက်မှုအတွက် ကိုယ်ပွား၏ ထောက်ပံ့ပေးမှု အပေါ်တွင်သာ မှီခိုနေခဲ့ရသည်။

သို့သော် ဒုတိယအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင်မူ ကိုယ်ပွားမှ ထောက်ပံ့ပေးသည့် တိုးတက်မှုမှာ တဖြည်းဖြည်း နည်းပါးလာခဲ့သည်။

အကြောင်းပြချက်မှာ ကိုယ်ပွား၏ အဆင့်က မူလကိုယ်၏ တိုးတက်မှုကို အမှီမလိုက်နိုင်သောကြောင့် ဖြစ်သည်။

မူလကိုယ်သည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တွင် ကျောက်ချကာ၊ အကောင်းဆုံးသော အရင်းအမြစ်များကို ရရှိနေခဲ့ပြီး၊ ကိုယ်ပွားကမူ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေခဲ့ရသည်။

ယခုလက်ရှိ အချိန်တွင် မူလကိုယ်သည် နှောင်းပိုင်း တတိယအဆင့်၏ တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်သည်၊ ကိုယ်ပွားကမူ တတိယအဆင့် သားရဲများကိုပင် မတိုက်ခိုက်နိုင်သေးပေ။

မသေမျိုးနတ်နဂါးသားရဲကြီးမှာ အတွေးနက်သွားတော့သည် “ ငါက မြန်မြန်ပိုသန်မာလာဖို့ လိုနေပြီ “

“ ကြည့်ရတာတော့ လက်ရည်ယှဥ်ဖို့အတွက် တတိယအဆင့် သားရဲတစ်ကောင်ကောင်ကို ရှာရတော့မဲ့ပုံပဲ “

သူစားသုံးသည့် အစားအစာ အရည်အသွေးက ပိုကောင်းလေလေ၊ တိုးတက်မှုက ပို၍ကြီးမားလေပင်ပင် ဖြစ်သည်။

အကယ်၍ သူကသာ တတိယအဆင့် သားရဲကောင်၏ အသားကို နေ့တိုင်းစားသောက်နိုင်မည်ဆိုပါက၊ သူက တတိယအဆင့်သို့ ရောက်သွားသည့်အချိန်တွင် မူလကိုယ်ထံသို့ ရောက်ရှိသွားမည့် ထောက်ပံ့မှုသည် သိသိသာသာ ကြီးမားနေလိမ့်မည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် မသေမျိုးနတ်နဂါးသားရဲကြီးသည် ၎င်း၏ တောင်ပံများကို ဖြန့်ကာ အတွင်းပိုင်း နယ်မြေ၏ အနက်ပိုင်းသို့ ပျံသန်းသွားတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌

အပူပိုင်း မိုးသစ်တော၏ မြေမျက်နှာသွင်ပြင် အထက်၌

နတ်နဂါးသားရဲကြီးသည် ကောင်းကင်ယံတွင် ပျံသန်းကာ အရှေ့ဘက်သို့ သတိတကြီး စိုက်ကြည့်နေလျက်ရှိသည်။

အဆိုပါ မိုးသစ်တော၏ အတွင်းပိုင်းတွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခု လှဲလျောင်းနေလျက်ရှိသည်။

“ အဆင့်၃ ပထမအဆင့် မှာရှိတဲ့ ခရမ်းစင်းကောင်းကင်ကျား၊ ဒီကောင်က ဒီနယ်မြေမှာတော့ အရှင်သခင်ပဲ “

( ခရမ်းရောင် အစင်းကြောင်းတွေရှိတဲ့ ကျားပါ )

နတ်နဂါးသားရဲကြီး၏ မျက်လုံးများထဲတွင် တွေးတောစဥ်းစားနေသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည် “ အခုလက်ရှိငါက သူ့ကို တိုက်ခိုက်မလားဆိုတာကို သိချင်မိတယ် “

ဤရက်များအတွင်း၌ သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေထဲတွင် လှည့်ပတ်သွားလာနေခဲ့ပြီး၊ အတွင်းပိုင်းတွင် ရှိနေသည့် အရှင်သခင်အဆင့် အင်အားစုများကို သတိပြုမိခဲ့သည်။

နတ်သားရဲမျိုးနွယ်စု၏ တားမြစ်နယ်မြေ အဆင့်ခွဲခြမ်းမှုများအရ

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူနယ်မြေ၏ အတွင်းပိုင်း နယ်မြေ၌ အဆင့်၃အထက်မှ ဗီဇပြောင်းသားရဲများမှာ အရှင်သခင်အဆင့်အဖြစ် ကျော်ကြားလှသည်။

အဆင့်၃ သတ္တမအဆင့် အထက်မှ သားရဲကောင်များကလည်း အရှင်သခင်အဖြစ် ကျော်ကြားလှသည်။

အကယ်၍ ၎င်းတို့ကသာ အဆင့်၄အထက်တွင် ရှိနေမည်ဆိုပါက၊ ဘုရင်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေတစ်ခုလုံးကို အုပ်စိုးနိုင်မည် ဖြစ်သည်။

ဘုရင်ဆိုသည်မှာ သားရဲမျိုးနွယ်စုတစ်ခုလုံး၏ ရှင်ဘုရင်ကို ညွှန်းဆိုခြင်း မဟုတ်ဘဲ၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရှိ အတွင်းပိုင်းဒေသ၏ ဘုရင်ကိုသာ ညွှန်းဆိုခြင်း ဖြစ်သည်။

နတ်ဆိုင်းတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေတစ်ခုလုံးတွင် ဘုရင်အဆင့် ဗီဇပြောင်းသားရဲမှာ တစ်ကောင်တည်းသာလျှင် တည်ရှိပြီး၊ ၎င်းသည် လူသားတို့နှင့် ဆက်သွယ်ရန်အတွက် သားရဲမျိုးနွယ်စု၏ တားမြစ်နယ်မြေထဲမှ စေလွှတ်သည့် သံတမန်လည်း ဖြစ်သည်။

“ ငါကြားထားတာတော့ အရှင်သခင်တွေရဲ့ ပြောင်းလဲမှုတိုင်းကို ဘုရင်က သိတယ်တဲ့ “

နတ်နဂါးသားရဲကြီးမှ တွေးတော စဥ်းစားနေတော့သည်။

အကယ်၍ ထိုကဲ့သို့သာ အမှန်တကယ် ဖြစ်နေခဲ့မည်ဆိုပါက သူသည် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရမည် ဖြစ်သည်။

သားရဲများကြားရှိ တိုက်ပွဲများမှာ ပုံမှန်သာဖြစ်သော်လည်း၊ တတိယအဆင့် သားရဲများကြားရှိ တိုက်ပွဲများကမူ အလွန်တရာ ရှားပါးနေခဲ့သည်၊ ၎င်းတို့အား နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ ထောက်တိုင်များအဖြစ် သတ်မှတ်၍ ရလေသည်။

ဘုရင်သည် အရှင်သခင် သားရဲများကို အတွင်းပိုင်း ရန်ပွဲများကြောင့် ဆုံးရှုံးခွင့်ပြုမည် မဟုတ်ပေ။

ဝေါင်းးး !!!

ထိုအချိန်တွင် အရှေ့ဘက်ရှိ ကြီးမားသော အရိပ်ကြီးသည် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့ကာ ကောင်းကင်နဲ့ မြေပြင်ကိုပင် ဖုံးအုပ်သွားခဲ့သည်။

ခရမ်းစင်း ကောင်းကင်ကျားသည် ၎င်း၏ တည်ရှိမှုကို ထောက်လှမ်းမိသွားခဲ့သည်။

၎င်းသည် ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်ကာ၊ ကျူးကျော်သူကို သတိပေးနေပုံရသည်၊ ဒါက ငါ့နယ်မြေပဲ၊ ထွက်သွားတော့ !!

“ ဝေါင်းးး !! “

နတ်နဂါးသားရဲကြီးသည် မည်သည့်ကြောက်ရွံ့မှုကိုမှ မပြသဘဲ၊ ဟိန်းဟောက်ရင်းဖြင့် ရှေ့သို့ ပြေးတက်လာခဲ့သည်။

“ သေချင်နေတာပဲ !! “

ခရမ်းစင်း ကောင်းကင်ကျားသည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့ပြီး၊ တတိယအဆင့် နယ်ပယ်၏ ဖိအားကို ထုတ်လွှတ်လာခဲ့သည်။

၎င်းသည် သာမန် ဗီဇပြောင်းသားရဲ မဟုတ်ဘဲ၊ နတ်သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် သားရဲကောင် ဖြစ်နေခဲ့သည်။

၎င်းက အဆင့်နိမ့် နတ်သားရဲသွေးမျိုးဆက်ကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သော်လည်း၊ သာမန် တတိယအဆင့် သားရဲကြီးများကပင် ၎င်း၏ဖိအားကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ၎င်းသည် မသေမျိုး နတ်နဂါးသားရဲကြီးအပေါ်တွင် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိသည့်ပုံပင်။

“ ဆွစ်ရှ် ~~ “

နတ်နဂါးသားရဲကြီးသည် ၎င်း၏ လက်သည်းကြီးများကို ဆန့်ထုတ်ကာ ခရမ်းစင်း ကောင်းကင်ကျားကို တိုက်ခိုက်လိုက်သည်။

“ သေချင်နေတာပဲ !! “

ခရမ်းစင်း ကောင်းကင်ကျားသည် ဒေါသတကြီး ဖြစ်သွားတော့သည်၊ ၎င်းသည် တတိယအဆင့်ဖြစ်ပြီး၊ တိုက်ခိုက်ရန် စိတ်မပါသော်လည်း၊ တစ်ခြားသူများ၏ ရန်စမှုကို ခံနေရသည့် အချိန်၌ မည်ကဲ့သို့ ငြိမ်နေနိုင်တော့မည်နည်း?

All Chapters