← Chapters

နိဗ္ဗာန်ကျောက်တိုင်နှင့် နိဗ္ဗာန်အဆင့်သတ်မှတ်ချက်

Vol. 19 Ch. 182

နိဗ္ဗာန်ကျောက်တိုင်နှင့် နိဗ္ဗာန်အဆင့်သတ်မှတ်ချက်

Vol. 19 Ch. 182

ဝူယွမ်က ကောင်းကင်ထက်မှ ဝဲပျံဆင်းသက်လာရင်း သူ၏ခန္ဓာကိုယ်ပတ်လည်၌ တောက်ပစူးရှသော အပြာရောင်အလင်းတန်းများ ရစ်သိုင်းနေပြီး အရေပြားပေါ်တွင်လည်း လက်ရာမြောက်လှသော နဂါးအကြေးခွံများ ထင်ဟပ်ပေါ်လွင်လာလေသည်။

“ကောင်းကင်ခွဲ မိုးပြာနဂါးလက်ဝါး။”

ဝူယွမ်၏ လက်ဝါးနှစ်ဖက်က အပြာရောင်နဂါးလက်သည်းများအဖြစ် ပြောင်းလဲသွားပြီး စုရိုကို ဝိုင်းရံထားသော စွမ်းအင်များကို ဆုပ်ကိုင်ဖျက်ဆီးရန် လက်လှမ်းလိုက်သည်နှင့် သူ၏လက်ပေါ်ရှိ အကြေးခွံများမှ ပြင်းထန်သော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ထက်ရှသော အရှိန်အဝါများက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။

“ဘုန်း။”

စုရိုကို ချည်နှောင်ထားသော စွမ်းအင်များက ဝူယွမ်၏ လက်အောက်တွင် တစစီ ပျက်စီးသွားရသည်။ ယန်မိုနှင့် ကျန်ငါးယောက်၏ ယွမ်စွမ်းအင်များက ဝူယွမ်၏ ကြမ်းတမ်းသော ခွန်အားများကြောင့် လွင့်စင်သွားကြလေသည်။

“မင်း အဆင်ပြေရဲ့လား။” ဝူယွမ်က စုရို၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

“အစ်ကိုကြီး ဝူယွမ်။”

“ကျွန်မ... ကျွန်မ အဆင်ပြေပါတယ်ရှင်။”

စုရိုက ကြည်လင်ပြတ်သားသော အသံလေးဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးမှာ ခဏတာ မှင်တက်သွားပြီးနောက် အားကိုးရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြရှာသည်။ သူမ၏ မျက်ဝန်းအိမ်ကြီးများမှာ ပျာပျာသလဲ ဖြစ်သွားကာ ပါးပြင်လေးများမှာလည်း ချက်ချင်းပင် နီမြန်းသွားတော့သည်။

ယန်မိုနှင့် ကျန်ငါးယောက်သည် ဤမြင်ကွင်းကို ကြည့်ရင်း စုရိုရှေ့တွင် ပေါ်လာသော ဝူယွမ်ကို စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများမှာ ချက်ချင်းပင် အေးစက်သွားကာ ယုတ်မာကောက်ကျစ်သော အမူအရာများဖြင့် “ဘယ်ကလာတဲ့ လူမိုက်လဲ၊ ငါတို့ကိစ္စကို ဝင်ပါရဲရအောင် မင်းက အသက်မရှင်ချင်တော့ဘူးလား” ဟု ဟိန်းဟောက်လိုက်ကြသည်။

ဝူယွမ်က ယန်မိုတို့ လူစုကို လက်ညှိုးညွှန်ကာ ရွံရှာစက်ဆုပ်ဖွယ် အမူအရာဖြင့် “ယောကျ်ားကြီး ငါးယောက်က ဒီလို နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးငယ်လေးကို အနိုင်ကျင့်နေတာလား။ ဒီလောကမှာ တရားဥပဒေနဲ့ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား” ဟု လှောင်ပြောင်လိုက်သည်။

ယန်မိုက ဝူယွမ်ကို မှောင်မှိုင်သော မျက်နှာထားဖြင့် စိုက်ကြည့်နေခဲ့သည်။ သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ယင်နေကာ ဝူယွမ် ယခုလေးတင် ပြသခဲ့သော ခွန်အားများက သူ့ကို အနည်းငယ် သတိထားမိစေခဲ့သည်။ သူက မျက်တောင်များတုန်ရီနေရင်း နှေးကွေးစွာဖြင့် “သူငယ်ချင်း... မင်းက အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းလုပ်ချင်တယ်ဆိုရင် ငါတို့ ‘လေတိမ်ပြည်ထောင်စု’ ရဲ့ နောက်ခံအကြောင်းကို အရင်စုံစမ်းသင့်တယ်လို့ ထင်တယ်” ဟု ပြောလိုက်သည်။

ဝူယွမ်ကလည်း “ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ အထူးပြည်ထောင်စု တစ်ခုပဲ မဟုတ်လား။ အဲဒါက မင်းတို့ရဲ့ မောက်မာမှုအတွက် အရင်းအနှီး မဖြစ်နိုင်ဘူး။ အထုူးပြည်ထောင်စုဆိုတာလည်း အဲဒီလောက် အထင်ကြီးစရာ မရှိပါဘူး” ဟု ပြန်လည်တုံ့ပြန်လိုက်သည်။

“အစ်ကိုကြီး ဝူယွမ်... လေပြာပြည်ထောင်စုက တကယ့်ကို အစွမ်းထက်လွန်းတယ်။ အစ်ကိုကြီး ကူညီပေးတာကိုပဲ ကျွန်တော် အရမ်းကျေးဇူးတင်လှပါပြီ။ ကျွန်တော် စုကွေ တောင်းဆိုချင်တာက စုရိုကို ဒီကနေ ခေါ်သွားပေးပါဗျာ။ ဒီကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။ ဒီလူတွေကို ကျွန်တော် တားထားပါ့မယ်။”

စုကွေက သူ၏ခန္ဓာကိုယ်ကို မနည်းထောက်ကန်ထားရင်း အော်ဟစ်လိုက်သည်။ သူက ထိပ်တန်းပြည်ထောင်စု၏ အစွမ်းကို ကောင်းကောင်း သိရှိထားသဖြင့် ဝူယွမ်နှင့် သူ၏အပေါင်းအပါများမှာ လေပြာပြည်ထောင်စုကို ယှဉ်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။

“အစ်ကိုကြီး ဝူယွမ်... ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ အစ်ကို့ကို ထားခဲ့မှာ မဟုတ်ဘူး။” စုရိုသည် မျက်ရည်များ ဝဲလျက် ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါဝင်ပါပြီဆိုကတည်းက မင်းတို့ သုံးယောက်လုံး ဘေးကင်းစေရမယ်။ အထူးပြည်ထောင်စုဆိုတာ မင်းတို့ထင်သလောက် စွမ်းအားမကြီးသလို ငါတို့ကလည်း မင်းတို့ထင်သလောက် မညံ့ပါဘူး။” ဝူယွမ်က ပြုံးလျက် ဆိုလိုက်သည်။

ယန်မိုက “ဟမ့်... သေတွင်းထဲ သက်သက်ဆင်းမယ့်သူကို ဘယ်စကားနဲ့မှ နားချလို့ မရတော့ဘူး။ အားလုံး အတူတူတိုက်ပြီး သူ့ကိုသတ်ကြ” ဟု အမိန့်ပေးလိုက်လေသည်။

“မင်း... မင်းတို့က ငါ့အစ်ကိုကြီးကို သတ်ချင်တာလား။”

လင်းတုန်နှင့် ရှောင်ယန်တို့လည်း ချက်ချင်းပဲ ပျံသန်းရောက်ရှိလာကြသည်။ သူတို့လက်ထဲရှိ လှံရှည်နှင့် တုတ်အတိုတို့မှာ ယန်မိုနှင့် အပေါင်းအပါများထံသို့ မရေမတွက်နိုင်သော တိုက်ခိုက်မှုများ အရှိန်အဟုတ်အပြည့်ဖြင့် ကျဆင်းလာတော့သည်။

ထိုငါးယောက်၏ အစွမ်းမှာ မညံ့လှပေ။ သုံးယောက်က နိဗ္ဗာန်အဆင့်သုံးမှာရှိပြီး ကျန်နှစ်ယောက်ကတော့ နိဗ္ဗာန်အဆင့်နှစ်မှာရှိသည်။ သို့သော် ဤအဆင့်မှာ လင်းတုန်နှင့် ရှောင်ယန်အတွက်တော့ မပြောပလောက်ပေ။

“သတ်လိုက်တော့။” ဝူယွမ်က အေးစက်စွာ ပြောလိုက်သည်။

လင်းတုန်နှင့် ရှောင်ယန်တို့သည် ပြုံးလိုက်ကြပြီး သူတို့၏ ယွမ်စွမ်းအင်များကို အရှိန်အဟုန်ဖြင့် ထုတ်ဖော်ကာ တိုက်ခိုက်မှုများကို ပိုပြင်းထန်စေခဲ့သည်။

“ဘုန်း... ဘုန်း...”

ပြင်းထန်လှသော တိုက်ခိုက်မှုများအောက်တွင် ယန်မိုနှင့် အပေါင်းအပါများ နစ်မြုပ်သွားခဲ့ရသည်။

“တောက်... မင်းတို့က ဘယ်သူတွေလဲ။ ဘယ်ပြည်ထောင်စုကလဲ။”

ယန်မိုက လင်းတုန်နှင့် ရှောင်ယန်၏ အစွမ်းကြောင့် အလွန်တရာ တုန်လှုပ်ချောက်ချားသွားရသည်။ အထူးသဖြင့် လင်းတုန်မှာ ထိတ်လန့်ဖွယ်ကောင်းသော နိဗ္ဗာန်အဆင့်လေးသို့ ရောက်ရှိနေခြင်းကြောင့်ဖြစ်သည်။

“မှတ်ထားလိုက်၊ ငါတို့က ‘မဟာယန်ပြည်ထောင်စု’ ကပဲ။” လင်းတုန်က ပြုံးစစဖြင့် ပြောလိုက်လေ၏။

“မဟာယန်ပြည်ထောင်စုလား။ တစ်ခါမှ မကြားဖူးဘူး။ မင်းတို့က အထူးပြည်ထောင်စု မဟုတ်ဘူးပဲ။”

ဤမျှ အစွမ်းထက်သော်လည်း ထိပ်တန်းပြည်ထောင်စု စာရင်းတွင် ထိုအမည်ကို သူတစ်ခါမျှ မကြားဖူးခဲ့ပေ။

“မင်းတို့က အထူးပြည်ထောင်စု မဟုတ်ဘူးဆိုရင် ငါတို့ကိစ္စမှာ ဝင်မပါဖို့ အကြံပေးချင်တယ်။ ငါတို့ လေတိမ်ပြည်ထောင်စုကို ရန်စရင် အကျိုးဆက်က ကြောက်စရာကောင်းလိမ့်မယ်။”

ယန်မိုက သူ၏သေမင်းတမန် အရိပ် ချဥ်းကပ်လာ‌နေသည်ကို မသိသေးဘဲ ခြိမ်းခြောက်နေဆဲဖြစ်သည်။ အထူးပြည်ထောင်စုမှ လူဟူသော မာန်မာနသည် သူတို့အား အခြားသူများက ကြောက်ရွံ့ကြလိမ့်မည်ဟု အမြဲတစေ ထင်မှတ်စေခဲ့သည်။

“ဘုန်း။”

သို့သော် သူရရှိလိုက်သော တစ်ခုတည်းသော တုံ့ပြန်မှုမှာ ရှောင်ယန်၏ တုတ်ချက်ပင်ဖြစ်သည်။ နိဗ္ဗာန်အဆင့်နှစ်သာရှိသော ကျင့်ကြံသူတစ်ဦးမှာ ရှောင်ယန်၏ တုတ်ချက်အောက်တွင် ပွဲချင်းပြီး သေဆုံးသွားရလေသည်။

လင်းတုန်နှင့် ရှောင်ယန်တို့က ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ရာ ခဏအတွင်းမှာပင် လေးယောက်မှာ သေဆုံးသွားပြီး ယန်မိုတစ်ယောက်သာ ကျန်ရှိတော့သည်။

“မင်းတို့... မင်းတို့တော့ ဒုက္ခကြီးကြီးရောက်ပြီ။”

ယန်မို၏ မျက်ဝန်းများတွင် ကြောက်ရွံ့ရိပ်များ ယှက်သန်းနေပြီး အသံများမှာ တုန်ယင်နေသည်။ သူ၏ လေသံမှာ ကြောက်ရွံ့နေသော်လည်း ပြောလိုက်သော စကားလုံးများမှာမူ မာန်မကျသေးပေ။

“ငါတို့က အမြဲတမ်း ဒုက္ခတွေကြားမှာ ရှင်သန်လာတာ၊ မင်းတစ်ယောက် တိုးလာလို့လည်း ဘာမှထူးမသွားပါဘူး။”

လင်းတုန်၏ ‘မဟာ ကောင်းကင်အ‌ေကြးခွံလှံရှည်’ သည် လေထုကို ခွင်းလျက် ထွက်ပေါ်လာသည်။ ရွှေရောင်နဂါးရိပ်တစ်ခု ပေါ်ထွက်လာပြီး လှံရှည်က ယန်မို၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့သည်။

စစ်မြေပြင်မှာ ပြန်လည်တိတ်ဆိတ်သွားခဲ့ပြီဖြစ်သည်။

“အစ်ကိုကြီး လင်းတုန်၊ အစ်ကိုကြီး လင်းယန်... အစ်ကိုတို့က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။”

စုရိုက အားကျနှစ်သက်သော မျက်ဝန်းလေးများဖြင့် ပြောလိုက်သည်။

“ဟဲဟဲ။”

လင်းတုန်နှင့် ရှောင်ယန်တို့မှာ ရိုးသားစွာ ပြုံးလိုက်ကြသည်။ ထျို့နာက် သူတို့သည် ယန်မိုနှင့် အပေါင်းအပါများ၏ သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်ကြသည်။

“မင်းရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားကို မင်းထိန်းချုပ်နိုင်သွားရင် မင်းလည်း အစွမ်းထက်လာမှာပါ။” ဝူယွမ်က စုရိုကို ကြည့်ကာ ပြောလိုက်သည်။

“ဒီစစ်မြေပြင်မှာ နူးညံ့လွန်းလို့ မရဘူး။ မင်းကိုယ်တိုင် သန်မာနေမှရမယ်။ ဒီနေ့ ငါတို့နဲ့သာ မတွေ့ရင် မင်းတို့ သုံးယောက်လုံး ဒီမှာတင် မြေမြုပ်သွားရမှာ။”

“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ၊ ကျွန်မ သေချာပေါက် သန်မာအောင် ကြိုးစားပြီး အစ်ကိုကြီးနဲ့ အစ်မ လျူယာတို့ကို ကာကွယ်ပေးပါ့မယ်။”

စုရိုက သူမ၏ ဖြူစင်သော လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ဝူယွမ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။”

စုကွေသည် အနားသို့ရောက်လာပြီး ရိုသေစွာဖြင့် လက်အုပ်ချီ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ပြည်ထောင်တစ်ရာတိုက်ပွဲက စတော့မယ်၊ မင်းတို့လည်း စစ်မြေပြင်ရဲ့ ဗဟိုကို သွားရမှာပဲ မဟုတ်လား၊ ငါတို့နဲ့ အတူတူ သွားကြတာပေါ့..” ဝူယွမ်က ဖိတ်ခေါ်လိုက်လေသည်။

“လေတိမ်ပြည်ထောင်စုက အရမ်းအစွမ်းထက်တယ်၊ သူတို့ရဲ့ ပစ်မှတ်ကလည်း ကျွန်တော်တို့ ဖြစ်နေတာ.. အစ်ကိုကြီးတို့နဲ့ လိုက်လာရင် အစ်ကိုကြီးတို့ပါ ဒုက္ခရောက်မှာ စိုးရိမ်လို့ပါ”

စုကွေက အသံတိုးတိုးဖြင့် ပြောလိုက်ရှာသည်။ သူတို့သည် လေပြာပြည်ထောင်စု၏ ပစ်မှတ်ဖြစ်နေသဖြင့် ဝူယွမ်တို့အဖွဲ့ကို အကြောင်းမဲ့ ဆွဲမသွင်းချင်ပေ။

ဝူယွမ်က “စိတ်မပူပါနဲ့၊ လေတိမ်ပြည်ထောင်စု တစ်ခုတည်းတင် မဟုတ်ဘူး၊ ငါတို့ ရန်စထားတဲ့ အထူးပြည်ထောင်စုတွေက အများကြီးပဲ။ နောက်ပြီး ငါတို့က ဒီဗဟိုဒေသကို သိပ်မသိသေးတော့ မင်းတို့ကပဲ လမ်းပြပေးပေါ့” ဟု ဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ဝူယွမ်။”

စုရို၏ လှပသော မျက်နှာလေးပေါ်တွင် ဝမ်းသာရိပ်များ ယှက်သန်းသွားပြီး စစ်မှန်သော ကျေးဇူးတင်မှုများဖြင့် ကြည့်လိုက်လေသည်။ ဝူယွမ်ကတော့ ပြုံးလျက်သာ ခေါင်းငြိမ့်ပြလိုက်သည်။ သူက သူတို့၏ အလားအလာကို မြင်သောကြောင့်သာ ကူညီခဲ့ခြင်း ဖြစ်သည်။

‘မဟာဗျူဟာမြို့တော်’ က ရှေးဟောင်းစစ်မြေပြင်၏ ဗဟိုအနီးတွင် တည်ရှိပြီး ထိုနေရာသို့ သွားရာတွင် မဖြစ်မနေ ဖြတ်သန်းရသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ ဤမြို့၏ ခန့်ညားထည်ဝါမှုမှာ တောင်တန်းတစ်ခုလုံးကို လွှမ်းခြုံထားနိုင်သည့်တိုင် ကြီးမားကျယ်ပြန့်လှသည်။

ထို့ပြင် ဤမြို့သည် အခြားနေရာများကဲ့သို့ ဖရိုဖရဲ ဖြစ်မနေဘဲ စည်းကမ်း၊ စည်းစနစ်များ ရှိသည်။ အကြောင်းမှာ ဤမြို့ကို ထိန်းချုပ်ထားသူများက မည်သည့် ပြည်ထောင်စုမှ မဟုတ်ဘဲ ‘ထိပ်တန်းဂိုဏ်းကြီးများ’ မှ စေလွှတ်ထားသော ကျင့်ကြံသူများဖြစ်သောကြောင့် ဖြစ်သည်။ ထိုအစောင့်အကြပ်များ၏ အစွမ်းမှာ လူငယ်ပါရမီရှင်များ ယှဉ်နိုင်သည့် အဆင့်မဟုတ်သဖြင့် မည်သူမျှ ရမ်းကားခြင်း မပြုဝံ့ကြပေ။

ဝူယွမ်တို့အဖွဲ့သည် တစ်ရက်ခန့် ခရီးနှင်ပြီးနောက် မြို့တော်သို့ ရောက်ရှိလာခဲ့ကြသည်။ မြင့်မားလှသော မြို့ရိုးကြီးများမှာ တိမ်တိုက်များအထိ ထိုးထွက်နေသကဲ့သို့ ရှိပြီး အဆုံးမရှိ ကျယ်ပြန့်လှသည်။

“အစ်ကိုကြီး ဝူယွမ်... ဒီမြို့အပေါ်မှာ ပျံသန်းခွင့် မရှိဘူး။ မြို့တံခါးကနေပဲ ဝင်ရပါမယ်။ ဒါက ထိပ်တန်းဂိုဏ်းကြီးတွေရဲ့ စည်းကမ်းပါ” ဟု စုကွေက သတိပေးလိုက်သည်။

မြို့ထဲသို့ ဝင်လိုက်သည်နှင့် သွားလာနေသော လူအားလုံးမှာ နိဗ္ဗာန်အဆင့်ရှိသူများ ဖြစ်နေသည်ကို သူတို့ တွေ့လိုက်ရသည်။ စုကွေက ဆက်လက်၍ “အစ်ကိုကြီး... ဒီမြို့ကို ရောက်ရင် အရေးကြီးဆုံးက ‘နိဗ္ဗာန်တံဆိပ်’ ကိုရဖို့ပဲ။ အစ်ကိုကြီးတို့ အစွမ်းနဲ့ဆိုရင် ‘မြေကမ္ဘာအဆင့် နိဗ္ဗာန်တံဆိပ်’ ရဖို့ရာက မခက်ပါဘူး” ဟု ရှင်းပြလိုက်သည်။

နိဗ္ဗာန်တံဆိပ်သည် နောက်လာမည့် တိုက်ပွဲကြီးတွင် ပါဝင်ရန် လိုအပ်သော အထောက်အထားဖြစ်ပြီး မြို့အလယ်ရှိ ‘နိဗ္ဗာန်ကျောက်တိုင်’ တွင် စမ်းသပ်ကာ မိမိ၏ စွမ်းအားအလိုက် အဆင့်သတ်မှတ်ချက်ကို ရယူရခြင်းဖြစ်သည်။ ထိုအဆင့်များကို ‘ကောင်းကင်’၊ ‘မြေကမ္ဘာ’ နှင့် ‘လူသား’ ဟူ၍ သုံးမျိုး ခွဲခြားထားသည်။

ဝူယွမ်တို့အဖွဲ့က နိဗ္ဗာန်ကျောက်တိုင်ရှိရာ ရင်ပြင်သို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် လူသောင်းနဲ့ချီ စုဝေးနေကြပြီး ရွှေရောင်တောက်ပနေသော ကျောက်တိုင်ကြီးမှာ တောင်ထိပ်တစ်ခုကဲ့သို့ ခန့်ညားစွာ ရှိနေသည်။

ထိုစဉ် အစွမ်းထက်သော အုပ်၏ုသုံးစု ရောက်ရှိလာခဲ့သည်။ ပထမအုပ်စုကို ဦးဆောင်သူမှာ ‘ငွေသစ်တော ပြည်ထောင်စု’ မှ ‘ယင်ဆန်’ ဖြစ်ပြီး သူက အလွန်မောက်မာသော သူဖြစ်သည်။ ဒုတိယလူမှာ ဖြူစင်သောအဝတ်အစားကို ဝတ်ဆင်ထားသည့် အေးစက်လှပသော ‘မုဟန်ယွဲ့’ ဖြစ်ကာ တတိယလူမှာ အုပ်စုပေါင်းစုံကို ဦးဆောင်နေသော ‘ချန်းလင်’ ပင်ဖြစ်သည်။

ယင်ဆန်က ရှေ့တက်လာပြီး ကျောက်တိုင်ကို လက်ဖြင့်ထိလိုက်ရာ သူ၏အမည်မှာ ‘မြေကမ္ဘာအဆင့်’ ၏ နံပါတ် ၉ နေရာသို့ တက်လှမ်းသွားသည်။ ထို့နောက် မုဟန်ယွဲ့က ဆက်လက်စမ်းသပ်ရာ ယင်ဆန်ကို ကျော်ဖြတ်ကာ နံပါတ် ၉ နေရာကို ရယူလိုက်သည်။ နောက်ဆုံးတွင် ချန်းလင်က နံပါတ် ၅ နေရာအထိ ရယူနိုင်ခဲ့သည်။

စုကွေသည်လည်း သွားရောက်စမ်းသပ်ရာ မြေကမ္ဘာအဆင့်သို့ ရောက်ရှိသွားသဖြင့် စုရိုမှာ အလွန် ဝမ်းသာသွားသည်။ ထိုအချိန်တွင် ယင်ဆန်က စုရိုက မြင်သွားပြီး “စုရိုလေး... မင်းအစ်ကိုက အံ့ဩဖို့ကောင်းတယ်ဆိုရင် ငါက မင်းရဲ့ ချစ်မင်းသားလေး ဖြစ်မနေဘူးလား” ဟု ညစ်ညမ်းသော အကြည့်ဖြင့် လှောင်ပြောင်လိုက်သည်။

ဝူယွမ်က ပြုံးလျက် “မင်းက တကယ့် လူဖျင်းပဲ။ ဒီလို ကြောက်စရာကောင်းတဲ့ ရုပ်မျိုးနဲ့ မင်းသားလုပ်ချင်သေးတာလား။ မင်းကို ဖားပြုပ်လို့ ခေါ်တာတောင် ဖားမလေးတွေကို စော်ကားရာ ရောက်မယ်။ ယင်ဆန် ဟုတ်လား... ငါ့စိတ်ထဲမှာတော့ မင်းက ‘ကာမရမ္မက်ထကြွနေတဲ့ ဖားပြုပ်’ နဲ့ ပိုတူတယ်” ဟု ယင်ဆန်၏ စကားကို အပြင်းအထန် တုံ့ပြန်လိုက်လေသည်။

All Chapters