← Chapters

နိဗ္ဗာန်အဆင့်သတ်မှတ်ချက်၏ ထိပ်သီးငါးနေရာကို သိမ်းပိုက်ခြင်း

Vol. 19 Ch. 183

နိဗ္ဗာန်အဆင့်သတ်မှတ်ချက်၏ ထိပ်သီးငါးနေရာကို သိမ်းပိုက်ခြင်း

Vol. 19 Ch. 183

နိဗ္ဗာန်ကျောက်တိုင်ရှေ့။

တိတ်ဆိတ်ငြိမ်သက်ခြင်းတို့က ရုတ်ချည်းစိုးမိုးသွားလေသည်။

“ဖားပြုတ်...”

ယင်ဆန်၏ မျက်နှာမှာ စိမ်းဖန့်သွားပြီး ကြည့်ရအလွန်ဆိုးလှသော အမူအရာ ဖြစ်သွားတော့သည်။

“ဟားဟား...”

ဝူယွမ်၏ စကားကို ကြားလိုက်ရသော ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။ ယင်ဆန်၏ မောက်မာရိုင်းစိုင်းသော အပြုအမူကို သူတို့ ကြည့်မရဖြစ်နေကြသည်မှာ ကြာပြီဖြစ်ပြီး စိတ်ထဲမှလည်း ယင်ဆန်၏ ဘိုးဘေးဘီဘင်များအထိ တစ်ဆယ့်ရှစ်ဆက်တိုင်အောင် ကျိန်ဆဲနေခဲ့ကြခြင်းဖြစ်သည်။

ယခုအခါ တစ်စုံတစ်ယောက်က သူတို့၏ ရင်တွင်းစကားကို ထုတ်ဖော်ပြောဆိုလိုက်သဖြင့် အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလှသည်။ အထူးသဖြင့် ဝူယွမ်၏ ဆဲဆိုမှုမှာ အလွန်ပင် ဆန်းသစ်ပြီး ယဉ်ကျေးသိမ်မွေ့လှကာ ယင်ဆန်အား ဖားပြုတ်ဟု ခေါ်ခြင်းက ဖားပြုတ်မလေးများကိုပင် စော်ကားရာရောက်သည်ဟူသော စကားများမှာ နားဝင်ချိုလှပေသည်။

“မင်းက ဘယ်သူလဲ.. သေလမ်းရှာနေတာလား”

ယင်ဆန်က ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ဝူယွမ်၏ ခန့်ညားထည်ဝါပြီး တည်ငြိမ်သိမ်မွေ့သော ရုပ်ရည်ကို မြင်လိုက်ရသောအခါ သူ့ရင်ထဲ၌ မနာလိုဝန်တိုမှုများ တလဟောထွက်ပေါ်လာကာ ပွက်လောရိုက်သွားတော့သည်။ သူ၏ ယွမ်စွမ်းအင်များမှာ ခန္ဓာကိုယ်အတွင်းမှ ရုန်းကြွလာပြီး ဝူယွမ်ထံသို့ လျှောက်လှမ်းသွားကာ ထက်ရှပြင်းထန်သော စွမ်းအင်ဖိအားကို ထုတ်လွှတ်၍ ဝူယွမ်အား ဖိနှိပ်ရန် ကြိုးပမ်းလိုက်တော့သည်။

“မင်းက တကယ့်ကို လူအပဲ၊ ဒီလို မပြောပလောက်တဲ့ ခွန်အားနဲ့ သူများကို ဖိအားပေးချင်နေသေးတာလား.. ကိုယ့်ဟာကိုယ် အရင်ပြန်ကြည့်ပါဦး” ဝူယွမ်က ခေါင်းကို အသာအယာခါယမ်းကာ သက်ပြင်းချလိုက်သည်။ ယင်ဆန်၏ ဖိအားမှာ သူ့အတွက်တော့ အသုံးမဝင်လှပေ။

“သေသေချာချာ ကြည့်ထား.. ဒါကိုမှ တကယ့်ဖိအားလို့ ခေါ်တာ”

ဝူယွမ်က အေးစက်စွာ ပြောဆိုလိုက်ပြီးနောက် သူ၏ ခန့်ညားထည်ဝါသော မဟာတောင်တန်းခန္ဓာကိုယ်၊ နတ်ဆင်နှိမ်နင်းခြင်း နှင့် ဝိညာဉ်စွမ်းအင်တို့ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်လေသည်။ အင်အားကြီးမားလှသော ဖိအားကြီးမှာ ယင်ဆန်၏ အပေါ်သို့ လွှမ်းမိုးကျရောက်သွားတော့သည်။

“မင်း...”

ယင်ဆန်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ဒူးနှစ်ဖက်မှာ ချက်ချင်းပင် ကွေးညွတ်သွားတော့သည်။ သူက ဝူယွမ်အား ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။ ဝူယွမ်လှုပ်ရှားလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှာ တောင်တန်းကြီးတစ်ခု ပိကျလာသကဲ့သို့ ခါးပါကိုင်းသွားရလေသည်။

“ဒူးထောက်စမ်း”

ဝူယွမ်၏ အသံမှာ မိုးကြိုးပဲ့တင်သံကဲ့သို့ ဟိန်းထွက်သွားပြီး အသံလှိုင်းများမှာ ယင်ဆန်၏ ဦးခေါင်းကို ရိုက်ခတ်သွားသည်။ တစ်ချိန်တည်းမှာပင် သူက ဖိအားကို တိုးမြှင့်လိုက်ပြီး ဆွဲငင်အားနယ်ပယ်ကို ယင်ဆန်အပေါ် အပြည့်အဝ သက်ရောက်စေလိုက်သည်။

“ဘုန်း”

ယင်ဆန်၏ ဒူးနှစ်ဖက်မှာ ကျောက်ပြားပေါ်သို့ ပြင်းထန်စွာ ထောက်ကြသွားပြီး အရှိန်ကြောင့် ကျောက်ပြားများပင် အက်ကွဲကုန်တော့သည်။ သူ၏ နဖူးပေါ်မှ ချွေးများမှာလညါး တရစပ် စီးကျလာပြီး သူခံစားနေရသော ဖိအားမှာ မည်မျှ ကြီးမားကြောင်း သက်သေပြနေသည်။

“ဒါက...”

“ဒီလူက ဘယ်သူကြီးလဲ၊ တစ်ခါမှ မမြင်ဖူးပါလား”

“တောက်... ခုနက ယင်ဆန်က အရမ်းမောက်မာနေတာ.. မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒူးထောက်သွားရပြီ”

“မြေကမ္ဘာအဆင့် နိဗ္ဗာန်အဆင့်သတ်မှတ်ချက်ထဲက လူတစ်ယောက်ကတောင် သူ့ရဲ့ ဖိအားကိုတောင် မခံနိုင်ဘူးလား၊ ဒီလူက ကြောက်စရာကြီးပဲ”

“မယုံနိုင်စရာပဲ။ တကယ့်ကို အံ့ဩဖို့ကောင်းလွန်းတဲ့ ခွန်အားပဲ”

“ငါထင်တာတော့ သူက အထူးဂိုဏ်းကြီးတစ်ခုခုက လာတဲ့သူ ဖြစ်လိမ့်မယ်။ ဒီစစ်ပွဲထဲမှာ ပါဝင်တဲ့သူ မဟုတ်လောက်ဘူး”

ဘေးပတ်ဝန်းကျင်ရှိ လူများမှာ ဝူယွမ်အား ထိတ်လန့်တကြား ငေးကြည့်နေကြပြီး သူတို့မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေကြသည်။ သူတို့ထဲမှ အများစုမှာ လူသားအဆင့် ဝိညာဉ်တံဆိပ်ကိုပင် မနည်းရယူထားရခြင်းဖြစ်ပြီး ယင်ဆန်မှာမူ မြေကမ္ဘာအဆင့်တွင် နံပါတ်ကိုးအဆင့်အထိ ရောက်ရှိထားသူ ဖြစ်သည်။ သူတို့၏ အမြင်တွင် ယင်ဆန်မှာ အလွန်ကြီးကျယ်သော ပုဂ္ဂိုလ်တစ်ဦးပင်။ သို့သော်လည်း ယခုအခါ ထိုပုဂ္ဂိုလ်ကြီးမှာ တစ်စုံတစ်ယောက်၏ ဖိအားအောက်တွင် မတ်တပ်ပင် မရပ်နိုင်ဘဲ ဒူးထောက်နေရလေပြီ။

မုချန်ချန်၏ မျက်လုံးများမှာ ဝူယွမ်အား စိုက်ကြည့်ရင်း တောက်ပသွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။ သူမက ရာဂစိတ်ထက်သန်သော ယင်ဆန်အား လုံးဝကြိုက်နှစ်သက်ခြင်းမရှိဘဲ သင်ခန်းစာပေးချင်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူတို့၏ ခွန်အားမှာ သိပ်မကွာခြားသဖြင့် အခက်တွေ့နေခဲ့ခြင်း ဖြစ်သည်။ ယခုမူ ဝူယွမ်က ဖိအားသက်သက်ဖြင့်ပင် တစ်ဖက်လူကို ဒူးထောက်စေနိုင်ခဲ့ပြီဖြစ်သည်။ ဤကဲ့သို့သော ခွန်အားမျိုးမှာ ကောင်းကင်အဆင့် နိဗ္ဗာန်အဆင့်သတ်မှတ်ချက်မှ လူများပင် လွယ်လွယ်နှင့် မလုပ်နိုင်သော အရာမျိုး ဖြစ်ပေလိမ့်မည်။

ယင်ဆန်၏ နောက်လိုက်များမှာလည်း အနားသို့ မကပ်ရဲကြပေ။ အနားသို့ ရောက်သည်နှင့် ထိုပြင်းထန်သော ဖိအား၏ ဒဏ်ကို သူတို့ပါ ခံစားရမည်ဖြစ်သည်။

“နောက်ဆိုရင် မင်းရဲ့ ပါးစပ်ကို သန့်ရှင်းထားစမ်း။ အမျိုးသမီးတွေကို မချေမငံ မပြောနဲ့။ ပြီးတော့ ဒီမိန်းကလေးက ငယ်သေးတာ မင်းမမြင်ဘူးလား။ ကလေးတစ်ယောက်ကိုတောင် မချန်ဘူးလား။ မင်းက တကယ့် နှာဗူးပဲ”

ဝူယွမ်က အေးစက်စွာ ကြိမ်းမောင်းလိုက်ပြီးနောက် ရှောင်ယန်ကို လှည့်ပြောလိုက်သည်။

“ရှောင်ယန်... သူ့ကို ဒီကနေ လွှင့်ပစ်လိုက်စမ်း။ သူဒီမှာရှိနေတာက မျက်စိစပါးမွှေးစူးတယ်”

“ဟဲဟဲ... ဟုတ်ကဲ့ပါ အစ်ကိုကြီး”

သံမဏိမျှော်စင်ကြီးကဲ့သို့ ထွားကျိုင်းလှသော လူကြီးမှာ ရှေ့သို့ တိုးထွက်လာခဲ့သည်။ ယင်ဆန်က ရှောင်ယန်ကို သေမတတ် မုန်းတီးသော မျက်လုံးများဖြင့် စိုက်ကြည့်နေသော်လည်း ရှောင်ယန်၏ လက်သီးက သူ့ဦးခေါင်းပေါ်သို့ ကျရောက်သွားပြီး ခါးတွင်ချိတ်ထားသော သိုလှောင်အိတ်မှာလည်း အလုခံလိုက်ရတော့သည်။ ထို့နောက် ရှောင်ယန်သည် ကြောင်တောင်တောင် ဖြစ်နေသော ယင်ဆန်ကို ဆွဲမကာ အဝေးသို့ လွှင့်ပစ်လိုက်လေသည်။

“ကဲ... အခု ဒီနိဗ္ဗာန်ကျောက်တိုင်ကို စမ်းကြည့်ရအောင်”

ဝူယွမ်က အေးအေးလူလူ ပြောဆိုကာ နိဗ္ဗာန်ကျောက်တိုင်ထံသို့ လျှောက်လှမ်းသွားလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ကျောက်တိုင်ရှေ့တွင် စုရုံးနေသော လူအားလုံးမှာ ဝူယွမ်အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ သူတို့အားလုံးမှာ ဝူယွမ်ကို စိတ်ဝင်တစား ကြည့်နေကြပြီး ဤပုဂ္ဂိုလ်ကြီးက နိဗ္ဗာန်ကျောက်တိုင်၏ မည်သည့်အဆင့်အထိ ရောက်ရှိနိုင်မည်ကို သိလိုနေကြသည်။

နိဗ္ဗာန်ကျောက်တိုင်ရှေ့သို့ ရောက်သောအခါ မရေမတွက်နိုင်သော အကြည့်များ၏ အောက်တွင် ဝူယွမ်က သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ အေးစက်သော ကျောက်တိုင်မျက်နှာပြင်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ထူးခြားဆန်းပြားသော စွမ်းအားတစ်ခုမှာ ကျောက်တိုင်အတွင်းမှ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို စစ်ဆေးလာသည်ကို ခံစားလိုက်ရသည်။

ထိုစစ်ဆေးမှုအောက်တွင် ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ ယွမ်စွမ်းအင်များနှင့် နီဝမ်နယ်ပယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ အလိုအလျောက် လှုပ်ခတ်လာတော့သည်။ စစ်ဆေးမှုမှာ အလွန်လျင်မြန်လှပြီး သူ့ခန္ဓာကိုယ်ကိုစစ်ဆေးနေသော ထိုစွမ်းအားမှာ အလွန်ထူးခြားကာ ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓား နှင့် ကစဉ်ကလျားသန္ဓေသား တို့ကိုပင် ထောက်လှမ်းမိသွားခဲ့သည်။

ဝူယွမ် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ ထိုအခိုက် ကောင်းကင်ပြဧကရာဇ်သွေးရည်(အာဏာရှင်သွေးရည်) နှင့် ကစဉ်ကလျားသန္ဓေသား တို့မှ ပြင်းထန်သော စွမ်းအားများ ရုတ်ချည်းပေါက်ကွဲထွက်လာပြီး ထိုစစ်ဆေးနေသော စွမ်းအားကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်တော့သည်။

ဝုန်း...

နိဗ္ဗာန်ကျောက်တိုင်ဆီမှ အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဝူယွမ် ထိတွေ့ထားသော နေရာမှ အလွန်တောက်ပလွန်းသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာလေသည်။ ထိုရွှေရောင်အလင်းတန်း၏ အရှိန်အဝါမှာ ရွှေရောင်နေမင်းကြီးကဲ့သို့ပင် တောက်ပနေခဲ့ကာ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်နှင့်အမျှ လူတိုင်း၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားတော့သည်။

ရွှေရောင်အလင်းတန်းမှာ ကျောက်တိုင်မျက်နှာပြင်တစ်လျှောက် တဟုန်ထိုး မြင့်တက်လာပြီး လူအားလုံး၏ စိုးရိမ်တကြီး ကြည့်ရှုနေမှုအောက်တွင် အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် အပေါ်သို့ ပျံတက်သွားလေသည်။

“ငါလောင်းကြေးထပ်ရဲတယ်... ဒီလူက မြေကမ္ဘာအဆင့်ရဲ့ ထိပ်သီးလေးနေရာထဲကို သေချာပေါက် ဝင်လိမ့်မယ်”

“မြေကမ္ဘာအဆင့်လား… နည်းလွန်းသေးတယ်၊ သူက ကောင်းကင်အဆင့်ကိုတောင် သေချာပေါက် ဝင်နိုင်မှာ”

“ယင်ဆန်လို နိဗ္ဗာန်အဆင့်သုံး ကျင့်ကြံသူကို ဒူးထောက်အောင် လုပ်နိုင်တဲ့သူဆိုတာ အနည်းဆုံး နိဗ္ဗာန်အဆင့်လေး ခွန်အားရှိမှာပဲ။ ဒါက မေးနေစရာတောင် မလိုဘူး”

ဝူယွမ်၏ ရွှေရောင်အလင်းတန်းမှာ အံ့ဩဖွယ်အရှိန်ဖြင့် မြေကမ္ဘာအဆင့်သို့ ရောက်ရှိသွားပြီး ယင်ဆန်၊ မုဟန်ယွဲ့ နှင့် ချန်းလင် တို့ကို ကျော်ဖြတ်ကာ မြေကမ္ဘာအဆင့်၏ ဒုတိယနေရာသို့ ရောက်ရှိသွားသည်။ ထိုအခိုက် မြေကမ္ဘာအဆင့်၏ ပထမနေရာတွင် ရှိနေသောသူမှာ လုံထန်း ဖြစ်နေသည်ကို ဝူယွမ် မြင်လိုက်ရသည်။ ၎င်းမှာ သူ၏ ရူးသွပ်ဓားသိုင်းခန်းမမှ စီနီယာအစ်ကိုကြီးနှင့် အမည်တူနေခြင်းပင်။

ဝူယွမ်၏ အမည်မှာ ပထမနေရာသို့ လျင်မြန်စွာ တိုးဝင်သွားလေသည်။ ရွှေရောင်အလင်းတန်းမှာ ဆက်လက်တိုးဝင်နေဆဲဖြစ်ပြီး ကောင်းကင်အဆင့် နယ်ပယ်အတွင်းသို့ပင် ရောက်ရှိတော့မည့် အနေအထား ဖြစ်နေသည်။ သို့သော် ဝူယွမ်က ရပ်တန့်လိုက်ပြီး သူ၏ ခွန်အားကို ပြန်လည်ရုပ်သိမ်းလိုက်ကာ စိတ်စွမ်းအင်ဖြင့် “ဝူယွမ်” အမည်ကို မြေကမ္ဘာအဆင့် နံပါတ်တစ်နေရာတွင် မှတ်တမ်းတင်လိုက်လေသည်။

မြေကမ္ဘာအဆင့် နံပါတ်တစ်၊ ဝူယွမ်၊ မဟာယန်ပြည်ထောင်စု။

“နှမြောစရာပဲ... သူက မြေကမ္ဘာအဆင့်ကိုတောင် မကျော်သွားဘူး၊ ကောင်းကင်အဆင့်ကို ဝင်ဖို့ဆိုတာ တကယ့်ကို ခက်ခဲပုံပဲ။ ကောင်းကင်အဆင့် နိဗ္ဗာန်အဆင့်သတ်မှတ်ချက်ထဲက လူတွေက ဘယ်လောက်တောင် အစွမ်းထက်ကြမလဲ မသိဘူး”

“အဲ့ဒီလူတွေက ပါရမီရှင်တွေလေ၊ သာမန်စံနှုန်းတွေနဲ့ တိုင်းတာလို့ မရဘူး၊ ကောင်းကင်အဆင့်ကို ဝင်နိုင်တဲ့သူတွေက နိဗ္ဗာန်အဆင့်လေး ကျွမ်းကျင်သူတွေထဲမှာတောင် အစွမ်းအထက်ဆုံးသူတွေပဲ ဖြစ်မှာ”

“အပေါ်ကို ရောက်လေ ပိုခက်လေပဲ.. မြေကမ္ဘာအဆင့် နံပါတ်တစ် ဖြစ်တာတောင် အရမ်းကို အစွမ်းထက်လှပြီ”

“ဒီ ဝူယွမ် ဆိုတာ ဘယ်သူလဲ။ အထူးပြည်ထောင်စုတစ်ခုခုကများ ဖြစ်မလား”

မုဟန်ယွဲ့: “မြေကမ္ဘာအဆင့် နံပါတ်တစ်လား.. ငါတော့ မယုံနိုင်ဘူး”

ချန်းလင်: “သူက သေချာပေါက် ပုန်းကွယ်နေတဲ့ ကျင့်ကြံသူပဲ၊ ငါတို့ သူ့ကို ငါတို့ဘက်ပါအောင် ဆွဲဆောင်ရမယ်”

... “သိပ်ပြီး လူသိမခံတာက ပိုကောင်းပါတယ်.. အဆင့်အရမ်းမြင့်သွားရင် အထူးဂိုဏ်းတွေရဲ့ အာရုံစိုက်မှုကို အချိန်မတိုင်ခင် ရသွားလိမ့်မယ်” ဟု ဝူယွမ်က စိတ်ထဲမှ တွေးတောလိုက်မိသည်။

သူနှင့် ရှောင်တျောင်း၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ကောင်းကင်အဆင့် နံပါတ်တစ်နေရာကို စိန်ခေါ်ရန်ပင် ပြဿနာမရှိသော်လည်း ၎င်းမှာ သူတို့အတွက် အကျိုးကျေးဇူး မရှိလှပေ။ ထို့အပြင် ရှောင်တျောင်း မည်သူမည်ဝါဖြစ်ကြောင်းပင် ပေါ်ပေါက်သွားနိုင်သည့် အခွင့်အလမ်း ပိုများသွားစေလိမ့်မည်။ မြေကမ္ဘာအဆင့် နံပါတ်တစ် ဆိုလျှင်ပင် သာမန်လူများကို ခြိမ်းခြောက်ရန် လုံလောက်ပြီဖြစ်ပြီး အဆင့်မြင့်ပြည်ထောင်စုများ အတွင်း၌လည်း ကိုယ့်အစွမ်းကို ဖုံးကွယ်ကာ လှုပ်ရှားရန် အဆင်ပြေလှသည်။

“အစ်ကိုကြီး ဝူယွမ်... အစ်ကိုကြီးက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ”

စုရိုက ဝူယွမ်အား ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။

ဝူယွမ်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။ “ပိုင်ယွမ်၊ ရှောင်တျောင်း... ပြီးတော့ ညီလေး၊ မင်းတို့လည်း သွားစမ်းကြည့်ဦးလေ”

ရှောင်တျောင်းက ရယ်မောလိုက်ကာ “ကျွန်တော်တို့ကတော့ အစ်ကိုကြီးရဲ့ အောက်မှာပဲ နေမှာပါ”

သူတို့အားလုံးမှာ ဝူယွမ်၏ စိတ်ကူးကို နားလည်ကြသည်။ အစ်ကိုကြီးသည် မြေကမ္ဘာအဆင့်တွင်သာ နေရခြင်း၏ အကြောင်းရင်းကို သူတို့ သိကြသည်။

“အင်း” လင်းတုန်က ခေါင်းညိတ်ပြပြီး ပထမဆုံး လျှောက်သွားလိုက်သည်။ သူ့လက်ဖဝါးက ကျောက်တိုင်ကို ထိတွေ့လိုက်သည်နှင့် ရွှေရောင်အလင်းတန်းမှာ မြင့်တက်သွားပြီး ဝူယွမ်၏ အမည်အောက်တွင် ရပ်တန့်သွားလေသည်။

‘မြေကမ္ဘာအဆင့် နံပါတ်နှစ်၊ လင်းတုန်၊ မဟာယန်ပြည်ထောင်စု’

ထို့နောက် ရှောင်တျောင်းက ဆက်လုပ်သည်။ ‘မြေကမ္ဘာအဆင့် နံပါတ်သုံး၊ ဇီတျောင်း၊ မဟာယန်ပြည်ထောင်စု’ ထိုအမည်မှာ သူကိုယ်တိုင် ရွေးချယ်ထားခြင်း ဖြစ်သည်။

‘မြေကမ္ဘာအဆင့် နံပါတ်လေး၊ ပိုင်ယွမ်၊ တျန်းပြည်ထောင်စု’

‘မြေကမ္ဘာအဆင့် နံပါတ်ငါး၊ လင်းယန်၊ တျန်းပြည်ထောင်စု’

ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။ မြေကမ္ဘာအဆင့်၏ ထိပ်သီးငါးနေရာလုံးကို တစ်ပြိုင်နက်တည်း သိမ်းပိုက်သွားကြသဖြင့် ဤလူများမှာ မည်သည့်နေရာမှ ရောက်လာကြသည်ကို သူတို့သိချင်နေကြသည်။ သူတို့သည် ဝူယွမ်နှင့် သူတို့၏ မဟာယန်ပြည်ထောင်စု၏ နောက်ခံအကြောင်းကို စူးစမ်းလိုသဖြင့် တီးတိုးဆွေးနွေးနေကြတော့သည်။ အနောက်မြောက်ဒေသရှိ လူတိုင်းနီးပါး ဝူယွမ်နှင့် သူ၏အဖွဲ့ကို သိကြသော်လည်း ထိုဒေသမှ ဤအလယ်ပိုင်းဒေသသို့ ရောက်လာနိုင်သူမှာ အလွန်နည်းပါးသဖြင့် ဝူယွမ်တို့အကြောင်းကို သိသူ နည်းပါးနေခြင်း ဖြစ်သည်။ သို့သော် ယခုအခါ မြေကမ္ဘာအဆင့်၏ ထိပ်သီးငါးနေရာကို သိမ်းပိုက်လိုက်ပြီဖြစ်ရာ သူတို့၏အမည်များမှာ မြို့တော်အတွင်းသို့ မကြာမီ ပျံ့နှံ့သွားတော့မည် ဖြစ်သည်။

နောက်ပိုင်းတွင် မိုလင်းနှင့် အခြားသူများလည်း ရှေ့သို့ တိုးလာကြသည်။ သူတို့အားလုံးမှာ ဝိညာဉ်တံဆိပ်များကို ရယူရန် ကြိုးစားကြခြင်း ဖြစ်သည်။ ဝိညာဉ်တံဆိပ် ရရှိထားသူများသာ အထူးဂိုဏ်းများ၏ အာရုံစိုက်မှုကို ရရှိမည် ဖြစ်သည်။ ဆိုလိုသည်မှာ ဤလူများမှာ မည်သည့်နေရာမှ ရောက်လာကြပြီး ကျောက်တိုင်ပေါ်တွင် အမည် ချန်ထားနိုင်ခြင်း ရှိမရှိအပေါ် မူတည်၍ ဂိုဏ်းကြီးများသို့ ဝင်ခွင့်ရမည် ဖြစ်သည်။ နိဗ္ဗာန်အဆင့်သတ်မှတ်ချက်အတွင်း မဝင်နိုင်သူများကိုမူ ဝူယွမ်က ရှေးဟောင်းကျောက်တိုင်အတွင်းသို့ ပို့ဆောင်ပေးထားမည် ဖြစ်သည်။ ကျန်ရှိသော တိုက်ပွဲများကိုမူ အဆင့်စာရင်းဝင်သူများသာ ဆက်လက်ပါဝင်ခွင့် ရှိပေလိမ့်မည်။

သိပ်မကြာမီ သူတို့က တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းသွားကြသည်။

‘ကျန်းယွဲ့၊ လူသားအဆင့် နံပါတ်တစ်’

‘တာကျွမ်း၊ လူသားအဆင့် နံပါတ်သုံး’

‘မုချန်ချန်၊ လူသားအဆင့် နံပါတ်ခုနစ်’

... လူပေါင်း ခုနစ်ဆယ်ကျော်ထဲမှ ၁၈ ဦးသာ နိဗ္ဗာန်အဆင့်သတ်မှတ်ချက်စာရင်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။ ဤအရေအတွက်မှာ အလွန်ပင် အားရစရာ ကောင်းလှသည်။ ဝူယွမ်တို့ ငါးယောက်နှင့် ပေါင်းလိုက်လျှင် မဟာယန်ပြည်ထောင်စုမှ စုစုပေါင်း ၂၃ ဦး စာရင်းဝင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အဆင့်မြင့် ပြည်ထောင်စုကြီးများသာ တတ်နိုင်သော အင်အားမျိုး ဖြစ်သည်။ အောက်ခြေအဆင့် ပြည်ထောင်စုတစ်ခုအနေဖြင့် ဤသို့ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။

သူတို့၏ အမည်များ စာရင်းဝင်သွားပြီဖြစ်ရာ နောက်ဆုံးတစ်လအတွင်း အသက်ရှင်ကျန်ရစ်နေသရွေ့ သူတို့က အထူးဂိုဏ်းကြီးများသို့ အောင်မြင်စွာ ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။ မိုလင်းမှာ မဟာယန်ပြည်ထောင်စုမှ အမည်များကို ကြည့်ရင်း မျက်ရည်များပင် ဝဲလာတော့သည်။ ပြည်ထောင်စု စတင်တည်ထောင်ချိန်မှစ၍ ပြည်ထောင်တစ်ရာတိုက်ပွဲတွင် အမည်စာရင်းဝင်သူ တစ်ဦးမှမရှိခဲ့သည်မှာ များလှပြီ။ တစ်ခါတစ်ရံ တစ်ဦးတစ်ယောက် စာရင်းဝင်လျှင်ပင် ပြည်ထောင်စုတစ်ခုလုံး ပျော်ပွဲရွှင်ပွဲများ ကျင်းပရသည်အထိ ကြီးကျယ်လှသော သတင်းဖြစ်သည်။ ယခုမူ ၂၃ ဦးတိတိ တစ်ပြိုင်နက် ပေါ်ထွက်လာခဲ့လေပြီ။ ဤသတင်းသာ သူ၏ ခမည်းတော်နှင့် မိသားစုများ၊ ဂိုဏ်းများထံသို့ ရောက်ရှိသွားပါက မည်မျှအထိ ပျော်ရွှင်ကြမည်ကို မိုလင်း မခန့်မှန်းနိုင်တော့ပေ။

“ကောင်းကင်အဆင့်က မမြင်ရဘူးပဲ။ ကံဆိုးလိုက်တာ” ဟု လင်းတုန်က အသာအယာ ညည်းတွားလိုက်သည်။

စုကွေ: “နိဗ္ဗာန်ကျောက်တိုင်ရဲ့ ကောင်းကင်အဆင့် နယ်ပယ်ကို အဲ့ဒီအဆင့်ထဲ ဝင်နိုင်တဲ့ အစွမ်းထက်သူတွေကပဲ မြင်နိုင်တာပါ။ အဲ့ဒီလူတွေကတော့ များသောအားဖြင့် အထူးပြည်ထောင်စုတွေက ခေါင်းဆောင်တွေ ဖြစ်ပြီး သူတို့ရဲ့ ခွန်အားကတော့ ကြောက်စရာကြီးပဲ”

ထိုအခိုက် ဝတ်စုံနက်နှင့် ချန်းလင်မှာ လျှောက်လာပြီး -

“တွေ့ရတာ၀မ်းသာပါတယ် ခင်ဗျ၊ ကျွန်တော်က ချန်းလင်ပါ၊ ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်လို့ရမလား”

“အစ်ကို ချန်းလင်လား... ကန့်ကွက်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့က အဆင့်နိမ့်ပြည်ထောင်စုက လာတဲ့သူတွေပဲကို” ဝူယွမ်က လက်အုပ်ချီ၍ ပြန်လည်နှုတ်ဆက်လိုက်သည်။

ချန်းလင်: “ဟားဟား... မြေကမ္ဘာအဆင့်ရဲ့ ထိပ်သီးငါးနေရာလုံးကို ပြည်ထောင်စုတစ်ခုတည်းက သိမ်းပိုက်သွားတာ ဒါပထမဆုံးပဲ၊ နောက်လာမယ့် တိုက်ပွဲတွေမှာ ညီအစ်ကိုတို့ရဲ့ မဟာယန်ပြည်ထောင်စုက တကယ့်ကို တောက်ပလာတော့မှာပါ”

ဝူယွမ်က ဘာမှမပြောဘဲ ပြုံး၍သာ နေလိုက်သည်။ ချန်းလင်က အကြောင်းအရာတစ်ခုကို ချက်ချင်း ပြောင်းလဲလိုက်ပြီး -

“အစ်ကို ဝူယွမ်... မဟာဗျူဟာမြို့တော်ကို အခုလိုအချိန်မှာ ရောက်လာတာဆိုတော့ နောက်နှစ်ရက်နေရင် ကျင်းပမယ့် လေလံပွဲအတွက် လာတာဖြစ်မယ်..ဟုတ်တယ် မဟုတ်လား”

“ကျွန်တော်တို့က မြို့ကို ရောက်ခါစဆိုတော့ ဒီလေလံပွဲအကြောင်း ဘာမှမသိသေးဘူး။ အစ်ကို ချန်းလင်... ပြောပြပေးပါဦး”

ချန်းလင်: “မဟာဗျူဟာ လေလံပွဲဆိုတာ နှစ်လတစ်ကြိမ် ကျင်းပတာ.. အထူးဂိုဏ်းက လူတွေကိုယ်တိုင် ကြီးကြပ်တာဖြစ်ပြီး ရှေးဟောင်းစစ်မြေပြင်မှာ အဆင့်အတန်းအမြင့်ဆုံး လေလံပွဲပဲ။ ဒီတစ်ခါ လေလံပွဲမှာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် တစ်ခု ပါလာလိမ့်မယ်လို့ သတင်းထွက်နေတယ်… အစ်ကို ဝူယွမ် စိတ်ဝင်စားရင် သွားကြည့်လို့ ရပါတယ်”

ထိုစဉ် အေးစက်သော်လည်း နားထောင်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက ဝတ်စုံဖြူနှင့် မုဟန်ယွဲ့မှ လာခြင်းပင် ဖြစ်သည်။ သူမက ဝူယွမ်တို့အဖွဲ့ကို စောင့်ကြည့်နေခဲ့ပြီး ဤအခွင့်အရေးကို အသုံးချကာ မိတ်ဖွဲ့ရန် ရောက်ရှိလာခြင်း ဖြစ်သည်။

“သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးမု”

မုဟန်ယွဲ့က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ လှပသော မျက်လုံးများနှင့် ဝူယွမ်တို့အား တစ်ချက်ဝေ့ကြည့်လိုက်သော်လည်း စကားကို လိုရင်းသာပြောပြီး အလွန်အမင်း ရင်းနှီးမှုကို မပြပေ။ ခဏတာ စကားပြောဆိုပြီးနောက် သူမက ယဉ်ကျေးသိမ်မွေ့စွာပင် ထွက်ခွာသွားတော့သည်။

“ဟားဟား... အစ်ကို ဝူယွမ်၊ မုဟန်ယွဲ့ က ဒီမြို့မှာ နာမည်ကြီး အလှပဂေးလေးပဲ... သူမရဲ့ နောက်ကွယ်မှာ အထီးကျန်လ ပြည်ထောင်စုကြီး ရှိတယ်၊ သူမရဲ့ စိတ်တိုင်းကြဖြစ်အောင် ကြိုးစားနေကြတဲ့သူတွေမှ အများကြီးပဲ... အောင်မြင်မှု လမ်းစကို အလွယ်တကူ ရချင်ကြတာပေါ့” ချန်းလင်က မုဟန်ယွဲ့ ထွက်သွားပြီးနောက် ဝူယွမ်အား စနောက်သည့် အကြည့်ဖြင့် ပြောလိုက်သည်။

“သူမနောက်ကွယ်မှာ အထူးပြည်ထောင်စု ရှိတာကိုး.. သူမရဲ့ မျက်နှာသာပေးမှုကိုသာ ရရင် အထူးပြည်ထောင်စုက လူတစ်ယောက် ဖြစ်လာနိုင်တာပေါ့”

ဤစကားကို ကြားလိုက်ရသောအခါ ဝူယွမ်၏ နောက်ကွယ်ရှိ ပိုင်ယွမ်၊ ကျန်းယွဲ့ နှင့် မုချန်ချန် တို့မှာ ဝူယွမ်၏ ဘေးနားသို့ ချက်ချင်း တိုးကပ်လာကြတော့သည်။ ချန်းလင်မှာ မျက်စိပျက်မျက်နှာပျက် ဖြစ်သွားပြီး စကားပင် ဆက်မပြောနိုင်တော့ပေ။ ထိုအမျိုးသမီး သုံးဦး၏ အလှမှာ မုဟန်ယွဲ့ထက် မနိမ့်ကျလှပေ။ ကျန်းယွဲ့မှာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး မုချန်ချန်မှာလည်း ယဉ်ကျေးသိမ်မွေ့လှသည်။ ပိုင်ယွမ်မှာမူ မျက်နှာဖုံးစွပ်ထားသော်လည်း အပြစ်ဆိုဖွယ်မရှိအောင် လှပနေသည်မှာ သိသာလှသည်။ ဝူယွမ်သည် အလှပဂေးများ ဝန်းရံထားသူဖြစ်ရာ မုဟန်ယွဲ့အား စိတ်မဝင်စားခြင်းမှာ အဆန်းတော့မဟုတ်ပေ။

“အထူးပြည်ထောင်စုက လူတစ်ယောက် ဖြစ်လာဖို့လား... စိတ်မဝင်စားပါဘူး” ဝူယွမ်က ခေါင်းခါပြလိုက်သည်။

ဝူယွမ်၏အတွေးထဲတွင် အထူးပြည်ထောင်စုတွေကသာ သူ့လူတွေ ဖြစ်လာဖို့ ရှိသည်။ မုဟန်ယွဲ့မှာ မဆိုးလှသော်လည်း သူ၏ ချင်းကျူ၊ ချင်းတန်၊ ပိုင်ယွမ်တို့နှင့် နှိုင်းယှဉ်လျှင်မူ အဝေးကြီး လိုနေသေးပေသည်။

ချန်းလင် နှုတ်ဆက်ထွက်ခွာသွားပြီးနောက် ဝူယွမ်တို့အဖွဲ့သည်လည်း နိဗ္ဗာန်ကျောက်တိုင်ရင်ပြင်မှ ထွက်လာခဲ့ကြသည်။

ဝူယွမ်: “အရင်ဆုံး မြို့ထဲမှာ အနားယူကြတာပေါ့။ အစ်ကို စုကွေ... ခင်ဗျားက ဒီမြို့ကို ကျွမ်းကျင်တယ်ဆိုတော့ လေလံပွဲအတွက် နေရာလေး တစ်ချက်လောက် စီစဉ်ပေးပါဦး”

“ပြဿနာမရှိပါဘူး၊ ကျွန်တော့်ကိုသာ လွှဲထားလိုက်.. အစ်ကိုကြီး ဝူယွမ်ကို ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်” စုကွေက ချက်ချင်းပင် သဘောတူလိုက်သည်။ ယခုအခါ သူသည် ဝူယွမ်တို့အတွက် တစ်ခုခု လုပ်ပေးချင်စိတ်များသာ ပြင်းပြနေတော့သည်။

“အစ်ကို စုကွေ... အားနာစရာ မလိုပါဘူး၊ ရှောင်ရိုက သူမရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားကို ထိန်းချုပ်နိုင်သွားပြီဆိုရင် ခင်ဗျားတို့လည်း အထူးပြည်ထောင်စုတွေနဲ့ ယှဉ်နိုင်လာမှာပါ”

“ခက်တာက အဲ့ဒါကို ဘယ်လိုလုပ်ရမလဲ မသိတာပဲ” စုကွေက သက်ပြင်းချလိုက်မိသည်။

ဝူယွမ်: “ဒါကို စိတ်မပူပါနဲ့၊ ကျွန်တော်တို့ နည်းလမ်းရှာပေးပါ့မယ်၊ လင်းတုန်မှာလည်း ဝိညာဉ်တံဆိပ်ရှိပြီး သူက အဲ့ဒီစွမ်းအားကို စတင်ကျွမ်းကျင်နေပြီဆိုတော့ အဲ့တာနဲ့ပတ်သတ်ပြီး အတွေ့အကြုံရှိတယ်”

ရှောင်တျောင်း: “ပြီးခဲ့တဲ့ ရက်ပိုင်းက သူမရဲ့ ခန္ဓာကိုယ်ကို ကျွန်တော်စစ်ဆေးကြည့်ပြီးပြီ၊ အဲ့ဒီစွမ်းအားထဲမှာ ကျန်နေတဲ့ ဝိညာဉ်အမှတ်အသားက အချိန်ကြာလာတာနဲ့အမျှ အားနည်းသွားလိမ့်မယ်၊ ဒါက သတင်းကောင်းပဲ၊ ဒါပေမဲ့ ထိန်းချုပ်ဖို့ကတော့ ပြင်ပ အကူအညီ လိုသေးတယ်၊ ခန္ဓာကိုယ် စွမ်းအားကို မျှတအောင် လုပ်ပေးနိုင်မယ့် ဝိညာဉ်ဆေးပင် ဒါမှမဟုတ် ဆေးလုံးတစ်ခုခု ရှာနိုင်ရင် ကောင်းမယ်.. လေလံပွဲမှာ သွားကြည့်ကြတာပေါ့၊ တစ်ခုခု ရှိနိုင်ပါတယ်”

ဝူယွမ်: “ရှောင်တျောင်း... ပြီးခဲ့တဲ့ အခေါက်က ရခဲ့တဲ့ ဆေးဥယျာဉ်ထဲမှာ ဆေးပင်တွေ အများကြီးပဲ၊ အဲ့ဒီလို အာနိသင်ရှိတာတွေ ပါနိုင်တယ်မလား...”

All Chapters