← Chapters

ပိုင်ယွမ်၏ အစွမ်း။

Vol. 19 Ch. 184

ပိုင်ယွမ်၏ အစွမ်း။

Vol. 19 Ch. 184

ရွှေဥကို ပေါက်ဖွားစေသော ထိုက်ယန်ရူန်း

အရင်က တိဝူဂိုဏ်း၏ ဆေးစိုက်ခင်းမှ ရရှိခဲ့သော ဝိညာဉ်ဆေးပင်များ သောင်းနှင့်ချီ ရှိနိုင်ပြီး ယခုတိုင်အောင်ပင် စာရင်း အတိအကျ မပြုစုရသေးပေ။ ၎င်းတို့ထဲတွင် သူတို့ကိုယ်တိုင်ပင် အမည်မသိသော ဝိညာဉ်ဆေးဝါးအချို့ ကျန်ရှိနေသေးသည်။ ထိုဆေးဝါးများထဲမှ စွမ်းအင်ကို ထိန်းညှိပေးနိုင်သော ဝိညာဉ်ဆေးဝါးတစ်မျိုးကို ရှာဖွေရန်မှာ ခက်ခဲသော အလုပ်တစ်ခု မဟုတ်နိုင်ပေ။

ထိုသို့သော အစွမ်းသတ္တိရှိသည့် ဝိညာဉ်ဆေးဝါးကိုသာ တွေ့ရှိခဲ့လျှင် ဝူယွမ်အနေဖြင့် လက်ဖဝါးထဲကကောင်းကင်ပုလင်းအတွင်းရှိ အစိမ်းရောင်အရည်ကို အသုံးပြု၍ လျင်မြန်စွာ ကြီးထွားလာအောင် ပြုလုပ်နိုင်ပေသည်။ ဤကဲ့သို့သော ဝိညာဉ်ဆေးဝါးမျိုးက စုရိုအတွက်သာမက လင်းတုန်အတွက်ပါ လိုအပ်ပေသည်။ သူတို့နှစ်ဦးစလုံးမှာ ဝိညာဉ်အဆောင်တံဆိပ်များကို ပိုင်ဆိုင်ထားကြပြီး ၎င်းတို့အတွင်းရှိ ကြီးမားသော စွမ်းအင်များကို ဖြည်းညှင်းစွာ ထိန်းချုပ်ရန် လိုအပ်သောကြောင့်ပင် ဖြစ်သည်။

စုရိုအတွက် ဝိညာဉ်အဆောင်တံဆိပ်ကို ထိန်းချုပ်နိုင်ရန် ကူညီပေးမည်ဟု ကတိပေးပြီးနောက် ဝူယွမ်သည် ရှောင်တျောင်းကို ခေါ်ဆောင်၍ မဟာရှေးဟောင်းကျောက်တိုင်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အတွေ့အကြုံနှင့် ဗဟုသုတအပိုင်းတွင် ရှောင်တျောင်းမှာ သူတို့အုပ်စုထဲ၌ အနှိုင်းမဲ့ ဖြစ်သဖြင့် ဝိညာဉ်ဆေးဝါးများကို ခွဲခြားဖော်ထုတ်သည့် တာဝန်ကို သူ့ထံသို့သာ လွှဲအပ်ထားလိုက်၏။

ဝူယွမ်သည် ဟင်းလင်းပြင်တံခါးကို ဖွင့်လှစ်၍ နိဗ္ဗာန်တံဆိပ် မရရှိသေးသူများကို ကျင့်ကြံရန်အတွက် မဟာရှေးဟောင်းကျောက်တိုင်နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်ပြီး အပြင်ဘက်တွင်မူ နိဗ္ဗာန်တံဆိပ် ရရှိထားပြီးသော လင်းတုန်နှင့် အခြားသူများကိုသာ ချန်ထားခဲ့သည်။

ယခုအခါ မဟာရှေးဟောင်းကျောက်တိုင်နယ်မြေက တစ်နေ့ထက်တစ်နေ့ ပို၍စည်ပင်၀ဖြိုးလာနေပြီ ဖြစ်သည်။ ဝူယွမ် စုဆောင်းထားသော အရင်းအမြစ်အမျိုးမျိုးကြောင့် ဤနေရာရှိ အရာအားလုံးက ရှင်သန်လန်းဆန်းနေကြ၏။ သူက ရွှမ်နန်းတော် လေးခုကို ကမ္ဘာသစ်ပင်၏ အခြားတစ်ဖက်တွင် ထားထားပြီး အနာဂတ်တွင် အသက်သွင်းရန် ပြင်ဆင်နေသည်။ အကြောင်းမှာ မဟာရှေးဟောင်းဂိုဏ်းမှ လူများမှာ နန်းတော်များကို အသုံးပြုရန် အဆင်သင့် မဖြစ်သေးသောကြောင့် ပဲဖြစ်သည်။

ရှောင်တျောင်းက ဆေးစိုက်ခင်းသို့သွား၍ ဝိညာဉ်ဆေးဝါးများ ရှာဖွေနေချိန်တွင် ဝူယွမ်က သူ၏ ဝိညာဉ်ရုပ်သေး နှစ်ရုပ်ကို ခေါ်ဆောင်၍ ဆေးမြစ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ယခုကဲ့သို့ အရင်းအမြစ်များ ပေါများနေချိန်က သွေးဝိညာဉ်ရုပ်သေး၏ စွမ်းအားကို မြှင့်တင်ရန် အကောင်းဆုံးအချိန်ပဲ ဖြစ်‌လေသည်။ ရှေးဟောင်းနတ်ဆိုးနဂါးခွေး၏ စွမ်းအင်များကို ဝါးမျိုပြီးနောက် ကောင်းကင်မိကျောင်းအရိုးရုပ်သေးမှာ တတိယအဆင့် ဝိညာဉ်ရုပ်သေးအဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။

သွေးဝိညာဉ်ရုပ်သေးအတွက်မူ အရင်က ဝူယွမ်အနေဖြင့် ၎င်းကို အဆင့်မြှင့်တင်ရန် အချိန်နှင့် အရင်းအမြစ် လုံလုံလောက်လောက် မရှိခဲ့ပေ။ ယခုအခါ ဆေးမြစ်များစွာ ရှိနေပြီဖြစ်ရာ ‌ရုပ်သေးကို လျင်မြန်စွာ တိုးတက်လာအောင် ပြုလုပ်နိုင်ပြီ ဖြစ်သည်။ ဝူယွမ်က ရှေးဟောင်းရတနာသိုက်မှ ထွက်ခွာလာစဉ်က ချင်းကျီပေးအပ်ခဲ့သော အစီအရင်ဇယားအတိုင်း ထိုနေရာရှိ ဆေးမြစ်အားလုံးကို သိမ်းဆည်းခဲ့သည်။ ယခုအခါ သူက စုစုပေါင်း ဆေးမြစ် ခုနစ်စင်းကို ရရှိထားပြီး နိဗ္ဗာန်စွမ်းအင်များမှာ သုံးမကုန်နိုင်အောင် ပေါများနေပြီဖြစ်သည်။

သွေးဝိညာဉ်ရုပ်သေးအတွက် အဆင့်တက်ရန် အခက်အခဲ များများစားစား မရှိပေ။ အထူးသဖြင့် ၎င်းတွင် ‘အာဏာရှင်သွေး’ ရှိနေပြီးသား ဖြစ်သည်။ ဆေးမြစ်အတွင်းရှိ ကျင့်ကြံခြင်းစင်မြင့်ပေါ်သို့ သွေးတိမ်တိုက်ကို ပို့ဆောင်ပြီးနောက် ဝူယွမ်က ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို အသက်သွင်းလိုက်ပြီး ကြီးမားလှသော နိဗ္ဗာန်စွမ်းအင်များကို သွေးတိမ်တိုက်၏ ခန္ဓာကိုယ်အတွင်းသို့ သွန်းလောင်းပေးလိုက်တော့သည်။ နိဗ္ဗာန်စွမ်းအင်များ ဝင်ရောက်လာသည်နှင့်အမျှ သွေးတိမ်၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာတော့သည်။

ညအမှောင်ရိပ်က ကျယ်ပြောလှသော မဟာဗျူဟာမြို့တော်ကို လွှမ်းခြုံထားသော်လည်း မြို့တွင်းရှိ ဆူညံသံများနှင့် တက်ကြွမှုများမှာ အနည်းငယ်မျှ လျော့ပါးမသွားပေ။ မြို့ပြင်ဘက်ရှိ မှောင်မိုက်နေသော မြင်ကွင်းနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ပိုပြီးသက်ဝင်လှုပ်ရှားနေသကဲ့သို့ ရှိသည်။

မဟာယန်ပြည်ထောင်စုမှ ဝူယွမ်နှင့် သူ၏အဖွဲ့.. မထင်မှတ်ဘဲ ထွက်ပေါ်လာမှုကြောင့်၏ တစ်မြို့လုံး၏ ပြောစမှတ်ပြုရာ ဖြစ်လာခဲ့သည်။ သူတို့အနားယူနေသော ခြံဝင်း၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော စွမ်းအားရှင်များက တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

“ဟဲဟဲ... မင်းတို့ရဲ့ မဟာယန်ပြည်ထောင်စုက တကယ့်ကို အထင်ကြီးစရာပဲ။ ရောက်ရောက်ချင်းမှာပဲ မြေကမ္ဘာအဆင့်ရဲ့ ထိပ်သီးငါးနေရာကို သိမ်းပိုက်ပြီး လူအများရဲ့ အာရုံစိုက်မှုကို ယူလိုက်တာပဲ”

ရုတ်တရက် လှောင်ပြောင်သရော်သောအသံတစ်ခုဆက လေထုထဲတွင် ပဲ့တင်ထပ်လာလေသည်။

“ချောင်းကြည့်လို့ဝပြီဆိုရင် ထွက်လာခဲ့စမ်းပါ။ ခေါင်းဝှက်ပြီး အမြီးပြနေတာက လူတွေလုပ်တဲ့ အလုပ်မဟုတ်ဘူး” ဟု လင်းတုန်က အေးစက်စွာ ပြောလိုက်သည်။

ယခုအခါ အစ်ကိုကြီးနှင့် ရှောင်တျောင်းတို့ မဟာရှေးဟောင်းကျောက်တိုင်နယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်ရာ လင်းတုန်ကသာ တစ်ဖွဲ့လုံးကို ဦးဆောင်နေခြင်း ဖြစ်သည်။ အနီးအနားတွင် မျက်စိမှိတ်၍ ကျင့်ကြံနေသော ရှောင်ယန်သည်လည်း ထိုအချိန်တွင် မျက်လုံးဖွင့်လာပြီး လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ နက်မှောင်သော အကြေးခွံများ ဖုံးလွှမ်းနေသည့် သံတုတ်တစ်ချောင်းက သူ၏လက်ထဲ၌ ပေါ်လာခဲ့သည်။ အခြားတစ်ဖက်တွင်မူ ပိုင်ယွမ်က ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ဟာလာဟင်းလင်းဖြစ်နေသော ခြံဝင်းအတွင်းရှိ နေရာတစ်ခုကို ကြည့်ကာ သူမ၏လက်ထဲမှ ငွေဖြူရောင်နှင်တံလေးကို ကစားနေ၏။

ထိုနေရာရှိ အမှောင်ရိပ်များမှာ လှုပ်ရှားသွားပြီး မီးခိုးရောင်အရိပ်တစ်ခုက ထူးဆန်းစွာ ပေါ်ထွက်လာခဲ့သည်။ စုကွေသည် ထိုလူကို မြင်သည်နှင့် အနည်းငယ် အံ့အားသင့်သွားပြီး “လုံထန်း... ဒါ အရင်က မြေကမ္ဘာအဆင့်မှာ နံပါတ်တစ်ဖြစ်ခဲ့တဲ့ လုံထန်း” ဟု ရေရွတ်လိုက်မိသည်။

လင်းတုန်က နှုတ်ခမ်းမဲ့ကာ မထီမဲ့မြင်ဟန်ဖြင့် “နံပါတ်တစ် ဟုတ်လား။ အခုတော့ သူက နံပါတ်ခြောက် ဖြစ်သွားပြီလေ” ဟု ပြောလိုက်သည်။

‘နံပါတ်ခြောက်’ ဟူသော စကားကို ကြားလိုက်ရသောအခါ လုံထန်း၏ မျက်နှာမှာ အနည်းငယ် ရှုံ့မဲ့သွားပြီး သူ၏ လက်ချောင်းထိပ်များမှ အေးစက်သော အလင်းတန်းများ လျှပ်ခနဲ ပေါ်ထွက်လာခဲ့သည်။

“ဒီကို ဘာလာလုပ်တာလဲ။ ပြောစရာရှိရင် မြန်မြန်ပြော။ တိုက်ချင်တယ်ဆိုရင်လည်း လာခဲ့လေ” ဟု လင်းတုန်က အေးစက်စွာ ဆိုလိုက်သည်။

“ယန်မိုတို့တစ်ဖွဲ့လုံးကို မင်းတို့သတ်လိုက်တာလား” လုံထန်းက လင်းတုန်၏ မျက်နှာကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။

“ဟုတ်တယ်” လင်းတုန်က ချက်ချင်းပဲ ခေါင်းငြိမ့်ပြလိုက်တော့သည်။

လုံထန်းက “သူတို့က လေတိမ်ပြည်ထောင်စုက လူတွေပဲ။ သူတို့ကို သတ်လိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်းတို့ စဉ်းစားပြီးပြီလား” ဟု မေးလိုက်သည်။

လင်းတုန်က “အကျိုးဆက်လား။ အကျိုးဆက်ကတော့ အဆင့်မြင့် သိုလှောင်အိတ် အချို့ရလိုက်တာပဲလေ” ဟု ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်သည်။

လုံထန်း၏ မျက်လုံးများမှာ ပိုမိုအေးစက်လာပြီး သူ၏ ဖြူလျော့လျော့ လက်ဖဝါးပေါ်တွင် စူးရှသော အေးစက်မှုများ ဖြစ်ပေါ်လာသည်။ သူသည် လင်းတုန်နှင့် အခြားသူများကို ဓားသွားကဲ့သို့ စူးရှသော အကြည့်များဖြင့် ကြည့်ကာ “ဒီမိန်းကလေးက ငါတို့ လေနှင်တိမ်တိုက်ပြည်ထောင်စုက လိုချင်နေတဲ့သူဆိုတာ မင်းတို့ သိသင့်တယ်” ဟု ဆိုသည်။

“မိန်းကလေး စုရိုက ငါတို့ အစ်ကိုကြီး လိုချင်တဲ့သူပဲ။ မင်းတို့ရဲ့ လေနှင်တိမ်တိုက်ပြည်ထောင်စုက ဘာမှမဟုတ်ဘူး။ ငါတို့ အစ်ကိုကြီးနဲ့ လူယှဥ်လုဖို့ မင်းတို့မှာ အရည်အချင်းမရှိဘူး” ရှောင်ယန်က ရုတ်တရက် ရှေ့တိုးလာကာ ပြောလိုက်သဖြင့် သူ့နောက်ရှိ စုရို၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။

လုံထန်း၏ အမူအရာမှာ ပိုမိုခက်ထန်လာသော်လည်း ဝူယွမ် ထိုနေရာတွင် မရှိသည်ကို သတိထားမိသွားပြီး “ဝူယွမ် ဘယ်မှာလဲ။ ဝူယွမ်ကို ထွက်လာခိုင်းပြီး ငါနဲ့ စကားပြောခိုင်းလိုက်” ဟု အမိန့်ပေးဟန်ဖြင့် ပြောလိုက်သည်။

“မင်းက... အဆင့်မမီသေးဘူး” ပိုင်ယွမ် ကြည်လင်သော အသံလေးက ဆည်လှည်းသံလေးပမာ ထွက်ပေါ်လာခဲ့၏။ သူမက ရှောင်ယန်ကို ဘေးသို့ ကန်ထုတ်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များဖြစ်ပေါ်လာကာ လုံထန်းကို ကြည့်လိုက်သည်။

လုံထန်းက “ဘယ်လောက်တောင် မောက်မာလိုက်သလဲ။ မြေကမ္ဘာအဆင့်ရဲ့ ထိပ်သီးငါးနေရာကို ရထားရုံနဲ့ မင်းကိုယ်မင်း အထင်ကြီးနေတာလား။ ငါ မေ့လို့… ပြောရဦးမယ်။ မြေကမ္ဘာအဆင့်ရဲ့ နံပါတ်တစ်ဆိုတာ လွန်ခဲ့တဲ့ နှစ်လက ငါ့ရဲ့ စံချိန်ပဲ။ အခု ငါက နိဗ္ဗာန်အဆင့်လေးကို တက်လှမ်းနိုင်ခဲ့ပြီ မလို့ ကောင်းကင်အဆင့် သတ်မှတ်ချက်ထဲကို အချိန်မရွေး ဝင်နိုင်နေပြီ။ မြေကမ္ဘာအဆင့်နဲ့ ကောင်းကင်အဆင့်ကြားက ကွာဟချက်ကို မင်းတို့ သိပုံမရဘူး။ အဲဒါက အရေအတွက်နဲ့ ကာမိနိုင်တဲ့ အရာမဟုတ်ဘူး။ ပြီးတော့ ငါတို့ လေတိမ်ပြည်ထောင်စုရဲ့ ခေါင်းဆောင်နှစ်ယောက်က အစောကြီးကတည်းက ကောင်းကင်အဆင့် နိဗ္ဗာန်အဆင့်သတ်မှတ်ချက်ထဲမှာ ရောက်နေပြီးသား”

လင်းတုန်က “အဲဒါတွေ အကုန်ပြောပြီးတော့ မင်းက ဘာကို ဆိုလိုချင်တာလဲ”

“ငါ ဒီကိုလာတာက ငါတို့ လေတိမ်ပြည်ထောင်စုကိုယ်စား သတင်းစကားတစ်ခု ပါးဖို့ပဲ။ မင်းတို့ မဟာယန်ပြည်ထောင်စုက အတော်လေး စွမ်းဆောင်နိုင်ကြပါတယ်။ မင်းတို့သာ ငါတို့ လေနှင်တိမ်တိုက်ပြည်ထောင်စုနဲ့ ပူးပေါင်းမယ်ဆိုရင် မင်းတို့အားလုံးကို ထိပ်သီးဂိုဏ်းကြီးတွေထဲ ဝင်နိုင်အောင် ငါတို့ အာမခံပေးမယ်။ ဒါပေမဲ့ ကြိုတင်သတ်မှတ်ချက်ကတော့ ဒီမိန်းကလေးကို ငါတို့ဆီ အရင်အပ်ရမယ်”

လုံထန်း အထက်စီးဆန်သော အမူအရာဖြင့် ဆက်ပြောသည် - “မင်းတို့အနေနဲ့ ညာဏ်ရှိတဲ့ ရွေးချယ်မှုမျိုး လုပ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ အရေးမပါတဲ့ လူတစ်ယောက်အတွက်နဲ့ မင်းတို့ရဲ့ အနာဂတ်ကို အပျက်ဆီးမခံပါနဲ့”

သူက ထိုသို့ပြောဆိုခြင်းမှာ သူတို့ကဲ့သို့ အထူးပြည်ထောင်စုကြီးမှ မဟာယန်ပြည်ထောင်စုကို ပေးသနားသော အခွင့်အရေးတစ်ခုဟု ထင်မှတ်နေပုံရသည်။

“ဖြတ်...”

ပိုင်ယွမ်က ယုတ္တိမရှိသောစကားများကို နားထောင်ရသည်မှာ လုံလောက်သွားပြီ ဖြစ်သဖြင့် ဆက်လက်သည်းမခံနိုင်တော့ပေ။ သူမ၏လက်ထဲတွင် ‘ကျားဖြူကြာပွတ်’ သည် လေထုကို ခွင်း၍ ထွက်ပေါ်လာကာ တိုက်ခိုက်လိုက်တော့သည်။

“မင်းတို့ကိုယ်မင်းတို့ အထင်ကြီးလွန်းနေပြီ”

လုံထန်ပ ပိုင်ယွမ်၏တိုက်ကွက်ကို လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး သူ၏မျက်နှာမှာ ပျက်ယွင်းသွားကာ “မိန်းကလေး... မင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ နက်ရှိုင်းမှုကို မသိသေးဘူးပဲ။ ငါ မင်းကို သင်ခန်းစာတစ်ခု ပေးရတော့မှာပေါ့”

“ဝိညာဉ်ဓားလက်ချောင်း”

လုံထန်း၏ လက်ချောင်းထိပ်များမှ စူးရှသော အရှိန်အဝါများ ထွက်ပေါ်လာပြီး ပေပေါင်းများစွာ ရှည်လျားသော စိမ်းပြာရောင် ဓားကြီးတစ်စင်းအဖြစ် ပေါင်းစည်းသွားပြီး ထိုဓားကြီးပေါ်တွင် အေးစက်စက် အလင်းတန်းများ လျှပ်ခနဲ ပေါ်ထွက်လာပြီးနောက် ပိုင်ယွမ်ထံသို့ ပြင်းထန်သော အဟုန်ဖြင့် ခုတ်ပိုင်းချလိုက်လေတော့သည်။

ပိုင်ယွမ်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ၎င်းကို မြင်သောအခါ လင်းတုန်နှင့် ရှောင်ယန်တို့သည်လည်း ပိုင်ယွမ် အေးဆေးတိုက်ခိုက်နိုင်ရန်အတွက် အခြားသူများကို ခေါ်ဆောင်၍ နောက်သို့ ဆုတ်ပေးလိုက်ကြသည်။

ပိုင်ယွမ်က ကျားဖြူခန်းမမှ ထွက်လာပြီးကတည်းက ယခင်ကထက် များစွာ ပိုရက်စက်ပြင်းထန်လာခဲ့သည်။ လုံးထန်းတစ်ယောက်တည်းနှင့် သူမအတွက် ပြိုင်ဘက်မဖြစ်နိုင်ပေ။ ပိုင်ယွမ်က သူ့ကို အလွယ်တကူပင် ချေမှုန်းနိုင်စွမ်း ရှိပေသည်။

“ ကျားဖြူကြယ်ကြွေကြာပွတ်”

ပိုင်ယွမ်က ကြည်လင်ချိုမြိန်သော အသံဖြင့် အော်လိုက်ကာ သူမ၏ လက်ထဲမှ ကျောက်စိမ်းဖြူရောင် ကြာပွတ်က တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ဝှေ့ယမ်း တိုက်ခိုက်လိုက်၏။ နှင်တံ၏ အရိပ်များမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး စူးရှသော အရှိန်အဝါများဖြင့် ဓားလက်ချောင်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

“ဘုန်း...”

စိမ်းပြာရောင် ဓားကြီးက အစအနများအဖြစ် တိုက်ရိုက် ပျက်စီးသွားတော့သည်။ လုံထန်ူ၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး သူ၏ ခန္ဓာကိုယ်ကို လေထဲတွင် အဆက်မပြတ် ရွှေ့ပြောင်း၍ ရှောင်တိမ်းနေရသည်။ ထို့နောက် သူ၏ လက်ကွက်ကို ထပ်မံပြောင်းလဲကာ ပိုင်ယွမ်ကို လှမ်း၍ ညွှန်လိုက်သည်။

“ဓားသခင်လက်ချောင်း - တောင်ဖြိုခွဲခြင်း”

စူးရှသော အရှိန်အဝါများမှာ လျင်မြန်စွာ စုစည်းလာခဲ့ပြီး ခေတ္တမျှအတွင်းမှာပင် စောနကထက် ပိုမိုကြီးမားပြီး နက်မှောင်သည့် ရွှေရောင်ဓားကြီးတစ်စင်း ပေါ်ထွက်လာသည်။ ထိုဓားကြီး၏ အထက်တွင် ဝေဝါးသော ပုံရိပ်တစ်ခုပါရှိနေပြီး ၎င်းမှာ ဓားများ၏ အရှင်သခင်အလား ထင်မှတ်ရသည်။ ထိုအရှိန်အဝါမှာ နိဗ္ဗာန်အဆင့်သုံး ကျင့်ကြံသူတစ်ဦး ယှဉ်နိုင်သော အရာမဟုတ်တော့ပေ။ ဤဝိညာဉ်သိုင်းပညာရပ်မှာ အလွန်စွမ်းအားကြီးမားလှသည်ကို ကြည့်ခြင်းဖြင်ပ လုံထန်းက မြေကမ္ဘာအဆင့်တွင် နံပါတ်တစ် ဖြစ်ထိုက်ပေသည်။

ဓားကြီးက ဟိန်းဟောက်သံနှင့်အတူ ပိုင်ယွမ်ထံ ကြဆင်းလာခဲ့သည်။ တိတ်တဆိတ် စောင့်ကြည့်နေကြသူများမှာ လုံထန်း၏ ဝိညာဉ်သိုင်းပညာရပ်ကို မြင်ပြီး အံ့အားသင့်နေကြသည်။

သို့သော်လည်း ထိုသို့သော တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ပိုင်ယွမ်မှာ အနည်းငယ်မျှသာ ပြုံးလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ နွဲ့နှောင်းလှပနေပြီး သူမ၏ နောက်ကျောတွင် ဖြူစင်သော အလင်းတောင်ပံတစ်စုံ ပေါ်ထွက်လာကာ သူမကို လေထဲသို့ မြှင့်တင်ပေးလိုက်သည်။

“ကျားဖြူတံဆိပ် - နတ်ဘုရားသတ်ကြာပွတ်”

တောက်ပသော အလင်းဖြူများ ပေါက်ကွဲထွက်လာပြီး ပိုင်ယွမ်၏ လက်ထဲမှ ကြာပွတ်မှာ လျင်မြန်စွာ ရှည်ထွက်သွားကာ ကြီးမားသော ခရုပတ်ပုံစံ ဖြစ်ပေါ်လာခဲ့သည်။ ထိုခရုပတ်အတွင်း၌ ဖြူစင်သောကျားသစ်တစ်ကောင် ပြေးလွှားနေသည်ကို ဝေဝါးစွာ မြင်တွေ့နေရ၏။

“ဘုန်း”

ကြာပွတ်က အလျှင်အမြန် လေထဲသို့ တိုးဝင်သွားပြီး ကြီးမားသော ဓားအလင်းတန်းကြီးကို အစအနများအဖြစ် ရိုက်ခွဲပစ်လိုက်သည်။ ဓားအလင်းတန်း အပိုင်းအစများက ခြံဝင်းအထက်တွင် လွင့်စင်သွားပြီး ကျားဖြူ အရိပ်ကြီးသည် ဟိန်းဟောက်သံနှင့်အတူ ပြိုင်ဘက်၏ ဓားသခင်ဝိညာဉ်ကို အလင်းစက်များအဖြစ် ချေမှုန်းပစ်လိုက်တော့သည်။

“ဖူး...” လုံထန်းသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ဒဏ်ရာ အပြင်းအထန် ရသွားခဲ့သည်။

“မင်းတို့ သိပ်မပျော်နဲ့ဦး။ ငါတို့ ခေါင်းဆောင်နှစ်ယောက် လှုပ်ရှားတဲ့အခါ မင်းတို့ နောင်တရရစေမယ်” ဟု သူက ကြုံးဝါးပြီးနောက် ထွက်ပြေးရန် ပြင်လိုက်သည်။

“ချည်နှောင်စမ်း”

သို့သော်ပိုင်ယွမ်က ကြာပွတ်ကို ဝှေ့ယမ်းလိုက်ရာ ၎င်းက လိုက်လျောညီထွေရှိသော မြွေဖြူတစ်ကောင်ပမာ ပြေးထွက်သွားပြီး လုံထန်း၏ ခြေထောက်ကို ရစ်ပတ်ကာ အောက်သို့ ဆွဲချလိုက်တော့သည်။

“ထွက်သွားဖို့က အဲလောက် မလွယ်ဘူး။ ဒီမှာနေပြီး အစ်ကိုကြီးရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေလိုက်”

“ဘုန်း”

လုံထန်းက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသဖြင့် အတော်လေး သနားစရာကောင်းသွားသည်။

“မင်းတို့က ငါ့ကို ဖမ်းရဲတယ်ပေါ့လေ”

“ဖြတ်...”

ပြန်ရရှိသော အဖြေမှာ ပြင်းထန်သော ကြာပွတ်ရိုက်ချက်တစ်ခုသာ ဖြစ်သည်။

“အစ်ကိုကြီး ပြောဖူးသလို... မင်းလိုလူတွေက လူအတွေပဲ။ ငါတို့က မင်းကို ဘာလို့ မဖမ်းရဲရမှာလဲ။ မင်းက အထူးပြည်ထောင်စုက ဖြစ်နေလို့လား။ တုံးအလိုက်တာ၊ ဒါက ပြည်ထောင်တစ်ရာတိုက်ပွဲရဲ့ စစ်မြေပြင်ပဲလေ”

လင်းတုန်က လုံထန်းကို နင်းခြေလိုက်ပြီး သူ့ကို သတိမေ့သွားအောင် ပြုလုပ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ပေါ်မှ သိုလှောင်အိတ်ကို ယူဆောင်လိုက်လေသည်။

“စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ ဒီတစ်ခါတော့ လေတိမ်ပြည်ထောင်စုက တကယ့်ကို ပြဿနာအိုးနဲ့တွေ့ပြီပဲ ဟားဟား”

“အဲဒီလုံထန်း… သူက နိဗ္ဗာန်အဆင့်လေးကို ရောက်သွားလို့ သူ့ကို တော်တော်စွမ်းလှပြီ ထင်နေတာ။ တစ်ဖက်လူက သူ့ကို အပြတ်အသတ် နှိမ်နင်းနိုင်လိမ့်မယ်လို့ မထင်ထားဘူး”

“လုံထန်း အဖမ်းခံလိုက်ရပြီ။ လေတိမ်ပြည်ထောင်စုက ခေါင်းဆောင်နှစ်ယောက် သိရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ တကယ် သိချင်မိတယ်”

“နံပါတ်လေးဖြစ်တဲ့ ပိုင်ယွမ်တောင် ဒီလောက် စွမ်းနေတာ။ ဟူး... အဲဒါဆို သူမထက် အဆင့်မြင့်တဲ့ သုံးယောက်က ဘယ်လောက်တောင် စွမ်းမလဲ”

“မဟာယန်ပြည်ထောင်စုကတော့ တစ်ကယ်ကြောက်စရာကြီးဘဲ… ဒီအဖွဲ့ထဲက လူတိုင်းမှာ ကောင်းကင်အဆင့် သတ်မှတ်ချက်ထဲ ဝင်နိုင်တဲ့ အစွမ်း တွေရှိကြတယ်”

“သူတို့ကို မပြစ်မှားမိဖို့ လိုတယ်။ သူတို့နဲ့ မိတ်ဖွဲ့နိုင်ရင်တော့ အကောင်းဆုံးပဲ”

“ဒီတစ်ခါ ကောင်းကင်အဆင့် ဝိညာဉ်ရတနာ လေလံပွဲမှာ ငါတို့ အထူးပြည်ထောင်စု လေးခုအပြင် ဒီမဟာယန်ပြည်ထောင်စုကလည်း အားကောင်းတဲ့ ပြိုင်ဘက် ဖြစ်လာမှာပဲ”

တိတ်တဆိတ် စောင့်ကြည့်နေသူများက မဟာယန်ပြည်ထောင်စု၏ စွမ်းအားကို အံ့အားသင့်နေကြသလို လေတိမ်ပြည်ထောင်စု၏ ကံဆိုးမှုကိုလည်း ဝမ်းသာအားရ ဖြစ်နေကြသည်။

မဟာဗျူဟာမြို့တော်၏ တောင်ဘက်ရှိ မြင့်မားလှသော စင်မြင့်တစ်ခုပေါ်တွင် လူနှစ်ဦးက စစ်တုရင်ကစားနေသကဲ့သို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ တစ်ဦးမှာ ဖြူဖတ်ဖြူလျော် မျက်နှာရှိပြီး ကျန်တစ်ဦးမှာ မျက်နှာတွင် ထင်ရှားသော အမာရွတ်တစ်ခု ရှိသည်။ ဤသူနှစ်ဦးမှာ လေတိမ်ပြည်ထောင်စု၏ ခေါင်းဆောင်နှစ်ဦးဖြစ်သော ‘ဖုန်းချန်း’ နှင့် ‘မုန့်လျဲ့’ တို့ပင် ဖြစ်သည်။

ရုတ်တရက် တစ်စုံတစ်ဦးက ရောက်ရှိလာပြီး ဖြစ်ပျက်သမျှကို သတင်းပို့လာခဲ့သည်။

“ဘာ... လုံထန်း အဖမ်းခံလိုက်ရတယ် ဟုတ်လား” ဖုန်းချန်းက ဒေါသတကြီးဖြင့် စစ်တုရင်ခုံကို ရိုက်ချကာ ပြောလိုက်သည်။

“တောက်... အစ်ကိုကြီး၊ အခုပဲ သွားပြီး သူတို့ကို အပြတ်ရှင်း…, ‌လုံထန်းကို ကယ်ထုတ်ရအောင်” မုန့်လျဲ့ကလည်း ထရပ်ကာ ပြောလိုက်သည်။

ဖုန်းချန်းက မျက်မှောင်ကြုတ်လိုက်ပြီး “တိုက်ပွဲအခြေအနေကို အသေးစိတ် ပြန်ပြောပြစမ်း”

သူ၏ လက်အောက်ငယ်သား ပြောပြသည်ကို နားထောင်ပြီးနောက် ဖုန်းချန်း၏ မျက်မှောင်မှာ ပို၍ပင် မဲမှောင်သွားကာ “မင်း ပြောချင်တာက... ပိုင်ယွမ် ဆိုတဲ့ မိန်းကလေး တစ်ယောက်တည်းက လုံထန်းကို ဖမ်းလိုက်တာလား။ ဝူယွမ်နဲ့ ကျန်တဲ့ လေးယောက်က ဘာမှ မလုပ်ဘူး ဟုတ်လား”

“ဟုတ်ပါတယ် ခေါင်းဆောင်”

မုန့်လျဲ့က “အစ်ကိုကြီး... သူတို့အားလုံးရဲ့ စွမ်းအားက နိဗ္ဗာန်အဆင့်လေးကို ရောက်နေပြီလား။ အဲဒါဆိုရင်တော့ နည်းနည်း ခက်ခဲလိမ့်မယ်”

ဖုန်းချန်းက “အဲဒါကို ခဏထားလိုက်ဦး။ နောက်နှစ်ရက်နေရင် လေလံပွဲရှိတယ်။ အဲဒီမှာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို အရင်ရအောင်ယူပြီးမှ လုံထန်းကို သွားကယ်ကြမယ်”

မုန့်လျဲ့က “ဟုတ်ကဲ့။ အဲဒီ ဝိညာဉ်ရတနာကိုတော့ ငါတို့ ရအောင် ယူရမယ်။ အဲဒါကို ရပြီဆိုရင် သူတို့ ငါးယောက်လုံး နိဗ္ဗာန်အဆင့်လေး ဖြစ်နေရင်တောင် ငါတို့ သူတို့ကို အေးဆေး ရှင်းပစ်နိုင်တယ်။ ကံကောင်းလို့ ရှေးဟောင်းဂိုဏ်းရဲ့ အမွေကို ရထားတဲ့ အဆင့်နိမ့် ပြည်ထောင်စုလေးပါပဲ။ နောက်နှစ်ရက်နေရင် သူတို့ကို မူလဘဝ ပြန်ရောက်သွားစေရမယ်”

မဟာရှေးဟောင်းကျောက်တိုင်နယ်မြေအတွင်း ဝူယွမ်၏ မျက်နှာပေါ်တွင် အပြုံးများမှာ ပိုမိုတောက်ပလာသည်။ ဆေးမြစ်အတွင်းရှိ သွေးတိမ်မှာ အလျင်အမြန် တိုးတက်လာနေပြီး ယခုအခါ နိဗ္ဗာန်အဆင့်ငါးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ဒီမှာပဲ ဆက်ပြီး ကျင့်ကြံနေလိုက်။ ဒီဆေးမြစ်ထဲက နိဗ္ဗာန်စွမ်းအင်အားလုံးကို ဝါးမျိုပြီးရင် မင်း နိဗ္ဗာန်အဆင့်ခုနှစ်အထိ ရောက်နိုင်လိမ့်မယ်” ဟု ဝူယွမ်က သွေးတိမ်ကို ပြောလိုက်သည်။ သူက သွေးတိမ်တိုက်ကို နိဗ္ဗာန်စွမ်းအင်များ အဆက်မပြတ် စုပ်ယူနိုင်ရန်အတွက် ကျင့်ကြံခြင်းစင်မြင့်ပေါ်တွင် အစီအရင်တစ်ခုကို တည်ဆောက်ပေးထားခဲ့သည်။

ဆေးမြစ်ထဲမှ ထွက်လာပြီးနောက် ဝူယွမ်က ကမ္ဘာသစ်ပင်အောက်သို့ ရောက်ရှိလာသည်။ ယခုအခါ ကမ္ဘာသစ်ပင်မှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေပြီး ၎င်းကို ဗဟိုပြု၍ ဝိညာဉ်စွမ်းအင်များ ပေါများလှသော နယ်မြေတစ်ခု ဖြစ်ပေါ်နေသည်။ သစ်ပင်အောက်ရှိ ဆေးစိုက်ခင်းမှာလည်း ရှင်သန်ခြင်း အရှိန်အဝါများ ပြည့်နှက်နေပြီး ရှောင်တျောင်းက ထိုနေရာတွင် ရှာဖွေနေဆဲ ဖြစ်သည်။

ဝူယွမ်က “ဘယ်လိုလဲ... တစ်ခုခု တွေ့ပြီလား” ဟု မေးလိုက်ရာ ရှောင်တျောင်းက ခေါင်းငြိမ့်ပြပြီး “အင်း... နည်းနည်းတော့ တွေ့ထားတယ်” ဟု ဆိုကာ သူ၏ လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ ဆေးစိုက်ခင်းအတွင်းရှိ နေရာအချို့တွင် ခရမ်းရောင် အမှတ်အသားများ ပေါ်ထွက်လာခဲ့သည်။

“ကျွန်တော် အမှတ်အသား လုပ်ထားတဲ့ ဝိညာဉ်ဆေးပင်တွေက စွမ်းအင်ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းရှိတယ်။ အစ်ကိုကြီး အဲဒါတွေကို အဓိကထားပြီး စိုက်ပျိုးနိုင်တယ်”

“နားလည်ပြီ” ဝူယွမ်က ခေါင်းငြိမ့်ပြကာ ကမ္ဘာသစ်ပင်၏ ထိပ်ဖျားသို့ ပျံတက်သွားခဲ့သည်။

ထို့နောက် သူက ကျောက်တိုင်ဝိညာဉ်နှင့် ဆက်သွယ်လိုက်ကာ - “တျောက်ယွမ်... အဲဒီ ဝိညာဉ်ဆေးဝါးတွေကို အဓိကထားပြီး စိုက်ပျိုးပေးလိုက်ပါ”

သူသည် ကျောက်တိုင်ဝိညာဉ်ကို မဟာရှေးဟောင်းဂိုဏ်း၏ ‘ဟွမ်’ မျိုးရိုးကို အသုံးပြု၍ ‘ဟွမ်ယွမ်’ (တျောက်ယွမ်) ဟု အမည်ပေးထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၎င်းမှာ ကမ္ဘာသစ်ပင်ဝိညာဉ် ဖြစ်နေပြီ ဖြစ်ရာ ဝူယွမ်က လက်ဖဝါးထဲကကောင်းကင်ပုလင်းကို သူ့ထံသို့ အပ်နှံထားပြီး ဆေးစိုက်ခင်းရှိ ဆေးပငါများကို စိုက်ပျိုးရန် တာဝန်ပေးထားခြင်း ဖြစ်သည်။

“ဟုတ်ကဲ့ပါ သခင်” ဟု ကျောက်တိုင်ဝိညာဉ်က ချက်ချင်း ပြန်ဖြေလိုက်သည်။

ထို့နောက်တွင် ဝူယွမ်က ရွှေဥရှိရာသို့ ရောက်ရှိလာပြီး ၎င်းကို ထပ်မံလေ့လာကြည့်လိုက်သည်။ ယခုအခါ ရွှေဥမှာ ယခင်ကနှင့် မတူတော့ဘဲ ၎င်းပေါ်ရှိ ရှုပ်ထွေးလှသော ပုံရိပ်များမှာ ပိုမိုထင်ရှားလာပြီး အလင်းတန်းများမှာလည်း အလွန် ပူပြင်းလာခဲ့သည်။

တျောက်ယွမ်က “သခင်... ကျွန်တော် အဲ့ဥကို နေ့တိုင်း အသက်စွမ်းအင်တွေ သွင်းပေးနေပါတယ်။ အခုဆိုရင် ဥထဲက ရှင်သန်ခြင်း တုန်ခါမှုလှိုင်းတွေကို ရှင်းရှင်းလင်းလင်း ခံစားနေရပြီ။ မကြာခင်မှာပဲ ဥက ပေါက်တော့မယ် ထင်တယ်” ဟု ပြောလိုက်သည်။

“ဒီဥက တကယ်ကို ထူးဆန်းတာပဲ။ ကျွန်တော် နတ်ဆိုးမျိုးနွယ်တွေထဲမှာ ဒီလို ရွှေဥမျိုး တစ်ခါမှ မမြင်ဖူးသလို မကြားလည်း မကြားဖူးဘူး။ ဘယ်လို ထူးခြားတဲ့ သားရဲမျိုး ပေါက်လာမလဲဆိုတာ တကယ်ကို စိတ်ဝင်စားစရာပဲ” ဟုဆိုကာ ရှောင်တျောင်းကလည်း အနားသို့ ရောက်လာခဲ့သည်။

ဝူယွမ်က “ငါ ဥဆီကနေ ပူပြင်းတဲ့ အရှိန်အဝါတွေကို ခံစားနေရတယ်။ ဒါက ပြင်းထန်တဲ့ မီးဓာတ်ရှိတဲ့ နတ်ဆိုးသားရဲပဲ ဖြစ်ရမယ်။ ငါ ကူညီပေးနိုင်မယ် ထင်တယ်” ဟု ပြောလိုက်ရင်း ဝူယွမ်က စိတ်ကူးတစ်ခု ရသွားသည်။

ဤရွှေဥကို စတင်တွေ့ရှိစဉ်က ၎င်းမှာ အလွန်စွမ်းအားကြီးသော မီးလျှံစွမ်းအင်များ ပါရှိသည့် ယန်အဆီအနှစ်ရည်များဖြင့် ပြုစုပျိုးထောင်ခံထားရခြင်းဖြစ်သည်။ သူက ချက်ချင်းပင် ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး ရွှေဥပေါ်တွင် မူလထိုက်ယန်ရူန်းတစ်ခုကို ရေးဆွဲလိုက်လေတော့သည်။

All Chapters