အဆုံးအဖြတ်တိုက်ပွဲ စတင်ခြင်း၊ လင်းချင်းကျူနှင့် မေ့မရနိုင်သော အမှတ်တရ
Vol. 19 Ch. 187
ဝူယွမ်က ဖုန်းချန်းကို အင်အားသုံး၍ ဖိနှိပ်လိုက်ပြီးနောက် သူ၏လက်ထဲမှ ‘နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်’ ကို တိုက်ရိုက် လုယူလိုက်သည်။
လက်ဖဝါးခန့်သာရှိသော ထိုသံတံဆိပ်ငယ်လေးထံမှ အားကောင်သော နဂါးဝိညာဉ်လှိုင်းများ ထွက်ပေါ်နေဆဲဖြစ်သော်လည်း ဝူယွမ်၏ အစွမ်းထက်သော ‘နဂါးစိမ်း’ ဖိအားအောက်တွင် ချက်ချင်းပင် ငြိမ်ကျသွားပြီး တံဆိပ်အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားတော့သည်။
ဖုန်းချန်းသည် ‘နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်’ ကို ပြန်လည်ရယူရန် သူ၏စွမ်းအားများကို အဆက်မပြတ် ထုတ်ဖော်နေခဲ့သည်။
“ဟမ့်... ဒီဝိညာဉ်ရတနာပေါ်မှာ ငါ့ရဲ့ သွေးတံဆိပ်ခတ်နှိပ်ထားတာကွ၊ မင်း အလွယ်တကူ ယူသွားနိုင်မယ် ထင်နေတာလား” ဖုန်းချန်းက ဒေါသတကြီး ဟိန်းဟောက်ရင်း လက်ဟန်ပြောင်းလဲလိုက်ကာ ဝူယွမ်၏ လက်ထဲမှ ရုန်းထွက်နိုင်ရန် တံဆိပ်ကို စတင်လှုပ်ရှားစေလိုက်သည်။
“သွေးတံဆိပ် ဟုတ်လား၊ ဒါဆိုလည်း ဖျက်ပစ်လိုက်ရုံပေါ့”
ဝူယွမ်က မထေမဲ့မြင် ပြုံးလိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာ ‘မူလပျက်စီးခြင်းရူန်း’ တစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။ ထို့နောက် တံဆိပ်အတွင်းသို့ ရိုက်သွင်းကာ ဖုန်းချန်း ခတ်နှိပ်ထားသော သွေးတံဆိပ်နှင့် ဝိညာဉ်စွမ်းအင် အမှတ်အသားများကို တိုက်ရိုက် ချေဖျက်ပစ်လိုက်လေသည်။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဖုန်းချန်း၏ မျက်လုံးမများ ကျဉ်းမြောင်းသွားပြီး ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားရသည်။ ဤကောင်းကင်အဆင့် ဝိညာဉ်ရတနာပေါ်မှ သူ၏ သွေးတံဆိပ်မှာ သူ့ထက် အဆင့်မြင့်သော ပညာရှင်များပင် ဖျက်ဆီးရန် ခဲယဉ်းတာကို ဝူယွမ်က မည်သို့မျှ ဤမျှ အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့သနည်း။
“ငအ... မင်းနဲ့ ငါ ဘာလို့ လေလံပွဲမှာ မပြိုင်ခဲ့ဘူးလဲဆိုတာ သိလား၊ တကယ်ပဲ နိဗ္ဗာန်ဆေးလုံး မလောက်လို့ထင်နေတာလား၊ မင်းရဲ့ ‘အိမ်ရောက်ပို့ဆောင်ရေး’ ဝန်ဆောင်မှုက ကောင်းပေမဲ့ အခြေအနေကို နားလည်နိုင်စွမ်းကတော့ သိပ်ညံ့တာပဲ” ဝူယွမ်က ခေါင်းခါရင်း ဆိုလိုက်သည်။
ဖုန်းချန်းသည် ထိုဝိညာဉ်ရတနာကို ရရှိလိုက်သောအခါ မိမိကိုယ်ကိုယ် ယုံကြည်မှုများ အတိုင်းအဆမရှိ လွန်ကဲသွားခဲ့ခြင်းပဲဖြစ်သည်။
“ကဲ... အခုတော့ ငါ့ရဲ့ ပါဆယ်ထုတ်ကို သိမ်းရမယ့်အချိန်ပဲ”
ဝူယွမ်သည် သူ၏ ဝိညာဉ်အမှတ်အသားကို တံဆိပ်အတွင်းသို့ ချက်ချင်း ထည့်သွင်းကာ ထိုနေရာ၌ပင် တစ်ခါတည်း သန့်စင်သိမ်းယူလိုက်သည်။
“ငါ့ရဲ့ နဂါးနက်ဟိန်းသံကို မြည်းစမ်းကြည့်စမ်း”
သူ တံဆိပ်ကို လက်ထဲတွင် ကိုင်မြှောက်လိုက်ရာ နဂါးနက်ဝိညာဉ်က တဖန်ပြန်လည် ထွက်ပေါ်လာခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်း၏ သခင်သည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“ဝူး...”
နဂါးနက်၏ ဟိန်းဟောက်သံနှင့်အတူ အားကောင်သော အသံလှိုင်းများသည် ဖုန်းချန်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
“မဖြစ်နိုင်ဘူး”
ဖုန်းချန်းက အလွန်အမင်း ထိတ်လန့်သွားပြီး သူ၏ အစွမ်းထက်ဆုံး သိုင်းပညာရပ်များကို အသုံးပြု၍ ခုခံရန် ကြိုးစားလိုက်လေသည်။
“သေပေတော့”
ဝူယွမ်၏ အေးစက်စက် အမိန့်သံနှင့်အတူ အသံလှိုင်းများသည် ဖုန်းချန်း၏ ဝိညာဉ်ကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲကာ ထိုနေရာ၌ပင် အသက်ပျောက်သွားစေသည်။
ဖုန်းချန်းသည် ဝူယွမ်အပေါ် သတ်ဖြတ်လိုစိတ် ပြင်းပြခဲ့သူဖြစ်ရာ ဝူယွမ်ကလည်း သူ့အပေါ် မည်သည့် ကရုဏာမျှ ထားရှိစရာ အကြောင်းမရှိပေ။
ဖုန်းချန်း သေဆုံးသွားသည်ကို မြင်သောအခါ မုန့်လျဲ့က အခြေအနေ မဟန်တော့သည်ကို သိလိုက်ပြီး လူအုပ်ထဲတွင် ရောနှောကာ တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားလိုက်သည်။
“ဟဲဟဲ... မင်းကို ငါ စောင့်ကြည့်နေတာ ကြာပြီ၊ ဘယ်ကို ပြေးမလို့လဲ” လင်းတုန်နှင့် ရှောင်ယန်တို့သည် မုန့်လျဲ့၏ လမ်းကို ပိတ်ဆို့ထားကာ လှောင်ပြောင်သော အသံဖြင့် ပြောလိုက်ကြသည်။
“မင်းတို့ ဘာလုပ်ချင်တာလဲ၊ ငါတို့ လေတိမ်ပြည်ထောင်စု တစ်ခုလုံးကို အမြစ်ဖြတ်ပစ်ချင်တာလား၊ သေချာ စဉ်းစားစမ်းပါ၊ ငါတို့ကို ရန်လုပ်ရင် မင်းတို့လို အဆင့်နိမ့် ပြည်ထောင်စုတွေ မခံနိုင်တဲ့ အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်”
မုန့်လဲ့သည် တံတွေးကို ခက်က်ခဲခဲ မျိုချရင်း အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။
“ဟဲဟဲ... မင်းခန့်မှန်းတာ မှန်တယ်၊ ငါတို့က မင်းတို့ကို အမြစ်ဖြတ်ပစ်မှာ၊ အကျိုးဆက်အတွက်တော့ မင်းစိတ်ပူနေစရာ မလိုပါဘူး” လင်းတုန်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်ပြီး ‘ပါ့ကျိ ကောင်းကင်ထောက်လက်ချောင်း’ ဖြင့် ချက်ချင်း တိုက်ခိုက်လိုက်တော့သည်။
ရှောင်ယန်သည်လည်း စကားအရှည်ကြီး ပြောမနေပဲ သူ၏ အနက်ရောင် တုတ်ကြီးဖြင့် အပြင်းအထန် ၀င်ရောက်တိုက်ခိုက်လိုက်တော့သည်။
မုန့်လျဲ့ မျက်နှာ ပျက်ယွင်းသွားပြီး အစွမ်းကုန် ခုခံရန် ကြိုးစားသော်လည်း လင်းတုန်နှင့် ရှောင်ယန် နှစ်ယောက်လုံးကို ယှဉ်နိုင်ဖို့ရာ မဖြစ်နိုင်ပေ။ တစ်ယောက်တည်းနှင့်ပင် ခက်ခဲနေချိန်တွင် နှစ်ယောက်ပေါင်း တိုက်ခိုက်မှုအောက်၌ သူ လုံးဝ ဖိနှိပ်ခြင်း ခံလိုက်ရလေသည်။
“ဟားဟား... သတ်ဖြတ်သူ မုန့်လျဲ့တောင် ဒီလိုနေ့မျိုး ကြုံရပါလား”
“သူက တစ်ချိန်က အဆင့်မြင့် ပြည်ထောင်စု ငါးခုကို တစ်ယောက်တည်း ဖျက်ဆီးခဲ့တာ၊ အခုတော့ သူတို့ ပြည်ထောင်စု အလှည့်ပဲ”
“ငါ သူတို့ကို မကြည့်ချင်တာ ကြာပြီ၊ ဒီနေ့တော့ သံပြားကို သွားကန်မိပြီပေါ့၊ ထိုက်တန်ပါတယ်”
“အထူးပြည်ထောင်စု ဖြစ်တိုင်း ဆရာကြီး လုပ်လို့ရမယ် ထင်နေလား၊ မဟာယန်ပြည်ထောင်စုက တကယ့်ကို အလန်းစားပဲ”
ဘေးပတ်ဝန်းကျင်ရှိ လေတိမ်ပြည်ထောင်စုကို မနှစ်မြို့သူ အများအပြားသည် ကျိတ်၍ ဝမ်းသာနေကြပြီး အချို့ကမူ မဟာယန်ပြည်ထောင်စုအတွက် အားတက်သရော အော်ဟစ် အားပေးနေကြသည်။ အဆင့်နိမ့် ပြည်ထောင်စုတစ်ခုက ယအထူးပြည်ထောင်စုကို ပြန်လည် တိုက်ခိုက်ချေမှုန်းနိုင်ခြင်းသည် အလွန် အံ့ဩဖွယ်ရာ ကောင်းလွန်းသည်။
“သူ့ကိုသတ်ပြီးရင် သူ့ဆီက ‘ကောင်းကင်အဆင့် နိဗ္ဗာန်တံဆိပ်’ ကို စုပ်ယူလိုက်၊ နောက်ပိုင်းမှာ အသုံးလိုလာလိမ့်မယ်”
လေလံရုံ အပေါ်မှ တိုက်ပွဲကို စောင့်ကြည့်နေသော စုန်ထိုက်က ဝူယွမ်အား လှမ်း၍ ပြောလိုက်သည်။ စုန့်ထိုက်သည် ထိပ်တန်းဂိုဏ်းဝင် တစ်ဦးဖြစ်ပြီး ပြိုင်ပွဲဝင်များအကြား ရန်ငြိုးများတွင် ပါဝင်ပတ်သက်ခွင့် မရှိသော်လည်း လေတိမ်ပြည်ထောင်စု၏ လုပ်ရပ်များကို သဘောမကျသူ ဖြစ်သည်။ ထို့ကြောင့် သူက စေတနာဖြင့် ဝူယွမ်ကို သတိပေးလိုက်ခြင်း ဖြစ်သည်။
“ဪ...” ဝူယွမ်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စုန်ထိုက်၏ စကားကို ပြန်မေးခွန်းထုတ်မနေတော့ဘဲ ဖုန်းချန်း၏ အလောင်းနားသို့ သွားကာ သူ၏ လက်ဖဝါး အလယ်မှ တောက်ပသော ရွှေရောင် ‘နိဗ္ဗာန်တံဆိပ်’ ကို ဆုပ်ကိုင်လိုက်သည်။
ဝူယွမ်၏ လက်ဖဝါးတွင်မူ ငွေရောင် အမှတ်အသားတစ်ခု ရှိသေးသော်လည်း လက်ချင်း ထိတွေ့လိုက်သောအခါ ဖုန်းချန်း၏ ရွှေရောင် အမှတ်အသားက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဝူယွမ်၏ လက်ထဲရှိ အမှတ်အသားမှာ စင်ကြယ်သော ရွှေရောင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ဤသည်မှာ ‘ကောင်းကင်အဆင့် နိဗ္ဗာန်တံဆိပ်’ သို့ အဆင့်တက်သွားခြင်းပင် ဖြစ်သည်။
ဘေးပတ်ဝန်းကျင်ရှိ လူများသည်လည်း အံ့ဩတကြီး ကြည့်နေကြသည်။ နိဗ္ဗာန်အဆင့်သက်မှတ်ချက် အဆင့်မြင့်လေလေ၊ အကျိုးကျေးဇူး များလေလေ ဖြစ်ကြောင်း အားလုံး သိထားကြသည်။
အခြားတစ်ဖက်တွင်လည်း လင်းတုန်နှင့် ရှောင်ယန်တို့သည် မုန့်လျဲ့ကို အနိုင်ယူလိုက်ကြပြီး လင်းတုန်က သူ၏ တံဆိပ်ကို စုပ်ယူကာ ရှောင်ယန်က တုတ်ဖြင့် ရိုက်ကာ အခကြေးငွေမလိုပဲ ဘ၀ကူး၀န်ဆောင်မှု ပေးလိုက်သည်။
“ခေါင်းဆောင်နှစ်ယောက်လုံး သေပြီဆိုတော့ လေတိမ်ပြည်ထောင်စုတော့ သွားပြီပဲ”
“နှမြောစရာပဲ၊ ဒီလောက်ထိ ရောက်လာပြီးမှ ဒီလို ပျက်စီးသွားရတယ်၊ ဒိဖြစ်ရပ်က အထက်စီး မဆန်သင့်ဘူးဆိုတာ သင်ခန်းစာပဲ”
လေတိမ်ပြည်ထောင်စု၏ ပစ္စည်းများကို သိမ်းဆည်းပြီးနောက် လင်းတုန်နှင့် ရှောင်ယန်တို့သည် ဝူယွမ်၏ အနားသို့ ပြန်လာကြသည်။
ထိုစဉ် သစ်တောပြည်ထောင်စု၏ ခေါင်းဆောင် ဝူထုန်က တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေရင်း ကြောက်ရွံ့စွာဖြင့် “တောက်... ကံဆိုးလိုက်တာ၊ ဖုန်းချန်းနဲ့ မုန့်လျဲ့... မင်းတို့ကတော့ ငါ့ကို ဒုက္ခပေးသွားတာပဲ” ဟု ရေရွတ်ကာ တိတ်တိတ်လေးထွက်ပြေးရန် ပြင်လိုက်လေသည်။
သူသည် သူ့ ပြည်ထောင်စုမှ စုဆောင်းထားသော နိဗ္ဗာန်ဆေးလုံးများဖြင့် ဖုန်းချန်းကို ကူညီခဲ့သော်လည်း ယခုအခါ အရာအားလုံး ဆုံးရှုံးသွားရကာ သူကိုယ်တိုင်လည်း အခက်တွေ့နေရပြီ ဖြစ်သည်။
“အစ်ကို ဝူထုန်... အခုမှ ထွက်သွားဖို့ဆိုတာ နည်းနည်း နောက်ကျမနေဘူးလား” ထိုစဥ် ဝူယွမ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဝူထုန်က စိတ်ထဲမှ ကျိန်ဆဲရင်း မျက်နှာချိုသွေးကာ “ညီလေး ဝူယွမ်... ဖုန်းချန်းနဲ့ ငါက သာမန် စီးပွားဖက်တွေပါ၊ မင်းတို့ ပြည်ထောင်စုအပေါ် ငါ့မှာ ဘာရန်ငြိုးမှ မရှိပါဘူး” ဟု အတင်းအကျပ် ရှင်းပြလိုက်လေသည်။
“လူတိုင်းက ငအ မဟုတ်ဘူး၊ သိသိကြီးနဲ့ ဟန်ဆောင်မနေပါနဲ့၊ မင်းရဲ့ သိုလှောင်အိတ်ကို ထားခဲ့မလား၊ မဟုတ်ရင် မင်းရဲ့ မဟာမိတ် ဖုန်းချန်းဆီကို လိုက်သွားမလား” ဝူယွမ်က အေးစက်စွာ ဆိုလိုက်သည်။
ဝူတျောက်က ဒေါသထွက်သွားသော်လည်း ဝူယွမ်ကို ပြန်လည် ခုခံရန် မရဲပေ။ ဝူယွမ်၏ ရက်စက်မှုကို သူ မြင်တွေ့ခဲ့ပြီးဖြစ်ရာ မတတ်သာသည့်အဆုံး သူ၏ သိုလှောင်အိတ်ကို ပစ်ပေးကာ နာကျင်စွာဖြင့် ထွက်ခွာသွားတော့သည်။
ဝူယွမ်သည် ကျန်ရှိနေသော လေတိမ်ပြည်ထောင်စုဝင်များကို မသတ်သော်လည်း သူတို့၏ သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်သည်။ လုံထန်းမှာမူ သူ့ ခေါင်းဆောင်နှစ်ဦး၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီးနောက် စိတ်ဓာတ်များ လုံးဝ ပြိုကွဲသွားကာ လက်စားချေရန်ပင် မစဉ်းစားနိုင်တော့ပေ။ ဝူယွမ်၏ မျက်လုံးထဲတွင် သူက အချိန်မရွေး နင်းခြေပစ်နိုင်သော ပုရွက်ဆိတ်ငယ်တစ်ကောင်မျှသာ ဖြစ်သည်။
စုန်ထိုက်က “ကောင်းပြီ၊ အခု ပြန်ပြီး ပြင်ဆင်ကြတော့၊ နောက်နှစ်ရက်နေရင် ပြည်ထောင်တစ်ရာတိုက်ပွဲ စတော့မယ်” ဟု ကြေညာလိုက်သည်။
...သူတို့၏ စခန်းသို့ ပြန်ရောက်သောအခါ ဝူယွမ်နှင့် ရှောင်တျောင်းတို့က အလုပ်များသွားကြပြန်သည်။ ရှောင်တျောင်းသည် လင်းတုန်နှင့် စုရို တို့ကို သူတို့ ခန္ဓာကိုယ်အတွင်းရှိ ‘ဝိညာဉ်တံဆိပ်’များ၏ စွမ်းအားကို ထိန်းချုပ်နိုင်ရန် ကူညီပေးနေသည်။ လင်းတုန်က လေလံပွဲမှ ရရှိလာသော ‘ဟန်ချက်ညီခြင်း ဝိညာဉ်သစ်သီး’ ကို အသုံးပြု၍ ဆေးလုံးများ ဖော်စပ်ကာ သူတို့၏ စွမ်းအားကို တည်ငြိမ်စေရန် လုပ်ဆောင်နေကြသည်။
ဝူယွမ်မှာမူ သူ၏ ဝိညာဉ်ရတနာများကို အဆင့်မြှင့်တင်ရန် ကြိုးစားနေခဲ့၏။ သူက ‘မြေကမ္ဘာမီးလျှံကျောက်’ နှင့် ‘လေးလံအကျင်းထောင် တောင်ထိပ်’ တို့ကို ပေါင်းစပ်ကာ ပိုမို အစွမ်းထက်သော ကောင်းကင်အဆင့် ဝိညာဉ်ရတနာတစ်ခုအဖြစ် ဖန်တီးလိုက်သည်။ ၎င်းကို ‘လေးလံအကျဉ်းထောင်မီးတောက်တောင်’ ဟု အမည်ပေးလိုက်သည်။
ထို့ပြင် လေလံပွဲမှ ရရှိထားသော ‘မဟာရှေးဟောင်းနွားနတ်ဘုရား’ ၏ အရိုးစုကို အသုံးပြု၍ သူ၏ ‘ကောင်းကင်မိကျောင်းအရိုးရုပ်သေး’ကို အဆင့်မြှင့်တင်လိုက်ရာ အဆင့် ၆ ဝိညာဉ်ရုပ်သေး အဖြစ်သို့ ရောက်ရှိသွားသည်။ ၎င်းသည် ‘နိဗ္ဗာန်အဆင့်ခြောက်’ ကျင့်ကြံဿဓတစ်ဦး၏ စွမ်းအားနှင့် ညီမျှပေသည်။ ဝူယွမ်က ထိုရုပ်သေးကို ‘အရိုးတိမ်’ဟု အမည်ပေးလိုက်သည်။
နှစ်ရက်တာ အချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။
လင်းတုန်နှင့် စုရိုတို့သည်လည်း ‘ဝိညာဉ်တံဆိပ်’ များ၏ အလွှာအချို့ကို ဖွင့်လှစ်နိုင်ခဲ့ကြရာ စွမ်းအားများ သိသိသာသာ တိုးတက်လာခဲ့သည်။ လင်းတုန်၏ စွမ်းအားမှာ အစွမ်းကုန် ထုတ်ဖော်လိုက်ပါက ‘နိဗ္ဗာန်အဆင့်ခုနှစ်’ ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာခဲ့သည်။
“သွားကြစို့၊ ထွက်ခွာရမယ့် အချိန်ရောက်ပြီ၊ တစ်နှစ်တောင် ကြာခဲ့ပြီပဲ၊ အခု အဆုံးအဖြတ် တိုက်ပွဲအတွက် အချိန်တန်ပြီ”
ဝူယွမ်က လူစုကို ဦးဆောင်ကာ မြို့ပြင်သို့ ထွက်လာခဲ့သည်။ မြို့အရှေ့ဘက်တံခါးတွင် လူအုပ်ကြီးမှာ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ များပြားနေခဲ့သည်။ ရှေ့တွင်မူ စစ်မြေပြင်ကို ကာရံထားသော ကြီးမားလှသည့် အလင်းတံတိုင်းကြီး ရှိနေသည်။
စုန်ထိုက်သည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး “အခုအချိန်ကစပြီး နိဗ္ဗာန်တံဆိပ် ရှိသူတွေပဲ စစ်မြေပြင် ထဲကို ဝင်ခွင့်ရှိမယ်၊ သတိပေးချင်တာက ဝင်သွားပြီးရင် ပြန်ထွက်လို့ မရတော့ဘူး၊ အဲဒီမှာ ရက်စက်တဲ့ ပြိုင်ဆိုင်မှုတွေပဲ ရှိမယ်၊ အားနည်းသူတွေအတွက် နေရာမရှိဘူး” ဟု သတိပေးလိုက်သည်။
“အထူးဂိုဏ်းကြီးတွေက အတော်ဆုံးသူတွေကိုပဲ ရွေးချယ်လိမ့်မယ်၊ တံဆိပ်တွေက ခရမ်းရွှေရောင် ပြောင်းသွားတဲ့အထိ တိုက်ခိုက်ကြစမ်း၊ အဲဒါမှ ‘နိဗ္ဗာန်ရွှေစာရင်း’ ထဲဝင်ပြီး ဂိုဏ်းကြီးတွေရဲ့ အာရုံစိုက်မှုကိုခံ ရမှာ”
စုန်ထိုက်က အလင်းတံတိုင်းကို လက်ညှိုးညွှန်လိုက်ရာ လမ်းကြောင်းတစ်ခု ပွင့်လာပြီး လူအုပ်ကြီးက ထိုအတွင်းသို့ အလုအယက် တိုးဝင်သွားကြတော့သည်။
“နောက်ဆုံးတော့ အဆုံးအဖြတ် တိုက်ပွဲက စပြီပေါ့၊ လင်းချင်းကျူ... သုံးနှစ်တောင် ရှိသွားပြီပဲ၊ မကြာခင်မှာ မင်း ငါ့နာမည်ကို ကြားရတော့မှာပါ”
“မင်းရဲ့ယောက်ျားက ဒီ ‘ပြည်ထောင်တစ်ရာတိုက်ပွဲ’ ရဲ့ ချန်ပီယံ ဖြစ်လာစေရမယ်”
ဝူယွမ်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ အာရုံထဲတွင် လှပသော အမျိုးသမီးတစ်ဦး၏ ပုံရိပ် ထင်ဟပ်လာခဲ့သည်။ ယနေ့တိုင် သူသည် ထိုညက အမှတ်တရများကို မေ့မရနိုင်သေးပေ။ ထိုအထိအတွေ့မှာ နူးညံ့စိုစွတ်ကာ ဖော်မပြတတ်လောက်အောင် ကောင်းမွန်လှပေသည်။